Thursday, July 4, 2013
သစ်လုံးများ အလဟတ မဖြစ်စေဖို့ ဆိုရင်
Duwa Kachin's photo. သစ်လုံးများ အလဟတ မဖြစ်စေဖို့ ဆိုရင်
****************************
(ဓါတ်ပုံ- တရုတ်ပြည်သို့ ထွက်ခွာ နေတဲ့ မြန်မာ့ သစ်တွေပါ။)
နှစ်စဉ် နှစ်တိုင်း တရုတ် နဲ့ အခြား နီးစပ်ရာ နယ်စပ်များမှ ဖြတ်သွားတဲ့ မြန်မာနိုင်ငံထဲက သစ်လုံးတွေဟာ နယ်စပ်နားက သစ်လုံးတွေပဲ မဟုတ်ပါဘူး။ မြန်မာပြည်အလယ်ပိုင်း နဲ့ ပဲခူးရိုးမက သစ်တွေလဲ ပါပါတယ်။
မြန်မာပြည်အထက်ပိုင်း ဆိုရင် ဧရာဝတီ အနောက်ဖက်ကမ်း၊ ရထားလမ်း တလျှောက်က ကျွန်းသစ်တွေ အပါအ၀င် အမြဲတမ်း တရုတ်ပြည်ဖက် စီးဆင်းနေတာပါ။ ဒီလို ဖြစ်နေတာဟာ ဘယ်သူ့ကိုမှ အပြစ်ပြောနေလို့လဲ မထူးပါ။ အရေးကြီးတာက မြန်မာအစိုးရ ရဲ့ ပေါ်လစီ မှာပါ။
သစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေး ကို ပိတ်ထားတဲ့ ပေါ်လစီ ဖြစ်ပါတယ်။ ဖွင့်တယ် ဆိုရင်တောင် ၀န်ကြီးအဆင့်ကို ပိုင်တဲ့ လူ အနည်းငယ် လောက်ပဲ အခွင့်အရေး ရမှာပါ။ (ပေါ်လစီ ပိုင်းကို အကျယ်မချဲ့တော့ဘူး။)
သစ်အလုံးလိုက် မှောင်ခို ရောင်းနေရခြင်းသည်၊ နိုင်ငံ့အတွက် များစွာ နစ်နာစေသည်။ လူအများလဲ အကျိုးမခံစားရပါ။ မှောင်ခိုသမားများကို ဖမ်းဆီးခြင်းဖြင့် မပြီးနိုင်ပါ။ သစ်သာ ကုန်သွားမည်၊ မှောင်ခိုသမားများ မကုန်စေရပါ။ ဒီလို အလဟတ ဖြစ်နေမဲ့အစား... ပွင့်လင်းမြင်သာစွာ လူတိုင်း အလုပ်ရအောင် လုပ်တဲ့ နည်း ရှိပါသည်။ အစိုးရ လဲ အခွန်ရမည်။ အဲဒါကတော့ သစ်အချောထည် လုပ်ငန်းအသေးစား များကို နယ်စပ်ဖြတ်ခွင့် ပေးလိုက်ပါ။ နီးရာ နယ်စပ်တိုင်းမှာ သစ်အလုံးလိုက် ရောင်းခြင်းကို ပိတ်ထားပြီး၊ ပရိဘောဂ နဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ပို့ကုန်အဖြင့် တရားဝင် ဖွင့်ပေးလိုက်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် အကျိုးကျေးဇူး များစွာ ရပါမည်။
(၁) သစ်ချောထည် လုပ်ငန်း အများအပြား ပေါ်လာမည်။ အလုပ်လက်မဲ့နှုန်းကျဆင်းစေမည်။
(၂) အစိုးရ အတွက် တရားဝင် အခွန်ဘဏ္ဍာများ တိုးလာမည်။
(၃) လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံများရလာမည်။ 
(၄) ပရိဘောဂ လုပ်ငန်း တွင်ကျယ်လာမည်။
(၅) အိမ်နီးချင်း နိုင်ငံတွေသာ မကတော့ပဲ နိုင်ငံတကာကိုပါ သစ်ချောထည်များ ပို့နိုင်လာမည်။
(၆) သစ်မာပင်များ စိုက်ပျိုးခြင်းဖြစ် နယ်စွန်နယ်ဖျားမှာ နေထိုင်သော နိုင်ငံသားများ ၀င်ငွေ ရလာမည်။ ၀င်ငွေတိုးလာသည်နှင့်အမျှ သူတို့ သားသမီးများ ပညာတတ်လာမည်။
(၇) နိုင်ငံ့ GDP တိုးလာမည်။
(၈) သစ်တောမဖြုန်းသီးအောင် စနစ်တကျ စီမံ ခန့်ခွဲလာနိုင်မည်။
(၉) ပြည်တွင်းမှာ သစ်ဈေးရလာသဖြင့် သစ်အလုံးလိုက် မှောင်ခို ရောင်းခြင်း ကျဆင်းလာမည်။
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ရှင်းလင်း ဖြေကြားချက်
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားပြောဆိုနေမှုများအတွက် ပြည်ပသတင်းဋ္ဌာနများ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားချက် အကျဉ်းချုပ်။ (၂-၇-၂၀၁၃ နှင့် ၃-၇-၂၀၁၃)
#######################
(စကော့တလန် ဆန်းဒေးတယ်လီဂရပ်သတင်းဋ္ဌာန၊ သြစတေးလျသတင်းဋ္ဌာန၊ စင်္ကာပူ CNA သတင်းဋ္ဌာနများ၏ မေးမြန်းချက်များကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်းမှ ဆရာ ဓမ္မစက္က ဦးမောင်မောင်က IDF ရုံးချုပ်၊ ယုဇနဥယျာဉ်မြို့တော်တွင် တွေ့ဆုံ ဖြေကြားချက်)
အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့်သမားဆိုသူများကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။
ဒါဟာလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊
သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်သင့်ပါတယ်။
အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်းအကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။
တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။
ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊
ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။
ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။
တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။
၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက်
အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။
ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။
ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။
ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။
ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။
ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။
ဓမ္မစက္က ဦးမောင်မောင်
__________________________________-
Idf Myanmar ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်
7Day News Journal's photo.
ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်
-----------------------------
ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က 
ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ အစ္စလာမ်ဘာသာရေးအဆောက်အအုံအတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။
“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။
 အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရားကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။
ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက်လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ
အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င်
ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- အောင်သူရ
မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး
ThanLarWaddy Times's photo.
မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး
မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီနှင့်အနှိပ်ခန်းဆိုင်အား မုံရွာရဲတပ်ဖွဲ့မှ ဇူလိုင်လ (၃)ရက် ည၁၂ နာရီကျော်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆိုင်သည် သတ်မှတ်ထားသော စည်းကမ်းဖြစ်သည့် ည(၁၁)နာရီ ကျော်အထိ ဖွင့်လှစ်နေသောကြောင့် ဝင်ရောက်ဖမ်းဆီးရမှ တစ်ဆင့် အဆိုပါဆိုင်တွင် အခန်းဝင်နေသော ယောကျာ်းများနှင့် လေဒီများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးသည့်အချိန်တွင် မုံရွာ န.မ.ခ မှ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးလည်း လာရောက်အနားယူနေသည်ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးသည့် ရဲတပ်ဖွဲ့နှင့် အချေအတင် စကားများခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာလည်း မုံရွာအလုံ သုံးထောင်းချွန်းနားတွင် ဖွင့်လှစ်ထားသော န.မ.ခမှ ဗိုလ်မှူးတစ်ဦးဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်ကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ ရဲတပ်ဖွဲ့၏ဆောင်ရွက်မှုများအတွက် နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ စီမံချက်ကာလ အတွင်းမို့ ဖမ်းဆီးတာမဟုတ်ဘဲ ရေရှည်အထိ ထည့်သွင်းစဉ်းစားစေချင်ကြောင်း၊ ဖမ်းတုန်းခဏ ပိတ်ထား၊ ပြီးရင် သွေးအေးသွားရင် အလျှိုလျှို ပြန်ပေါ်လာကြမှာကိုလည်း စိုးရိမ်ကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။
"အမျိုးစောင့်ဥပဒေထောက်ခံလက်မှတ်အလှူခံဌာနဖွင့်လှစ်ကောက်ခံ"
Wira Thu
*************************************************
ယနေ့ (4.7.2013)၊ (37x38)ကြား (81)လမ်းတွင် အမျိုးစောင့်ဥပဒေ လက်မှတ်အလှူခံဌာနဖွင့်လှစ် ကောက်ခံကြောင်း သိရသည်။
လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ တစ်ခဲနက်လက်မှတ်ရေးထိုး ထောက်ခံကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား အန္ဒိယနိုင်ငံ နယူးဒေလီမှဘုန်းတော်ကြီး လာရောက်တွေ့ ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား အန္ဒိယနိုင်ငံ နယူးဒေလီမှဘုန်းတော်ကြီး
Lama Lobzan(Ladakhi) က နေပြည်တော်ရှိ နေအိမ်တွင် ယနေ့ ညနေပိုင်းက လာရောက်တွေ့ ဆုံပြီး
လက်ဆောင်ပစ္စည်းတချို့ ပေးအပ်ခဲ့ ကြောင်း သိရှိရပါတယ်။
 Sun Ny
" မိုးရွာလို့ မိုးကြိုးပစ်မှာ စိုးလို့ပါ"
Lynn Bobo
ဂေါပက အဖွဲ့ဝင်လူကြီးက "ကျနော်နဲ့ အခင်းဖြစ်ပွားချိန်မှာ ဘုရားပေါ်က CCTV ကင်မရာတွေကို ပိတ်ထားတဲ့အကြောင်း"
သတင်းစာသမားတွေကို ပြောခဲ့ပါတယ်.... ဘုရားပေါ် သီရိဒုံလာတဲ့ အချိန်.... CCTV ပိတ်ထားရတာက " မိုးရွာလို့ မိုးကြိုးပစ်မှာ စိုးလို့ပါ" တဲ့
***
ရွှေတိဂုံဂေါပက အဖွဲ့က ကျနော်နဲ့ ဖြစ်တဲ့ ကိစ္စကို ဒီနေ့သတင်းစာ ရှင်းလင်းပွဲလုပ်တယ်...
အဲ့ဒီမှာ ဂေါပက အဖွဲ့ဝင် လူကြီးက
"ကျနော်နဲ့ အခင်းဖြစ်ပွားချိန်မှာ ဘုရားပေါ်က CCTV ကင်မရာတွေကို ပိတ်ထားတဲ့အကြောင်း"
သတင်းစာသမားတွေကို ပြောခဲ့ပါတယ်....
ဘုရားပေါ် သီရိဒုံလာတဲ့ အချိန်.... CCTV ပိတ်ထားရတာက " မိုးရွာလို့ မိုးကြိုးပစ်မှာ စိုးလို့ပါ" တဲ့
ကဲ.... ကိုယ့်ဘာသာကိုယ်သာ စဉ်းစားကြည့်တော့
ကျနော် ပြဿနာဖြစ်ပြီးကတည်းက ရွှေတိဂုံဂေါပက တာဝန်ရှိသူတွေကို စောင်းတာ မြောင်းတာ ဝေဖန်တာတွေ မလုပ်ခဲ့ပါဘူး...။
အခုတော့ တိုက်ရိုက်မေးချင်တယ်...
စစ်တပ်မှာ အရာရှိကြီးတွေ တာဝန်ယူခဲ့ပြီး ဘုရားပေါ်တက် "အငြိမ်း စား" နေတဲ့သူတွေက ကိုယ်တိုင်လဲကျူးလွန်တာ မဟုတ်တဲ့ လက်အောက်ငယ်သားတယောက် ကျူးလွန်တဲ့ ကိစ္စမှာ "အမှားကို ဝန်ခံဖို့ သွေးနည်းနေလား" ...
မီဒီယာတွေမှာလဲ ကျနော်ပြောခဲ့တယ်..
-ကျနော့်ကို ဝန်ချ တောင်းပန် စရာမလိုဘူး
-ဆုံးရှုံးပစ္စည်းတန်ဖိုး လျော်စရာမလိုဘူး
-ကျူးလွန်သူတွေကို အရေးယူစရာမလိုဘူး...
ကျနော် တောင်းဆိုခဲ့တာ နှစ်ခုပဲ
(၁)-မီဒီယာသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မိတာ မှားယွင်းတယ် ဆိုတာကို တရားဝင် ဝန်ခံပေးဖို့နဲ့....
(၂) -နောက်နောင် သူတို့ဘက်က မီဒီယာတွေအပါ ဘုရားဖူးတွေကို ကိုယ်ထိလက်ရောက် မစော်ကားပါဘူးလို့ အာမခံဖို့
"သတ္တိဆိုတာ အမှန်ကို ပြောရဲမှ မဟုတ်ဘူး။ အမှားကို ဝန်ခံရဲတာကလဲ သတ္တိပဲ" တဲ့....
အဲ့ဒီစကားပြောခဲ့တဲ့ ဗိုလ်ချုပ် ခုနေသက်ရှိထင်ရှား ရှိနေသေးရင် စစ်သားဟောင်းတွေရဲ့ သတ္တိကို ပါးရိုက်ပြီး ဆုံးမလောက်မယ် ထင်တယ်။