Friday, July 5, 2013

NLD စာအမှတ် ၀၆၈(စည်း)/၀၇/၂၀၁၃


News and Information Department of NLD

KBZ ဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းနှင့်ဦးတေဇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ရုရှားနိုင်ငံခရီးစဉ်တွင်လိုက်ပါ။





တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက်သတ္တ တပတ်ကြာ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း KBZ ဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း၊ ဦးမိုးဆန်းအောင်၊ ဦးဇော်ဝင်းအောင် ဂျိုနသန်မျိုးကျော်သောင်းနှင့် မြန်မာစီးပွား ရေးလုပ်ငန်းရှင်ကြီး ဦးတေဇတို့ လိုက်ပါခဲ့ကြောင်း KBZ ဘဏ် အသိုင်းအ၀န်းမှ သိရှိရပါသည်။

ထိုသို့ ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားခရီးစဉ်တွင် ဦးအောင်ကိုဝင်း ဦးတေဇ ဦးမိုးဆန်းအောင်၊ ဦးဇော်ဝင်းအောင် ဂျိုနသန်မျိုးကျော်သောင်း တို့ ပါဝင်ခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူတကွသွားရောက်ခြင်းမဟုတ်ဘဲ ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ရုရှားခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေး ၀န်ကြီး General of the Army Sergey K.SHOIGU နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံရေး တိုးမြှင့်ရန်၊ မြန်မာတပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရန် နှင့် ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များအရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင့်း ထို့ပြင် MiG တိုက်လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို သွားရောက်ကာ အဆင့်မြှင့် ထားသော MiG 29 M လေယာဉ်ကို အတူလိုက်ပါသွားသသည့် တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် စမ်းသပ်မောင်းနှင်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်။

တင်ဦး(ရန်ကုန်)

သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း ထုတ်ဖော်




By Coral Arakan News

======================

စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်

သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်းပန်သည့်အတွက် လွတ်လာခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်သည့် အခါ ထုတ်ဖော်ပြောဆိုခဲ့သည်။

မစုစုလှိုင်၏ ထိုထွက်ဆိုချက်အား စာဖြင့် အကျဉ်းချုပ်ရေးသားထားသည်ကို တောင်ကုတ်မြို့ လူမှုအဖွဲ့အစည်းများက Coral Arakan News အား အီးမေးလ်ဖြင့် ပေးပို့ရာ၊ Coral Arakan News က မစုစုလှိုင် နှင့် ၄င်း၏မိသားစုအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အုပ်ထိန်းသူအပါအ၀င် မစုစုလှိုင်တို့မိသားစုအား ထိုထွက်ဆိုချက် အကျဉ်းချုပ်ကို ဖုန်းထဲမှ ဖတ်ပြပြီး၊ ဤအကြောင်းအရာများ မှန်ကန်မှုရှိမရှိ နှင့် ဤသည်ကို အွန်လိုင်းမှ publish လုပ်မည်ကို သဘောတူပါသလား ဟုမေးမြန်းရာ၊ မစုစုလှိုင် နှင့် အုပ်ထိန်းသူအပါအ၀င် ယင်း၏ မိသားစုက မှန်ကန်ကြောင်း နှင့် သဘောတူကြောင်း ပြန်ကြားသည့်အတွက် ထို ထွက်ဆိုချက် အကျဉ်းချုပ်ကို မူရင်းအတိုင်း ဘာမှပြင်ဆင်ခြင်းမပြုဘဲ Coral Arakan News က ဖော်ပြအပ်ပါသည်။

၂၀၁၃-ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲ သုံးနာရီဝန်းကျင်တွင် မစုစုလှိုင်အား ၄င်းတို့ မိသားစု၏ ဂူတာရပ်ကွက်နေအိမ်တွင် ရခိုင်လူမှုကွန်ရက် (တောင်ကုတ်) နှင့် Dawn Private Library အပါအ၀င် တောင်ကုတ် အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်ကာ Coral Arakan News သို့ ပေးပို့ခြင်းဖြစ်ပါသည်။

( Coral Arakan News )

--------------------------------

သံတွဲမြို့၊ နံတော်တောင်ဘုရားဝတ္တကမြေပေါ်တွင် မုဒိန်းမှုကျူလွန်ခံရသူ မစုစုလှိုင်အား အရပ်ဖက်လူ့အဖွဲ့အစည်းများမှ မေးမြန်း၍ဖြစ်စဉ်အမှန်အား ပြောကြားချက်

၁။ မစုစုလှိုင်၊ ၁၅နှစ်၊ (ဘ)ဦးထွန်းကြည်၊ (မိ)ဒေါ်ထွားထွားရီ၊ ဆေးရုံကွက်သစ်(၅)လမ်း၊ ဂူတာရပ်ကွက်၊ အိမ်အမှတ်(၆၅၁)၊ တောင်ကုတ်မြို့နေသူကို မေးမြန်း၍ဖြစ်စဉ်အမှန်ကိုပြောပြသိရသည်မှာ-

၂။ လွန်ခဲ့သော ၂၉-၆-၂၀၁၃ ရက်နေ့နေ့ခင်း ၁၁နာရီကျော်ခန့်တွင် ဆပ်သွားရွာမှ (၁၁)နာရီ လိုင်းကားဖြင့်သံတွဲမြို့သို့ လိုက်လာပြီး တောင်ကုတ်မြို့သို့ သံတွဲမှတဆင့်လိုင်းကားဖြင့်လိုက်ရန်အတွက် သံတွဲမြို့သို့ညပိုင်း (၆)နာရီကျော်ခန့် တွင် ကားဂိတ်သို့ရောက်ပါသည်။ ကားဂိတ်တွင် တောင်ကုတ်သို့ပြန်ရန် လိုင်းကားမရှိသဖြင့် ဂိတ်ရှေ့ရှိဖုန်းဆိုင်သို့ သွားရောက်ပြီး ဖခင်ဖြစ်သူထံမှတ်ယူလာသော ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ မစုစုလှိုင်မှ၎င်း၏ဖခင်အားသံတွဲတွင် တည်းခိုရန်အတွက်အသိမိတ်ဆွေ ရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှ အသိမိတ်ဆွေမရှိကြောင်း ပြန်လည်ပြောကြောင်းသိရပြီး၊ ဖုန်းအဆက်အသွယ်ပြတ်သွားကြောင်း၊ ဆပ်သွားမှ အဒေါ်ဖြစ်သူဒေါ်မပုထံမှ ပေးလိုက်သည့် ငွေတစ်သောင်းကျပ်ပါရှိလာ၍ တောင်ကုတ်မြို့သို့ ဆိုင်ကယ်ကယ်ရီငှားပြီး ပြန်ရန်အတွက်ပြုလုပ်နေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး ၎င်းအားဘယ်ကိုသွားမလဲဟုမေးရာမစုစုလှိုင်မှ တောင်ကုတ်သို့ပြန်မည်ဟုပြောကြောင်း၊ ထိုအချိန်တွင်ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးမှမစုစုလှိုင်အား ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ခေါ်ဆောင်လာကြောင်း၊ လမ်းတွင်ကော်ဖီဆိုင်တစ်ဆိုင်ရှေ့နားတွင် ခဏရပ်ပြီး ကော်ဖီသောက်မလားဟုမေးသဖြင့် ဗိုက်ဆာ၍ ကော်ဖီတစ်ခွက်သောက်ခဲ့ရာ ကော်ဖီသောက်ပြီးနောက် ဦးခေါင်းမူးနောက်လာကြောင်း၊ ၎င်းတို့နှစ်ဦးလည်း ကော်ဖီသောက်ခဲ့ကြောင်းပြောပြသိရသည်။

၃။ ကော်ဖီသောက်ပြီး ဆိုင်ကယ်ဖြင့် (၃)ဦးစီးနင်းမောင်းနှင်လာခဲ့ရာ တောင်ကုန်းတစ်ခုနားအရောက်တွင် ဆိုင်ကိုရပ်လိုက်ပါသည်။ ၎င်းအနီးတွင် အုတ်တိုက်အဆောက်အဦများရှိနေပြီး ဘုရားနှင့်စေတီလည်းရှိကြောင်း၊ ဆိုင်ကယ်အားရပ်တန့်ပြီး အပေါ့အပါးသွားရန်ဟုဆိုကာ မစုစုလှိုင်အား လက်ဖျားကိုဆွဲလျက်လမ်းကြားထဲသို့ အတင်းဆွဲခေါ်ပြီး တစ်ဦးမှ လက်နှစ်ဖက်ကိုချုပ်ကာပါးစပ်ကိုပိတ်ထားကြောင်း၊ ကျန်တစ်ဦးက အတင်းအဓ္ဓမသားမယားအဖြစ်ပြုကျင့်ကြောင်း၊ ပါးစပ်ပိတ်ထားသူနောက်တစ်ယောက်ကလည်း သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ခဏအကြာဆိုင်ကယ်ဖြင့်ပြန်လည်တင်ခေါ်လာပြီး နေအိမ်တစ်အိမ်ရှေ့နားတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ကာ လယ်ကွင်းဗွက်တောထဲမှလမ်းလျောက်ပြီး လယ်တဲတစ်ခုသို့ခေါ်ဆောင်လာပါသည်။ တဲသို့အရောက် ၎င်းတို့နှစ်ဦးမှ ဖြစ်ပျက်သည့်အကြောင်းကို မည်သူ့ကိုမှမပြောရန် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပါသည်။ ၎င်းတဲတွင်ပင် အတင်းအဓမ္မသားမယားအဖြစ် တစ်ယောက်တစ်ကြိမ်စီပြုကျင့်ပါသည်။ တစ်ညလုံး ကြောက်လန့်ကာအိပ်မရဘဲ ထိုင်လျက်နေခဲ့ရာ အကူအညီတောင်းခံရန်အတွက်အနီးတွင်လည်း လူရိပ်လူခြေများမတွေ့ရှိ၍ ကူညီတောင်းခံနိုင်ခြင်းမရှိခဲ့ပါ။ နံနက်မိုးလင်းသည့်အခါ တဲအနီးရှိရေကန်ကြီးတစ်ကန် ရှိရာသို့ နှစ်ဦးအနက်မှ ပုပုလုံးလုံးနှင့်လူက ဆွဲခေါ်လာပြီးရေကန်ထဲသို့အတင်းဆွဲချကြောင်း၊ အရပ်မမှီလောက်သည့် နေရာထိဆွဲခေါ်ပြီး ရေထဲတွင်နှစ်ကြိမ်ရေနှစ်သတ်ကြောင်း၊ ထပ်မံပြီးသတ်ရန်ပြုလုပ်စဉ်စုစုလှိုင်မှ ငိုယိုတောင်းပန်၍ ရေကန်ထဲမှဆွဲခေါ်ပြီး ကုန်းပေါ်သို့ ပြန်ခေါ်လာခဲ့ကြောင်း၊ ညပိုင်းတွင်အတင်းအဓမ္မပြုကျင့်ခဲ့သည့် လယ်တဲသို့အရောက်ရေကန်ထဲသို့ ဆင်းသူမှာအ၀တ်တစ်စုံလဲပြီး စုစုလှိုင်မှာရေစိုအ၀တ်အစားဖြင့် ရှိနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှ မြို့ထဲသို့သွားရန်ခေါ်ဆောင်လာစဉ်လမ်းတွင် မည်သူ့ကိုမှမပြောရန် တာဝန်ရှိသူများအားမတိုင်ရန် ပြောပြီး တိုင်ကြားကသတ်ပစ်မည်ဟုအကြိမ်ကြိမ်ခြိမ်းခြောက်သဖြင့် လမ်းတွင်ရှိခိုးတောင်းပန်ခဲ့ကြောင်း၊ မြို့အ၀င်နားအရောက်တွင်တစ်ဦးကျန်နေခဲ့ပြီး ရေနစ်သတ်သူမှ ဆိုင်ကယ်ဖြင့်ကားဂိတ်သို့ လိုက်ပို့ခဲ့ရာ ကားဂိတ်ကိုကျော်ပြီး တောင်ကုတ်မြို့ဖက်သို့သွားသည့် လမ်းမြို့အထွက်ခပ်လှမ်းလှမ်းအရောက်တစ်ခုခုစားပြီးမှ ပိုပေးမည်ဟု ပြောကာဆိုင်ကယ်အားဖြည်းဖြည်းချင်းလှည့်စဉ် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကျန်ခဲ့ပါသည်။

၎။ ၄င်းမှာမစုစုလှိုင်လမ်းလျှောက်သည့် နောက်သို့ဖြည်းဖြည်းချင်းဆိုင်ကယ်ဖြင့်လိုက်လာပါသည်။ အုတ်ခုံတစ်ခုနားအရောက်တွင် ဗိုက်အောင့်သဖြင့်ထိုင်နေစဉ်အထုတ်ကိုပြန်ပေးပါသည်။ ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ သံတွဲဖက်သို့ ပြန်မောင်းသွားပြီးမကြာခင်သားမယားအဖြစ်ပြုကျင့်ခဲ့သူ နောက်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ပြန်လာပါသည်။ ညောင်ပင်တစ်ပင်အောက်နားအရောက်တွင်ရပ်နားနေစဉ် ဆိုင်ကယ်ပြန်လှည့်လာသူမုဒိန်းကျင့်သူနှစ်ဦးမှာ ၎င်းထားခဲ့သည့်နေရာတွင်မနေဘဲ လျှောက်သွားနေ၍၎င်းတို့ဆိုင်ကယ်နှင့် ပြန်လိုက်ခဲ့ရန်အတင်းခေါ်ရာစုစုလှိုင်မှ ပြန်မလိုက်လိုကြောင်း မိမိဘာသာမိမိပြန်မည်ဟုပြောစဉ် အတင်းဆွဲခေါ်သဖြင့်ရုန်းကန်ပြီး ရှောင်ထွက်စဉ်လမ်းသွားလမ်းလာသူများ ကြည့်ရှု၍ ၎င်းတို့နှစ်ဦးမှာအတင်းဆွဲမခေါ်ရဲဘဲ ဆိုင်ကယ်ဖြင့်ထွက်သွားကြကြောင်း၊ ထိုအချိန်လူငယ်တစ်ဦးရောက်လာပြီး ဘာဖြစ်ကြသလဲဟုမေးရာ စုစုလှိုင်မှကြောက်ရွံ့နေ၍ဘာမှ မဖြစ်ဘူးဟု ပြောခဲ့သော်လည်း ဆွဲလားရမ်းလား လုပ်နေသည်ကိုမြင်တွေ့သဖြင့် ဆိုင်ကယ်ဖြင့်ထွက်သွားသူနှစ်ဦးမှာမူဆလင် ကုလားများဖြစ်ကြောင်း၊ စုစုလှိုင်မှကုလားဖြစ်သည်ကိုမသိကြောင်း ပြန်ပြောခဲ့ရာနောက်ထမ်လူအုပ်စုတစ်စု ရောက်ရှိလာကြပြီး ရဲစခန်းသို့ခေါ်ယူစစ်ဆေးရန်ပြောသဖြင့် ရဲစခန်းသို့ခေါ်ဆောင်၍ လိုက်ပါလာခဲ့ကြောင်း၊ ရဲစခန်းသို့ရောက်ရှိသည့်အခါမှ ၎င်းအားမေးမြန်းသူမှာ ရဲတစ်ဦးဖြစ်ကြောင်း၊ သိရှိရပြီး ရဲစခန်းသို့လာရောက်စဉ် ဆိုင်ကယ်နောက်မှ ဆိုင်ကယ်များဖြင့် လူအုပ်စုများလိုက်ပါလာခဲ့ကြသည်ကိုတွေ့ခဲ့ကြောင်း၊ ပြောပြသိရသည်။

၅။ ရဲစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ရာ စုစုလှိုင်အနေဖြင့်တစ်ညလုံး ကြောက်လန့်ပြီး အသက်အန္တရာယ်ကိုပြုမည်ကိုစိုးရိမ်၍ မအိပ်ပဲနေခဲ့ကြောင်း၊ နောက်နေ့တွင်လည်း တာဝန်ရှိသူများမှစိစစ်ပြီး လိုအပ်ချက်များကိုအသေးစိတ်စစ်ဆေးမှုခံယူနေရ၍ ကျန်းမာရေးအရ ချွတ်ယွင်းပြီးကြောက်လန့်အရှက်သိက္ခာကို ထိမ်းသိမ်းနေရခြင်းကြောင့် အမှန်အတိုင်းကိုပြောပြထွက်ဆိုနိုင်ခြင်းမရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများက လိုအပ်သည်များကို ကူညီပံ့ပိုးပြီးစောင့်ရှောက်မှုပေးကာမိသားစုရင်းချာလို မေးမြန်းသည့်အခါမှအဖြစ်မှန်ကို သိရှိရပြီး စုစုလှိုင်အားစိတ်မမှန်သူဟု စွပ်စွဲပုတ်ခတ်ပြောဆိုသတင်းလွင့်ခြင်း၊ စာနယ်ဇင်းများမှရေးသားခြင်းများမှာ အမှန်တရားမဟုတ်ဘဲ ရိုးသားသည့် တိုင်းရင်းသူဆင်းရဲနွမ်းပါးသော်လည်း မိမိလူမျိုးသိက္ခာကိုစောင့်ထိန်းသည့် အားနွဲ့သောအမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာမုဒိန်းပြုကျင့်သေကြောင်းကြံသည့် ရက်စက်တတ်သည့် သိက္ခာမဲ့သူများအား ထိရောက်သည့်ပြစ်မှုပြစ်ဒဏ်ရရှိနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အများပြည်သူသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တောင်ကုတ်မြို့။
pan class="word_break">
ှက်သိက္ခာကို ထိမ်းသိမ်းနေရခြင်းကြောင့် အမှန်အတိုင်းကိုပြောပြထွက်ဆိုနိုင်ခြင်းမရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများက လိုအပ်သည်များကို ကူညီပံ့ပိုးပြီးစောင့်ရှောက်မှုပေးကာမိသားစုရင်းချာလို မေးမြန်းသည့်အခါမှအဖြစ်မှန်ကို သိရှိရပြီး စုစုလှိုင်အားစိတ်မမှန်သူဟု စွပ်စွဲပုတ်ခတ်ပြောဆိုသတင်းလွင့်ခြင်း၊ စာနယ်ဇင်းများမှရေးသားခြင်းများမှာ အမှန်တရားမဟုတ်ဘဲ ရိုးသားသည့် တိုင်းရင်းသူဆင်းရဲနွမ်းပါးသော်လည်း မိမိလူမျိုးသိက္ခာကိုစောင့်ထိန်းသည့် အားနွဲ့သောအမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာမုဒိန်းပြုကျင့်သေကြောင်းကြံသည့် ရက်စက်တတ်သည့် သိက္ခာမဲ့သူများအား ထိရောက်သည့်ပြစ်မှုပြစ်ဒဏ်ရရှိနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အများပြည်သူသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တောင်ကုတ်မြို့။

ဗေဒင်နဲ့ ဘိုးတော်က ဥသြဆွဲရင် သေမယ်ဆိုလို့ ...


ဒီမို ဖက်တီး

ဒုတိယကမ္ဘာစစ်က အသတ်ခံရတဲ့ ဂျူးလူမျိုးများအတွက် ဥသြဆွဲချိန် - အစ္စရေးနိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်မှာ ။

(ဖွတ်မင်းများ သိသာစေရန် ရှယ်ပေးကြပါ ...)

ရဲနဲ့  တရားဥပဒေ ခေါင်းနဲ့  ပန်းလိုဖြစ်နေ။


Nik Nayman



အောက်ဖေါ်ပြပါ အဖြစ်အပျက်ကို ကြည်ရင် ရဲတွေရဲ့  ကူညီပါရစေဆိုတာ အပြစ်ကျူးလွန်သူကို အမှုကနေ လွတ်အောင် ကူညီနေတာ ဖြစ်နေတယ်။

“ပုဒ်မ ၃၂၅ နဲ့တန်ပါရဲ့လား”

ဒါဟာ ခေါင်းကိုသံတူရွင်းနဲ့အသေရိုက်သတ်ခံရတဲ့ အမျိုးသမီးပါ။ အချက်ပေါင်း ၃၀နီးပါးခန့် ချုပ်ခဲ့ရပါတယ်။ အထဲမှာ သွေးခဲသွားတဲ့အတွက် ခေါင်းခွံကိုလှပ်ပြီး အော်ပရေးရှင်းကိုင်ခဲ့ရပါတယ်။ တရားခံကတော့ သေပြီဆိုပြီး အခင်းဖြစ်တဲ့ နေ့၂၆.၄.၂၀၁၃ က စပြီး ၂လကျော်တိုင်အောင် ထွက်ပြေးသွားခဲ့ပါတယ်။ မင်္ဂလာဒုံစခန်းမှရဲများသည် ထိုတရားခံပြေးအား ဖမ်းဝရမ်းမထုတ်သည့်အပြင် လိုက်လံဖမ်းဆီးခြင်းလည်းမရှိခဲ့ပေ။

ထို့ပြင် ဒီလောက် သေလုမျောပါး ဒါဏ်ရာများဖြင့် တကိုယ်လုံးသွေးအိုင်ထဲ လဲနေသော ထိုအမျိုးသမီးကို သာမာန်ရိုက်မှုဖြစ်သော ပုဒ်မ ၃၂၅ ဖြင့်သာ အမှုဖွင့်ခဲ့လေသည်။ ကျန်ရစ်သူမိသားစုမှာ ဥပဒေအကြောင်းလဲ နားမလည်ပါ။ ထိုအခြင်းအရာကို အခွင့်ကောင်းယူကာ တရားခံဘက်မှ ထိုရဲများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။

ထိုတရားခံပြေးကို သူ့၏အဖေမှ လာအပ်ပြီး အာမခံဖြင့် ပြန်ထုတ်သွားခဲ့လေသည်။ အချုပ်ထဲ၌ပင် တရက် တနာရီ မနေသွားခဲ့ရပေ။ ငွေသည် အင်အားကြီးမားလေစွ။ ရပ်ကွက်ထဲ၌ သက်သေလိုက်မည့်သူများကို ခြိမ်းခြောက်၏။ ထိုတရားခံကောင်၏ အဖေသည် ရဲဆိုတာ ငွေပေးရင် ဖင်တောင်ချလို့ရတယ် မကျေနပ်ရင် ရိုက်ပစ်လိုက် ငွေနဲ့ရှင်းရင် အားလုံးပြီးတယ်ဟု အော်ဟစ်ကာ သူ့ခြံရှေ့၌ အော်ဟစ်၍ ပြောဆိုနေပါသည်။ တရားခံကောင်ကတော့ သူ့ကို ဘယ်ရဲမှ လက်ဖျားနဲ့ မတို့ လက်ထိပ်တောင်မခတ်ဟုဆိုကာ ပုဆိုးမကာမကာဖြင့် ထောင်လွှားနေသည်။

မိမိကို မသေမချင်း အရိုက်ခံရသော ထိုအမျိုးသမီးသည် ထိုအခြင်းအရာကို တွေ့သောအခါ မိမိအသက်ကို နောက်တကြိမ် ထပ်အရှာခံရမည်ဆိုး၍ ယခုအခါ သူ့၏ အိမ်မှာပင် မနေရဲပဲ အဝေးရှိ ဆွေမျိုးများအိမ်သို့ သွားရောက်နေထိုင်နေရပါသည်။

ထိုတရားခံကောင်ကို အာမခံပေး၍ လွှတ်လိုက်သော ကူညီပါရစေဟု တသွင်သွင်အော်နေသော ရဲများသည် ထိုအမျိုးသမီး၏ အသက်အန္တရာယ်ကို အာမ ခံနိုင်ပါမည်လား။ ပြည်သူ့ဝန်ထမ်းသည် ပြည်သူကျွေးသော ထမင်းကို စားကာ ပြည်သူကို ကူညီရမည်သာဖြစ်သည်။ စောင့်ရှောက်ရမည်သာ ဖြစ်သည်။ သို့ပါ၍ တိုင်းပြည်၏ ဆူးခလုတ်သဖွယ်ဖြစ်သော ထိုအကျင့်ပျက်ရဲများကို ရှင်းထုတ်ပစ်ရမည် ဖြစ်သည်။

ယခုပုဒ်မသည် ခံရသော ဒါဏ်ရာများနှင့် မည်သို့မျှ မတန်ပေ။ ပြစ်ဒဏ်လည်း လျှော့ပေါ့စွာ ကျနိုင်သောပုဒ်မ ဖြစ်သည်။ ထို့ကြောင့် ထိုက်တန်သောပြစ်ဒါဏ်ကို ကျခံနိုင်ရန် တရားဥပဒေကို စိုးမိုးစေလိုသော တာဝန်ရှိသူများမှ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။



ရဲနဲ့ တရားဥပဒေ ခေါင်းနဲ့  ပန်းလိုဖြစ်နေ။

အောက်ဖေါ်ပြပါ အဖြစ်အပျက်ကို ကြည်ရင် ရဲတွေရဲ့ ကူညီပါရစေဆိုတာ အပြစ်ကျူးလွန်သူကို အမှုကနေ လွတ်အောင် ကူညီနေတာ ဖြစ်နေတယ်။

“ပုဒ်မ ၃၂၅ နဲ့တန်ပါရဲ့လား”

ဒါဟာ ခေါင်းကိုသံတူရွင်းနဲ့အသေရိုက်သတ်ခံရတဲ့ အမျိုးသမီးပါ။ အချက်ပေါင်း ၃၀နီးပါးခန့် ချုပ်ခဲ့ရပါတယ်။ အထဲမှာ သွေးခဲသွားတဲ့အတွက် ခေါင်းခွံကိုလှပ်ပြီး အော်ပရေးရှင်းကိုင်ခဲ့ရပါတယ်။ တရားခံကတော့ သေပြီဆိုပြီး အခင်းဖြစ်တဲ့ နေ့၂၆.၄.၂၀၁၃ က စပြီး ၂လကျော်တိုင်အောင် ထွက်ပြေးသွားခဲ့ပါတယ်။ မင်္ဂလာဒုံစခန်းမှရဲများသည် ထိုတရားခံပြေးအား ဖမ်းဝရမ်းမထုတ်သည့်အပြင် လိုက်လံဖမ်းဆီးခြင်းလည်းမရှိခဲ့ပေ။ 

ထို့ပြင် ဒီလောက် သေလုမျောပါး ဒါဏ်ရာများဖြင့် တကိုယ်လုံးသွေးအိုင်ထဲ လဲနေသော ထိုအမျိုးသမီးကို သာမာန်ရိုက်မှုဖြစ်သော ပုဒ်မ ၃၂၅ ဖြင့်သာ အမှုဖွင့်ခဲ့လေသည်။ ကျန်ရစ်သူမိသားစုမှာ ဥပဒေအကြောင်းလဲ နားမလည်ပါ။ ထိုအခြင်းအရာကို အခွင့်ကောင်းယူကာ တရားခံဘက်မှ ထိုရဲများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။

ထိုတရားခံပြေးကို သူ့၏အဖေမှ လာအပ်ပြီး အာမခံဖြင့် ပြန်ထုတ်သွားခဲ့လေသည်။ အချုပ်ထဲ၌ပင် တရက် တနာရီ မနေသွားခဲ့ရပေ။ ငွေသည် အင်အားကြီးမားလေစွ။ ရပ်ကွက်ထဲ၌ သက်သေလိုက်မည့်သူများကို ခြိမ်းခြောက်၏။ ထိုတရားခံကောင်၏ အဖေသည် ရဲဆိုတာ ငွေပေးရင် ဖင်တောင်ချလို့ရတယ် မကျေနပ်ရင် ရိုက်ပစ်လိုက် ငွေနဲ့ရှင်းရင် အားလုံးပြီးတယ်ဟု အော်ဟစ်ကာ သူ့ခြံရှေ့၌ အော်ဟစ်၍ ပြောဆိုနေပါသည်။ တရားခံကောင်ကတော့ သူ့ကို ဘယ်ရဲမှ လက်ဖျားနဲ့ မတို့ လက်ထိပ်တောင်မခတ်ဟုဆိုကာ ပုဆိုးမကာမကာဖြင့် ထောင်လွှားနေသည်။

မိမိကို မသေမချင်း အရိုက်ခံရသော ထိုအမျိုးသမီးသည် ထိုအခြင်းအရာကို တွေ့သောအခါ မိမိအသက်ကို နောက်တကြိမ် ထပ်အရှာခံရမည်ဆိုး၍ ယခုအခါ သူ့၏ အိမ်မှာပင် မနေရဲပဲ အဝေးရှိ ဆွေမျိုးများအိမ်သို့ သွားရောက်နေထိုင်နေရပါသည်။

ထိုတရားခံကောင်ကို အာမခံပေး၍ လွှတ်လိုက်သော ကူညီပါရစေဟု တသွင်သွင်အော်နေသော ရဲများသည် ထိုအမျိုးသမီး၏ အသက်အန္တရာယ်ကို အာမ ခံနိုင်ပါမည်လား။ ပြည်သူ့ဝန်ထမ်းသည် ပြည်သူကျွေးသော ထမင်းကို စားကာ ပြည်သူကို ကူညီရမည်သာဖြစ်သည်။ စောင့်ရှောက်ရမည်သာ ဖြစ်သည်။ သို့ပါ၍ တိုင်းပြည်၏ ဆူးခလုတ်သဖွယ်ဖြစ်သော ထိုအကျင့်ပျက်ရဲများကို ရှင်းထုတ်ပစ်ရမည် ဖြစ်သည်။

ယခုပုဒ်မသည် ခံရသော ဒါဏ်ရာများနှင့် မည်သို့မျှ မတန်ပေ။ ပြစ်ဒဏ်လည်း လျှော့ပေါ့စွာ ကျနိုင်သောပုဒ်မ ဖြစ်သည်။ ထို့ကြောင့် ထိုက်တန်သောပြစ်ဒါဏ်ကို ကျခံနိုင်ရန် တရားဥပဒေကို စိုးမိုးစေလိုသော တာဝန်ရှိသူများမှ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

မြန်မာအမျိုးသမီး လုပ်သား၂၀ ကျော် ဂျပန် စခေါ်


The Voice Weekly


ရန်ကုန်၊ ဇူလိုင် ၎

အလုပ်သမားခေါ်ရန် မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ JITCO တို့ နားလည်မှု စာချွန်လွှာ MoU ရေးထိုးပြီး တစ်လခန့် အကြာတွင် ဂျပန်နိုင်ငံက မြန်မာ အမျိုးသမီး အလုပ်သမား၂၀ ကျော် ခေါ်ရန် အလုပ် ခေါ်စာ (Demand) စတင် ရရှိထားပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများ ခေါ်ရန် အမျိုးသမီး အပါအဝင် အလုပ်ခေါ်စာ ၅၀ ကျော် ရရှိထားပြီးဖြစ်ပြီး ယင်းအလုပ်ခေါ်စာများ မှန် မမှန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက စိစစ်နေ ကြောင်း ၎င်းက ဆိုသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အဆိုပါဌာနမှ အကြီးတန်း အရာရှိများသည် မေလအတွင်းက သွားခဲ့သည့် ဂျပန်ခရီးစဉ်တွင် ဂျပန်နိုင်ငံ အစိုးရနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံကာ အလုပ်သမားအရေးကို ဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ အငြိမ်းစား အစိုးရ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် JITCO (Japan International Cooperation Organization) က မေလ ၂၀ ရက်နေ့တွင် မြန်မာလုပ်သား ခေါ်ယူရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံက အမျိုးသမီး အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် လုပ်ငန်းတစ်ခုတွင် မြန်မာ အမျိုးသမီး အနည်းဆုံး ငါးဦးခန့် လုပ်ကိုင်ခွင့်ရရှိမှသာ စေလွှတ်မည်ဟု ဆိုထားသော်လည်း ဂျပန်နိုင်ငံ၏ အလုပ်အကိုင် ကောင်းမွန်မှုနှင့် ဥပဒေ ခိုင်မာမှုများကြောင့် ဖြေလျှော့ စဉ်းစားပေးမည်ဟု ဦးမျိုးအောင်က မီဒီယာများကို ဇွန်လ အတွင်းတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးလုပ်သားများကို ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံ တို့သို့ တရားဝင် စေလွှတ်ခွင့် ပြုထားပြီး စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်ငန်းကို တရားဝင် စေလွှတ်ခွင့် ပြုထားသည်။

ဂျပန်နိုင်ငံတွင် မြန်မာ အလုပ်သမား တစ်သောင်းဝန်းကျင် ရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရှိရသည်။

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။


Duwa Kachin's photo.

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။
*********************

အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

အကြောင်းကတော့ အမျိုးသမီးငယ်များ လူထု နဲ့ ဆိုင်တဲ့ အရေးအကြောင်းတွေမှာ ပါဝင်လာဖို့ လှုပ်ဆော်မှု တရပ် အနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ 

သမီးလေး Genea Harrison ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှု စာစီစာကုံး မှာ နံပါတ် (၁) ရခဲ့တာပါ။ သူမ ရဲ့ စာစီစာကုံး ထဲမှာ အစိုးရ စာသင်ကျောင်း အခန်းတွေရဲ့ လူဦးရေ တွေကို လျှော့ချမယ်၊ လူထုလုံခြုံရေး၊ အမှိုက်သိမ်းမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စတဲ့ အစီအမံ အကြောင်း တွေ ထည့်ရေးခဲ့ပါတယ်။ 

တနေ့တာ ရွေးချယ်ခံထားရပေမယ့်၊ အမေရိကန် တနိုင်ငံလုံးက နိုင်ငံရေး အကြီးအကဲ တော်တော်များများ အားပေးခဲ့ကြပါတယ်။ သူ့မရဲ့ တနေ့တာ မှာ တိုင်ဝမ် နိုင်ငံက အထူးသံသမန် နဲ့ တွေ့ဖို့လဲ ချိန်းဆိုခဲ့ပါတယ်။

မူရင်း သတင်း
http://www.usatoday.com/story/onpolitics/2013/07/02/genea-harrison-maryland-governor-omalley/2483385/


*********************

အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

အကြောင်းကတော့ အမျိုးသမီးငယ်များ လူထု နဲ့ ဆိုင်တဲ့ အရေးအကြောင်းတွေမှာ ပါဝင်လာဖို့ လှုပ်ဆော်မှု တရပ် အနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။

သမီးလေး Genea Harrison ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှု စာစီစာကုံး မှာ နံပါတ် (၁) ရခဲ့တာပါ။ သူမ ရဲ့ စာစီစာကုံး ထဲမှာ အစိုးရ စာသင်ကျောင်း အခန်းတွေရဲ့ လူဦးရေ တွေကို လျှော့ချမယ်၊ လူထုလုံခြုံရေး၊ အမှိုက်သိမ်းမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စတဲ့ အစီအမံ အကြောင်း တွေ ထည့်ရေးခဲ့ပါတယ်။

တနေ့တာ ရွေးချယ်ခံထားရပေမယ့်၊ အမေရိကန် တနိုင်ငံလုံးက နိုင်ငံရေး အကြီးအကဲ တော်တော်များများ အားပေးခဲ့ကြပါတယ်။ သူ့မရဲ့ တနေ့တာ မှာ တိုင်ဝမ် နိုင်ငံက အထူးသံသမန် နဲ့ တွေ့ဖို့လဲ ချိန်းဆိုခဲ့ပါတယ်။

မူရင်း သတင်း
http://www.usatoday.com/story/onpolitics/2013/07/02/genea-harrison-maryland-governor-omalley/2483385/

အမှောင်ထဲက ခဲတစ်လုံးအကြောင်း





ဒီနေ့ မိုးကရွာလိုက် နေကပူလိုက်နဲ့ရာသီဥတုကလည်းမမှန်တော့ ဘာလုပ်ရမှန်းမသိတော့ ပျင်းပျင်းရှိတာနဲ့ တွေ့ကရာ သတင်းစာတစ်စောင်ကို ကောက်ဖတ်မိတယ်ဗျာ…… သတင်းစာအလယ် လောက်လဲရောက်ရော ခေါင်းပေါင်းကြီးတွေပေါင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနေတဲ့ ပုံလေးတစ်ပုံတွေ့မိတော့ စိတ်ဝင်စားတာနဲ့ ဆက်ဖတ်လိုက်မိတယ်…… နိုင်ငံတော်အကျိုးပြုမယ့် စီမံကိန်း အကြောင်းတွေများ ဆွေးနွေးနေသလား…… ဖုန်းပြောဆိုခတွေများ လျှော့ပေးတော့မလား…… လမ်းတံတား တွေများ ထပ်ဆောက်ကြတော့မလား…… ပြည်သူလူထုအကျိုးထိခိုက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းလို စီမံကိန်းတွေများရပ်ဆိုင်းမယ့်သတင်းလား ထင်ပြီး ဖတ်ကြည့်လိုက်တော့…… မဟုတ်ဘူးဗျာ…… ဒေါက်တာ ဆိတ်ဖွားတဲ့ “လာပြန်ပြီ ဒီဆိတ်”… ပြီးခဲ့တဲ့ ၇ လလောက်ကတည်းက ကော်မရှင်တွေဖွဲ့…… မဲခွဲဆုံးဖြတ်ပြီး ရှာပုံတော်ဖွင့်ခဲ့တဲ့ ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်အစီရင်ခံစာ ဖတ်ကြားခြင်းတဲ့ဗျာ…… ကော်မရှင်ရဲ့အစီရင်ခံချက်တွေကလည်း အရမ်းကိုတိကျလွန်းလှတယ်ဗျာ…… Above the law ရေးခဲ့တဲ့ ဒေါက်တာဆိတ်ဖွားက ၀ါဒဖြန့်ချိရေးအုပ်စုတစ်စုဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း…… အစိုးရနဲ့ လွှတ်တော်ကြား နားလည်မှုလွဲမှားစေရန် လှုံ့ဆော်ခြင်းသာဖြစ်ပါကြောင်း…… နည်းပညာအားနည်းချက်အရ ရှာဖွေနေဆဲဖြစ်ပါကြောင်း…… ဆိတ်ဖွား မည်သူဖြစ်သည်ကို တိတိပပဖွင့်ဟဖော်ထုတ်ခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် ဆိတ်ဖွားသည် စွမ်းအင်သတ္တိတစ်ခုခု(သို့)အားနာထောက်ထားလောက်သည့် အကြောင်း အရာတစ်ရပ်ရပ်ကို ပိုင်ဆိုင်ထားသူဖြစ်နိုင်ကြောင်း…… အဲဒီလို…… “ကြောင်း - ကြောင်း - ကြောင်း”တွေနဲ့ တိတိကျကျ ဖော်ပြထားပါတယ်ဗျာ……

        နောက်တစ်ချက်က ဆိတ်ဖွားရဲ့လုပ်ရပ်တွေကို ပြောလိုက်သေးတယ်…… လွှတ်တော်ရဲ့လုပ်ငန်းများ တည့်မတ်ပေးလိုသော စေတနာမှန်နဲ့….ထောက်ပြပေးလိုတဲ့… သဘောမျိုးမဟုတ်ဘဲ အဂတိတရား တပါးပါးကို အဓိကထား စိတ်လိုက်မာန်ပါရေးသားခြင်းသာဖြစ်တယ်တဲ့…… ပြောတတ်လိုက်တာဗျာ…… စေတနာထားမှတော့ ခေါင်းပေါင်းလေးပေါင်း ပုဆိုးလေးဝတ်ပြီး Air Con အခန်းထဲ လာအိပ်ငိုက်နေတဲ့ လူတွေလို လုပ်မှာပေါ့…… နောက်ကွယ်ကနေ လူမသိ သူမသိအောင် တိရစ္ဆာန်နာမည်နဲ့ လွှတ်တော်ကို ပုတ်ခတ်တဲ့ အရေးအသားတွေ ရေးမနေဘူးလို့တော့ ယူဆပါတယ်ဗျာ……

        နောက်ပြီး ဆက်ပြောသေးတယ် ကိုဆိတ်ဖွားရေ…… ခင်ဗျားကို အမှောင်ထဲကနေ ခဲနဲ့ပစ်သူသာ ဖြစ်တာကြောင့် လွှတ်တော်က ရှင်းပြရန် မလိုဘူးတဲ့……  အမှန်တရားကို တာဝန်ယူဖြေရှင်းရဲသူ မဟုတ်ဘူးတဲ့…… ပြောနေကြပြန်ပြီ…… ခင်ဗျားကတော့ နာမည်ကြီးရင်းကြီးနေတော့တာဘဲ…… ခင်ဗျားအမှောင်ထဲက ပေါက်လိုက်တဲ့ခဲလုံးဟာ ပစ်မှတ်ကိုမှန်တော့မှန်သွားတာပဲ…… (တစ်ယောက်ယောက် ကိုပေါ့) …… “တိန်”

        လွှတ်တော်ဆိုတာလည်း ပြည်သူတွေကိုအကျိုးပြုတဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပဲဖြစ်တယ်…… ဒေါက်တာဆိတ်ဖွားရဲ့ပစ်လိုက်တဲ့ ခဲကကြီးလွန်း ပါတယ်ဗျာ…… ဥက္ကဋ္ဌကြီးကလည်း သူတို့အမျိုးကိုထိ မချိအောင်နာတတ်တာ ပေါ်လွင်လွန်းပါတယ်…… အဲဒီလို အနာပေါ်တုတ်ကျလာတော့ အမေရိကန်နိုင်ငံရဲ့ Google  Company ကို ပြန်ပြီးအောက်ကျို့ကြ ပြန်တယ်…… အခုကိစ္စမှာ အမှန်အတိုင်းဝန်ခံခဲ့တဲ့ ဒေါက်တာ ခင်မောင်ညိုကိုကျတော့ ၀ိုင်းပြီး ဆွမ်းကြီး လောင်းခဲ့တယ်…… ဥက္ကဋ္ဌကြီးရဲ့လုပ်ရပ်ကတော့ ဆိတ်ဟ၀ှာလို ဟိုဘက် ပြေးကပ် ဒီဘက် ပြေးကပ်နဲ့ လေယူရာတိမ်းဝါဒရှိတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရပါပြီ……  ဒါကတော့ တစ်တောတစ်ကြက်ဖ…… တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဆောင်ပုဒ်လေးလည်းရှိတာကို……

        ဥက္ကဋ္ဌကြီး….. ဥက္ကဋ္ဌကြီးရဲ့စကားအရ အမှောင်ထဲက ခဲနဲ့ပစ်သူကို ရှာဘို့ကြိုးစားနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးက ဟိုလူ့ အကူအညီမရလို့၊ ဒီအဖွဲ့အကူအညီမရလို့လို့ ပြောနေမယ့်အစား၊ ကိုယ်နဲ့ အယူအဆချင်းမတူလို့၊ ဝေဖန်လို့ ဆိုတဲ့ မကျေနပ်မှုတွေနဲ့ အချိန်ကုန်ခံပြီး စုံစမ်းစစ်ဆေးနေမယ့် အစား အယူအဆ မတူသော်လဲ တိုင်းပြည်အကျိုးရှိမယ့် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

တိုင်းပြည်ကောင်းစားချင်သူတစ်ဦး