Wednesday, July 3, 2013

သမိုင်းတရားခံ





တကယ်ပဲမျိုးစောင့်ဥပဒေလိုဟာမျိုးမြန်မာနိုင်ငံမှာလိုအပ်နေလား၊
စင်္ကာပူ၊ကိုရီးယား၊ဂျပန်မှာကျင့်သုံးနေတဲ့ဥပဒေမျိုးတွေအစိုးရတရပ်အနေဖြင့်
တရားဝင်ပြဌာန်းနိုင်သည်။ဘာလို့ဘုန်းကြီးတဖက်လှည့်နဲ့လုပ်နေလဲ၊
အဖြေကရှင်းသည်။ဘုန်းကြီးနှင့်အတိုက်အခံလှည့်တိုက်ရန်ဖြစ်သည်။

သူတို့ကိုယ်တိုင်ဝှိုက်ကဒ်ထုတ်ပေးထားသည့်ဘူးသီးမောင်တောအထုပ်အရှုပ်
လူဝင်မှုကြီးကြပ်ရေးကရှင်းရမည့်ကိစ္စဖြစ်သည်။ဘာလို့ကျောက်နီမော်၊တောင်
ကုတ်အရေးအခင်းတွေဖန်တီးခဲ့လဲ....ပြည်သူနှင့်အတိုက်အခံရန်တိုက်ပေးရန်
သက်သက်ဖြစ်သည်။

အခုဆိုလူ့အခွင့်အရေးအော်တာနဲ့မွတ်ဒေါင်းဆိုပြီးဝိုင်းတိုက်ကြသည်။သူတို့မွေး
ထားတဲ့သူတွေကတိုက်တာလား၊တကယ်ပြည်သူတွေကတိုက်တာလားမသဲကွဲ၊
Rule of the law ပြောသူအတွက်ဘုန်းကြီးတဖက်လှည့်နဲ့မျိုးစောင့်ဥပဒေဆို
တာကြီးကိုလွှတ်တော်ထဲပို့ရန်တိုက်အုံးမည်။

ဒါတွေဟာ၂၀၁၅အတွက်အတိုက်အခံများကိုစွမ်းအားရှင်ငှားစရာမလိုပဲနှိမ်နင်း
ရေးအဖြစ်ဦးသန်းရွှေချပေးခဲ့သောဖျောက်ထားသည့် Road Map နံပါတ် ၈ ဖြစ်
သည်။

ကျွန်တော်တို့တွေအာဏာရှင်ရဲ့လှည့်ကွက်မှာအရိုးအပြိုင်းပြိုင်းကျခဲ့တာ ၂၆+၂၆
ဖြစ်ခဲ့ပြီ၊ဘာလို့သူ့ရဲ့လှည့်ကွက်ထဲစတေးကြမလဲ၊ပြည်သူကြားအမုန်းတရားတွေ
ချပေးနေတာဘာလို့လက်ခံကြမလဲ၊

သေချာတာကကြံဖွတ်ဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊တရားဥပဒေစိုးမိုးရေးကို
အစိုးရနေရာယူထားပြီးမျက်ကွယ်ပြုထားတာပဲ၊
မွတ်စလင်အရေးတွေးပူလျှင်လဲအစိုးရကပဲဆောင်ရွက်ပေးရမည်။အခုတော့
ကိုယ်တိုင်နာမည်မခံချင်တာနဲ့ဘုန်းကြီးများကိုစတေးနေသည်မှာကမ္ဘာမှာငြိမ်းချမ်းရေး
ပြယုဒ်အဖြစ်သတ်မှတ်ခံထားရသောဗုဒ္ဒဘာသာသည်မြန်မာနိုင်ငံတွင်အကြမ်းဖက်မှု
ဖြစ်ဖူးသည်ဆိုပြီးထောက်ပြစရာသမိုင်းမှာတွင်အောင်ဖန်တီးခဲ့သူများကိုသမိုင်းတရား
ခံအဖြစ်ကျွန်တော်တို့ဖေါ်ထုတ်ကြရပေမည်။

ရဲရင့်ငယ် (7/3/2015)

"ဦးဝီရသူ အမျိုးစောင့်ဥပဒေထောက်ခံလက်မှတ် အလှူခံဌာနသို့ ကြွရောက်အားပေး"

r

Wira Thu
===========================================
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူသည် (၈၂x၄၁)လမ်းတွင် ဖွင့်လှစ်ထားသော အမျိုးစောင့်ဥပဒေ လက်မှတ်အလှူခံဌာနသို့ (၂-၇-၂၀၁၃) မွန်းလွဲ(၂း၃၀)နာရီတွင် ကြွရောက်အား ပေးခဲ့ကြောင်း သိရသည်။
၎င်း မဏ္ဍပ်ကို ဒေါ်သောင်းသောင်းမြင့်နှင့် ဦးသိန်းထွန်းတို့က ဦးစီးဖွင့်လှစ်ပြီး ဓမ္မဓရ အမျိုးသမီးအဖွဲ့များက စိတ်အားတက်ကြွစွာ ပါဝင်ကူညီ ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ တစ်ခဲနက်လက်မှတ်ရေးထိုး ထောက်ခံကြကြောင်း သိရသည်။
ယနေ့ (၃-၇-၂၀၁၃)ရက်နေ့မှာလည်း ၄၁×၄၂၊ ၈၀လမ်း၊ မဟာအောင်မြေမြို့နယ်၌ အလှူခံမဏ္ဍပ်များ ဖွင့်လှစ်၍ ထောက်ခံလက်မှတ်များ ကောက်ခံနေကြောင်း သိရသည်။

ယနေ့ New York ရှိ TIME magazine ဌာနချုပ်ရှေ့တွင် TIME magazine အား ဆန္ဒ ပြ

Kate Dizzel

အလုံတွင် ဓားပြတိုက်ခံရမှုကြောင့် တိုက်တံခါးများပိတ်ရန် ပညာပေးမည်


The Voice Weekly


ရန်ကုန် ၊ ဇွန် ၂

အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်း ခြောက်လွှာ တိုက်ခန်းရှိ အမျိုးသမီး နှစ်ဦးကို ဇွန်လ ၁ ရက်နေ့ ညပိုင်းက ဓားပြတိုက်မှု ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်း ယင်းကဲ့သို့ မှုခင်းများ မဖြစ်ပွားစေရန် တိုက်များရှိ အဝင် တံခါးများကို အမြဲ ပိတ်ထားရန် မြို့နယ် ရဲတပ်ဖွဲ့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်းကာ အရှိန်မြှင့်၍ ပညာပေးမည်ဖြစ်ကြောင်း အဆိုပါ အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေက ပြောကြားသည်။

အဆိုပါ မြို့နယ်တွင် လစဉ်လတိုင်း အနည်းဆုံး ရပ်ကွက်တစ်ခုတွင် မှုခင်းလျော့ကျရေးနှင့် ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်လျက်ရှိရာ အဆိုပါ ဟောပြောပွဲများတွင် တိုက်၏ လုံခြုံရေး တံခါးများ အမြဲ သော့ခတ် ပိတ်ထားရန် ထည့်သွင်း ပြောကြားကြောင်း၊ အချို့မှာ လိုက်နာမှု အားနည်းလျက်ရှိကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ကိုယ့်ရဲ့ တိုက်လုံခြုံရေးအတွက် တိုက်လုံခြုံရေး တံခါးကို အမြဲတမ်း သော့ခတ်သင့်သလို အခန်းတိုင်းမှာလည်း အပြင် သံပန်းတံခါးကို အမြဲ ပိတ်ထားဖို့ လိုတယ်။သစ်သားတံခါးကိုပဲဖွင့်ပြီး လူစိမ်း ဧည့်သည်ကို အကဲခတ်ဖို့ လိုတယ်။ အတွင်းတံခါးမှာလည်း ချောင်းကြည့်ပေါက်ထားဖို့ လိုပါတယ်” ဟု ဓားပြမှု ဖြစ်ပွားခဲ့သည့် အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်း ရာအိမ်မှူး ဦးဌေးအောင်က ပြောကြားသည်။

ဓားပြမှု ဖြစ်ပွားခဲ့သည့် ဆင်မင်းရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းကာ အထပ်မြင့် တိုက်များတွင် တိုက်လုံခြုံရေး တံခါးများ ပိတ်ထားရန်ပါသည့် အသိပေးစာ များ ကပ်ရန်၊ အသံချဲ့စက်များနှင့် အသိပေး နှိုးဆော်ရန်၊ ဒဏ်ငွေ သတ်မှတ်ကာ အရေးယူရန်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးထံမှ သိရှိရသည်။

အလုံမြို့နယ် ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း အိမ်အမှတ်( ၆၀) ခြောက် ထပ်တိုက်၊ ခြောက်လွှာ တိုက်ခန်းရှိ သီရိမင်္ဂလာဈေး၌ ကွမ်းဒိုင် ဖွင့်လှစ်သူ အမျိုးသမီး၏ နေအိမ်တွင် ဇူလိုင်လ ၁ ရက် ည ၈ နာရီခန့်က အိမ်ရှင်၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၄၀ ကျော် အိမ်ဖော် အမျိုးသမီးကြီး နှစ်ဦးတို့သာ တိုက်ခန်းတွင် ရှိနေချိန်တွင် လူငါးဦး အိမ်ပေါ်သို့ တက်လာကာ နှစ်ဦးက မဲဖိုးငွေ သိန်း ၃၀ ကို တောင်းခံရာ အမျိုးသမီးငယ်က မရှိကြောင်း ပြောသဖြင့် အိမ်တွင်းရှိ ရွှေထည် ပစ္စည်း ခြောက်မျိုးနှင့် ငွေများ အပါအဝင် ကျပ် ၁၈ သိန်းဖိုးကို လုယူ ထွက်ပြေးခဲ့ပြီး အိမ်ဖော် အမျိုးသမီး၏ နောက်ကျောတွင် ဓားဒဏ်ရာ တစ်ချက်၊ အပေါ်သွား နှစ်ချောင်းကျိုး ဒဏ်ရာ ရရှိခဲ့ကြောင်း အလုံ ရဲစခန်း ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး အစီအမံဖြင့် တိုင်း/ခရိုင်/အထူးအဖွဲ့များ၊ မြို့နယ်များမှ ချိတ်ဆက် ပိတ်ဆို့မှုများ ပြုလုပ်ပြီး လုယက်သူများ၏ ပုံသဏ္ဌာန်ကို စစ်မေးပြီး အဖွဲ့များ ခွဲ၍ ဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန် သည်ဟု မသင်္ကာသော နိုင်ရဲအောင် (ခ) ဖိုးထောင်၊ စိုင်းညီအောင် (ခ) သားပေါက်၊ ဇော်မင်းထွေး (ခ) ကိုထွေးတို့ သုံးဦးကို ဘုရင့်နောင်ပွဲရုံ ရိုးကြီးပတ်လမ်းတွင် ဆိုင်ကယ်စီးပြီး ထွက်ပြေးရန် ပြုလုပ်စဉ် လုံးထွေး သတ်ပုတ် ဖမ်းဆီးရမိပြီး စစ်ကြော ဖော်ထုတ်ခဲ့ရာ လုယက်ရာတွင် အသုံးပြုသော အရှည် ၁၃ လက်မရှိ နှစ်ဖက်သွား ဓားတစ်ချောင်း၊ အရှည် ၁၂ လက်မရှိ ဓားတစ်ချောင်းနှင့် အတူပါ ရွှေထည် ပစ္စည်းများအား မူလပုံစံ မပျက် ၎င်းတို့၏ အဆောင်မှ သိမ်းဆည်းရမိခဲ့ပြီး အလုံမြို့မ ရဲစခန်း (ပ) ၁၄၄/၂၀၁၃၊ ပုဒ်မ ၃၉၇ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

သံတွဲတွင် မြို့ခံမဟုတ်သော လူတစ်စုက နေအိမ်များ ဖျက်ဆီးသွားသည်ဆိုခြင်း စစ်ဆေးနေ


ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၂၀ မိနစ်

ရခိုင်ပြည်နယ် သံတွဲမြို့ ၌ ဇွန် ၃ဝ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် နေအိမ်များ မီးရှို့ ဖျက်ဆီးမှုများကို အမည်မသိ လူအုပ်စုတစ်စုမှ လာရောက် လုပ်ဆောင်သွား သည်ဆိုသည့် သတင်းကို စစ်ဆေးနေပြီး အတည်မပြုနိုင် သေးကြောင်း သံတွဲမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တာဝန်ရှိသူက ''ဒါကို ကျွန်တော်တို့ စစ်ဆေးနေပါတယ်၊ အတည်မပြုနိုင်သေးပါဘူး၊ အကြမ်းဖက်တဲ့လူ
တွေကိုလည်း ဖော်ထုတ်မှာပါ'' ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် အမည်မသိလူတစ်စုက ကားဖြင့် လာရောက်လှုံ့ဆော်ကာ ဦးဆောင် ဖျက်ဆီးသွားသည်ဟု သံတွဲမြို့ မျက်မြင်ဒေသခံများက ဇူလိုင် ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဇွန် ၃ဝ က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးနှင့် ရခိုင်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နေအိမ် မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ရာ အံတော်ကွက်သစ်ရပ်ကွက်မှ အိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ငါးအိမ်ခန့် ပျက်စီးခဲ့သည်။

အံတော်ကွက်သစ်ရပ်ကွက် မီးရှို့ခံရသည့်လမ်းတွင် နေထိုင်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက '' ပထမတော့ ရဲစခန်းရှေ့မှာ လူတွေစု တယ်လို့သတင်းကြားပြီး ညနေ ခြောက် နာရီခွဲလောက်မှာ အံတော်ကွက်သစ်က အိမ်တွေကို ခဲတွေနဲ့ ထုတယ်။ လှုံ့ဆော်တဲ့ အော် သံတွေ ကြားရတယ်။ လူတစ်အုပ်က ကားနဲ့လားပြီး ဖျက်သွားတယ်၊ ဖျက်နေတုန်းပဲ အိမ် တစ်အိမ်က အက်စစ်နဲ့ပက်တယ်လို့ ပြောတယ် အဲဒါနဲ့ မီးရှို့မှုတွေ စတော့တာပဲ''ဟု မဇ္ဈိမကို ပြောသည်။အဆိုပါ မီးရှို့ဖျက်ဆီးမှုများကြောင့် ဇွန် လ ၃ဝ ရက်က သံတွဲ မြို့တွင် ညမ ထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး မီးရှို့ဖျက်ဆီးသူများအား စုံစမ်းစစ်ဆေးမှုများပြုလုပ် လျက်ရှိသည်ဟု သံတွဲမြို့ ရဲစခန်းမှ သိရသည်။

ယင်း ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ သံတွဲမြို့သို့ ဝင်ရောက် နိုင် မည့် ဂိတ်များတွင် လုံခြုံရေး များ ချထားပြီး မြို့ပြင်သို့ ထွက်နေသော လိုင်းကားများတွင် ရဲတပ်သား နှစ်ဦးစီ လုံခြုံရေးအဖြစ် လိုက်ပါသွား သည်ဟု သံတွဲမြို့ ဒေသခံအချို့က ပြောသည်။ ယင်းဖြစ်စဉ်များ ဖြစ်ပွားပြီး ဇူလိုင် ၁ ရက်တွင်မူ သံတွဲမြို့ အခြေအနေမှာ တည် ငြိမ်နေသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ.....အား စော်ကားခဲ့သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ သံတွဲမြို့မှ ကိုမျိုးနိုင်နှင့် ကိုနိုင်သူတို့ နှစ်ဦးအား ဇူလိုင် ၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး သံတွဲရဲစခန်းက ပုဒ်မ၃၇၆ ပြစ်မှုနှင့် အမှတ် ပ-၃၇/၂ဝ၁၃ နှစ် ယင်းနေ့တွင်ပင် စတင်စစ်ဆေးလျက် ရှိသည်။

သံတွဲမြို့ပေါ်တွင် မွတ်စလင်လူဦးရေ နှင့် ရခိုင်လူမျိုးဦးရေမှာ ၅ဝ ရာခိုင်နှုန်းစီ ရှိကြ ပြီး မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ သည့် အံတော်မြို့သစ်တွင် မွတ်စလင်ဦးရေ အနည်းအကျဉ်းသာရှိကာ မြို့တွင်း၌သာ အများစု နေကြသည်။

http://www.mizzimaburmese.com/news/inside-burma/12351-2013-07-03-04-53-01.html

Time မဂ္ဂဇင်းစာစောင် သီရိလင်္ကာ ပိတ်




မဆုမွန်

03.07.2013
ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသော မျက်နှာစာဆိုပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ မျက်နှာကို ဖော်ပြထားတဲ့ ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင်းမှာ ဖြန့်ဝေခွင့် ပိတ်ပင်လိုက်သလိုပဲ အဲ့ဒီ ဇူလိုင်လထုတ် မဂ္ဂဇင်းကို သီရိလင်္ကာအစိုးရက ပြည်တွင်းမှာ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပါတယ်။ ဗုဒ္ဓဘာသာ နှစ်နိုင်ငံလုံးအနေနဲ့ မူဆလင်နဲ့ ဗုဒ္ဓကြား ဘာသာရေး ပဋိပက္ခတွေ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြပေးပါမယ်။

မြန်မာပြည်တွင်း ဖြစ်ပျက်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေအပေါ် ဗုဒ္ဓဘာသာ အစွန်းရောက်တွေအဖြစ် ရေးသားထားတဲ့ ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို သီရိလင်္ကာအစိုးရက သီရိလင်္ကာနိုင်ငံတွင်း တင်သွင်းဖြန့်ချိခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက်က စာချကိုယ်တော် အရှင်ဝီရသူရဲ့ မျက်နှာဖုံးကို The Face Buddhist Terror ဆိုပြီး ဖော်ပြထားတဲ့ ဇူလိုင်လထုတ် Time မဂ္ဂဇင်းစာစောင်ကို သီရိလင်္ကာနိုင်ငံတွင်းမှာ အကောက်ခွန် ဦးစီးဌာနက ပြည်တွင်း တင်သွင်းဖြန့်ချိ ထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်ရခြင်းဟာ သီရိလင်္ကာနိုင်ငံရဲ့ အကောက်ခွန်စည်းမျဉ်းအရ ဘာသာရေးကို ထိပါးစော်ကားရာ ရောက်တယ်လို့ ရှုမြင်ရတဲ့ စာပေတွေကို အရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပြီး Emit International ဖြန့်ချိရေးဌာနက တင်သွင်းတဲ့ ပြည်တွင်းဖြန့်ချိဖို့ ရောက်ရှိနေတဲ့ စောင်ရေတွေကို ဌာနက သိမ်းဆည်းလိုက်တယ်လို့ အကောက်ခွန် ဦးစီးဌာနပြောခွင့်ရ လက်ဇလီ ဂါမဏိ က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“Time မဂ္ဂဇင်းပါ မျက်နှာဖုံး အကြောင်းအရာကြောင့် အဲ့ဒီ ဇူလိုင်လထုတ် Time စာစောင်ကို ကျနော်တို့အနေနဲ့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့ တခြားစာစောင်တွေကို ပိတ်ပင်တာ မဟုတ်ပါဘူး။ ဒီအကြောင်းကိုလည်း ကျနော်တို့ ကုမ္ပဏီကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကျနော်တို့ သိမ်းဆည်းထားတဲ့ စာစောင်ရေဟာ ၄ ထောင်ရှိပါတယ်” လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်က ဗုဒ္ဓရဟန်းတော်တပါးရဲ့ မျက်နှာဖုံးပါတဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်းကို ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းမှာ ရောက်နေပြီးသား စာစောင်တွေကိုလည်း သိမ်းဆည်းလိုက်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သီရိလင်္ကာ အကောက်ခွန် ဥပဒေအရ မဂ္ဂဇင်းတွေ ဆောင်းပါးတွေမှာ ရေးသားတဲ့ ရုပ်ပုံတွေ၊ နာမည်တွေ၊ တံဆိပ်တွေ ရေးသားဖော်ပြချက်တွေဟာ ဘာသာရေးကို ထိပါးစော်ကားရာ ရောက်စေတယ်။ ဘာသာရေးအရ မကျေနပ်မှုတွေကို ဖြစ်ပွားစေတယ်လို့ အကောက်ခွန် ညွှန်ကြားရေးမှူးက လေ့လာတွေ့ရှိတယ်ဆိုရင် အဲ့ဒီသတင်းဆောင်းပါး ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ ဖြန့်ချိခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။”

အလားတူ မြန်မာနိုင်ငံမှာလည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ဦးဆောင်တဲ့ အရေးပေါ် ကာလစီမံခန့်ခွဲမှု ဗဟိုကော်မတီကနေ Time မဂ္ဂဇင်းပါ ဆောင်းပါးကို ပြည်တွင်းမှာ ဖြန့်ချိခွင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ နိုင်ငံတွင်းမှာလည်း မူဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား တင်းမာမှုတွေ ရှိနေတဲ့အတွက် ပြဿနာတွေ ကြီးထွားလာမှာကို အစိုးရအနေနဲ့ စိုးရိမ်မှုတွေ ရှိလို့ အခုလို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ပါဠိပညာ ပါရဂူသင်တန်း တက်နေတဲ့ မြန်မာသံဃာတော်တပါးဖြစ်တဲ့ အရှင် ဥက္ကဌ က မိန့်ကြားပါတယ်။

“အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဝင်ကြားထဲမှာ ဖြစ်လာခဲ့တဲ့ဥစ္စာ ဒီနိုင်ငံလည်း နည်းနည်း တင်းမာမှုလေးတွေ ရှိတာပေါ့နော်။ ရှိတဲ့အခါကျတော့ မြန်မာပြည်က ဖြစ်တဲ့ပြဿနာနဲ့လည်း နည်းနည်း ခပ်ဆင်ဆင်လို ဖြစ်နေတယ်။ နောက်တခုက မြန်မာပြည်က လှုပ်ရှားမှုကိစ္စတွေကိုလည်း ဒီနိုင်ငံက သတင်းစာနှစ်စောင် သူတို့ဘာသာနဲ့ ထုတ်တဲ့ သတင်းစာနှစ်စောင်မှာလည်း မကြာခဏ ဖော်ပြနေတဲ့အချိန် ဒီမှာလည်း နည်းနည်း တင်းမာမှု ဖြစ်နေတဲ့အချိန်ကျတော့ Time မဂ္ဂဇင်းကိစ္စကြီးကို ဒီမှာလာပြီး ဖော်ပြလိုက်မယ်ဆိုရင် ပြဿနာတွေက ပိုပြီးတော့ ဆိုးမယ်ထင်လို့ သူတို့ ပိတ်တယ်လို့ပဲ ဦးဇင်းတို့ ဒီလိုပဲ သိရတာပေါ့နော်။ သူတို့ ရေးတာတွေရော၊ သူတို့ ပြောတဲ့ဥစ္စာတွေရော နားထောင်ကြည့်ရတာတော့။”

ဒီလို သီရိလင်္ကာ နိုင်ငံတွင်း ဇူလိုင်လထုတ် Time မဂ္ဂဇင်းကို တင်သွင်းဖြန့်ချိခွင့် ပိတ်လိုက်တဲ့အပေါ် သီရိလင်္ကာ နိုင်ငံတွင်း ဘယ်လိုတုံ့ပြန်မှုတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို အရှင်ဥက္ကဌ က အခုလို မိန့်ပါတယ်။

“ဒီ သတင်းစာ ပိတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ လူ့အခွင့်အရေး ရှုထောင့်က ပုဂ္ဂိုလ်တွေကျတော့ သိပ်ပြီးတော့ မနှစ်မြို့တဲ့ အပိုင်းတွေတော့ ပါတာပေါ့။ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့မှ ဒါတွေဟာ မဖြစ်သင့်ဘူး ဆိုတဲ့အပိုင်းတော့ နည်းနည်းပါးပါး ပြောတာတော့ ရှိတယ်။ ဒါပေမဲ့လည်း ဒီဘာသာရေး ပြဿနာမျိုးတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ဟာမျိုးကိုတော့ အများကလည်း သဘောပေါက်ပါတယ်။ သဘောပေါက်တဲ့အခါကျတော့ ဒါကိုလည်း သူတို့တွေ ထိန်းထိန်းသိမ်းသိမ်း ပြောတာမျိုးတွေတော့ ရှိတယ်။ နောက်တခါ ဒီ မြန်မာပြည်မှာဖြစ်တဲ့ ပြဿနာ ဒီဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ဟာမျိုးတွေကျတော့ သူတို့အနေနဲ့ ဒီမှာလည်းပဲ နှစ်ပိုင်းကွဲနေတဲ့ ပုံစံမျိုးမှာတော့ ရှိတယ်။”

“တချို့အပိုင်းကျတော့ ဘာသာတရား တအားပြင်းထန်တဲ့ ဗုဒ္ဓဘာသာဘက်က နည်းနည်းပြင်းထန်တဲ့ အပိုင်းတွေကျတော့ မြန်မာပြည်မှာဖြစ်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကနေ လှုပ်ရှားမှုကိစ္စတွေကို တော်တော်များများက ထောက်ခံတဲ့ အပိုင်းတွေမှာရှိတယ်။ တချို့ကျတော့လည်း ပြဿနာတွေကို ဒီလို တဘက်နဲ့တဘက် အပြစ်ပြောဆိုပြီးတော့မှ ရှင်းနေတာထက် ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီးတော့ ဖြေရှင်းတာ ကောင်းမယ်ဆိုတဲ့ဟာမျိုးတွေ သူတို့ ပြောနေတာမျိုးတော့ ရှိပါတယ်။ အပိုင်းကတော့ နှစ်ပိုင်းပေါ့။”

ဒေသတွင်းမှာ တင်းမာနေမှုတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းစေချင်တယ်။ ဒါကြောင့် အခုလို ပြဿနာဖြစ်စေနိုင်တဲ့ စာပေရေးသားမှုတွေကို ပိတ်ပင်လိုက်တာ သူ့အနေနဲ့ ထောက်ခံပါတယ်လို့ အရှင် ဥက္ကဌ ကလည်း မိန့်ပါတယ်။

မြန်မာပြည် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတချို့မှာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သလိုပဲ သီရိလင်္ကာနိုင်ငံမှာ ဒီနှစ်အတွင်း မူဆလင်ဘာသာဝင်တွေရဲ့ အစားအသောက်တွေ လိုက်နာရမယ့် ဓလေ့ထုံးတမ်း စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေက ကန့်ကွက်ခဲ့တဲ့အတွက် တင်းမာမှုတွေလည်း ဖြစ်နေတာဖြစ်ပါတယ်။

KIO မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေး





ဖားကန့်သို့ သွားလာနေသော ခရီးသည်များကို လုံခြုံရေးတပ်များက မသင်္ကာမှုဖြင့် ခေါ်ယူစစ်ဆေးနေသောကြောင့် ဖားကန့်သို့ ခရီးသွားလာဖို့ အစိုးရတပ်ဂိတ်တလျှောက် စစ်ဆေးမှုခံရမည့် ခရီးသည်များအတွက် စိုးရိမ်ကြောက်လန့်ကာ သွားလာနေရကြောင်း ခရီးသည်က ပြောသည်။

“အခုတော့ KIO ဆိုတာကတော့ ရှာရင်တောင်မတွေ့တော့ဘူး ဘယ်ရောက် ကုန်သလဲမသိဘူး ဂင်ဆီထိ အစိုးရတပ် တွေပဲ ဒေသခံတွေက ကြောက်လို့တောင် မအားကြတော့ဘူး။ အစိုးရတပ်တွေက သေနတ်နဲ့ချိန်ပြီး စစ်တာတွေ ရှိတယ်။ ဒေါ့ဖုန်းယန်မြို့နယ်၊ လဂျားယန်တို့ အဲဒီနေရာတွေကဆိုရင် တခါထဲ KIO မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးတော့တာ၊ သူတို့စစ်တာက အဲဒါပဲ တလမ်းလုံး အစိုးရတပ်တွေချည်းပဲ။ KIA ကတော့ အကုန်ဖယ်ပေးလိုက်တယ်လို့ပဲ ပြောတယ်။ တိုက်ပွဲရှုံးသွားတာလားတော့မသိဘူး။ ဒေသခံတွေကတော့ KIO ကို စိတ်ဆိုးနေကြတယ်။” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

ယခုချိန်တွင်မူ အစိုးရတပ်များသည် ကျောက်စိမ်းနယ်မြေများတွင် လုံခြုံရေးယူကာ စိတ်ကြိုက်ဝင်ထွက်သွားလာနေပြီး ယခင်ကတည်းက တနိုင်တပိုင် စွန့်ပစ်ကျောက်ရိုင်း ကောက်သောဒေသခံ (ရေမဆေး) သမားများကို ကောက်ခွင့်မပေးပဲ မောင်းထုတ်နေပြီး အထူးသဖြင့် ကချင်လူငယ်များကို ဖမ်းဆီးစစ်ဆေးကာ ပြစ်ဒဏ်ပေး ရိုက်နှက်မှုများ ပြုလုပ်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

http://kachinnews.com

ဘန်ကောက်ပို့ စ် အယ်ဒီတာအာဘော်က တွယ်လိုက်ပြီ...




Turkey would rather avoid questions when asked about the government's harsh treatment of its critics and Kurdish political activists.,
ကုလားပြဿနာကို မွတ်စလင်ကမ္ဘာမှာ ပို၍ အာရုံစူးစိုက်မှုရလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြိး Ahmet Davutoglu ကို ရခိုင်ဒေသကို စေလွှတ်ခဲ့သော တူရကီနိုင်ငံဟာ ကဒ်လူမျိုး နိုင်ငံရေးလှုပ်ရှားသူများအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းလာလျင် အမြဲ ရှောင်ရှားလေ့ရှိပါတယ်။

Indonesia dissembles when asked about discrimination against its Christian minority.
ကုလား ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို တိုက်တွန်းနေတယ့် အင်ဒိုနီးရှားအစိုးရဟာ သူ့ နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်ဘာသာဝင်အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတယ့်အကြောင်းနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် အမြဲဖုံးကွယ် လိမ်ညာလေ့ ရှိပါတယ်။

Saudi Arabia would rather not talk about women's rights at home
မြန်မာနိုင်ငံမှာ ကုလားတွေဟာ ethnic cleansing လူမျိုးတုန်းသတ်ဖြတ်ခံနေရပါပြီလို့ အော်ခဲ့သော ဆော်ဒီအာရေ ဗျဟာ သူ့ တိုင်းပြည်မှာ အမျိုးသမီးအခွင့်အရေးအကြောင်းကို
ပြောဆိုလေ့မရှိပါဖူး။

while Iran continues to speak out against intervention in Syria despite mass killings by the Assad regime.
မြန်မာနိုင်ငံမှာ ကုလားများ အစုလိုက် အပြုံလိုက်"genocide" သတ်ခံနေရပါတယ် ၊ နိုင်ငံတကာ နှင့်ကုလသမဂ္ဂတပ်များ စေလွှတ်ပြီး ကြားဝင်
ထိန်းသိမ်းဖို့ လိုအပ်ပါတယ်လို့ တောင်းဆိုခဲ့တယ့် အီရန်အစိုးရဟာ အာဏာရှင် ဆီးရီယားသမ္မတ
အာဆတ် အတိုက်အခံသူပုန်အမြောက်အမြားကိုသတ်ဖြတ်နေခြင်းအပေါ် ကုလသမဂ္ဂမှ ကြားဝင်ထိန်းသိမ်းပေးဖို့ ကိုတော့ အင်္မြ ကန့် ကွက်နေပါတယ်။

But all these countries agree that the Muslim Rohingya deserve basic human rights and better treatment from the Myanmar authorities.
ဒါပေမယ့် အဲဒီနိုင်ငံတွေအားလုံးဟာ မွတ်စလင် ကုလားတွေဟာ အခြေခံ လူ့ အခွင့်အရေးတွေ ရသင့်တယ်၊ မြန်မာအစိုးရက သူတို့ ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်လို့ 
တညီတညာထဲ သဘောတူနေကြပါတယ်။

သတင်းအပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။
http://m.bangkokpost.com/opinion/322093 — in Cox's Bazar, Bangladesh.

ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်



ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်


ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က  ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ  ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။

ဝ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့ ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊  မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။

နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့် အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။

ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)




ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။

ဝ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့ ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊ မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။

နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့် အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။

ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ)