Tuesday, July 2, 2013

88 Generations in Exile- Toronto Conference by RFA

Published on Jul 1, 2013

ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ စုစည်းပြီး ရှစ်လေးလုံး ဒီမို ကရေစီရေးလှုပ်ရှားမှု ၂၅ နှစ် ပြည့် အထိမ်းအမှတ် ညီလာခံတခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃ဝ ရက် နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုနေရိန်ကျော်က တိုရွန်တိုမြို့ကနေ သတင်း ပေးပို့ထားပါတယ်။




Published on Jul 2, 2013

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုဖို့ အတွက် ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှစ်လေးလုံး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံက တောင်းဆိုလိုက်ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃ဝ ရက် နေ့အထိ ပြုလုပ်ခဲ့တဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သတင်းပေးပို့ထားပါတယ်။

၈၈မျိုးဆက်ကျောင်းသားတစ်ယောက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်အချို့ကို မှတ်တမ်းဇူလိုင်လလယ်ထွက်ရှိမည်


Ko Marky's photo.


၈၈မျိုးဆက်ကျောင်းသားတစ်ယောက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်အချို့ကို မှတ်တမ်းအနေနဲ့ ရေးဖွဲ့ထားတာပါ။ ဇူလိုင်လလယ်လောက်မှာ ဖြန့်ချိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အားပေးကြပါဦး ... ။

၈၈မျိုးဆက်ကျောင်းသားတစ်ယောက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်အချို့ကို မှတ်တမ်းအနေနဲ့ ရေးဖွဲ့ထားတာပါ။ ဇူလိုင်လလယ်လောက်မှာ ဖြန့်ချိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အားပေးကြပါဦး ... ။

ဇူလိုင်လထုတ် တိုင်းမ်မဂ်္ဂဇင်း သိရိလင်္ကာနိုင်ငံတွင် ဥပဒေဖြင့်တားမြစ်


The Empire Daily News

ဇူလိုင် ၂၊ ကိုလံဘို
မြန်မာနိုင်ငံအား ရည်ရွယ် ရေးသားခဲ့သည့် ဗုဒ်္ဓဘာသာဝင် များ အကြမ်းဖက်မှုမြင့်တက်လာ ကြောင်း ဖော်ပြခဲ့သည့် မျက်နှာ ဖုံးပါ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ်္ဂဇင်းအား သီရိလင်္ကာ အစိုးရမှ တားမြစ်ပိတ်ပင်ခဲ့ သည်။
သီရိလင်္ကာ အကောက်ခွန် ဌာနသည် ပြီးခဲ့သည့် ရက်သတ်္တ ပတ်က ကာတူနာယာကီရှိ ကို လံဘိုအပြည်ပြည်ဆိုင်ရာ လေ ဆိပ်တွင် ဇူလိုင်လ ၁ ရက်နေ့ ထုတ်တိုင်းမ်မဂ်္ဂဇင်းအား လက်ခံ ရရှိခဲ့ပြီး ထိန်းသိမ်းထားခဲ့သည် ဟု သိရှိရသည်။ အကောက်ခွန် ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူ လက်စလီဂါမီနီမှ ၎င်းင်းမဂ်္ဂဇင်း မျက်နှာဖုံးသည် သီရိလင်္ကာနိုင်ငံ အတွင်း ဘာသာရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပွားနိုင်သော ကြောင့် တားမြစ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ယခုအချိန် တွင် သီရိလင်္ကာအစိုးရသည် ၎င်းင်းတို့၏နိုင်ငံအတွင်း ဗုဒ်္ဓဘာ သာဝင် အစွန်းရောက်များ များ ပြားလာမှုအတွက် ပူပန်သောက ရောက်နေလျက်ရှိသည်။

စိုင်းမင်းဇေယျာ

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ



The Empire Daily News

ဇူလိုင် ၂၊ ရန်ကုန်

ထိုင်းနိုင်ငံ ဘုရင့်သမီး တော် သီရိဒုံသည် မြန်မာနိုင်ငံသို့ တစ်ရက်တာ အလည်အပတ်ခရီး စဉ် အဖြစ်ရောက်ရှိခဲ့သည်။
ခရီးစဉ်တွင် ဘုရင့်တပ်မ တော်မှ ဗိုလ်လောင်းကျောင်း သားများ၊ ဘုရင့်သမီးတော်၏ နောက်လိုက်များ၊
ထိုင်းနိုင်ငံသံရုံးဝန်ထမ်းများလိုက်ပါခဲ့ကြသည်။ ခရီးစဉ်အဖြစ် ဒဂုံ အ.ထ. က(၂)၊ အမျိုးသားပြတိုက်၊
 နိုင်ငံခြားဘာ သာတက်္ကသိုလ်၊ မူးယစ်ဆေးဝါးပြ တိုက်၊ထိုင်းနိုင်ငံသံရုံးနှင့်ရွှေတိဂုံ စေတီတော်သို့ဝင်ရောက်ဖူးမြော်ခဲ့သည်။

 မြတ်လင်း

မှန်တယ်ထင်ရင် နောက်မဆုတ်ဘူး



မှန်တယ်ထင်ရင် နောက်မဆုတ်ဘူး (သို့) စိန်ခေါ်ခြင်း

by Lynn Bobo (Notes) on Tuesday, July 2, 2013 at 5:38pm
br /> ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့်သမီးတော် သီရိဒုံ မြန်မာပြည်လာမယ်။ ညနေ ၅ နာရီ၊ ရွှေတိဂုံဘုရားကို ဖူးမယ်ဆိုလို့ ကျနော် ရွှေတိဂုံကို ရောက်သွားတယ်။ (တကယ်က အဲ့တာ ကျနော့် အဆိုင်းမန့်မဟုတ်ဘူး။ ဆေးရုံတက်နေတဲ့ ကျနော့်အမေကို ခဏသွားစောင့်ရမှာမို့ ကျနော်ရိုက်စရာရှိတဲ့ နေ့လည်ပိုင်း အဆိုင်းမန့်ကို ကျနော့် စီနီယာကို လွှဲပြီး ညနေပိုင်းမှ သူရိုက်မယ့် အဲ့ဒီ သီရိဒုံခရီးစဉ်ကို ကျနော်သွားရိုက်တာ။ ဒီမှာ ပြဿနာတက်ဖို့ ဖြစ်လာခဲ့တာပဲ။)

ရွှေတိဂုံဘုရားကို ကျနော် ညနေ ၄ နာရီ စွန်းစွန်းကတည်းက ရောက်သွားတယ်။ မိုးရွာနေတယ်။ သီရိဒုံက မလာမလာနဲ့ နောက်ဆုံး ၇ နာရီကျော်မှ ရောက်တယ်။ မီဒီယာတချို့ရိုက်တဲ့ ဧည့်သည်တော်မှတ်တမ်း လက်မှတ်တွေဘာတွေတောင် ကျနော်လုမရိုက် တိုးမရိုက်ပဲ Public ဧရိယာကနေပဲ ရိုက်ဖို့ ကျနော်လုပ်တယ်။

ရွှေတိဂုံဘုရား အောင်မြေမှာ သီရိဒုံ ဆီမီးထွန်းပြီး အရှေ့မြောက်ထောင့်က သာယာဝတီမင်းခေါင်းလောင်းဆီကို အသွား တနင်္ဂနွေထောင့်ရှေ့က ဂဝံရုပ်ပွားတော်တွေရှိတဲ့နားကနေ၊ သာယာဝတီမင်းခေါင်းလောင်းနဲ့ ထီးတော်စေတီကြားက ရေသန့်စက်တွေထားတဲ့ အဆောင်ဘက်ကို ပြေးတယ်။ (အဲ့ဒီအချိန် အဲ့ဒီနေရာကို သီရိဒုံ မရောက်သေးဘူး။ မြောက်ဘက်မုခ်နဲ့ တနင်္ဂနွေထောင့်အကြားလောက်ပဲ ရှိဦးမယ်။ ကျနော့်ဦးတည်ရာက VIP ပုဂ္ဂိုလ်ဖြစ်တဲ့ သီရိဒုံဘက်ကိုမဟုတ်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က လုံခြုံရေးစည်းအပြင်ဘက်ကို သွားတာဖြစ်သလို အဲ့ဒီနေရာမှာ လူလုံးဝ ပြောင်တလင်းခါ ရှင်းနေတယ်။)

အဲ့အချိန်မှာ ကျနော့်နောက်ကနေ ရွှေတိဂုံလုံခြုံရေးဝတ်စုံဝတ်ထားတဲ့ တယောက်က ပြေးပြီး ဆောင့်တွန်းတယ်။ မိုးရေတွေနဲ့ ရွှဲနေတဲ့ ကျောက်ပြားတွေပေါ်ကနေ တရွတ်တိုက် ၇-၈-၉ ပေလောက် ကျနော် ဟပ်ထိုးဖြစ်ပြီး စောင်းတန်း အုတ်ခုံ ရေသန့်စက်တွေရှေ့ကို မှောက်လျက်လဲတယ်။ ကျနော့် Canon 1D Mark III မှာ တပ်ထားတဲ့ 70-200mm F4 L IS USM Lens ခါးလည်ကနေ ကျိုးသွားတယ်။ ကျနော့် ဘယ်လက် လက်မမှာ နည်းနည်းပေါက်ပြဲသွားပြီးတော့၊ ညာဘက်ဒူး ထိသွားတယ်။ (အဲ့တာလဲ စဖြစ်ကာစမှာ မသိဘူး။ နောက်ပိုင်းမှ တော်တော်နာလာတာ။)

ကျနော်တော်တော်ဒေါသဖြစ်တယ်။ မိုးရေနဲ့ ချောနေတဲ့ ကျောက်ပြားပေါ်ကနေ တရွတ်တိုက် ရှေ့ ကျောက်ခုံနဲ့ ပြေးတိုက်တာ အခန့်မသင့်ရင် သေနိုင်တယ်။  ဒီဖြစ်ရပ်ကိုမြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံးဝင်လာတဲ့ ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေးယူနီဖောင်းဝတ်တယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော်ငြင်းတယ်။ ဒီကိစ္စရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက်ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး။

သီရိဒုံ သာယာဝတီမင်းခေါင်းလောင်းထဲ ဝင်သွားတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေကို ကျနော်ပြောတယ်။ ဒီကိစ္စ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဘယ်သူရှိလဲ။ ဒီလိုတွန်းလိုက်တဲ့ကိစ္စကို ဘယ်သူတာဝန်ယူ ဖြေရှင်းပေးမလဲ မေးတယ်။ ဘယ်သူမှ ထွက်မလာဘူး။ ကျနော်ထပ်ပြောတယ်။ အော်ပြောတယ်။ လုံခြုံရေးအဖွဲ့ခေါင်းဆောင် မရှိဘူးလား။ တာဝန်ခံဘယ်သူမှ မရှိဘူးလား။ ဘုရားဂေါပက အဖွဲ့ဝင် မရှိဘူးလား။ အော်မေးတယ်။ ဘုရားဖူးတွေ ဝိုင်းကြည့်တယ်။ လုံခြုံရေးတချို့ လာချော့တယ်။ နောက်မှ ပြောပါတဲ့။

နောက်မှပြောမယ်ဆိုရင် တာဝန်ခံတယောက်လာပြော။ ကျနော် ဘေးသွားထိုင်နေပြီး စောင့်မယ်ပြောတယ်။ ရွှေတိဂုံဘုရား လုံခြုံရေးမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဂေါပကအဖွဲ့တွေ တယောက်မှ ထွက်မလာဘူး။ ကျနော် ဓါတ်ပုံဆက်မရိုက်ဘူး။ ဒီဖြစ်ရပ်ကို ဒေါသဖြစ်တဲ့ တခြားဓါတ်ပုံသတင်းထောက်တွေလဲ ဒီလောက်မိုက်ရိုင်းတာ ဓါတ်ပုံမရိုက်ဘူးဆိုပြီး ထွက်လာကြတယ်။

နောက်ဆုံး သီရိဒုံ အင်္ဂါထောင့်ကနေ အရှေ့ဘက်စက်လှေကားကနေ ဆင်းသွားတယ်။ ဒီအချိန်မှာ လုံခြုံရေးအဖွဲ့ တွေကို ကျနော်သွားမေးတယ်။ ကျနော့်မှန်ဘီလူးကွဲသွားတယ်။ ကျနော် ဘယ်ကိုမှလဲ မတိုးပဲ အလွတ်ကြီး သွားတဲ့ကိစ္စ တွန်းတာ ဘယ်သူ့ ဖြေရှင်းပေးမှာလဲ ကျနော်မေးတယ်။

အဲ့အချိန်မှာ လုံခြုံရေးဝတ်စုံဝတ်ထားတဲ့သူတယောက်က အင်္ဂါထောင့်ရှေ့ကနေ လှမ်းအော်တယ်။ မင်းဘာသာမင်း ချော်လဲတာတဲ့။ ကျနော့် သူ့ဆီကိုသွားတယ်။ ပြောတယ်။ “ခင်ဗျား ကျုပ်ထက်အသက်ကြီးတယ်။ ခင်ဗျားလုပ်တာ ဘုရားလုံခြုံရေး။ ခင်ဗျားအခုပြောတာ ရွှေတိဂုံပေါ်မှာ။ ဘုရားပေါ်မှာ ခင်ဗျားထပ်ပြော။ ကျုပ်ချော်လဲသလား။ ကျုပ်ကို နောက်က တွန်းသလား။” ဆိုတော့ ပါးစပ်လုံးဝ ပိတ်သွားတယ်။ အဲ့တာ လူလည်ခေါင်မှာ။ ဘုရားဖူးတွေကော။ ဂေါပကတွေ လုံခြုံရေးတွေ သတင်းထောက်တွေ တပြုံတခေါင်းရှေ့မှာ ဒီလူ ဘာတခုမှ ထပ်မပြောတောဘူး။

အဲ့ဒီမှာ ကျနော့်ကို တိုက်ပုံဝတ်ထားတဲ့ ဘုရားလုံခြုံရေး ဂေါပကလူကြီးတယောက်က ပြောတယ်။ မင်းလာမအော်နေနဲ့ မကျေနပ်ရင် ရဲစခန်းသွားမယ်တဲ့။ ကျနော်ပြန်ပြောတယ်။ အိုကေ သွားမယ်ဆိုပြီး သူတို့ နောက် လိုက်သွားတယ်။ အင်္ဂါထောင့် လူတွေအများကြီးရှေ့ကနေ သူတို့နောက် လိုက်သွားတယ်။

စက်လှေကား ဂေါပကရုံးဘက်ကို ထွက်တဲ့ နားရောက်တော့ အဲ့ဒီတိုက်ပုံဝတ်လူကြီးက စကားပြောင်းသွားတယ်။ ရဲစခန်းမသွားနိုင်ဘူးတဲ့ မင်းဘာသာမင်း ချောလဲတာတဲ့။ ကျနော်ပြောတယ် ခင်ဗျား ဘုရားဂေါပက မဟုတ်ဘူးလား။ လူကြီးမဟုတ်ဘူးလား။ ဘုရားလူကြီးဖြစ်ပြီး ဘုရားပေါ်မှာ ခင်ဗျားဘာလို့ လိမ်လဲလို့။” အဲ့အချိန်မှာ ကျနော်နဲ့ အင်ပါယာသတင်းထောက် ကောင်လေးနှစ်ယောက်ပဲ ရှိတယ်။ ပတ်ချာလည်မှာ လုံခြုံရေးအဖွဲ့တွေုဝိုင်းထားတာ အောက်ထစ် ၃၀ လောက်ရှိတယ်။ ကျနော့်ကို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ပုံစံတွေလုပ်တယ်။ သူတို့လူကြီးကို အော်ပြောလို့တဲ့။ ကျနော်ပြောတယ် ခင်ဗျားတို့ကို ပါးစပ်နဲ့ ပြောနေတာ လက်မပါသေးဘူး။ အော်မပြောစေချင်ရင် မလိမ်နဲ့လို့။ ကျနော့်ကို တွန်းထိုးကြတယ်။

အဲ့အချိန်မှာ ပေါ်ပြူလာသတင်းဂျာနယ်က ဓါတ်ပုံသတင်းထောက်က ဓါတ်ပုံရိုက်တယ်။ လုံခြုံရေးတွေက သူ့ကင်မရာကို ဝိုင်းဆွဲတယ်။ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမယ်လို့ ပြောတယ်။ အဲ့အခြေအနေ ဓါတ်ပုံတွေ ဒီမှာ…



အဲ့ဒီအချိန်မှာ ကျနော့်ကို အကာအကွယ်ပေးတာ အပွင့်တပ်ထားတဲ့ လုံခြုံရေး တယောက်ပဲ ရှိတယ်။


ဘယ်ဘက်က ကျနော့်ပခုံးပေါ် လက်တင်ထားတဲ့သူဘေးက တိုက်ပုံ အပြာနုဝတ်ထားတဲ့ ဂေါပကက ကျနော့်ကို ရဲစခန်းသွားမယ်ဆိုပြီး လူကြားထဲက ဆွဲထုတ်လာပြီး ချောင်ထဲရောက်မှာ အုပ်စုနဲ့ ဝိုင်းပြောတဲ့သူ


ပေါ်ပြူလာ ဓါတ်ပုံသတင်းထောက် ကိုအောင်နိုင်စိုး ကင်မရာကို ဝင်လုတဲ့ပုံ။ ဆက်ရိုက်ရင် ကင်မရာကို ရိုက်ခွဲမယ်လို့ သူတို့ပြောတယ်။

သတင်းထောက် နှစ်ယောက်ကို ဒီလောက်လူအင်အားနဲ့ ဒီလိုပုံစံတွေ ပြောဖို့ လိုအပ်သလား မလိုအပ်ဘူးလား ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ပါ။

ကျနော်ပြောချင်တာက ရွှေတိဂုံဘုရားပေါ်မှာ ကျနော် မူးယစ်ရမ်းကားနေတာမဟုတ်ဘူး။ ခိုး၊ ဆိုး၊ နှိုက် မိလို့ ကလန်ကဆန်လုပ်တာ မဟုတ်ဘူး။ ကင်မရာ နှစ်လုံးလွယ်ထားတဲ့သူ။ နောက် ကျနော်က လုံခြုံရေး အရေးကြီးတဲ့ VIP ဆီကို ဦးတည်တာ မဟုတ်ဘူး။ သူနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်နေတဲ့သူ။ ကျနော့်ကို ဘာကြောင့် ဒီလို လုပ်သလဲ။ ကျနော်မကျေနပ်ဘူး။

မကျေနပ်ဘူးဆိုတာ ကျနော့်ကို တွန်းတဲ့သူ တယောက်တည်းတင်မကဘူး။ ဖြစ်စဉ်မှာ တာဝန်ခံတဲ့ ဘုရားလူကြီးဆိုပြီး တိုက်ပုံဝတ် ဘလောင်းဘလဲ ပြောတဲ့သူတွေကော။ လူလည်ခေါင်မှာ ဘယ်သူတာဝန်ရှိသလဲ ထွက်ခဲ့ဆိုတုန်းက လူရာချီတဲ့ လုံခြုံရေးတွေထဲက တယောက်မှာ ထွက်မလာပဲ လူကွယ်ရာ ဘုရားချောင်ထဲရောက်မှ တွန်းလားထိုးလား ဝိုင်းဖြဲတဲ့သူတွေကိုကော မကျေနပ်ဘူး။

နောက် အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်မှန်းသိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံလုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်းလုပ်တာ ဒီတကြိမ်ပထမဆုံးမဟုတ်ဘူး။ ဟီလာရီကလင်တန်လာတုန်းကကော ယင်လပ်လာတုန်းကကော မိန်းကလေးသတင်းထောက်ကို ရင်ဘတ်တွန်းတာတို့ တီဗီသတင်းထောက်ကို တံတောင်နဲ့တွတ်တာတို့ လုပ်ခဲ့ပေါင်းများပြီ။

ဒီကိစ္စ ဒီလောက်အထိ ကြီးကျယ်သွားဖို့ ကျနော် မစဉ်းစားထားဘူး။ မိုက်ရိုင်းတဲ့ လူအတွက် သူ့အဖွဲ့အစည်းက တာဝန်ခံပြီး ကျနော်ကျေနပ်အောင် ပြောလိုက်ရင်ကို ဒီကိစ္စ ပြီးသွားမှာ။
ကျနော့် ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်ဘူး (ကျနော့်ကြောင့် risk ဖြစ်သွားတဲ့ မှန်ဘီလူးလဲ မနည်းဘူး။ ကျနော့် ဒဏ်ရာ (ပြည့်သူ့ဆေးရုံကြီးက အရွတ်ထိသွားတယ်လို့ ဆေးစာရေးတယ်။) က ဘာမှ မဖြစ်ဘူး။

ဒါပေမယ့် သတင်းထောက်၊ သတင်းဓါတ်ပုံသမားကို ဗျင်းလိုက်တာ၊ မိုက်မိုက်ရိုင်းရိုင်း လုပ်လိုက်လို့ရတယ် ဆိုတဲ့ ကိစ္စ ကျနော် နောက်ထပ် အဖြစ်မခံနိုင်ဘူး။

ဒဂုံရဲစခန်းကို ကျနော်နဲ့ သက်သေတွေ (ကျနော့်ဘက်က လိုက်ပေးတဲ့ အဓိက သက်သေ တယောက်က ကျနော်နဲ့ မျက်မှန်းတန်းရုံ သတင်းထောက်တယောက်၊ နောက်တယောက်က ကျနော်နဲ့ လုံးဝမဆက်ဆံဖူးတဲ့ သတင်းထောက်တယောက်။) အမှုသွားဖွင့်ပေမယ့် ရဲစခန်းက ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ရပါမယ်လို့ ဆိုတယ်။ ဇူလိုင် ၃ ရက် (ဒီနေ့) မနက် ၁၀ နာရီကို တရားရုံးသွားဖို့ ပြန်ချိန်းတယ်။ ဘုရားဂေါပကအဖွဲ့ကလည်း ကျနော့်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်ပြီး အမှုဖွင့်တယ် ကြားတယ်။ ဒီတော့ ဘုရားဝတ္တကအဖွဲ့ ကိုယ်စားပြုပြီး မိုက်ရိုင်းတဲ့ ကိစ္စကို တောင်းပန်မယ့် ပုံမရှိဘူး။

ဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရွှေတိဂုံလုံခြုံရေးအဖွဲ့ကို ကျနော် တရားစွဲပါမယ်။ ကျနော် ဘာကောင်မှ မဟုတ်ဘူး။ ဒါပေမယ့် ဓါတ်ပုံသတင်းထောက်မှန်းသိရက်နဲ့ ကိုယ်ထိလက်ရောက် စော်ကားတဲ့ ဒီအပြုအမူကို ဆက်သည်းခံရင်၊ ရွှေတိဂုံတင်မကဘူး ကျနော်တို့ နေရာတကာ ဒီအပေါက်အချိုးခံနေရလိမ့်မယ်။ ဒီအတွက် ကျနော့် ဒီကိစ္စကို ရေဆုံးရေဖျားအထိ၊ ကျနော် တတ်နိုင်သလောက် ဆက်တိုက်သွားမယ်။ ကျနော့်နောက်မှာ ဘယ်သူမှ မရှိတော့ရင်တောင် ဒီကောင်တွေကို ဒီလိုသွားလုပ်လို့ မရဘူးဆိုတဲ့ အသိ ဒီလို လူတန်းစားတွေရသွားတဲ့ အထိ ကျနော် တိုက်မယ်။

"မတရားတာကို မတရားဘူးလို့ မပြောရဲ မဆိုရဲရင် ပြန်မတုံ့ပြန်ရဲရင် ကျနော် သတင်းသမား လုပ်မစားတော့ဘူး။"

PS: ဒီဖြစ်စဉ်မှာ ကျနော့်နောက်က ရဲရဲ လိုက်ရပ်ပေးခဲ့တဲ့ သတင်းသမားတွေကို ကျေးဇူးတင်တယ်။

လင်းဘိုဘို
၁၂/လမန (နိုင်) ၁၂၉၆၈၀
၀၉၄၅၀၀၆၈၁၇၀

ဇူလိုင်လထုတ် တိုင်းမ်မဂ်္ဂဇင်းကို ကန့်သတ်ရန် သီရိလင်္ကာအစိုးရ စဉ်းစား


The Empire Daily News

ဇွန် ၃၀၊ ရန်ကုန်
Times မဂ်္ဂဇင်းတွင်ပါဝင်ခဲ့ သော The Face of Buddhist Terror ဆောင်းပါးကို သီရိလင်္ကာ နိုင်ငံတွင်လည်း ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် အစိုးရက Times မဂ်္ဂဇင်းကို ဖြန့်ဖြူးရောင်း ၀ယ်ခွင့်ကိုကန့်သတ်ရန် စီစဉ်နေ ကြောင်း သီရိလင်္ကာသတင်းစာ ကိုလံဘိုကဆိုထားသည်။
သီရိလင်္ကာရဲက ဇူလိုင် ၁ ရက်နေ့ထုတ်မယ့်ွှငာနျ ကို ကန့်သတ်ဖို့ အစိုးရကစဉ်းစား နေကြောင်း ပြောထားသည်။ သီရိလင်္ကာအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ကာစကမ်မှ Lesley Gamini ကဒါတွေ (Times မဂ်္ဂဇင်းက) ပြန့်ပွားမှာ ကိုစဉ်းစားဖို့ လိုပါတယ်ဟုဆို သည်။
သီရိလင်္ကာအကောက်ခွန် ညွှန်ကြားရေးမှူးမှလည်း ထို ကိစ်္စအတွက်စီစဉ်ရန်ရှိနေပြီး အစိုးရပိုင်းတွင်လည်း နိုင်ငံတွင်း ဗုဒ်္ဓဘာသာအစွန်းရောက်ဝါဒ မြင့်တက်လာမှာကိုတော့ စိုးရိမ် နေကြောင်း သိရသည်။
မြန်မာပြည်တွင်းတွင်လည်း ဆောင်းပါးပါ Times မဂ်္ဂဇင်းကို ကန့်သတ်ခဲ့ပြီး ယင်းကိုကန့်ကွက် ဆန်္ဒပြပွဲများလည်း ပြုလုပ်ခဲ့ သည်။
ဇွဲ

၂၉၊၃၀၊၀၆၊၂၀၁၃ ကနေဒါ နိုင်ငံတွင် ပြုလုပ်သည့် ၈၈ မျိုးဆက်များ ညီလာခံ

★ ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချို ★နှင့်မြန်မာမိသားစုများတွေ့ ဆုံပွဲ

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ငွေရတုကြေညာစာတမ်း




☮ ★ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၈လေးလုံး ငွေရတုအခမ်းအနား ကျင်းပရေး ကော်မီတီ) ၏ အခမ်းအနားအကြို ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုကြေညာစာတမ်း ★ ☮
(ဇွန်လ၊ ၂၉ ရက်၊ ၂၀၁၃ခုနှစ်)

၂ဝ၁၃ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သောရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးသည် ငွေရတုတိုင်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော (၂၅)နှစ်က ဒီမိုကရေစီဆိတ်သုဉ်းမှု၊ စီပွားရေးနိမ့်ကျမှုတို့နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာသော အထွေထွေမကျေနပ်မှုများကြောင့် ဤရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားအလွှာပေါင်းစုံ၊ မျိုးဆက်အသီးသီး ပါဝင်သောအကြီးမားဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်သည်။

မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှုအရပ်ရပ်သည် ဤရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ အကျိုးဆက် ရလဒ်များပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဖြင့်သာ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်။ ထို့အပြင် တိုင်းရင်းသားတန်းတူညီမျှရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၏ အဓိကအုတ်မြစ် ဖြစ်သည်။

အာဏာရှင်စနှစ်အောက်တွင် ရာစုနှစ်ဝက်ကျော် ဖြတ်သန်းခဲ့ရပြီးနောက် ယခုကဲ့သို့သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ တွင် အခြားသော နိုင်ငံရေးငံရေး၊ စီးပွားရေး၊ လူမှုရေးစိန်ခေါ်မှုများကိုလည်းရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်လဲမှု ဆိုရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ (၃) ရပ်အကြား အပြန်အလှန်ထိန်းညှိမှု ပိုမိုအားကောင်းလာစေရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးနှင့် အုပ်ချုပ်မှုယန္တရားထိရောက် ထက်မြက်လာစေရေးနှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးတို့သည် အဓိကကျသော နိုင်ငံရေးစိန်ခေါ်မှုများဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် အခြေခံအဆောက်အအုံများ အားကောင်းလာစေရေး၊ သယံဇာတအခြေပြု စီးပွားရေးပုံသဏ္ဍာန်မှ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုအခြေပြု စီးပွားရေးပုံသဏ္ဍာန်သို့ ပြောင်းလဲနိုင်ရေး၊ တိုင်းရင်းသားဒေသများ အချိုးညီဖွံ့ဖြိုးတိုးတက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်စပ်လျဉ်းသည့် မြေယာပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အလုပ်သမားတို့၏ လုပ်ခလစာနှင့် ရပိုင်ခွင့်၊ အစရှိသည့် ပြဿနာများသည် ယနေ့ ရင်ဆိုင်နေရသော စီးပွားရေးစိန်ခေါ်မှုများပင် ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ တွေးခေါ်ဆင်ခြင်မှုနှင့် ဖန်တီးနိုင်စွမ်းကို ဦးတည်သည့် ပညာရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားရရှိနိုင်ရေး၊ လူထုအခြေပြု အဖွဲ့အစည်းများ အားကောင်းစွာပေါ်ထွန်းလာစေရေး၊ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရလေ့ရှိသော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးတို့သည် ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများပင်ဖြစ်သည်။

ဤစိန်ခေါ်မှုများသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ လွန်ခဲ့သော (၂၅)နှစ်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ရှစ်လေးလုံး ဒီမိုကရေစီစိတ်ဓာတ် ဖြင့်သာ ဖြေရှင်း ကျော်လွှားနိုင်မည်ဖြစ်သည်။ ဤသည်မှာ နယ်ပယ်အသီးသီး၊ နေရာဒေသ အသီးသီးတွင် ပြန့်ကျဲရောက်ရှိနေကြသော ဒီမိုကရေစီ အင်အားစုများအားလုံး၏ တူညီသော ယုံကြည်ချက်ပင်ဖြစ်သည်။

ဤ (၂၅) နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခါသမယ၌ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တိုက်ပွဲအဆက်ဆက်တွင် ကျဆုံးသွားခဲ့ကြသော၊ စွန့်လွှတ်အနစ်နာခံခဲ့ကြသော တိုင်းရင်းသားပြည်သူအပေါင်းအား အလေးအနက် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ယနေ့အထိ ရှစ်လေးလုံး ဒီမိုကရေစီစိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်အသီးသီး၏ စုစည်းညီညွတ်မှု အားဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံမူများကို ကိုင်စွဲလျက် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ကိုဝိုင်းဝန်း တည်ဆောက်ကြပါရန် အလေးအနက် တိုက်တွန်း နှိုဆော်အပ်ပါသည်။

★ ☮ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပရေးကော်မတီ