Monday, June 24, 2013

မလေးရှား နှင့် ထိုင်းနယ်စပ် မြန်မာများ အဆောင်ကိုမီးတင်ရှို့

Aprils Kyaw's photo.

ထူးခြားသတင်း
Gua Musaung နှင် ကီလိုမီတာ၂၃၀ခန့်ဝေးသော
မလောရှား နှင့် ထိုင်းနယ်စပ်
ရွာတရွာရှိ Overstay မြန်မာများ
်အဆောင်အား ရိုဟင်ဂျာများနှင့် မလေးနိုင်ငံသားအိန္ဒိယများက
ငုင်းမြန်မာများအပြင်သွားနေစဉ်
အိမ်ကိုမီးတင်ရှို့နေပုံ
သတင်းအပြည်စုံကိုဌာနဆိုင်ရာမှဝင်ရောက်ယူငင်ခြင်းကိုတားမြစ်ထားသဖြင့်
ဓာတ်ပုံဖြင်ပနာမမိတ်ဆက်ထားပါရစေဦးဗျာ
စိုင်းအေပရယ်မိုး

ထူးခြားသတင်း
Gua Musaung နှင် ကီလိုမီတာ၂၃၀ခန့်ဝေးသော
မလေးရှား နှင့် ထိုင်းနယ်စပ်ရွာတရွာရှိ Overstay မြန်မာများ
အဆောင်အား ရိုဟင်ဂျာဘင်္ဂါလီများနှင့် မလေးနိုင်ငံသားအိန္ဒိယများက
ငုင်းမြန်မာများအပြင်သွားနေစဉ်အိမ်ကိုမီးတင်ရှို့နေပုံ
သတင်းအပြည်စုံကိုဌာနဆိုင်ရာမှဝင်ရောက်ယူငင်ခြင်းကိုတားမြစ်ထားသဖြင့်
ဓာတ်ပုံဖြင်ပဏာမမိတ်ဆက်ထားပါရစေဦးဗျာ

မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ကိစ္စများကြောင့်
မလေးရှားရဲများက မြန်မာ Overstay များကို နေအိမ်အဆောင်ရောက်ဝင်ဖမ်းနေပုံ
ပုံတွငါပြထားတာကတော့ Kualumpur မြို့ရှိ ချင်းတိုင်းရင်းသားများ၏ overstay အဆောင်တွင်ဝင်ရောက်ဖမ်ဆီးပြီး ကျန်ရစ်သူမိသားစုများကပြန်လွှတိပေးရန်တောင်းဆိုနေပုံ

စိုင်းအေပရယ်မိုး
— with Nwe Nwe and 53 others.

<
Photo: သတင်းထူး

မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ကိစ္စများကြောင့်
မလေးရှားရဲများက မြန်မာ Overstay များကို နေအိမ်အဆောင်ရောက်ဝင်ဖမ်းနေပုံ
ပုံတွငါပြထားတာကတော့  Kualumpur မြို့ရှိ ချင်းတိုင်းရင်းသားများ၏ overstay အဆောင်တွင်ဝင်ရောက်ဖမ်ဆီးပြီး ကျန်ရစ်သူမိသားစုများကပြန်လွှတိပေးရန်တောင်းဆိုနေပုံ

စိုင်းအေပရယ်မိုး

စိုင်းအေပရယ်မိုး

အင်းစိန်ရွာမ ညီလာခံသို့ ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်

“အွန်လိုင်းပရိသတ်ကြီး မင်္ဂလာပါ”
by Wira Thu (Notes) on Monday, June 24, 2013 at 12:49pm

          TIME-မဂ္ဂဇင်းပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ ပြည်သူအများ၏ အားပေး စကားများကြောင့် ဦးပဉ္စင်းဝီရသူ ပို၍ပင် အားရှိ အားပြည့် သွားပါပြီ။ သည်အတွက် အထူးပင် ကျေးဇူးတင် မိပါသည်။
          ဦးပဉ္စင်းငယ်စဉ် ကျောင်းသားဘဝက တော်လှန်ရေးတရုတ်ဇာတ်ကား ကြည့်ခဲ့ဖူးပါသည်။ တီလုံးနှင့် တော်လှန်ရေး လူငယ်အနဲစုလေးက အင်အားသောင်းချီရှိသည့် ရန်သူများကို ခုခံကာကွယ်နေသည်ကို မကြည့်ရက် မမြင်ရက်သော ဒေးဗစ်ချမ်းက အားနည်းသူ တီလုံးဘက်မှ ဝင်ရပ်တည်လိုက်သည့် အခါ ရန်သူများ ကျဆုံးသွားကြပါသည်။
          ဦးပဉ္စင်းဝီရသူကို TIME-မဂ္ဂဇင်းလို လက်နက်ကြီးဖြင့် အနိုင်ကျင့် စော်ကားသည်ကို မကျေနပ်ကြသော ကြောင့် မဖြစ်ဖူးမြဲ၊ ထူးခဲဖြစ်စဉ်တစ်ရပ် အနေဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းသံဃာတော်များ၊ ပြည်သူ ပြည်သားများ ညီညွှတ်စည်းလုံးနိုးကြား တက်ကြွလာသည်မှာ မည်သည့် ခေတ်နှင့်မျှ မတူပါ။ ကြည်ညိုလေးစား အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ ဒေးဗစ်ချမ်းများ ပေါ်လာပြီး၊ အမျိုးသားလုံခြုံရေး လှုပ်ရှားမှု အောင်တော့မည်ဟုပင် ခံစားမိပါသည်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပေးကြသော သတင်းမီဒီယာ အားလုံးနှင့် အွန်လိုင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။
          ဓမ္မဘက်မှ ရပ်တည်ပေးသော သမ္မတရုံးကြေညာချက်ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။
          အငိုသန် အချွဲသန်သူတို့၏ ငိုပြ ချွဲပြသည်ကို အဟုတ်ထင်နားယောင်ကာ ကျောင်းပေါ်ထိတက်၍ စော်ကားခဲ့သော Hannah Beech-သူငယ်မခမျာ သနားစရာကောင်းလှပါသည်။ ဦးပဉ္စင်းကတော့ မေတ္တာ မပျက်ပါ။
          ၂၇-၆-၂၀၁၃-ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ရွာမ ညီလာခံသို့လည်း ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ မည်သည့်ခေတ် မည်သည့်အခါနေ့မျှ မတူသော သံဃာထု လူထု၏ စည်းလုံးညီညွှတ် မှုကို ဖူးမြင်ကြည်ညိုရမည် ဖြစ်ပါသည်။

                                                    အမျိုးသားရေးဝါဒီ
                                                         ဦးပဉ္စင်း
                                                     ဝီရသူ(မစိုးရိမ်)
                                                     ၂၄-၆-၂၀၁၃

တော်ဝင်ဆုထူးပန်တာဝါ ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့ အပြန်အလှန်ရှင်းလင်း

Created on Monday, 24 June 2013 06:14
dwwws-june24
ဇွန် ၂၃ ရက်က အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေမှ ရှင်းလင်းနေစဉ်
တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။
"အန်တီဝါပိုင်တဲ့ မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက်အအုံ) ဆောက်ဖို့ Father Land ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့ အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ စရန်ငွေကျပ်သိန်း ၁၀၀၀ ပေးတယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀ ထပ်ပေးခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကိုလည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။ သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်းကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။  ဒါပေမဲ့ ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁ ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။
"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန်တာဝါရှေ့ မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီနားမှာနေတဲ့ သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ဘာသာအရ လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲဆိုပြီး တွေးခဲ့တယ်။ နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။ နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။ သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ အင်းကွက်တွေချထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ အဲဒါနဲ့ နောက်တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင် လုပ်သလားလို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစားကြည့်ပါ။ ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။ အဲဒီမှာသူက ဒီအဆောက်အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။ အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ဆက်လက်ရှင်းပြခဲ့သည်။
လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ် ပေးချေထားသည့် ငွေများအား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ ဦးသန်းဋ္ဌေးမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍ ပြန်ပေးဖို့ သဘောတူညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း ၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေအဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ ဆက်လက်ရှင်းပြခဲ့သည်။
ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံသူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင် မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည် ဖြစ်သည်ကို အကြောင်းပြန်ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။
fatherland-june24
ဇွန် ၂၂ ရက်က Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှင်းလင်းနေစဉ်
"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့ ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့ ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်းအပ်နှံသူက ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန် ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့ သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါတယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို ရှောင်နေတယ်။ သူမတရားလုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။ ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့် အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့ ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့ တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန်တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ၂၄ နာရီအတွင်း ထွက်ခွာပေးရန် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 news-eleven.com

တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျ မြန်မာနှင့် ရှေးကပင်ရေစက်ရှိခဲ့ဘူးသည်

Myawady News
ဒီမို ဖက်တီး's photo.

တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျ မြန်မာနှင့် ရှေးကပင်ရေစက်ရှိခဲ့ဘူးသည်
===========================================
By Robert Elhose ၊ ဇွန်လ ၂၃၊ ၂၀၁၃။

ယခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘ့ာသိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။

အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီးအကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့်ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာသင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်ုး အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ "Cyclone Nargis in Burma" ဖြစ်သည်။

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယကြီး ဖြစ်သည့် နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူအကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ်ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန်ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

မုန်တိုင်းကြောင့်သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏ တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအားမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက်သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများစသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက်ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန်တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

ထိုသို့သော အခြေအနေသမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော်ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများအတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာပေးခြင်း ခံခဲ့ရသည်။

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူဖြစ်သည်။

(ရောဘတ်အယ်လ်ဟို့စ်)

===========================================
By Robert Elhose ၊ ဇွန်လ ၂၃၊ ၂၀၁၃။

ခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘ့ာသိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။

အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီးအကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့်ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာသင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်ုး အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ "Cyclone Nargis in Burma" ဖြစ်သည်။

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယကြီး ဖြစ်သည့် နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူအကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ်ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန်ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

မုန်တိုင်းကြောင့်သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏ တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအားမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက်သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများစသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက်ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန်တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

ထိုသို့သော အခြေအနေသမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော်ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများအတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာပေးခြင်း ခံခဲ့ရသည်။

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူဖြစ်သည်။

(ရောဘတ်အယ်လ်ဟို့စ်)

“သမ္မတရုံး ထုတ်ပြန်ချက်ကြောင့်U Wira Thu ဝမ်းမြောက်ဝမ်းသာဖြစ်ရ”

Wira Thu's status.

ဦးဝီရသူထံသို့- မိုးကုတ်မြို့၊ ဓမ္မရံသီဆရာတော် ဦးသုနန္ဒနှင့် မော်လမြိုင်မြို့၊ ဟိတဓရဆရာတော် ဦးဝိမလတို့ ကြွရောက်ကာ သမ္မတရုံး ထုတ်ပြန်ချက်ကြောင့် ရဟန်း၊ ရှင်လူ၊ ပြည်သူအများ စိတ်အေးသွားရကြောင်း ဝမ်းသာအားရ လာရောက်ပြောကြားကြသည်။
ယနေ့ 24.6.2013 ရက်နေ့ မနက် 9:00 နာရီတွင် လာရောက် ပြောကြားရာ- ဟိတဓရဆရာတော် ဦးဝိမလက “သမ္မတကြီးကို ကျေးဇူးတင်တယ်။ နောက်နောင်လည်း ဒီလိုပဲ အမြဲတမ်း စောင့်ရှောက်ပေးပါလို့ ပြောချင်တယ်။”ဟု လည်းကောင်း။
ဓမ္မရံသီဆရာတော် ဦးသုနန္ဒက “အနာဂတ်မြန်မာပြည်ဟာ သမ္မတကြီး လက်ထဲမှာပဲ ရှိပါတယ်။ သမ္မတကြီး ကျန်းမာပါစေ။”ဟု လည်းကောင်း ဆုတောင်းမေတ္တာ ပို့သသွားကြပါသည်။

Photo

သံရုံးသွားသည့်လမ်းခရီး မလုံခြုံသဖြင့် မလေးရှားရောက်မြန်မာအချို့ ပုန်းနေကြဆဲ

by Mizzima မဇ္ဈိမ (Notes) on Monday, June 24, 2013 at 1:58am

ကေဇင်ဦး | တနင်္လာနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၂၅ မိနစ်

နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် မလေးရှားရောက် မြန်မာများ မိခင်နိုင်ငံသို့ပြန်ရန် မြန်မာသံရုံးက ထောက်ခံပေးနေကြောင်း အစိုးရကပြောထားသော်လည်း သံရုံးသို့သွားသည့် ထိုလမ်းခရီးမလုံခြုံ၍ ပုန်းနေကြ သူများရှိနေကြောင်း မလေးရှားမှပြန်လာသူ ကိုဝေအောင်သိန်းကပြောသည်။

သံရုံးသို့လာသည့်မြန်မာများကို မလေးရှားရဲများကဖမ်းဆီးစစ်ဆေးကြပြီး နိုင်ငံကူး လက်မှတ်ရှိသူများကို ပြန်လွှတ်ပေးသော်လည်း မရှိသူများကိုမူ ဖမ်းဆီးထောင်ချသ ဖြင့် သံရုံးသို့သွားရန်ပင် အခက်အခဲရှိနေ သည်ကို သူကရှင်းပြသည်။

ကိုဝေအောင်သိန်းသည် မလေးရှားမှ မြန်မာနိုင်ငံသို့ ဇွန် ၂၂ ရက်က ပြန်ရောက် လာသူဖြစ်ပြီး ၎င်းအပါအဝင် ကွာလာလမ်ပူ မြို့မှစက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် မြန်မာ ခြောက်ဦးသည် အကြမ်းဖက်ခံခဲ့ရပြီး ဒဏ် ရာများရခဲ့ကြသဖြင့် လက်ရှိတွင် ရန်ကုန်ရှိ ဝိတိုရိယဆေးရုံ၌ ဆေးကုနေကြ သည်။

''အကြမ်းဖက်သူတွေရဲ့အန္တရာယ်လည်း နေရာအနှံ့ရှိနေတဲ့အတွက် မသွားရဲကြဘဲ ပုန်းနေရတဲ့ သူတွေအများကြီး ရှိပါတယ်''ဟု သူကဆိုသည်။

ကိုဝေအောင်သိန်းတို့အဖွဲ့သည် အကြမ်း ဖက်ခံရသည့် ဒဏ်ရာများကို ကုသရန် မလေးရှားတွင် ဆေးရုံတက်ခဲ့ရပြီး ထိုကာလ အတောအတွင်း ဆက်သွယ်လာကြသည့် မြန်မာများက ၎င်းတို့ကို ပြောကြားသည်များ သူက
ပြန်ပြောပြခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ ဒုညွှန်မှူး ဦးသက်နိုင်ဦးက ထိုသို့ သံရုံးသွားသည့် လမ်း ခရီးတွင် အဆင်မပြေပါက မလေးရှားရှိ မြန်မာသံရုံးကို တိုင်ကြားနိုင်သည်ဟု မဇ္ဈိမ ကိုပြောသည်။

''သံရုံးကတာဝန်ရှိသူတွေနဲ့ မလေးရှား အစိုးရနဲ့ပူပေါင်းပြီး ဖြေရှင်းပေးပါလိမ့်မယ်။ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင် ဒုဝန် ကြီးတွေသွားကတည်းက ညှိနှိုင်းခဲ့ပြီးသားပါ။ သံရုံးကအားလုံးဖြေရှင်းနေပါတယ်'' ဟု ရှင်း လင်းပြောကြားသည်။

ကိုဝေအောင်သိန်းသည် အကြမ်းဖက်ခံ ရမှုကြောင့် ဓားဒဏ်ရာရရှိခဲ့သလို ခြေထောက် လည်းကျိုးသွားခဲ့ရပြီး သူနှင့်အတူ အကြမ်း ဖက်ခံရသည့် ကိုခင်မောင်ဝင်း၊ ကိုထွန်းစိုး သိန်း၊ ကိုသန်းကျော်လှိုင်၊ ကိုအောင်နိုင်ဝင်း၊ ကိုအောင်မင်းဌေးတို့အားလုံးသည် ဒဏ်ရာ အများအပြားရရှိခဲ့သည်။ ဇွန် ၆ ရက်က သူ တို့အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်လူတစ်စု က အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် မလေးရှားရှိ မြန်မာသံရုံး တွင် နိုင်ငံကူးလက်မှတ်မရှိသဖြင့် နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) လာရောက်လျှောက်ထားသူ ၇ဝဝ ဦးခန့်ရှိကြောင်း မလေးရှားမှ ပြန်လာသူများ က ပြောသည်။

မလေးရှားတွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်ခံရမှုများကြောင့် ပြန်လာကြသူ ၁၆၇ ဦး သည် ဇွန် ၁၅ ရက် နေ့လည်က ရန်ကုန်သို့ စတင်ပြန်ခဲ့ကြသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားချိန် မေ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ မလေးရှားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသည့် မြန်မာဦးရေမှာ ၃၄ဝဝ ခန့်ရှိသည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်မှုကြီး ကြပ်ရေးဌာန၏ စာရင်းဇယားများတွင် ဖော် ပြထားသည်။

အီတာလျံ-ထိုင်းကို ထားဝယ် ဒေသခံတစ်ဦး တရားစွဲမည်

The Voice Weekly's photo.

ထားဝယ်၊ ဇွန် ၂၃

ထားဝယ် - ကန်ချနပူရီ လမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ထိခိုက် နစ်နာမှုများ အတွက် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရေဖြူမြို့နယ်မှ ဥယျာဉ်ခြံ ပိုင်ရှင် ဦးဝင်းလွင်ဦးက ပြောကြားသည်။

ထိုင်းကုမ္ပဏီများကြောင့် ထိခိုက် နစ်နာရမှုများကို အချက်အလက် အခိုင်အမာဖြင့် တင်ပြလျှင် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနှင့် ထိုင်းကုမ္ပဏီကို သာမက ထိုင်းအစိုးရကိုပါ တရားစွဲနိုင်ကြောင်း ယင်းကော်မရှင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာ နီရင်ပီတက်ဝချရာက ထားဝယ် ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် ဒေသခံတစ်ဦးက ထိုင်းအကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကို ပထမဆုံးအဖြစ် တရားစွဲဆိုရန် စီစဉ်လာခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာ အတွင်းရှိ ကြေးတိုင်ပြင်ကွင်း အမှတ် 9.SSO ဦးပိုင်အမှတ် V.633 ဥယျာဉ် ခြံမြေကို ဖြတ်သန်းကာ ထားဝယ်-ကန်ချနပူရီ လမ်းကို ဖောက်လုပ်ခြင်း
ကြောင့် နှစ်ရှည်ပင်များ ပျက်စီးခြင်း၊ ချောင်းငယ်များ ပိတ်မိခြင်း၊ မိုးရာသီတွင် ရေဝပ်ပြီး အပင်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့နေရသည်ဟု ဦးဝင်းလွင်ဦးက ပြောသည်။

“အီတာလျံ-ထိုင်းရုံးကို သွားပြီး ပြောတာ နှစ်ကြိမ်ရှိပြီ။ ဘာမှအရေးတယူ မရှိဘူး။ နေ့ရွှေ့ ညရွှေ့ပဲ လုပ်နေတယ်။ ဒါကြောင့် လမ်းဖောက်တဲ့ တာဝန်ခံ အင်ဂျင်နီယာကို တရားစွဲမယ်” ဟု ၎င်းက ပြောသည်။

အီတာလျံ-ထိုင်းက ဖောက်လုပ်ထားသည့် လမ်းကြောင့် ဥယျာဉ်ခြံ နှစ်ဧကကျော် ဆုံးရှုံးခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အီတာလျံ-ထိုင်း (ITD) ကို ဆက်သွယ် မေးမြန်းရန် လုပ်ဆောင်သော်လည်း ဆက်သွယ်၍ မရသေးပေ။
၂၀၁၂ ခုနှစ်တွင် တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာအတွင်း ITD ကုမ္ပဏီမှ ဖောက်လုပ်သည့် လမ်းပိုင်း တစ်နေရာ ဖြစ်သည့် ၂၁ ကီလိုမီတာမှ ၃၈ ကီလိုမီတာအကြား လမ်းအူကြောင်း ဖောက်လုပ်ရာမှ ဥယျာဉ်ခြံ ထိခိုက်သူများကို လျော်ကြေး ပေးဆောင်ရာတွင် သဘောတူညီမှု မရှိခဲ့သူ ဦးဝင်လွင်ဦး အပါအဝင် ၁၄ ဦး ရှိခဲ့သည်ဟု ခုံသမာဓိ အဖွဲ့သို့ ဥယျာဉ် ခြံရှင်များ တင်ပြထားသော စာအရသိရသည်။

တရားစွဲဆို နိုင်ရန်အတွက် ဇွန်လ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်း ကိုသွားရောက် တိုင်ကြားခဲ့ပြီး လာမည့် သီတင်းပတ်တွင် တရားရုံးနှင့် တိုင်ပင်ကာ အမှုတည်ဆောက်မည်ဟု ဦးဝင်းလွင်ဦးထံမှ သိရသည်။

ထားဝယ် စီမံကိန်းနှင့် လမ်းဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာရသူ များစွာရှိသော်လည်း ဦးဝင်းလွင်ဦးသည် ပထမဆုံး တရားစွဲရန် ကြိုးစားသူ ဖြစ်သည်။

ထားဝယ် - ကန်ချနပူရီလမ်း ၃၅ကီလိုမီတာ အနီးရှိ ခြံဧရိယာကို ဖြတ်ဖောက်ထားသည့် လမ်းအူကြောင်း နှစ်နေရာအား ဇွန်လ ၁၈ ရက်နေ့တွင် ခြံစည်းရိုး ခတ်ထားခဲ့သော်လည်း ITD ကုမ္ပဏီက ခြံစည်းရိုးအား ဖယ်ရှားခဲ့ကြောင်း ဦးဝင်းလွင်ဦးက ပြောသည်။
၎င်းသည် ဥယျာဉ်ခြံ ၃၅ ဧက ဝန်းကျင်တွင် ရော်ဘာပင်၊ ကွမ်သီးပင်များကို ၂၀၀၆-၂၀၀၇ ခုနှစ်မှ စတင်စိုက်ပျိုး ထားခဲ့သည်။

Dawei Watch

Photo: အီတာလျံ-ထိုင်းကို ထားဝယ် ဒေသခံတစ်ဦး တရားစွဲမည်

ဘိနပ်၊ပုဆိုး၊စောင်၊အင်္ကျိ၊ဘယ်ဟာမှအဆင်မပြေပါ။

Sit Naung's photo.

အကူအညီလိုအပ်နေသူ
Ready made ဘိနပ်၊ပုဆိုး၊စောင်၊အင်္ကျိ၊ဘယ်ဟာမှအဆင်မပြေပါ။

ကိုဝင်းဇော်ဦး အသက်(၃၆)နှစ် အရပ် ( ၇ ပေ ၁၁ လက်မ)
ဖ၀ါး(၁၃ခွဲ) အလှူရှင် လိုအပ်နေပါသည်။
မိတ်ဆွေများ Share လုပ်ပေးကြပါ။
အလှူရှင်များဆက်သွယ်ရန်
ဦးပေါဌေး ၊အုပ်ချုပ်ရေးမှူး ၊နတ်မောက်မြို့ နယ်
ထုံးပေါက်ချိုင်းကျေးရွာ (၀၉၄၀၁၆၄၀၇၅၂)

Photo: အကူအညီလိုအပ်နေသူ

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်ကောင်စီဝင် Mr.Yang Jiechi Thingaha Hotel တွင်တွေ့ဆုံ.

Bun Ny
    ဒေါ်အောင်ဆန်းစုကြည်နှင့်တရုတ်ပြည်သူ့သမတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr.Yang Jiechi
    နှင့်အဖွဲ့အားနေပြည်တော် Thingaha Hotel တွင်တွေ့ဆုံ.........24-6-2013 11:45 AM

ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော်တို့ နှစ်ဦးဟာ စနေနေ့ညနေပိုင်း က ကနေဒါ နိုင်ငံကို ထွက်ခွာ

"၈၈ ညီလာခံ ၈၈ မျိုးဆက်များ တက်ရောက်မည်"

RFA Burmese

အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါ နိုင်ငံမှာကျင်းပမယ့် ၈၈ မျိုးဆက် ကျောင်းသားများ ညီလာခံကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက ခေါင်းဆောင် (၃) ဦး တက်ရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။

ရှစ်လေးလုံး ငွေရတုအကြိုအဖြစ် နိုင်ငံတကာရောက် ၈၈ မျိုးဆက် ကျောင်းသားတွေ ပူးပေါင်း စီစဉ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများညီလာခံကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန် ၂၈ ရက် ကနေ ၃၀ ရက် အထိ ကျင်းပမှာဖြစ်ပြီး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် နဲ့ ကိုမင်းဇေယျတို့ တက်ရောက်မှာ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ဆွေးနွေးကြမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ရှင်းပြပါတယ်။

"အမေရိကားနဲ့ကနေဒါမှာရှိတဲ့ ၈၈ မျိုးဆက်တွေက ငွေရတုအတွက် သူတို့ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ခေါင်းစဉ် ခြောက်ခုစီစဉ်ထားတယ်။အဲဒီထဲက အကောင်းဆုံး တစ်ခုကို တည်ပြီး၊ကျန်တာတွေကို ဆွေးနွေးပြီး အဲဒီညီလာခံထဲက ဆုံးဖြတ်ချက်တစ်ခု ရယူသွားမှာပါ။"

ဒီညီလာခံမှာ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် အားလုံး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း လုပ်ဆောင်ရေးတွေကို အဓိကထား ဆွေးနွေးကြမယ်လို့လဲ သိရပါတယ်။

ညီလာခံတ က်ရောက်ဖို့အတွက် ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော်တို့ နှစ်ဦးဟာ စနေနေ့ညနေပိုင်း က ကနေဒါ နိုင်ငံကို ထွက်ခွာသွားခဲ့ကြပြီး၊ ကိုမင်းဇေယျကတော့ ဇွန်လ ၂၈ ရက်နေ့မှာ ထွက်ခွာမှာ ဖြစ်ပါတယ်။

အဲဒီနောက် ၈၈ မျိုးဆက် ခေါင်းဆောင် သုံးဦးဟာ လာမယ့် ဇူလိုင် ၅ ရက်က ၇ ရက်အထိ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ ကျင်းပမယ့် နိုင်ငံတကာရောက် ၈၈ မျိုးဆက် ညီလာခံကို တက်ရောက်ကြမှာဖြစ်ပါတယ်။

ကြံ့ခိုင်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် PR စာတမ်းဖတ်

The Voice Weekly
ရန်ကုန်၊ ဇွန် ၂၃

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ အများစု ကန့်ကွက်ထားသော အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် စာတမ်းနှစ်စောင် ဖတ်ကြားခဲ့ကြောင်း အဆိုပါ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက The Voioce သို့ပြောကြားသည်။

အဆိုပါ ညီလာခံကို ဇွန်လ ၂၂ ရက် နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) နှင့်ပတ်သက်ပြီး အဓိက ထား ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) စာတမ်းများကို အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပါတီဗဟို ကော်မတီ အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ပါတီဗဟိုကော်မတီ က PR စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးနေကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

“PR စနစ်ကို ဆွေးနွေးတာတော့ မှန်တယ်၊ လွှတ်တော်မှာ အတည်ပြုဖို့ မပြုဖို့တော့ ဆုံးဖြတ်ချက် မချရသေးဘူး”ဟု ၎င်းကရှင်းပြသည်။

ဒီမိုကရေစီစနစ် မရင့်ကျက်သေးသည့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ စနစ်ကို ရှုပ်ထွေးစေနိုင်သော PR ကို ကျင့်သုံးမည် ဆိုပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ငါးပါတီနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက PR စနစ် ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့ပြီး ယင်းစနစ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြသည်။

PR စနစ်ကို အတည်ပြုပေးရန် ရွေးကော်ပွဲ ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် လွှတ်တော်သို့ တင်ပြထားကြောင်း ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီး အဆိုပါစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အတည် မပြုနိုင်ပါက ပြည်သူများကို ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ကိုင်ရန် အချိန် မရှိတော့သဖြင့် လက်ရှိစနစ် အတိုင်းသာ ဆက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားပြီး ဖြစ်သည်။

Photo: ကြံ့ခိုင်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် PR စာတမ်းဖတ်

ဒေါ်ဝါဝါဝင်းရွှေနှင့်786 Great Father Land ကုမ္ပဏီ အငြင်းပွား

မင်းသမီးကြီး ဝါဝါဝင်းရွှေ ဆုထူးပန်တာဝါကို Fatherland နဲ့ မဆောက်တော့ဟုဆို

အရင် ဆုထူးပန်ရုပ်ရှင်ရုံ ကို ဝယ်ယူခဲ့တဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေက Fatherland ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တယ်လို့ ဇွန် ၂၃လမှာ ပြောဆို လိုက်ပါတယ်။
တော်ဝင်ဆုထူးပန်တာဝါအဖြစ် ၁၂ ထပ်ဆောက်လုပ်ဖို့ ၂ဝ၁၂ခုနှစ် ဧပြီလကတည်းက ဒေါ်ဝါဝါဝင်းရွှေနဲ့ Fatherland ကုမ္ပဏီတို့ကြား သဘောတူညီခဲ့ပေမယ့် ၉လကြာတဲ့အထိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှ စတင်တာမရှိသေးတဲ့အပြင် အခြား သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။
ဆုထူးပန်တာပါကို ၁၂ထပ်အစား ၂၁ထပ်ဆောက်လုပ်ဖို့ နှစ်ဦးနှစ်ဖက် နှုတ်ကတိ ရှိခဲ့ပေမယ့် ကုမ္ပဏီဘက်မှ ဒေါ်ဝါ၀ါဝင်းရွှေကို လူမှုရေးဆိုင်ရာကိစ္စတွေတိုက်ခိုက်လာခဲ့ပြီး ဆက်မဆောက်ဘူးဆိုလျှင်လည်း ဒေါ်ဝါ၀ါဝင်းရွှေပေးထားတဲ့ ကျပ်သိန်း ကိုးထောင်ကို မြေပဲရမယ်လို့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်ဝါ၀ါဝင်းရွှေမှ Fanterland ကုမ္ပဏီက ဒီကိုးထောင်ကို ဆုံးရှုံးခံပြီး မြေကွက်ကိုပြန်လာယူဆိုတဲ့ စကားက အင်မတန် ရင်လေးပါတယ်၊ ကိုယ့်မြေကို ကိုယ် သိန်းကိုးထောင်နဲ့ အလဲခံရမှာ။
နောက်တစ်ခုက ဘာလုပ်ငန်းမှ မလုပ်ပဲနဲ့ ဒီသိန်းကိုးထောင်ကို မတရားလိုချင်သော ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် မိုလို့ ကျွန်မက နံပါတ် (၁) ဒီစာချုပ်ကို ဒီနေ့ကစပြီး ဖျက်သိမ်းကြောင်းကို တရားဝင် ဖျက်သိမ်းကြောင်း ကြေငြာအပ်ပါတယ်။
နံပါတ် (၂) လူမှုရေးအရ ကျွန်မကိုပါ ကျွန်မရဲ့ ဓါတ်ပုံကို မီးရှိ့ပြီးတော့ သူနှစ်ကြိမ်းပါဝင်ခဲ့ကြောင်း ၀န်ခံထားပါတယ်။ အဲဒါကြောင့် ဒီနေ့က စပြီးတော့ လုံးဝလုံးဝ ကျွန်မ ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း တင်ပြအပ်ပါတယ်ဟု မီဒီယာများ၏ မေးမြန်ချက်အား ဖြေကြားခဲ့ပါတယ်။
အခန်းတွေကို မရောင်းခင် ကြိုပွိုင့် ရောင်းဖိုက သဘောတူညီခဲ့ပြီး၊ Fanterland ကုမ္ပဏီရဲ့ ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုကြောင့် ကြိုရောင်းစနစ်ကို တစ်ရက်အတွင်း ဖျက်သိမ်းခဲ့ရကြောင်း။
စည်ပင်ကို စုံစမ်းတဲ့အခါမှာ Fanterland ကုမ္ပဏီဘက်မှ ၂၁ထပ်ဆောက်လုပ်ဖို့ တင်ပြခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
Fanterland ကုမ္ပဏီအနေနဲ့ ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာက (၂၄)နာရီအတွင်း ဖယ်ရှားပေးဖို့ ရှပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေက ပြောကြားခဲ့ပြီး အစိုးရသတင်းစာတွေ ကနေ ကြေငြာသွားမယ် လို့ ဆိုပါတယ်။
Fanterland ကုမ္ပဏီကို တရားစွဲဖို့ကိစ္စ ယတိပြတ် ဆုံးဖြတ်ဖို့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
မနက်ဖြန်သတင်းစာမှာ ပါပါမယ်၊ ဒီလုပ်ငန်းကို မလုပ်တဲ့အတွက် (၂၄)နာရီအတွင်း ဖယ်ရှားပေးဖို့နဲ့ မြေနေရာအား ပြန်ပေးဖို့ ကြေငြာထားကြောင်း။ သတင်းစာတွင် တရားဝင်ပါပြီး ဆောင်ရွက်မှုမရှိပါက ဥပဒေအရ လုပ်သွားမည်ဖြစ်ကြောင်း။
____________________________
ဖေ့ဘုတ် သတင်း အတင်း အဖျင်း ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

ရန်ကုန်၊ ဇွန် ၂၃

ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် အထပ်မြင့် တိုက် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာပိုင်ရှင် ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် အဆိုပါ အထပ်မြင့်တိုက် ဆောက်လုပ်ရန် တာဝန်ယူထားသော Great Father Land ကုမ္ပဏီတို့ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားလျက် ရှိကြောင်း နှစ်ဖက်လုံးက အတည်ပြု ပြောကြားသည်။

ဆုထူးပန် ရုပ်ရှင်ရုံ မြေနေရာတွင် ၁၂ ထပ် အမြင့်ရှိသော အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်၍ ပထမထပ်တွင် Shopping Mall ၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံနှင့် တတိယထပ်တွင် စားသောက်ဆိုင်များ၊ ကျန်ကိုးထပ်ကို ဟိုတယ်အဖြစ် ဖွင့်လှစ်ရန် ပါဝင်သော သဘောတူစာချုပ် ချုပ်ဆို ခဲ့ကြောင်း၊ ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် တည်ရှိသော အဆောက်အအုံ ဆောက်လုပ်ရမည့် မြေနေရာသည်
နေရာကောင်း ဖြစ်၍ ၁၂ ထပ်အစား ၂၁ ထပ်တိုက် ဆောက်လုပ်ရန် နှုတ်ဖြင့် သဘောတူခဲ့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

စာချုပ် ချုပ်ဆိုခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘဲ မြေကွက်လပ် အတိုင်းသာ ရှိနေခြင်း၊ ထို့ပြင် ဆောက်လုပ်ရန် တာဝန်ယူထား သူတို့ဘက်က ဆုထူးပန်ရုံ အရှေ့တွင် ညသန်းခေါင် အချိန်တွင် ဒေါ်ဝါဝါဝင်းရွှေ ဓာတ်ပုံကို မီးနှင့်ရှို့ပြီး အမဲသားတုံးပေါ်တွင် ဖယောင်းတိုင် ထွန်းခြင်းတို့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ခြင်း ရှိသည်ဆို၍ ထိုအကြောင်းကို မေးမြန်းကြည့်ရာတွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီကို ယုံကြည်နိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ငန်း ဆက်လက် မလုပ်နိုင်တော့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က“သို့ရာတွင် အဲလို အမဲသားတွေနဲ့ လုပ်တယ် ဆိုတာကို ကျွန်တော်တို့ဘက်က လုံးဝ မလုပ်ပါဘူးလို့ ကုမ္ပဏီကိုယ်စား ပြတ်ပြတ်သားသား ငြင်းပါတယ်” ဟု ဆိုသည်။

ဦးမျိုးမြင့်က မိမိတို့မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရသည့်အတွက် ဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ရရန် လိုအပ်ကြောင်း၊ ယခင် ၁၂ ထပ် အဆောက်အအုံကို ထပ်မံ၍ အချင်းချင်း ရင်းနှီးမှုဖြင့် ကားပါကင် အပါအဝင် ၁၂ ထပ် အစား၂၁ ထပ် အဆောက်အအုံ ဆောက်ရန် နှုတ်ဖြင့် သဘောတူညီ ခဲ့သောကြောင့် လုပ်ငန်း ကြန့်ကြာခြင်း ဖြစ်ကြောင်း လုပ်ငန်း အပ်နှံသူဘက်က ကုန်ကျမည့် ငွေ အပြည့်အဝ မဟုတ်ဘဲ စရန် ကျပ်သိန်း ကိုးထောင်သာ ပေးအပ်ခဲ့ခြင်းကြောင့် မိမိတို့ဘက်က စိုက်ထုတ်ခဲ့ခြင်းများ ရှိကြောင်း၊ စာချုပ်အရ ဆက်လက် မလုပ်ကိုင်နိုင်လျှင် လုပ်ငန်းအပ်နှံသူမှ စရန်ငွေ အရှုံးဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

“အန်တီဝါက ကိုယ်ပိုင်တဲ့ မြေနေရာကို ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်နဲ့ သူတို့ဆီက ပြန်ဝယ်ရမလို ဖြစ်နေတယ်။ ပြီးတော့ ဒီငွေတွေက ကိုယ်တစ်သက်လုံး အနုပညာနဲ့ ရင်းပြီး လုပ်ခဲ့လို့ ရတဲ့ငွေတွေနဲ့ အဆင့်မြင့် ရုပ်ရှင်ရုံလိုမျိုးတွေ ဆောက်ပြီး လုပ်ငန်းလုပ်ချင်လို့ စိုက်ထုတ်ထားခဲ့တဲ့ ငွေတွေပါ။ အန်တီဝါက ဖြစ်နိုင်ရင် တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်ကိုတော့ ပြန်လိုချင်ပါတယ်။ ပြီးတော့ လူနေတိုက်ခန်းတွေရောင်းပြီလို့ ကြော်ငြာတာက သူတို့ အကြံပေးလို့ သူတို့ဘက်က အကုန်လုံး လုပ်ခဲ့တာပါ။ အန်တီဝါက အဲ့ဒါတွေကို ဘာမှ နားမလည်ပါဘူး”ဟု ဒေါ်ဝါဝါဝင်းရွှေက ဆိုသည်။

၎င်းတို့သည် ဆောက်လုပ်မည့် ပုံစံများကို တိုင်းဒေသကြီးမှ သက်ဆိုင်ရာဌာနသို့ ချပြမည့် ဆဲဆဲတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုပ်ငန်း အပ်နှံသူက လူနေ တိုက်ခန်းများ ရောင်းချမည်ဟု ကြော်ငြာ ခဲ့သောကြောင့် အခက် ကြုံတွေ့ခဲ့ရကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အဆောက်အအုံ ဆောက်လုပ်လျှင် မြေပိုင်ရှင် အမည်ပေါက် မှန်ကန်ရေး ဌာနဆိုင်ရာတွင် လျှောက်ထား ခြင်းစသည်တို့ကို အဆင့်ဆင့် ပြုလုပ်ခြင်းများ ရှိကြောင်း၊ ထို့ပြင် မိမိတို့ ကုမ္ပဏီသည် အစ္စလာမ် ဘာသာဝင် အုပ်ချုပ်သော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်း Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြားသည်။
“သူတို့ဘက်က တရားစွဲမယ် ဆိုရင်လည်း ကြိုက်သလို လုပ်ပါ။ ကျွန်တော်တို့ ဘက်ကလည်း အလုပ်တစ်ခုကို လုပ်ရင် သေချာ plan ဆွဲပြီးမှ လုပ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Photo: ဒေါ်ဝါဝါဝင်းရွှေနှင့် Great Father Land ကုမ္ပဏီ အငြင်းပွား