Wednesday, June 26, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်မဟုတ်ဟုဆို



The Voice
ရန်ကုန်၊ ဇွန် ၂၅

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။

ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူမရှိကြောင်း ရုံးဝန်ထမ်းများက ဖြေကြားသည်။

ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆ (က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သုံးဦး က ဝန်ခံ ပြောကြားထားသည်။

မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးကားရှေ့တွင် အမျိုးသမီးတစ်ဦး အသေခံမည်ဟုဆိုကာ လမ်းမပေါ်လဲလျောင်းခဲ့



================================

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ mizzima သတင်းဌာနသို့ ပြောပြသည်။

ကိုတိုးကြီး
 Mizzima 

<
Photo: မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးကားရှေ့တွင် အမျိုးသမီးတစ်ဦး အသေခံမည်ဟုဆိုကာ လမ်းမပေါ်လဲလျောင်းခဲ့
================================

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ mizzima သတင်းဌာနသို့ ပြောပြသည်။

ကိုတိုးကြီး
Ref. Mizzima - News in Burmese

L/span>/span>/span>/span>

အာမခံ မယူသည့် လယ်သမား၅၃ဦးကို ဖြူးရဲစခန်းတွင် ချုပ်နှောင်

The Voice Weekly


ဖြူး၊ ဇွန် ၂၅

ဖြူးမြို့နယ် ညောင်ပင်သာ စိုက်ကွင်း ဧက ၂၀၀၀ စီမံကိန်းနှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသည့် လယ်သမား ၅၃ ဦးကို ဇွန်လ ၂၄ ရက်နေ့ က ဖြူးမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ လယ်သမားများက ကိုယ်တိုင် အာမခံ မယူသောကြောင့် ဖြူးမြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

"အမှုက အာမခံပေးလို့ ရပါတယ်။ သူတို့ကိုယ်တိုင်က အာမခံမယူတဲ့အတွက် ချုပ်နှောင်ထားရတာပါ။ တောင်သူ ဦးတင်စိုး အပါအဝင် စုစုပေါင်း ၅၃ ဦး အချုပ်ထဲမှာပါ" ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၂၄ ရက်နေ့က ဘက်စုံသီးနှံ ဖွံ့ဖြိုးရေး စီမံကိန်း လယ်မြေများတွင်
မြတ်အိနြေ္ဒ ကုမ္ပဏီဝန်ထမ်းများနှင့် ညောင်ပင်သာ စိုက်ကွင်း တာဝန်ရှိသူ များက ထွန်ယက်နေစဉ် ယခင် လယ်ယာ လုပ်ကိုင်ခဲ့သည့် တောင်သူ ၅၀ ကျော်က ဝင်ရောက် တားမြစ်သောကြောင့် စိုက်ကွင်း ကွင်းတာဝန်ရှိသူ က တောင်သူ ၅၃ ဦးကို အမှုဖွင့် တိုင်ကြားခဲ့ပြီး ညောင်ပင်သာ ရဲစခန်းက ပ-၇၄/၂၀၁၃၊ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားရာ
ဇွန်လ ၂၄ ရက်နေ့တွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ မြေနေရာတွင် ယခင်လုပ်ကိုင်ခဲ့သူ လယ်သမားများက တားမြစ်ခြင်း၊ လယ်ဝင်ထွန်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တရားစွဲဆို အမှုဖွင့်ခံ ရခြင်းဖြစ်ကြောင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ တောင်သူ ဦးလှအောင်က ပြောကြားသည်။

"သူတို့က အာမခံပေးလို့ရတယ်လို့ ပြောပေမယ့် ဘယ်သူမှ ခေါ်လို့မရပါဘူး။ ရွာမှာရှိတဲ့ လူအားလုံး အချုပ်ထဲမှာ။ ရှိတဲ့လူကလည်း လိုက်ရဲပုံ မပေါ်ဘူး" ဟု အချုပ်ခံရသည့် ဖခင်နှင့် ခင်ပွန်းသည်တို့၏ မိသားစုဝင် ဒေါ်မူမူက ပြော ကြားသည်။

၁၉၇၆ တွင် ပြည်သူ့လုပ်အား နေရာချထားရေး အဖွဲ့က ဖြူးမြို့နယ် ညောင် ပင်သာ ကျေးရွာအနီး မြေဧက ၂၀၀၀ ဖော်ထုတ်ပြီး ဒေသခံ တောင်သူ များနှင့် အကျိုးတူ လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ မြတ်အိနြေ္ဒ ကုမ္ပဏီနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့ကြောင်း ညောင်ပင်သာ စိုက်ကွင်းမှူး ဦးသက်ဦးက ပြောကြားသည်။

လယ်ယာမြေ အငြင်းပွားမှု ပြဿနာသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင် စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇွန်လလယ်အထိ ရှစ်လ တာ ကာလအတွင်း ညောင်ပင်သာ စက်မှု သီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူ ၆၅ ဦး ကျော်ကို အမှုဖွင့်တိုင်ကြား ခဲ့ရာ ဖြူးမြို့နယ် တရားရုံးတွင် အမှုပေါင်း ၁၅ မှုဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။

လက်ထပ်ထိမ်းများခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ NDFပါတီ တိုက်တွန်း



RFA Burmese

မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့အတွက် ၁၉၅၄ ခုနှစ် မြန်မာဗုဒ္ဓဘာသာ မိန်းကလေးများ အထူးလက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေဆက်ခံပိုင်ခွင့်ဥပဒေကို လက်ရှိအချိန်ကာလနဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအရ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေလည်း အခြားဘာသာတွေနည်းတူ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ် ရှိသင့်တယ်လို့ ယူဆတဲ့အတွက် သဘောထားထုတ်ပြန်ရတာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

"တခြားဘာသာ သာသနာတွေမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့အပိုင်းမှာ သူတို့ဘာသာဝင် အမျိုးသမီး၊ အမျိုးသားတစ်ယောက်ဟာ တခြားဘာသာနဲ့ ယူကြမယ်ဆိုရင် သူတို့ အစ္စလာမ်တရားရုံး၊ ခရစ်ယာန်ဓမ္မအဖွဲ့မှာပေါ့ဗျာ တင်ပြလျှောက်ထားရတယ်ဗျ၊ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အဲလိုမဟုတ်ဘူး၊ ယူမယ်ဆိုလို့ရှိရင် လူကြီးစုံရာရှေ့မှာ တောင်းရမ်းယူသွားပြီးတော့ အမျိုးသမီးများရဲ့ အကာအကွယ်မရှိဘူးဆိုတာ သွားတွေ့ရတယ်၊ ကျနော်တို့ ဒါကိုတော့ဖြင့် ပြန်စဉ်းစားဖို့သင့်ပြီ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ ခံစားရတဲ့ဒုက္ခတွေ၊ လစ်ဟာသွားမယ့် အခွင့်အရေးတွေ၊ ဥပဒေကြောင်းအရရရှိနိုင်တဲ့ အမွေဆက်ခံပိုင်ခွင့်တွေ ရသင့်ရအပ်တယ်ဆိုတာကို ကျနော်တို့ စဉ်းစားပြီးတော့ ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်ဖို့ စဉ်းစားတာဖြစ်ပါတယ်"

NDF ပါတီအနေနဲ့ ၁၉၅၄ လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြန်လည်သုံးသပ်လေ့လာပြီးနောက် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြင်ဆင်သင့်တဲ့အချက်တွေကို အခြားဘာသာ၊ သာသနာတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ထိပါးစေခြင်းမရှိဘဲ ထောက်ပြဝေဖန်သွားမယ်လို့လည်း ဆိုပါတယ်။

Burma's 88-Generation Conference Program - June 28-30, Toronto


88-Generation Conference: 25th Anniversary of Burmese Democracy Movement
Toronto, Canada – June 28-30, 2013

Evening Welcoming Reception (Invited only)

Date and Time:
June 28 from 6:00pm to 9: 30pm
Location: Cecil Community Centre (85 Cecil Street, Toronto)
-Meeting and Greeting
-Hosting Burmese dinner with traditional dance and music
----------------------------------------------------------------------------------------------

88-Generation Conference Opening Session (Open to public with registration)
Date and Time: June 29 from 8:30am to 12:00 noon
Location: Council Chamber, Toronto City Hall (100 Queen St., Toronto)

08:30am – Registration (3rd floor) and breakfast (Councilor Lounge)

09:30am – Introduction (Council Chamber)
-Introduction, special tributes, and conference aims and objectives

10:00am – Messages/Statements
-Statements of Prime Minister and other political leaders in Canada
 
10:30am – Speeches
-The role of students in the democracy movement - leaders of 88 Generation
-The roles of monks and Burma's ethnic nationalities

11:30am – Conclusion

Hosting lunch at Rotunda Hall (Toronto City Hall) from 12:00 to 01:00pm
----------------------------------------------------------------------------------------------

Conference Day-one Panel Discussions – June 29 from 01:00 pm to 05:00 pm
Councilor Meeting Room #2, Toronto City Hall (Invited only)

01:00–02:45 pm            Panel One – Political Development and challenges ahead
02:45–03:00 pm            Break
03:00–04:45 pm            Panel Two - Economic and Development
04:45–05:00 pm            Day-one Conclusion

Hosting diner for guests from 06:30 pm–10:00 pm (location to be announced)
---------------------------------------------------------------------------------------------------

Conference Panel Discussions -Day-two (June 30) – from 08:30 am to 05:00 pm
Councilor Meeting Room #2, Toronto City Hall (Invited only)

08:30 am – 09:30 am        Breakfast
09:30 am – 11:00 am          Panel Three – Peace process with Ethnic Minorities
11:00 am – 11:15 am             Break
11:15 am – 12:45 pm             Panel Four – The role of 88 Generation in the future
12:45 pm – 01:30 pm           Lunch @ Rotunda Hall (Toronto City Hall)
01:30 pm – 02:30 pm          All panels reviewing process
02:30 pm – 02:45 pm         Break
02:45 pm – 04:45 pm         Drafting a manifesto based on common ground
04:45 pm – 05:00 pm        Conference Conclusion


Hosting Appreciation Night for volunteers from 06:30 pm to 11:00 pm           

'88 Generation Conference' in Toronto, Canada is organized by a Convening Committee consists of individual 88 Generation, Burmese Students' Democratic Organization (BSDO-Canada) and Canadian Friends of Burma (CFOB).

See more details:
Facebook: https://www.facebook.com/events/190364854447077/
Web: http://88generationconference2013.wordpress.com/

မူးဇော် (သမ္မတရုံးအကြံပေး) ရေးခဲ့တဲ့စာ

U WIRA THU : Open Letter to “Ms. Hannah Beech


U WIRA THU : Open Letter to “Ms. Hannah Beech (TIME Magazine)”-ENGLISH
June 26, 2013

1044388_285810324895816_1826337971_n

Dear Sister Ms. Hannah Beech,
I nationalist Buddhist Monk U Wira Thu is writing this letter to you. When you came to us, we had treated you and your photographer with hospitability. You know we had done our best to help you and your photographer to get what you want.
We had helped you only with the good volition that we want the media and correspondents get the true facts.
We helped you because we respect western liberal media like Times and we expected you wouldn’t make lies to the people of the world. And we did not think you wouldn’t break ethic and responsibility of media.
Now I know that you are the worst visitors we have ever had.
I could not see the hatred behind your smiles. I could not see your ruthlessness under your tender actions.
I could not see your deceit under your sweet words it is like blade covered by honey.
I did not think that a gentle and beautiful girl like you have the ruthless heart of performing savages attack on us to be heard all over the world. I could not think that because of my background may be as you said I was a vagabond.
I had told you that those names such as Shaved Head Nazi, Neo Nazi, Burmese Bin Laden were given by Muslims on Facebook. And then liberal media like you dare use the word like “The Buddhist Monk, The Title “Burmese Binladen”
I believe (think) you admit your dirty mind by deliberately using the word “The Buddhist Monk” then followed by the word “With the man in burgundy robes.” You are not a lady with high moral ground and you are same as dirty minded as extremists all over the world. Muslims are also like you want me to strip of the robe. They do not revere me as a Monk and call me “the man in the robe.”
My preaching is not burning with hatred as you say. Only your writing is full of hate speech.
We can forgive the misunderstanding. We can forgive wrong conclusion. But will you deny that your hatred words targeted me to tarnish my reputation.
Please recheck your words and the words that I preached.
“Now is not the time for calm.”
“Now is the time to rise up to make your blood boil.” These are your words.
Now I show my words.
969 is for peace,
We should preserve these noble reputations of Buddha, Dhamma and Sangha.
For our National cause, our Culture and our Faith,
We will avoid terror act.
Upholding three gems (Buddha, Dhamma, Sangha)
We will perform with honesty, diligence and determined attempts.
For our national cause,
We will carry out it warmly without ignorance.”
These are my words. It is clear that you made savage attack against me by comparing my words and your words.

I preach people not to react with lawlessness, but you accused me of terrorist. You tried to draw a picture of me as a person who aggravate the situation by hate speech and fuelling to make offensive attack, where I am preaching people to perform with honesty, diligence and determined attempts to preserve our value. I preach people to carry out national cause warmly without ignorance, than you gave the world bad impression of me who is trying to boil the blood of people.

You dare do that.
With sustained loving-kindness,
Ven. Wira Thu

HANNAH BEECH HANNAH BEECH
 http://democracyforburma.wordpress.com/2013/06/26/u-wira-thu-open-letter-to-ms-hannah-beech-time-magazine-english/

အဘရွှေရဲ့ ချည်ထွေးကြီး


 Maung Thant
လွှတ်တော်မှာ နိုင်ငံတော်ဘတ်ဂျက်ခွဲဝေမှုနဲ့ ပတ်သက်ပြီး တပ်မတော် အသုံးစရိတ်နဲ့
ပတ်သက်ရင် သိပ်ပြီး အချိန်ကုန်ခံ ဆွေးနွေးမနေပါနဲ့ဗျာ။ ဘာလို့လဲဆိုတော့ ကာချုပ်
အတွက်ကတော့ ခင်ဗျားတို့ မလျှော့လည်း ပြုံးပြုံးပဲ၊ လျှော့လည်း ပြုံးပြုံးပဲနေမှာပါပဲ။
လျှော့တော့လည်း စာရင်းလုပ်ရ သက်သာတာပေါ့ကွာလို့ ပြောမှာပေါ့ဗျ။

နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် လိုအပ်သော အသုံးစရိတ်
ဆိုင်ရာ အထူးရန်ပုံငွေဥပဒေဆိုတဲ့ တည်ဆဲ ဥပဒေ ရှိတယ်လေ။

ဥပဒေကရှင်းပါတယ် ပုဒ်မ ငါးခုပဲပါပါတယ်၊ အဓိကကတော့ _

အထူးရံပုံငွေဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်
ရာတွင် လည်းကောင်း၊ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှကာကွယ်ရာ
တွင်လည်းကောင်း၊ အထူးလိုအပ်သည်များကို သုံးစွဲနိုင်ရန်ထူထောင်ထားသော ရန်ပုံ
ငွေကိုဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အရ အထူးရံပုံငွေသို့ နှစ်စဉ် လိုအပ်
သော ငွေကြေးပမာဏကို နိုင်ငံတော်သမ္မတ၏သဘောတူညီချက်ဖြင့် ဖြည့်ဆည်းပေး
ရမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း
လုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို
ထမ်းဆောင်ရာတွင် ကုန်ကျသောအသုံးစရိတ်များကို အထူးရံပုံငွေမှ ပြည်တွင်းသုံးငွေ
(သို့မဟုတ်) နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိသည်။

အထက်ပါ အထူးရံပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့
အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။ ... တဲ့။

ကဲ ... ပိုင်ချက်ကတော့ ဒိုင်ပျက်လောက်တယ်နော်ဗျ၊ ဒါပဲလားလို့တော့ မမေးလေနဲ့
ဒီ့ထက်တောင် ပိုသေးဗျား ... :D

အမယ်ဘုတ်ရဲ့ သူ့ချည်ခင်မဟုတ်ဘူး၊ အဘရွှေရဲ့ ဥပဒေ ချည်ထွေးကြီးကို ဘယ်လို
အစဆွဲလို့ ဘယ်လိုရှင်းကြမယ်ဆိုတာတော့ စိတ်ဝင်စားသဗျား။