Friday, June 21, 2013

ကနေဒါဆိုင်ရာမြန်မာသံအမတ်

တာဝန်ဆိုတဲ့အသိကလက်ချောင်းတွေကိုကီးဘုတ်ပေါ်ပြေးစေတယ်။


ဥပဒေဆိုတာနိုင်ငံတိုင်းမှာရှိတယ်...အကြောင်းအရာတခုကိုဥပဒေကြောင်းအရပြော
တာကိုဝေဖန်တိုက်ခိုက်တာတွေမလုပ်စေချင်ဘူး...။
အချို့အကြောင်းအရာတွေဟာဘာသာရေးမလိုပဲအစိုးရတရပ်အနေနဲ့ဖြေရှင်းလို့ရ
တယ်၊ပိတ်တဲ့ရဟန်းကိုပိတ်တယ်၊ဖွင့်ပေးချင်တဲ့ရဟန်းကိုဖွင့်ပေးတယ်။ရှုပ်ရှုပ်တွေ
ဖြစ်အောင်လုပ်တယ်၊ဝေဖန်ထောက်ပြတဲ့နာမည်ရှိသူတွေအတိုက်အခိုက်ခံရတယ်။
ဘင်္ဂလီ၅သိန်းဝှိုက်ကတ်ထုတ်ပေးပြီးမဲယူတာဘယ်သူလဲ၊ဖင်မနိုင်ပဲပဲကြီးဟင်းဘာ
လို့စားတာလဲ၊အခုမှရခိုင်နဲ့ထိုးကြွေး၊ဘုန်းကြီးနဲ့ထိုးကြွေး၊ပြည်သူနဲ့လှည့်တိုက်၊
အလျော်အစားကြီးကြီးတွေဘာလို့လုပ်နေရတာလဲ၊အန်အယ်ဒီကို၂၀၁၅အတွက်
ကြောက်လို့လား၊ရခိုင်နယ်စပ်ကဘင်္ဂလီအရေးဟာဥပဒေကြောင်းအရဆောင်ရွက်
ရမှာ၊အမေစုကလဲဒီသဘောပြောတာပဲ၊ဘာသာရေးနဲ့ရှင်းလို့ရမတဲ့လား၊
မြန်မာနိုင်ငံမွတ်နိုင်ငံဖြစ်မှာဘယ်သူကလိုလားမှာလဲ၊အဲလောက်ထိလက်ရှိမှာစိုးရိမ်
နေရပြီလား။ဘင်္ဂလီတွေမြို့ပေါ်တက်လာအောင်ဘယ်သူစခဲ့လဲ၊ဥပဒေကြောင်းအရ
နိုင်အောင်မရှင်းပဲရှုပ်ထွေးလှတဲ့ဒီအခြေအနေတွေဘာလို့ဖန်တီးတာလဲ၊ဘူးသီး
မောင်တောကမွတ်အရေအတွက်ကိုဖယ်လိုက်ရင်ကျန်တဲ့မြို့တွေမှာဘိုးစဉ်ဘောင်
ဆက်နေလာတဲ့မွတ်အရေအတွက်ဘယ်လောက်ရှိလဲ၊နိုင်ငံကိုအန္တရာယ်ဖြစ်နိုင်
လောက်လား၊တကယ်ရောအဲ့ဒါကိုရည်ရွယ်တာရောဟုတ်လို့လား၊နိုင်ငံရေးကစားချင်
တာတခုလောက်နဲ့တော့ဖြူစင်တဲ့ဗုဒ်ဓသာသနာကိုညစ်နွမ်းအောင်မလုပ်စေလိုဘူး။
လတ်တလောမှာဦးရွှေမန်းကိစ္စကရော......၊
ကိုယ့်လူသူ့ဘက်သားလား....။
ဖြုတ်ထုတ်သတ်လား......။
အခြေအနေတွေကနောက်ကြောင်းမလှည့်တောင်မှတိုးတက်လာတဲ့အခြေအနေမတွေ့
ရဖူး...အမေစုကိုမုန်းလာအောင်ပဲအစပျိုးနေတာတွေ့ရတယ်။
ရေးသူတွေ၊ဖတ်သူတွေ၊ပါဝင်ပူးပေါင်းသူတွေ၊ကြံစည်သူတွေအားလုံးပြောသင့်မပြော
သင့်၊လုပ်သင့်မလုပ်သင့်မိမိဥာဏ်နဲ့ယှဉ်ပြီးဆင်ခြင်ကြဖို့ပဲတိုက်တွန်းချင်ထှာ။။။။။။။

ရဲရင့်ငယ်



အရေးတကြီး ပြင်ဖို့လိုတဲ့ကိစ္စ



================

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ဘင်္ဂါလီတွေ မဲပေးခွင့်ရှိနေတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးက အရေးတကြီး အမြန်ဆုံး ဖျက်သိမ်းရမဲ့ကိစ္စပါ။ အခုကြံ့ခိုင်ရေးပါတီက လုပ်ချင်နေတဲ့ ပီအာ အချိုးကျမဲပေးစနစ်နဲ့ ဒီယာယီလက်မှတ်ကိုင်ထားတဲ့ ဘင်္ဂါလီတွေ မဲပေးပိုင်ခွင့်သာ ပေါင်းလိုက်ရင် ၂၀၁၅မှာ လွှတ်တော်ပေါ်မှာ ဘင်္ဂါလီအမတ်တွေ အယောက်၂၀မကဘူး ရောက်လာပါလိမ့်မယ်။

လွှတ်တော်အမတ်များ နိုင်ငံရေးပါတီခေါင်းဆောင်များအနေနဲ့ နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ဆိတ်ဖမ်းပြီး မယောင်ရာဆီလူး ချစ်တီးခေါင်းသန်းရှာနေမဲ့အစား ဒီကိစ္စကို တိုက်ဖျက်သင့်ပါတယ်။ ဒီမိုကရေစီ ဘိုးအေကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ ယူကေနိုင်ငံမှာတောင် အမြဲတမ်းနေထိုင်ခွင့်ရပေမဲ့ full citizen မဖြစ်သေးသူတွေဟာ မဲပေးခွင့်မရပါဘူး။ မြန်မာပြည်မှာ အမြဲတမ်းနေနိုင်ခွင့်တောင် မရသေးတဲ့ တရားမ၀င် ခိုးဝင်သူတွေဟာ နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုထားသူဟာ လုံးဝ မဖြစ်သင့်ပါဘူး။

ဒီကိစ္စကို ခွင့်ပြုထားသူတွေ၊ တာဝန်ရှိသူတွေ၊ သိပါလျက်နဲ့ ဒီကိစ္စကို မဆန့်ကျင်သူတွေဟာ နိုင်ငံနဲ့လူမျိုးကို သစ္စာဖောက်နေသူ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်မရှိသူတွေ အမျိုးသားသစ္စာဖောက်လောက်ကောင်များသာဖြစ်တယ်လို့ဘကတအဖွဲ့က ယုံကြည်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနဲ့ ရဟန်းရှင်လူပြည်သူအားလုံးဟာ ခုလို နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်မဲ့ ရွေးကောက်ပွဲမှာ တရားမ၀င်ခိုးဝင်သူတွေက မဲပေးဆုံးဖြတ်ခွင့်ပေးနိုင်ခွင့်ရထားတာကို ဖျက်သိမ်းနိုင်ဖို့ အမြန်ဆုံး (အမြန်ဆုံး) လုပ်ဆောင်ကြဖို့ အရေးတကြီး နှိုးဆော်လိုက်ပါတယ်။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

------------------------------------------------------
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထား

Saturday, 22 June 2013

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ် မ ၆ တွင် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီး မရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည် - (က) ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ (သို့မဟုတ်) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ယာယီသက်သေခံ လက်မှတ် (White Card) များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက် နေထိုင်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အဆိုပါ ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုခဲ့ကြောင်း သိရသည်။

အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး အမြင့်ဆုံး စံနမူနာပြသည့် နိုင်ငံမျိုးတွင်ပင် အမြဲတမ်း နေထိုင်ခွင့်ကတ် (Green Card) ကိုင် ဆောင်ထားသူများ မဲပေးခွင့် မရှိဘဲ မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်ထားသူ များကို မဲပေးခွင့် ပြုထားသည့် အချက်မှာ ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က Eleven Media Group သို့ ပြောကြားထားသည်။

တောင်ကြီးမြို့တွင် ဇွန်အစောပိုင်းက ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (၁၅) ပါတီ၏ အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့် ပြုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှောင့်ယှက်ထိပါးနိုင်၍ ၎င်းနှင့်ပတ်သက်သည့် ဥပဒေပုဒ်မများကို ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်း သဘောတူခဲ့သည်။

Eleven Media Group

psi က (၄၀၀) ကျော်တုန်းပဲ..


bY ကို ထွန်းသူ

သဘော်သွားစစ်ပြီး၊ အိမ်ပြန်လာတဲ့အထိ psi က (၄၀၀) ကျော်တုန်းပဲ..
visibility က၊ ပင်လယ်ထဲမှာ 0. 8 လောက်ပဲရှိတယ်..
ရှေ့ကိုက် (၅၀၀) လောက်ကိုတောင်၊ ကောင်းကောင်းမမြင်ရဘူး..
ကိုယ့် boat ကိုတော့၊ လုံးဝရပ်ထားဖို့ မှာထားတယ်..
contested area တွေမှာ၊ မမြင်မစမ်းနဲ့ ဝင်တိုးနေမှာလည်း၊
စိုးရိမ်ရတယ်လေ..

တိုင်းမ် မဂ္ဂဇင်း စွပ်စွဲချက် ဦးဝီရသူ ပယ်ချ



 ရေးသားချိန် 21 ဇွန်လ 2013 - 16:32 GMT

ကမ္ဘာကျော် တိုင်း မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ် မျက်နှာဖုံးမှာ မန္တလေး မစိုးရိမ် တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ ဆရာတော်ကို "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှုတွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြလိုက်ပါတယ်။ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်း ထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။
ဆရာတော် ဦးဝီရသူကတော့ သူဟာ အကြမ်းဖက်မှုကို လိုလားသူ မဟုတ်ဘူး၊ သူ့ရဲ့ ဟောပြောချက် တွေဟာ ဗုဒ္ဓရဲ့ တရားတော်နဲ့ အညီ သာ ဖြစ်တယ်၊ တိုင်းမ် TIME မဂ္ဂဇင်းက ရဲ့ စွပ်စွဲချက်တွေဟာ မမှန်ဘူးလို့ ဘီဘီစီကို မိန့် ပါတယ်။ဒါပေမဲ့ သူ့ အနေနဲ့ မဂ္ဂဇင်းကို တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ဆရာတော် ဦးဝီရသူကမိန့်ပါတယ်။

ဦးဝီရသူရဲ့ ဟောပြောမှု အပေါ် ပြည်သူ အများ အမြင်

ဆရာတော် ဦးဝီရသူ နဲ့ ပတ်သက်ပြီး TIME မဂ္ဂဇင်းမှာ ရေးသား ဖော်ပြမှုနဲ့ ပတ်သက်လို့ ပြည်တွင်းက သတင်း မီဒီယာ တချို့မှာ တုံ့ပြန် ရေးသား ကြတာ တွေ့ရပါတယ်။ဒီတော့ ဆရာတော် ဦးဝီရသူရဲ့ ဟောကြားချက်တွေကို ပြည်တွင်းမှာ လူ အတော် များများက ထောက်ခံကြ ပေမဲ့ ပညာတတ်တဲ့ အလယ် အလတ် သမားတွေ ကတော့ အစွန်း ရောက်တယ်လို့ ယူဆ ကြကြောင်း ရွှေ နိုင်ငံသစ် ပုဂ္ဂလိက သတင်းစာ အယ်ဒီတာချုပ် သတင်းစာ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။အစွန်းရောက်မှုကြောင့် ဘာသာ ကွဲပြားသူတွေ အတူ ယှဉ်တွဲ နေထိုင်ရေးမှာ အန္တရာယ် ကြီးမားတယ်၊ ဘာသာကြီးတွေ အားလုံး အစွန်း မရောက်ဘဲ ထိန်းသိမ်း ကြဖို့ လိုတယ်လို့ သတင်းစာ ဆရာကြီး ဖိုးသောကြာက ပြော ပါတယ်။အစ္စလာမ် ဘာသာဝင် တို့ရဲ့ အစွန်းရောက်မှုကို ဗုဒ္ဓ ဘာသာဝင်တွေ ခံနေ ရတယ်လို့ မြန်မာ နိုင်ငံ အတွင်းမှာ အများစုက ယူဆနေကြတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။ခေတ် အဆက်ဆက်မှာ ဘာသာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ရာမှာ မေတ္တာ ထားပြီး အစွန်း မရောက်ဖို့ ထိန်းသိမ်းခဲ့တာတွေ ရှိခဲ့ပြီး အခု လက်ရှိ မှာတော့ ဝါဒ ဖြန့်ချိမှု လွန်ကဲတာ တွေ့ရတယ်လို့ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/06/130621_time_wirathu.shtml

"အမျိုးစောင့်ဥပဒေ ထောက်ခံသူလက်မှတ်ပေါင်း သိန်းချီရတော့မည်ဟု NDF ပါတီမှ ဒေါ်လှဥမ္မာ ပြောကြား"





၂၀၁၅မဲရဖို့ကြံလိုက်ပုံက.....



 BY Wira Thu

******************************************************************
ဒေါ်လှဥမ္မာသည် NDF ပါတီဝင်တစ်ဦးဖြစ်ပြီး အမျိုးစောင့်ဥပဒေကို အပြည့်အ၀ထောက်ခံသည့် လယ်ဝေးမြို့သူ တစ်ဦးဖြစ်ပါသည်။
ထောက်ခံလက်မှတ်များကို ဒေါ်လှဥမ္မာကိုယ်တိုင် လိုက်ကောက်ရာ ခရစ်ယာန်ဘာသာဝင်များနှင့် ဟိန္ဒူများပင် တခဲနက်လက်မှတ်ရေးထိုး ထောက်ခံကြကြောင်း လောလောဆယ် လက်မှတ်ပေါင်း နှစ်သောင်းကျော်ရနေပြီး တစ်သိန်းကျော်ကောက်နိုင်မည်မျှော်လင့်ကြောင်း 27 ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ရွာမ သံဃာ့ညီလာခံကိုလည်း လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်လှဥမ္မာသည် အမျိုးဘာသာ သာသနာအတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသောကြောင့် NDF ပါတီကိုသာ ရွေးချယ်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း လွှတ်တော်ထဲမှာ ထောက်ခံဆွေးနွေးသွားမှာဖြစ်ကြောင်း အားရ၀မ်းသာ ပြောကြားကြောင်းလည်း သိရပါတယ်။
အမျိုးစောင့်ဥပဒေဆိုတာ ခြံစည်းရိုးကာခြင်းပါ။ လူမျိုးတိုင်း ဘာသာတိုင်းမှာရှိသော်လည်း မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာမှာ မရှိသေးပါဘူး။ လုံခြုံစေချင်ရင် ထောက်ခံနိုင်ပြီး မလုံခြုံစေချင်ဘူးဆိုရင် လွတ်လပ်စွာ ကန့်ကွက် နိုင်ပါသည်။

NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျင် ဗဟိုကော်မတီသို့ ရှင်းရမည်




=========================================
မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း အတွဲ ၂၊ အမှတ် (၁၅)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်မှ ၁၈ ရက် အထိ အမေရိကန်သို့ ၁၀ ရက်ကြာခရီးစဉ် သွားရောက်ခဲ့သည့် ကာလအတွင်း အေပီသတင်းဌာနနှင့် တွေ့ဆုံရာတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

''ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းသည် ပါတီ ဗဟိုကော်မတီ သဘောထား မပါဘဲ မိမိကိုယ်ပိုင် သဘောထားဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်၍ ၎င်းကိစ္စအား နိုင်ငံခြားခရီးစဉ်မှ ပြန်လာလျှင် ပါတီဗဟိုကော်မတီသို့ ပြန်လည် ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်''ဟု မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

''ဒီကိစ္စက ဗဟိုကော်မတီတွေ ဘာတွေ ဆုံးဖြတ်ပြီးမှ၊ ညီလာခံတွေမှာ ဆုံးဖြတ်ပြီးမှ ဒါပြောရမယ့် စကားပဲလေ။ ကျွန်တော်တော့ အဲလိုနားလည်တယ်။ ဒါပေမဲ့ ဘယ်လိုပြောလိုက် သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့နဲ့ ဒေါ်စုကြည်နဲ့ ရင်းနှီးတာကို၊ NLD ကိုယ်စားလှယ်တချို့နဲ့ ကျွန်တော်တို့ ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြတာတွေ၊ ဝေဖန်တာတွေ၊ ပြောဆိုတာတွေ ရှိတယ်'' ဟု ဦအောင်သောင်းက ပြောကြောင်း အဆိုပါ အပတ်စဉ် သတင်းတွင် ဖော်ပြထားသည်။

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ရင်းနှီးကြောင်း၊ အမြဲတမ်း တိုင်ပင်ပြီး လုပ်သည်ကိုလည်း တွေ့ရကြောင်း၊ တွေ့သည့် အကြိမ်များသည့် အတွက် ရင်းနှီးသွားကြောင်း၊ ယင်းအချက်ကို အပြင်မှလူများ သိချင်မှ သိမည်ဖြစ်သော်လည်း လွှတ်တော်ထဲမှ အချို့လူ အနည်းအကျဉ်းနှင့် ကော်မတီတွင် ပါသည့်သူများကမူ သိကြောင်း စသည်ဖြင့်လည်း ဦးအောင်သောင်း၏ ပြောစကားကို ဆက်လက် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ သတင်းတွင်ပင် ''အခုလည်း နိုင်ငံရေး ဆောင်ရွက်နေတာဆိုတော့၊ လက်ရှိပါတီ ဥက္ကဋ္ဌလည်းဖြစ်တော့ သူလည်း အထိုက်အလျောက်တော့ ပြောခွင့်ရှိတယ်လို့ ထင်တယ်။ ပြောနိုင်ခွင့် ရှိပါတယ်။ ဟိုတုန်းက ရုရှား အတွင်းရေးမှူး ခရူးရှက်ရဲ့ ကုလသမဂ္ဂမှာ ဖိနပ်နဲ့ ခုံပေါ်ထောက်ပြီးတော့ ရိုက်ပြီးတော့ ပြောခဲ့တာမလား။ သူက ကျွန်တော်တို့ သဘောမတူဘဲ ခင်ဗျားဘာလို့လုပ်လဲ။ ခရူးရှက် ပြုတ်ကျရခြင်းဟာ အဲဒီကိစ္စပါပဲ။ ကျူးဘားဒုံးပျံ အရေးအခင်းမှာ တက်ပြီး စကားပြောတာ ဗဟိုကော်မတီရဲ့ ကြိုတင်ဆုံးဖြတ်ချက်တွေ မပါဘဲနဲ့ ပြောထည့်လိုက်တာ။ ခရူးရှက် သူထွက်ရတဲ့ အကြောင်းအရင်းမျိုး၊ ကြုံကြိုက်လို့လေ။ ကြားဖူးမှာပေါ့'' ဟု ဦးအောင်သောင်း၏ ပြောစကားကို ထည့်သွင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဆိုသည့် စကားအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ယင်းကိစ္စမှာ မဖြစ်နိုင်ဘဲ ၂၀၁၅ ခုနှစ်တွင် NLD အနိုင်ရခဲ့ပါက ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းသွားမည် မဟုတ်ကြောင်း ဇွန် ၁၉ ရက်က ပြောကြားထားသည်။
_______________________________________________
EMG News

ပြည်တွင်းဂျာနယ်တွေ တိုင်းမ်မဂ္ဂဇင်း ကြောင့် ရောင်းအားတက်

Hannah Beech ၏ The Face of Buddhist Terror ဘာသာပြန်


Zin Minn Htet

The Face of Buddhist Terror ကို ကျွန်တော်ကြိုးစား ဘာသာပြန်ထားတာပါ။

ရေးသူ Hannah Beech

ရုပ်တုတစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းနေသော မျက်နှာရှိသည့် "ဗမာဘင်လာဒင်" ဟုအမည်တွင်သည့် ဆရာတော်က သူ၏တရားဟောခြင်းကို စတင်လိုက်သည်။ သူတို့၏ နောက်ကျောတွင်ချွေးများ ကျနေသော ပရိသတ် ရာပေါင်းများစွာက လက်အုပ်ချီလျက်ရှိသည်။ ညိုမှောင်သော သင်္ကန်းကို ၀တ်ဆင်ထားသည့် ဆရာတော်နှင့်အတူ ဂါထာတော်များ ညီညာစွာ ပူဇော်ရွတ်ဆိုသံမှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန်းတလေးမြို့ရှိ ကျောင်းတိုက်အတွင်း ပျံနှံလျက်ရှိသည်။ ထိုမြင်ကွင်းမှာ ငြိမ်းချမ်းသောအသွင်ဆောင်နေသော်လည်း ဦးဝီရသူ၏တရားမှာ အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ "ဒီအချိန်က ငြိမ်နေရမဲ့ အချိန်မဟုတ်တော့ဘူး'' ဟု သက်တော် ၄၆ နှစ်ရှိသော ဆရာတော်က မိန့်သည်။ သူ၏ မိနစ် ၉၀ ကြာသော တရားတော်မှာ ဗုဒ္ဒဘာသာအများစုနိုင်ငံရှိ မွတ်ဆလင်လူနည်းစုကို ရှုံချမှုများနှင့် ပြည့်နေသည်။ "ခုအချိန်က ကျွန်တော်တို့သွေးတွေ ဆူပွက်ရတော့မယ် အချိန်ပဲ"

မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာတို့၏သွေးများ ဆူပွက်နေသည်။ ထိုနည်းတူ မွတ်ဆလင်တို့၏ သွေးများစွားလည်း မြေကျခဲ့ရသည်။ လွန်ခဲ့သည့်နှစ်မှစ ဗုဒ္ဒဘာသာလူအုပ်ကြီးများက လူနည်းစုတို့ကို ပစ်မှတ်ထားလျက်ရှိသည်။ အစိုးရ၏ အဆိုအရ မွတ်ဆလင်လူမျိုး ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်ဟု ဆိုသော်လည်း နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့များ၏ ခန့်မှန်းချက်ကတော့ သေဆုံးသူမှာ ရာပေါင်းများစွာ ရှိသည်ဟု ဆိုသည်။ ထိုအကြမ်းဖက်မှု အများစုမှာ မြန်မာနိုင်ငံ၏ အနောက်ဖျားရှိ ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့ မွတ်ဆလင်များအပေါ် ကြူးလွန်ခဲ့ခြင်းဖြစ်သည်။ UN ကတော့ ၄င်းတို့ကို ကမ္ဘာပေါ်တွင် အဖိနှိပ်အခံရဆုံး လူမျိုးစုဟု ဆိုသည်။ ထိုအကြမ်းဖက်မှုများ မြန်မာနိုင်ငံ၏ အလည်ပိုင်းသို့ ပျံနှံလာသောအခါ ဦးဝီရသူ၏ များစွာ ပျံနှံလွယ်သော တရားဟောများလည်း စတင်လာသည်။ ထိုအစွန်းရောက် ရဟန်းက လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံရှိ ၅ ရာခိုင်နှုန်းသော မွတ်ဆလင်များက နိုင်ငံတော်နှင့် ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသည်ဟု မြင်သည်။ " သူတို့က မွေးဖွားနှုန်း အရမ်းမြင့်တယ်။ ကျွန်တော်တို့ (မြန်မာ)အမျိုးသမီးတွေကို ခိုးယူနေတယ်။ မုဒိန်းကျင့်နေတယ်" ဟု ၄င်းကမိန့်သည်။ " သူတို့က ကျွန်တော်တို့ နိုင်ငံကို သိမ်းပိုက်ချင်နေတယ်။ ကျွန်တော်ကတော့ ဒါမျိုးအဖြစ်မခံနိုင်ဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာနိုင်ငံအဖြစ် ကျွန်တော်တို့ ထိန်းသိမ်းရမယ်။ "

ဒီလို အမုန်းစကားများက လူမျိုး ၁၃၅ မျိုးရှိပြီး ရာစုနှစ်ဝက်ခန့်သော စစ်အာဏာရှင်စနစ်အောက်မှ လူးလွန့်လာစနိုင်ငံ၏ နူးညံပြီး ကွဲသျှလွယ်သော နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေသည်။ အစိုးရ အရာရှိအချို့ကလည်း ရိုဟင်ဂျာ အမျိုးသမီးများကို ကလေးနှစ်ယောက်ထက် ပိုမယူရန် ကန့်သတ်သည့် ဥပဒေ ပြဒါန်းရန် ကြိုးစားနေကြသည်။ ထို့အပြင် နိုင်ငံ၏ မြောက်ပိုင်းရှိ ခရစ်ယာန်အများစု ကချင်များနှင့် အစိုးရတပ်မတော်တို့ တိုက်ခိုက်မှုများမှာလည်း ဘာသာရေးပဋိပက္ခကြောင့် ပိုဆိုးခဲ့ရသည်။

အစွန်းရောက် ဗုဒ္ဒဘာသာအယူအဆများမှာ အာရှ၏ အခြားနေရာများတွင်လည်း ပျံနှံလာနေသည်။ ယခုနှစ်တွင် သိရိလင်္ကာရှိ အဆင့်မြင့်အရာရှိများပါဝင်သော ဗုဒ္ဒဘာသာ အမျိုးသားရေးအဖွဲ့များ သြဇာတက်လာပြီးနောက် ဘုန်းတော်ကြီးများက ဦးဆောင်ပြီး မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးလျက်ရှိသည်။ မွတ်ဆလင်သူပုန်ထမှုကြောင့် လူပေါင်း ၅၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ထိုင်းတော်ဝင်တပ်မတော်က ပြည့်သူ့စစ်များကို ဖွဲ့စည်းလက်နက်တပ်ဆင်ပေးယုံမျှမက ဘုန်းတော်ကြီးများ ဆွမ်းခံကြွလျင် စစ်သည်များက လုံခြုံရေးလိုက်ပေးနေသည်။ ထိုသို့ ဘုန်းတော်ကြီးများနှင့် စစ်သားများ ပူးတွဲနေမှုများက မွတ်ဆလင်လူနည်းစု၏ မယုံသင်္ကာဖြစ်မှုကို ပိုဆိုးစေသည်။

ီနိုင်ငံတစ်နိုင်ချင်းစီရှိ အစွန်းရောက် ဗုဒ္ဒဘာသာများ ပေါ်ပေါက်လာမှုမှာ သီးခြားသမိုင်းများရှိသော်လည်း အင်တာနက်ကို ပိုမိုအသုံးပြုလာနိုင်သည်နှင့်အမျှ Facebook ပို့စ်တစ်ခုချင်း Twitter တွီတစ်ခုချင်းနှင့်အတူ ပျံနှံနေသော ကောလဟာလများ အာဂါတတရားများက မီးထိုးပေးလျက်ရှိသည်။ အကြမ်းဖက်မှုများက နိုင်ငံနယ်နမိတ်များကို အလွယ်တကူပင် ဖြတ်ကျော်ပျံနှံလျက်ရှိသည်။ ဇွန်လအတွင်းတွင် သိန်းပေါင်းများစွာသော မြန်မာလူမျိုး ရွေ့ပြောင်းလုပ်သားတို့ အလုပ်လုပ်ရာ မလေးရှားနိုင်ငံတွင် ဗုဒ္ဒဘာသာမြန်မာအများအပြား အသတ်ခံရမှုမှာ မြန်မာနိုင်ငံရှိ မွတ်ဆလင်တို့ သေဆုံးမှုအတွက် လက်စားချေခြင်း ဖြစ်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူများက ဆိုသည်။

ဟိန္ဒူအမျိုးသားရေးဝါဒီများ၊ မွတ်ဆလင်စစ်သွေးကြွများ၊ ခရစ်ယာန်အစွန်းရောက်များ၊ အော်သိုဒေါက်ဂျူးများ အစရှိသော ဘာသာရေးအစွန်းရောက်များကို လေ့လာရာတွင် ဗုဒ္ဒဘာသာကို အများအားဖြင့် ချန်လှပ်ထားလေ့ရှိသည်။ ကမ္လာလူအများစုအတွက် ဗုဒ္ဒဘာသာမှာ ငြိမ်းချမ်းခြင်း အကြမ်းမဖက်ခြင်းတို့၏ သင်္ကေတဖြစ်သည်။ ထိုအယူအဆများကို လွန်ခဲ့သော နှစ် ၂၅၀၀ ခန့်က ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဒမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ သို့သော် အခြားဘာသာများကဲ့သို့ပင် ဗုဒ္ဒဘာသာဝင်များနှင့် သူတို့၏ ဘုန်းတော်ကြီးများမှာလည်း နိုင်ငံရေးနှင့် အစွန်းရောက်အမျိုးသားရေးဝါဒတို့၏ လွမ်းမိုးမှုကို ခံရလေ့ရှိသည်။

အာရှသားတို့ အင်ပါယာအုပ်စိုးမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကို တွန်းလှန်ခဲ့စဉ်က ဗုဒ္ဒဘာသာဘုန်းတော်ကြီးများလည်း ကိုလိုနီစနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။ အချို့က အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ အသားမရှိ အရိုးပေါ်အရေတင် ပုံရိပ်များက အများပြည်သူအတွက် သူတို့၏ စွန့်လွတ်မှုကို ပြနေသည်။ အထင်ရှားဆုံးပုံရိပ်မှာ လွန်ခဲ့သော နှစ် ၅၀ ခန့်က တောင်ဗီယက်နမ် အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်သည့်အနေနှင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သော ဆရာတော် Thich Quang Duc ၏ မီးများဝါးမျိုနေလျက် ထိုင်နေသော ပုံရိပ်ပင် ဖြစ်မည်။ ၂၀၀၇ ခုနှစ်တွင်လည်း မြန်မာဘုန်းတော်ကြီးများသည် မအောင်မြင်သော ဒီမိုကရက်အုံကြွမှုတစ်ခုကို ဦးဆောင်ခဲ့သည်။ အာဏာရှင်အစိုးရကို ဆန့်ကျင်သောအားဖြင့် သပိတ်မှောက်ကိုင်ဆောင်ထားကာ ငြိမ်းချမ်းစွာ စီတန်းဆန္ဒနေသော ရဟန်းတို့၏ ပုံရိပ်မှာ ကမ္ဘာ၏ အားပေးမှုကို ရရှိခဲ့သည်။

သို့သော် ဘယ်အချိန်တွင် လူမှုရေးတက်ကြွမှုမှ နိုင်ငံရေး စစ်သွေးကြွမှုသို့ ပြောင်းလဲသွားသနည်း? မည်သည့်ဘာသာမဆို မူလအဆိုအမိန့်တို့နှင့် မကိုက်ညီသော idea များကြောင့် အဖျက်စွမ်းအားစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင် စမြဲဖြစ်သည်။ ယခုအခါသည် ဗုဒ္ဒဘာသာ၏ အလှည့်ပင် ဖြစ်သည်။

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ၏ပုံကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြထားမှုအား သံဃာတော်များ၊ ဂျာနယ်လစ်များနှင့် ပြည်သူအများ လက်မခံ


Journalist Freelancer

    ဇူလိုင်လတွင် ထွက်ရှိမည့် Time Magazine ၏ မျက်နှာဖုံး၌ ဦးဝီရသူ၏ ပုံအား ဖော်ပြကာ The Face of Buddhist Terror ဟု စာတမ်းရေးထိုး ထားပါသည်။ ထိုဖော်ပြချက်များအား ဖေစ့်ဘွတ်သုံးသူ အလွှာအသီးသီးက အမြင်အမျိုးမျိုးဖြင့် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။
    ထိုဝေဖန်မှုများအနက် လူအများစုက Time ၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကားသည်ဟု ခံစားရကြောင်း ပြောဆိုခဲ့ကြသည်။ ထိုထင်မြင်ချက်နှင့် ပတ်သက်ပြီး The Voice ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက ''ကျွန်တော်ကတော့ ဒီလိုလုပ်တာကို သိပ်တော့ ဘ၀င်မကျဘူး။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဒီလိုတပ်ပြီး ပြောတာ၊ ဘာသာရေးကို တပ်ပြီးပြောတာက မလုပ်သင့်တဲ့ ကိစ္စပါ။ အကြမ်းဖက် ကိစ္စတွေမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လောက် အထောက်အထား ရှိသလဲ။ ကျွန်တော့် အနေနဲ့ ဒီကိစ္စကို သဘောမတူပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကတော့ တစ်ပိုင်းပါ။ ဒီလိုဖော်ပြတဲ့ အတွက် နိုင်ငံနဲ့ ဘာသာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒီကိစ္စဟာ သွေးရိုး သားရိုး မဖြစ်နိုင်ပါဘူး။ ဒီလိုဖော်ပြတာဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့လည်း မညီပါဘူး။ လူတစ်ယောက် ဂုဏ်သိက္ခာအရ ထိခိုက်သွားအောင် ဘာသာရေးနဲ့ အကြမ်းဖက်မှု တွဲပြီး ပြောသွားတာ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါမျိုး မလုပ်အပ်ဘူး။ တိုင်းမ်မဂ္ဂဇင်းဆိုတာ နာမည်ကျော် မဂ္ဂဇင်းတစ်စောင်ပါ'' ဟု The Daily Eleven သတင်းစာအား ပြောကြားခဲ့သည်။
    ''ဗုဒ္ဓဘာသာ ရဟန်းတော်က ဒီနိုင်ငံမှာ ငါးသိန်းကျော်ရှိတယ်။ ဒီငါးသိန်းကျော် ရှိတာမှာ မပြောပလောက်တဲ့ မှုခင်းလေးတွေကို ကြည့်ပြီး ရဟန်းသံဃာတော် အားလုံး၊ ဗုဒ္ဓဘာသာဝင် အဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်ဝါဒလို့ ဆိုတာမျိုးကတော့ တရားမျှတတဲ့ သဘောကို မဆောင်ဘူး။ ခိုင်လုံတဲ့ အထောက်အထားကို အခြေခံပြီး ရေးတာမျိုး မဖြစ်နိုင်ဘူး။ သမိုင်း အစဉ်အလာအရ ဗုဒ္ဓဘာသာဟြာ ငိမ်းချမ်းမှု ရှိခဲ့တယ်။ ရဟန်းသံဃာတော်တွေဟာ သူတို့ရဲ့ ပရိယတ္တိ၊ ပဋိပတ္တိကိုသာ အများစုက ဇောက်ချလုပ်တယ်။ ဗုဒ္ဓဘာသာဟာ အမြဲတမ်း ငြိမ်းချမ်းတဲ့ ဘာသာအဖြစ် ရှိနေမှာပါ'' ဟု ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒ ခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ၏ ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယက မိန့်ကြားသည်။
    ''ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ပြောခဲ့တယ်။ ခုခေတ် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဘာသာတရား တစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းတဲ့ဘာသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း အထူးပြောစရာ မလိုတော့ဘူး။ ရဟန်းသံဃာ ဆိုတာကလည်း ငြိမ်းချမ်းတဲ့ ဘာသာရဲ့ ခေါင်းဆောင် ဖြစ်တော့ ငြိမ်းချမ်းရေး ပုဂ္ဂိုလ်များပင် ဖြစ်တယ်။ သမိုင်းကိုကြည့်ရင် ရဟန်းသံဃာများက မီးရှို့တယ်။ သတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ အကြမ်းဖက်တယ် ဆိုတာကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရဟန်းသံဃာများသာ အသတ် ခံခဲ့ရပါတယ်။ အကြမ်းဖက် ခံခဲ့ရပါတယ်။ ဒါကိုကြည့်ရင် ရဟန်းသံဃာများရဲ့ လက်နက်ဟာ သည်းခံခြင်းဆိုတဲ့ ခန္တီတရားသာ ဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကနေ အရှင်ဝီရသူနဲ့ ပတ်သက်ပြီး စွပ်စွဲတယ်။ ''သီတဂူ ဆရာတော် ဘုရားကြီးက အရှင်ဝီရသူဟာ ငြိမ်းချမ်းရေးကို အလိုရှိတဲ့ ဆရာတော် တစ်ပါးပါ။ ဒါပေမဲ့ ပြည်ပ သတင်းသမား တွေကတော့ အမျိုးမျိုး ပုတ်ခတ်နေကြတယ် လို့ အမိန့်ရှိခဲ့ ဖူးပါတယ်'' ဟု သီတဂူ အရှင် ဒေ၀ိန္ဒာဘိဝံသက မိန့်ကြားသည်။
    ဦးဇင်းတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တာ အစွန်းရောက်တာလား။ တရားဟောပြီး ကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်သာသနာကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား...
    ဒေါ်မြင့်မြင့်ခင်ဖေ၏ စာမျက်နှာပေါ်တွင်လည်း တိုင်းမ်မဂ္ဂဇင်းတွင် ပါလာပြီ ဖြစ်ကြောင်းနှင့် ၎င်းအား ပြင်သစ်သတင်းထောက်တစ်ယောက် အင်တာဗျူးစဉ်ကလည်း မြန်မာလူမျိုး အများစုက အကြမ်းဖက်မှုကို လက်ခံနေပြီ ဆိုတာ ခင်ဗျားလက်ခံလားဟု မေးမြန်းခဲ့ကြောင်းနှင့် ၎င်းက လက်မခံဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ကိုလည်း ဖော်ပြထားခဲ့သည်။ ဒေါ်မြင့်မြင့်ခင်ဖေက ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ဗုဒ္ဓဘာသာက သာလျှင် ကာကွယ်နိုင်သည်ဟုလည်း ရေးသားထားကာ ဗုဒ္ဓဘာသာကို အချိန်မီ ကာကွယ်ရန် မိမိကိုယ်မိမိ ပြုပြင်ကြရန် လိုကြောင်းနှင့် မပြုပြင်နိုင်ပါက မြန်မာနိုင်ငံကို ကမ္ဘာကြီးက အကြမ်းဖက် ဗုဒ္ဓဘာသာ နိုင်ငံဟု သတ်မှတ်ခံရလိမ့်မည် ဖြစ်ကြောင်းကိုလည်း ရေးသား ဖော်ပြထားသည်။
    သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ''Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်စလင်ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း ၉၆၉ တို့ဘာတို့ ပေါ်လာတယ်ဗျာ။ မွတ်စလင်မှာလည်း အစွန်းရောက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရဘူး။ တစ်ကမ္ဘာလုံးမှာ သတ်လိုက်တာမှ သူတို့ အချင်းချင်းလည်း သတ်နေတာပဲ။ ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တာတွေ ရှိလာတယ်။ ၉၆၉ တို့ ဘာတို့ ဆိုတာတွေ၊ ဦးဝီရသူတို့တွေပေါ့။ အဲဒီလိုတွေ ပေါ်လာတာကတော့ မကောင်းဘူး။ လူတွေကြားထဲမှာ ပဋိပက္ခဆိုတာက ရှိတတ်တာပဲ။ ပဋိပက္ခကို ပဋိပက္ခလိုပဲ ရှင်းရမယ်။ အဲဒါတွေကို ဖြေရှင်းဖို့ တရားဥပဒေ ထိရောက်ဖို့ လိုတယ်။ အဲလိုမရှင်းဘဲ ဘာသာရေးအကြောင်း ပြတယ်။ နောက်ပိုင်းကျတော့ နောက်ကြောင်း ပြန်ချင်တဲ့ ကောင်တွေက ၀င်အသုံးချလိုက်တော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်သွားတယ်။ ကျွန်တော်စိုးရိမ်တာက တိုင်းမ်မဂ္ဂဇင်းလို သြဇာအလွန်ကြီးတဲ့ မဂ္ဂဇင်းက ဦးဝီရသူပုံကိုပြပြီး မြန်မာပြည်ထဲက အကြောင်းတွေ ရေးတာ နာမည်ကလည်း တော်တော်ဆိုးတယ်။ ကျွန်တော်က ကောင်းတယ် ဆိုးတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဟာကြီးရဲ့ အန္တရာယ် အတိုင်းအတာက ကြီးသွားပြီ။ ဦးဝီရသူတို့ရဲ့ တုန့်ပြန်မှုကလည်း ပြင်းထန်တော့မယ်။ အဲလိုပဲ ဦးဝီရသူကို ဆန့်ကျင်တဲ့ လူတွေကလည်း ပြင်းထန်တော့မယ်။ ဒါကြောင့် ကျွန်တော် ထင်တယ်။ နှစ်ဖက်ရန်လိုမှုကလည်း ပိုမြင့်တော့မယ်'' ဟု ပြောကြားခဲ့သည်။
    သီတဂူ ဆရာတော်ကြီး၏ တပည့်တစ်ဦးဖြစ်ပြီး အာရှတော်ဝင်ဆေးရုံ၏ MD ဒေါက်တာမြတ်သူကလည်း ''ဘာသာ၊ သာသနာကို အချစ်လွန်သွားတာပါ။ တခြားဘာသာတွေကို စော်ကားတိုက်ခိုက်နေတာ မဟုတ်တဲ့ အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်က လုံးဝမှားယွင်းပါတယ်။ ကျွန်တော်တို့ကတော့ သီတဂူဆရာတော် ဘုရားကြီးရဲ့ သဘောဆန္ဒနဲ့ အတူတူပါပဲ'' ဟု ပြောကြားခဲ့သည်။
    6.21.11
    တိုင်းမ်မဂ္ဂဇင်း၏ ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ဒေသအလိုက် ဖြန့်ချိသည့် မျက်နှာဖုံးများ
    ထို့အတူ The Daily Eleven က ဦးဝီရသူအား မေးမြန်းရာတွင် ''ကလောင်ကိုင်နေတဲ့ ဆရာတော် တစ်ပါးကို အကြမ်းဖက် သမားလို့ ပြောရဲတာဟာ အတော်အံ့သြဖို့ ကောင်းတယ်။ ဒီလို တိုက်ခိုက်တဲ့ အတွက်တော့ တုန်လှုပ်သွားမှာ မဟုတ်ဘူး။ ပြောချင်တာက ဘားမားဘင်လာဒင်ဆိုပြီး နှိုင်းတဲ့ကိစ္စ၊ ဘင်လာဒင်တို့ လက်တွေက သွေးစွန်းနေတဲ့ လက်တွေဖြစ်တယ်။ ဦးဇင်းတို့ လက်တွေက အင်မတန် စင်ကြယ်တဲ့ လက်တွေ ဖြစ်တယ်။ ခြင်္သေ့ကို မြေခွေးနဲ့ နှိုင်းလိုက်သလို အင်မတန်ရိုင်းတဲ့ ဥပမာပဲ။ အခု ဦးဇင်းတို့ လုပ်နေတာ ကာကွယ်ရေး သက်သက်သာ ဖြစ်တယ်။ တိုက်ခိုက်ရေး လုံးဝမပါဘူး။ အမေရိကန်က အီရတ်ကို ၀င်တိုက်တာက အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ဖြစ်တယ်။ သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် အခြားနိုင်ငံတွေကို ကျူးကျော်ပြီး တိုက်ခိုက်ချေမှုန်း နေတာပဲ။ ဦးဇင်းတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တာ အစွန်းရောက်တာလား။ တရားဟောပြီး ကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်သာသနာကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား။ ဦးဇင်းအနေနဲ့ လာပြီးတော့ အင်တာဗျူးတဲ့ လူတွေကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေရှိတယ်။ ဒါမှ သူတို့လိမ်တာ ပြုတာရှိရင် အမေးအဖြေ လုပ်ထားတဲ့ မှတ်တမ်းတွေ ပြန်တိုက်ကြည့်လို့ ရအောင်ပါ။ အခု တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူး လုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်ကိုတင်ဖို့ လုပ်နေပါတယ်။ သူတို့က မေးမြန်းထားတာကိုလည်း မရေးဘူး။ ဖြေထားတာကိုလည်း မရေးဘူး။ သူတို့သုံးထားတဲ့ ဓာတ်ပုံက ဦးဇင်းကို ကြောက်စရာ ကောင်းတဲ့ပုံစံ ဖြစ်အောင် ပြင်ပြီးတော့ လုပ်ထားတာပါ'' ဟု ဦးဝီရသူ က မိန့်ကြားခဲ့သည်။
    အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဦးဝဏ္ဏရွှေက ''ကျွန်တော်တို့ကတော့ တစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို ဘာသာတစ်ခုနဲ့ ယှဉ်ပြီးပြောဆိုတာမျိုးကို မကြိုက်ပါဘူး။ ဒီလိုပါပဲ။ အစ္စလာမ် ဘာသာမှာ ဆိုရင်လည်း လူတစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်ချက်ကို ဘာသာနဲ့ယှဉ်ပြီး ပြောတာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး'' ဟု ပြောကြားသည်။
    ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက "The Face of Buddhist Terror" ဟု ဖော်ပြထားသည့်အပေါ် Eleven Media Group က လုံးဝ သဘောမတူ ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ကြောင်းကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ''ကျွန်တော့်အနေနဲ့ ဆရာတော် ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမဲ့ Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝလက်မခံဘူး။ သံဃာတစ်ပါး အနေနဲ့တော့ ပါရာဇိကကံ မကျသရွေ့ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။
    ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝသဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံ နိုင်ပါဘူး။
    Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှု မရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊ သာသနာကို အထင်သေး အမြင်သေး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။
    Time ရဲ့ဒီလုပ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်'' ဟု ပြောကြားသည်။
    မြန်မာနိုင်ငံတွင် ဆက်တိုက်လိုလို ဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ဦးဝီရသူ ပါဝင်ပတ်သက် နေသည်ဟု ကျယ်ကျယ် ပြန့်ပြန့် စွပ်စွဲခံနေခဲ့ရပြီး ပဋိပက္ခများတွင် ၉၆၉ ဗုဒ္ဓဘာသာ အဖွဲ့များကြောင့် ဖြစ်ရသည်ဟုလည်း စွပ်စွဲခံနေရသည်။
    ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (The Face of Buddhist Terror)
    ဗုဒ္ဓ၀ါဒသည် ငြိမ်းချမ်းရေးနှင့် ခန္တီတရားတို့ကို လက်ကိုင်ထားမှုအတွက် ကျော်ကြားသည့် ယုံကြည်မှုတစ်ရပ် ဖြစ်သည်။ သို့သော် အာရှတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံများ၌ ဘုန်းတော်ကြီးများသည် တစ်ယူသန် သဘောထားနှင့် အထူးသဖြင့် အစ္စလာမ် ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှုကို လှုံ့ဆော်နေကြသည်။

    မျက်နှာက ရုပ်ပွားတော် တစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ကြည်လင်နေသည့် ''ဗမာဘင်လာဒင်'' ဟူသော အမည်ကို ရထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက သူ၏ တရားကို စတင်လိုက်သည်။ တရားနာသူ ရာပေါင်းများစွာက ဘုန်းတော်ကြီးရှေ့တွင် လက်အုပ်ချီကာ ထိုင်နေကြပြီး ချွေးများက သူတို့ကျောတွင် ရွှဲရွှဲစိုနေသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်း တစ်ခုထဲတွင် တရားနာသူ လူအုပ်က နီညိုရောင် သင်္ကန်းရုံထားသည့် ပုဂ္ဂိုလ်နှင့်အတူ ရွတ်ဆိုသံများက အိုက်စပ်သော လေထဲတွင် လွင့်ပျံနေသည်။
    ထိုမြင်ကွင်းသည် ငြိမ်းချမ်းသော မြင်ကွင်းဟု ထင်ရပါသော်လည်း ဦးဝီရသူ၏ ဟောကြားချက်များက အမုန်းတို့ဖြင့် မြည်ဟည်းနေသည်။ ''အခုအချိန်က အေးအေးချမ်းချမ်း ရှိမယ့်အချိန် မဟုတ်ပါဘူး'' ဟု ဘုန်းတော်ကြီးက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။
   

    Eleven Media

မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေ ရှယ်ယာ ပါပြီးသား…


Zaw Wann Maung

နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလားပဲ….
မြန်မာပြည်သားများ ခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။ မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင် တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက “ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပါလေရောလား???။

နောက် တစ်ခုရှိသေးတယ် “တန်ဖိုးနဲ အိမ်ယာ” ဆိုပြီး လုပ်လိုက်ကြတာ… ဆင်းရဲသားတွေ အနေနဲ့ ဘယ်လိုမှ မကပ်နှိုင်တာ သိတော့ “တန်ဖိုးမျှတအိမ်ယာ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပြန်ပါလေရောလား???....ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတိုးဝါးတားပါပဲ။

၈၈ အရေးအခင်းတုန်းက “ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်” “ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ” တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့ ဆန်တစ်ပြည် ထောင် ကျော်ပြီမို့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလားပဲ။
မြန်မာပြည် စီးပွားရေးလောကမှာအစိုးရ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတော့ အသံတာကြားရတာနဲ့တင် နားအရသာ ရှိလှပါတယ်။ ကိုယ်မပိုင်ရရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။

ဒါပေမဲ့ပေါ့လေ… ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ လွှဲ ပြောင်းပြီးသွားပြီ်။
ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်??? လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှခွဲဝေယူနေကြတာကိုး…..ဘာ့ကြောင့်များပါလိမ့်??? ပြန်လည်ဆန်းစစ်ကြည့်လိုက်တော့ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေ ရှယ်ယာ ပါပြီးသားဖြစ်နေတာကိုးဗျ…။
မြန်မာစစ်ဗိုလ်ချုပ်များက ဤသို့ ဤပုံ ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားကြတာလေ.. ။
ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြ တယ်။

သူတို့ဟာက မ.ဆ.လ ခေတ် ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တာဘဲ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်မှန်းမသိ။ ဘယ်လိုဘဲ မျက်စိရှင်အောင် ထားထား၊ မည်ကဲ့သို့ပင် အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ များပါတယ်။မဆလခေတ် ရုပ်ရုင်ရုံလက်မှတ် တန်းစီ သလိုပေါ့ဗျာ….

မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေး တွေ က တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူပြနှိုင်တယ်။အဲဒီတော့ အကြောင်းတစုံတရာ ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ ထောင်ထဲ ပို့လို့ရမယ်။ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေး တွေရဲ့ လုပ်ငန်း ကိုတော့ သိမ်းလို့ မရ။ အားလုံးက တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။ အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သောလှည့်ကွက်ပင် ဖြစ်ပါတယ်။သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။

ဥပဒေကသက်သေမရှိရင်အရေးယူလို့မရတဲ့ကျူးလွန်သူတွေ အတွက် ကာဗာတစ်ခုလိ ဖြစ်သွားပြီပေါ့၊ ဘယ်လောက်ခိုးခိုး သက်သေမရှိရင်တော့ ဥပဒေအရ၊ အရေးယူလို့မရဘူးပဲပေါ့၊ ဌာနဆိုင်ရာဝန်ထမ်းငယ် အယောက်တစ်သောင်း လက်ဘက်ရည်ကြေး၊ လိုင်းကြေး တောင်းတာ၊ မုန့်ဘိုးတောင်းတာ လာဘ်ယူတာထက် အကြီးအကဲ တစ်ယောက်ကဒေါ်လာသန်းချီ အဂတိလိုက်စားတာက ဘယ်ဟာပိုဆုံးရှုံးသလဲ အပြစ်ရှိသလဲဆိုတာ တွေးတတ်ကြမှာပါ။

ပုဂ္ဂလိကလုပ်ငန်းလူကြားကောင်းအောင် ပုဂ္ဂလိက ချပေးနေတယ်ဆိုတာကို သွားမယုံလိုက်ပါနဲ့။ အမှန်မှာတော့ ပုဂ္ဂလိက ချပေးနေခြင်း မဟုတ်ပါ။ နီးစပ်ရာကို အကျိုးတူ လုပ်ပိုင်ခွင့်များ ချပေးနေခြင်းသာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အဂတိ လိုက်စားနေရတာကို ကျောမလုံဘူးလေ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်သား/သမီးတွေ ရှယ်ယာပါတဲ့ ကုမ္ပဏီများ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကနာမည် တပ်ပေးလိုက်တဲ့အတွက် လွတ်လွတ်လပ်လပ်ကို စားချင်တိုင်း စားလို့ ရသွားတော့တာပေါ့။

မြန်မာပြည်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကြီးတွေဘဲ လုပ်နေကြတာမို့ အဲ့ဒီ ကိုယ်စားလှယ်ကြီးတွေ တင်သမျှ ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။ သူတို့က ပိတ်ချင်တဲ့ ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်ခဲ့ကြတာကိုးဗျ။
ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။
အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။ ပုဂ္ဂလိကတော့ ပုဂ္ဂလိကဘဲ။ ဒါပေမယ့် နီးစပ်ရာ ပုဂ္ဂလိက ဖြစ်နေတာကိုး။ အဲဒီလိုနဲ့ ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာရှအဆင်းရဲဆုံး နိုင်ငံ တနိုင်ငံဖြစ်သွားရတာပါပဲဗျာ….။

အစိုးရကပြုပြင်ပြောင်းလဲတယ်ဆိုတာတကယ်မပြောင်းလဲပဲပြောင်းလည်းတယ်လို့နာမည်ခံချင်တာ လား၊ ပြုပြင်ပြောင်းလဲတယ် ဆိုတာကို လိုချင်တာ လား၊ ပြုပြင်ပြောင်းလည်းပါတယ် လို့သူများက မြင်တာ တော့ ခံချင်နေတာကျတော့ တပိုင်းကိုသေနေတာပဲ၊ ၂၀၀၈အခြေခံဥပဒေ ၄၄၅ မှာနအဖကို အခုအစိုးရက ဆက်ခံတယ် ဆိုတာကဘာကိုဆက်ခံတာလဲ? တာဝန်ခံတာလား၊ခေါင်းခံတာလား၊ဘာပဲပြောပြောဆက်ခံတယ်ဆိုရင် အရင်အစိုးရ (သူတို့အပြော) ကလုပ်ခဲ့သမျှ ကိစ္စ အရပ်ရပ်ကို တာဝန်ယူ ဖြေရှင်း ပေးရမှာပေါ့။ အခုဟာက ပြည်သူက ထောက်ခံ မဲ့လမ်းကိုကျတော့မရွေးချင်ဘူး၊ ပြုပြင်ပြောင်းလည်းပါတယ်လို့သူများကမြင်တာတော့ခံချင်တာ တပိုင်းကိုသေနေတာပဲ။

ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ လည်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့၉၀ရာခိုင်နှုန်းကခရိုနီတွေနဲ့သာသက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။တစ်သက်လုံးအညွန့်ခူး၊ အခွင့်ထူးခံယူ၊ အခွန်လုံးဝမဆောင်ဘဲ အခုအစိုးရ ခေတ်မှာလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ပြီး စီမံကိန်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ဆောင်ပြီး ဖြစ်ကြောင်းငွေဖြူမပြရုံသာမက၊ တင်သွင်းလာတဲ့ စက်ပစ္စည်းတွေအတွက် အခွန်လည်းမပေးရ၊ ၀င်ငွေခွန်လည်း ငါးနှစ်သက်သာခွင့်ရနိုင်တဲ့ အခွင့်အရေးလည်းရတယ်။ ဘယ်လောက်မမျှတပါသလဲ၊ တိုင်းပြည်ကို ဘယ်လောက်နစ်နာစေပါသလဲ။

အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။
အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။ ရန်ကုန်ရှိ လူအများစုမှာ စီးပွားရေး မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေကြရပါ တယ်။ အထူးသဖြင့် ၀န်ထမ်းများနှင့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အတော်ကျပ်တည်း ကြပါ တယ်။ ၀င်ငွေနှင့် ထွက်ငွေ မလုံလောက်ကြဘူး၊ တနေ့လုံး မနေမနား တစ်ဝမ်းတစ်ခါးကို ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူလူထုဟာ ညနေစောင်း အိမ်အပြန် ခရီးသည်တင် ကားတွေပေါ်မှာ “ခြေထောက်တစ်ချောင်း” ချခွင့်ရဖို့ ကားပေါ်လိုက်ပါခွင့်ရဖို့ သိန်းထီပေါက်တာထက် ခက်ခဲရတဲ့ကြားထဲ ဒုက္ခရောက်နေကြရတာကိုလဲ တွေ့မြင်နေရပါတယ်။

နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားကြီးအတွင်း၌ ဆောင်ရွက်နေကြသော ပျက်စီးမှု အဝဝတို့၌ အသားကျနေကြသော ခေါင်ထက်၌ အတွင်းတွင် ပေါက်ထွက်နေသော အုပ်ချုပ်ရေး ယန္တယားကြီးကို လည်း အမြန်ဆုံး ပြုပြင်ဖို့ရာ လိုအပ်ပါတယ်။အရိုးစွဲအောင် ကျင့်သားရနေကြတဲ့ လူလူချင်း ခေါင်းပုံဖြတ် မတရားအမြတ်ရှာတဲ့ စီးပွားရေး စနစ်ဆိုး နိုင်ငံတော်စီးပွားရေးမှန်သမျှ လက်ဝါးကြီးအုပ်ထားတဲ့ စနစ် ကို ဖျက်ပြီး ပြည်သူ့စီးပွားရေးစနစ် ဖြင့် အစားထိုးရပါမယ်။အဲဒီလို ပြည်သူ့ စီးပွားရေး စနစ်ကို အစားထိုးရာတွင်လည်း အုပ်ချုပ်သူလူတန်းစားများနှင့် အာဏာရ အသိုင်းအဝန်း လက်ဝါးကြီးအုပ် စီးပွားရေးဦးပိုင်စနစ် နှင့် တိုင်းသူပြည်သားတို့ရဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာကို အမြစ်ကလှန်ပြီး ပြောင်းလဲဘို့လိုပါတယ်။

ဇော်ဝမ်းမောင်….

ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း



    ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီဟာ ဆန္ဒမဲရာခိုင်နှုန်း တော်တော်များများနဲ့ အနိုင်ရလာခဲ့တာကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒီလို အနိုင်ရလာတာဟာ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကပဲ တော်လို့ လား၊ ပြည်သူတွေကပဲ သူတို့ကို အမှန်တကယ် ယုံကြည်ခဲ့လို့လား ဆိုတာကတော့ အထူးစဉ်းစားစရာမလို။ NLD မပါဝင် သည့် ရွေးကောက်ပွဲဖြစ်သဖြင့် ကြံ့ဖွံ့အနေဖြင့် ၂၀၁၀ တွင် အနူတောမှ လူချောဖြစ်တာက ငြင်းစရာမရှိ။ ထို့အပြင် ကြံ့ဖွံ့ပါတီ ၂၀၁၀ ခုနှစ်တွင် အမတ်နေရာအများစု နေရာရခဲ့ခြင်းမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထား သောကြောင့် ဆိုသည့်အချက်ကိုတော့ မည်သူမှ မငြင်းနိုင်။ ယခင် နအဖ အစိုးရက ကြံ့ဖွံ့ပါတီ ရုံးစိုက်ရာ မြေနေရာ မှ အဆောက်အဦ၊ ပရိဘောဂမျိုးစုံအထိပင် ပြင်ဆင်ပေးခဲ့သည့်အပြင် ဒေသခံ စစ်တိုင်းမှူးများ၏ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံးပေးခဲ့ခြင်းကလဲ ကြံ့ဖွံ့ပါတီအနိုင်ရရှိခြင်း၏အဓိကအကြောင်းတစ်ခုပင်ဖြစ်ပါသည်။
    ကြံ့ဖွံ့ကိုယ်စားလှယ်ဟောင်းများ၏ အရည်အချင်းမှန်အား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ထင်ထင် ရှားရှား တွေ့လာရတော့သည့် မဲန္ဒနယ် (၄၂) ခု ရှိသည့်အနက် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့် မဲဆန္ဒနယ် တစ်နေရာကလွဲ၍ ကျန်သည့် မဲဆန္ဒနယ်အားလုံးတွင် ခွက်ခွက်လန် ရှုံးနိမ့်သွားခြင်းက ကြံ့ဖွံ့ပါတီနှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အရည်အချင်းက ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အကယ်၍ ဒီ ၂၀၁၀ တွင် ပြည်သူတို့၏မဲဆန္ဒအတိုင်း၊ ပြည်သူ့ဆန္ဒအတိုင်း ကြံ့ဖွံ့ပါတီရွေးချယ်ခံခဲ့ရခြင်းမှန်ကန်ခဲ့ပါက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ခွက်ခွက်လန် ရှက်ဖွယ်လိလိ ရှုံးစရာအကြောင်းမရှိပေ။
    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီ ဘာကြောင့် ခွက်ခွက်လန် ရှုံးခဲ့ရပါသလဲ။ ယခင် နအဖ လက်ထက်က စနစ်တကျ ဖွဲ့စည်းပေးလိုက်သော ကြံ့ဖွံ့ပါတီကြီးသည် အာဏာရပြီး အချိန်တိုအတွင်းမှာပင် ပါတီ ၀င်များအချင်းချင်း ခေါင်းဆောင်ပိုင်းတွင် မညီမညွတ်ဖြစ်လာသည်။ သမ္မတအစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများ အကြား အက်ကြောင်းများ ထပ်လာသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်သူနှင့် ၀န်ကြီးမဖြစ်သူ နေရာမရသူများအကြား ခွက်စောင်းခုတ်လာကြသည်။ အချင်းချင်းမညီညွတ်တော့ဘဲ တစ်ဦးနှင့်တစ်ဦး ဖော်ကောင်လုပ်လာသည်။ သမ္မတက နိုင်ငံကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌက သမ္မတ လုပ်ရကိုင်ရခက်အောင် ထိုးနှက်တိုက်ခိုက်လာတာကို တွေ့မြင်လာရပါတယ်။ နိုင်ငံ စီးပွားရေး နလန်မထူနိုင်သေးခင်မှာတင် ၀န်ထမ်း များ လစာတိုးအောင် ပြည်သူ့လွှတ်တော်ဥက္ကဌမှ သမ္မတအား ဖိအားပေးခြင်း၊ ထို့အပြင် အခြားသော အတွင်း ကြိတ်ပုန်း ပြဿနာများကိုလည်း တွေ့လာရပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၀ ခုနှစ်အတွင်း ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်အများစုမှာ စစ်တပ်မှ အသွင်ပြောင်းလာသော စစ်ဗိုလ်ချုပ်များဖြစ်ပြီး ၎င်းတို့အနေဖြင့် အရွေးချယ်ခံ ရမှာ သေချာသည်ကို သိရှိနေသည့်အတွက် ပြည်သူလူထု အခက်အခဲနှင့်ပတ်သက်ပြီး ကူညီဖြေရှင်း ပေးတာမရှိပေ။ ဒါ့အပြင် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ချိန် ပြည်သူနဲ့ထိတွေ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေကို လုံးဝလှည့်မကြည့်တော့ပါ။ ဒါကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတစ်ခုလို့ ဆိုချင်ပါတယ်။
  
ဒါ့အပြင် ယခင်က ကြံ့ဖွံ့ပါတီကြီးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ခြေပုန်းခုတ်နေတဲ့ ပြဿနာတွေဟာ အစောပိုင်းမှာတော့ ဦးရွှေမန်းဘက်က မှန်နေတယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးရွှေမန်းရဲ့ အလွန်ဖြစ်လာတာကို သတိ ထားမိလာပါတယ်။ ဦးရွှေမန်းအနေနဲ့ ယခင် နအဖအစိုးရလက်ထက်က နိုင်ငံအဆင့် နံပါတ်(၃) နေရာမှာ ရှိတဲ့သူ တစ်ယောက်ပါ။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နားသွားတဲ့အချိန်မှာ အစိုးရသစ်မှာ သူကလွဲပြီး သမ္မတဖြစ်မဲ့သူမရှိလို့ ယူဆခဲ့ရပေမဲ့ တကယ်ဖြစ်လာတော့ သူ့ထက်တစ်ဆင့် ငယ်တဲ့ သူက သူ့ကို ကျော်တက်သွားတဲ့အတွက် သူ့မှာ ခံစားချက်ရှိပုံ ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ ကတည်းက အစိုးရအဖွဲ့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးလာတာကို သတိထားမိလာပါတယ်။ အခုတော့ နောက်ဆုံး အနေနဲ့ ဦးရွှေမန်းတစ်ယောက် သွေးရူးသွေးတန်းလုပ်ရပ်အချို့ လုပ်လာတာကို တွေ့လာရပါပြီ။ သမ္မတဦးသိန်းစိန် အမေရိကား က ပြန်ရောက်လို့ မကြာသေးခင်မှာပဲ အမေရိကားကို ခရီးနှင်ဖို့ ပြင်ပါတော့တယ်။ အမေရိကား ရောက်တော့ အမေရိကန်အကြိုက် ပြောဆိုခဲ့တာတွေ၊ အမေရိကန်ကို အထင်တကြီးနဲ့ စကားပြောဆိုခဲ့တာတွေဟာ တစ်ချိန်က Internet မှာ နာမည်ကြီးခဲ့တဲ့ နအဖအစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ဖိုင်တစ်ခုထဲက မြောက်ကိုရီးယားကို သွားခဲ့တဲ့ ဦးရွှေမန်း ဟုတ်ရဲ့လားလို့တောင် မထင်မှတ်စရာပါပဲ။ ဒါ့အပြင် အမေရိကန်ရောက်တုန်း ၉၆၉ အဖွဲ့တွေ ကို အရေးယူမယ် ပြောခဲ့လို့ ဗုဒ္ဒဘာသာဝင်နိုင်ငံသားတွေရဲ့ စိတ်ကို ဆွပေးသလို ဖြစ်စေခဲ့တဲ့အပြင် ၉၆၉ အဖွဲ့ကို အကြမ်းဖက်သမားလို့ ကမ္ဘာကတောင် ထင်သွားစေပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်၊ ဖြစ်နိုင်ရင် သမ္မတထက် ပိုမြင့်တဲ့ရာထူးရှိရင် လိုချင်တယ်ဆိုတဲ့ စကားတွေကြောင့် ဦးရွှေမန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ ကြားမှာ တော်တော်လေး မကျေမနပ် ဖြစ်လာကြတာကို တွေ့လာရပါတယ်။ ဦးရွှေမန်းကို ဘယ်လောက်အထိ ချစ်ကြလဲဆိုရင် သမ္မတထက်မြင့်ချင်ရင် ဘုန်းကြီးဝတ်လိုက်လို့ ဆိုသူကတစ်မျိုး၊ သမ္မတထက်မြင့်ချင်ရင် ဦးသိန်းစိန် မိန်းမလုပ်လိုက် ဆိုသူကတစ်ဖုံ၊ Online မှာ အမျိုးမျိုးဝေဖန် ပြောဆိုလာကြတာကိုလဲ တွေ့လာရပါတယ်။ ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာကို ရသွားလို့လားတော့ မသိဘူး၊ ဦးရွှေမန်း တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ ဦးရွှေမန်း အခုလို အမေရိကား မှာ ပြောကြားတဲ့စကားတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခံယူချက်လား၊ ပါတီရဲ့ မူဝါဒလားတော့ ကွဲကွဲပြားပြားမသိရပါ။ ကြံ့ဖွံ့ ဗဟိုကော်မတီဝင်အချို့ကလည်း ဦးရွှေမန်း အခုလို အမေရိကားခရီးစဉ်မှာ ပြောချင်တာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီခေတ်မှာ ပါတီဝင်တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အခြားသောပါတီဝင်များ၏ သဘောထားကိုမရယူဘဲ မပြောဆိုသင့်ဘူးလို့ ဝေဖန်ပြောဆိုနေကြသူများလဲ ရှိပါတယ်။ ဒါပေမဲ့ သူစိတ်ကြိုက်ခန့်ထားတဲ့ ကြံ့ဖွံ့ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦး ကတော့ ကြံ့ဖွံ့ပါတီအနိုင်ရရင် ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမယ်လို့ ပြောလိုက်သေးပါတယ်။
    ဦးဌေးဦးရဲ့စကားကရော ပါတီကသဘောတူရဲ့လားတော့ မသိ၊ အခုပါတီအတွင်းမှာ ဦးရွှေမန်းကို ထောက်ခံ သူနဲ့ ကန့်ကွက်သူတွေရဲ့ အက်ကြောင်း ဇာတ်လမ်း မကြာခင်ကြားရပါတော့မယ်။ အချို့သော ပါတီကိုယ်စားပြု ပြောရမဲ့စကားများဟာ ပါတီဗဟိုကော်မတီဝင်များတောင်မသိဘဲ ထိပ်ပိုင်းကလူတွေပဲ ဒီမိုကရက်ဆန်ဆန် ပြောချင်တိုင်း ပြောနေကြကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။ ဦးရွှေမန်း အမေရိကန်ခရီးစဉ်အတွင်း ပြောဆိုခဲ့ သည့် လိုအပ်ပါက NLD ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ် ဆိုတဲ့စကားကလဲ ဦးရွှေမန်းရဲ့ တစ်ဦးထဲ သဘောထား ဖြစ်မည်ဟု ယူဆနိုင်သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ပါတီအနေဖြင့် ဘာမျှ သိရှိထားခြင်းမရှိသေးကြောင်း ဗဟိုကော်မတီဝင်တစ်ဦးမှ ဆိုပါတယ်။ သို့သော် ဦးရွှေမန်းက ပြောပြီးရက်ပိုင်း အတွင်းမှာပင် NLD မှ ဦးဝင်းတင်က ၂၀၁၅ တွင် NLD အနိုင်ရပါက ကြံ့ဖွံ့နှင့်လက်မတွဲနိုင်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဦးရွှေမန်း အနေဖြင့် ရှက်တတ်ရင် ကိုယ့်ဂွေးကိုယ်ထု၍သာ သေလိုက်ဖို့ကောင်းသေးသည်။
    အမေရိကန်ခရီးစဉ်အတွင်း ၉၆၉ အား အရေးယူမည်ဟု ပြောဆိုခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ဒီမိုကရေစီအစိုးရ လက်ထက်မှာ အကောင်းမြင်ပြီး ကိုယ့်လူမျိုး ဦးစားပေးမလား၊ မျှမျှတတ ဆက်ဆံမလားလို့ မျှော်လင့်ခဲ့တယ်။ အခု ဦးရွှေမန်းကိုယ်တိုင် အခုလို ပြောလေတော့ နောင် နှစ် ၁၀၀ ကျော်ရင် မြန်မာတွေ လူရုပ်တောင် ပေါ်မှာမဟုတ်တော့ဘူး။ နိုင်ငံ၊ လူမျိုး၊ သာသနာအတွက် ရင်လေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
    ခြုံပြီး သုံးသပ်ရရင်တော့ ဦးရွှေမန်းတစ်ယောက် ကိုယ်ပိုင်အရည်အချင်းနှင့် မရပ်တည်နိုင်တော့သဖြင့် ဒေါ်စု ထမီနားခိုကာ လူထုထောက်ခံမှုရအောင် ကြိုးစားနေတာ ပိုပြီးပီပြင်လာတာကို တွေ့မြင်လာရပါတယ်။ အဲဒီလုပ်ရပ် က ယိုသူမရှက် မြင်သူကတော့ ရှက်စရာဘဲ။ တကယ်တန်း ဦးရွှေမန်းလုပ်ရဲရင် ကြံ့ဖွံ့ပါတီကထွက်ပြီး သီးခြားပါတီ တစ်ခု ထောင်ပြီး ၂၀၁၅ မှာ အရွေးခံလိုက်ပါလို့ ပြောကြားလိုပါတယ်။ ဒီအခြေအနေနဲ့ ဒီမြေ ဒီရေမှာ ဒီခေါင်းဆောင် ဒီလူတွေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ပါတီဝင်ဟောင်း (၂)သန်းကျော် ရှိပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီ ဟာ ၂၀၁၅ မတိုင်ခင် ဒီမှာပဲ ရေစုန်မျောသွားတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။

ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး

မိန်းမ အသံဖြင့်ငိုကျွေးသောငှက်ပျောပင်

r

Moses Naing's video.
Jun 16, 2013 10:24pm
ကလန်းဒန်း အောက်ပိုင်းတွင် ငှပ်ပျောပင်တပင်မှ ၅ဖူးထွက်ရာ ၂ဖူးကို ခုတ်ဖြတ်ခဲ့ကြရာမှ ၎င်းသက်မဲ့ငှက်ပျောပင်သည်မိန်းမ အသံဖြင့်ငိုကျွေးလာသည် ။
ယခုတိုင်ငိုကျွေးသောကြောင့်တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက ၀င် ထွက်မပြုရန် ထိုအပင်အား စောင့်ကြည့်နေကြသည်။