Saturday, July 6, 2013

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား




    Created on Sunday, 07 July 2013 03:17

အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)

အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။

မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 
http://news-eleven.com

*** တောင်ဒဂုံ ၅၆ ရပ်ကွက် ဖြစ်ရပ်နှင့် ကွင်းဆက်များ...***




Ashin Kumuda (Bawdhitahtaung)
ဒီသတင်း အမှန်ဖြစ်ကြောင်း အာမခံပါတယ်.
ဒဂုံတောင် ( ၅၆ ) ရပ်ကွက်က ဦးဇင်းတို့ရပ်ကွက်ဖြစ်ပါတယ်..
ဒါပေမဲ့ ဒီကိစ္စက လက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးကျော်စိန်ထွန်းနဲ့တင် မပီးပါဘူး...ခေတ်အဆက်ဆက် မြို့နယ် အာဏာပိုင်များပါ ပါဝင်ပတ်သက်ခဲ့ကြတာပါ....အရင့်အရင် အုပ်ချုပ်ရေးမှုးများလက်ထက်ကထဲက ရပ်ကွက်သံဃာ့နာယကနှင့် သံဃာတော်များက သတိပေးခဲ့ပါတယ်..အထက်အာဏာပိုင်းများ အမိန့်မရတဲ့ အတွက် ဘာမှ ဖြစ်မလာခဲ့ပါဘူး..၅၆.ရပ်ကွက်နှင့် ၇၀ရပ်ကွက်ကြားက ဇီးတောကျောင်းအပါဝင် တရားမ၀င်ဘုန်းကြီးကျောင်းများ ဖျက်သိမ်းစဉ်က ၅၆.ရပ်ကွက်က တရားမ၀င် ဗလီကိစ္စကို ဦးဇင်းကိုယ်တိုင် သတိပေးခဲ့ပါတယ်..အထက်ကို တင်ပြမယ်ဆိုပီး ဘာမှဖြစ်မလာပဲ အခုထိ ဆက်ရှိနေပီး ပြဿနာဖြစ်လာတာပါ....မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကိုကိုလှိုင် အသိဆုံးဖြစ်ပါတယ်..


“ဗလီအဖြစ် တရားမ၀င် အသုံးပြုနေခြင်းကို ဓာတ်ပုံရိုက်ကူးသူ ဗုဒ္ဓဘာသာဝင်နှစ်ဦးအား မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခြင်း”
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်းက)မြို့နယ်၊ ၅၆-ရပ်ကွက်၊ ရတနာ့ထိပ်ခေါင်(၁)လမ်း၊ အမှတ် ( ၉၂၇/၉၂၈ ) နေအိမ်ကို မွတ်စလင်ကုလား ဦးသောင်းစိန်က ဗလီအဖြစ်အသုံးပြုပြီး သောကြာနေ့တိုင်း လူစုလူဝေးဖြင့် ဗလီတက်နေသဖြင့် (၅၊၇၊၂၀၁၃၊ သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီခန့်တွင် ၅၆-ရပ်ကွက် ဆုပြည့်ရတနာ ၂ လမ်းနေ၊ ဗုဒ္ဓဘာသာဝင် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့ နှစ်ဦးက ဗလီတက်နေပုံကို အထောက်အထားဖြင့် တင်ပြနိုင်ရန် ဓာတ်ပုံရိုက်ကူးရာ အိမ်ရှင်ဦးသောင်းစိန်ပါ မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ကြပါသည်။ ထိုသို့ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့ နှစ်ဦးမှာ ဒဏ်ရာအနာတရ ရရှိပြိး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တက်ရောက်ကုသနေရပါသည်။ ဦးဌေးလှိုင်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရပါသည်။ ၀ိုင်းဝန်းရိုက်နှက်သူ မွတ်စလင်ကုလား ဦးသောင်းစိန်နှင့် ၅-ယောက်ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရပါသည်။
နေအိမ်ကို ဗလီအဖြစ် တရားမ၀င် အသုံးပြုနေခြင်းမှာ ယခင် ရ၀တ ရယက အာဏာပိုင်များမှ စ၍ ယခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်း အထိ ဖြစ်၍ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါသည်။ ယင်းကဲ့သို့ တိတ်တိတ်ပုန်း ဗလီအဖြစ် အချိန်ကြာမြင့်စွာ ရှိနေနိုင်ခြင်းမှာ အဆက်ဆက်သော အာဏာပိုင်များကို ငွေကြေးဖြင့် သိမ်းသွင်းထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆရာတော်သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များက ဖွင့်ဟ ပြောဆိုလာလျှင် အာဏာပိုင်များက “မဟုတ်ပါဘူး၊ သူတို့လည်း စောင့်ကြည့်နေပါတယ်” ဆိုပြီး မွတ်စလင်ကုလားများဘက်က ကာကွယ်ပြောဆိုခဲ့ကြပါသည်။
ယင်းသို့ ရပ်ကွက်အတွင်း တရားမ၀င် ဗလီတည်ရှိနေခြင်းနှင့် ရပ်ကွက်အာဏာပိုင်များကလည်း လစ်လျူရှုနေခြင်းကြောင့် ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလ တတိယပါတ်လောက်တွင် (ယမန်နေ့က ကုလားများ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသူ) ဦးဌေးလှိုင်နှင့် ဗုဒ္ဓဘာသာဝင်များက အထက်အာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြတိုင်းကြားခဲ့ပါသေးသည်။ အထက်အာဏာပိုင်အဖွဲ့အစည်းများကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရပ်ကွက်သံဃနာယကအဖွဲ့သို့ ဓာတ်ပုံအထောက်အထားများနှင့်တကွ တင်ပြလျှောက်ထားလာရာ ရပ်ကွက်သံဃနာယကအဖွဲ့ဆရာတော်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ယူပြီး ပြဿနာ မကြီးထွာခွင် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ မေတ္တာရပ်ခံခဲ့ကြပါသည်။ ထိုသို့ မေတ္တာရပ်ခံပြီး နှစ်ရက် သုံးရက်လောက် အကြာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မွတ်စလင်ကုလားဦးသောင်းစိန်အား ခေါ်ယူပြီး ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခြင်းနှင့် လူနေအိမ်ကို ဗလီအဖြစ် အသုံးမပြုနိုင်ရန် ရာအိမ်မှူး ဆယ်အိမ်မှူးစသူတို့အား စောင့်ကြည့်ခိုင်းခြင်းများ ပြုလုပ်ထားပြီ ဖြစ်ကြောင်း စာရွက်စာတမ်းများနှင့်တကွ ဆရာတော်များအား ပြန်လည်လျှောက်ထားရာ ဆရာတော်များကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လျှောက်ထားချက်အပေါ် ယုံကြည်ခဲ့ကြပါသည်။ သို့သော် နောက်တစ်လခန့်အကြာအတွင် ယခင်လိုပဲ သောကြာနေ့တိုင်း ဗလီအဖြစ် တရားမ၀င် ပြန်လည် အသုံးပြုလာကြကြောင်း ဦးဌေးလှိုင်နှင့် ဗုဒ္ဓဘာသာဝင်များ ထပ်မံတင်ပြသော ဓာတ်ပုံအထောက်အထားများအရ သိလာရပါသည်။
မနေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ သာမန်ခိုက်ရန်ဖြစ်မှု မဟုတ်ပါ။ တရားမ၀င် ဗလီအဖြစ်အသုံပြုနေခြင်းကို ပိုမို ခိုင်မာသော မှတ်တမ်းရရှိအောင် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့က သွားရောက်ရိုက်ကူးခြင်းအပေါ် မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဖြစ်စဉ်အမှန် ပေါ်ပေါက်လာလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများ၏ မရိုးသောသော လုပ်ရပ်များ ပေါ်လွင်လာမည်ဖြစ်၍ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ပြီး သာမန်ရန်ဖြစ်မှုကို ပုံကြီးချဲ့မှုအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းက အထက်အဖွဲ့အစည်းသို့ လိမ်ညာ အစီအရင်ခံခဲ့ခြင်းသာ ဖြစ်ပါသည်။ မီဒီယာသတင်းများတွင်လည်း ဖြစ်စဉ်အမှန်ကို မဖော်ထုတ်နိုင်ဘဲ ဦးကျော်စိန်ထွန်း လိမ်ညာထားသည့်အတိုင်း သတင်းတင်ပြထားကြသည်ကို စိတ်မကောင်းစွာ ဖတ်ရှုနေရပါသည်။
နောက်ဆုံးအနေအထားအရ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက တစ်စုံတစ်ရာ ပဋိပက္ခမဖြစ်ပွားဘဲ ရပ်ကွက်အတွင်း တရားမ၀င် တည်ရှိနေသော ဗလီအဆောက်အအုံကို ချိတ်ပိတ်ပေးရန်ကိုသာ လိုလားကြပါသည်။ ယင်းလိုလားချက်အတိုင်း အေးချမ်းစွာ ပြဿနာ ဖြေရှင်းနိုင်ရန် ရပ်ကွက်သံဃနာယကဆရာတော်များက မနေ့က ညနေ (၄း၀၀) နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ယူပြီး ပြောဆိုခဲ့ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အထက်သို့ တင်ပြပေးမည်ဟုသာ ပြန်လည် လျှောက်ထားခဲ့ပါသည်။ ဤအတိုင်း ဆက်သွားလျှင် တအုံ့နွေးနွေး ဖြစ်နေသော မကျေနပ်မှုများသည် ပေါက်ကွဲထွက်လာနိုင်ဖွယ်ရာ ရှိနေပါသည်။
တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ပေးရမည့် အုပ်ချုပ်ရေးအဖွဲ့အစည်းကိုယ်တိုင်က တရားဥပဒေမဲ့ ဗလီတည်ရှိနေခြင်းကို ခွင့်ပြုထားခြင်း၊ ပြဿနာဖြစ်လာနိုင်၍ ဆရာတော်များက အချိန်မီ သတိပေးပြောဆိုခဲ့သော်လည်း တိတိကျကျ အရေးယူ ဆောင်ရွက်မှု မပြုခြင်း၊ ပြဿနာပေါ်လာသောအခါတွင် အမှုမှန်ကို ဖုံးကွယ်ခြင်းများကြောင့် ဗုဒ္ဓဘာသာဝင်များ၏ မကျေနပ်ချက်များ ဒီရေအလား တိုးပွားနေပါသည်။
(ဤသတင်းကို မရေးလိုသေးပါ။ သို့သော် မီဒီယာတွင် မမှန်မကန် ဖော်ပြထားသဖြင့် သိသင့်သလောက် အမှန်အတိုင်း သိနိုင်အောင် ရေးသားခြင်း ဖြစ်ပါသည်။ စာရွက်စာတန်း၊ ဓာတ်ပုံအထောက်အထား အားလုံး ရှိပါသည်။ လိုအပ်ရင် လိုအပ်သလို တင်ပြပေးပါမည်။ အဓိကတာဝန်ရှိသူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာမှူး ဆယ်မှူးများသာဖြစ်ပါသည်။ သူတို့တွေ၏ မရိုးသားမှုကြောင့် ပြဿနာပေါ်ရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုပါသည်။)


တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်ရှိ ဗလီကို ဓာတ်ပုံသွားရိုက်တဲ့ မြန်မာတွေကို မွတ်ဆလင်တွေက မေးမြန်းစုံစမ်းရင်းကနေ ရိုက်ကြနှက်ကြတာဖြစ်တာနဲ့ အစ္စလာမ်ဘာသာဝင် ဦးသောင်းစိန်နှင့် သား ၂ ဦးအား အာဏာပိုင်များက ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ချက်ခြင်းရုံးတင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း။ ခုလို တရားဥပဒေနဲ့အညီ အပြစ်ရှိသူကိုထိထိရောက်ရောက်အရေးယူတာ ကောင်းပါတယ်။ ဓါတ်ပုံရိုက်တဲ့ ဗလီက ခိုးဆောက်နေတာလို့ လည်းကြားပါတယ် .. တောင်ဒဂုံမှာပါ။

Andrew Wang

ဗုဒ္ဓဂယာ မဟာဗေဟာဓိ စေတီတော်ကြီး အတွင်း ဗုံး၅လုံးဆက်တိုက် ပေါက်ကွဲ


အသောက အသောက အသောက

"ယနေ့ မနက် ၅နာရီ မိနစ်၄၀ အချိန်မှစ၍ ဗုံးများ အိန္ဒိယနိုင်ငံဗုဒ္ဓဂယာ မဟာဗေဟာဓိ စေတီတော်ကြီး အတွင်း ဗုံး၅လုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ မဟာဗောဓိညောင်ပင်အောက် ၂လုံး အနိမိသစေတီဘေး ၁လုံးနှင့် ရတနာဃရ ၁လုံးဖြစ်ပြီး မနက် ၆နာရီတွင် ပေါက်ကွဲခဲ့သည့် နောက်ဆုံးမှာ နေရာမသိရသေးချေ။

ထိခိုက်မှုများရှိသော်လဲ အတိအကျမသိရှိရသေး။

မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂ ထိုခိုက်ဒဏ်ရာ အတန်ငယ်ပြင်းထန်ပါတယ် ကိုယ်အက်ပိုင်းကို ထိသွားတာပါ။

အခြား နာမည်ကြီးနေရာများမှာလဲ မပေါက်ကွဲသေးသောဗုံး ၄လုံး ရှာဖွေတွေ့ရှိကြောင်း သိရှိရပါတယ်။

ကိုယ်တိုင် အသံတွေကြားနေရပါတယ်ဘုရား တဝုန်းဝုန်းနဲ့ မြန်မာကျောင်းရဟန်းတော်တစ်ပါးလဲ အပျက်စီးရှိပါတယ်ဘုရားလို့ Mg Yaw " ဖေ့ဘုတ်မှာ ဖတ်လိုက်ရတယ်။


ဗောဓိပင်အောက် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သော ရဟန်းတော်ဦးဝိလာသဂ္ဂ(မြင်းခြံ)
ဗုဒ္ဓဂယာ၊ မဟာဗောဓိပင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ထိမံခံခဲ့ရသည့် မြန်မာရဟန်းတော် အရှင်ဝိလာသဂ္ဂ၏ ဒဏ်ရာရမှု အခြေအနေဖြစ်သည်။ ဤအရှင်မှာ မြင်းခြံဘက် ဇာတိဟု သိရသည်။

မလေးရှားမှာအသက်ခံရပြန်ပြီ


Tun Wai

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။

မူရင်း မလေးရှားသတင်း
7.7.2013

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကိုပယ်ချ


ဒီမို ဖက်တီး

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ကိုရွှေမန်းမှ တင်သွင်းသောလည်း သမ္မတနှင့် ကာလုံတို့မှ ပယ်ချခြင်း အပေါ် မောင် Ayeyarwadee Khine က အခုလို သုံးသပ်လိုက်ပါတယ် ။

ကြောက်တဲ့စိတ်ရယ် မနာလိုတဲ့ စိတ်ရယ်ပေါ့။ တော်ကြာ သူတို့ တသက်လုံးတောပြောတောင်ပြောတွေ ချေပသူမရှိ အနေအထားကနေ ဖင်ပိတ်ငြင်းမရတဲ့ မေးခွန်းတွေမေး လူကြားထဲ ဘယ်လိုဖြေရမလဲ.. နောက် မနာလိုစိတ်က မောင်ခင်ညွန့် အမြဲလက်သုံးပြောတဲ့ တစ်ခောတ်တစ်ခါ.......မှ မရသေးတဲ့ ငြိမ်းချမ်းရေးရပြီ ဆိုပြီ သောက်ကြွားထူတတ်တဲ့ အကျင့်အတိုင်း တကယ်လို့ များငြိမ်းချမ်းရေးရပြီဆို အများက ဒေါ်စုပါလို့  လို့ ပြောတာမျိုးလဲ မခံချင်သေးဘူးလေ။ အစိုးရ တစ်ဖွဲ့ လုံးပေါင်းမှ ဥာဏ်ရည်နဲ့ စိတ်ဓါတ်က ခြေကစရီရင် ခြေမျက်စေ့က မတက်အဆင့်တွေဆိုတော့။

ဆယ်တန်းအမှတ်နဲ့ ကောလိပ်ဘာသာရပ်ခွဲတဲ့ စနစ် ကုန်ဆုံးသွားပြီဟု Crown ပညာရေး ပြောဆို


Kamayut MediaTv
Published on Jul 5, 2013

အမှတ်နဲ့ခွဲခြားပြီး ကောလိပ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ရတာမို့ ကျောင်းသားတွေဟာ စိတ်ပါဝင်စားပြီး နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့အခွင့်အလမ်းတွေ မရနိုင်တဲ့စနစ် အခုတော့ ကုန်ဆုံးသွားပြီလို့ ဇူလိုင် ၅ရက်နေ့မှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာပညာရေးပူးပေါင်းဆောင်ရွက်မ­ှုမှာ Crown ပညာရေးဌာနက ပြောဆိုလိုက်ပါတယ်။

၉၆၉ ဘော်ဒါ

ဆရာတော်ကြီးများဗြိတိန်ဗီဇာအငြင်းခံရ

ငွေကျပ် ၃၀၀၀ခန့်ရရှိသောဆေးသုတ်သမားဒေါ်လာသုံးလို့အဖမ်းခံရ


Yangon Police

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊
ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက်
လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် အမေရိကန်ဒေါ်လာများအားကိုင်ဆောင်သုံးစွဲခြင်း၊ လက်ကိုင်ဖုန်းများဝယ်ယူခြင်းစသည့် ငွေကြေးများ
ဖောသီစွာသုံးစွဲလျက်ရှိကြောင်းသတင်းရရှိမသင်္ကာသဖြင့်စောင့်ကြည့်စုံစမ်းလျက်ရှိစဉ် ကော့ကရိတ် မြို့သို့တိမ်းရှောင်သွားကြောင်းသတင်းအရ
လိုက်လံဖမ်းဆီးခဲ့ရာ၂၁.၆.၂၀၁၃ရက်နေ့တွင်ကော့ကရိတ်မြို့၊ (၆)ရပ်ကွက်ရှိ ရတနာပုံစားသောက် ဆိုင်တွင်
ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအား စစ်ဆေးရာ၂၀၁၃ခုနှစ် ဧပြီလအတွင်း၌ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာတွင်
ဆေးသုတ်သည့်အလုပ်အားလုပ်ကိုင်နေစဉ်အတွင်းကထမင်းစား နားချိန်များတွင် အပေါ်ထပ်ရှိတိုက်ခန်းများသို့ တက်ရောက်
လေ့လာနေခဲ့ရာမှ အခန်းတစ်ခန်းတွင်လူနေထိုင်ခြင်းမရှိကြောင်းသိရသောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း နေ့လည်ပိုင်းတွင် အဆိုပါအခန်းသို့ နောက်ဘက်အရေးပေါ်လှေခါးမှ
တက်ရောက်ကာ ရေချိုးခန်းပြူတင်းပေါက်သံပန်း တွင်တပ်ဆင်ထားသောမူလီများအား ၀က်အူလှည့်ဖြင့်ဖြုတ်၍ ၀င်ရောက်ခဲ့ကြောင်း၊ အိပ်ခန်းအတွင်းရှိ LEECO အမျိုးအစား
မီးခံသေတ္တာအား ၎င်း၏နေအိမ်သို့ခိုးယူသယ်ဆောင်သွားပြီးသံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ မီးခံသေတ္တာအတွင်းရှိ မြန်မာငွေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဘိုး ကျပ်(၂၀၅၂၅၀၀၀)ခန့်အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီးသက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိသဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)၂၄၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။


င်္Yangon Police
Wednesday
ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ဖြစ်ပွါးခဲ့သည့် အမှုကြီး၊ အခြားအမှု များနှင့်ပတ်သက်၍ ၁.၁.၂၀၁၂ မှ၃၀.၆.၂၀၁၂ထိ နှင့် ၁.၁.၂၀၁၃မှ၃၀.၆.၂၀၁၃ထိ နှိုင်းယှဉ်ချက်အား ပြည်သူများသိရှိနိုင်ပါရန် ဖော်ပြခြင်း

ရန်ကုန်၊ ဇူလိုင် ၃


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မှုခင်းများ ကျဆင်းရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏အစီအမံဖြင့် ၀ရဇိန်စီမံချက်အား အရှိန်အဟုန်မြှင့်ပြီး မှုခင်းကျဆင်းရေး ဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း၊ ယာဉ်စစ်ပိတ်ဆို့ရှာဖွေ ဆောင်ရွက်ခြင်း၊ ဧည့်စစ်၊ ယာဉ်စစ်ဆောင်ရွက်ခြင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းနှင့် ကင်းပုန်းဝပ် ဆောင်ရွက်ခြင်း၊ ထိရောက်ကြိုတင်ကာကွယ်မှုများဖမ်းဆီးခြင်းကို တွန်းအားပေးဆောင်ရွက်ခဲ့သဖြင့်၂၀၁၃ခုနှစ်တွင်၂၀၁၂ခုနှစ်ထက် မှုခင်းဖြစ်ပွါးမှုကျဆင်းခြင်းအား အောက်ပါစာရင်းဇယားအမှန်ဖြင့် ဖော်ပြအသိပေးအပ်ပါသည်။





စနိုဒင်ကို ရုရှား စပိုင်မယ်လက်ထပ်ခွင့် ပန်ကြား



Kyaw Than
Thursday

နိုင်ငံတကာသဘောတူညီချက်တွေ ကတိကဝတ်တွေ စည်းကမ်းနည်းလမ်းဥပဒေတွေကိုချိုးဖောက်ပြီး တကမ္ဘာလုံးက အီးမေး အင်တာနက် ဖုန်း ဖက်တေါပါမကျန် ကြားဖြတ်ခိုးယူထောက်လှမ်းနေတဲ့ အမေရိကန် စိအိုင်အေရဲ့ကိုယ်ပွားအမေရိကန်လုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်း အမေရိကန် စီအိုင်အေက အလိုရှိနေတဲ့ နိုင်ငံတကာဝရမ်းပြေး လောလောဆယ် ရုရှားမော်စကိုလေဆိပ်မှာသောင်တင်နေတဲ့ စနိုဒင်ကို ရုရှား စပိုင်မယ် အကျော်အမော် အန်နာက လက်ထပ်ခွင့် ပန်ကြားလိုက်ပြီ......

Celebrity spy Anna Chapman proposes to Snowden
Vladimir Radyuhin Moscow, July 4, 2013
http://www.thehindu.com/news/international/world/celebrity-spy-anna-chapman-proposes-to-snowden/article4881513.ece

AP Ex-Russian spy Anna Chapman propose NSA whistleblower Edward Snowden through Twitter on Wednesday.
TOPICS

U.S. whistleblower Edward Snowden, who turned down President Vladimir Putin’s offer to stay in Russia on condition he stops “harming” America, has received a better offer – an unconditional proposal of marriage from Russian ex-spy celebrity Anna Chapman.
“Snowden, will you marry me?” Ms. Chapman tweeted on Wednesday in English.
Ms. Chapman was part of a Russian sleeper cell in the U.S. busted by the FBI in 2010. She and nine other members of the spy ring were subsequently exchanged for convicted U.S. agents in Russia. After returning to Russia Ms. Chapman has worked as a model, a TV host, and a promotional face of a Russian bank.
As the ex-National Security Agency analyst mulled the proposal, someone named @nsa twitted to Ms. Chapman:
“We can be the witnesses!”
“@nsa will you look after our children?” she shot back.
Mr. Snowden has been stranded at Moscow’s Sheremetyevo Airport with his U.S. passport cancelled for more than 10 days, looking for a country that would give him political asylum.
The 30-year-old computer systems administrator left behind in Hawaii a fiancé. Ms. Chapman, 31, was married to a British engineer, but they separated before she embarked on her spy mission in the U.S.
A Russian tabloid daily said the two would make a perfect couple: a former U.S. secret service contractor on the run from the U.S. government, which has charged him with espionage and a former Russian spy deported from the U.S.
However, the paper lamented, Mr. Snowden and Ms. Chapman cannot tie the knot because he has no valid passport.


ဆက်စပ်သတင်းဖတ်ရန်

အမေရိကန်အစိုးရ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သော ကွန်ပျူတာပညာရှင် ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုးဒန်

၈၈ မျိုးဆက်များညီလာခံ(ကနေဒါ)၏ ညီလာခံထုတ်ပြန်ကြေညာချက်။

ဂုဏ်အယူရဆုံး ခွဲစိတ်မှု





2012 January 1965 batch IM 1 students reunion တွင် စာပေစိစစ်ရေးမတင်ဘဲ ပုံနှိပ်ထုတ်ဝေခဲ့သော အမှတ်တရစာအုပ်မှ OG Dr Daw Khin Win Kyu ၏ဆောင်းပါး

၁၉-၉-၂၀၀၃ခုနှစ်(သောကြာနေ့) ဒီရက်ကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှမေ့နိုင်တော့မည် မထင်ပါ။ ကျွန်မအတွက် ထူးထူးခြားခြား ရင်တွေခုန်ရသောနေ့ စိတ်လှုပ်ရှားရသောနေ့လေးတစ်နေ့ဖြစ်ပါသည်။ မီးယပ်သားဖွား အထူးကုဆရာဝန်တစ်ယောက်အဖြစ် အနှစ်(၂၀)ကျော် လူနာများကို ခွဲစိတ်ပေးခဲ့ရသော သက်တမ်းတစ်လျောက် ဒီနေ့လောက် ခွဲရမည့်လူနာအရေးတွေးပြီး စိတ်မလှုပ်ရှားခဲ့ဖူးပါ။ သူမအား ခွဲပေးရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်မှု အောင်မြင်ဖို့ ကိုလည်း
နေ့တိုင်း အချိန်ပြည့် ဆုတောင်းနေမိပါသည်။အဘယ်ကြောင့်မူ ကျွန်မခွဲပေးရမည့်သူကတော့ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင် ပေးခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပါသည်။

ကျွန်မတို့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အစ်မဒေါ်အောင်ဆန်းစုကြည်ကို မခွဲစိတ်မီ တစ်ရက်အလိုမှ ကျွန်မက မမအားတွေ့ဆုံခွင့်ရခဲ့ပါသည်။ ကျွန်မတို့ ခွဲစိတ်မည့် team တစ်ခုလုံးနှင့် မမ တွေ့ဆုံခဲ့ရတာပါ။ မမက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်(၉)ထပ်ရှိ အခန်း(၉)တွင် တက်ရောက်ခဲ့ပါသည်။ ယခုကိုယ်တိုင်တွေ့ကာ စကားပြောခွင့်ရခဲ့ရာတွင် ကျွန်မ သတိထားမိသည်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်တူပြီး စကားပြောရာတွင် လိုရင်းတိုရှင်း ချက်ချက်ချာချာရှိကာ ပညာတတ် ပီသလှပါသည်။

တိုးတက်အောင်မြင်နေသော အနောက်နိုင်ငံကြီးများတွင် ဆေးကုသမှုခံယူလျှင် အစစအရာရာ သာလွန် ကောင်းမွန်မှန်းသိသော်လည်း မြန်မာပြည်အရေးအတွက် သူမမှာ သမိုင်းပေးတာဝန်များစွာရှိနေသဖြင့် ပြည်တွင်းမှာပင် ဆေးကုသမှုခံယူရန် မမက ဆုံးဖြတ်ခဲ့သည်ကိုလည်း ကျွန်မ နားလည်မိပါသည်။ ထို့အပြင် မြန်မာပြည်တွင် ကျွန်မထက် များစွာဆေးပညာရော၊ experience ပါ သာလွန်သော၊ ကျွမ်းကျင်စွာ ခွဲစိတ်နိုင်သော ဆေးပညာရှင် ပါရဂူကြီး အများအပြားရှိပါလျက် ကျွန်မကိုမှ ယုံကြည်စွာ ခွဲစိတ်ပေးပါရန် တောင်းဆိုခံရခြင်းအတွက် ကျွန်မမှာ လွန်စွာကြည်နူးဂုဏ်ယူခဲ့ရပါသည်။ ထိုခဏတွင်ပင် ကျွန်မမိဘနှစ်ပါးနှင့်ဆရာသမားအားလုံးကိုလည်း
သတိတရ ကျေးဇူးတင်မိပါသည်။ ကျွန်မကလည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည်ဟု သန်္နိဌာန် ချလိုက်ပါတော့သည်။ ရှေးရေစက်ကြောင့်သာ ကျွန်မက မမကို ခွဲစိတ်ကုသပေးခွင့်ရခြင်း ဖြစ်မည်ထင်ပါသည်။

Operation တိုင်း၌ Unexpected complications မမျှော်လင့်သော ခက်ခဲမှုဆိုတာ ရှိတတ် မှန်းသိနေသော ကျွန်မအဖို့ အထင်ကရ မမလို patient တစ်ယောက်ကို operation လုပ်ရတော့မှာ ဆိုတော့ ပိုပြီးစိတ်ပူ၊ ရင်ပူမိတာ အမှန်ပါ။ ထိုစဉ်က မမသည် “ဒီပဲယင်း” အရေးအခင်းအပြီး အကျယ်ချုပ်ကျ နိုင်ငံရေးသမားဘ၀၊မည်သူနှင့် မျှ တွေ့ဆုံစကားပြောခွင့် မရ၊ မြန်မာနှင့်ကမ္ဘာကလည်း မမကို လွတ်မြောက်စေချင်သော ဆန္ဒအပြည့်နှင့် မမအား မျက်စိဒေါက်ထောက် ကြည့်နေကြသော အချိန်ကာလ၊ မမ တစ်ခုခုဖြစ်သွား၍မရ၊ မမကို သြဇာအာဏာရှိသော မျိုးချစ်ခေါင်းဆောင် ဖြစ်စေချင်နေတာက လူအများစုရဲ့ဆန္ဒ၊ ဒီလိုပုဂ်္ဂိုလ်မျိုးကို ခွဲစိတ်ကုသပေးရမည့်ကိစ်္စမှာ ကျွန်မအတွက် အလွန်ကြီးလေးသော တာဝန်တစ်ခု
ဖြစ်ပါသည်။ ထို့ကြောင့် ခွဲစိတ်ရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်ကုသမှု ချောမောအောင်မြင်၍ မမကျန်းကျန်းမာမာရှိနေစေရန် နေ့စဉ်ဆုတောင်းပေးလျက်နေမိပါသည်။

၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့နံနက် မမကို အာရှတော်ဝင်ဆေးရုံ၌ ခွဲစိတ်ရန် အိမ်မှ မထွက်ခွာမီကပင်၊ MBBS နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲ
ဖြေရစဉ်နှင့်ထပ်တူ ရင်တုန်နေမိခဲ့ပါသည်။ ခင်ပွန်းဖြစ်သူအားလည်း ခွဲစိတ်မှုအခက်အခဲမရှိ၊ ပြီးဆုံးအောင်မြင်ရန် ဆုတောင်းပေးနေပါဟု မှာခဲ့ပါသည်။ ကျွန်မအား မကြောက်မရွံ့ ခွဲစိတ်ကုသရန်၊ နိုင်ငံရေးစိတ်အပြည့်နှင့် အားပေးခဲ့သော ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ခွဲစိတ်သည့်အချိန်က Asia Royal Operation Theatre အတွင်းရှိ ကျွန်မတို့ Surgical team အားလုံး ( Surgeon ကျွန်မ၊ First Assitant Surgeon ဒေါက်တာဦးတင်မျိုးဝင်း၊ Second Assitant Surgeon ဒေါက်တာပြုံးမိုအိ၊မေ့ဆးဆရာဝန်ကြီး ဒေါက်တာ ဦးဟုတ်ဝမ်၊ ဆရာကြီး၏သမီး မေ့ဆေးအကူဒေါက်တာကြည်ကြည်ထွန်း၊ သူနာပြုအုပ် အပါအ၀င် သူနာပြုများအားလုံး)၏ စိတ်တွင်း၌လည်း ကျွန်မနှင့်ထပ်တူ စိတ်ပူပန်၍ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းနေကြမည်မှာ မလွဲပါ။ မမက တိုင်းပြည်ပေါ်ထားသောစေတနာ၊ ကျွန်မတို့က မမအပေါ်ထားသော စေတနာရောင်ပြန်ဟပ် သည်ဟု ထင်မိပါသည်။ ထို့နေ့က ခွဲစိတ်ကုသမှု အခက်အခဲမရှိ ချောမောစွာအောင်မြင်ခဲ့ပါသည်။ ကျွန်မတို့ တစ်ဖွဲ့လုံးသာမက ဆေးရုံတစ်ခုလုံး ၀မ်းသာပျော်ရွှင်ခဲ့ကြပါသည်။ Biopsy result အသားစ စစ်ဆေးမှုကလည်း Malignancy ကင်ဆာမဟုတ်သည့်အတွက် မမဒေါ်အောင်ဆန်းစုကြည် အလွန် ကံကောင်းသည်လို့ ဆိုရပါမည်။

မမဒေါ်အောင်ဆန်းစုကြည်က ခွဲစိတ်မှုမပြုမီကတည်းက အများတန်းတူ ခွဲစိတ်ခကိုယူပါရန် တောင်းဆို ခဲ့ပါသည်။ ခွဲစိတ်ပြီးသည့်အခါလည်းဒေါက်တာပြုံးမိုအိက Opertion fee ခွဲစိတ်ခဟု ဆိုကာ စာအိတ် တစ်အိတ်ကိုပေးရန် ကြိုးစားခဲ့ပါသည်။ ကျွန်မဘယ်လိုမှ အခကြေးငွေယူရန် စိတ်ကူးထဲမှာပင် မပေါ်ခဲ့ပါ။ ကျွန်မဘက်ကမမလိုကိုယ်ကျိုးစွန့်အနစ်နာခံပြီးတိုင်းပြည်အကျိုးဆောင်ရွက်နေသည့်သူထံမှ ငွေတစ်ပြားတစ်ချပ်မှ ရယူလိုစိတ်မရှိပါ။ ယခုကဲ့သို့ ကုသပေးခွင့်ရသည်ကိုပင် ဂုဏ်ယူဝမ်းသာလှပြီဖြစ်ရာ ထိုစာအိတ်ကို လက်မခံခဲ့ပါ။ နောက်ထပ် မည်သို့ကူညီပေးနိုင်ဦးမလဲဟုသာ စေတနာအပြည့်အ၀နှင့် တွေးဆမိပါသည်။

ထို့နေ့ ည(၉)နာရီခန့်တွင် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ အာရှတော်ဝင်ဆေးရုံတွင် မမကို သွားကြည့်ရာ ကျွန်မမှာ မမအား များစွာကရုဏာသက်မိပါသည်။ မမအနားတွင် သွေးချင်းသားချင်းလည်း တစ်စုံတစ်ယောက်မျှမရှိပါ။ ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းနေသော မမကို ကျွန်မက နေကောင်းပါရဲ့လားဟု မေးရာတွင်
I feel very uncomfortable ဟုပြန်ဖြေပါသည်။ လက်မှာ drip တန်းလန်း ရှိနေသကဲ့သို့ ဆီးပိုက်တန်းလန်းနှင့်ဖြစ်ပြီး တစ်နေကုန် အစာမစားထားရလျက် အိပ်ဆေးများဒဏ်ကြောင့် မူးဝေနေသည့်အပြင် ခွဲစိတ်ခံထားရသဖြင့် နာကျင်နေမည်မှာမလွဲပေ။ မှန်ပါသည်။ မမခံရခက်နေမှာ အသေအချာပင်။ မမက နာသည်ဟု တစ်ခွန်းမျှ မဆိုပါ။ ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာနာမိပါသည်။ ခင်ပွန်းနှင့်သားများ အနားမှာ မရှိသကဲ့သို့ ဆွေမျိုးများပင် အနားမှာ မရှိချေ။ ကျွန်မသာဆိုလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျလောက်ပေပြီ။ မမကမူ မျက်စိမှိတ်မှိန်းနေရုံသာ ညည်းလည်း
မညည်းချေ။ ဒေါက်တာ တင်မျိုးဝင်းနှင့်တိုင်ပင်ကာ အနာလည်းသက်သာ စိတ်ဖိစီးမှုလည်းမရဘဲ အိပ်ပျော်နိုင်ရန် Injection pethidine ကို ထိုးပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။

ထိုညက ကျွန်မအိမ်သို့ ညီအစ်ကိုမောင်နှမများ အပြေးအလွှားရောက်လာကြပါသည်။ ကျွန်မက သူတို့ အားဘာမျှတင်ကြိုမပြောထားသော်လည်း ပြင်ပမှသတင်းများကြောင့် ကျွန်မက မမဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပေးမှန်းသိသွားကြသဖြင့် ကျွန်မအတွက်လည်း ဂုဏ်ယူဝမ်းသာ၊ မမဒေါ်အောင်ဆန်းစုကြည်အတွက် လည်း စိတ်ပူပန်ပြီး ရောက်လာကြခြင်း ဖြစ်ပါသည်။ ကျွန်မသည်လည်း ခွဲစိတ်မှုအားလုံးအနက် မမအား ခွဲစိတ်ပေးသော ခွဲစိတ်မှုသည် ဂုဏ်အယူရဆုံးခွဲစိတ်မှု ဖြစ်ပါသည်။ အသံလွှင့်သတင်းဌာနအချို့၏ ကြေငြာချက်ကြောင့် ၄င်းသတင်းကို သိရှိကြသည့်ဆွေမျိုးတစ်ချို့နှင့် သူငယ်ချင်းတစ်ချို့ကလည်း တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ပါသည်။

ခွဲစိတ်မှုအပြီး (၇)ရက်တိတိ တစ်နေ့လျှင် တစ်နာရီမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ရခဲ့ပါသည်။ ခွဲစိတ်မှုအပြီး First post-op day တွင်ပင် မမမှာ အားတက်သရော စကားပြောနိုင်နေပါပြီ။ ဆီးပိုက်၊ drip ပိုက်များဖြုတ်လိုက်ကာရေပတ်တိုက်အပြီးတွင် မမမှာ လန်းဆန်းပြီး လူကောင်းပတိအသွင်ဖြင့် ထထိုင်ကာ စကားများပြော၊ အစာများ စားနိုင်လာပါသည်။ ဆေးရုံမှ သူနာပြုက (Sponging) ကိုယ်ပတ်တိုက် ပေးရန် လာသည့်အခါတွင်လည်း “မမက sponging တို့ nursing care တို့ ကောင်းကောင်းလုပ်တတ်တယ်။ မမခင်ပွန်းနဲ့ ကလေးတွေ နေမကောင်းရင် ကိုယ်တိုင်လုပ်ပေးတာ။ မေမေ့ကိုလည်း မမက လုပ်ပေးခဲ့တာပဲ။ ဆရာမတို့ လုပ်ပေးဖို့
မလိုပါဘူး” ဟုပြန်ပြောခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းရော ကျွန်မတို့အားလုံးကပါ မမမှာ လူနာဖြစ်နေသဖြင့် ကိုယ်တိုင် လုပ်ရန် မသင့်ကြောင်းပြောမှ Sister မှ Sponging လုပ်ပေးသည်ကို လက်ခံပါသည်။ နောက်နေ့မှစကာ တစ်စစ မမ တိုးတက်ရွှင်လန်းလာခဲ့ပါသည်။

ဆေးရုံပေါ်မှာ ရှိနေစဉ်အတွင်း နိုင်ငံခြားသံရုံးများနှင့် စေတနာရှင်များက သစ်သီးခြင်း၊မုန့်ပုံး စသည်ဖြင့် လက်ဆောင်များပေးပို့ကြပါသည်။ ဆေးရုံအတွင်း ၀င်ခွင့်မရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ လူငယ်များ၊ ကျောင်းသားကျောင်းသူများက ဆေးရုံပြင်ပတွင်စောင့်ကာ မေတ္တာပို့သကြသကဲ့သို့ စက္ကူငှက်ရုပ်လေးများ
ချိုးကာသီပြီး မမဆီ ပေးပို့ကြပါသည်။ မမမှလည်း သူ့ကိုပေးသော မုန့်များကိုဆေးရုံအပြင်မှ ပရိသတ်အတွက် ပြန်လည်ဝေငှပေးခဲ့ပါသည်။ သူ ဆေးရုံ တက်နေ
ရသည့်အခန်းမှာ သာမည ဆရာတော်ကြီး တက်ရောက်သီတင်းသုံးခဲ့ဖူးသည့် အခန်းလည်းဖြစ်ကာ ရွှေတိဂုံစေတီတော်အားလည်း မြင်တွေ့ ဖူးမြော်နိုင်သည့်
အတွက် သဘောကျကြောင်းလည်း ပြောပြခဲ့ပါသည်။

မမ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပြီး နောက်ပိုင်းတွင် ကျွန်မမှာ အလွန်မျက်နှာပွင့်လန်းခဲ့ရပါသည်။ ပုဂ္ဂလိကဆေးရုံများသို့ ကျွန်မခွဲစိတ်ထားသော မွေးလူနာများ
အား ကြည့်ရန်ရောက်သည့်အခါ အခြားသော သားဖွားမီးယပ်ဆရာဝန်ကြီးများအပါအ၀င် ဆရာဝန်ကြီးငယ်များ၏ ၀မ်းပန်းတသာ ချီးကျူးဂုဏ်ပြုမှုများကို ကြုံရပါသည်။ အသက်ဝါကြီးသော ဆရာ၊ ဆရာမကြီးများ၏ ချီးကျူးမှုခံရသကဲ့သို့ ရွယ်တူဝါတူများမှလည်း နောင်ကို ယခုကဲ့သို့ ကူညီစရာလိုလျှင် သူတို့အားလည်း အသိပေးစေလိုကြောင်း စသဖြင့် ပြောဆိုကြသကဲ့သို့ မမ၏ရောဂါ အတိမ်အနက်အတွက် စိုးရိမ်ပူပန်စကားများ ဆိုခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်မတို့ကို စာသင်ပေးခဲ့ကြသည့် ကျွန်မလေးစားရသော ဆရာကြီး ပါမောက္ခဦးလှမြင့်(အဘ)နှင့် ဆရာမကြီး ပါမောက္ခ ဒေါ်မြမြတို့ကိုယ်တိုင်က ပခုံးဖက်ကာ လက်ဆွဲ နှုတ်ဆက်ကာဖြင့် ချီးကျူးကြသည်ကို ခံရသည့်အခါ ကျေနပ် ဂုဏ်ယူရသကဲ့သို့ များစွာလည်း ပီတိဖြစ်ရပါသည်။ ထို့ပြင် ကျွန်မတို့ ပညာတတ်ဆရာဝန်များ၏ ရင်ထဲတွင်လည်း မမဒေါ်အောင်ဆန်းစုကြည်အား မည်မျှယုံကြည်လေးစား အားကိုးကြောင်းကိုလည်း သတိထားမိရပါသည်။

ခွဲစိတ်မှုအပြီး တစ်လအကြာတွင် မမကို သူမ၏ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် ထပ်မံပြီးတွေ့ဆုံခွင့် တစ်ခါရခဲ့ပါသည်။ မမ၏ဧည့်ခန်းတွင် ဖခင်ဗိုလ်ချုပ်အောင်ဆန်း
၏ ဓာတ်ပုံကြီး၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ ခင်ပွန်း၊ သား(၂)ယောက်၊ချွေးမ(၁)ယောက်၊ မြေး(၂)ယောက်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပါသည်။ စာအုပ်များ ပြည့်နှက်နေသည့် စာအုပ်ဗီဒိုကြီးကိုလည်း တွေ့ခဲ့ရပါသည်။

မမက နေ့စဉ် အချိန်ဇယားဖြင့် အလုပ်လုပ်သူ ဖြစ်ပါသည်။ နံနက်အရုဏ်ဦး အိပ်ရာထချိန်မှစကာ ညအိပ်ရာ ၀င်ချိန်အထိ ဘုရားရှိခိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာရေးစာဖတ်ခြင်းတို့အပြင် စားချိန်အိပ်ချိန်ကိုပါ တိတိကျကျပြုလုပ်သူဖြစ်ပါသည်။ မမက ၀လို့လည်းမဖြစ်ဘူး။ ပိန်လို့လည်းမဖြစ်ဘူး။ ၀ရင်ဝမှာပေါ့။ တစ်နေ့တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစား၊ နားနေရတာကိုး၊ ပိန်ရင်လည်းပိန်မှာပေါ့။ နိုင်ငံရေးလုပ်ပြီး စားမ၀င် အိပ်မပျော် မိသားစုနဲ့ဝေး နေတာကိုးလို့ အပြောမခံနိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး Balance diet ပဲစားတာ” ဟု ရှင်းပြဖူးပါသည်။

မမသည် စကားအလွန်ပြောကောင်းကာ ပြောသမျှစကားများကိုလည်း ပညာတတ်ပီပီ ပြန်လည် ချေပပြောဆိုနိုင်ပါသည်။ စိတ်ဓာတ်ကလည်း တည်ကြည်ဖြောင့်မတ်ပြီး အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ကြောင်း မမနှင့်စကားပြောခွင့်ကြုံရမှ ထင်ထင်ရှားရှား တွေ့မြင်လာရပါသည်။ ယနေ့တိုင် ကျွန်မလေးစားရပါသော မမဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်း၍ လိုရာပန်းတိုင်သို့ အမြန်ဆုံးရောက်ရန် ဆုတောင်းလျက်သာ ရှိပါသည်။

ဒီခွဲစိတ်မှုကြောင့် ရရှိတဲ့ ကျွန်မရဲ့ ပီတိခံစားချက်များကို ကျွန်မရဲ့ ၁၉၆၅ batch မှ သူငယ်ချင်း ရောင်းရင်းများ မျှဝေခံစားနိုင်ရန်“ဂုဏ်အယူရဆုံးခွဲစိတ်မှု” ဆောင်းပါးလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

သူငယ်ချင်းများအားလုံး ပီတိနှလုံး ရွှင်ပြုံးနိုင်ကြပါစေ ...........

ဒေါက်တာခင်ဝင်းကြူ
(Winne)

Lynn Hpone Thant

အမေရိကန်အစိုးရ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သော ကွန်ပျူတာပညာရှင် ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုးဒန်



The Voice Weekly

စနိုးဒန်အတွက် နိုင်ငံသားဖြစ်ခွင့် အိုက်စလန်အဆိုပြု

ရေဂျာဗစ်၊ ဇူလိုင် ၅

အမေရိကန်အစိုးရ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သော ကွန်ပျူတာပညာရှင် ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုးဒန်ကို နိုင်ငံသား ဖြစ်ခွင့်ပြုရန် အိုက်စလန်နိုင်ငံမှ ဥပဒေပြု လွှတ်တော်အမတ်များက အဆိုပြုချက်တစ်ရပ် တင်သွင်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အိုက်စလန် လက်ဝဲပါတီတစ်ခုဖြစ်သော ဂရင်းပါတီမှ ဥပဒေပြုအမတ် အိုဂမာဂျွန်အန်ဆန် ဆိုသူက လွှတ်တော်၏ တရားစီရင်ရေး ကော်မတီသို့ စနိုးဒန်အား နိုင်ငံသားအဖြစ် ခွင့်ပြုမည့်ကိစ္စကို ဇူလိုင်လ ၄ ရက်နေ့က တင်သွင်းလိုက်သည်ဟု အိုက်စလန် လွှတ်တော်အမတ်များက ဆိုသည်။

သို့သော် လက်ရှိအနေအထားတွင် စနိုးဒန်အား အိုက်စလန်နိုင်ငံသား ဖြစ်ခွင့်ပေးမည့် ၎င်း၏အဆိုပြုချက်ကို ထောက်ခံမှု အနည်းငယ်သာ ရရှိသေးသည်။

ယခုအခါ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လေဆိပ်တွင် ခေတ္တခိုလှုံနေရသည်ဟု ယူဆရသည့် စနိုးဒန်က ၎င်းအနေနှင့် ၎င်း၏တန်ဖိုးများကို နားလည် သဘောပေါက်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့သော နိုင်ငံမှာ အိုက်စလန်ပင် ဖြစ်ကြောင်း The Guardian သတင်းစာသို့ ပြောကြားထားသည်။

လက်ရှိအခြေအနေတွင် မည်သည့်နေရာ၌ စနိုးဒန် ပုန်းခိုနေပြီး မည်သည့်နိုင်ငံသို့ မည်သည့် လေကြောင်းလိုင်းဖြင့် ဝင်ရောက်ရန် စီစဉ်နေသည်ဟူသော အချက်အလက်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန်အစိုးရက အီးယူနိုင်ငံတစ်ခုခုတွင် ပုန်းခိုနေသည်ဟု ယူဆ ထားသည်။

မကြာသေးခင်ရက်ပိုင်းက ဘိုလီးဗီးယားနိုင်ငံ သမ္မတအီဗိုမိုရာလီစ် စီးနင်းလာသော လေယာဉ်တွင် အက်ဒ်ဝပ်စနိုးဒန် ပုန်းခို လိုက်ပါလာသည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ၎င်း၏လေယာဉ်ကို ပြင်သစ်၊ စပိန်၊ ပေါ်တူဂီနှင့် အီတလီနိုင်ငံများက ယင်းတို့၏ လေကြောင်းပိုင်နက် တွင်းမှ ဖြတ်သန်းပျံသန်းခွင့် မပြုခဲ့ကြပေ။

သို့အတွက်ကြောင့် ဘိုလီးဗီးယားသမ္မတ၏ လေယာဉ်မှာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ၁၄ နာရီကြာမျှ လေဆိပ် တွင် နေထိုင်ခဲ့ရသည်။

ယင်းဖြစ်ရပ်ကို မကျေနပ်သော ဘိုလီးဗီးယားသမ္မတက ဝါရှင်တန်အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်ပြစ်တင်ပြီး ဘိုလီးဗီးယားနိုင်ငံမှ အမေရိကန်သံရုံး ပိတ်ပင်သည်အထိ ပြုလုပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားသည်။

‘အမေရိကန် အင်ပါယာနဲ့ ကျေးကျွန်တွေအနေနဲ့ ကျုပ်တို့ကို ဘယ်တော့မှ ခြိမ်းခြောက်လို့ရမှာ မဟုတ်ဘူး။ ဥရောပနိုင်ငံတွေ အနေနဲ့ အမေရိကန်နယ်ချဲ့ ဝါဒကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဖို့လိုအပ်တယ်’ ဟု ၎င်းကဒေါသတကြီး ပြောကြားသည်။

မှတ်တမ်းများအရ အိုက်စလန်နိုင်ငံသည် ယခင် ယူဂိုဆလားဗီးယား နိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ပိတ်ဆို့ အရေးယူမှုကို ချိုးဖောက်ခဲ့သည့် စစ်တုရင် ကစားသမား ဘော်ဘီဖစ်ရှားကို နိုင်ငံသားအဖြစ် လက်သင့်ခံခဲ့ဖူးသည်။

စနိုးဒန် ရုရှားမှအမြန်ဆုံးထွက်ခွာရန် ရုရှားလိုလား
==========================
မော်စကို၊ ဇူလိုင် ၅

ရုရှားလေဆိပ်သို့ ရောက်ရှိနေသော အမေရိကန်၏ ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ်စနိုးဒန် အနေနှင့် နိုင်ငံ တစ်ခုခုတွင် အမြန်ဆုံး နိုင်ငံရေးခိုလှုံရန် ရုရှားက လိုလားလျက် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ Sheremetyevo လေဆိပ်တွင် နေထိုင်လျက် ရှိသည်မှာ ၁၁ ရက် ကြာမြင့်နေပြီ ဖြစ်သော စနိုးဒန်ကို လွှဲပြောင်းပေးရန် အမေရိကန်၏ တောင်းဆိုချက်ကို ရုရှားသမ္မတပူတင်က ငြင်းဆိုထား သကဲ့သို့ ရုရှားမှ အမြန်ဆုံး ထွက်ခွာရန်ကိုလည်း ပူတင်က စနိုးဒန်ကို တိုက်တွန်းထားသည်။

သို့သော် ရုရှားအတွက် စနိုးဒန်သည် ဧည့်သည်ကောင်း မဟုတ်ဘဲ ၎င်း ရုရှားတွင် ကြာကြာရှိနေလေလေ အမေရိကန်-ရုရှား ဆက်ဆံရေးကို ထိခိုက်နိုင်လေလေ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

“သူဘယ်ကိုသွားမလဲ ဆိုတာကို ရွေးချယ်သင့်ပါတယ်။ အခုချိန်ထိ စနိုးဒန်ရဲ့ ရုရှားမှာ ခိုလှုံခွင့် တရားဝင်တောင်းခံစာ မရသေးပါဘူး” ဟု ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောကြားသည်။

အမေရိကန်၏ မဟာမိတ်ဖြစ်သော ပြင်သစ်နှင့် အီတလီတို့သည် စနိုးဒန်၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံစာကို ရရှိထားသော်လည်း နိုင်ငံရေး ခိုလှုံခွင့်ပေးရန် ငြင်းဆိုထားသည်။

စနိုးဒန်အနေနှင့် အမေရိကန်ကို ထိခိုက်စေမည့် လုပ်ရပ်များကို ရပ်တန့်ပါက ရုရှားသည် နိုင်ငံရေး ခိုလှုံခွင့်ပေးကောင်းပေးဖွယ် ရှိကြောင်း ရုရှားသမ္မတပူတင်က ပြောကြားထားသည်။

ဖေ့ဘုတ်လော်ဘီညီလာခံ


ဖေ့ဘုတ်လော်ဘီညီလာခံ
==============

သယ် ငါ၏ ထံပါး လိမ်လည်စား၍ အများချဉ်ဖတ် အို ဝန်အမတ်အပေါင်းတို့ ။
မှန်လှပါ့ အကြောင်းညီညွတ် ဘောင်းဘီချွတ်တဲ့ ဖွတ်တို့ သနင်း လော်ဘီမင်းတရားကြီးထံပါး ခစားလျက်ရှိကြောင်းပါဘုရား။
မောင်မင်းတို့  ဖွတ်အမတ်အပေါင်း အကြံကောင်းလျှင် ထောင်းထောင်းကြေ ဆိုပြီး '' စုမေမေ'' ကို စုတေစေရမယ်ဆိုတဲ့ ဖေ့ဘုတ်တခွင် အရေးတော်ပုံကြီးရော အောင်မြင်တော် မူရဲ့လား။

မှန်ပါ့ဘုရား ဖွတ်တို့ သနင်း ဘပြောင်မင်း၏ ထွန်းလင်းထိန်သာ ဘုန်းတော်ဖြာကြောင့် ဒီမိုနယ်စား ဒေါင်းတော်သားတို့  ကိုယ့်စရိတ်ကိုယ်စားပြီး ရရာလက်နက် ကိုင်စွဲကာ တွန်းလှန်နေသောကြောင့် ထင်သလောက်အရေးမပေါက်ပါဘုရား။

ဖွယ် . . . . ရိုင်းပလေ ။ လူသူလက်နက် လစာ ရိက္ခာတော်အပြည့်နဲ့ ချီးမြှင့်ထောက်ပံ့ထားပါလျက် နှင့် ဘဇာအတွက် အရေးမပေါက် ဘေးရောက်နေတာလဲဟဲ့။ ဖေ့ဘုတ်နယ်ခွင် တိုက်စစ်ဆင်နေတဲ့ လူထုဘွဲ့ခံ စစ်သူကြီး မောင်ကာဠု ရောဟဲ့။

မှန်ပါ့ ကာဠုတစ်ကောင် ကလောင်သွေးချွန် အဖွလွန်ပြီး ခွန်ဒီးယမ်း ဒီမိုဖက်တီး ပျောက်ကြားလက်သီးစာမိကာ အရူးကွက်နင်း နေရပါကြောင်းပါဘုရား ။ လူထုကို လူစုမရလို့  အပူဖုတွေလည်းထွက်နေကြောင်းပါ ဘုရား။

ရှိစေတော့ ။ ဒီမိုဘက်သား ဒီမိုငမိုက်သားကို အပေါ်လမ်းအောက်လမ်း အထာကျွမ်းပြီး ပြည့်တန်ဆာလို့  တင်စားထိုက်တဲ့ အမတ်ငဖာနဲ့ လက်လွှဲထားလိုက်ရင်ကော။

မှန်ပါ။ ငဖာအမတ် အထာညက်လွန်းလို့  အောက်ပိုင်းအကိုင်များကာ အောက်ပိုင်းချိနေပါလို. မသင့်တော်ကြောင်းပါဘုရား။

ဟယ် ဂလိုလား။ ရှိစေတော. ရှိစေတော. ။ ပြိုင်ဘက်ကို အပိုင်နှက်တတ်တဲ. OE အမည်ခံ စက္ခုပါလ အတ်ကြီးရော ဟဲ.။

မှန်ပါ့ ။ ပြိုင်ဘက် ကို အပိုင်တွက်ထားကာမှ အနိုင်ခက်လို့ဆိုပြီး အရှက်တော်ကွဲ အသက်တော်လဲမယ် တကဲကဲလုပ်ထားလို့ ဘိန်းကြွေး၍ မှိန်းဆေးတင်ထားပါတယ်ဘုရား။
သြော် နန်းခွေးလို အဆီယစ်အောင် ချီးမြှင့်မြှောက်စား ၊ငါ့ငယ်ကျွန်တော်သား လူလိမ်များဟာလည်း ၊ ဘိန်းစားဖွန်ကြောင် မုဒိန်းကောင် သာသာပါကလားဟေ့။

မှန်ပါ. အတုမြင်အတတ်သင် ဆိုသလို အရှင်ဘုရားလက်ဝေခံ ငမိုက်သားတွေ အရှင်အားရ ကျွန်ပါးဝနေကြမို့ သည်းခံ ခွင့်လွှတ်တော်မူပါဘုရား။

အိန်း ဒါနဲ့ သွေးသစ္စာ ၊နေမင်း သူရိယ ၊ ဖေစစ်ကြီး ၊ မင်းသွေးသစ္စာ တပ်မဟာမှုး တို့တတွေကော ။ အရင်ကလို လက်သံပြောင် အဟောင်မပျက် ရှိသေးရဲ့လားကွဲ့။

မှန်ပါ့ အကြင်တပ်မှုး တဏှာရူးတွေ မင်းတြားသစ္စာ ၊ စောင့်သိစွာဖြင့် ၊လော်ဘီတရား ၊ဟောင်သော်ငြားသော်လည်း ၊ နှလုံးသားအရေး ရောထွေးပွေခက် ၊လုံ့လ ပျက်ကွက်တော်မူကြောင်းပါဘုရား။

ဟယ် - ငါ့ငယ်ကျွန်ငယ်မွေး ခြံပေါက်ခွေး နှယ် ၊ သံယောဇဉ်တွယ် ရတဲ.့ လော်ဘီတစ်သိုက် ၊အတော်မိုက်လှချည့်လား။ ငါကိုယ်တော် ကိုးကွယ်တဲ့ မျိုးချစ်ကိုယ်တော်ကြီးလောက်မှ အားမကိုးရကွယ်။

မှန်ပါ့ဘုရား။ ကိုယ်တော်ကြီးလုပ်၇ပ် အဟုတ်မှတ်၍ အပြုတ်သတ်မယ်ဆိုပြီး လူထုကြီးလည်းသွေးဆူနေပါပြီဘုရား။ လစ်ဘရယ် ဒေါင်းတွေဘ၀ အကြောင်းတွေမလှ ဖြစ်ရတာမှန်သော်ငြားလည်း သာသနာမှာ ဆရာ ဒကာ အကွဲကွဲအပြားပြား ဖေ့ဘုတ်မှာ အဆဲစကားတွေလည်း မိုးမွန်နေကြောင်းပါဘုရား ။ ခုနှစ်ပြည်ထောင်မင်း များအလယ်မှာလဲ မျက်နှာဖုံးရှင်အဖြစ် ၀င့်ထည်ခဲ့ရပြီးဖြစ်သဖြင့် ဘုံမြှောက်လွန်းရင် အ၀ှာ ကောက်စားမှာ စိုး ၍
ထိန်းတော်မူပါဦး ဘုရား။

အိန်း - ဟုတ်ပေသားပဲ။ အရှင်ဘုရား အထင်အမြင်စကားတွေနဲ့ ဒေတာ မဟုတ် ဒေသနာ မဟုတ် ဝေဒနာ အယုတ်တွေကြောင့် မျက်ကန်းမျိုးချစ် ကိုမျိုးစစ်တို့လည်း အကျိုးအကြောင်း ကောင်းကောင်းမမြင် ဟုတ်လျှင်နိုး နိုး ထင်တမျိုးနဲ့ စုမေမေကိုပင် ထုချေချင် နေကြပြီ။ တို့မီးရှို့မီး လောင်မီးမြိုင်တက် ပြာပုံထက်တွင် ဖျာဝင်ခင်းခဲ့ နှမ်းဖြူးကောင်းလွန်းလို့ ငါမင်းတြားကြီးကို ချစ်ခင်စုံမက် ပုံအပ် ယုံမှတ်သူ အကြောင်းမသိ ခေါင်းမရှိ နောက်လိုက်သားတစ်သိုက်လည်း များချေပြီ။ ပြည့် သူ မဏ္ဍိုင် တစ်ပူး ကြီးလည်း ဘာသာရေးမှိုင်း ရစ်ထွေဆိုင်းပြီး မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်နေချေပြီ။ သို့တပြီးကား ဘုရားပြီး ငြမ်းဖျက် ဇာတ်ကြိုးသတ်ပြီး ကိုယ်တော်ကြီးကိုလည်း ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်မခြောက်ခင် တစ်စခန်းရပ်ထားကာမှ တော်ကာကြချေမည်။
ဒါနဲ့ အမတ်တအုပ် အပြတ်ဖုတ်ခံရမယ့် အဇ္ဇနွယ်ဖွား အတွင်းဝန်ရှင်ရဲထွဋ် အရေးရောဟဲ.။

မှန်ပါ့ ။ အဆံမပါ အသံသာမြည်ဖောက်တဲ့ သင်္ကြန်အမြောက် လွှတ်တော်ကြီးဟာလည်း တရေးနိုး ကယောင်ကတမ်းနဲ့ ဆိတ်ကိုထောင်ဖမ်းကြပေမဲ့ အရှင့်ဘုန်းတော် ကြောင့် ရေကိုသား၍ အကြားမထင် ဆိုသလို အချိန်ကုန်လူပန်း ဆိတ်ဖမ်းပွဲအရေး စိတ်အပန်းလဲ မခံပါနဲ့ဘုရား ။ ညောင်မြစ်တူးရင် ပုတ်သင်ညိုဥ ပေါ်မှာစိုး ၍ တပ်ခေါက်ပြန်သွားပါပြီဘုရား။

ကောင်းပေလေ့ ကောင်းပေလေ့ ။ ယနေ့မှစ ဖွဘုတ်လော်ဘီတသင်း တပည့်ရင်းတို့ကို အပိုဆုကြေး အောက်ဆိုက်ပေး ၍ မင်းတြားကြီးမှာ နှစ်လုံး ရှိတာ လော်ဘီစေဗျား။

မှန်ပါ. ။ ယောကျာ်းတိုင်း နှစ်လုံးရှိတာမို့ အထူးတလည်...............

တော်တန်တိတ် ။ နင့်မေကလွှား ငါ့နှလုံးက စက်တပ်တဲ့နှလုံး ။ဒီ နှလုံးလေးနဲ့ တိုင်းရေးပြည်ရာ အနစ်နာခံ ပေးဆပ်နေကြောင်း ကြေငြာကောင်း ထုတ်ထားစမ်း။ မိဘုရားခေါင်ကြီးလည်း ပင်စင်ယူစား ၂၀၁၅ ကျရင် မုန့်ဟင်းခါးကောင်း ရောင်းစားမယ်လို့ ဟုတ် ဟုတ် မဟုတ်ဟုတ် လော်ဘီ ထုတ်စေဗျား။

မှန်ပါ့ ။ မုန့်ဟင်းခါးထက် အကြော်ရောင်းတာကမှ အိုင်ပတ်လေး အိုင်ဖုန်းလေး ကိုင်နိုင်ကြောင်းပါ ဘုရား။

ဟဲ့--- အမြဲအကျင့်ယုတ် အမတ်စုတ်ရဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် လော်ဘီထုတ်တာ ဇာတ်နာဖို့က အဓိက ဟဲ့။ ဖြစ်နိုင်ရင် ဂရုဏာ ပိုသက်အောင် ပလပ်စတစ်တောင် ကောက်စားလိုက်မယ်လို့တောင် လော်ဘီထုတ်စေချင်ရဲ့။

မှန်ပါ.။ ကျော်သူတို.တသိုက် အခမဲ့ ပလက်စတစ်ကောက်တာတောင် စည်ပင်ဝန်ကြီးက ခွင့်မပြုတော်သော်ကြောင့် ၊ အရှင်ဘုရား ငွေရေးကြေးရေး အမှိုက်လေးကောက်စားဖို့မသင့်ပါဘုရား။ အမတ်ချုပ်ကြီး ငမန်းနဲ့ ဖွတ်တသိုက် အကြပ်ကိုင်တယ်ဆိုပြီး သာသာထိုးထိုး ကြေငြာပါ ထိုးလိုက်ပါ့မယ်ဘုရား။


အိန်း .. တပည့်လိမ္မာ ဆရာအာပတ်လွတ် ဆိုသလို ဖော်လံဖားတပည့်တွေကြောင့် မင်းတို့ဆရာ ငါကိုယ်တော်လည်း ဖေ့ ဘုတ်တခွင် likeပြဲပြဲစင်အောင် ရခဲ.လေပြီးသမို့ အပြောမဟုတ် သဘောယုတ် မနောလည်းပုတ်တဲ့ ၀န်အမတ်တို့ရေ ညီလာခံလော်ဘီ ဒီမှာ အမှန်တော်ဘီ လို့ တစ်စခန်းရပ်ကြစို့။ ကဲ skynetလော်ဘီသီချင်းတစ်ပုဒ်နဲ့အဆောင်နန်းကိုပို့စေဗျာ

  from: စုန်းချောင်း အုပ်စု 

 

Photo: တော်တော်အရေးအသားကောင်းတဲ့သရော်စာ( Satire ) လေးတစ်ပုဒ်ပါ.... သဘောကျလို့ ကော်ပီကူးတင်လိုက်ပါတယ်..


ဖေ့ဘုတ်လော်ဘီညီလာခံ
==============

သယ် ငါ၏ ထံပါး လိမ်လည်စား၍ အများချဉ်ဖတ် အို ဝန်အမတ်အပေါင်းတို့ ။
မှန်လှပါ့ အကြောင်းညီညွတ် ဘောင်းဘီချွတ်တဲ့ ဖွတ်တို့ သနင်း လော်ဘီမင်းတရားကြီးထံပါး ခစားလျက်ရှိကြောင်းပါဘုရား။
မောင်မင်းတို့  ဖွတ်အမတ်အပေါင်း အကြံကောင်းလျှင် ထောင်းထောင်းကြေ ဆိုပြီး '' စုမေမေ'' ကို စုတေစေရမယ်ဆိုတဲ့ ဖေ့ဘုတ်တခွင် အရေးတော်ပုံကြီးရော အောင်မြင်တော် မူရဲ့လား။

မှန်ပါ့ဘုရား ဖွတ်တို့ သနင်း ဘပြောင်မင်း၏ ထွန်းလင်းထိန်သာ ဘုန်းတော်ဖြာကြောင့် ဒီမိုနယ်စား ဒေါင်းတော်သားတို့  ကိုယ့်စရိတ်ကိုယ်စားပြီး ရရာလက်နက် ကိုင်စွဲကာ တွန်းလှန်နေသောကြောင့် ထင်သလောက်အရေးမပေါက်ပါဘုရား။

ဖွယ် . . . . ရိုင်းပလေ ။ လူသူလက်နက် လစာ ရိက္ခာတော်အပြည့်နဲ့ ချီးမြှင့်ထောက်ပံ့ထားပါလျက် နှင့် ဘဇာအတွက် အရေးမပေါက် ဘေးရောက်နေတာလဲဟဲ့။ ဖေ့ဘုတ်နယ်ခွင် တိုက်စစ်ဆင်နေတဲ့ လူထုဘွဲ့ခံ စစ်သူကြီး မောင်ကာဠု ရောဟဲ့။

မှန်ပါ့ ကာဠုတစ်ကောင် ကလောင်သွေးချွန် အဖွလွန်ပြီး ခွန်ဒီးယမ်း ဒီမိုဖက်တီး ပျောက်ကြားလက်သီးစာမိကာ အရူးကွက်နင်း နေရပါကြောင်းပါဘုရား ။ လူထုကို လူစုမရလို့  အပူဖုတွေလည်းထွက်နေကြောင်းပါ ဘုရား။

ရှိစေတော့ ။ ဒီမိုဘက်သား ဒီမိုငမိုက်သားကို အပေါ်လမ်းအောက်လမ်း အထာကျွမ်းပြီး ပြည့်တန်ဆာလို့  တင်စားထိုက်တဲ့ အမတ်ငဖာနဲ့ လက်လွှဲထားလိုက်ရင်ကော။

မှန်ပါ။ ငဖာအမတ် အထာညက်လွန်းလို့  အောက်ပိုင်းအကိုင်များကာ အောက်ပိုင်းချိနေပါလို. မသင့်တော်ကြောင်းပါဘုရား။

ဟယ် ဂလိုလား။ ရှိစေတော. ရှိစေတော. ။ ပြိုင်ဘက်ကို အပိုင်နှက်တတ်တဲ. OE အမည်ခံ စက္ခုပါလ အတ်ကြီးရော ဟဲ.။

မှန်ပါ့ ။ ပြိုင်ဘက် ကို အပိုင်တွက်ထားကာမှ အနိုင်ခက်လို့ဆိုပြီး အရှက်တော်ကွဲ အသက်တော်လဲမယ် တကဲကဲလုပ်ထားလို့ ဘိန်းကြွေး၍ မှိန်းဆေးတင်ထားပါတယ်ဘုရား။
သြော် နန်းခွေးလို အဆီယစ်အောင် ချီးမြှင့်မြှောက်စား ၊ငါ့ငယ်ကျွန်တော်သား လူလိမ်များဟာလည်း ၊ ဘိန်းစားဖွန်ကြောင် မုဒိန်းကောင် သာသာပါကလားဟေ့။

မှန်ပါ. အတုမြင်အတတ်သင် ဆိုသလို အရှင်ဘုရားလက်ဝေခံ ငမိုက်သားတွေ အရှင်အားရ ကျွန်ပါးဝနေကြမို့ သည်းခံ ခွင့်လွှတ်တော်မူပါဘုရား။

အိန်း ဒါနဲ့ သွေးသစ္စာ ၊နေမင်း သူရိယ ၊ ဖေစစ်ကြီး ၊ မင်းသွေးသစ္စာ တပ်မဟာမှုး တို့တတွေကော ။ အရင်ကလို လက်သံပြောင် အဟောင်မပျက် ရှိသေးရဲ့လားကွဲ့။

မှန်ပါ့ အကြင်တပ်မှုး တဏှာရူးတွေ မင်းတြားသစ္စာ ၊ စောင့်သိစွာဖြင့် ၊လော်ဘီတရား ၊ဟောင်သော်ငြားသော်လည်း ၊ နှလုံးသားအရေး ရောထွေးပွေခက် ၊လုံ့လ ပျက်ကွက်တော်မူကြောင်းပါဘုရား။

ဟယ် - ငါ့ငယ်ကျွန်ငယ်မွေး ခြံပေါက်ခွေး နှယ် ၊ သံယောဇဉ်တွယ် ရတဲ.့ လော်ဘီတစ်သိုက် ၊အတော်မိုက်လှချည့်လား။ ငါကိုယ်တော် ကိုးကွယ်တဲ့ မျိုးချစ်ကိုယ်တော်ကြီးလောက်မှ အားမကိုးရကွယ်။

မှန်ပါ့ဘုရား။ ကိုယ်တော်ကြီးလုပ်၇ပ် အဟုတ်မှတ်၍ အပြုတ်သတ်မယ်ဆိုပြီး လူထုကြီးလည်းသွေးဆူနေပါပြီဘုရား။ လစ်ဘရယ် ဒေါင်းတွေဘ၀ အကြောင်းတွေမလှ ဖြစ်ရတာမှန်သော်ငြားလည်း သာသနာမှာ ဆရာ ဒကာ အကွဲကွဲအပြားပြား ဖေ့ဘုတ်မှာ အဆဲစကားတွေလည်း မိုးမွန်နေကြောင်းပါဘုရား ။ ခုနှစ်ပြည်ထောင်မင်း များအလယ်မှာလဲ မျက်နှာဖုံးရှင်အဖြစ် ၀င့်ထည်ခဲ့ရပြီးဖြစ်သဖြင့် ဘုံမြှောက်လွန်းရင် အ၀ှာ ကောက်စားမှာ စိုး ၍
ထိန်းတော်မူပါဦး ဘုရား။

အိန်း - ဟုတ်ပေသားပဲ။ အရှင်ဘုရား အထင်အမြင်စကားတွေနဲ့ ဒေတာ မဟုတ် ဒေသနာ မဟုတ် ဝေဒနာ အယုတ်တွေကြောင့် မျက်ကန်းမျိုးချစ် ကိုမျိုးစစ်တို့လည်း အကျိုးအကြောင်း ကောင်းကောင်းမမြင် ဟုတ်လျှင်နိုး နိုး ထင်တမျိုးနဲ့ စုမေမေကိုပင် ထုချေချင် နေကြပြီ။ တို့မီးရှို့မီး လောင်မီးမြိုင်တက် ပြာပုံထက်တွင် ဖျာဝင်ခင်းခဲ့ နှမ်းဖြူးကောင်းလွန်းလို့ ငါမင်းတြားကြီးကို ချစ်ခင်စုံမက် ပုံအပ် ယုံမှတ်သူ အကြောင်းမသိ ခေါင်းမရှိ နောက်လိုက်သားတစ်သိုက်လည်း များချေပြီ။ ပြည့် သူ မဏ္ဍိုင် တစ်ပူး ကြီးလည်း ဘာသာရေးမှိုင်း ရစ်ထွေဆိုင်းပြီး မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်နေချေပြီ။ သို့တပြီးကား ဘုရားပြီး ငြမ်းဖျက် ဇာတ်ကြိုးသတ်ပြီး ကိုယ်တော်ကြီးကိုလည်း ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်မခြောက်ခင် တစ်စခန်းရပ်ထားကာမှ တော်ကာကြချေမည်။
ဒါနဲ့ အမတ်တအုပ် အပြတ်ဖုတ်ခံရမယ့် အဇ္ဇနွယ်ဖွား အတွင်းဝန်ရှင်ရဲထွဋ် အရေးရောဟဲ.။

မှန်ပါ့ ။ အဆံမပါ အသံသာမြည်ဖောက်တဲ့ သင်္ကြန်အမြောက် လွှတ်တော်ကြီးဟာလည်း တရေးနိုး ကယောင်ကတမ်းနဲ့ ဆိတ်ကိုထောင်ဖမ်းကြပေမဲ့ အရှင့်ဘုန်းတော် ကြောင့် ရေကိုသား၍ အကြားမထင် ဆိုသလို အချိန်ကုန်လူပန်း ဆိတ်ဖမ်းပွဲအရေး စိတ်အပန်းလဲ မခံပါနဲ့ဘုရား ။ ညောင်မြစ်တူးရင် ပုတ်သင်ညိုဥ ပေါ်မှာစိုး ၍ တပ်ခေါက်ပြန်သွားပါပြီဘုရား။

ကောင်းပေလေ့ ကောင်းပေလေ့ ။ ယနေ့မှစ ဖွဘုတ်လော်ဘီတသင်း တပည့်ရင်းတို့ကို အပိုဆုကြေး အောက်ဆိုက်ပေး ၍ မင်းတြားကြီးမှာ နှစ်လုံး ရှိတာ လော်ဘီစေဗျား။

မှန်ပါ. ။ ယောကျာ်းတိုင်း နှစ်လုံးရှိတာမို့ အထူးတလည်...............

တော်တန်တိတ် ။ နင့်မေကလွှား ငါ့နှလုံးက စက်တပ်တဲ့နှလုံး ။ဒီ နှလုံးလေးနဲ့ တိုင်းရေးပြည်ရာ အနစ်နာခံ ပေးဆပ်နေကြောင်း ကြေငြာကောင်း ထုတ်ထားစမ်း။ မိဘုရားခေါင်ကြီးလည်း ပင်စင်ယူစား ၂၀၁၅ ကျရင် မုန့်ဟင်းခါးကောင်း ရောင်းစားမယ်လို့ ဟုတ် ဟုတ် မဟုတ်ဟုတ် လော်ဘီ ထုတ်စေဗျား။

မှန်ပါ့ ။ မုန့်ဟင်းခါးထက် အကြော်ရောင်းတာကမှ အိုင်ပတ်လေး အိုင်ဖုန်းလေး ကိုင်နိုင်ကြောင်းပါ ဘုရား။

ဟဲ့--- အမြဲအကျင့်ယုတ် အမတ်စုတ်ရဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် လော်ဘီထုတ်တာ ဇာတ်နာဖို့က အဓိက ဟဲ့။ ဖြစ်နိုင်ရင် ဂရုဏာ ပိုသက်အောင် ပလပ်စတစ်တောင် ကောက်စားလိုက်မယ်လို့တောင် လော်ဘီထုတ်စေချင်ရဲ့။

မှန်ပါ.။ ကျော်သူတို.တသိုက် အခမဲ့ ပလက်စတစ်ကောက်တာတောင် စည်ပင်ဝန်ကြီးက ခွင့်မပြုတော်သော်ကြောင့် ၊ အရှင်ဘုရား ငွေရေးကြေးရေး အမှိုက်လေးကောက်စားဖို့မသင့်ပါဘုရား။ အမတ်ချုပ်ကြီး ငမန်းနဲ့ ဖွတ်တသိုက် အကြပ်ကိုင်တယ်ဆိုပြီး သာသာထိုးထိုး ကြေငြာပါ ထိုးလိုက်ပါ့မယ်ဘုရား။


အိန်း .. တပည့်လိမ္မာ ဆရာအာပတ်လွတ် ဆိုသလို ဖော်လံဖားတပည့်တွေကြောင့် မင်းတို့ဆရာ ငါကိုယ်တော်လည်း ဖေ့ ဘုတ်တခွင် likeပြဲပြဲစင်အောင် ရခဲ.လေပြီးသမို့ အပြောမဟုတ် သဘောယုတ် မနောလည်းပုတ်တဲ့ ၀န်အမတ်တို့ရေ ညီလာခံလော်ဘီ ဒီမှာ အမှန်တော်ဘီ လို့ တစ်စခန်းရပ်ကြစို့။ ကဲ skynetလော်ဘီသီချင်းတစ်ပုဒ်နဲ့အဆောင်နန်းကိုပို့စေဗျာ 

Copy from: စုန်းချောင်း အုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်