Saturday, June 22, 2013

အရှိန်လေးရှိတုန်းကန့်ကွက်သင့်တယ်



အရှိန်လေးရှိတုန်းမြန်မာပြည်ကအစ္စလာမ်အမျိုးသမီးတွေလဲမျိုးစောင့်ဥပဒေ
ကိုကန့်ကွက်သင့်တယ်...မြန်မာပြည်မှာနေတာပဲ..အမျိုးသမီးအခွင့်အရေး
ရှိရမှာပေါ့....ဟုတ်ဘူးလား.....။

ဗန္ဓုလကျတော့ အောက်မြန်မာပြည်ရ.. ကနောင်ကျတော့ အထက်မြန်မာပြည်ရ...
...........................
၂၀၁၅အထိမကျရင် သူသမ္မတဖြစ်ပြီ၊

မွတ်တွေ က မြန်မာပြည်သိမ်းတော့မှာ....တဲ့...

အဲ့သတင်းဘယ်မှာဖတ်ရမလဲ.....။

သိသလောက်တော့ဟိုနားဗုံးခွဲ...ဒီနားဗုံးခွဲလောက်ပဲလုပ်နိုင်တာတွေ့ပါတယ်။။

အယ်ကားရီးဒါးလဲနေတိုး(မင်းသားမဟုတ်ပါ)လက်ချက်နဲ့ယဲ့ယဲ့ပဲကျန်ပါတော့တယ်။

ဘယ်မွတ်ကလာသိမ်းမှာလဲမြန်မာပြည်......။

ဖြေးဖြေ့းညင်ညင်သာသာလေးသွားပါ။

ဝုန်းဝုန်းကြီးမလုပ်ပါနဲ့....

ရင်တုန်လွန်းလို့ပါ။

(မြန်မာပြည်အနှံ့ပြန့်နှံ့သော တရားမ၀င်ဘဂါင်္လီနှင့်တရုတ်များကိုရှာဖွေ
စိစစ်အရေးယူရန်မှာ ၉၆၉ တာဝန်မဟုတ်။အစိုးရတာဝန်သာဖြစ်သည်။)

ချော်လဲရောထိုင်ရူးချင်ယောင်ဆောင်မနေနဲ့...
ဘင်္ဂလီ၅သိန်းဝိုက်ကတ်ထုတ်ပေးပြီးမှလွှတ်တော်ထဲ၃ယောက်လောက်
လိုချင်ခဲ့တဲ့မဟာစီမံကိန်း....ကိုယ့်အထုပ်ကိုယ်ရှင်း။။။။

ဟိုမှာကျော်ဟိန်းလုပ်တော့မယ်ပြောနေပြီ.....




ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း


RFA Burmese
2 hours ago


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ဇွန်လ ၂၂ ရက်နေ့စပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာပါတဲ့ ဝန်ကြီးတာဝန်ယူထားသူတွေကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ အစည်းအဝေးမှာ ချပြခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။

လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း စတဲ့ ဝန်ကြီးတွေလည်းပါသလို သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့လည်း ခေတ္တပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်ကနေ ရပ်ဆိုင်းခံရတဲ့အထဲ ပါနေတာပါ။

ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့အမေရိကန် ခရီးစဉ်အတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့ ပါတီအစည်းအဝေးမှာ ပြန်လည်ရှင်းပြဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးမှာ PR စနစ်လို့ ပြောနေကြတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (Proportional Representation) စနစ်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေး ကျင်းပနေစဉ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေ ဝင်ရောက်သတင်းယူခွင့် ခွင့်မပြုပဲ လာမယ့်တနင်္လာနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

တကောင်းမြို့နယ်ခွဲက အထကကျောင်းမှာ ကောလာဟလတွေ ပျံ့နှံ့

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအား The Daily Eleven သတင်းစာမှ မေးမြန်းလိုသည့် မေးခွန်းများ




၁။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်က ဘင်္ဂါလီများအား ထုတ်ပေးခဲ့သော ယာယီ သက်သေခံ လက်မှတ် (White Card) ငါးသိန်းကျော်ကို မည်သည့် စံနှုန်းများဖြင့် စိစစ်ထုတ်ပေးခဲ့ပါသလဲ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ သတ်မှတ်ချက် စံနှုန်းများဖြင့် စိစစ်ခဲ့ခြင်း ရှိမရှိ။

၂။ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆ တွင် ''ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားရာ ယာယီ သက်သေခံ လက်မှတ် (White Card) ထုတ်ပေးခြင်းသည် ရွေးကောက်ပွဲ မဲပေးနိုင်သည့် အတွက် ယာယီသက်သေခံ လက်မှတ် ထုတ်ပေးခြင်းကို မည်သည့်အမိန့် မည်သည့် သတ်မှတ်ချက်များဖြင့် မည်သို့ ထုတ်ပေးသည်ကို သိရှိလိုပါသည်။

၎င်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ မဲပေးပိုင်ခွင့်ဟူသော တန်ဖိုးအရှိဆုံး အခွင့်အရေးမှာ ဧည့်နိုင်ငံသားများ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင်ခွင့် ရသူများနှင့် တန်းတူဖြစ်ပွားခဲ့ရာ မဲပေးခွင့်ရှိသူ ပြည်သူ သန်းပေါင်းများစွာ အခွင့်အရေး နစ်နာဆုံးရှုံး ခဲ့ရပါသည်။ အကယ်၍ ၂၀၁၅ တွင် ၎င်းဥပဒေ ဆက်ရှိပါက ၁၉၈၂ နိုင်ငံသား ဥပဒေမှာ စက္ကူစုတ်သာသာ ရှိသွားမည် ဖြစ်သည်။ ယခု ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ပြဿနာသည် နိုင်ငံအတွက် နစ်နာစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ရာ ပြဿနာ၏ အစမှာ ၎င်း (White Card) ငါးသိန်းဖြစ်ရာ တာဝန်အရှိဆုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ ဖြေရှင်းရန် စီစဉ်ထားသည်ကို သိလိုပါသည်။ ယင်းပြဿနာ အတွက် ယခင်အစိုးရ လက်ထက်တွင် ဒုတိယ တာဝန်အရှိဆုံး ပြည်ထဲရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သော ယခုဝန်ကြီး ဦးခင်ရီ အနေဖြင့် (White Card) များအား တရားဝင် အသိအမှတ်ပြုရန် (သို့) ဘင်္ဂါလီ လူမျိုးများအား မဲပေးခွင့် တစ်နည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါသည်။ ၎င်းမေးခွန်းမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ပြုပြင်ခြင်း မပြုပြင်ခြင်းထက် များစွာ အရေးပါကြောင်း သိသာအပ်ပါသည်။

၃။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ (White Card) ထုတ်ပေးရာတွင် လာဘ်ပေးလာဘ်ယူမှု ရှိမရှိ သိရှိလိုပါသည်။

http://www.first-11.com/local/20308-လူဝင်မှုကြီးကြပ်ရေးနှင့်-ပြည်သူ့အင်အား-၀န်ကြီးဌာနက-အစိုးရ-သတင်းစာမှတစ်ဆင့်-ရှင်းလင်းချက်နှင့်-ပတ်သက်၍-the-daily-eleven-သတင်းစာ၏-ရှင်းလင်းချက်

ဆရာတော် ဦးဝီရသူ "လောကအလင်း ကျူရှင်ကျောင်း ဖွင့်ပွဲကျင်းပမည်"



Wira Thu

************************************
ဆရာတော် ဦးဝီရသူ တည်ထောင်သော လောကအလင်း ပညာဒါနကျူရှင်ကျောင်းကို မနက်ဖြန်(23.6.2013) ရက်နေ့ (နယုန်လပြည့်-တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ပါသည်။
2012-2013-ပညာသင်နှစ်တွင် (၄၉)ယောက်ဖြေဆိုရာ (၁၅)ယောက်အောင်မြင်ခဲ့ပြီး၊ တစ်ဘာသာ ဂုဏ်ထူးရသူ တစ်ယောက်ပါဝင်ခဲ့သည်။
2013-2014- ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ(၁၅၀ မှ ၂၀၀)ထိ လက်ခံသင်ကြားပေးဖို့ရှိပြီး၊ ယ္ခုအချိန်ထိ ကျောင်းသား ကျောင်းသူ(၇၈)ယောက်စာရင်းပေးသွင်းထားပြီးဖြစ်သည်။
Repeaterနှင့် Fresher နှစ်တန်းလုံး နေ့ရောညပါ ဂိုက်ဆရာ /ဆရာမများပါဝင် သင်ကြားပေးကြမည် ဖြစ်သည်။
သတင်းထောက်များ လာရောက်သတင်းရယူနိုင်ကြောင်း သိရသည် ။
နေရာ -----မဟာဣန္ဒကာလင်္ကာရကျောင်း၊ ကျန်စစ်သားလမ်း၊ ၅၂×၅၃ လမ်း၊ မမရပ်ကွက်၊ မြရည်နန္ဒာ၊ ချမ်းမြသာစည်မြို့နယ်။
အချိန် ----- မနက် ၉း၀၀ ။

ဟိန္နူပဲကျန်တော့တယ်လိုက်ရှာလိုက်အုံး Time ရေ

(ဆရာတော် ဦးဝီရသူ၏ Time မဂ္ဂဇင်းသို့ ရေးသောစာ)


"မင်္ဂလာပါ TIME မဂ္ဂဇင်း"
^^^^^^^^^^^^^^^
ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးသတင်းဓာတ်ပုံအဖြစ် ဖော်ပြခံရလို့ ဂုဏ်ယူလို့မဆုံးပါဘူး။

အင်္ဂလိပ်တွေဟာ အောက်မြန်မာပြည်ရဖို့အတွက် ဗန္ဓုလကိုတိုက်ခဲ့တယ်။ ဗန္ဓုလကျတော့ ရန်ကုန်ရပြီလို့ ကြွေးကြော်ခဲ့ကြတယ်။

ကနောင်ကျမှ မန္တလေးရမှာဆိုပြီး ကနောင်ကို လုပ်ကြံကြပြန်တယ်။ ကနောင်လည်းကျရော မန္တလေးရပြီလို့ ကြွေးကြော်ခဲ့ကြပြန်ပါတယ်။

မြန်မာပြည်ကိုရဖို့အတွက် ဝီရသူကျအောင် တိုက်နေကြတာပါ။ မြန်မာပြည်ရဖို့အတွက် ငွေကြေး၊ လက်နတ်၊ နည်းပညာ၊ လူအင်းအား၊ အကြံအဉာဏ်အင်းအားတွေနှင့် ဘက်ပေါင်းစုံဖော်ဆောင်နေတဲ့ မူစလင်ခြေလှမ်းတွေကို အမြဲတမ်းဖွင့်ချနေတဲ့ အမျိုးသားရေးဝါဒီ ဝီရသူကို ရန်သူတော် နံပါတ်(၁)စာရင်းသွင်းပြီး ပစ်မှတ်ထား တိုက်ခိုက်နေပေမယ့် ဝီရသူကတော့ မတုန်လှုပ်ဘူးဗျ။

ဝီရသူကျသွားတောင် ဝီရသူရဲ့ ဝိညာဉ်တွေက မြန်မာပြည်ကြီးနှင့် တိုင်းရင်းသားညီအကိုမောင်နှမတွေကို စောင့်ရှောက်နေဦးမှာဗျ။ မြန်မာပြည်ဟာ ဘယ်တော့မှ ကုလားပြည်မဖြစ်စေရဘူး စိတ်ချ။

မီဒီယာဖိအားလောက်နဲ့တော့ ဝီရသူခြေလှမ်းတွေကို ရပ်တန့်အောင် တုပ်နှောင်မှာမဟုတ်ဘူး စိတ်ချ။

ကျော်ဟိန်းကောင်းစားဖို့အတွက် အံ့ကျော်မိုက်ပြနေတာလို့ပဲ မှတ်ထင်မိပါတယ် TIME မဂ္ဂဇင်းကြီးရယ်။

ဦးပဉ္စင်း

အမျိုးသားရေးဝါဒီ ဝီရသူ

(21.6.2013-PM 11:35)
_____________________________

Wira Thu ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။