Thursday, June 27, 2013

ပရိသတ်များအား ထိခိုက်စေသည့် ဇာတ်ဝင်ခန်းများကို ပြန်လည်ဖြတ်တောက်တော့မည်



ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၁၆ မိနစ်

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သော ကြည့်ရှုသူပရိသတ်များ၏ စိတ်ကိုထိခိုက်စေနိုင်သည့် ပြောဆို ပြုမူသည့် ဇာတ်ဝင်ခန်းကို ပြန်လည်ဖြတ်တောက်တော့မည် ဖြစ်ကြောင်း ဗီဒီယိုဆင်ဆာအဖွဲ့၏ ကောက်နုတ် ချက်တွင် ဖော်ပြထားသည်။

ကောက်နုတ်ချက်များအရ ကြည့်ရှုသူ ပြည်သူလူထုကို ထိခိုက်စေမည့်အပြောများ၊ ပြသမှုများ အပါအဝင် အန္တရာယ်ဖြစ်စေမည့်အပြောအပြများကို ဆင်ဆာအဖွဲ့အနေဖြင့် လက်ခံခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း၊ ပြည်သူလူထုကို ဗဟိုပြုသည့်အတွက် ပြည်သူလူထုအကျိုးယုတ်စေမည့် ပြကွင်း ပြကွက်များကို ပြည်သူလူထု၏ တောင်းဆိုမှုအရ ဖြတ်တောက်ပစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတွင် နိုင်ငံတော်မှ လက်ရှိ ကျင့်သုံးဆောင် ရွက်လျက်ရှိသော စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကဏ္ဍတွင် ဆင်ဆာ လည်း ပါဝင်နေပြီး ယခင် ဆင်ဆာမူဝါဒ ၁ဝချက်မှ ခြောက်ချက်ကို လျှော့ချပြောင်းလဲ သတ်မှတ်ပေးခြင်းမှာ ပြည်သူလူထု တောင်းဆို၍မဟုတ်ဘဲ ယခင် ပြည်ထောင်စုဝန်ကြီးလက် ထက်ကတည်းက ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးများနှင့် လောကသားများ အကျိုးအတွက် စဉ်းစားကာ ဖြေလျှော့ပေးခဲ့ခြင်းပါရှိသည်။

၎င်းနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ''ဖြတ်တောက်တာ ဖြတ်တောက်လို့ ရပါတယ်။ ဒါရိုက်တာရဲ့ ဖန်တီးမှုကိုတော့ ဆွေးနွေးသင့်ပါတယ်။ သူ ဘယ်လိုဖန်တီးထားသလဲ၊ ဘယ်လို အကြောင်းအရာလဲပေါ့။ ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ တချို့ကားတွေကျတော့ ဖန်တီးသူတွေဘက်က မလွန်ဘဲ ဖျက်မိမှာစိုးတာပါ။ ဘယ်အရာမဆို ညှိနှိုင်းပြီး ထွက်လာတဲ့အဖြေက နှစ်ဖက်စလုံးအတွက် ကောင်းမှာပါ'' ဟု သူ့အမြင်ကို ပြောပြသည်။

ဗီဒီယိုသည် ကျေးလက်ဒေသများအထိ လျင်မြန်စွာပျံ့နှံ့ရောက်ရှိနေသဖြင့် ပြည်သူ လူထုအတွက် အဆိပ် အတောက်ဖြစ်စေမည့် စိတ်ပိုင်းဆိုင်ရာအန္တရာယ်ဖြစ်စေမည့် အပြော အပြများ ပါဝင်ပါက နောင်လူငယ်များ အတွက် အတုခိုးမှားယွင်းပြီး နစ်နာသွားနိုင်ကြောင်း Rating စနစ်ကို ပြောင်းလဲကျင့်သုံးရန် ဖြည်းဖြည်းချင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အဆိုပါကောက်နုတ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 Mizzima -

အိန္ဒိယ-ဘင်္ဂလာဒေခ်ျ့-မြန်မာ- တရုတ် လေးနိုင်ငံ ဆက်သွယ်ရေး ကားလမ်းဖေါက်လုပ်ရန် တရုတ်က အဆိုပြု


သောကြာနေ့၊ ဇွန်လ 28 ရက် 2013 ခုနှစ်
နိရဉ္စရာ သတင်းဌာန

တရုတ်နိုင်ငံကနေ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလာ ပြည်နယ်ထိ အဝေးပြေး ကားလမ်းမကြီး တစ်ခုကို ဆက်သွယ်ဖေါက်လုပ်ရန် တရုတ်အစိုးရမှ အဆိုပြုလာသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

အကယ်၍ လေးနိုင်ငံ ကားလမ်း ဖေါက်လုပ်ဖြစ်ပါက ဤဘူးသီးတောင်- မောင်တောကားလမ်းသည် အခရာကျလာမည် ဖြစ်သည်။

၎င်းအဆိုပြုချက်အပေါ် မိမိတို့နိုင်ငံမှ ထောက်ခံကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပို့ဆောင် ၀န်ကြီး Obaidul Quader က ပြောဆိုသည်။

တရုတ် လက်ထောက် ဆက်သွယ်ရေး ၀န်ကြီး Feng Zhenglin နှင့် ဒက္ကားမြို့တော်တွင် တွေ့ဆုံ အပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘင်္ဂလာဒေခ်ျ့ ပို့ဆောင်ရေး ၀န်ကြီးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ အခု ဖေါက်လုပ်မယ့် လေးနိုင်ငံ ဆက်သွယ်ရေး အဝေးပြေးလမ်းမက အာရှလမ်းမနဲ့ မဆိုင်ဘူး။ သီးခြား ဖြစ်တယ်။ ဒီလေးနိုင်ငံ အဝေးပြေးလမ်းမ ဖေါက်မှာကို မိမိတို့ အနေနဲ့ ထောက်ခံပါတယ်” ဟု ပြောသည်။

သို့သော်လည်း ၀န်ကြီးအနေဖြင့် အသေးစိတ် အချက်အလက်များကို တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ပို့ဆောင်ရေးဝန်ကြီးမှ “ သဘောတူညီမူ နောက်ဆုံး အဆင့်သို့ ရောက်ရှိရန် လေးနိုင်ငံတာဝန်ရှိသူများ အနေဖြင့် ဆွေးနွေးပွဲများ ဆက်လုပ်သွားရအုံးမည် ဖြစ်ကြောင်း” ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် တရုတ် အပါအ၀င် အာစီယံနိုင်ငံများနှင့် ကုန်သွယ်ရေး တိုးမြှင့်ရေးအတွက် မြန်မာနှင့် ဆက်သွယ်မည့် ချစ်ကြည်ရေး လမ်းမ တစ်ခု ဖေါက်လုပ်ရန် အထူး လိုလားနေရာ အဆိုပါ ကားလမ်း ဖေါက်လုပ်နိုင်ရေး အတွက် ဆယ်စုနှစ်နှင့် ချီပြီး မြန်မာ အစိုးရ အာဏာပိုင်များအား ချဉ်းကပ် ကြိုးစားနေကြောင်း သိရသည်။

အဆိုပါ လမ်းဖေါက်လုပ်ရေး အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အကြားတွင် သဘောတူညီမူများ အကြိမ်ကြိမ် ရရှိခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ ညီလာခံ တတ်ရောက်သောဦးရေ စုစုပေါင်း


Ko Kyaw Thu
သံဃာ = 1530
သီလရှင် = 25
သတင်းမီဒီယာ = 83
ပြင်ပဧည့်သည် = 751
လုပ်အားပေး -သံဃာ +ယောဂီ = 360
အင်အားစုစုပေါင်း = 2749 ဦးရေ
ချွတ်ချင်တဲ့နေရာ ချွတ်ထားခဲ့တဲ့ ဖိနပ်တွေ လုံးဝ မပျောက်ပါ ဗျာ ......

“အမျိုးစောင့်ဥပဒေညီလာခံ စတင်ကျင်းပ”

Wira Thu added 9 photos.

******************************
၂၇-၆-၂ဝ၁၃- မနက် ၈းဝဝ နာရီ၊ အင်းစိန် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပခြင်း ဖြစ်ပြီး၊ ဟင်္သာတမြို့၊မိုးကောင်းဆရာတော်ဘုရားကြီး၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး အမှူးရှိသော သက်တော်ရှည် ဆရာတော်ကြီးများနှင့် မြန်မာပြည်တစ်ဝှမ်းလုံးမှ သံဃာတော်များ (၁ဝဝဝ)ကျော် တက်ရောက်ကြကာ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ အမေရိကနှင့် အခြားနိုင်ငံများမှ မြန်မာ ရဟန်းတော်များလည်း တက်ရောက်ကြသည်။

သူရဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထောက်ခံသဘောတူကြောင်းပြော



by Myanmartandawsint Newspaper (Notes) on Thursday, June 27, 2013 at 6:15pm

နေပြည်တော်၊ ဇွန် ၂၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း သတင်းဌာနများနှင့် တွေ့ဆုံစဉ် သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းမှ ဝေဖန်သုံးသပ်မှု အမျိုးမျိုးပြုလုပ်နေကြချိန်တွင် သူရဦးရွှေမန်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ လက်ရှိ ဥက္ကဋ္ဌဖြစ်နေသဖြင့် ၎င်းက သမ္မတလုပ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သဘောတူ ထောက်ခံ သွားမည်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖွင့်ဟပြောကြားလိုက်သည်။

““ဥက္ကဋ္ဌဆိုတာက ကျွန်တော်တို့ ပါတီရဲ့ အကြီးအကဲပဲ။ ပါတီရဲ့ အကြီးအကဲကို တကယ်လို့ သူကိုယ်တိုင်ကလည်း ဆန္ဒရှိတယ်ဆိုရင် ဘယ်သူက မထောက်ခံမှာလဲ။ ယေဘုယျအားဖြင့်တော့ ဒီအတိုင်းအမှန်ပဲ။ ပါတီဖြစ်တဲ့အတွက် ထောက်ခံမှာပေါ့””ဟု ပြောကြားခဲ့သည်။

သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် အင်အားအများဆုံးဖြစ်သော ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် သမ္မတအဖြစ် ဦးသိန်းစိန် တင်မြှောက်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအများဆုံး အနိုင်ရပါက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံတင်မြှောက်ရန် ပါတီတွင် စီမံကိန်းချမှတ်ထားမှု ရှိ/မရှိ အပေါ်တွင်မှု ““ဒီကာလအတွင်းမှာ ကြိုးစားရဦးမယ်။ အခြေခံအချက် တွေညီအောင် ကြိုးစားရဦးမယ်။ အဲဒီအခါကျမှ စဉ်းစားရမှာလေ။ အခုပြောနေကြတယ်ဆိုရင် စဉ်းစားဖို့ နည်းနည်းခက်လား။ သို့သော်လည်း ယေဘုယျအားဖြင့် ကျွန်တော်တို့ သဘောတူရမှာပဲ”” ဟု ဦးဌေးဦးက ပြောသည်။

သူရဦးရွှေမန်း၏ သမ္မတဖြစ်ချင်ကြောင်း ဖွင့်ဟပြောကြားမှုအပေါ် မိမိကိုယ်တိုင် သမ္မတဖြစ်ချင်ကြောင်း ပြောကြားမှုများရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ““အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာကောင်းတယ်။ နိုင်ငံရေးဆိုတာ ဒီလိုပဲလုပ်ရမှာပဲ။ နိုင်ငံရေးလုပ်နေပြီးတော့ ရှိုးတိုးရှန့်တန့်လုပ်နေရင် မဖြစ်ဘူးလေ။ အန်တီက ဒီကိစ္စနဲ့ မေးတာကို။ သမ္မတဖြစ်ချင်လားဆိုတော့ ဖြစ်နိုင်ရင်ဖြစ်ချင်တာပေါ့။ သမ္မတဖြစ်မှ ကိုယ့်ရဲ့ မူဝါဒတွေအရ ကိုယ့်တိုင်းပြည်ကို ကောင်းတယ်လို့ထင်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးရမှာလေ။ အဲဒါအမှန်ပဲ။ ဒါပေမဲ့ အန်တီ ဒီဟာကိုဆုံးဖြတ်ဖူးတယ်။ ဒီမိုကရေစီနိုင်ငံရေးလုပ်နေပြီပေါ့လေ။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပြီ။ လုပ်နေပြီးတော့မှ နိုင်ငံခေါင်းဆောင် မဖြစ်ချင်သလိုလို ဖြစ်ချင်သလိုလိုဆိုရင် ဒါဟာ အန်တီ့အနေနဲ့ ပွင့်လင်းမှုနည်းပါးတယ်လို့ ပဲထင်တယ်။ အစကတည်းက ဒီဟာလုပ်နေတာ ဘာလုပ်ဖို့လုပ်နေတာလဲ။ အန်တီတို့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ သေသေချာချာ ရှင်းပြထားပြီးပြီ။ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်။ ကိုယ်လုပ်ချင်တာတွေကအများကြီးပဲ။  ဒါတွေလုပ်နိုင်ဖို့ဆိုတာ အစိုးရဖြစ်မှ။ အစိုးရဖြစ်ရင်တောင် အားလုံးမလုပ်နိုင်ဘူးနော်။  အစိုးရဖြစ်မှ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများဆုံးရမှာ။ အစိုးရမဖြစ်ချင်လို့ရှိရင် ဘာဖြစ်လို့ ဒီအဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ချင်ပါတယ်လို့ပြောသလဲ။ ဖော်ချင်ပါတယ်လို့ ပြောထားပြီးမှတော့ ဖော်လို့ရမယ့် အခြေအနေကိုဖန်တီးရမယ်။ ပါတီခေါင်းဆောင်ဖြစ်နေပြီးတော့ သမ္မတဖြစ်ချင်တယ်ဆိုတာ တကယ်တော့ မဖြစ်ချင်ပါဘူး တို့ပြောလို့ရှိရင် ဒါကတော့ မရိုးသားဘူးလို့ထင်တယ်။ ဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်ချင်တယ်၊ အရွေးခံချင်တယ်လို့ ပြောတာတော့ အန်တီ့အနေနဲ့တော့ ဖြောင့်မတ်တယ်၊ ပွင့်လင်းတယ်၊ ဒါကြောင့်မို့လို့ သဘောကျတယ်”” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် သမ္မတ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးသိန်းစိန်အပါအ၀င် ထိပ်ပိုင်း အစိုးရအဖွဲ့ဝင်များကို ယခင်နယက အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်နေရာချထားပေးခဲ့သည်ဆိုသော ဝေဖန်သုံးသပ်မှုများကိုမူ ဦးဌေးဦးက ငြင်းဆိုခဲ့သည်။ သို့သော် မကြာမီရက်သတ္တပတ်အတွင်းက ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ ဦးအောင်သောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အလံကို ပြည်ခိုင်ဖြိုးပါတီအားလဲခဲ့ကြောင်းနှင့် အဓိပ္ပာယ်မှာ အာဏာကို ပါတီအားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ခဲ့သည့် နယက၏ နောက်ဆုံးအစည်းအဝေးတွင် ၀န်ကြီးများနှင့် အစိုးရအဖွဲ့ လျာထားခြင်းခံရသူများ အကုန်ပါကြောင်း အစိုးရအဖွဲ့ကို ကြိုတင်လျာထားခဲ့သည့် သဘောမျိုးသက်ရောက်စွာ ပြောကြားထားမှုရှိသည်။

အထက်ပါဝေဖန်သုံးသပ်ချက်နှင့် တစ်ဆက်တည်းတွင် လက်ရှိသမ္မတရာထူးအတွက် သူရဦးရွှေမန်းကို ယခင်ကလျာထားခဲ့ပြီး နောင်တွင်မှ ဦးသိန်းစိန်ကို သမ္မတအဖြစ် ထားရှိရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းတို့ကြား ပုဂ္ဂိုလ်ရေး ကွဲပြားမှုများရှိနေကြောင်းလည်း နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ် လျက်ရှိကြသည်။

ထိုသုံးသပ်ချက်များအပေါ်တွင်လည်း ဦးဌေးဦးက ငြင်းဆိုလိုက်ပြီး ““ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့ သူရဦးရွှေမန်း၊ နိုင်ငံတော်သမ္မတကြီးဖြစ်နေတဲ့ အရင်တုန်းက ကျွန်တော်တို့ ပါတီဥက္ကဋ္ဌတစ်ဖွဲ့တည်းပါပဲ။ မသိတဲ့လူတွေလည်း မဟုတ်ဘူး။ အတိုက်အခံတွေလည်း မဟုတ်ဘူး။ အတူတကွ ပူးပေါင်းပြီးတော့မှ ပါတီသည် ပါတီတာဝန်နဲ့၊ အစိုးရသည် အစိုးရတာဝန်နဲ့ ဆောင်ရွက်မယ်။ အစိုးရသည် သူ့လုပ်ပိုင်ခွင့်၊ လုပ်နိုင်တဲ့အတိုင်းအတာ သူ့စည်းကမ်းနဲ့လုပ်မယ်။ ပါတီသည် ပါတီစည်းကမ်းနဲ့ လုပ်မယ်ဆိုတဲ့ဟာကို ဆောင်ရွက်နေကြတာပဲ””ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အနက် မည်သူက သမ္မတအဖြစ် နိုင်ငံကိုဦးဆောင်ရန် ပိုသင့်တော်ကြောင်းမှာ ပြည်သူ လူထု၏သုံးသပ်ချက်ကိုသာ စောင့်၍နားထောင်ရမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၅ တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားမှုပြုလိုက်သည့် သူရဦးရွှေမန်းသည် ယခင်နယက အစိုးရလက်ထက် အမြင့်ဆုံးဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် နံပါတ် ၃ အဆင့်ရှိခဲ့သူဖြစ်သည်။

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်


 အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်း၌ ပြုလုပ်သည့် သြ၀ါဒခံယူပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်

    Created on Friday, 28 June 2013 02:44

မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။

အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။

အဆိုပါ အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် ၀ိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် ၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
http://news-eleven.com

ဆက် သွယ် ရေး ဝန် ဆောင် မူလွှတ် တော် နဲ့ အ ချိတ် အ ဆက် မ မိ


Kshatriya Mrâmmâ's photo.

FDI တွေ billion နဲ့ ချီ ပြီး ဝင် လာ မယ် ၊ နည်း ပ ညာ တွေ ရ မယ် ၊ လူ ငယ် တွေ Service Industry မှာ အ လုပ် ရ မယ် ဆို တာ ဝမ်း သာ စ ရာ ပါ ။ နောက် ထပ် ဝင် ရောက် မဲ့ တိုက် ရိုက် ရင်း နီး မြုပ် နှံ မူ တွေ က လဲ ဒီ ဆက် သွယ် ရေး ကို အ မှီ ပြု တိုး ပွား လာ ဖို့ လဲ ရှိ နိုင် ပါ တယ် ။ ဒါ ပေ မဲ့ အ ခု လွှတ် တော် နဲ့ အ ချိတ် အ ဆက် မ မိ တာ တိုင်း ပြည် အ တွက် အ ဓိ က အ ကြီး ဆုံး နစ် နာ မူ တ ခု လို့ မြင် မိ ပါ တယ် ။ ဘာ လို့ လဲ ဆို တော့ အ ခု ဟာ က သာ မန် ဆက် သွယ် ရေး ပ စ္စ ည်း ကိ ရိ ယာ တွေ ထုတ် လုပ် မူ မ ဟုတ် ပဲ ။ ဆက် သွယ် ရေး ဝန် ဆောင် မူ ပေး တဲ့ အ ပိုင်း ဖြစ် နေ ပါ တယ် ။

တိုင်း ပြည် တ ခု မှာ ဆက် သွယ် ရေး ဟာ အ ခြေ ခံ အ ကျ ဆုံး လုံ ခြုံ ရေး (Security Issue) တ ခု လဲ ဖြစ် ပါ တယ် ။ FDI Law မှာ ဆက် သွယ် ရေး နှင့် ကာ ကွယ် ရေး (Telecom and Defense) နဲ့ ပတ် သက် ပြီး တိ ကျ တဲ့ ပြ ဌာန်း မူ မျိုး မ တွေ့ ရ ဘူး ထင် ပါ တယ် ။ အ ခု Tender ထဲ မှာ မြန် မာ နိုင် ငံ ရဲ့ အ ချုပ် အ ခြာ လေ လှိုင်း Frequency ကို လဲ ဘယ် လို ခွဲ ခြမ်း မ လဲ ဘယ် နှစ် လိုင်း ဘယ် လောက် အ တိုင်း အ တာ ပေး မယ် အ တိ အ ကျ မ ပါ ဘူး ဖြစ် နေ တယ် ။ အ ရေး ပေါ် ကာ လ တွေ မှာ အဲ ဒီ Telecom Service တွေ အ သုံး မ ပြု နိုင် ရင် သော် ၎င်း ၊ အ လွဲ အ သုံး ချ ရင် သော် ၎င်း ဖြစ် နိုင် ပါ တယ် ။ ကျ နော် တို့ နိုင် ငံ က ရ မှာ နှစ် စဉ် လိုင် စင် ကြေး ပုံ သေ နှုန်း ထား နဲ့ ရ မယ် လို ထင် ပါ တယ် ။ နိုင် ငံ ခြား ကု မ္ပ ဏီ တွေ က တော့ သူ တို့ ရဲ့ Network ကို သုံး စွဲ သူ များ ရင် များ သ လို သူ တို့ ဝင် ငွေ တွေ တိုး လာ ဖို့ ရှိ ပါ တယ် ။ ရ သ မျှ အ မြတ် တွေ မြန် မာ နိုင် ငံ ထဲ ပြန် ရင်း နှီး မြုပ် နှံ ရင် တော့ ကောင်း မှာ ပေါ့ ။ အဲ ဒီ လို မ ဟုတ် ရင် တော့ မ ကောင်း ဘူး ။

ကျ နော် ဖြစ် စေ ချင် တဲ့ Model က တော့ မြန် မာ နိုင် ငံ သား လူ လတ် တန်း စား တွေ လဲ ဒီ ရင်း နီး မြုပ် နှံ မူ တွေ ရဲ့ အ စိတ် အ ပိုင်း တ ခု မှာ ပါ ဝင် စေ ချင် ပါ တယ် ။ လုံ ခြုံ ရေး အ ရ ဒီ ရင်း နှီး မြုပ် နှံ တဲ့ ကု မ္ပ ဏီ တွေ ရဲ့ ကျော ထောက် နောက် ခံ နိုင် ငံ တွေ ကို ထဲ သွင်း ဆုံး ဖြတ် သင့် တယ် ။ ကိုယ် နိုင် ငံ နဲ့ စံ နှုန်း တွေ နဲ့ ကိုက် ညီ ရဲ့ လား ဆို တာ စဉ်း စား သင့် တယ် ။

အ ခု ဒီ မှတ် ချက် နှင့် အ တူ စာ တမ်း လေ တ ခု ရှာ တွေ့ ထား တာ လေ Link အောက် မှာ ပေး လိုက် ထား ပါ တယ် ။

http://www.law.emory.edu/fileadmin/journals/eilr/22/22.1/Huffman.pdf

FDI Law ကို လေ့ လာ ချင် ရင် ဒီ မှာ ပါ ။ http://www.uschamber.com/sites/default/files/international/files/official_fil_in_english_2013.pdf



FDI တွေ billion နဲ့ ချီ ပြီး ဝင် လာ မယ် ၊ နည်း ပ ညာ တွေ ရ မယ် ၊ လူ ငယ် တွေ Service Industry မှာ အ လုပ် ရ မယ် ဆို တာ ဝမ်း သာ စ ရာ ပါ ။ နောက် ထပ် ဝင် ရောက် မဲ့ တိုက် ရိုက် ရင်း နီး မြုပ် နှံ မူ တွေ က လဲ ဒီ ဆက် သွယ် ရေး ကို အ မှီ ပြု တိုး ပွား လာ ဖို့ လဲ ရှိ နိုင် ပါ တယ် ။ ဒါ ပေ မဲ့  အ ခု လွှတ် တော် နဲ့ အ ချိတ် အ ဆက် မ မိ တာ တိုင်း ပြည် အ တွက် အ ဓိ က အ ကြီး ဆုံး နစ် နာ မူ တ ခု လို့ မြင် မိ ပါ တယ် ။ ဘာ လို့ လဲ ဆို တော့ အ ခု ဟာ က သာ မန် ဆက် သွယ် ရေး ပ စ္စ ည်း ကိ ရိ ယာ တွေ ထုတ် လုပ် မူ မ ဟုတ် ပဲ ။ ဆက် သွယ် ရေး  ဝန် ဆောင် မူ ပေး တဲ့ အ ပိုင်း ဖြစ် နေ ပါ တယ် ။ 

တိုင်း ပြည် တ ခု မှာ ဆက် သွယ် ရေး ဟာ အ ခြေ ခံ အ ကျ ဆုံး လုံ ခြုံ ရေး (Security Issue) တ ခု လဲ ဖြစ် ပါ တယ် ။ FDI Law မှာ ဆက် သွယ် ရေး နှင့် ကာ ကွယ် ရေး (Telecom and Defense) နဲ့ ပတ် သက် ပြီး တိ ကျ တဲ့ ပြ ဌာန်း မူ မျိုး မ တွေ့ ရ ဘူး ထင် ပါ တယ် ။ အ ခု Tender ထဲ မှာ မြန် မာ နိုင် ငံ ရဲ့ အ ချုပ် အ ခြာ လေ လှိုင်း Frequency ကို လဲ ဘယ် လို ခွဲ ခြမ်း မ လဲ ဘယ် နှစ် လိုင်း ဘယ် လောက် အ တိုင်း အ တာ ပေး မယ် အ တိ အ ကျ မ ပါ ဘူး ဖြစ် နေ တယ် ။ အ ရေး ပေါ် ကာ လ တွေ မှာ အဲ ဒီ Telecom Service တွေ အ သုံး မ ပြု နိုင် ရင် သော် ၎င်း ၊ အ လွဲ အ သုံး ချ ရင် သော် ၎င်း ဖြစ် နိုင် ပါ တယ် ။ ကျ နော် တို့ နိုင် ငံ က ရ မှာ နှစ် စဉ် လိုင် စင် ကြေး ပုံ သေ နှုန်း ထား နဲ့ ရ မယ် လို ထင် ပါ တယ် ။ နိုင် ငံ ခြား ကု မ္ပ ဏီ တွေ က တော့ သူ တို့ ရဲ့ Network ကို သုံး စွဲ သူ များ ရင် များ သ လို သူ တို့ ဝင် ငွေ တွေ တိုး လာ ဖို့ ရှိ ပါ တယ် ။ ရ သ မျှ အ မြတ် တွေ မြန် မာ နိုင် ငံ ထဲ ပြန် ရင်း နှီး မြုပ် နှံ ရင် တော့ ကောင်း မှာ ပေါ့ ။ အဲ ဒီ လို မ ဟုတ် ရင် တော့ မ ကောင်း ဘူး ။

ကျ နော် ဖြစ် စေ ချင် တဲ့ Model က တော့ မြန် မာ နိုင် ငံ သား လူ လတ် တန်း စား တွေ လဲ ဒီ ရင်း နီး မြုပ် နှံ မူ တွေ ရဲ့ အ စိတ် အ ပိုင်း တ ခု မှာ ပါ ဝင် စေ ချင် ပါ တယ် ။ လုံ ခြုံ ရေး အ ရ ဒီ ရင်း နှီး မြုပ် နှံ တဲ့ ကု မ္ပ ဏီ တွေ ရဲ့ ကျော ထောက် နောက် ခံ နိုင် ငံ တွေ ကို ထဲ သွင်း ဆုံး ဖြတ် သင့် တယ် ။ ကိုယ် နိုင် ငံ နဲ့ စံ နှုန်း တွေ နဲ့ ကိုက် ညီ ရဲ့ လား ဆို တာ စဉ်း စား သင့် တယ် ။

အ ခု ဒီ မှတ် ချက် နှင့် အ တူ စာ တမ်း လေ တ ခု ရှာ တွေ့ ထား တာ လေ Link အောက် မှာ ပေး လိုက် ထား ပါ တယ် ။ 

http://www.law.emory.edu/fileadmin/journals/eilr/22/22.1/Huffman.pdf

FDI Law ကို လေ့ လာ ချင် ရင် ဒီ မှာ ပါ ။ http://www.uschamber.com/sites/default/files/international/files/official_fil_in_english_2013.pdf




တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်
Published on June 27, 2013 by ဒီဗွီဘီ

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။
“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။”
ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေးအဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။
ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။
၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။
အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်” လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။
ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။
အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။
တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်ထားပါတယ်။
burmese.dvb.no

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး



    Created on Friday, 28 June 2013 02:35

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။

ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

http://news-eleven.com/local/mandalay-news-and-local/20515

အားလုံးထိတော့တာပ။

Photo: Credit to Mandalay Voice

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁၅ မဲမရရန် စည်းရုံးမည်ဟု မြစေတီဆရာတော်ဘုရား မိန့်ကြား


Kamayut MediaTv
Published on Jun 27, 2013

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကို မြန်မာနိုင်ငံ
သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးများ၊ သံဃာတော် အပါးတစ်ထောင်ကျော်တက်ရောက်တဲ့
ဇွန်လ ၂၇ရက်နေ့အခမ်းအနားမှာ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရေး
လုပ်ဆောင်သွားမယ်လို့ မိန့်ကြားလိုက်ပါတယ်။