Wednesday, June 19, 2013

ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့် ဘုရင့်နောင် ခုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက် သွားမည်

ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့် ဘုရင့်နောင် ခုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက် သွားမည်
Thursday, 20 June 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့် ဘုရင့်နောင် ဂုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက် သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြား
ခဲ့သည်။

အဆိုပါ ခုံးကျော်တံတားများဖြစ်သည့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်တံတား စီမံကိန်းတွင် ကုန်ကျမှုများကို ပြည်ထောင်စုအဆင့်မှ ဘတ်ဂျက်ဖြင့်
 ဆောင်ရွက်လျက်ရှိနေကြောင်း မြို့တော်ဝန်ထံမှ သိရှိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလီယံနှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၂၆ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

အဆိုပါ ခုံးကျော်တံတားများ တည်ဆောက်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က "အခု ဒီတံတားတွေ ပြီးစီးဖို့ နောက်ဆုံးအနေနဲ့ ခန့်မှန်းထားတာတော့ ယခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ဖြစ်တယ်။ ဘုရင့်နောင် ခုံးကျော်တံတားကတော့ သတ်မှတ်ထားတဲ့အတိုင်း အဆင့်ဆင့် ပြီးစီးအောင် ဆောင်ရွက်နိုင်တယ်။ ရွှေဂုံတိုင် ခုံးကျော်တံတားကတော့ တည်ဆောက်တဲ့ အခါမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်။ အဓိကကတော့ တည်ဆောက်တဲ့အခါမှာ အသုံးပြုတဲ့ စက်ယန္တရားကြီးတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ထားဖို့နေရာ အခက်အခဲနဲ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေနဲ့ ငြိစွန်းနေတဲ့အတွက် ခဏခဏပြန်ပြီး ဒီဇိုင်းဆွဲနေရတာကြောင့် ဖြစ်တယ်" ဟု ပြောကြားသည်။

သက်ဆိုင်ရာမှ ခုံးကျော်တံတားများ တည်ဆောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယာဉ်ပိတ်ဆို့မှုများ လျော့ကျစေရန် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခုံးကျော်တံတားများ တစ်ပြိုင်နက်တည်း ဆောက်နေခြင်းနှင့် ကြန့်ကြာနေမှုများကြောင့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများက အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း အငှားယာဉ်ဖြင့် စီးပွားရှာနေသည့် ကိုမင်းနိုင်က "တံတားတွေ မပြီးသေးတဲ့အတွက် တံတားမဆောက်ခင်ကထက် လမ်းတွေပိုပြီးတော့ ပိတ်ဆို့ပါတယ်။ ယာဉ်မောင်းအများစုဆိုရင် ရွှေဂုံတိုင်မီးပွိုင့်ကို ဖြတ်ပြီးတော့ သွားရမယ့်ခရီးမျိုးတွေဆိုရင် မလိုက်ချင်ကြတော့ဘူး။ အချို့ရက်တွေဆိုရင် ရွှေဂုံတိုင်မီးပွိုင့်မှာ နာရီဝက်လောက် စောင့်ရတဲ့နေ့တွေ ရှိပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

အလားတူ ကြည့်မြင်တိုင်မြို့နယ်မှ တာမွေမြို့နယ်သို့ နေ့စဉ်လိုင်းကားစီး၍ အလုပ်ဆင်းနေသူ ကိုလတ်က "ရုံးဆင်းရုံးတက် အချိန်ဆိုရင် ကားပေါ်မှာ ခရီးသည်တွေက အများကြီးပါလို့ ကျပ်ကျပ်တည်းတည်း ထိုင်နေရတဲ့အပြင် ကားတွေပိတ်လို့ အကြာကြီး စောင့်ရတဲ့ဒုက္ခက နှစ်ပေါက်နေပါပြီ" ဟု သုံးသပ်ပြောကြား ခဲ့သည်။

ခုံးကျော်တံတားများကို မိုးရာသီ မတိုင်မီ ရာခိုင်နှုန်း အများစု ပြီးစီးရန် သတ်မှတ်ခဲ့သော်လည်း လက်တွေ့တွင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း ပြီးစီးမှု မရှိခဲ့ကြောင်း သိရှိရသည်။

eleven media group

ကနေဒါ သို့မဟုတ် ရေကြည်ရာမျက်နုရာတို့ပျော်ရာမြေ

အောက်ဖေါ်ပြပါ ဆောင်းပါးမှာ မီဒီယာ-ဝမ်း ဂျာနယ် ( ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်စွဲဖြင့် ထုတ် ဝေသော vol.1, No.39 , Tuesday ) တွင်ဖေါ်ပြပြီးဖြစ်ပါသည်။
ကနေဒါ သို့မဟုတ် ရေကြည်ရာမျက်နုရာတို့ပျော်ရာမြေ

ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ လွန်ခဲ့သည့်ဖေဖေါ်ဝါရီလက နေပြည်တော်ကိုလာရောက် လယ်ပတ်စဉ်ကပင်လျှင် ကျနော်တို့အားအသိပေးသွားခဲ့သည့်ကိစ္စတစ်ခုရှိခဲ့ပါသည်။ ထိုကိစ္စကားတခြားမဟုတ်ပါ။ လွှတ် တော်နားရက်ကာလများတွင် ကနေဒါနိုင်ငံသို့အလယ်အပတ်ဖိတ်ကြားပါမည်။ ပါတီပေါင်းစုံမှ လွှတ်တော်ကိုယ်စားလှယ် များပါဝင်စေရပါမည်ဆိုသော အမှာစကားပင်ဖြစ်ပါသည်။
ဆဌမအကြိမ်မြောက်အစည်းအဝေးများပြီးဆုံးသည့်နေ့မှာပင် မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးမှ တာဝန်ခံတဦး ဖြစ်သူ မစ္စစ် ကဗေးလီဒို့ဗ် လွှတ်တော်သို့ရောက်လာပါတော့သည်။ သူမ၏ တရားဝင် တာဝန်မှာ ( International Development and Project Management Consultant) ဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်သည်။သူမ က ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်များအိမ်မပြန်ကြမှီ ကနေဒါသို့လာရောက်လယ်ပတ်ရန်ဖိတ်ကြားခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို လာရောက်ရယူခြင်းဖြစ်ပေသည်။ ထိုအချက် အလက်များမှာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ကနေဒါသံရုံးတွင် ဗီဇာလျှောက်ထားသည့်အခါရေးသွင်းရမည့်အချက်များဖြစ် လေရာ ကြိုတင်ပြင်ဆင်ထားမှအနေတော်ကျပေလိမ့်မည်။ ကနေဒါနိုင်ငံသို့ လာရောက်ရန်ဖိတ်ကြားသောနေ့ရက်မှာ ဧပြီ လ (၁၉ မှ ၂၆ ရက်) နေ့အထိဖြစ်လေရာ မဟာသင်္ကြန်အပြီးတွင်ဖြစ်ပေသည်။ ကျနော်တို့နိုင်ငံ၏ မဟာသင်္ကြန်ကာလ တွင် မဟာရုံးပိတ်ရက်ရှည်ကြီး ရှိလေရာ ပြင်ဆင်ရန်ရှိသည့်ကိစ္စများကို သင်္ကြန်မတိုင်မှီကြိုတင်ပြင်ဆင်ထားရမည်ဖြစ် ကြောင်း ကနေဒါနိုင်ငံသားများသဘောပေါက်ကြပုံပေါ်ပါသည်။ ထို့ပြင်နောက်အရေးကြီးသည့်အချက်ကား လွှတ်တော် ကိုယ်စားလှယ်များ အသီးသီးအိမ်ပြန်သွားကြပြီးနောက်မှ ဆက်သွယ်ဆောင်ရွက်မည်ဆိုလျှင် အချိန်များစွာကုန်မည် ဖြစ် ပြီးကျနော်တို့မှာလည်း ရန်ကုန်သို့ တကူးတက တစ်ခေါက်သွားကြရပေလိမ့်မည်။ မစ္စစ် ကဗေးလီ က ကျနော်တို့ကနေဒါ နိုင်ငံသို့သွားမည့်ခရီးတွင်လိုအပ်မည့် သတင်းအချက်အလက်များကိုပါ ဖိုင်ဖြင့်တခါတည်းယူလာပေးပါသည်။ ကျနော်တို့ ကနေဒါရောက်လျှင် ကြုံတွေ့ရမည့် ရာသီဥတု၊ ယူဆောင်သွားသင့်သည့် အဝတ်အစားများ၊ သုံးစွဲသည့်ငွေကြေး စသည် တို့အပြင် ၎င်းတို့နိုင်ငံမှာ ဗို့အား ၁၁၀ ရှိသည့် လျှပ်စစ်စီးကြောင်းကိုသာသုံးစွဲသည့်အတွက် ကွန်ပျူတာစသည့်လျှပ်စစ် ဓါတ်အားသုံးစွဲရသည့်ကိရိယာများအသုံးပြုလိုလျှင် ယူနီဗာဆယ်အဒက်ပတာများ ယူဆောင်သွားရန်လိုအပ်မည်ဖြစ်သ ကဲ့သို့ ဆော့ကက်ပေါက်များကလည်း ပင်အပြားကိုသာအသုံးပြုထားသဖြင့် ဆော့ကက် ကွန်ဗာတာများပါယူဆောင်သွား ဖို့ လိုမည်ဖြစ်ကြောင်း စေ့စေ့စပ်စပ်ဖြင့် ကြိုတင်သတိပေးထားချက်များပါဝင်ပေသည်။
ကျနော်တို့ကို ဖိတ်ကြားသည့်အဖွဲ့အစည်းကား ပါလီမန်ထရီစင်တာ ( Parliamentary Centre ) ဖြစ်ပြီး ၊ ပါတီစွဲကင်းရှင်းသော၊ စီးပွါးရေးအကျိုးအမြတ်မရှာသော NGO အဖွဲ့အစည်းတစ်ခုဖြစ်လေသည်။ ၎င်းတို့၏ ရည်ရွယ် ချက်မှာ ကမ္ဘာတလွှားရှိ ပါလီမန်လွှတ်တော်များကို ကူညီရန်ဟုဆိုပါသည်။ လွှတ်တော်အမတ်များအတွက် လေ့ကျင့် သင်ကြားရေး အစီအစဉ်များဆောင်ရွက်ပေးခြင်း၊ သုတေသနရလဒ်များ၊ လူ့မှုအဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက် များနှင့် ဥပဒေပြုရေးကိစ္စများ ပေါင်းစပ်နိုင်ရေး၊ ဤသို့အားဖြင့် ဥပဒေပြုရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မား တိုးတက်လာအောင်၊ အပြန်အလှန်လေ့လာနိုင်ရေးကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ထားသည်ဆိုသည်။ အတိုချုပ်အား ဖြင့် “ We help Legislatures better serve their people.” “ ကျနော်တို့သည် ဥပဒေပြု အဖွဲ့အစည်းများက ၎င်း တို့၏ပြည်သူများကိုပိုမိုကောင်းမွန်စွာအလုပ်အကျွေးပြုနိုင်ရေးအတွက်ကူညီပါသည်။” ဟုမြန်မာလိုဆိုရမည်ထင်ပါသည်။
ကျနော်တို့အဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်ဇော် နှင့် ဦးကိုကိုထွန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်သန္တာ၊ အမျိုးသားဒီမိုကရေစီအင်အား စု ( NDF ) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၊ ချင်းတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျနော် ဦးရဲထွန်း တို့အပြင် လွှတ်တော် ရုံးမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှုးချုပ် ဒေါ်သီတာထွန်းတို့လည်း ပါဝင်လေရာ အား လုံးစုစုပေါင်း (၁၁) ယောက်ဖြစ်ပါသည်။
ခရီးစဉ်ကား အတော်ဝေး၊ အတော်ပန်းမည့်ခရီးစဉ်ပေတည်း။ ရန်ကုန်မှဘန်ကောက် ၊ ဘန်ကောက်မှ အင်ချွန်း (တောင်ကိုးရီးယား)၊ အင်ချွန်း မှ တိုရွန်တို၊ တိုရွန်တိုမှ အော့တဝါး- လေယာဉ် လေးစီးကိုပြောင်းစီးကာ စုစုပေါင်း နာရီ ၂၀ ခန့် လေယာဉ်ပျံပေါ်တွင် ငုတ်တုတ်ထိုင်လိုက်ပါရမည့်ခရီးဖြစ်လေသည်။ လေယာဉ် အကူးအပြောင်းပြုချိန်များတွင် တော့ အညောင်းပြေလမ်းလျှောက်ချိန်၊ ဈေးဝယ်ချိန်ရပေလိမ့်မည်။
ထိုသို့သွားရမည့်ခရီးစဉ်ကို အတိအကျမသိမီက အော့တဝါးသို့ မည်သည့်လမ်းကသွားမည်ကို ကျနော်မှန်းဆ ကြည့်နေမိသည်။ ယခင်နှစ်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်သို့ သွားခဲ့စဉ်က ရန်ကုန်မှ စင်္ကာပူ၊ စင်္ကာပူမှ အမ်စတာ ဒမ်သို့ တိုက်ရိုက်ပျံသန်းရာတွင် အိန္ဒိယသမုဒ္ဒရာကိုဖြတ်လျက် အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ယခင်ဆိုဗီယက် ပြည်ထောင်စုဟောင်းနိုင်ငံများပေါ်သို့ဖြတ်ကျော်လျက် ဥရောပသို့ဦးတည်သွားခြင်းဖြစ်ရာ လမ်းကြောင်းမှာ မြေပုံပေါ် တွင်ကြည့်လျင်လည်း အနီးဆုံးလမ်းဖြစ်ကြောင်းအလွယ်တကူကြိုတင်ခန့်မှန်းသိရှိနိုင်သည်။ ယခုခရီးစဉ်ကား အရှေ့အ ရပ်အတိုင်းဦးတည်၍သွားမည်လော၊ သို့တည်းမဟုတ် အနောက်အရပ်သို့ဦးတည်၍သွားမည်လော ကျနော်တွေးနေမိ သည်။ အရှေ့ဘက်သို့ဦးတည်သွားခြင်းထက် အနောက်ဖက်သို့ဦးတည်သွားခြင်းက အချိန်အာားဖြင့်ပိုမိုသက်သာပေ လိမ့်မည်၊ အကြောင်းမှာ ကမ္ဘာသည် အနောက်ဘက်မှ အရှေ့ဘက်သို့ဦးတည်ကာ ရွေ့လျှားနေသောကြောင့် အနောက် ဘက်သို့ဦးတည်သွားခြင်းဖြင့် ခရီးလမ်းကိုပိုမိုတိုတောင်းစေပေလိမ့်မည်။ ဤကား အပြားကမ္ဘာ့မြေပုံကိုသာကြည့်လေ့ရှိ သော နှစ်ဘက်ဒိုင်မင်းရှင်းအမြင်သာရှိသည့် ကျနော့်အတွေးဖြစ်သည်။
တကယ်တန်းသွားသည့်အခါ ကျနော်တို့ထက်မြောက်ဘက်ပိုကျသော တောင်ကိုးရီးယားနိုင်ငံသို့တဆင့်သွားကာ ထိုမှအရှေ့မြောက်သို့ ဦးတည်သွားခြင်းဖြစ်ပေသည်။ အရှေ့မြောက်ဖက်အရပ်ဟုဆိုသည်ထက် မြောက်အရပ်သို့ဦး တည်သည်ဟုဆိုလျင်ပိုမှန်ပေလိမ့်မည်။ အကြောင်းမှာ လေယာဉ်ပေါ်တွင်ပြသသော ရုပ်မြင်သံကြားဖန်သားပြင်ပေါ် တွင် ပြသသည့် Pilot view ဆိုသည့်ပြကွက်တွင် လေယာဉ်လမ်းကြောင်းမှာ တောင်းကိုရီးယား နိုင်ငံမှ မြောက်ကိုး ရီး ယားကိုဖြတ်လျက်မြောက်ဘက်သို့သွားပြီးလျှင် ထိုမှတရုပ်၊ ရုရှားနှင့် အမေရိကန်အာလစကားဒေသများကိုဖြတ်ကာ မြောက်စူးစူးအရပ် သို့ဦးတည်သွားကြောင်းပြနေသောကြောင့်တည်း။ ထို့ထက်ထူးဆန်းသည်ကား အပြန်ခရီးစဉ်တွင် ကနေဒါမှတောင် ကိုးရီးယားသို့လာရာလမ်းကြောင်းမှာ ရုရှားနိုင်ငံနှင့် တရုပ်နိုင်ငံတို့သို့ဖြတ်လျက် တောင်ကိုးရီးယား နိုင်ငံကို အနောက် မြောက်ဘက်စောင်းစောင်းမှ ဝင်ရောက်ခြင်းဖြစ်ပေရာ ကျနော်လုံးဝထင်မှတ် မထားသည့်လမ်း ကြောင်း ဖြစ်ပေသည်။ တကယ်တော့ ကျနော်တို့သည် အပြားကမ္ဘာ့မြေပုံကိုသာကြည့်လေ့ရှိပြီး စက်လုံးပုံ ကမ္ဘာ့မြေပုံကိုကြည့်လေ့မရှိသည့်အတွက်ထိုသို့ အထင်အမြင်မှားယွင်းခြင်းဖြစ်ပေသည်။ ကျနော်တို့ ငယ်စဉ်က စာသင် ခန်းများတွင် ပထဝီဘာသာ သင်ကြားခဲ့ရာ၌ ကမ္ဘာလုံးပုံများ ဖြင့်မသင်ကြားခဲ့ရသောကြောင့်လည်း တကြောင်းဖြစ်ပေ လိမ့်မည်။
တိုရွန်တိုမြို့ကား ကနေဒါနိုင်ငံ၏ စီးပွါးရေးဆိုင်ရာအချက်အခြာမြို့ဖြစ်သော်လည်း အော့တဝါးမှာ အစိုးရရုံးစိုက်ရာ တရားဝင်မြို့တော်ဖြစ်လေသည်။ အော့တဝါးတွင် ကနေဒါ ပါလီမန်အဆောက်အဦးလည်းရှိပေသည်။ တောင်ကိုးရီယား နိုင်ငံ အင်ချွန်နိုင်ငံတကာလေဆိပ်မှ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀နာရီ ကထွက်ခွါလာခဲ့သောကျနော်တို့မှာ ကနေဒါနိုင် ငံ တိုရွန်တိုလေဆိပ်သို့ရောက်သောအခါ ၂၀ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်သာရှိပေသေးသည်။ သို့ဖြစ်ရာ မိုင်ပေါင်း
၇၃၃၀ ကျော်ဝေးသော မြို့နှစ်မြို့ကို ၁၅ မိနစ်နှင့် အရောက်လာနိုင်သည့် ပုံပေါ်နေပေရာ ကျနော်တို့မှာ လေယာဉ်စီး ချိန် ၁၃ နာရီခန့်အမြတ်ထွက်နေပါသည်။ တိုရွန်တိုလေဆိပ်မှ ကနေဒါ မြို့တော် အော့တဝါးသို့သွားရနှ် ပြည်တွင်း သွားလေယာဉ်ငယ်ကိုပြောင်းစီးရသည်။ တိုရွန်တိုမှ အော့တဝါးခရီးမှာ ရန်ကုန်-ဘန်ကောက်ခရီးကဲ့သို့ တနာရီခန့်မျှသာ။ အော့တဝါးမရောက်မီ မြင်တွေ့ရသောမြင်ကွင်းတွင် စိမ်းလန်းသောသစ်ပင်များမတွေ့ရ၊ အေးခဲသောဆောင်းရာသီဒဏ်မှ လွန်မြောက်စဖြစ်၍ အရွက်ကင်းမဲ့သောသစ်ပင်၊ သစ်တောများသာတွေ့ရသည်။ လေဆိပ်တွင် Parliarmentary Centre မှ ဥက္ကဌဖြစ်သူ ယန်းပေါလ် ( Jean-Paul Ruszkowski) နှင့် ဂျွန် ( John Karalis ) တို့လာရောက်ကြိုဆိုနေကြသည်။
ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ကောင်ဆယ်လာ ဦးသန်းထွေး နှင့် အခြားတစ်ယောက်တို့လည်းလာကြိုပါသည်။ ကျနော်တို့ကား မြို့ထဲသို့မောင်းဝင်လာချိန်တွင် နှင်းပွင့်များတဖွဲဖွဲကျနေသည်နှင့်ကြုံကြရကာ ထိုနှင်းပွင့်များမှာ ကျနော် တို့အဖွဲ့အားကြိုဆိုခြင်းဖြစ်သလို အော့တဝါး၏နောက်ဆုံးနှင်းပွင့်များလည်းဖြစ်ပုံရပေသည်။ အကြောင်းမှာ ထိုနေ့မှစ၍ ပြန်လာသည့် ၂၆ ရက်နေ့အထိ နောက်ထပ်နှင်းကျခြင်းကိုမကြုံရတော့၍ဖြစ်သည်။ ကျနော်တို့အဖွဲ့ကို အယ်ဂျင်လမ်းရှိ Lord Elgin Hotel တွင်နေရာချထားပေးသည်။ စကားပြန်များအဖြစ် ကျိုင်းတုံသား Donald Ming နှင့် ကရင်ပြည်နယ်သား စောမီးသလ တို့ကတာဝန်ယူသည်။ ဟိုတယ်တွင် ရေပူ ရေအေး နှစ်မျိုးလုံး ၂၄ နာရီအသုံးပြုနိုင် သည်။ အင်တာနက်ကိုအသုံးပြုရန်အတွက်လည်း တည်းခိုသူ၏အမည်နှင့် အခန်းနံပါတ်ကိုဖြည့်စွက်ရုံမျှ ဖြင့် မိမိနေထိုင်မည့်ရက်အတိုင်းအခမဲ့ အသုံးပြုခွင့်ရအောင်စီစဉ်ထားရာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှ ကျနော်တည်းခို ခဲ့ဘူးသည့်ဟိုတယ်ထက်သာပေသည်။ အခန်းတွင်နေရထိုင်ရသည်မှာလည်း သက်တောင့်သက်သာရှိလှပါသည်။ ကျနော့်အခန်းမှာ အယ်ဂျင်လမ်းမကြီးကိုမျက် နှာမူထားသည်ဖြစ်၍ လမ်းမကြီး၏တဖက်ရှိ ကွန်ဖက်ဒရေးရှင်းဥယာဉ် ( Confederation Park) ကိုအပေါ်စီးမှမြင်နေရ သည်။ ကျနော့်အခန်းက ၁၀၁၄ ၊ အထပ် ၁၀ ရှိ အခန်း ၁၄ ဖြစ်ရာ အားလုံးကိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။
တညတွင် လျှပ်စစ်မီးပျက်သွားရာ မပျက်မီနေ့လယ်ပိုင်းကပင်ကြိုတင်၍ တည်းခိုနေထိုင်သူအားလုံးအားလိုအပ် သည့် အရေးပေါ်သုံး ၆လက္မအရှည်ရှိ Light Stick နှစ်ချောင်းနှင့် သောက်ရေသန့် နှစ်ဘူးဝေငှပါသည်။ Light Stick တစ်ချောင်းမှာ ၁၂ နာရီကြာအသုံးပြုနိုင်သည်ဟုရေးထားပြီး မီးဘေးအန္တရာယ်လည်းမရှိနိုင်ပါ ဟုဆိုပါသည်။ သောက် ရေသန့်ဘူးများဝေငှရခြင်းမှာလည်း ရေဘုံဘိုင်မှရေအလာ နာရီပိုင်းပြတ်တောက်သွားမည်ဖြစ်၍ သောက်ရေအတွက်အ ခက်အခဲမရှိစေရန်ဝေငှခြင်းဖြစ်သည်။ စောမီးသ တို့၏ပြောပြချက်အရ ကနေဒါနိုင်ငံတွင် ဘုံဘိုင်ရေကသောက်သုံးရန် ပိုမိုစိတ်ချရသည်ဟုဆိုသည်။ သို့ဖြစ်၍ကျနော်တို့မှာ ရေချိုးခန်းအတွင်း မျက်နှာသစ်ကန်ရှိရေပိုက်ခေါင်းမှလာသောရေကို သာ သောက်သုံးကြရာ မည်သည့်ပြဿနာမှမပေါ်ချေ။
အခန်းတွင်းတွင် တင်ထားပေးသောသောက်ရေသန့်ဘူးမှာ သဘာဝရေကိုသန့်စင်ထားကြောင်း၊ တဘူးလျှင် ကနေဒါဒေါ်လာ ၄ ဒေါ်လာကျသင့်မည်ဖြစ်ကြောင်းစာချိတ်ဆွဲထားလေရာ မြန်မာငွေဖြင့် ၃၅၀၀ိ ခန့်ကျသင့်မည့် တလီတာရေသန့်ဘူးကို မတို့ထိဝံ့တော့ချေ။ မီးပျက်မည်ဟုကြိုတင်ပြောထားသောနေ့က ဧည့်သယ်များအဆင်ပြေစေရန် လိုလေသေးမရှိ ဖြည့်ဆည်းပေးသော်လည်း မီးပြန်လာမည်ဟု၎င်းတို့ခန့်မှန်းပြောပြထားသည့် နံနက်(၆)နာရီ အချိန်ထက် ပိုမိုကြာမြင့်လေရာ ဧည့်သယ်များကို အားနာပုံပေါ်လေသည်။ အခန်းတွင်းသို့ ဟိုတယ်မန်နေဂျာ၏ တောင်းပန်စာနှင့် အတူ ထိုနေ့အတွက်အခန်းခကို တဝက်လျှော့ယူပါမည့်အကြောင်း အကြောင်းကြားစာရောက်လာလေသည်။ တော်တော် အလိုက်သိတာဝန်ယူစိတ်ရှိကြပေသည်ဟု ချီးကြူးမိ၏။ သို့ဖြစ်လေရာ ၎င်းတို့ယူသောအခန်းခ နှုံးထားများ ကိုသိလို၍ စပ်စုကြည့်ရာ အခန်းတံခါး၏ နောက်ကျောဘက်တွင်ရေးထားသော လက်ကမ်းစာစောင်ကို တွေ့ရ၍ ဖတ်ကြည့်ရာ တစ်ယောက်တည်း တည်းခိုလျှင် ကနေဒါဒေါ်လာ ၂၉၅ ၊ နှစ်ယောက် တည်းခိုလျှင် ၃၁၅ ဒေါ်လာ၊ လူပိုတစ်ယောက်အတွက် တဦးလျှင် ၂၀ ဒေါ်လာဖြစ်ပြီး Check Out Time မှာနေ့လယ် ၁ နာရီဟုသတ်မှတ်ထားပေရာ ဟိုတယ်ခန်းခတော့ မသေးလှချေ။ ကျနော့်တယောက်တည်းအတွက် မြန်မာငွေဖြင့် တရက် ကျပ်နှစ်သိန်းခွဲ ကျော်ကျော် ကျသင့်ပေသည်။ စုစုပေါင်း (၆) ရက်အတွက် ဟိုတယ်ခန်းခချည်း ၁၅သိန်းခွဲကျော် ကျသင့်မည်ဖြစ်ပေရာကိုယ့်ငွေဖြင့် ကိုယ်တည်းရမည်ဆိုလျှင် အနားပင်ကပ်နိုင်မည်မဟုတ်ပေ။
ဧပြီလ ၂၀ ရက်နေ့က အော့တဝါးသို့ ဒေသစံတော်ချိန် ညနေ ၃နာရီ ၁၅ မိနစ်ခန့်တွင်ရောက်ပြီး ထိုနေ့ကထူးထူး ခြားခြား အစီအစဉ်မရှိဘဲ အနားရလေသည်။ နောက်တနေ့သည်လည်း တနင်္ဂနွေနေ့ဖြစ်၍ ရုံးပိတ်ရက်ဖြစ်နေရာ ကနေဒါ ယဉ်ကျေးမှုပြတိုက် ( Museum of Civilisation ) သို့ သွားရောက်လည်ပတ်ကြရလေသည်။

ကနေဒါ နိုင်ငံသမိုင်းအကျဉ်း (သို့မဟုတ်)ယဉ်ကျေးမှုသမိုင်းပြတိုက်
ကျနော်တို့ရောက်ပြီးနောက်တနေ့မှာ တနင်္ဂနွေနေ့ဖြစ်သောကြောင့် မြို့တွင်းလူသွားလူလာများနဲပါးလျက် အေးဆေးငြိမ် သက်လျက်ရှိသည်။ ကျနော်တို့သွားရောက်လယ်ပတ်ရန်ရွေးချယ်ထားသောနေရာမှာ Canadian Museum of Civilization ကနေဒါ ယဉ်ကျေးမှုသမိုင်းပြတိုက်ပင်ဖြစ်သည်။ ထိုပြတိုက်မှာ အော့တဝါးမြို့၏ မြောက်ဘက် အော့တဝါး မြစ်၏ တဖက်ကမ်း ကွိဘက်ပြည်နယ်ထဲတွင်တည်ရှိလေရာ ကားဖြင့် ပို့တိတ်ဂ်ျတံတား (Portage Bridge) ပေါ်မှကူး ဖြတ်ရလေသည်။ တဖက်ကမ်းသို့သွားရန် ထိုတံတားအပြင် (Chaudieres Bridge) ရွှတ်ဒီးယားတံတား၊ အလက် ဇန္ဒြား တံတား ( Alexandra Bridge) နှင့် မက်ဒေါ်နယ်- ကာတီးယား တံတား ( Macdonald-Cartier Bridge ) တို့ပါရှိလေသေးသည်။ မြောက်ဖက်ကမ်း ယဉ်ကျေးမှုပြတိုက်တည်ရှိရာနေရာမှ တောင်ဘက်အော့တဝါးမြစ်ကိုကျော် ၍ကြည့်လိုက်လျှင် ကျနော်တို့တည်းခိုနေထိုင်သည့် အော့တဝါးမြို့ဘက်ကမ်းရှိ ပါလီမန်တောင်ကုန်း ( Parliament Hill ) ကိုကောင်းစွာလှမ်းမြင်တွေ့ရပါသည်။ တခြားသော လေ့လာရေးအစီအစဉ်များမစတင်မှီ ယဉ်ကျေးမှုသမိုင်းပြတိုက်ကို လေ့လာစေခြင်းမှာ တနည်းအားဖြင့် ကနေဒါနိုင်ငံသမိုင်းကို တနေရာတည်း တထိုင်တည်းနားလယ်သွားစေပြီး နောက်ထပ်လေ့လာကြမည့် အကြောင်း အရာများအပေါ် အလွယ်တကူနားလယ်စေရန်ရည်ရွယ်သည့်ပုံပေါ်ပါသည်။ ပြတိုက်နှင့် ပါလီမန်တောင်ကုန်းတို့အကြားတွင် အော့တဝါး မြစ်ဖြတ်သန်းစီးဆင်းနေသည်ကိုတွေ့ရသည်။
ကနေဒါ ပါလီမန်ထရီ စင်တာ ( Parliamentary Centre) မှ ကျနော်တို့အား ဝေငှပေးထားသော စာဖိုင်တွင် ကျနော်တို့၏ ခရီးစဉ်ကို “Knowledge Exchange Visit to Canada” ဟုခေါ်ဆိုထားပါသည်။ မြန်မာအလံနှင့် ကနေဒါနိုင်ငံတို့၏ အလံကိုယှဉ်တွဲဖေါ်ပြထားပြီး အပေါ်တွင် “ Building Representative Governance in Burma” ဟူသောစာတန်းကိုတင်ထားပါသည်။ “ မြန်မာ့အုပ်ချုပ်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်များအားတည်ဆောက်ခြင်း” ဆိုသည့်အဓိပ္ပါယ်ဖြစ်မည်ထင်ပါသည်။ ၎င်းတို့ထံမှ အတွေ့အကြုံကောင်းများကို မျှဝေရင်း ကျနော်တို့အားလုပ်တတ်ကိုင် တတ်အောင် ကူညီသင်ကြားပေးမည့် ရေရှည်စီမံကိန်း၏ အစဖြစ်ပါသည်။
သို့ဖြစ်၍ ကျနော်တို့ကလည်း ကနေဒါနိုင်ငံအကြောင်းနှင့် သမိုင်းတလျှောက်၎င်းတို့ ဖြတ်သန်းခဲ့ရပုံများ၊ ယခု အခြေအနေသို့ မည်သို့ရောက်ရှိလာခဲ့ပုံများကို ကောင်းစွာနားလယ်ထားရန်လိုသည်။ အခြေခံကိုနားမလယ်ဘဲအဖျားပိုင်း ကိုသာကွက်၍နားလယ်ခြင်းက မလိုလားအပ်သော အမှားအယွင်းများ၊ ပုံတူကူးချမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ သောစေတနာကြောင့် ကနေဒါခရီးစဉ်အတွေ့အကြုံများကိုဖေါ်ပြရင်း ၎င်းတို့၏သမိုင်းကြောင်းကိုလည်း နောက်ခံအဖြစ် ခြုံငုံမိအောင်ဖေါ်ပြသွားပါမည်။

ကနေဒါနိုင်ငံ၏ တိုင်းရင်းသားများ
ကျနော်တို့မှာ အစုအဖွဲ့လိုက်လာရောက်လေ့လာသူများဖြစ်သဖြင့် ပြတိုက်မှတာဝန်ရှိသူ (ကမ္ဘောဒီးယားနိုင်ငံသူ) ကနေဒါနိုင်ငံသားတစ်ယောက်က လိုက်လံရှင်းလင်းပြပါသည်။ ပြတိုက်ကို GRAND HALL ၊ FIRST PEOPLE HALL ၊ CANADIAN POSTAL MUSEUM ၊ CANADIAN CHILDREN’S MUSEUM စသဖြင့် အခန်းများခွဲခြားထားရာ GRAND HALL တွင် ကနေဒါ အနောက်ဖက်ကမ်းခြေဒေသနေ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံ၊ အမွေအနှစ်များကို ခင်းကျင်းပြသ ထားသည်။ ဌာနေတိုင်းရင်းသားများမှာ ကနေဒါနိုင်ငံကို ကိုလံဘတ်စ် ( Columbus) ၊ ကာတီးယား ( Cartier ) နှင့် ကဘော့ ( Cabot ) စသည့် ဥရောပတိုက်သား နယ်မြေစွန့်စားရှာဖွေသူများမတွေ့မီကပင် အစောဆုံး တွေ့ရှိအခြေချနေထိုင် ကြသူများဖြစ်ကြသည်။ ကိုလံဘတ်စ် အမေရိကားကိုတွေ့ရှိခဲ့သည့် ၁၄၉၂ ခုနှစ်က အိန္ဒိယနိုင်ငံ ကိုရောက်ရှိသည်ဟု အထင်မှားကာ ၎င်းတွေ့ရှိသည့်ထိုဒေသခံများကို အင်ဒီးယန်းများဟု ခေါ်တွင်ခဲ့သော်လည်း၊ ၎င်းတို့ ကို ၎င်းတို့ ‘ ပြည်သူ များ’ ဟုအဓိပ္ပါယ်ရသည့် ၎င်းတို့ဘာသာစကားဖြင့်သာခေါ်ဝေါ်သုံးစွဲခဲ့ကြလေသည်။ ဤပြည်သူများ မှာ အဓိကအားဖြင့် ဘာသာ စကားအုပ်စုကြီးနှစ်ခုဖြစ်သည့် အယ်ဂွန်းကွင် ( Algonquin ) နှင့် အိရိုကွေ ( Iroquoi) တို့ပါဝင်သည့် အုပ်စုကြီးဝင် ဖြစ်လျက် ကနေဒါနိုင်ငံမြောက်ဖျားမှ တောင်အမေရိကတိုက်တောင်ပိုင်း အာဂျင်တီးနားနှင့် ချီလီ နိုင်ငံ တောင်ဘက် အဖျားဆုံးအထိဖြန့်ကျက် နေထိုင်လျက်ရှိခဲ့ကြသည်။
ထိုကနေဒီယန် အင်ဒီးယန်းများမှာ ယူကွန်ဒေသရှိ ငါးပြာ လှိုင်ဂူများတွင် အစောဆုံးစတင်အခြေချနေထိုင်ခဲ့ကြ ပြီး သမိုင်းမတိုင်မီခေတ်မှာပင် လူဦးရေအမြောက်အများတိုးပွါးလာခဲ့သည်။ ၁၅၀၀ ခုနှစ်အစောပိုင်းကာလများက ဥရော ပတိုက်သားများ စတင်ရောက်လာသည့်အချိန်တွင် ၎င်းတို့မှာကောင်းစွာအခြေတကျဖြစ်နေကြပြီး အတတ်ပညာ အား ဖြင့်လည်း စွန့်စားရှာဖွေသူများထက်များစွာခေတ်နောက်ကျခြင်းမရှိပေ။ ထိုဒေသခံများမှာ ကနေဒါနိုင်ငံတလွှား ဖြန့် ကျက်နေထိုင်ကြလျက် ဘာသာစကား၊ ဥပဒေနှင့် အုပ်ချုပ်ရေးရာကိစ္စများတွင်လည်းကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်။ သူတို့တွင် တိကျပြတ်သားသောဘာသာရေးယုံကြည်ကိုးကွယ်မှုများ၊ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများ၊ လူမှုဓလေ့ထုံးတမ်းစဉ်လာများ၊ ကျွမ်းကျင်မှုများ၊ အနုပညာ၊ လက်မှုပညာများနှင့် ဘဝရပ်တည်ရေးအတတ်ပညာများ ရှိကြပေသည်။
ဝမ်းနဲစရာကောင်းသည်ကား တမင်ရည်ရွယ်လျက်နှင့်ရော၊ မရည်ရွယ်ပါဘဲလျက်နှင့်ပါ နယ်မြေစွန့်စားရှာဖွေသူ များနှင့် ပြင်ပမှလာရောက်အခြေချနေထိုင်သူများက တိုင်းရင်းသားတို့၏ မူလဘဝနေထိုင်မှုပုံစံများကို အဆုံးသတ်ပစ် ခဲ့ကြပေသည်။ ရောဂါဘယဖြစ်ပွါးမှုများ၊ စစ်ပွဲများ၊ စိုက်ပျိုးနယ်မြေလက်လွှတ်ဆုံးရှုံးရမှုများ၊ ဘိုင်ဆွန်ခေါ်အမွေးထူ ကျွဲများ မျိုးတုန်းလုမတတ်ပျောက်ကွယ်သွားမှုများ၊ သမိုင်းတလျှောက် ရေရှည်ဖြစ်ပွါးသည့် ပဠိပက္ခများ၊ ရှုပ်ထွေးသည့် အရေးအခင်းများကြောင့် ဥရောပတိုက်သားအခြေချမှုများသည် တိုင်းရင်းသားအင်ဒီးယန်းလူဦးရေကို သုံးပုံနှစ်ပုံခန့်အထိ လျော့ကျ သွားစေခဲ့သည်။ တိုင်းရင်းသားအင်ဒီးယန်းများထက်နောက်ကျပြီး အာရှတိုက်မှဝင်ရောက်လာကြသည့် ၎င်းတို့ကိုယ်ကို ၎င်းတို့ “ အင်နြု” ( Inuit ) ဟုခေါ်သည့် အက်စ်ကီးမိုးများမှာ ရိုးရာနေထိုင်မှုဓလေ့စရိုက်များကို စွန့် လွှတ်ကြရသည့် နောက်ဆုံးအုပ်စုဖြစ်ပေသည်။ သို့သော် အာတစ်စက်ဝိုင်းဒေသအတွင်းနေထိုင်သည်ဆိုသည့်အချက် ကလည်း အရေးကြီးသည့်အချက်တချက်ဖြစ်သောကြောင့် အင်နြုများမှာ ခေတ်မှီနေအိမ်များဖြင်နေထိုင်ကြစေကာမှု အခြေခံအားဖြင့် သားငါးရှာသည့် မုဆိုးအလုပ်ဖြင့်သာအသက်မွေးဝမ်းကျောင်းလျက်ရှိနေခြင်းကိုကား ယခုတိုင်ထိန်း သိမ်းထားနိုင်ဆဲဖြစ်သည်။
သားမွေးကုန်သွယ်မှုမျာနောက်တွင်၊ ဟဒ်ဆန်ပင်လယ်ကွေ့ ကုမ္ပဏီတည်ထောင်ကာ မီးရထားလမ်း ဖေါက်လုပ် ဆက်သွယ်မှုများကဲ့သို့ များစွာသောစွန့်စားရှာဖွေမှုများနှင့် ၎င်းတို့ကြောင့်ဖြစ်သည့်စစ်ပွဲများ ရှည်ကြာစွာဖြစ်ပွါး ပြီးနောက် ဌာနေတိုင်းရင်းသားအင်းဒီးယန်းများနှင့် သက်ဆိုင်သည့် နိုင်ငံရေးပြဿနာများမှာ ဖြေရှင်းရန်ကျန်နေဆဲ ဖြစ်သည်။
ကနေဒါနိုင်ငံသူ ကမ္ဘောဒီးယားအမျိုးသမီး ပြတိုက်တာဝန်ရှိသူ၏ မမောမပန်းရှင်းလင်းပြသအပြီးတွင် ကျနော်တို့ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်မိုးက တိုင်းရင်းသား “ အင်နြု” များတွင် လူဦးရေတိုးပွါးမှုရှိ-မရှိမေး မြန်းရာ ကြားရသည့်အဖြေမှာ စိတ်မချမ်းသာစရာပေ။ “ အင်နြု” များအတွင်း မိမိကိုယ်ကိုသတ်သေမှုနှုံးများတိုးများလျှက် ရှိနေသည်ဟုဆိုပါသည်။ ကိန်းဂဏန်းအတိအကျ မပြောပြနိုင်သော်လည်း အရက်သေစာစွဲလန်းစွာသောက်သုံးမှု နှင့် လူ မှုရေး၊ စီပွါးရေးအဆင်မပြေမှုများကြောင့်ဟုဆိုပါသည်။ တိုင်းရင်းသားလူဦးရေတိုးပွါးမှု ယခုလိုနဲပါးနေစဉ်တွင် နိုင်ငံခြားမှ အခြေချရန်ဝင်ရောက်လာသူမှာ နှစ်စဉ် သိန်းဂဏန်းကျော်ကျော်ရှိပါသည်။
ဌာနေတိုင်းရင်းသားများနှင့် နောက်မှထပ်မံအခြေချဝင်ရောက်လာကြသူများအကြား မြေယာပိုင်ဆိုင်မှုပြဿနာများ ကဲ့သို့ အငြင်းပွါးဖွယ်ရာ စာချုပ်စာတန်းကိစ္စများမှာ ဌာနေတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများကို နားလယ်သဘော ပေါက်မှုအားနဲခြင်းနှင့် ပြောင်းလဲလာနေသောခေတ်အခြေအနေကိုနားမလယ်နိုင်ခြင်းတို့ကြောင့် တဖက်နှင့်တဖက်တင်း မာမှုများအဖြစ်ပေါ်ထွက်လာစေခဲ့သည်။
ဤပဋိပက္ခများ မည်သည့်အချိန်တွင် မည်သို့အဆုံးသတ်သွားမည်ကို မသိနိုင်သေးသော်လည်း ဌာနေအင်ဒီးယန်း များကို ကနေဒါနိုင်ငံ၏ ပထမနိုင်ငံသားများဟုသတ်မှတ်ခြင်းမှာ တရားမျှတမှန်ကန်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စ ဖြစ် ပေသည်။
ပထမ အခြေချနေထိုင်ကြသူများ
ကျနော်တို့သည် GRAND HALL ကိုအားရအောင်ကြည့်ရှုပြီးနောက် FIRST PEOPLES HALL ရှိရာ အပေါ်ထပ် သို့ လှေကားဖြင့်တက်ကြသည်။ ထိုနေရာတွင် ဥရောပတိုက်သားများ ကနေဒါနိုင်ငံသို့ ပထမဦးဆုံးလာရောက်အခြေချ နေထိုင်မှုသမိုင်းကို ပြောပြသည့် ဖယောင်းရုပ်တုများ တည်ရှိသည်။
ကနေဒါနိုင်ငံသမိုင်းတွင် ပထမဆုံးပြင်ပမှာလာရောက်အခြေချနေထိုင်ကြသူများမှာ အရေးပါလှသည်။ အေဒီ ၉၈၅ ခုနှစ်လောက်ကပင် ကနေဒါနိုင်ငံ၏ အရှေ့မြောက်ကမ်းခြေဒေသတဝိုက်ဆီသို့ ဥရောပတိုက်သား ဗိုက်ကင်းများ လာရောက် လယ်ပတ်ခဲ့သည့်အထောက်အထားများရှိသည်။ အေဒီ ၁၀၀၀ ခန့်က ဂရင်းလန်း ကျွန်းမှ လိဖ် အဲရစ်ဆင် ( Leif Ericson ) က ဦးဆောင်လျက် အနောက်ဖက်ဒေသသို့ သွားရောက်ကာ ဗင်းလန်း ( Vinland ) ဟုခေါ်သော သူအမည်ပေးခဲ့သောနေရာ တွင်အခြေချခဲ့သည်။ ထိုနေရာကို ပြင်သစ်ဘာသာအားဖြင့် L’Anse aux Meadows ခေါ်ပြီး ၁၉၆၀ ခုနှစ်များတဝိုက်ဆီ က ထိုကျေးရွာအကြွင်းအကျန်အစအနများကို နယူးဖေါင်လန်နှင့်လာဗရေဒါကျွန်းပေါ်တွင် တွေ့ရှိရသည်။ ထို ကိုလိုနီများမှာ သက်ဆိုးမရှည်လှသော်လည်း ဗိုက်ကင်းများနှင့် ဒေသခံ တိုင်းရင်းသားတို့၏ ဆက်ဆံ ရေးမှာ ကနေဒါအရှေ့မြောက်ဒေသ တလွှားပျံ့နှံ့ခဲ့ပုံပေါ်လေသည်။ မည်သို့ဆိုစေ ၁၄၁၀ ခုနှစ်က ဥရောပနှင့် ဂရင်းလန်း ဒေသတို့ အဆက်အသွယ်ပြတ်သွားခဲ့သည့်နောက် ဥရောပသည် မြောက်အမေရိက၊ ကနေဒါတို့နှင့် ဆက်ဆံရေးမှာ လုံးဝရပ်ဆိုင်းသွားခဲ့သည်။
၁၅ ရာစုနောက်ပိုင်းကာလများတွင် ဥရောပ တိုက်သား ပင်လယ်ရေကြောင်းသွားလာသူများမှာ သူတို့၏ စွန့်စား သွားလာရှာဖွေမှုများကို တိုးမြှင့်ခဲ့သည်။ ၁၄၉၇ ခုနှစ်က အင်္ဂလန်တွင်အမှုထမ်းနေသော အီတလီလူမျိုး ဂျွန်ကက်ဘော့ ( John Cabot ) သည် နယူးဖေါင်းလန်း ( New Foundland ) သို့ ရွက်လွှင့်သွားရောက်ခြင်းဖြင့် မြောက်အမေရိကနှင့် ဆက်ဆံရေးကို ပြန်လည်ဆန်းသစ်စေခဲ့သည်။
ကက်ဘော့သည် ချမ်းသာကြွယ်ဝမှုကြောင့်နာမည်ကြီးနေသော အာရှသို့သွားရာ အနောက်သို့ဦးတည်သည့် ပင်လယ်ရေလမ်းကြောင်း “အနောက်မြောက်သို့ သွားရာလမ်း” ကို ရှာဖွေနေခြင်းဖြစ်သည်။ မကြာမှီမှာပင် ပေါ်တူဂီ လူ မျိုးများနှင့် အခြားပင်လယ်ရေကြောင်းသွားလာရှာဖွေသူများက အမေရိက ကိုဖြတ်လျက်ဖြစ်စေ၊ ပတ်၍ဖြစ်စေ အာရှသို့ သွားနိုင်မည့်လမ်းကြောင်းကို ရှာဖွေကြလေသည်။ ၁၅၇၆ ခုနှစ်တွင် မာတင် ဖရိုဘစ်ရှား ( Martin Frobisher ) က ဘက်ဖင်း ကျွန်း ( Baffin Island ) ကို၎င်း၊ ၁၅၈၅ ခုနှစ်တွင် ဂျွန်ဒေးဗစ် ( John Davis ) က ရေလက်ကြားတစ်ခုကို တွေ့ရှိပြီး ဒေးဗစ်ရေလက်ကြားဟု အမည်ပေးခြင်းဖြင့်၎င်း၊ ၁၆၁၀ ခုနှစ်တွင် ဟင်နရီ ဟဒ်ဆန်က ဟဒ်ဆန်ပင်လယ်အော် ကို၎င်း အသီးသီးရှာဖွေတွေ့ရှိခဲ့ကြသည်။ ဟင်နရီ ဟဒ်ဆန်မှာ ထိုဒေသတွင် အမိန့်မနာခံသော ၎င်း၏ လက်အောက် ငယ်သားများက စွန့်ပစ်ထားခဲ့ ခံရသဖြင့် ၁၆၁၂ ခုနှစ်မှ ၁၆၁၃ ခုနှစ်အထိ ဆာသောမတ်စ် ဘတ်တွန် ( Sir Thomas Button ) က ပြန်လည်သွားရောက်ရှာဖွေရာ မအောင်မြင်ခဲ့ပေ။ ဤသို့ရှာဖွေရင်းမှ သိလာရသည်မှာ ထိုဒေသမှ အနောက်ဖက်သို့ ထွက်ပေါက်လမ်းကြောင်း မရှိဆိုသည်ပင်။
၁၈ ရာစုနှစ်များတွင် စွန့်စားသွားလာရှာဖွေကြသူများက ကူးသန်းသွားလာနိုင်သောမြစ်ကြောင်းများကို ရှာဖွေခဲ့ ကြရင်းဖြင့် နယ်မြေသစ်၏ ပထဝီအနေအထားကိုကောင်းစွာသိရှိလာခဲ့ကြသလို သဘာဝသယံဇာတ ကြွယ်ဝမှုကိုလည်း သိရှိလာခဲ့ကြသည်။
စပိန်နိုင်ငံက ကြွယ်ဝချမ်းသာသည့် မက္ကဆီကို နိုင်ငံကိုတွေ့ရှိအောင်နိုင်ခဲ့သည်ကိုအားကျအတုယူလျက် သက္ကရာဇ် ၁၅၃၄ ခုနှစ်တွင် ပြင်သစ်ဘုရင် ပထမ ဖရန်စစ်သည် ဂျက်ကွေးစ် ကာတီးယား ( Jacques Cartier ) ခေါင်းဆောင်သောအဖွဲ့အား စေလွှတ်ကာ နယ်မြေသစ်များကိုရှာဖွေစေလေသည်။ ကာတီးယားသည် အလားတူကြွယ်ဝ ချမ်းသာသော အင်ပိုင်ယာကိုမတွေ့ရှိခဲ့ဘဲ စိန့်လောရင့် ပင်လယ်ကွေ့ကိုသာရှာဖွေတွေ့ရှိခဲ့လေသည်။ ၁၅၃၅ ခုနှစ်တွင် သူသည် စိန့်လောရင့်မြစ်ကြောင်းအတိုင်းခရီးသွားခဲ့ရာ အိရိုကွေယန် (Iroquoian)တို့၏ မြို့ဖြစ်သော ဟိုချယ်လဂါ (ယခု မွန်ထရီယယ်မြို့တည်နေရာ) သို့တိုင်ရောက်ခဲ့ပြီး မြစ်ကြောင်းမှာ အာရှတိုက်သို့သွားနိုင်သော လမ်းကြောင်းမရှိ သည်ကို သေချာစွာသိရှိနားလယ်လာခဲ့သည်။ ကာတီးယားပြန်လာသည့်အခါ ထိုဒေသကို “ ကျေးရွာ” ဟုအဓိပ္ပါယ် ရ သည့် ကနေဒါ ဆိုသည့်အမည်ကိုခေါ်ဝေါ်သုံးစွဲခဲ့လေသည်။
ဝေလငါးကြီးဆီ၊ ကော့ငါး နှင့် သားမွေးများကြောင့် ဥရောပရှိ သင်္ဘောသားများစွာတို့သည် ကနေဒါသို့ရောက်ရှိလာ ကြလေသည်။ ပြင်သစ်တောင်ပိုင်းနှင့် စပိန်မြောက်ပိုင်းတို့မှ ဘာ့ ( Basques) နယ်သားများသည် နှစ်စဉ်နှစ်တိုင်းပင် လာဗရေဒါနှင့် စိန့်လောရင့်ပင်လယ်ကွေ့သို့ ဝေလငါးများဖမ်းဆီးရန်ရောက်လာလေ့ရှိကြသည်။ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန် နှင့် ပေါ်တူဂီ တံငါသည်များသည်လည်း ကော့ငါးများကိုဖမ်းဆီးရန် ကမ်းဦးရေတိမ်ဒေသဖြစ်သော အတ္တလန်တစ်သမုဒ္ဒ ရာအစပ်ဖြစ်သည့် ဂရင်းဘင့်ဒေသ သို့ရောက်ရှိလာကြကာ ငါးများကိုဖမ်းဆီးကြသည်။ တခါတရံ ကုန်းပေါ်သို့တက်၍ ငါး များကို နေလှန်းအခြောက်ခံပြီး သယ်ဆောင်ကြသည်။
ငါးဖမ်းလုပ်ငန်း၏ မက်မောစရာအမြတ်အစွန်းကြောင့် နယူးဖေါင်းလန်း ဒေသနှင့်အခြားဒေသများကို ကိုလိုနီပြု ရန်ကြိမ်ဖန်များစွာကြိုးပမ်းမှုများပေါ်ပေါက်ခဲ့သည်။ ၁၆၀၀ ခုနှစ်များတွင် စပိန်နှင့်ပေါ်တူဂီတို့ ဂရင်းဘင့် ဒေသမှထွက်ခွါ သွားပြီးနောက် နယူးဖေါင်းလန်းဒေသ၏ အဗလွန်ကျွန်းဆွယ်တဝိုက်တွင် အင်္ဂလိပ်လူမျိုးတို့၏ အမြဲတန်းအခြေစိုက်နေ ထိုင်မှုများပေါ်ပေါက်လာခဲ့သလို ကျွန်း၏တောင်ဘက်ကမ်းခြေတွင်လည်း ပြင်သစ်အမြဲတန်းအခြေချနေထိုင်မှုများပေါ် ပေါက်လာခဲ့သည်။ ထိုအချိန်နှင့် တပြိုင်နက်တည်းလောက်မှာပင် ဒေသခံများထံမှ သားမွေးထည်များနှင့် တံငါသည်များ ၏ ငါးနှင့် ငါးကြီးဆီကုန်စည်တို့အကြား အပြန်အလှန်ကုန်သွယ်မှုထွန်းကားလာခဲ့ပေသည်။ ဥရောပတိုက်ရှိ ဦးထုပ်လုပ် သူများက ဘီဘာဖျံတို့၏သားရေမှာ ဦးထုပ် လုပ်ရာတွင်အကောင်းဆုံးသော အစ ဖြစ်ကြောင်းကိုတွေ့သိလာကြသည်။ ထို့နောက်ကား ကနေဒီယံ သားမွေးကုန်သွယ်ရေးလုပ်ငန်းသည် နောက်ထပ်နှစ်ပေါင်း ၂၀၀ မျှ အဓိကစီးပွါးရေးလုပ်ငန်း တစ်ခုအဖြစ်ရပ်တည်ရန် အစပျိုးခဲ့လေတော့သည်။
ဥရောပသားတို့နှင့် တိုင်းရင်းသားတို့ဆက်ဆံရေး
လွန်ခဲ့သောနှစ် ရာပေါင်းများစွာအတွင်း ဥရောပတိုက်သားအနဲငယ်မျှသာ ကနေဒါနယ်မြေဒေသအတွင်းအခြေ ချ နေထိုင်မှုရှိခဲ့သဖြင့် နယ်မြေပိုင်ဆိုင်ထိန်းချုပ်မှုများနှင့်ပတ်သက်၍ တိုင်းရင်းသားများနှင့် အငြင်းပွါး၊ အချင်းများမှုမှာ
မဆိုစလောက်သာရှိခဲ့သည်။ သားမွေးထည်ကုန်သွယ်မှုကိုအဓိကထားလုပ်ကိုင်လာမှုကြောင့် တိုင်းရင်းသားများအကြား ဥရောပကုန်စည်များပျံ့နှံ့ဝင် ရောက်လာခဲ့ပြီး ၎င်းတို့၏နေထိုင်မှုဘဝပုံစံများတွင်ပါ သက်ရောက်မှုများရှိလာခဲ့သဖြင့် လူသစ်များနှင့် ကုန်သွယ်ဆက်ဆံမှုကိုပိုမိုအလေးထားလာခဲ့ကြကာ ကုန်စည်ကူးသန်းမှုကိုအခြေခံသည့် မဟာမိတ်သစ် ဖွဲ့မှုများတိုးလာသလို အငြင်းပွါးအချင်းများမှုများလည်းရှိလာသည်။ အစောပိုင်းကုန်သည်များနှင့်အတူလိုက်ပါလာကြ သော သာသနာပြုများမှာ တိုင်းရင်းသားတို့ကို ခရစ်ယန်ဘာသာသို့ကူးပြောင်းပေးရန်ကြိုးစားခဲ့ကြသော်လည်း အောင် မြင်မှုနဲပါးခဲ့သဖြင့် မကြာခဏ စိတ်ပျက်ကြရသည်။ တိုင်းရင်းသားတို့၏ လူမှုအဖွဲ့အစည်းက လွတ်လပ်အမှီခိုကင်းလေ လေ ဥရောပ၏ဘာသာရေးများအပေါ်စိတ်အားထက်သန်မှု နဲပါးလေလေဖြစ်ကြောင်းတွေ့ကြရသည်။
ရောဂါဘယတို့၏ နှိပ်စက်မှု
ဥရောပတိုက်သားများနှင့်ဆက်ဆံမှုမှ တိုင်းရင်းသားတို့ ရရှိသည့်နောက်ရလာဒ်တစ်ခုမှာ ရောဂါဘယများဖြစ်သည်။ မြောက်အမေရိကတွင်မကြားဘူးခဲ့သောရောဂါဆန်းများကို ဥရောပတိုက်သားများက သယ်ဆောင်လာကြသည်။ ထို ရောဂါပိုးမွှားများ၏ ကူးစက်မှုဒဏ်ကို တိုင်းရင်းသားများ၏ ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိပေ။ ဥရောပသားများရောက်လာပြီး နောက် တိုင်းရင်းသားလူဦးရေမှာ တစတစ ကျဆင်းလာသည်။ ပညာရှင်အချို့၏ခန့်မှန်းချက်အရ မိခ် မက် ( Mi’ Kmaq) လူမျိုးတို့၏ လူဦးရေမှာ ၁၅၀၀ ခုနှစ်မှ ၁၆၀၀ ခုနှစ်အတွင်း ၉၀ ရာခိုင်နှုံးခန့် ပျောက်ကွယ်သွားခဲ့သည်ဟုဆို၏။
မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့သို့ ဥရောပသားများ ကူးသန်းဆက်သွယ်သွားလာမှု တိုးပွါးလာသလို ရောဂါဘ ယ များလည်း ထပ်ချပ်မခွါလိုက်ပါလာ၏။ သို့ဖြင့် တိုင်းရင်းသားလူဦးရေမှာ ၁၅၀၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်အတွင်း ဆက် တိုက်ကျဆင်းလာခဲ့သည်။
မြောက်အမေရိက၏ သားမွေးထည်၊ငါးဖမ်းခြင်းလုပ်ငန်းနှင့် အခြားသဘာဝသယံဇာတတို့၏ အလားအလာ ကောင်း များ ကိုမြင်သောပြင်သစ်အစိုးရသည် ထိုဒေသကိုပိုမိုစိတ်ဝင်တစားအာရုံစိုက်လာသဖြင့် ပြင်သစ်နိုင်ငံသစ် ( New France) ဟုပင်လူပြောများလာသည်အထိဖြစ်သည်။ နြူးဖရန့်စ် မှာနောက်ဆုံးတွင် ကနေဒါ ( စိန့်လောရင့်မြစ်ဖြတ်သန်း စီးဆင်းရာဒေသ)၊ အကားဒီးယား ( ယခုအခါ ပင်လယ်ကမ်းခြေဆက်စပ်ဒေသများဖြစ်ကြသော နယူးဘန်းစ်ဝစ်၊ နိုဗာစ ကိုးရှားနှင့် ပရင့်စ်အက်ဒွပ်ကျွန်း)၊ နယူးဖေါင်းလန်းကျွန်း ( အင်္ဂလိပ်နှင့် စိတ်မပါလက်မပါ ခွဲဝေယူထားသည်။) တို့နှင့် လူ ဝီဇီယားနား( မစ္စစ်စပီမြစ်ဝှမ်းဒေသ) တို့ပါဝင်သည်။ ပြင်သစ်နိုင်ငံက ထိုဒေသကျယ်ကြီးကို ၎င်းတို့ပိုင်ဆိုင်သည်ဟုကြွေး ကြော်ကာ ကာကွယ်ခဲ့ကြသည်။ ဒေသအများအပြားတွင်မူကား ဒေသခံတိုင်းရင်းသားတို့မှာ ပြင်သစ်တို့၏ ဓလေ့ထုံးစံ၊ ဥပဒေတို့၏ သက်ရောက်မှုမှ သီးခြားကင်းလွတ်လျက် မိမိတို့၏ ရိုးရာနေထိုင်မှုပုံစံများကိုထိန်းသိမ်းကာ ပြင်သစ်များကို သားမွေးကုန်သွယ်ဖက် ဖေါက်သယ်များအဖြစ်သာ ဆက်ဆံခဲ့ကြလေသည်။ သားမွေးထည်ကုန်ကူးမှုကိုလက်ဝါးကြီးအုပ် လိုမှုနှင့် ထိုဒေသကိုတစိတ်တပိုင်းကိုသိမ်းပိုက်လိုသော အင်္ဂလိပ်တို့က ပြင်သစ်တို့၏ ကြွေးကြော်မှုကို လက်မခံငြင်းဆန် စိမ်ခေါ်ခဲ့လေသည်။
၎င်းတို့၏ ကြွေးကြော်မှုကို အာဏာတည်စေရန် အတွက် ခံတပ်များတည်ဆောက်ရန်နှင့် အခြေချနေထိုင်မှု များပြု လုပ်ရန်လိုပေသည်။ အခြေစိုက်မှုများမှာ များစွာစရိတ်စကကြီးမားသည်။ သို့ဖြစ်၍ ထိုစားရိတ်စကများကာမိစေရန် ပြင် သစ် ကိုလိုနီဝါဒီများသည် သားမွေးကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ရန် စီမံကြလေသည်။ ၁၆၂၇ ခုနှစ်တွင် ကာဒီနယ် ရစ်ခ်ျလျူးသည် အဖွဲ့ပေါင်း တရာ အမည်ရသောကုမ္ပဏီကိုတည်ထောင်၍ နြူးဖရန့်စ် ကိုဖွံ့ဖြိုးစေရန်စီမံအုပ်ချုပ်လေ သည်။ ကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်တွင် ကိုလိုနီကနေဒါ သည် ဖွံ့ဖြိုးတိုးတက်လာပြီး အခြေစိုက်မှုများလည်းပိုမိုလာ
သည်။ ၁၆၃၄ ခုနှစ်တွင် Trois-Rivie’res ကို၎င်း၊ ၁၆၄၂ ခုနှစ်တွင် မွန်ထရီရယ်ကို၎င်း တည်ထောင်ခဲ့ကြသည်။ သို့သော် ကိုလိုနီမှာ လူဦးရေနဲပါးပြီး သားမွေးကုန်သွယ်မှုအပေါ်တွင်သာမှီခိုနေရလေသည်။ ၁၆၄၀ ခုနှစ်များတွင် နြူးဖရန်စ်သည် သူ၏ မဟာမိတ် ဟူရွန်တို့ အီရိုကွေး တို့နှင့်ဖြစ်ပွါးသည့်စစ်ပွဲတွင် အကူအညီမပေးနိုင်ခဲ့ပေ။ ၁၆၄၉ ခုနှစ်တွင် အီရိုကွေတို့ အနိုင်ရပြီး ဟူရွန် တို့ကို အကွဲကွဲအပြားပြားဖြစ်စေခဲ့သည်။ နြူးဖရန့်စ်၏ သားမွေးကုန်သွယ်ရေးမှာ ခြုံးခြုံးကျသွားပြီး မွန် ထရီရယ်နှင့် ကွိဘက်တို့မှာ အကာအကွယ်မဲ့အတိုက်ခံရသည်။ မည်သို့ဆိုစေကာမူ အော့တဝါး၊ အိုဂျစ်ဘွေ ( Ojibwa) နှင့် အခြားသော အယ်ဂွန်းကွေယန် ( Algonquian) ဒေသ တို့က ဟူရွန်တို့အစား ပြင်သစ်၏ မဟာမိတ်နှင့် ထောက် ပံ့သူများ အဖြစ် ဝင်ရောက်လာပြီးနောက်ပိုင်းတွင် သားမွေးကုန်သွယ်မှုမှာ အသစ်တဖန်ပြန်လည်ထွန်းကား လာခဲ့ပြန် သဖြင့် ပြင်သစ် ကိုလိုနီမှာ အသက်ဆက်ခဲ့ရပြန်သည်။
၁၆၆၃ ခုနှစ်တွင် နြူးဖရန်စ့်၌ လူဦးရေအားဖြင့် ၃၀၀၀ သာရှိသည်။ ၁၄ ကြိမ်မြောက်လူဝီဘုရင်၏ ဘဏ္ဍာရေး ဝန်ကြီး ယန်း-ဘက်ပတစ် ကိုးလ်ဘတ် က အဖွဲ့ပေါင်းတစ်ရာ ကုမ္ပဏီကိုဖျက်သိမ်းလိုက်သဖြင့် ၎င်း၏အုပ်ချုပ်မှုလည်း ဆုံးခန်းတိုင်သွားခဲ့သည်။ ထိုမှစ၍ နြူးဖရန်စ့်မှာ ဘုရင့်သစ္စာတော်ခံပြည်နယ်တနယ်အဖြစ် ကွိဘက်ရှိ ဘုရင်ခံကအုပ်ချုပ် ခဲ့လေသည်။ ဘုရင်ခံက စစ်ဖက်အဖွဲ့အစည်းများကို ဘုရင့်ကိုယ်စားကွပ်ကဲရသကဲ့သို့ အင်တန်းဒင့် ( intendant ) ခေါ် အုပ်ချုပ်ရေးအရာရှိတစ်ဦးက ကိုလိုနီ၏ ဘဏ္ဍာရေး၊ တရားစီရင်ရေး နှင့် နေ့စဉ် အုပ်ချုပ်ရေးကိစ္စအဝဝကို ဆောင်ရွက်ရ သည်။ ထိုအရာရှိနှစ်ဦးလုံးက ဘုရင့်နန်းတော်မှ ရေတပ်ဝန်ကြီးထံ အစီရင်ခံရသည်။ အကြောင်းမှာ ပြင်သစ်ကိုလိုနီ အားလုံးမှာ ရေကြောင်းဦးစီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိကြသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ နြူးဖရန်စ့်တွင် ပြည်သူ လူထုကရွေးကောက်တင်မြှောက်ထားသည့် အုပ်ချုပ်ရေးကိုယ်စားလှယ်အဖွဲ့မရှိချေ။
ဘုရင့်ထောက်ပံ့မှုဖြင့် နြူးဖရန့်စ်မှာ တောင့်တင်းလာသည်။ ၁၆၆၅ ခုနှစ်တွင် ကာရီဂ်နန်-ဆယ်လီယာရီစ် ( Carignan-Salieres ) တပ်ရင်းဟုခေါ်တွင်ပြီး အင်အား ၁၂၀၀ ပါဝင်သည့်ဝါရင့်စစ်တပ်ဖွဲ့တဖွဲ့ရောက်ရှိလာကာ အီရိုကွေး ယန် များနှင့်ဖြစ်ပွါးသည့် စစ်ပွဲကိုဆင်နွှဲခဲ့လေသည်။ ဤစစ်ပွဲဖြစ်ပွါး၍ ငြိမ်းချမ်းရေးရပြီးနောက် ထိုတပ်ရင်းမှစစ်သည် ၄၀၀ ခန့်မှာ ကနေဒါတွင်အခြေချနေထိုင်ခဲ့ကြသည်။ ဘုရင့်အုပ်စိုးမှု ပထမဆယ်စုနှစ်အတွင်း ကနေဒါသို့ ပြင်သစ်နိုင်ငံမှ လူ အများအခြေချနေထိုင်ရေးကို အားပေးထောက်ပံ့ခဲ့သည်။ ထိုကိစ္စများအနက် ထူးခြားသည့်ကိစ္စတစ်ခုမှာ လက်မထပ် ရသေးသူ အမျိုးသမီး ၇၀၀ ကိုကနေဒါသို့စေလွှတ်ခြင်းဖြစ်သည်။ သူတို့ကို ဘုရင့်သမီးတော်များဟု ခေါ်စမှတ်ပြုကြ သည်။ အကြောင်းမှာ သူတို့၏ရွှေ့ပြောင်းစရိတ်များအပြင် သတို့သမီးဘက်ကပေးရသောခန်းဝင်လက်ဖွဲ့ပစ္စည်းများကိုပါ ဘုရင် ကတာဝန်ယူထောက်ပံ့သောကြောင့်တည်း။ ထိုသို့ဆောင်ရွက်မှုက ယောက်ျားဦးရေသာလွန်များပြားနေသော နြူးဖရန်စ့် တွင် ကျား-မ အချိုးကိုမျှတသွားစေသည်။ ထို့နောက်တွင်ကား တဖြည်းဖြည်းချင်းသာလူဦးရေတိုးတက်လာ လျက် ၁၆၈၁ ခုနှစ် သန်းကောင်စာရင်အရ အခြေချနေထိုင်သူပေါင်း ၁၀၀၀၀ ခန့်အထိရှိလာလေရာ ထိုသူများမှာ ယနေ့ ကနေဒါရှိ ပြင်သစ်စကားပြော နိုင်ငံသားများ၏ ဘိုးဘေးဘီဘင်များပင်ဖြစ်ကြလေသည်။
တိုင်းရင်းသားအီရိုကွေးယန်တို့နှင့် ငြိမ်းချမ်းရေးရပြီးနောက် နြူးဖရန်စ့်သည် ကိုလိုနီအစောင့်တပ်များ အမြဲ တန်းတပ်စွဲ ထားခွင့်ရရှိကာ ပြင်သစ်နိုင်ငံမှစစ်သားများလာရောက်အားဖြည့်ကြလေသည်။ စစ်တပ်အရာရှိများမှာ နယ် မြေသစ် များစွန့်စားရှာဖွေခြင်း၊ ခံတပ်များတည်ဆောက်ခြင်း၊ သံရေးတမန်ရေး ကုန်သွယ်ရေးကိစ္စများကိုဆောင်ရွက် သကဲ့သို့ တိုင်းရင်းသားတို့နှင့်ဖြစ်ပွါးသည့်စစ်ပွဲများတွင်လည်းပါဝင်တိုက်ခိုက်ခဲ့ကြလေသည်။
ကုန်သွယ်ရေးနှင့် စူးစမ်းရှာဖွေခြင်းများ
၁၆၄၄ ခုနှစ်တွင် ကိုလ်ဘတ်သည် ကုမ္ပဏီတစ်ခုကိုထူထောင်ပြန်သည်။ အနောက်အိန္ဒိယ ကုမ္ပဏီဟုအမည်တွင် သည်။ ရည်ရွယ်ချက်မှာ သားမွေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ရန်ဖြစ်၏။ စိန့်လောရင့်မြစ်ဝှမ်းတွင် အခြေစိုက်နေထိုင်မှု များတိုးတက်များပြားလာသည်နှင့်အမျှ သားမွေးကုန်သွယ်လုပ်ငန်းသည်လည်း အနောက်ဖက်နှင့် မြောက်ဘက်ဆီသို့ ပြောင်းရွေ့သွားလေသည်။ ၁၆၇၀ ခုနှစ်နောက်ပိုင်းတွင် သားမွေးကုန်သွယ်ရေးလောကတွင် ယှဉ်ပြိုင်သူအသစ်တဦး ပေါ်လာလေရာ ထိုသူမှာ အင်္ဂလိပ်တို့၏ ( Hudson Bay Company ) ဟဒ်ဆန်ပင်လယ်ကွေ့ကုမ္ပဏီဖြစ်လေသည်။ ထိုနှစ်က အင်္ဂလန် ဘုရင် ဒုတိယမြောက်ချားလ်စ်က လန်ဒန်မှ စီးပွါးရေးအုပ်စုတစ်စုကို ဟဒ်ဆန်ဒေသရှိသားမွေး ရောင်းဝယ်မှုကို လက်ဝါး ကြီးအုပ်ခွင့်ပေးခဲ့လေသည်။ သို့သော်လည်း မွန်ထရီယယ်ရှိ သားမွေးကုန်သည်များက သူတို့ ကိုကောင်းစွာယှဉ်ပြိုင်နှိုင်ခဲ့ ကြသည်။ မွန်ထရီယယ်ကုန်သည်များက သားမွေးကုန်သွယ်လုပ်ငန်းကို စူးစမ်းရှာဖွေခြင်း လုပ်ငန်းနှင့် သာသနာ ပြုလုပ်ငန်းတို့ဖြင့် ပေါင်းစပ်လုပ်ကိုင်ကြလေသည်။ လူဝီ ဂျိုးလိယက်နှင့် ဖာသာ ဂျက်ကေးမားကက် ( Louis Joliet and Father Jacques Marquette ) တို့သည် မစ္စစ်ပီမြစ်ဝှမ်းကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ရီနီ-ရောဘတ် ကဘဲလ်လီယာ၊ ဆီယော် ဒီ လာဆေးလ် ( Rene’- Robert Cavelier, Sieur de La Salle ) မှာ ၁၆၈၂ ခုနှစ်တွင် မက္ကဆီကိုပင်လယ်ကွေ့သို့ ရောက်ခဲ့လေသည်။
ကိုလိုနီနယ်သစ်၏ ဘာသာရေး
ရိုမင်ကက်သလစ်ကျောင်းတော်သည် ကိုလိုနီလူ့အဖွဲ့အစည်းတွင် သြဇာကြီးလှပေသည်။ ပြင်သစ်တွင် ထိုအ ချိန်က ပရိုတက်စတင့်ဘာသာဝင်အများအပြားရှိသော်လည်း တရားဝင်ဘာသာမှာ ရိုမင်ကက်သလစ်ဘာသာဖြစ်ပြီး ပြင် သစ်တို့က မြောက်အမေရိကတွင် ပြန့်ပွါးစေလိုသောခရစ်ယန်အယူဝါဒလည်းဖြစ်ပေသည်။ သို့ဖြင့် ပြင်သစ်ပြည်သစ် နြူးဖရန့်စ်တွင် ပရိုတက်စတင့်ခရစ်ယန်အယူဝါဒမှာ အခြေမစိုက်နိုင်စေရန် တားဆီးပိတ်ပင်ခြင်းခံရလျက် ရိုမင်ကက်သ လစ်အယူဝါဒကသာ တည်ရှိခွင့် ပြန့်ပွါးခွင့် ရနေပေတော့သည်။
မြေယာပိုင်ဆိုင်ခွင့်
ပြင်သစ်ပြည်သစ် နြူးဖရန့်စ်တွင် စိန့်လောရင့်မြစ်ဝှမ်းနှင့် အနီးအနားမြစ်လက်တက်များတဝိုက်ရှိမြေယာများကို လယ်သမားများက ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးလာနိုင်သည်နှင့်အမျှ ကျေးလက်ဒေသလူ့အဖွဲ့အစည်းသည်လည်းကြီး ထွားလာ လေသည်။ ထိုလယ်သမားများမှာ ဆိနြူရီယယ် စနစ်ခေါ် မြေရှင်စနစ်ဖြင့်စိုက်ပျိုးလုပ်ကိုင်ကြရခြင်းဖြစ်သည်။ ဆိနြူးယား ခေါ်မြေပိုင်ရှင်ကြီးက လယ်ယာမြေအများအပြားကို လုပ်ပိုင်ခွင့်ဂရံရရှိထားကြပြီး၊ ၎င်းတို့ကတဆင့် လယ်သ မား မိသားစုအများအပြားကို လယ်ယာမြေအငှါးပြန်ချထားသည့်စနစ်ဖြစ်သည်။ လယ်ယာငှါးခအဖြစ် နှစ်စဉ်ထွက်ရှိသော လယ်ယာထွက်ကုန်ကိုဖြစ်စေ၊ လုပ်အားကိုဖြစ်စေ၊ တခါတရံငွေသားကိုဖြစ်စေ ပြန်လည်ပေးဆပ်ကြရသည်။ ပြင်သစ် ပြည်သစ် နြူးဖရန့်စ်၏ လယ်သမားများနေထိုင်ရာအရပ်မှာ ပင်လယ်မှ မိုင်ရာပေါင်းများစွာဝေးကွာလှသည်ဖြစ်၍ တင်ပို့ ရောင်းချစရာ ဈေးကွက်များမရှိသောကြောင့် ရောင်းချရန်ထက် ၎င်းတို့စားသောက်ရန်အတွက်သာ အဓိကထား စိုက်ပျိုး ကြလေသည်။ ထိုအချိန်က နြူးဖရန့်စ်ရှိ လယ်သမားများမှာ ပုံမှန်ပညာရေးကို သင်ကြားခွင့်မရကြသော်လည်း နေထိုင်မှု
ဘဝတွင်ကား ပြင်သစ်ပြည်ရှိလယ်သမားအများစုထက်သာလွန်ကောင်းမွန်စွာနေနိုင်ကြလေသည်။ ဆိနြူရီယယ် မြေရှင် စနစ်မှ မြေပိုင်ရှင်များမှာ များသောအားဖြင့်ဝင်ငွေအနဲငယ်သာရှိကြပြီး ဂုဏ်သရေရှိ မင်းစိုးရာဇာ အတန်းလည်းမဝင်ချေ။ သို့သော်လည်း မြေယာပိုင်ဆိုင်ခြင်းမှာ ကိုလိုနီလူ့အဖွဲ့အစည်း၏ လူ့မလိုင်အထက်တန်းလွှာတွင်ကား ဂုဏ်သိက္ခာတရပ် ဖြစ်ပေသည်။
ပြင်သစ်နှင့် အင်္ဂလိပ်တို့၏ ပြိုင်ဆိုင်မှုများ
၁၆၈၀ ခုနှစ်တွင် ပြင်သစ်ပြည်သစ် နြူးဖရန့်စ်သည် အီရိုကွေးတို့နှင့် စစ်ဖြစ်ပြန်လေသည်။ တစိတ်တပိုင်းအား ဖြင့်ကား သားမွေးကုန်သွယ်ရေးကြောင့်ဖြစ်သော်လည်း ပြင်သစ်ပြည်မနှင့် အင်္ဂလန်တို့အကြားဖြစ်ပွါးသောစစ်ပွဲ၏ ဂယက်ကြောင့်လည်းဖြစ်လေသည်။ ဝီလီယံဘုရင့်စစ်ပွဲ ( ၁၆၈၉-၁၆၉၇)တွင် အင်္ဂလိပ်နှင့် ၎င်းတို့၏မဟာမိတ် အီရိုကွေး တို့က စိန့်လောရင့်မြစ်ဝှမ်းရှိ အခြေချဒေသများကိုတိုက်ခိုက်ကြသော်လည်း အမြဲတန်းအခြေစိုက်တပ်စွဲထားသောပြင် သစ်တပ်များက ကောင်းစွာတုံ့ပြန်တိုက်ခိုက်နိုင်လေသည်။ ဆယ်စုနှစ်တခုမျှ ပျောက်ကျားစစ်ပွဲများဆင်နွှဲတိုက်ခိုက်ကြ ပြီးနောက် ၁၆၉၇ ခုနှစ်တွင် ရစ်စ်ဝစ် စစ်ပြေငြိမ်းရေးစာချုပ်ကိုချုပ်ဆိုလျက် စစ်ပွဲမတိုင်မှီကပိုင်ဆိုင်ခဲ့ကြသည့်နှစ်ဘက် နယ်မြေများကို ပြန်လည်အသိအမှတ်ပြုခဲ့ကြသည်။ စစ်ပွဲအတွင်း အကားဒီးယားဒေသကို အင်္ဂလိပ်က သိမ်းယူနိုင်သော် လည်း ပြင်သစ်တို့အားပြန်လည်ပေးအပ်ခဲ့ရလေသည်။ ၁၇၀၁ ခုနှစ်တွင် အီရိုကွေး တို့သည် နြူးဖရန့်စ်နှင့် ဘက်ပေါင်းစုံ ငြိမ်းချမ်းရေး ရယူလျက် နောင်အနာဂါတ် ပြင်သစ်-အင်္ဂလိပ် ပဋိပက္ခများတွင် ကြားနေရေးကို ကတိပေးလေသည်။
၁၇၀၂ ခုနှစ်တွင် ပြင်သစ်နှင့် ဂရိတ်ဗြိတိန် ( အင်္ဂလန်၏ခေါင်းဆောင်မှုအောက်တွင် ၃ နိုင်ငံပါဝင်ဖွဲ့စည်းထား သည်။) တို့အကြား အန်းဘုရင်မ၏စစ်ပွဲ ( Queen Anne’s War ) ဟုခေါ်တွင်သော စစ်ဖြစ်ပြန်လေသည်။ စစ်ရှုံးသော ပြင်သစ်တို့သည် အူးထရက်ခ်ျ စာချုပ်အရ နယူးဖေါင်လန်းဒေသမြောက်ပိုင်းတွင် ရာသီလိုက်ငါးဖမ်းခွင့်ကို ဆက်လက် ရရှိသော်လည်း နယ်မြေဒေသကိုကား အင်္ဂလန်သို့ပေးလိုက်ရသည့်အပြင် ဟဒ်ဆန်ပင်လယ်ကွေ့ပိုင်ဆိုင်မှုကို လည်း စွန့်လွှတ် ရလေသည်။ ထို့ပြင် အကားဒီးယား ကုန်းမြေမကြီးကိုလည်း ဗြိတိန်သို့လွှဲအပ်ရလေတော့သည်။
ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရသော ဆယ်စုနှစ်များအတွင်း နြူးဖရန့်စ်သည် ဆက်လက်ချမ်းသာကြွယ်ဝပြီး လူဦးရေအား ဖြင့်လည်း ၁၇၁၃ ခုနှစ်တွင် ၁၈၀၀၀ ရှိရာမှ ၁၇၃၇ ခုနှစ်တွင် ၄၀၀၀၀ အထိ၎င်း၊ ၁၇၅၅ ခုနှစ်တွင် ၅၅၀၀၀ အထိ၎င်း၊ တိုးပွါးလာခဲ့ပေသည်။ ဤလူဦးရေတွင်အများစုမှာ နြူးဖရန့်စ်၏ အချက်အခြာဒေသဖြစ်သည့် စိန့်လောရင့်မြစ်ဝှမ်းတဝိုက် ရှေးကတည်းက လယ်ယာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းကာ အခြေစိုက်နေထိုင်ခဲ့ကြသော အုပ်စုဝင်များဖြစ်ကြ ပေသည်။
သားမွေးကုန်သွယ်ရေး
သားမွေးကုန်သွယ်ရေးစခန်းများမှာ တိုက်တလျှောက် တသီတတန်းဆက်တိုက်တည်ရှိနေကြသလို အနောက်အ ရပ်သို့ ဖြန့်ကျက်ကြီးထွားလာခဲ့သည့် ဧရာမ သားမွေးဈေးကွက်စုကိုလည်း မွန်ထရီယယ်ကုန်သည်များက ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ပြင်သစ်များက သားမွေးကုန်သွယ်ရေးလုပ်ငန်းကို အင်္ဂလိပ် ဟဒ်ဆန်ပင်လယ်အော် ကုမ္ပဏီ ( Hudson’s Bay Company (HBC) နှင့် မတူဘဲ တမူထူးခြားစွာချဉ်းကပ်သည်။ ပြင်သစ်များက တောလက်ကျေးရွာများ အထိဆင်း၍ သားမွေးများကို လက်လီလိုက်လံဝယ်ယူသည့်အချိန်တွင် HBC က တိုင်းရင်းသား သားမွေးရောင်းချသူများ ကို သင်္ဘောဆိပ်များရှိ သားမွေးဝယ်ယူရေးစခန်းများသို့ လာရောက်ရောင်းချရန် ဆွဲဆောင်သည်။ HBC က သင့်တင့် သော အမြတ်အစွန်းရရှိသည်မှန်သော်လည်း တခါတရံတွင် အထက်အညာရှိ မွန်ထရီယယ်ကုန်သည်များက ကြားဖြတ်
ဝယ်ယူသွားခြင်းကို၎င်း၊ အကောင်းဆုံးသားမွေးများကို လက်ဦးမှုရယူဝယ်သွားခြင်းကို၎င်း ခံရပေသည်။ ပြင်သစ်သားမွေး ကုန်သွယ်ရေးလုပ်ငန်းမှာ စစ်တပ်အရာရှိ ပီးရဲ ဂေါ်လ်တီယား ဒီ ဗားရင့်နီးစ် နှင့်သူ့သားများက အနောက်ဖက်သို့ တိုးချဲ့ ခြင်းဖြင့်ကျယ်ပြန့်ခဲ့သည်။ သူတို့သည် ၁၇၃၀ နှင့် ၁၇၄၀ ခုနှစ်များအတွင်းတွင် ယခုအမေရိကန်ပြည်ထောင်စု၏ ရော့ကီးမောင်းတိန်း ဒေသအနီး သို့တိုင်အောင် စွန့်စားသွားလာခဲ့ပြီး သားမွေးကုန်သွယ်ရေးစခန်းများဖွင့်လှစ် ထူထောင် ခဲ့ကြသည်။ သူတို့ နောက်သို့လိုက်ခဲ့သော သားမွေးကုန်သည်များမှာ ဆာစကက်ခ်ျဝမ် နှင့် မစ်ဆူရီမြစ်ဝှမ်းဒေသ တလျှောက် လမ်းကြောင်း များဖေါက်ထွင်ခဲ့ကြသည်။ ကုန်သွယ်ဆက်ဆံရေးကိုအခြေခံ၍ အနောက်ဖက်ဒေသရှိ တိုင်းရင်းသားများနှင့် မဟာမိတ်များဖွဲ့နိုင်ကြခြင်းအားဖြင့် ပြင်သစ်စစ်သားများ၊ ကုန်သည်များ နှင့် သာသနာပြုများ တို့မှာ တိုက်တလျှောက် နိုင်းယှဉ်ချက် အားဖြင့်ပိုမိုလွယ်ကူစွာလှုပ်ရှားသွားလာနိုင်ပေသည်။ သို့သော်လည်း ဒေသခံ တိုင်းရင်းသားတို့က သားကောင်ဖမ်းဆီး၊ သားမွေးအရေဆုတ်ရောင်းကြပြီး ဥရောပ ဦးထုတ်လုပ်ငန်းရှင်များက ကုန်ချော အဖြစ်ထုတ်လုပ် ရောင်းချသည့် ဤလုပ်ငန်းက မည်သည့်အခါကမျှ ပြင်သစ်ကိုလိုနီနယ်သား ရာဂဏန်းအချို့လောက် ထက်ပို၍ အလုပ်မပေးနိုင်ခဲ့ပေ။
ပြင်သစ်-အင်ဒီးယန်း စစ်ပွဲ
ပြင်သစ်နှင့် အင်ဒီးယန်းတို့စစ်ပွဲဖြစ်ပွါးလာသောအခါ ဗြိတိန်သည်ပြင်သစ်ကိုလိုနီများအပေါ် ပြင်းပြင်းထန်ထန်တရ စပ်တိုက်ခိုက်လေသည်။ ကိုလိုနီ ၁၃ နယ် ( ၁၇၇၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုစတင်ဖွဲ့စည်းလာမည့် အင်္ဂလိပ် ကိုလိုနီ ၁၃ နယ်- နယူးဟမ့်ရှိုင်းယား၊ မက်ဆာချူးဆက်၊ ရုဒ်အိုင်းလင်း၊ ကွန်နက်တီကက်၊ နယူးယောက်၊ နယူးဂျာဆီ၊ ပင်ဆစ်လ်ဗေးလ်နီးယား၊ ဒဲလာဝဲယား၊ မေရီလန်း၊ ဗာဂျီးနီးယား၊ နော့ကာရိုလိုင်းနား၊ ဆောက်ရိုလိုင်းနား နှင့် ဂျော်ဂျီယာ) မှ ကုန်သည်များက အိုဟိုင်းယိုး လွင်ပြင်ဒေသတွင် အခြေစိုက်ရန်ကြိုးပမ်းရာမှ ပြဿနာစတင်ခြင်းဖြစ်သည်။ ဗြိတိသျှ တို့၏ ဤနယ်ပယ်ချဲ့ထွင်မှုက လူဝီဇီယားနားနယ်နှင့် ကျန်သော နြူးဖရန့်စ် အကြားဆက်သွယ်ရေးလမ်းကြောင်းများကို သာမက အတ္တလန်တစ်သမုဒ္ဒရာကမ်းခြေရှိ ပြင်သစ်ကိုပါ ခြိမ်းခြောက်လေသည်။ ၁၇၅၅ ခုနှစ်တွင် ဗြိတိန်သည် အကားဒီးယန်း ၇၀၀၀ ခန့်ကို စုစည်းကာ ဇွတ်အတင်းအဓမ္မနေရာရွှေ့ပြောင်းစေခြင်းဖြင့် နိုဗာစကိုးရှား၏ ရာစုနှစ်တခုမျှ သက်တန်းရှိသော အကာဒီးယန်းလူ့အဖွဲ့အစည်းကိုဖျက်ဆီးပစ်လိုက်လေသည်။
အကားဒီးယန်းတို့၏ ဒေသများကို နြူးအင်္ဂလန် ( ယခုအခါ အမေရိကန်ပြည်ထောင်စုအရှေ့မြောက်ဒေသပြည်နယ် များ- မိန်းပြည်နယ်၊ နယူးဟမ့်ပ်ရှိုင်းယား၊ ဗားမောင့်၊ မက်ဆာချူးဆက်၊ ရုဒ်အိုင်းလင်းနှင့် ကွန်နက်တိကတ်) မှလူများဖြင့် အစားထိုးဝင်ရောက်စေကာ ထိုဒေသရှိ အကားဒီးယန်းတို့ ကောင်းစွာတမံတုတ်ပြုပြင်ထားသော မြေယာများကိုသိမ်း ပိုက်ကြလေသည်။ နေရာပြောင်းရွှေ့ခံကြရသော အကားဒီးယန်းတချို့မှာ ပြင်သစ်ပြည်မသို့၎င်း၊ အချို့မှာ လူဝီဇီယားနား သို့၎င်း မောင်းထုတ်ခံကြရသည်။
နှစ်ပေါင်းများစွာကြာရှည်သည့် စစ်ပွဲတွင် အတွေ့အကြုံရင့်ကျက်သည့် ပြင်သစ်စစ်ဗိုလ်ချုပ် မောင့်ခဲလ်မှ မူးမတ် ( Marquis of Montcalm ) က ဗြိတိသျှတပ်များ၏ ကုန်ကျစားရိတ် ကြီးမားပြီး ပြင်းထန်သောထိုးစစ်ကို ရင်ဆိုင်တိုက်ခဲ့ သည်။ ထိုသို့သော ကမ္ဘာ့လုံးချီစစ်ပွဲတွင် ဗြိတိန်တပ်မတော်၏ ၇ ပုံ ၁ ပုံမျှအင်အားရှိသော တပ်သား ၂၀၀၀၀ ကျော် ကို တိုင်းရင်းသားမဟာမိတ်များ၊ ပြည်သူ့စစ်များ၏ အကူအညီအထောက်အပံ့နှင့် အင်အားထောင်ဂဏန်းအချို့သာရှိ သည့်ပြင်သစ်တပ်များနှင့် ရင်ဆိုင်ရန် စေလွှတ်ခဲ့လေသည်။
၁၇၅၈ ခုနှစ်တွင် လူးဝစ်ဘာ့ဂ်ကို အင်္ဂလိပ်တို့ကသိမ်းပိုက်ပြီး ၎င်းဒေသမှလူများကိုပြင်သစ်သို့ ပြန်ပို့ပစ်သည်။ ၁၇၅၉ ခုနှစ်တွင် စိန့်လောရင့်မြစ်ဝှမ်းအချက်အခြာဒေသသို့ ဗြိတိသျှတပ်မတော် ၃ ခုကိုစေလွှတ်ခဲ့ပြန်ကာ တနွေရာသီ လုံး ကွိဘက်မြို့ကိုဝိုင်းရံထားပြီးနောက် ဗြိတိသျှလူငယ်ဗိုလ်ချုပ် ဂျိမ်းစ် ဝုလ်ဖ် ( James Wolfe ) သည် အေဗရာဟင် လွင်ပြင် တိုက်ပွဲကိုအနိုင်တိုက်ပြီး ကွိဘက်မြို့ကိုသိမ်းနိုင်ခဲ့သည်။ နောက်နှစ် နွေရာသီတွင် မွန်ထရီယယ်မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သဖြင့် ပြင်သစ်ပြည်သစ် နြူးဖရန့်စ် တခုလုံးသည် ဗြိတိသျှတို့၏လက်အောက်သို့ကျရောက်သွားလေ တော့သည်။
ဗြိတိသျှ မြောက်အမေရိက
၁၇၆၃ ခုနှစ်က ချုပ်ဆိုသော ပဲရစ် စာချုပ်အရ အခြေချနေထိုင်သူ ၆၅,၀၀၀ ( အနောက်ပိုင်း လူဝီဇီယားနားမှ အပ) ရှိသော ပြည်သစ်ပြည်သစ် နြူးဖရန်စ့်ကို ဗြိတိန် သို့လွှဲအပ်ပေးလိုက်ရလေသည်။ ထိုအချိန်မှစတင်ကာ ယခုခေတ် ကနေဒါဟုခေါ်ဆိုသော ဒေသမှာ ဗြိတိသျှကိုလိုနီများဖြစ်ကြသည့် ကွိဗက်၊ နိုဘာစကိုးရှား၊ နယူးဖေါင်းလန်း နှင့် ရူးပတ် ၏ နယ်မြေ ( Rupert’s Land)တို့ ပါဝင်ကြသည်။ ကွိဗက် မှာ ကနေဒါ ကိုလိုနီ၏ အမည်သစ်ဖြစ်လေသည်။ ထိုဒေသမှာ လာဗရေဒါမှ မစ်ဆူရီးမြစ်ဝှမ်း အထိတိုင်ကျယ်ပြန့်ခဲ့သော်လည်း ယခုအခါတွင်ကား အောက်ပိုင်းစိန့်လောရင့်မြစ်ဝှမ်း အဖြစ်သာကျန်ပေတော့သည်။ နိုဘာစကိုးရှားမှာ အကာဒီးယားဟုထင်ရှားခဲ့သောဒေသနှင့် အီလီ ရွိုင်ရယ်ဒေသတို့ပါဝင် ကြပြီး နယူးဖေါင်လန်းဒေသထဲတွင် လာဗရေဒါ ပါဝင်လေသည်။ ရူးပတ် ဒေသ ( Rupert’s Land ) ဆိုသည်ကား ဟဒ် ဆန် ပင်လယ်ကွေ့၏ မြစ်ညှာ ရေဝေရေလဲဒေသကြီးဖြစ်ပြီး ဟဒ်ဆန်ပင်လယ်ကွေ့ကုမ္ပဏီ၏ ဆက်လက် လက်ဝါးကြီး အုပ်ထားခြင်းကိုခံရလေသည်။
ဗြိတိသျှ အုပ်စိုးမှုကို တည်ဆောက်ခြင်း
နြူးဖရန့်စ် ကိုဗြိတိသျှတို့အောင်နိုင်ပြီးသည့်အခါ ထိုဒေသတွင် ပရိုတက်စတင့် ဘာသာဝင်များအတွက်သာ တံခါးဖွင့် ထားသည့် ကိုလိုနီလူ့အဖွဲ့အစည်းကို တည်ထောင်ကြလိမ့်မည်ဟု မျှော်လင်ခဲ့ကြသည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေး မှုး များဖြစ်ကြသည့် ဂျိမ်းမရေး ( James Murray) နှင့် ဂိုင်းကာလက်တန် ( Guy Carleton ) တို့က ထိုပေါ်လစီအလုပ် မဖြစ်ပုံကို သဘောပေါက်ခဲ့ကြသည်။ ၁၇၇၄ ခုနှစ်တွင် ကွိဘက် အက်ဥပဒေအရ၊ ရွေးကောက်တင်မြှောက် ခြင်းမဟုတ် သည့် အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်ခြင်းကို ဆက်လက်ထိန်းသိမ်းထားရန်သဘောတူလေသည်။ ကွိဘက်အက်ဥပဒေဆို သည်မှာ ပြင်သစ်တရားမဥပဒေဟောင်းနှင့် ရိုမင်ကက်သလစ်ဘုန်းတော်ကြီးများကို ဆယ်ပုံတစ်ပုံ အခွန် ပေးဆောင် ရခြင်းအပါအဝင် ရိုမင်ကက်သလစ်ကျောင်းတော်ကို အသိအမှတ်ပြုသည့် မြေရှင်ပဒေဿရာဇ်စနစ်တို့တွင် အခြေပြု ထားခြင်းဖြစ်လေသည်။ ဤသို့ဖြင့် ကွိဘက်အက်ဥပဒေက ပြိုကျပျက်စီးနေသော ပြင်သစ်ကွိဘက်နယ်ကို ၎င်း၏ အဓိက ခေါင်းဆောင်များဖြစ်ကြသည့် မြေရှင်များနှင့် ကျောင်းတော်ကို ဗြိတိသျှအုပ်ချုပ်ရေးနှင့် ပြန်လည်အစေးကပ်စေရန် ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းဖြင့် ထိန်းနိုင်ခဲ့လေသည်။ ထို့ပြင် ကွိဘက်အက်ဥပဒေအရ အင်ဒီးယန်းများအတွက် အရန် အဖြစ် သတ်မှတ်ပေးထားခဲ့သည့် မြေများတွင်ပါဝင်သည့် မစ္စစ်ပီမြစ်နှင့် အိုဟိုင်းရိုးမြစ်များအကြားရှိ ဒေသများကိုလည်း ကွိဘက်သို့ ပြန်လည်လွှဲပေးလေသည်။
သီအိုရီအရ မြောက်ပိုင်းဒေသရှိ ကိုလိုနီဒေသ အားလုံးမှာ ဗြိတိသျှကွိဘက်ဘုရင်ခံချုပ်လက်အောက်တွင်ရှိပေ သည်။ သို့သော်လက်တွေ့အားဖြင့် ၎င်းတို့အကြားအဆက်အသွယ်အနည်းအကျဉ်းသာရှိသည်ကိုတွေ့ရသည်။ ကိုလိုနီ တခုချင်းစီသည် တခြားသောကိုလိုနီများနှင့်သီးခြားလွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။ နယူးဖေါင်းလန်းဒေသတွင် အင်္ဂလိပ်နှင့် အိုင်းရစ်အခြေချမှုများသည် ၁၈ ရာစုတလျှောက် ကြီးထွားတိုးတက်လာသည်။ ရာစုနှစ်အကုန်တွင် အင်္ဂ လန်မှ ငါးဖမ်းသင်္ဘောအုပ်စုများထက် နယူးဖေါင်းလန်းဒေသသားများက ကော့များကိုပိုမိုဖမ်းဆီးနိုင်ကြပြီး ဥရောပနှင့် ကာရစ်ဘီယန်ဒေသ သို့တင်ပို့ရောင်းချနိုင်ခဲ့ကြလေသည်။
နိုဘာစကိုးရှား ဒေသသည် နယူးအင်္ဂလန်နှင့် ဗြိတိန်တို့မှ အခြေချနေထိုင်သူ အနဲငယ်မျှကိုသာ ဆွဲဆောင်နိုင်ခဲ့ သော်လည်း ထိုဒေသ၏ မြို့တော် ဟယ်လီဖက်စ် (Halifax) မှာ သင်္ဘောဆိပ်တစ်ခုအဖြစ်၎င်း၊ စစ်ရေးအခြေစိုက်စခန်း တစ်ခုအဖြစ်ပါ အရေးပါသောမြို့တမြို့ဖြစ်လေသည်။ ဟယ်လီဖက်စ် သည် ယခုကနေဒါ၏ ပထမဆုံးသောသတင်းစာကို ၁၇၅၂ ခုနှစ်တွင်၎င်း၊ ပထမဆုံးသောအရွေးကောက်ခံ လွှတ်တော်ကို ၁၇၅၈ ခုနှစ်တွင်၎င်း တည်ထောင်ခဲ့ရာဒေသဖြစ် ပေသည်။
ကွိဘက်တွင် လူဦးရေမှာတိုးတက်များပြားလာသလို၊ ကုန်သွယ်ရေးမှာလည်း ပိုမိုထွန်းကားကြီးမားလာသည်။ ထို့ပြင် ကျေးလက်ဒေသမှာလည်း တိုးတက်ကြီးပွါးလာသည်။ သို့သော် ပြင်သစ်စကားပြောသောလူအဖွဲ့အစည်း၊ အထူး သဖြင့် ကျေးလက်ဒေသလူ့အဖွဲ့အစည်းသည် ပြင်သစ်အုပ်စိုးစဉ်ကကဲ့သို့ပင် အပြောင်းအလဲများစွာမရှိလှချေ။ ထိုဒေသ များတွင် စာသင်ကျောင်းအနဲသာရှိပြီး လူအများစုမှာ စာရေးစာဖတ်မတတ်ကြချေ။ အင်္ဂလိပ်စကားပြောသော လူများမှာ များသောအားဖြင့် ကုန်သွယ်ရေးလုပ်ငန်းမျာလုပ်ကိုင်သူ၊ အစိုးရအလုပ်တွင်ဝင်ရောက်လုပ်ကိုင်သူများနှင့် မြို့စောင့်တပ် သားများမှာ အများအားဖြင့် မြို့များပေါ်တွင်သာနေထိုင်ကြလေသည်။
အမေရိကန်တော်လှန်ရေး
ပြင်သစ်ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်လိုက်ခြင်းက ဗြိတိသျှတို့၏စစ်ရေးအစောင့်အရှောက်လိုအပ်ချက်ကိုလည်း ဖယ်ရှားရာကျပေရာ ကိုလိုနီ ၁၃ နယ်မှာ ဗြိတိန်နှင့်နီးကပ်စွာဆက်ဆံခြင်းမပြုဘဲနေခဲ့ကြလေသည်။ နြူးဖရန်စ့်ကို သိမ်း ပိုက်မှု ၁၅ နှစ်ကြာပြီးနောက် ဤကိုလိုနီများသည် ဗြိတိသျှအုပ်စိုးမှုကိုတော်လှန်ရန် လက်နက်ကိုင်စွဲခဲ့ကြခြင်းဖြင့် အမေ ရိကန်တော်လှန်ရေးစတင်ခဲ့လေသည်။ ၁၇၅၅ ခုနှစ်တွင် အမေရိကန်တပ်များသည် နိုဘာစကိုးရှား ကိုဒရစပ်အပြင်းအ ထန်တိုက်ခိုက်ပြီးနောက် ကွိဘက်ကိုသိမ်းပိုက်ခဲ့သည်။ သို့သော် ဗြိတိသျှတို့နှင့် အဆက်အသွယ်ပိုမိုကောင်းသော နိုဘာ စကိုးရှန်းတို့၏ ထောက်ခံမှုကိုမရပေ။ ထို့ကြောင့် အမေရိကန်တို့သည် မွန်ထရီယယ်ကို သိမ်းယူပြီး ကွိဘက်မြို့ကို ၁၇၇၅ ခုနှစ်မှ ၁၇၇၆ ခုနှစ်တိုင်ဝန်းရံ ပိတ်ဆို့ထားနိုင်ခဲ့သော်လည်း အကူအညီအနဲငယ်သာရသဖြင့် ၁၇၇၆ နှစ်ဦးပိုင်း တွင် ဗြိတိသျှတပ်များ၏ မောင်းနှင့်ထုတ်ခြင်းကိုခံရလေသည်။ နောက်ပိုင်းစစ်ပွဲကာလများတွင် ဗြိတိန်သည် မြောက်ပိုင်း ကိုလိုနီများရှိ ခံတပ်များနှင့် သင်္ဘောဆိပ်များကို အခြေစိုက်စခန်းများအဖြစ်အသုံးပြုလျက် အမေရိကန်များကိုစစ်ဆင်နွှဲခဲ့ လေသည်။
အမေရိကန် တော်လှန်ရေးက မြောက်အမေရိကတိုက်တွင် တိုင်းပြည်တပြည်မက နှစ်ပြည်ကိုပင်ဖန်တီးခဲ့လေ တော့သည်။ အကြောင်းမှာ ၁၇၈၃ ခုနှစ်က အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးရလေသောအခါ မြောက်အမေရိက ၏ မြောက်ပိုင်းဒေသ၊ အနာဂါတ်ကနေဒါမှာ ဗြိတိသျှအင်ပါယာအတွင်းကျန်နေရစ်ပေတော့သည်။
ထို့နောက်တွင်ကား ချက်ခြင်းလိုလိုပင် အမေရိကန်တို့၏ ကိုလိုနီ ၁၃ နယ်မှဗြိတိသျှလိုလားသူများသည် မြောက် ပိုင်းအမေရိက (ယခုကနေဒါ)သို့ ဒုက္ခသည်များအဖြစ်ဖြင့် ဝင်ရောက်လာကြလေရာ လူပေါင်း ၄၀,၀၀၀ ခန့်ထိရှိလေ သည်။ ဗြိတိသျှတို့သည် နှစ်ပေါင်းများစွာ ထိုသစ္စာရှိသူများကို မြေယာများချထားပေးခြင်းမျိုးဖြင့် အားပေးထောက်ပံ့ လေသည်။ နေ့ခြင်းညခြင်းလိုပင် နိုဘာစကိုးရှား၏ လူဦးရေမှာ သုံးဆအထိတိုးတက်လာခဲ့သည်။ ကွိဗက်တွင်လည်း သစ္စာရှိသူများမှာ ၁၀,၀၀၀ ခန့်ဝင်ရောက်လာသည်။ အုပ်ချုပ်ရေးမှုး ဖရက်ဒရစ် ဟောဒီမင်းက နောက်ဝင်ရောက်လာ သော အင်္ဂလိပ်စကားပြောသူများကို မူလပြင်သစ်စကားပြောလူ့အဖွဲ့အစည်းများနှင့် မရောနှောစေရန် အမိန့်ထုတ်ပြန် တားဆီးခဲ့လေသည်။ ဤသို့ဖြင့် ကွိဘက်သို့ ၁၇၈၄ ခုနှစ်ကဝင်ရောက်လာကြသည့် အခြေချနေထိုင်သော သစ္စာရှိသူများ မှာ အထက်စိန့်လောရင့်မြစ်ဝှမ်းနှင့် အွန်တေရီယိုရေအိုင်ကြီးတဝိုက်နေထိုင်ကြလျက် အနာဂါတ် အွန်တေရီယိုပြည်နယ် ကို စတင်ခဲ့ကြလေသည်။
များမကြာမီ သစ္စာရှိသူများ၏ ခေါင်းဆောင်များက ကွိဘက်စီးတီးနှင့် မွန်ထရီယယ်ရှိ ဗြိတိသျှကုန်သည်ကြီးများ နှင့် လာရောက်ပူးပေါင်းကြပြီး ကွိဘက် အက်ဥပဒေကို ဆန့်ကျင်ကြလေသည်။ ထိုဥပဒေက ဗြိတိသျှတို့၏ တရား စီရင်ရေး အဖွဲအစည်းများ၊ ဥပဒေပြုရေးပုံစံများ နှင့်မြေယာပိုင်ဆိုင်မှုစနစ်များကို ဗြိတိသျှသစ္စာရှိသူများ မျှော်လင့်သလို မပေးစွမ်းနိုင်ချေ။ ထိုသို့သောအခြေအနေကိုတုံ့ပြန်သောအားဖြင့် ၁၇၉၁ ခုနှစ်တွင် ကွိဘက်ကို အထက်ကနေဒါနှင့်-အောက် ကနေဒါ အဖြစ် နှစ်ပိုင်းပိုင်းလိုက်ကာ ဖွဲ့စည်းပုံကိုလည်း တသီးတခြားစီဖြစ်စေခဲ့လေသည်။ သို့ဖြင့် ပြင်သစ် စကားပြော အောက်ကနေဒါတွင် ပြင်သစ်တရားမဥပဒေ၊ ကက်သိုလစ်ဘုရားကျောင်းတော်၏ အခွင့်အရေး၊ ဆီညော်ရီ ယယ် မြေပိုင်ရှင်စနစ် တို့ကိုဆက်လက်ထိန်းသိမ်းထားစေလျက်၊ အင်္ဂလိပ်စကားပြော အထက်ကနေဒါတွင် ပရိုတက်စ တင့်ဘုရားကျောင်းတော်၊ (အထူးသဖြင့် Church of England ) မှာမျက်နှာသာပေးခြင်းခံရလျက် အင်္ဂလိပ်ဥပဒေနှင့် မြေ ယာပိုင်ဆိုင်မှုစနစ်များကို ကျင့်သုံးကြလေသည်။

၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးပြီးဆုံးပြီးနောက် ဗြိတိန်ကိုလိုလားသစ္စာရှိသူအမြောက်အများသည် အမေရိကန်မှ အရှေ့ဖျား ကနေဒါသို့ ဝင်ရောက်ခိုလှုံလာကြသည်။ ၁၇၈၄ ခုနှစ်တွင် ထိုသူများ၏တောင်းဆိုချက်ကြောင့် အနောက်ပိုင်းနိုဘာစကိုးရှားကို နယူး ဘရန်းဝစ် ( New Brunswick)အဖြစ်ခွဲထုတ်ပေးခဲ့သည်။၁၇၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကွိဘက်ကိုနှစ်ပိုင်း ပိုင်းလိုက် သည်။ပြင်သစ်အခြေချနေထိုင်သူများ၏ အောက်ပိုင်းကနေဒါနှင့် အင်္ဂလိပ်စကားပြောသူများ၏ အထက်ပိုင်းကနေဒါ တို့ဖြစ်ကြသည်။

ဆက်ရန်
ရဲထွန်း ( သီပေါ )
(ပြည်သူလွှတ်တော်ကိုယ်စားလှယ်)
https://www.facebook.com/ooyetun

ဝေနှင်းပွင့်သုန်တည်ခင်းတဲ့ညစာ

Waihnin Pwint Thon
I'm doing a very important job today.... Cooking for my dad and his friends for the first time in my life! I'm very nervous; oh my god! Wish I could cook lasagne!

I have been waiting for this day for a long long time!

ထိုင်းက မြန်မာ အစိုးရ ဆီက ဆင်ဖြူတော် ငှားတာကို မြန်မာ ငြင်းဆန်

 19 ဇွန်လ 2013 - 22:02
ဆင်ဖြူကို အထူးပြု ထုတ်တဲ့ မြန်မာ ငွေစက္ကူအင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ဇွန်လ ၁၃ ရက်က လုပ်တဲ့ အရှေ့ အာရှနဲ့ လက်တင် အမေရိက ဖိုရမ်မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြား ဆွေးနွေးခဲ့ ကြပါတယ်။ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီး ဆူရာပေါင်း က ဇင်းမယ် တိရစ္ဆာန်ရုံမှာ ပြဖို့ မြန်မာ ဆင်ဖြူတော်ကို ၆ လ ငှားရမ်းဖို့ မြန်မာ ဝန်ကြီး ဦး ဝဏ္ဏမောင်လွင် ကို ကမ်းလှမ်း ခဲ့ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များမြန်မာ ရွှေ့ပြောင်းသမားတွေရဲ့ ကျန်းမာရေး ထိုင်းဖြေရှင်းမယ်
မြန်မာနိုင်ငံမှာ ထိုင်းတွေ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းဆက်စပ်အကြောင်းအရာများအာဆီယံထိုင်း မြန်မာ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထိုင်းဘက်က ငှားရမ်းတာလို့ ဆိုပါတယ်။ဆင်ဖြူတော်ကို သံတမန်ကောင်း တယောက်ရဲ့ အမှတ် သင်္ကေတ အဖြစ် သဘောထားပြီး အခုလို ငှားရမ်းတာ လို့လည်း ဆိုပါတယ်။တရုတ် နိုင်ငံက ပန်ဒါဝက်ဝံကို သံတမန် အဖြစ် သင်္ကေတ  ပြုခဲ့ ဖူးသလို ထိုင်းနဲ့ မြန်မာ ကြားမှာ ဆင်ဖြူတော်ကို သင်္က࿿တေပြု ငှားရမ်းဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။ဒါပေမဲ့ မြန်မာ အစိုးရ ဘက်က ဆင်ဖြူတော် ငှားရမ်းရေး ကို ငြင်းဆန်ခဲ့ပါတယ်။ဆင်ဖြူတော်ကို ဇင်းမယ် အထိ ပို့ဆောင်ရမှာ အခက်အခဲ ရှိပြီး ဆင်ဖြူတော်ရဲ့ ကျန်းမာရေး ကို စိုးရိမ်လို့ မငှားတာလို့ အကြောင်းပြ ပါတယ်။ဒါပေမဲ့ မြန်မာ နိုင်ငံက ဆင်ဖြူကို ကြည့်ဖို့ ထိုင်းနိုင်ငံသား တွေ အတွက် အထူး လေယာဉ် ခရီးစဉ်တွေ စီစဉ်ပေး မယ်လို့ သမ္မတရုံး ဝက်ဘ်ဆိုက် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။ဒီလို စီစဉ်ခြင်း အားဖြင့် ခရီးသွား လုပ်ငန်း တိုးတက်နိုင်တယ် လို့လည်း မြန်မာ ဘက်က ဆိုပါတယ်။ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးရဲ့ အစိုးရတွေဟာ ဆင်ဖြူတော်ကို သာမန် တိရစ္ဆာန် အဖြစ် သဘော မထားဘဲ ဘုန်းကျက်သရေ တိုးစေတဲ့ အရာ ဆိုတဲ့ ရှေးဆန်တဲ့ အယူအစွဲ ထားရှိ ကြသူတွေ ဖြစ်ကြပါတယ်။ပဒေသရာဇ် ခေတ်အဆက်ဆက် က အယူအဆ ဟောင်းကို ဆက်လက် စွဲကိုင် ထားကြတာ ဖြစ်ပါတယ်။ထိုင်း ပဒေသရာဇ် ဘူမိဘောမှာ စုဆောင်းထားတဲ့ ဆင်ဖြူ ၁ဝ ကောင် ရှိပြီး မြန်မာနိုင်ငံ မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ ဆင်ဖြူတွေကို ရှာဖွေ စုဆောင်း လာခဲ့တာ အခုဆိုရင် ဆင်ဖြူ ၈ ကောင် ရှိပါတယ်။သိပ္ပံပညာ ရှုထောင့်ကနေ လေ့လာ သုံးသပ်သူ တွေကတော့ ဆင်ဖြူဆိုတာဟာAlbinoလို့ခေါ်တဲ့မျိုးရိုးဗီဇ ဖောက်ပြန်မှု ကြောင့် ရောဂါ   ဖြစ်ပွား နေတဲ့ သတ္တဝါ တမျိုးလို့ ဆိုပါတယ်။

http://www.bbc.co.uk/burmese/burma/2013/06/130619_thaiburmawhitelephant.shtml#FBM253002

နဂါးရယ်၊ လင်းယုန်ရယ်၊ ဒေါင်းရယ်

7Day News Journal
ရေးသားသူ- ရဲမိုး

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်မလာမီ ခြောက်ရက်အလိုက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အနာဂတ် ပထ၀ီနိုင်ငံရေးအတွက် မဟာဗျူဟာမြောက် စကားတစ်ခွန်းကို ပြောခဲ့သည်။

“ကျွန်တော်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံးပစိဖိတ်သမ္မတဖြစ်တယ်”

ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်ယီကျွန်းမှာမွေးသည့် အိုဘားမားက အာရှပစိဖိတ်ဒေသသည် အမေရိကန်တို့အတွက် အချက်အချာအကျဆုံးနေရာဖြစ်ကြောင်း ဒေသတွင်းက မဟာမိတ်များနှင့် ပြိုင်ဘက်များကို သတိပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကြီးထွားလှုပ်ရှားလာသည့် တရုတ်နဂါးကို သုတ်ဖို့ပြင်ဆင်သည့် အမေရိကန်လင်းယုန်၏ တပ်လှန့်သံဖြစ်သည်။

အိုဘားမား တိုကျိုမြို့မှာ မိန့်ခွန်းမပြောခင်တစ်နှစ်တိတိအလို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံခြား
ဝန်ကြီးဟီလာရီကလင်တန်က “အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ် ရာစုနှစ်”ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို (Foreign Policy) မဂ္ဂဇင်းကြီးမှာ ရေးခဲ့သည်။

“အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့နိုင်ငံရေး၏ အဓိကမောင်းနှင် အားဖြစ်လာခဲ့ပါပြီ”ဟု ဟီလာရီက ရေးသားခဲ့သည့်အပြင် "လာမည့် ၁၀ နှစ်အတွင်း ကျွန်မတို့အနေနဲ့ အချိန် နဲ့စွမ်းအင်တွေကို ဘယ်မှာမြှုပ်နှံ မယ်ဆိုတာကို စမတ်ကျကျနဲ့ စနစ် တကျလုပ်နိုင်ဖို့လိုအပ်တယ်။ ဒါမှ (ကမ္ဘာပေါ်မှာ)ကျွန်မတို့ရဲ့ ခေါင်းဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်”ဟု မြန်မာနိုင်ငံအပါအ၀င် အာရှပစိဖိတ်နိုင်ငံများ၏ မဟာဗျူဟာမြောက်မှုကို ဖော်ပြခဲ့သည်။

သမ္မတဂျော့ခ်ျဒဗလျူဘွတ်ရှ် လက်ထက်က “အကြမ်းဖက်သမား နှိမ်နင်းရေး”များဖြင့် လုံးချာလည် လိုက်ခဲ့သည့်အတွက် ဒေသတွင်း ကြီးထွားလာသည့် တရုတ်နိုင်ငံ၏ တန်ခိုးသြဇာကို တန်ပြန်အရေးယူမှုအားနည်းခဲ့မှုကို ပြန်လည်ပြင်ဆင်ဖို့ အရေးတကြီးကြိုးစားလာကြခြင်း ဖြစ်သည်။

အမေရိကန်တို့ အနေနှင့် တရုတ်ကို သေနတ်တစ်ချက်မဖောက်ဘဲ ချုပ်ကိုင်နိုင်ဖို့က အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေနံများကို တရုတ်တို့တင်သွင်းရာ မလက္ကာရေလက်ကြားနှင့် အနောက်ပစိဖိတ်ဒေသကို ရေတပ်ဖြင့် ပိတ်ဆို့လိုက်ဖို့ ဖြစ်သည်။

“မလက္ကာပြဿနာ (Malacca Dilemma)” ဟု တရုတ်ခေါင်းဆောင်တို့ ခေါင်းခဲသည့် အနာဂတ် စိန်ခေါ်မှုအတွက် ထွက်ပေါက် Plan B ကို တရုတ်တို့ ဦးနှောက်မုန်တိုင်းဆင်ခဲ့ကြသည်။

၂၀၀၄ ခုနှစ် သြဂုတ်လမှာ ယူနန်တက္ကသိုလ်က ပညာရှင်တစ်စုက မြန်မာနိုင်ငံစစ်တွေမြို့မှ တရုတ်ပြည်ကူမင်းသို့ ရေနံပိုက်လိုင်းသွယ်တန်းဖို့ ပီကင်းအစိုးရကို စာတမ်းတစ်စောင်တင်ပြခဲ့သည်။ နောင်ဖြစ်လာမည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းများအတွက်အကြိုစိတ်ကူးဖြစ်ပါသည်။

မလက္ကာရေလက်ကြားကို ပိတ်ဆို့ခံရလျှင် လောင်စာဆက်လက်ရရှိရေး အခြားအစီအမံများအဖြစ် တရုတ်-ရုရှရေနံပိုက်လိုင်း၊ တရုတ်-ကာဇက်စတန်ရေနံပိုက်လိုင်း၊ တရုတ်-ရုရှဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်-တာ့က်မင်နစ်စတန်ဓာတ် ငွေ့ပိုက်လိုင်း၊ တရုတ်-ပါကစ္စတန် ဓာတ်ငွေ့ပိုက်လိုင်းနှင့် တရုတ်-မြန် မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို သွယ်တန်းဖို့အားထုတ်ခဲ့ကြသည်။

မြန်မာသည် တရုတ်တို့အ တွက် အရေးကြီးသည့် Plan B ဖြစ်လာခဲ့ပြီ။

၂၁ ရာစုကို တရုတ်တို့စိုးမိုးဖို့ အတွက် ပီကင်းကရေးဆွဲသည့် မဟာဗျူဟာက “သမုဒရာနှစ်စင်းမူဝါဒ”(Two Oceans Policy) ဖြစ်သည်။ သဘောက တရုတ်ပြည်၏ အရှေ့ဘက်ကမ်းရိုးတန်းများရှိ ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ထားဖို့ပင်ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်လျှင် အမေရိကန်ရေတပ်၏ ရန်က ရှောင်ကွင်းနိုင်မည့်အပြင် ပြိုင်ဘက်အိန္ဒိယနိုင်ငံကိုလည်း ဟန့်တားနိုင်မည်ဟု ပီကင်းက တွေးခဲ့သည်။ သို့သော် တရုတ်ပြည်၏ ပထ၀ီအနေအထားက အိနိယ သမုဒရာကို ချုပ်ကိုင်ဖို့အခွင့်အရေး မပေးပါ။ ထိုအခါ တရုတ်တို့
“တောင်ဘက်မျှော်” (Look South) ဗျူဟာကို ထပ်မံရေးဆွဲကြပါသည်။ သဘောကတော့ တရုတ်ပြည်၏ တောင်ဘက်ရှိ မြန်မာနိုင်ငံကတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ဖို့ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ တောင်ဘက်ရှိ ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက်ရဖို့ မြန်မာနိုင်ငံကို “စင်္ကြံဒေသ” (Transport Corridor) အဖြစ် အသုံးပြုဖို့လွန်ခဲ့သည့် နှစ်အစိတ်ခန့်ကတည်းက တရုတ်ပညာရှင်များ တွေးတောခဲ့ကြသည်။

အမေရိကန်တို့အတွက် တရုတ်ကို ဒေသတွင်း “ပိတ်ဆို့မှု” (Containment) ပြုလုပ်ဖို့ အကောင်းဆုံးနှစ်နိုင်ငံက မြန်မာနှင့် ဗီယက်နမ်ဖြစ်သည်။ နှစ်နိုင်ငံလုံးမှာ တစ်ချိန်က တရုတ်နှင့် စစ်ခင်းခဲ့သော သမိုင်းရှိခဲ့ပြီး ပင်လယ်ထွက်ပေါက် များကိုလည်း ချုပ်ကိုင်ထားကြ သည်။ ၁၇၆၅ မှ ၁၇၆၉ ခုနှစ်အ ထိ ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ စစ်ပွဲများမှာ တရုတ်ကျူးကျော်တပ်များကို ဆင်ဖြူရှင်၏ တပ်များက လေးကြိမ်တိုင် အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့ကြသည်ကို ပထ၀ီ နိုင်ငံရေးသမားများ မှတ်မိကြသည်။

အိမ်နီးချင်း ၁၄ နိုင်ငံနှင့် ထိစပ်နေသည့် တရုတ်ကိုယ်တိုင်က ဒီမိုကရေစီမဟုတ်သည့်အတွက် ကပ်လျက်နိုင်ငံများကို ဒီမိုကရက်တစ် ဖြစ်စေချင်သည့် ဆန္ဒရှိဟန်မတူပါ။ သူ့နယ်နိမိတ်နှင့်ကပ်လျက်ရှိသည့် အာဏာရှင်နိုင်ငံများကို လုံခြုံရေး အတွက် ကြားခံနယ်မြေ(Buffer Zone) အဖြစ် မွေးမြူလိုသူဖြစ်သည်။

မရေတွက်နိုင်သည့် ပြဿနာများပေးနေသည့်တိုင် မြောက်ကိုရီးယားကို တရုတ်တို့ မွေးထားရခြင်းသည် ဒီမိုကရက်တစ်ဖြစ်သည့် တောင်ကိုရီးယားနှင့် အိမ်ချင်းမထိစပ်ချင်သည့် မူဝါဒကြောင့်ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် တရုတ်နိုင်ငံအတွက် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ယူဆောင်ထားခဲ့သည်။

သို့နှင့် စွမ်းအင်၊ လုံခြုံရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အချက်အမျိုးမျိုးက မြန်မာကို တရုတ်တို့အတွက် အရေးကြီးဆုံးသော့ချက်နေ ရာတစ်ခုဖြစ်လာဖို့ တွန်းပို့ခဲ့ကြသည်။

တရုတ်နှင့် အမေရိကန်တို့၏ ပထ၀ီနိုင်ငံရေးကစားပွဲတွင် မြန်မာသည်အရေးပါသည့် ကျားကွက်တစ်ခုဖြစ်လာပါသည်။ အခြားအရေးပါသည့် ကစားသမားများအဖြစ် အိန္ဒိယနှင့် ဂျပန်တို့လည်း ကြိုးဝိုင်းအတွင်းကို ၀င်ရောက်လာခဲ့ကြပါပြီ။ “အာရှပစိဖိတ်ခေတ်”မှာ မြန်မာရှေ့တန်းက နေရာရဖို့ကြိုးပမ်းအားထုတ်သင့်သည်။ အမေရိကန်ကို အ လွန်အမင်းတိမ်းညွှတ်သည့်အတွက် ရုရှ၏ ကျူးကျော်မှုကိုခံခဲ့ရသည့် ဂျော်ဂျီယာ၏ သင်ခန်းစာကို ယူသင့်သလို တရုတ်ကို အလွန်အမင်းတိမ်းညွှတ်သည့်အတွက် အနာဂတ်အမှီ အခိုကင်းမှုကို ဆုံးရှုံးရသည့် ကမ္ဘောဒီးယား၏ သင်ခန်းစာကိုလည်း လေ့လာသင့်ပါသည်။ တစ်ဖက်ဖက်ကို လောင်းကြေးအားလုံးချထိုးသည့် ဗျူဟာကို မယုံစားသင့်ပါ။

မြန်မာတို့ ပါးနပ်ဖို့အချိန်ဖြစ်သည်။ ပထ၀ီနိုင်ငံရေးကတော့ ကျွန်တော်တို့ဘက်မှာရှိနေသည်။ တရုတ်နဂါးနှင့် အမေရိကန်လင်းယုန်တို့ အကြားမှာ မြန်မာ့ဒေါင်းလှလှပပကပြဖို့လိုပါလိမ့်မည်။

Photo: နဂါးရယ်၊ လင်းယုန်ရယ်၊ ဒေါင်းရယ် 
-------------------------------------

လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား

7Day News Journal
ရေးသားသူ- အေးသူစံ

မင်းသားနှင့်မင်းသမီးတို့၏ ပွင့်လင်းလွတ်လပ်သော ချစ်ရည်လူးသည့်ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါ်ထင်ထင် ကြည့်ရှုကြရလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည်မဟုတ်ပါ။ မြန်မာဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို
နိုင်ငံခြားဇာတ်ကားများကဲ့သို့ အမြင်မသင့်တော်သော ဇာတ်ဝင်ခန်းများအား ကြည့်ရလိမ့်မည်ဟုလည်း တွေးဆထားကြမည်လည်း မဟုတ်ပါ။

မြန်မာဒါရိုက်တာရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာသရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များ ဟုတ်ပါလေစဟု ရင်သပ်ရှုမော အံ့သြရလောက်သည့် လိင်အသားပေးဇာတ်ဝင်ခန်းပါ မြန်မာဇာတ်ကားအချို့ ဗီဒီယိုဈေးကွက်အတွင်း ထွက်ပေါ်လာသည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းနှင့် နှိုင်းယှဉ်ချိန်ထိုးကာ ကြည့်ရှုသူအများစုက ကန့်ကွက်ကြသည်။ ကြိုဆိုလက်ခံသူအချို့လည်း ရှိသည်။
အသက်မပြည့်သေးသူ မြန်မာမင်းသမီး သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းအချို့ လူပြောများနေဆဲမှာပင် လင်မယားအတူနေသည့် ဇာတ်ဝင်ခန်းပါ ဇာတ်ကားတစ်ကား ထွက်လာပြန်သည်။ ကြိုဆိုသူ အနည်းစုရှိသော်လည်း ယင်းဇာတ်ကားဖန်တီးသူတို့ ပရိသတ်ကို တောင်းပန်ဖြေရှင်းလာရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဗီဒီယိုဆင်ဆာဖြေလျှော့ပေးမှုအပေါ် အနုပညာဖန်တီးသူများက မယုံမရဲနှင့် မိမိတို့ဖန်တီးချင်သည့် ဇာတ်လမ်းလေးများ သွေးတိုးစမ်းတင်ပြနေရချိန်တွင် လိင်အသားပေးဟုဆိုသော ဇာတ်ကားများ ထွက်ရှိလာခြင်းကြောင့် ရရှိထားသည့် လွတ်လပ်ခွင့်ကို အဆုံးရှုံးမခံနိုင်သူတို့ စိုးရိမ်ပူပန်လာကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဗီဒီယိုဆင်ဆာအဖွဲ့ကလည်း ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် ပြကွက်များကို ပိုပိုတင်းကျပ်တော့မည်ဟု စကားဦးသန်းလာပြီဖြစ်သည်။

“အဲဒါမှမရရင် ခွေကို ဈေးကွက်ထဲက ပြန်သိမ်းတဲ့အထိ အရေးယူပါမယ်။ အိပ်ရာခန်းတွေကို လိုအပ်လို့ထည့်တာကထည့်ပေါ့။ ဒါပေမယ့် မူဝါဒသတ်မှတ်ထားတာကို ကျော်ပြီးရိုက်ရင် ပထမထောက်ညွှန်မယ်။ မရရင်ဒီအခန်းတွေကို ဖြတ်တောက်ရမယ်”” ဟု မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ချင်းက ပြောသည်။

တင်းကျပ်သည့် ဆင်ဆာမူဝါဒဟု မြန်မာအနုပညာရှင်တို့ ပြောဆိုဝေဖန်ခဲ့သော ဆင်ဆာခေတ်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဆင်ဆာအဆီးအတားမရှိတော့သည့်နောက် “ဘယ်လိုကားတွေ ရိုက်လာကြမှာလဲ”” လို့ ပရိသတ် က မေးခွန်းမထုတ်နိုင်သေးခင်မှာပင် သရဲတစ္ဆေဇာတ်ကားများ တရစပ်ထွက်ရှိလာသည်။ ယင်းနောက်မှာတော့ နောက်ခံအချစ် သီချင်းဖွင့်ပြီး ပန်းခြံထဲတွင် ပြေးလွှားနေသော ချစ်သူစုံတွဲများ၊ ပန်းပွင့်လေးပေါ် လိပ်ပြာနား၍ ၀တ်ရည်သောက်သုံးနေသည့် တင်စားချက်ပြကွက်များ နေရာတွင် မြန်မာမင်းသားနှင့် မင်းသမီးတို့ အကြင်နာပေးခြင်း (နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုတ်ခြင်း)၊ လင်မယား ခုတင်ပေါ်က ဇာတ်ဝင်ခန်းအချို့ နေရာယူလာသည်။

လွတ်လပ်ခွင့်ပေးလိုက်ချိန်တွင် ယခင်က မရိုက်ခဲ့ရသော ဆင်းရဲမွဲတေသည့် သရုပ်မှန်စရိုက်၊ မီးပြတ်သည့်အကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်သည့်အကြောင်း၊ အစိုးရဌာနပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည်တို့ကို အနုပညာဖြင့် ပြောင်မြောက်အောင် ဖော်ထုတ်သည့်ဇာတ်ကားများ ထွက်မလာခဲ့ဘဲ သရဲကားများနှင့် နမ်းရှုတ်သည့် ဇာတ်ကားများထွက်လာခြင်းမှာ ဆင်ဆာလွတ်လပ်ခွင့် တဖွဖွတောင်းသူတို့ပင် မျက်စိလည်ကုန်သည်။

“ကျွန်မ ဆင်ဆာလွတ်လာခွင့်ရတာနဲ့ ကိုမြအေးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ၀တ္ထုတွေ ဗီဒီယိုရိုက်တယ်။ အောက်ခြေလူတန်းစား မိသားစုဘ၀တွေကို အရင်က မရိုက်ခဲ့ရသမျှ အတိုးချရိုက်ကူးတယ်။ ဒါကို ပရိသတ်ကလည်း အားပေးကြတာတွေ့ရတယ်။ ပရိသတ်တောင့်တတာက ဇာတ်လမ်းဆန်းသစ်တာလို့ ကျွန်မထင်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့၏ ၀တ္ထုများကို ဗီဒီယိုဇာတ်ကားပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။

“အခု မြန်မာကားမှာက နှုတ်ခမ်းချင်းနမ်းလိုက်တာကိုပဲ အနမ်းခံရတဲ့ မင်းသမီးက အသေးစိတ်ပြန်ခံစားပြနေတယ်။ ဒါကို ကလေးတွေအတုယူမှားနိုင်တယ်။ လွတ်လပ်ခွင့်ရလာတဲ့အခါ ရှေ့ဆက်သွားရမှာကို မဟုတ်တမ်းတရားတွေရိုက်ပြီး လွတ်လပ်ခွင့်ကို အဆုံးရှုံးခံကြတော့မှာလား။ ပြောရင်တော့ ခင်ဗျားကြီးက အသက်ကြီးလို့ မရိုက်ရဲတိုင်းပြောတယ် ဖြစ်မယ်။ ကလေးတွေအတွက် စဉ်းစားပါ” ဟု ချစ်တင်းနှောခန်းများ မပါပါက အနုပညာမမြောက်ဆိုသည့် ရှုထောင့်ကို လက်မခံသည့် ဒါရိုက်တာမောင်တင်ဦးကဆိုသည်။

တင်းကျပ်သည်ဆိုသော ဆင်ဆာအချက် ၁၀ ချက်မှ လေးချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လျှော့ပေါ့လိုက်ပြီးနောက် တင်ပြလာသည့် မြန်မာဇာတ်ကားများကို နိုင်ငံတော်မူဝါဒ၊ ကိုးကွယ်သည့်ဘာသာ၊ ပြည်သူတို့၏ အကျင့်စာရိတ္တ၊ တရားဥပဒေစိုးမိုးမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားယဉ်ကျေးမှုတို့ကို ထိခိုက်ခြင်းရှိ၊ မရှိ ယင်းအချက် ခြောက်ချက်အပေါ်အခြေခံ၍ ဆင်ဆာကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ထိုအချက်ထဲက လွတ်ရင်ပြီးရော မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်လို့ မသင့်သည့် မြန်မာဇာတ်ကားများ ထပ်မထွက်လာစေရန်အတွက် ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ ရုပ်ရှင်လောကသားအားလုံးက ခါးခါးသီးသီး ကန့်ကွက်နေကြသည်။ ထို့ပြင် နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်များကဲ့သို့ အသက် ၁၈ နှစ် အောက်ကလေးများ မကြည့်ရဆိုသည့် အဆင့်သတ်မှတ်သည့်စနစ် (Rating) မှာလည်း မြန်မာ့လူမှုဝန်းကျင်နှင့် လတ်တလောပြုလုပ်ရန် လုံးဝလွယ်ကူဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအပါအ၀င် လောကသားအများစုက ဆိုပြန်သည်။

ထိုသို့ဆိုလျှင် နောက်ထပ်ညစ်ညမ်းပါသည်ဆိုသည့် လင်မယားအတူနေဇာတ်ဝင်ခန်းများ၊ သမီးရည်းစား အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများမပါအောင်၊ အနုပညာဖန်တီးသူများကိုလည်း မပွန်းပဲ့အောင် မည်သို့ဖန်တီးကြမည်နည်း။ အဖြေကို ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌရာထူးကို မကြာမီက ရရှိခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ ဦးလူမင်းက ပေးပါသည်။

“မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ နေရာမှာ မြန်မာတွေလည်း ချစ်တတ်တာပါပဲ။ ဒါကြောင့် ချစ်ခန်းကြိုက်ခန်းတွေကို သဘာဝကျပြီး အမြင်မရိုင်းအောင်တော့ ဖန်တီးမယ့်သူတွေက ကြိုးစားပေးသင့်ပါတယ်။ “မျက်လုံးလေးကလယ်ကလယ်” ဇာတ်ကားမှာကတည်းက Rating စနစ်လိုနေပြီလို့ ကျွန်တော်ပြောခဲ့ပေမယ့် လတ်တလောလုပ်ဖို့ လုံးဝအဆင်မပြေပါဘူး” ဟု လူမင်းက ပြောသည်။

အသက် ၁၈ နှစ်အောက် ကလေးများမကြည့်ရဟု တံဆိပ်ကပ်နှိပ်လိုက်ပါက အသက် ၁၈ နှစ်အောက်မပြည့်သေးသည့် ထိုကလေးအများစုကပင် ယင်းဇာတ်ကားများကို ရွေးချယ်ကြည့်ရှုသွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့စွန်နှင့် ကျေးလက်နေလူတန်းစားများ ဖြစ်နေပြီး ၎င်းတို့မှာ အခကြေးငွေယူ၍ ပြသကြသည့် ဗီဒီယိုရုံများ၊ လက်ဖက်ရည်ဆိုင်ကြီးများတွင် ပြသသည့် မြန်မာဇာတ်ကားများ ကို အားထားကြည့်နေကြရသည်။

ဆေးလိပ်၊ အရက်တို့ကိုပင် ကလေးငယ်များကို ဖောဖောသီသီရောင်းနေသည့် မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များ မကြည့်ရဟု ဇာတ်ကားများသတ်မှတ်လိုက်ပါက အတိအကျလိုက်နာကျင့်သုံးရေး စိစစ်ကြပ်မတ်ရန်မှာ အတော်ပင်မလွယ်ကူသေးသည့် အလုပ်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။

“ကျော်ဆွေသေနတ်ပြောင်းပြန်ထမ်းတာတွေ့ပြီး အားကျပြီး ကျွန်တော်လည်း သေနတ်ပြောင်းပြန်ထမ်းလိုက်တာ တပ်ထဲမှာ အဆူအကြိမ်းခံလိုက်ရတာပဲ။ ဒါဘာကိုပြလဲဆိုတော့ ခင်ဗျားတို့မှာ ပရိသတ်အများကြီးရှိတာပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ယမန်နှစ်က လာရောက်ခဲ့သည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ စကားမှာ သမားရိုးကျချစ်ကြိုက်ကွဲညားကို ဆန်းသစ်အောင် လိင်အသားပေးဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးသူတို့ စဉ်းစားသင့်သည့်အချက်ဖြစ်နေသည်။

“မင်္ဂလာဦးညကို ရင်ခုန်အောင် ရိုက်ပြရမယ်ဆိုရင်တော့ အထိတွေ့လေးတွေ၊ အနမ်းလေးတွေပါသင့်တာပေါ့။ ကြည့်တဲ့သူတွေမှာလည်း အကြည်ဓာတ်လေး လိုတယ်လေ။ ခက်တာက လိုတာထက်ပိုပြနေတာပဲ။ စွတ်လုပ်နေရင် ရထားတဲ့ လွတ်လပ်ခွင့်လေး ပြန်ဆုံးရှုံးမှာစိုးတယ်” ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။ သို့သော် သူက ဇာတ်ကားများအဆင့် သတ်မှတ်သည့် စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။

“ရေရှည်ကို ကြည့်ပါ။ လတ်တလောအဆင်ပြေအောင် အဲဒီအခန်းဖြတ်ဆိုတာ မလုပ်နဲ့တော့။ နိုင်ငံတကာကို သွားမယ်ဆိုရင် Rating က အကောင်းဆုံးပဲ။ စစချင်းခက်မှာပဲ။ ဘယ်အလုပ်မဆို ခက်မှာပဲ” ဟု ၀ိုင်းက ဆိုသည်။

လောကသားအများစုမှ စိုးရိမ်သလို ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ မပြုလုပ်လိုကြောင်း ဆင်ဆာအဖွဲ့ဝင် ဦးခင်မောင်ချင်းက ကတိပြုသော်လည်း မူဝါဒခြောက်ချက်နှင့် ငြိစွန်းလာလျှင်တော့ နောက်နောင်ညှာတာတော့မည်မဟုတ်ဟု ဆိုသည်။

Photo: လိင်အသားပေးဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား
----------------------------------

နေမျိုးဇင်ဗီဇာ ရပြီလား

Nay Myo Zin

ပြည်ပက မိတ်ဆွေများက အကြိမ်ကြိမ် မေးနေကြပါတယ်။ ပြည်ပလေ့လာရေး ခရီးထွက်ဖို့ ပထမဆုံး အကြိမ်အဖြစ် ကြိုးစားတဲ့ ဗီဇာ ရပြီလား တဲ့။

လွန်ခဲ့တဲ့ နှစ်ရက်က ထိုင်း နိုင်ငံ ဗီဇာ သွားလျောက်ပါတယ်။ အေဂျင်စီ က တောင်းတဲ့ အိမ်ခြံမြေ တိုက် ကား ပိုင်ဆိုင်မှု နှစ်ခုကို မပြနိုင်တာနဲ့ ဗီဇာ မရခဲ့ပါလို့။ ကြားပွဲစားတွေရှိမှန်း သိပါတယ်။ ပွဲစားခ တစ်သိန်းခွဲ မပေးနိုင် မပေးချင်လို့ မလျောက်ခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မြန်မာ သံရုံးမှာ ထိုင်းလူမျိုးတွေ ဗီဇာ လာလျောက်တဲ့ အခါ ကျနော့်လိုပဲ အိမ်ခြံမြေ တိုက် ကား ပိုင်ဆိုင်မှု နှစ်ခုကို ပြခိုင်းပါသလား သိချင်မိတယ်။
ဒါမှ မဟုတ် ဒို့ မြန်မာတွေကို သိပ် နှိမ်တာလား။
တိုက်ကား၊ အိမ်၊ ခြံမြေ ဆိုတဲ့ စည်းစိမ် ရုပ်ဝတ္တုပိုင်ဆိုင်မှု ချမ်းသာမှုတွေ ရှိတဲ့ မြန်မာ နိုင်ငံသားကိုပဲ ပြည်ဝင်ခွင့် ဗီဇာ ပေးမယ်လို့ တသမတ်တည်း သဘောတားသလား

မြန်မာ နိုင်ငံသားတွေကို ယခုလို နှိမ်ချ အဆင့်အတန်းခွဲပြီး အိမ်ခြံမြေ တိုက် ကား ပိုင်ဆိုင်မှု နှစ်ခု ရှိသော သူကိုသာပြည်ဝင်ခွင့် ပေးမည်ဟူသော ကန့်သတ်ချက်ဖြင့် ဗီဇာ ထုတ်ပေးသော စနစ် ရှိနေသမျှ ထိုင်း ( ယိုးဒယား ) နိုင်ငံသို့ ကျနော် ဗီဇာ လျောက် နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ပြည်ပမှ မိတ်ဆွေများအား တောင်းပန်လိုက်ပါသည်။ ဖိတ်ခေါ်ခြင်း အတွက် ကျေးဇူးတင်ပါသည်။ လတ်တလော အားဖြင့် လေ့လာရေး ခရီး မထွက်နိုင်သေးပါ။

သို့သော် မြန်မာ နိုင်ငံသားများကို အဆင့်အတန်း နှိမ်ထားသည့် အိမ်နီးချင်း နိုင်ငံ အတွက် မိမိတို့ နိုင်ငံပေါ် အထင်အမြင် သေးသိမ်သည့် သုံးသပ်ချက်များ ပပျောက် သွားသည် အထိ မိမိတို့ နိုင်ငံကို ပြုပြင်ပြောင်းလဲ တိုးတက်မှုများ ရရှိလာရန် မိမိတို့ မြန်မာနိုင်ငံသားများတွင် ပိုမို လုပ်ဆောင်ရန် လိုအပ်နေပြီ ဟု သုံးသပ်ချက် ရရှိရန် တွန်းအားပေးသော ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် မူဝါဒ စနစ်အား ကျေးဇူးတင်ပါကြောင်း

မြန်မာပြည်ကို အထင်မြင် သေးသော နိုင်ငံတကာ အလယ် ပြန်လည် ဂုဏ်ဝင့်ထယ်လာဖို့ မိမိတို့ နိုင်ငံသားအားလုံး တက်ညီလက်ညီ စုပေါင်းကာ တိုင်းပြည် တိုးတက်ရေး ကြိုးစားကြရတော့မည့် အချိန်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက် မွေးနေ့ ပွဲ

ဓါတ်ပုံ ကျော်သူရကိုကို...အန် အယ်ဒီ

တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို

တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို

တောင်ကြီး ၊ ဇွန် ၁၉

တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူအား လူမှုဝန်ထမ်းမှ တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။

ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက်စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင် ၏ ကျောပြင်နှင့် ခြေထောက် တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိ ရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်း ကျန်းမာရေး မှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်း တာဝန်ရှိသူများက တိုင်ကြားခဲ့ကြောင်း၊

ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ပြောသည်။

“အုပ်ထိန်းသူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေအရကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင် ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်းနှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမှုဝန်ထမ်းက တရားလိုပြုပြီးတော့ အမှုဖွင့်လိုက်တယ်” ဟု ၄င်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ တောင်ကြီးရဲစခန်းသို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်မှူးက “ဒီအမှုက ကလေးသူငယ်ဥပဒေအရ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်းကနေပြီး တရားစွဲဆို အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။

ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၄င်းက ဆက်ပြောသည်။

မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူမှာ ညောင်ရွှေ တွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ် ၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။

စိုင်းနောင်
Popular Myanmar News Journal

ရွှေညဝါဆရာတော် ပြောတဲ့ ၉၆၉