Tuesday, June 25, 2013

PR စနစ် ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်းသည်ဟု နိုင်ငံတော် သမ္မတ မှတ်ချက်ပြုထား


Wednesday, 26 June 2013 03:07


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR (အချိုးကျ ကိုယ်စားပြုစနစ်) ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်း နေသေးသည်ဟု နိုင်ငံတော် သမ္မတက မှတ်ချက်ပြု ပြောကြားသည်ကို သိရကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၅ ရက်တွင် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန် တိုင်းရင်းသားပါတီ အများစုနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အများစုမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ လက်ရှိပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေးတွင် ယင်းစနစ်နှင့် ပတ်သက်၍ တင်ပြဆွေးနွေးမည် ဖြစ်သော်လည်း ရှုံးနိမ့်နိုင်ကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်ကြ ပါလိမ့်မယ်။ ဆွေးနွေးမဲခွဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုး ပါတီဝင်က အများစုဖြစ်တဲ့အတွက် ကျွန်တော်ထင်ပါတယ်။ ကန့်ကွက်မှုတွေနဲ့ ပွက်လောရိုက်သွားနိုင်ပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။

လွှတ်တော်တွင် PR စနစ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သမ္မတကြီး၏ သဘောထား အတိုင်းသာ ဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ယင်းစနစ်အပေါ် ၎င်း၏သဘောထား မှတ်ချက်ကို မေးမြန်းရာ အများသဘောထား အတိုင်းပါဟု သူရဦးအောင်ကိုက သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးရန်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ်ခဲ့ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဇွန်လ ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲ စနစ်အရ မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံး ရရှိသူကသာ အနိုင်ရရှိမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ ကိုယ်စားလှယ်ဖြစ်ခွင့် မရှိချေ။

သို့ရာတွင် PR စနစ်၌ ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိမဲဆန္ဒနယ်တွင် အနိုင်မရရှိသော်လည်း အခြားမဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြု မဲများဖြင့် ကိုယ်စားလှယ်ဖြစ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် PR စနစ် သုံးစွဲပုံစနစ်မှာ အမျိုးမျိုးရှိပြီး ရှုပ်ထွေးကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဆိုပါက အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်အတွင်း ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
http://www.news-eleven.com/politics/20435

ရန်ကုန်မှာ ကမာန် လူဦးရေ ၇ သောင်းကျော်သွားပြီ



Htay Tint

လူဝင်မှုကြီးကြပ်ရေးရုံးတွေက နိုင်ငံသားလျှောက်တဲ့ ဌာနတွေမှာခေါင်းခြုံသူတွေ အမြားအပြားကို တွေ့ ရလို့ 
ကမာန်လူမျိုး တွေလို့ ပြောပြီး၁၉၈၂ နိုင်ငံသား ဥပဒေအရ မှတ်ပုံတင် လျှောက်နေကြတာဖြစ်ပါတယ် ။
( ရန်ကုန်မှာ ကမာန် လူဦးရေ ၇ သောင်းကျော်သွားပြီတဲ့ )လဝက တွေလဲ အမေရိကန်ကို
အထုတ်ပိုက်ပြီးသွားဖို့  အဆင်သင့်ဖြစ်နေပြီ ။

အစိုးရအပေါ်ပိုင်းမှာ ရှုပ်ထွေးနေမှုဟာအောက်ပိုင်းက လာပ်ပေး လာပ်ယူ နေတဲ့
ကိစ္စတွေကိုထိထိရောက်ရောက် ကိုင်တွယ်ဖို့ အားနည်းနေပါတယ် ။
၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အရ နိုင်ငံသား မဖြစ် နိုင်သူတွေအတွက်
ငွေပေးပြီး လုပ်နိုင်တဲ့ နောက်ဆုံး အခွင့်အရေးလဲ ဖြစ်သွားနိုင်ပါတယ် ။
နောက်ပိုင်းမှာ ဒေတာနဲ့ ကွန်ပြူတာ စနစ်တွေသုံးတော့မှာ ဖြစ်ပါတယ် ။

မြန်မာပြည်တွင်းက လွှတ်တော်ထဲမှာ ပြည်ပသွေးအပြည့်ခေါင်းဆောင်ကြီး ၃ ဦးကို
မထိရဲ မကိုင်ရဲကြတာကို ကြည့်ပြီး ပြည်တွင်းဖြစ် မူဆလင်တွေနဲ့  အပေါင်းအပါတွေလည်း
နယ်အသီးသီးမှာ အစ္စလာမ်ပါတီတွေ ထောင်ကြပြီး အချိုးကျ စနစ်နဲ့ နေရာယူဖို့ ပြင်ဆင်စည်းဝေးကြပါပြီ ။
မိမိတို့ ပါတီမပြုတ်ရေးနဲ့ နေရာရရှိရေး အတွက် အမျှော်အမြင်ကြီးမားစွာ
အချိုးကျကိုယ်စားပြုစနစ်ကို ထောက်ခံ တင်ပြ တိုက်ပွဲဝင်ပြီး
၂၀၁၀ ရွေးကောက်ပွဲစနစ်အတိုင်း နောက်ပြန်ဆွဲသူများအား ခြေမှုန်းမဲ့
သူရဲကောင်းကြီးများကို အောင်မြင်ပါစေလို့  ဆုတောင်းနေကြပါတယ် ။

တရားမဝင်လူဝင်မှုနှင့် နိုင်ငံသားဖြစ်မှု ပြဿနာကို အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်သေးမီ
ဘင်္ဂါလီ မူဆလင် လူဦးရေ တိုးပွားလာနိုင်ပြီး မဲဆန္ဒရှင် အရေအတွက်အပေါ် အခြေခံသည့် PR စနစ်ကို
 အသုံးပြုခြင်းအားဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ဘင်္ဂါလီ မူဆလင် ကိုယ်စားလှယ်များ
 တိုးပွားလာနိုင်ခြင်းကြောင့် ဘင်္ဂါလီ  ပြဿနာကို ဦးစွာ ကိုယ်တွယ် ဖြေရှင်းသင့်သည် ။
=======================================================


 ဘင်္ဂါလီကိစ္စ ဖြေရှင်းပြီးမှ ရွေးကောက်ပွဲစနစ်သစ် စဉ်းစားသင့်ဟု ရခိုင်ပါတီဆို
ကွန်းချမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR စနစ်) ပြောင်းလဲ ကျင့်သုံးပါက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မူဆလင်အရေး ပိုမိုရှုပ်ထွေးလာဖွယ် ရှိသည့်အတွက် ၎င်းစနစ်ကို အချိန်ယူ လေ့လာ ဆန်းစစ်ရန် လိုကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။

“တကယ်လို့သာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ သမိုင်းကိစ္စကို ရှင်းရှင်းလင်းလင်း
ဖြစ်အောင် အရင်လုပ်ရမယ်။ ဒီလို မဟုတ်ဘူးဆိုရင် အဲဒီ PR စနစ်ကို အသုံးချပြီးတော့ ရခိုင်ပြည်နယ် နိုင်ငံရေး ဇာတ်ခုံကို မသမာတဲ့ နည်းတွေနဲ့ တက်လာမှာလည်း စိုးရိမ်စရာ ရှိတယ်” ဟု RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂၇ ရက်နေ့တွင် ဒီမိုကရေစီ မိတ်ဆွေများ ၁ဝ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော် တွင် တွေ့ဆုံခဲ့ပြီး ၂၈ ရက်နေ့က ၁ဝ ပါတီ ပူးတွဲထုတ်ပြန်သည့် သဘောထားနှင့် ပတ်သက်၍ ၁ဝ ပါတီ အဖွဲ့ဝင်ဖြစ်သည့် RNDP က သဘောမကျနိုင်ကြောင်း ဦးဦးလှစော က ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လူဝင်မှုနှင့် နိုင်ငံသားဖြစ်မှု ပြဿနာကို အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်သေးမီ ဘင်္ဂါလီ မူဆလင် လူဦးရေ တိုးပွားလာနိုင်ပြီး မဲဆန္ဒရှင် အရေအတွက်အပေါ် အခြေခံသည့် PR စနစ်ကို အသုံးပြုခြင်းအားဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ဘင်္ဂါလီ မူဆလင် ကိုယ်စားလှယ်များ တိုးပွားလာနိုင်ခြင်းကြောင့် ရိုဟင်ဂျာ ပြဿနာကို ဦးစွာ ကိုယ်တွယ် ဖြေရှင်းသင့်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့ကြီးများတွင် လူဦးရေအချိုးအစားအရ စစ်တွေမြို့တွင် ရခိုင်လူမျိုး ၅၂ ရခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၄၈ ရာခိုင်နှုန်းသည်ဟု အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းကို ကိုးကား၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က မဇ္ဈိမကို ပြောသည်။ ရသေ့တောင် မြို့နယ်တွင် ရခိုင်လူမျိုး ၆၅ ရာခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၃၅ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ရခိုင်လူမျိုး ၂ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။

ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီ၏ ဇူလိုင်လ ၂၈ ရက် ထုတ်ပြန်ချက်တွင် “အနိုင်ရသူကို မဲ ပေးလိုက်ကြသူများသည်သာ လက်တွေ့တွင် ကိုယ်စားပြုခြင်း ခံရပြီး ကျန် မဲဆန္ဒရှင်များမှာ ကိုယ်စားမပြုဘဲ ချန်ထားခံရသည်ဟု ခံစားရခြင်း၊ လွှတ်တော်တွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကို တိကျမှန်ကန်စွာ ထင်ဟပ်ဖေါ်ပြနိုင်မှု မရှိခြင်း၊ အချိုးမညီသည့် ကိုယ်စားပြုမှုများ ဖြစ်ပွားရခြင်းတို့ ပေါ်ပေါက်ခဲ့ရသည်” ဟု လက်ရှိ ရွေးကောက် တင်မြှောက်ပုံ စနစ်အား ဝေဖန်ထောက်ပြထားပြီး PR စနစ်သစ်ကို ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းသွားမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ထို့ပြင် ၁ဝ ပါတီ အဖွဲ့ဝင်တခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ကလည်း အချိုးကျ ကိုယ်စားပြု စနစ်သည် ပါတီကို အခြေခံ၍ ရွေးကောက်ပွဲဝင်ရမည့် စနစ်ဖြစ်ပြီး လူပုဂ္ဂိုလ် အခန်းကဏ္ဍကို ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ခွင့် မရှိသည့်အတွက် နှစ်သက်ခြင်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ဒီစနစ်ကို သုံးရင် လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ဖောင်းပွလာမယ်။ နောက်တော့ ပြည်သူတွေ အကြိုက်
နှစ်သက်ဆုံး ပုဂ္ဂိုလ် မဟုတ်လည်းဘဲ ပါလာမယ်” ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာဗညားအောင်မိုး က ပြောသည်။

အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဒီမိုကရေစီ မိတ်ဆွေပါတီများက သမ္မတ ဦးသိန်းစိန်နှင့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်း ကလည်း အကြံပြု တင်ပြခဲ့သေးခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က အချိုးကျ ကိုယ်စားပြုစနစ်သည် လက်ရှိ ကျင့်သုံးနေသည့်
ရွေးကောက်ပွဲစနစ်ထက် မဲပေးရ လွယ်ကူခြင်း၊ မဲဆန္ဒရှင်များ၏ ကွဲပြားသည့် ဆန္ဒများကို လွှတ်တော်၌ ထင်ဟပ်နိုင်ခြင်း၊ မဲများ အလဟဿ ဖြစ်မှု နည်းသည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထု ပါဝင်မှု တိုးတက်လာခြင်း စသည်တို့ကြောင့် ဒီမိုကရေစီစနစ် တည်တံ့မှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုသည်။

“အကယ်၍ သုံးယောက်ပြိုင်တယ် ဆိုလည်းပဲ တယောက်က ၄ဝ ရာခိုင်နှုန်း ရတယ်။ နောက်နှစ်ယောက်က ၃ဝ ရာခိုင်နှုန်းစီ ရတယ်။ ၄ဝ ရာခိုင်းနှုန်းက သူက လွှတ်တော် ကိုယ်စားလှယ် ဖြစ်တယ်။ ဟိုကျန်တဲ့ ၆ဝ ရာခိုင်နှုန်းက မဲပေး လျက်သားနဲ့ ကိုယ်စားလှယ် မဖြစ်ဘူး။ အလဟဿမဲတွေ ဖြစ်သွားတာပေါ့” ဟု ဦးသုဝေ က အချိုးကျ ကိုယ်စားပြု စနစ်၏ အားသာချက်ကို ရှင်းပြသည်။

လွှတ်တော်တွင် ပါတီတခုတည်း ကြီးစိုးမည့် ယခုလက်ရှိ ရွေးကောက်ပွဲစနစ်ကို ကာကွယ်ရန်အတွက် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့က အချိုးကျစနစ်ကို ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြံပြုတင်ပြခြင်းဖြစ်သည်ဟု ဆိုကြသည်။

လာမည့် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီတို့က လွှတ်တော်တွင် ကြီးစိုးနိုင်ဖွယ် ရှိသည်ဟု နိုင်ငံရေး လေ့လာသူများက ခန့်မှန်းနေကြသည်။

ပါတီ ၁ဝ ခုဖြင့် စုဖွဲ့ထားသည့် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊
ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ တို့ ပါဝင်သည်။

‘အချိုးကျ ကိုယ်စားပြုစနစ်’ သည် ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်း ၁ဝ ဦး ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် တွင် ဆန္ဒမဲ ၁ဝဝ,ဝဝဝ ရရှိပါက ကိုယ်စားလှယ်လောင်း တဦးစီအတွက် ခွဲတမ်းမဲ ၁ဝ,ဝဝဝ မဲစီ ရရှိမည် ဖြစ်သည်။ ပါတီ တခုချင်းအလိုက် ရရှိသည့် စုစုပေါင်း ဆန္ဒမဲကို ခွဲတမ်းမဲဖြင့် စားကာ ရလဒ် ကိန်းပြည့်သည် ကနဦးကိုယ်စားလှယ် အဖြစ် သတ်မှတ်ရွေးချယ်သည်။

ဥပမာအားဖြင့် A ပါတီအတွက် ထောက်ခံမဲ ၃၈,ဝဝဝ မဲရရှိပါက ကနဦး သတ်မှတ် ကိုယ်စားလှယ် သုံးယောက်ရှိပြီး မဲကျန် ၈ဝဝဝ မဲဖြစ်နေမည်။ B ပါတီအတွက် ထောက်ခံမဲ ၂၁ဝဝဝ မဲရပါက ကနဦး သတ်မှတ်ကိုယ်စားလှယ်နှစ်ယောက်နှင့် မဲကျန်မှာ ၁ဝဝဝ ဖြစ်နေသည်။ C ပါတီအတွက် ထောက်ခံမဲ ၉,ဝဝဝ မဲရရှိသည် ဆိုပါက ခွဲတမ်းမဲ ၁ဝ,ဝဝဝ ရရှိမည်ဖြစ်သော်လည်း ၁ဝ,ဝဝဝ မဲ မပြည့်ခြင်းကြောင့် မဲကျန်အဖြစ် သတ်မှတ်သည်။

ထောက်ခံမဲအလိုက် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီးနောက် မဲကျန် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ်ဦးရေ ၁ဝ ဦး ပြည့်သည်အထိ ရွေးချယ်သွားရန် ဖြစ်သည်။ ထိုစနစ်အရ အထက်ဥပမာတွင် C ပါတီသည် ထောက်ခံမဲ အနည်းဆုံး ဖြစ်သော်လည်း မဲကျန် ၉,ဝဝဝ မဲဖြင့် အများဆုံး
ဖြစ်နေခြင်းကြောင့် ထိုပါတီအတွက် အမတ် ၁ နေရာရရှိမည်ဖြစ်သည်။

အဆိုပါနည်းဖြင့် ကနဦးသတ်မှတ် ကိုယ်စားလှယ်တွင် ကိုယ်စားလှယ် ၈ ဦးရှိပါက၊ ကျန်နှစ်ဦးအတွက် မဲကျန်များ အများဆုံးပါတီမှ ကိုယ်စားလှယ်နှစ်ဦးကို ထပ်မံ ရွေးချယ်စေခြင်းဖြင့် လိုအပ်သည့် ကိုယ်စားလှယ်ဦးရေ ၁ဝ ဦးကိုဖြည့်စွက်ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/9740-2012-07-30-10-33-24.html

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


   Wednesday, 26 June 2013 03:31


ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက တကယ်ပဲ ခြိမ်းခြောက်ခံနေ ရသောကြောင့် ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလားဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ . . . . .

ထို့အပြင် တိုင်းမ်မဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာ သံဃာတော် တစ်ပါးဖြစ်သော ဦးဝီရသူအား အကြမ်းဖက် သမားအဖြစ် မျက်နှာဖုံးတင် ဖော်ပြပြီး ဗုဒ္ဓဘာသာအား အကြမ်းဖက် ဘာသာတစ်ခုအဖြစ် စွပ်စွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘာသာတရားအား အကြမ်းဖက်မှုနှင့် ဆက်စပ်သည်ဟု အမြင်မှားမှုများ မဖြစ်ပေါ်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ" ဟု ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အကြမ်းဖက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စများမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ကိုင်တွယ်မှုတို့မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့်သာဖြစ်ကြောင်း ပြောကြားသည်။

"ဘာသာရေးဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း ဘာသာရေး ကိစ္စပိုင်းတွေကို ပစ်ပယ်ထားလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဗုဒ္ဓဘာသာဝင်ဖြစ်သူ ယောက်ျားကသာ အိမ်ထောင်ပြုရမည်ဟု အချက်ပါဝင်သော မျိုးစောင့်ဥပဒေကြမ်းကို မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ရေးဆွဲကာ လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။


http://www.news-eleven.com

အထူးရဲတပ်ဖွဲ့မှ ပျော်ဘွယ်ရဲစခန်းအား ရှောင်တခင်ဝင်ရောက်စီးနင်းစစ်ဆေး


ThuThu ZawMin

ပျော်ဘွယ်မြို့မှ ရဲအရာရှိ နှင့်တပ်သားများ မူးယစ်ဆေးဝါးမူများတွင် ပါဝင်ပတ်သက်
----------------------------------------------------------------------------------------------
ပျော်ဘွယ်မြို့တွင် ဇွန်လ (၂၂) ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှ အထူးရဲတပ်ဖွဲ့မှ ပျော်ဘွယ်ရဲစခန်းအား ရှောင်တခင်ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ စစ်ဆေးမှုတွင် ရဲစခန်းတစ်ခုလုံးအား နေပြည်တော် အထူးရဲတပ်ဖွဲ့မှ ၀ိုင်းထားကာ စခန်းအတွင်းရှိ ရဲအရာရှိများနှင့် တပ်သားများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မူများရှိသောကြောင့် လာရောက်စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရပါသည်။

ထို့နောက် ပတ်သက်ဆက်နွယ်မှုတွင် ဒုရဲအုပ် တစ်ယောက် နှင့် ရဲတပ်ကြပ် တစ်ယောက်တို့ ပါဝင်နေကြာင်း သိရပါသည်။ မူးယစ်ဆေးဝါး အဓိက ဖြန့်နေသော ပျော်ဘွယ် ဆေးရုံဝင်းထဲတွင် နေထိုင်သောသူ မှလည်း ၀န်ခံလိုက်ပြီးဖြစ်ကြောင်း သိရပါသည်။

ယခု အချိန်အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်နေသူ (၈၁) ဦး ကို စစ်ဆေးနေကြောင်းသိရပါသည်။ ဆက်နွယ်ပတ်သက်နေမူများကိုလည်း ဆက်လက်ထောက်လှမ်းနေကြောင်းသိရပါသည်။

ပျော်ဘွယ် မြို့နယ်မှူးရုံး 064-49013
ပျော်ဘွယ် စခန်းမှူး 064-49006

အန်တီဝါကိုစာနယ်ဇင်းများကအားပေး

r

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာနပေါင်းစုံ ဆွေးနွေး


RFA Burmese

လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြမယ်လို့ သိရပါတယ်။

ဒီဆောင်းပါးထဲက အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ကြားမှာ တည်ဆောက်နေတဲ့ နားလည်မှုလုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေနိုင်သလို မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာလို့ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်က RFAကို ပြောပါတယ်။

"ဒီနေ့မနက် ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးထိုင်ပါတယ်၊ အဲဒီအစည်းမှာ ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါမှာ တိုင်းမ်းမဂ္ဂဇင်းမှာ ရေးသားထားတဲ့ ရေးသားဖော်ပြချက်က နိုင်ငံအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်စေနိုင်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ မှာ ပြဌာန်းချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်၊ နောက်ကျနော်တို့ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံကြား နားလည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့ ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်လို့ ကျနော်တို့မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ပါတယ်၊ အဲဒီအတိုင်းပဲ ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျနော်တို့ မေတ္တာရပ်ခံစာပေးပို့ပြီးဖြစ်ပါတယ်"

ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သမ္မတဦးသိန်းစိန်က မတ်လ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

တပ်ကိုသုံးပြီးရွေးကောက်ပွဲနိုင်အောင်မလုပ်သင့်ဟုဒေါ်အောင်ဆန်းစုကြည်ပြောကြား



RFA Burmese
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ
သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားပါတယ်။

သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ တက်ရောက်မည်



RFA Burmese
3 hours ago

နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်းသိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးက သံဃာတော်အပါး ၁ဝဝ လောက် ပါဝင်မယ့် အဲဒီ ဆွေးနွေးပွဲကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိအောင် အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရှိရကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် မကွေးတိုင်း၊ ပခုက္ကူ ရှင်မတောင်ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

“ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံနဲ့ချီပြီးတော့ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာရဲ့ ပင်မဘာသာဖြစ်တယ်၊ အဲဒါကို ဆရာတော်တွေက သိသင့်သိထိုက်တာတွေ အသိပေးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့ပါပဲ၊ အမျိုးစောင့်ဥပဒေဆိုတာကလဲ ဘုန်းကြီးတို့ တရားနည်းလမ်းကျစွာနဲ့ တိုင်းသူပြည်သားတို့ ရသင့်တဲ့အခွင့်အရေးကို တရားဥပဒေနဲ့အညီ ဘုန်းကြီးတို့ရဖို့ရာ ဆောင်ရွက်ဖို့ပါပဲ”

အဲဒီဆွေးနွေးပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ တက်ရောက်ဆွေးနွေးဖို့ရှိသလို မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

The Face of Buddhist Terror ဆောင်းပါးပါ တိုင်းမ်မဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပိတ်ပင်



Wednesday, 26 June 2013 03:51

The Face of Buddhist Terror ဆောင်းပါးပါဝင်သော ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ကို ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုင်းမ်မဂ္ဂဇင်းတွင် သံဃာတော် ဥူးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့ကြောင်း၊ အဆိုပါ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အဆိုပါ ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထား . . . . .
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အချက်ခြောက်ချက် ပါဝင်ပြီး အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်၊ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် စသည့်အချက်များ ပါဝင်သည်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အတွင်းရေးမှူးအဖြစ် ပါဝင်သည်။
http://www.news-eleven.com

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း


အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ
ကြေညာချက်အမှတ် ၁/၂၀၁၃
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)
နှင့်စပ်လျဉ်း၍ ကြေညာခြင်း

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဉီးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသာနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း  ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ
အတွင်းရေးမှူး
အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ

အာရှလူ့မလိုင်များကြား ရေပန်းစားနေသည့် မြန်မာဗေဒင်ဆရာမ


-------------------------------------------------

သေးကွေးချည့်နဲ့နေပြီး စကားပင်ကောင်းကောင်းမပြောနိုင်သည့် သူ့ကို မြန်မာနိုင်ငံတွင် အီးတီဟုလူသိများသည်။ စစ်ဗိုလ်ချုပ်ကြီးများမှ စ၍ နိုင်ငံခြားမှ နိုင်ငံရေးသမားများအထိ လူကုံထံနှင့်အာဏာရှင်တို့၏ အနာဂတ်ကို နှစ်ပေါင်းများစွာတိုးတိုးတိတ်တိတ် သူကဟောကိန်းထုတ်ခဲ့သည်။

မြန်မာ၏ ထူးဆန်းထွေလာ အကြားအမြင်ရသူကို စစ်ဗိုလ်ချုပ်ကြီးများက အကြံဉာဏ်များတောင်းခံခဲ့သည်။

သူ့ကိုယ်တွင်း အင်္ဂါများက ခန္ဓာကိုယ်ထဲတွင် ဘက်မှားပြီးရောက်နေသည်ဟု မိသားစုများကပြောသည်။ မသန်စွမ်းဖြစ်နေသည့် အီးတီကို ဘယ်နေရာကြည့်ကြည့်ဆန်းကြယ်နေပုံရသည်။

“ကျွန်မညီမက သိပ်ကြီးမြတ်တယ်။ ထူးခြားတယ်”ဟု အစ်မဖြစ်သူ သီသီကအေအက်ဖ်ပီနှင့် ဘန်ကောက်မြို့တွင် အင်တာဗျူးစဉ် ပြောသည်။ အရှေ့တောင်အာရှတစ်ခွင်လုံးက သူ့လမ်းညွှန်ချက်ကို မေးကြသည်ဟုလည်းဆိုသည်။

“နိုင်ငံရေးသမားက တချို့ ၊ စီးပွားရေးသမားကတချို့.. လူတိုင်းပျော်တယ်။ နာမည်ကြီးလာတယ်”ဟု အီးတီအတွက် သီသီကဘာသာ ပြန်ဆောင်ရွက်ပေးနေသည်။

မြန်မာအကြားအမြင်ရသူက မြန်မာပြည်တွင်းက ရှင်းမပြခဲ့သည့် ဖြစ်ရပ်များ၏နောက်ကွယ်တွင်ရှိနေပုံရသည်။ ၂၀၀၅ခုနှစ်တွင် ရုတ်တရက် မြို့တော်ပြောင်းရန် စစ်အာဏာရှင်များ၏ ဆုံးဖြတ်ချက်မှစ၍ စစ်ဗိုလ်ချုပ်ကြီးများ၊ အမျိုးသမီးထဘီများကို ၀တ်ဆင်သည့် အူကြောင် ကြောင် ဖြစ်ရပ်များအထိပင်။

မိန်းမတစ်ယောက် နိုင်ငံမှာ သမ္မတမဖြစ်အောင်နိုင်ငံ့ထိပ်သီးများကထဘီဝတ်၍ ဓာတ်ရိုက်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အလွန်အယူ သီးကြသည်ဟု ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာဦးအောင်ဇော်က ဆိုသည်။ လူထုနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကင်းကွာနေသည့် လျှို့ဝှက် ချက်အပြည့်နှင့် စစ်အာဏာရှင်များ၏ လုပ်ရပ်များတွင် ထူးဆန်းထွေလာအကြားအမြင်သမားများက လွှမ်းမိုးနေခဲ့သည်။

စစ်ခေါင်းဆောင်များကသူတို့ အာဏာမြှင့်တင်ရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်များလုပ်ခဲ့ကြောင်း ကောလာဟလများထွက်လာသည်ဟု ဆိုသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက နက္ခတ်ဗေဒင်များကို ပုံမှန်မေးမြန်းခဲ့သည်များရှိခဲ့သည်ဟု ဦးအောင်ဇော်ကပြောသည်။

မြန်မာနိုင်ငံကို နှစ် ၃၀ ခန့် အုပ်စိုးသွားသော အာဏာရှင်ဦးနေ၀င်းလက်ထက်ကလည်း သူ၏ဗေဒင်ဆရာကို အားထားပြီး ယတြာချေမှုများနှင့် အနာဂတ်ကိုပြင်ဆင်ခဲ့သည်။

ယခင်စစ်ခေါင်းဆောင်က ယတြာချေရာတွင် မှန်ရှေ့တွင်ရပ်ပြီး မှန်ထဲတွင်ပေါ်သော သူ့ပုံကို သေနတ်ဖြင့် ပစ်သည်အထိလုပ်ခဲ့သည် ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ကြောင်း ယခင်အာဏာရှင်အုပ်ချုပ်မှုကို နှစ်ရှည်လများလေ့လာခဲ့သူ နိုင်ငံခြားသုတေသီတစ်ဦးက ပြောသည်။

လက်ရှိ မြန်မာသမ္မတဦးသိန်းစိန်သည်ပင် အကြားအမြင်ပေါက်သူများ၏ ဟောကိန်းဆိုသည်များကို ပေါ်ပေါ်ထင်ထင်ပင် လက်ခံကြောင်း သူ၏ပြောဆိုချက်များက ဖော်ပြနေသည်။

“နက္ခတ်ဗေဒင်အကြောင်း ကျွန်တော်သိပ်များများမသိပါဘူး။ ဒါပေမမဲ့ ဒီအကြောင်းကောင်းကောင်းသိတဲ့သူတွေ မြန်မာနိုင်ငံမှာရှိတယ်”ဟု ပြင်သစ်ရေဒီယို France -2 နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်းစိန်ကပြောခဲ့သည်။

“တစ်ခါတလေ သူတို့က ကျွန်တော့်ကို အကြံပေးပါတယ်။ နက္ခတ်ဗေဒင်သဘောအရ တိုင်းပြည်ရဲ့ အခြေအနေကို ဘယ်လို ရိုက်ခတ်မှုတွေရှိမယ်ဆိုတာမျိုး။ ကျွန်တော်ကလည်း ဒီအကြံတွေကိုလိုလိုလားလားပဲ ထည့်သွင်းစဉ်းစားပါတယ်” ဟု ၎င်းကပြောသည်။

အသက် ၄၀ခန့်ရှိနေသည့် အီးတီသည် ထိုင်းနိုင်ငံယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်နှင့်လည်းတွေ့ဆုံပြီး သူ့အာဏာတက် လမ်းအတွက် ဟောကိန်းထုတ်ခဲ့ဖူးသည်ဟု သီသီကပြောသည်။

“သူက ကျွန်မညီမကိုလာတွေ့တယ်လေ။ အဲဒီတုန်းက သူက ဖုန်းလုပ်ငန်းမှာပေါ့။ နိုင်ငံရေးမဟုတ်သေးဘူး”ဟု ၎င်းကဆိုသည်။

သက်ဆင်က ၂၀၀၆ ခုနှစ် အာဏာအသိမ်းမခံရမီ ရက်ပိုင်းအတွင်း အီးတီကိုလာတွေ့သွားသည်ဟုဆို သည်။ သို့သော် သီသီကအသေး စိတ်ပြောရန် ငြင်းဆိုခဲ့သည်။ သူ့ညီမ၏ ယခင်ဟောကိန်းများသည် ၈၀ ရာခိုင်နှုန်းမှန်ကန်ခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် နှစ် ၃၀အတွင်း အီးတီသည် ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်းအပါအ၀င် နိုင်ငံအတော်များများကိုသွားရောက်ခဲ့သည်ဟုဆိုသည်။ သူ၏ ၀င်ငွေတစ်စိတ်တစ်ပိုင်းကို ဆေးရုံဆောက်လုပ်ရေးတွင် ထည့်ဝင်ထားသည်ဟုဆိုသည်။

တစ်ခါတစ်ရံ နိုင်ငံခြားသားများ ပါဝင်သော သူ့ဧည့်သည်များထဲတွင် အများအားဖြင့် ပြည်တွင်းစီးပွားရေးသမားများနှင့် ချမ်းသာသောအာရှ သားများဖြစ်ကြသည်။

“အပွိုင့်မန့်ရဖို့ မလွယ်ဘူး”ဟု နိုင်ငံခြားသံတမန်တစ်ဦးကပြောသည်။ ယခုအခါ ဈေးကလည်း တစ်ခါဟော ဒေါ်လာတစ်ရာဖြစ်သွားပြီ ဟုဆိုသည်။

အီးတီးက သူ၏ ဟောကိန်းကို ဧည့်သည်၏ အိတ်တွင်းမှ မမြင်ရသည့်ဒေါ်လာငွေစက္ကူနံပါတ်ကို ပြောသည့်နည်းဖြင့် ယုံကြည်မှုရယူ သည့်နည်းကို သုံးနေပြီဟု အဆိုပါ သံတမန်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်သည့် ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မည်မျှလွတ် လပ်စွာလှုပ်ရှားနိုင်မည်နည်းဟု သံတမန်က အီးတီကို ဟောကိန်းထုတ်ရန်ပြောခဲ့သည်။

အီးတီက နိုင်ငံရေးနှင့် ထီပေါက်၊ မပေါက်ဆိုသည်များတော့ မဟောကြားဘူးဟု ကတိပေးထားပါသည်။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က ပိုမိုပြီးလွတ်လပ်လှုပ်ရှားခွင့်ရမည်ဟု အီးတီကပြောကြားခဲ့ကြောင်း အဆိုပါသံတမန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးကတည်းက သမ္မတ အရွေးခံရန် ဦးတည်ပြင်ဆင်နေ ပြီဖြစ်သည်။

အိသီဟုရေးကြသည့် အီးတီက နှလုံးရောဂါဖြင့်သေဆုံးရမည်ဟု သူ့ကိုယ်သူ ဟောကိန်းထုတ်ခဲ့ပါသည်။ သို့သော်လည်း သူ့အစ်မဖြစ်သူက အီးတီက နောင်ဘ၀မှာ ပိုကောင်းသည့် ဘ၀ကိုရောက်မည်ဖြစ်သည့်အတွက် စိတ်ပူပန်မှုမရှိကြောင်းဆိုသည်။

အီးတီ၏ သရဲတစ္ဆေနှင့် အနာဂတ်ကို မြင်နိုင်စွမ်းအားများသည် ငယ်စဉ်ကလေးဘ၀ကအများကြီး နေ့စဉ်ဘုရားကိုဆုတောင်းနေရာမှ ရရှိလာခဲ့သည်ဟု အီးတီမိသားစုက ပြောကြားသည်။ တခြားဗေဒင်ဆရာများကတော့ အီးတီကဲ့သို့ မဟုတ်ကြပါ။

ဟိန်းဝင့်ဇော်က “သူက နာမည်ကြီး ဗေဒင်ဆရာဆီမှာ ဗေဒင်၊ တဲ့ရော့၊ ဂဏန်းဗေဒင်ပညာများကို ငါးနှစ်ကြာအောင်တခြား တပည့်
၁၀၀ ကျော်နှင့်အတူ သင်ယူခဲ့ပြီးကိုယ်ပိုင်ဟောခန်းဖွင့်ရန် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့ခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက မဟာချိုင်စက်မှုဇုန်မှာရှိသည့် သူ့ဟောခန်းက မြန်မာပြည်က အလုပ်သမားများနှင့် စည်ကားနေပါသည်။ မြန်မာအလုပ်သမားများသာ မက ထိုင်းလူမျိုးများကလည်း စကား ပြန်များနှင့် သူ့ဟောခန်းကို လာ ရောက်ကြပါသည်။

“ကျွန်တော်က ဘယ်တုန်းကမှ ကြော်ငြာနေစရာမလိုဘူး”ဟု ၎င်းကဆိုသည်။
( AFP သတင်းဌာနမှ Kelly Macanamara ရေးသားသည့် Myanmar Mystics give supernatural help to Asia elite ဆောင်းပါးကို ခင်မေဇော်နှင့်ထားထားမြင့်က မူရင်းအတိုင်း ဘာသာပြန်ဆိုသည်)

ပြည်ခိုင်ဖြိုး ဝန်ကြီးတွေ ဗဟိုကော်မီတီကနေ နုတ်ထွက်

ရေးသားချိန် 25 ဇွန်လ 2013 - 16:00 GMT

အစိုးရ ဝန်ကြီးတွေအဖြစ် တာဝန် ထမ်းဆောင်နေချိန်မှာ ပါတီတာဝန်တွေ ဆိုင်းငံ့ထားမယ်လို့ ဆို

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ အစိုးရ ဝန်ကြီးတွေ ပါတီ ဗဟို ကော်မီတီထဲကနေ ယာယီ နုတ်ထွက် လိုက်တယ်လို့ သိရပါတယ်။အဲဒီ ဝန်ကြီးတွေထဲမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းတို့ ပါပြီး တနင်္လာနေ့က ကျင်းပ ပြီးစီးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီ အစည်းအဝေးမှာ အခုလို ထုတ်ဖေါ်ကြေညာလိုက်တာ ဖြစ်ပါတယ်။သမ္မတ ဦးသိန်းစိန်က ပါတီ ဥက္ကဌ တာဝန်ကို ပါတီရဲ့ ဝါအရင့်ဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက လွှဲပြောင်းပေးခဲ့သလို အစိုးရ ဝန်ကြီးတွေကလည်း ဝန်ကြီးတာဝန် ထမ်းဆောင်နေသရွေ့ ဗဟိုကော်မီတီဝင်တွေ အဖြစ်ကနေ ယာယီ နုတ်ထွက်ထားဖို့ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီထဲမှာ အစိုးရ ဝန်ကြီးတွေ ပါနေတာဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ပြခဲ့အပြီးမှာ အခုလို နုတ်ထွက်ဖို့ ဖြစ်လာတာလို့ ယူဆရကြောင်း ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မီတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။အရင်ကလည်း အဲဒီ ဝန်ကြီးတွေအနေနဲ့ တကယ်တမ်းမှာ ပါတီ ဗဟို ကော်မီတီဝင် တာဝန်တွေကို ထမ်းဆောင်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/06/130625_usdp_ministers.shtml