Monday, July 8, 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကအပြင်းအထန် ကန့်ကွက်


DVB TV News

ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက သဘောမတူ၊ လက်မခံနိုင်တဲ့အတွက် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။ ဒေါ်ဧမိစံ သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး- အောင်ထွန်းမြင့်

ကျည်ဆံ အတောင့် သုံးရာကို သွားပို့သည့်ဒေါ်မအေးကြည်


Coral Arakan News
about an hour ago

ကုလားများမှာထားသော ကျည်ဆံ အတောင့် သုံးရာကို သွားပို့သည်ဟု ၂၀၁၃-ခုနှစ် ဇူလိုင်လ (၇) ရက်နေ့က ကျောက်တော်မြို့တွင် စွပ်စွဲဖမ်းဆီးခြင်းခံရသူ ဒေါ်မအေးကြည် (၃၆-နှစ်) ကို စားပွဲပေါ်တွင် ခင်းကျင်းထားသော ကျည်ဆံများ နှင့်အတူတွေ့ရစဉ်။

ဒေါ်မအေးကြည်ထံမှ ဖမ်းဆီးရမိသည့် ကျည်ဆန်အတောင့် သုံးရာတွင် ၅ ဒသမ ၅ ကျည်ဆန် အတောင့် ၂၅၀ နှင့် ၇ ဒသမ ၆၂ ကျည်ဆန် အတောင့် ၅၀ တို့ပါဝင်သည်။

ဓါတ်ပုံ - Tunngyein Kyaw



ပြင်ပသို့ ကျဉ်ဆန် ထုတ်ရောင်းသည့် စစ်သားနှင့် အမျိုးသမီး ကျောက်တော်တွင် ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပြင်ပသို့ ကျဉ်ဆန် ထုတ်ရောင်းသည့် စစ်သား တစ်ဦးနှင့် ကျဉ်ဆန် ပို့ဆောင်ပေးသည့် အမျိုးသမီး တစ်ဦးကို ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသည့် စစ်သားမှာကျောက်တော် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ တပ်ကြပ် ကျော်ဝေ ဖြစ်ပြီး ကျဉ်ဆန်များ သယ်ယူလာစဉ် လမ်းတွင် ဖမ်းခံရသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နှင့် တစ်ဘက်ကမ်း လမ်းမတော် ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မအေးကြည် ဖြစ်သည်။
ဒေါ် မအေးကြည်ကို ကျဉ်ဆန်များနှင့်အတူ ဖမ်းဆီးရမိပုံကို ကျောက်တော်မြို့ အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်လှမေက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
“ ကျမတို့ကို မအေးကြည်ဟာ ဘင်္ဂလီ ရွာသားတွေကို ဂျင်ဂလိတွေ၊ ဓါးတွေ ပို့နေတယ်လို့ လမ်းမတော်က လူတွေ ကျမတို့ကို သတင်းပေးထားတယ်။ ကျမတို့သူ့ကို စောင့်ကြည့် နေတာ ကြာပြီး။ မနေ့က မအေးကြည် ဈေးခြင်းနဲ့ လမ်းမတော်ကနေ ကျောက်တော်ဘက်ကို ကူးသွားတယ်။ ဂျင်ဂလိတွေ ပါသွားတယ်လို့ ထင်ရတယ်။ ဓါးတော့ မပါဆိုပြီး ဖုန်းနဲ့ သတင်း ပေးလာလို့ ကျမတို့ သူ့ကို စောင့်နေတယ်။ မအေးကြည်ကို ကျမတို့ တွေ့တာနဲ့ ခေါ်ပြီး မေးရင်းနဲ့ သူမကို ရှာဖွေတဲ့အခါ သူ့ဈေးခြင်းထဲက ကျဉ်ဆန်တွေရပါတယ်။ ”
မအေးကြည်ထံမှ ဖမ်းဆီးရမိသည့် ကျဉ်ဆန်မှာ ၃၀၀ တောင့် ဖြစ်ပြီး ထိုအထဲတွင် ၅ ဒသမ ၅ ကျဉ်ဆန် အတောင့် ၂၅၀ နှင့် ၇ ဒသမ ၆၂ ကျဉ်ဆန် အတောင့် ၅၀ တို့ဖြစ်ကြောင်း သိရသည်။
ဒေါ် မအေးကြည်မှာ ကျောက်တော်မြို့ တစ်ဘက်ကမ်း လမ်းမတော်တွင်နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူ ဦးသာလှမှာ ပန်းပဲလုပ်ကိုင်ပြီး ဂျင်ဂလီနှင့် ဓါးများကို ပိုက်သည်ရပ်ရှိ ဘင်္ဂလီများကို တိတ်တခိုး ရောင်းချ နေသူဖြစ်ကြောင်း ကျောက်တော်မြို့ ခံများက ပြောသည်။
မအေးကြည်ကို ကျဉ်ဆန်များနှင့်အတူ ဖမ်းမိသည်နှင့်ချက်ချင်း မြို့နယ် ရဲစခန်းမှုကို ကျောက်တော် အမျိုးသမီး ကွန်ယက်မှ လွဲပြောင်းပေးလိုက်ပြီး ၅၃၇ တပ်ရင်းမှူးကို ဖုန်းဆက် အကြောင်း ကြားခဲ့ကြောင် ဒေါ်လှမေက ပြောသည်။
မအေးကြည်ကို စစ်ဆေးချက်အရ အဆိုပါ ကျည်ဆန်များအား ပိုက်သည်ရပ်ရှိ ဘင်္ဂလီ ရွာသားများအား ရောင်းချရန် အတွက် ယူဆောင်လာခြင်း ဖြစ်ကြောင်းနှင့် မအေးကြည်နေအိမ်မှ နောက်ထပ် ကျဉ်ဆန် ၄၆တောင့်ကို ဆက်လက် သိမ်းဆည်းမိကြောင်း ဒေါ်လှမေက ဆက်ပြောသည်။
ယခုအခါ မအေးကြည်နှင့် တပ်ကြပ်ကျော်ဝေကို ရဲစခန်းတွင် ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ကျောက်တော်မြို့နယ်မှူး ရဲမှူးကြီးက အတည်ပြု ပြောကြားသည်။
“ ဟုတ်ကဲ့ ကျွန်တော်တို့ လက်နက်မှုနဲ့ဘဲ အမှုဖွင့်ထားပါတယ်။ တပ်ကြပ်ဖြစ်သူကိုလည်း ကျွန်တော် တို့ အချုပ်ခန်းထဲမှာထည့်ထားပါပြီ။ သူ့ကိုတော့ ကျွန်တော်တို့ ဥပဒေလုပ်ထုံးလုပ်နည်း အတိုင်းပေါ့ဗျာ။ တကယ်လို့ ကျွန်တော်တို့ အရပ်ဘက်ဥပဒေနဲ့ တရားစွဲမယ်ဆိုရင် လက်နက် ဥပဒေနဲ့ စွဲမှာပေါ့ဗျာ။ တပ် မတော် သားဖြစ်တဲ့အတွက် စစ်တပ် ဥပဒေအရ အရေးယူမယ်ဆိုတော့ စစ်တပ်ဥပဒေ အတိုင်း ဖြစ်မှာပါ။” ဟု ဆိုသည်။
ကျဉ်ဆန်များနှင့်အတူ ဖမ်းမိသည့် ဒေါ်မအေးကြည်၏ အစ်မဖြစ်သူ မနန်းရီမှာ တပ်ကြပ်ကျော်ဝေ၏ ဇနီးဖြစ် ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးထားသည့် ဒေါ်မအေးကြည်နှင့် တပ်ကြပ် ကျော်ဝေတို့ အမှုကို ရဲစခန်းတွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည့်အတွက် ကျောက်တော်မြို့သူမြို့သားများမှ အထူးစိတ်ဝင်စားနေကြပြီး တချို့လည်း စောင့်ကြည့်ရန် ရဲစခန်း အနီးသို့ သွားနေကြကြောင်း သိရသည်။

မောင်အေး - နိရဉ္စရာသတင်းဌာန

"ဦးဝီရသူ အမျိုးစောင့်ဥပဒေ ထောက်ခံပွဲ ကြွရောက်အားပေး"



Wira Thu

******************************************
8.7.2013 ညနေ (4:00)နာရီ ချမ်းမြသာစည်မြို့နယ်၊ ၆၁-မနော်ဟရီလမ်းမှာ ဖွင့်လှစ်ထားသော မဏ္ဍပ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အင်းခရုရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မဏ္ဍပ်မှာ အမျိုးစောင့်ဥပဒေကို စိတ်ဝင်စားသူများ တဖွဲဖွဲလာရောက် လက်မှတ်ထိုးကြကြောင်းသိရပါတယ်။
အမပူရမြို့မှာလည်း ကားဖြင့်လှည့်လည်၍ လက်မှတ်ရေးထိုးပွဲများ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ယ္ခုလောလောဆယ်မှာတော့ ဦးဝီရသူထံ ထောက်ခံလက်မှတ်ပေါင်း(၆) သိန်း ၀င်းကျင်သာ ရှိနေပြီး အရှင်ပညာဝရထံမှာတော့ တစ်သန်းခွဲကျော်နေပြီလို့ သိရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်သန်းကျော်နေပြီဖြစ်ပါတယ်။
ယ္ခုလ(၁၅)ရက်နေ့အထိ ဆက်လက်ကောက်ခံနေဦးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အန္ဒိယနိုင်ငံခြားရေးအတွင်းဝန်အားလက္ခံတွေ့ဆုံ


နေပြည်တော်ရှိဦးတေဇပိုင်Aureum Palace  ဟော်တယ်မှာပါ၊
ဓါတ်ပုံကိုဆန်နီ

"တံမြက်စည်းကြမ်းကို မီးရှို့ပြီး ကောလာဟလကြီးအောင်လုပ်"

Wira Thu

******************************************
ဦးသန်းနိုင်ဟာ အသက်(၄၅)နှစ်ခန့်ရှိပြီး နွယ်နွယ်ဦးစတိုးဆိုင် ပိုင်ရှင်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ အမှတ်(၄) ရပ်ကွက်မှာ နေပါတယ်။
ဒီကနေ့ မနက်(2:00)နာရီခန့် (7.7.2013. ညသန်းခေါင်ကျော် နှစ်ချက်တီး အချိန်ကြီး)မှာ ဦးသန်းနိုင်က "မီးဗျို့…မီးဗျို့…" ဟု ထအော်ပါတယ်။
ထွက်ကြည့်တော့ ဦးသန်းနိုင် တစ်ယောက်ထဲပဲ ရှိနေတာကို တွေ့ရပါတယ်။ ဆိုင်နီးချင်း ရွှေဆံနွယ် စတိုးမှ တံမြက်စည်းကြမ်းကြီးကို မီးရှို့ထားတာ တွေ့ရပါတယ်။
မီးသတ်တွေနဲ့ ရဲတွေရောက်လာပြီး မီးငြိမ်းသွားပေမယ့် စုံစမ်းမေးမြန်းခြင်း၊ ခေါ်ယူစစ်ဆေးခြင်း လုံးဝမရှိပါဘူး။ အမှတ်(၄)ရပ်ကွက်မှာ ဗမာအိမ် နှစ်အိမ်ပဲရှိပြီး ကျန်တာ မူဆလင်အိမ်တွေချည်း ဖြစ်ပါတယ်။
မီးဗျို့….မီးဗျို့လို့ အော်သံကြားချိန်မှာ ဗမာအိမ်နှစ်အိမ်ကပဲ ထွက်ကြည့်ပြီး ကျန်တဲ့အိမ်တွေက အိပ်မောကြနေဆဲပဲလို့ ပြောပါတယ်။
တံမြက်စည်းမီးရှို့ပြီး ဗုဒ္ဓဘာသာတွေက လာရှို့သလို လိုက်ဖွနေတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် ဇူလိုင်လဆန်းထဲမှာပဲ (၉၆၉)အဖွဲ့က မူဆလင်အိမ်တွေစီ ခြိမ်ခြောက်စာ တွေပို့တယ်လို့ လျှောက်ပြောပြီး မဟုတ်သတင်းတွေ လိုက်လွှင့်နေတာတွေလည်း ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ သူတို့ပဲ ပြဿနာတွေကို လိုက်ဖန်တီးနေတာပါ။ ရွှေမြန်မာတွေ မူဆလင်ထောင်ခြောက်ထဲ မ၀င်မိစေဖို့ သတိပေးလိုက်ခြင်းပါ။

သတင်းရင်းမြစ်
09.86466270
09.6466402

ဗုဒ္ဓဂါယာမဟာဗောဓိတွင်ဗုဒ္ဓဘာသာနိုင်ငံများ စုပေါင်းမေတ္တာပို့သလျက်ရှိ။


Tun Wai


ယနေ. ( ၈-၇-၂၀၁၃ ) မဟာဗောဓိပင် တွင် အကြမ်းဖက် ဗုံးခွဲ ခံရခြင်း ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင့် ရှုံ့ချခြင်း တိုကို မြတ်ဗုဒ္ဓဘုရားဖြစ် ရာ မဟာဗောဓိပင် အောက်တွင် ထေရဝါဒ ဖြစ်သော မြန်မာ ထိုင်း ကမ်ဘောဒီးယာ နှင် ဗီယမ်နမ်မှ ရဟန်း သံဃာတော်များ နှင် သီလရှင်များ တိဘက် ဘုန်းတော်ကြီးများ နှင် ထေရဝါဒ မဟာယာနဗုဒ္ဓဘာသာ စုစုပေါင်း (700 )ကျော် ခန့် တက်ရောက်ခဲ့ပါသည်။

(အရှင်တေဇ)
ကိုကျော်စွာမြင့် ပြန်လည်မျှဝေပါတယ်
8.7.2013

ဗုဒ္ဒဂါယာဗုံးခွဲမှုစီစီတီဗွီထုတ်လွှင့်

r
http://www.ndtv.com/video/player/news/bodhgaya-blasts-cops-release-cctv-footage/282250?v_also_see



KoNiknayman
Published on Jul 8, 2013
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုကို CCTV မှ မြင်တွေ့ ရမှုအား ပြသ၊ ဆက်လက်စုံစမ်းနေဆဲဖြစ်၍ မည်သည်အဖွဲ့  မည်သည့်နိုင်ငံ မည်သည့်လူမျိုး မည်သည့်ဘာသာကိုမှ ထင်ကြေးဖြင့် စွပ်စွဲပြောဆိုခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။
Buddha FM

အိန္ဒိယနိုင်ငံရဲ့ သြဇာတိက္ကမ အကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်၊ လက်ရှိ အာဏာရ Congress ပါတီရဲ့ ဥက္ကဌ ဆိုနီယာဂန္ဓီကတော့ ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ကမ္ဘာပေါ်ကလူသားတွေ ငြိမ်းချမ်းချမ်းလာရောက် အလေးပြုနေတဲ့ မြင့်မြတ်တဲ့ အဆောက်အဦးကို တိုက်ခိုက်တာဖြစ်လို့ ဒီတရားခံတွေ စောနိုင်သမျှစောအောင် အရေးယူမယ်လို့ ပြောဆိုက်ပါတယ်။


လက်ရှိတိဘက် ညွှန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ်ကတော့ ဒီဖြစ်ရပ်တွေ စိတ်မချမ်းသာဘူးလို့ ပြောဆိုလိုက်သလို၊ ဒါတွေကို အရေးယူဆောင်ရွက်သွားဖို့ကလည်း အိန္ဒိယ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကံဆိုးမိုးမှောင်ကျမှု တစ်ခုဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။


အိန္ဒိယ ၀န်းကြီးချုပ် Dr. Manmohan Singh ပြောပြီ။ ဒီလို အထွဋ်အမြတ်ထားတဲ့ မဟာဗောဓိ စေတီတော်မြတ်ကြီးကို တိုက်ခိုက်သူတွေကို လုံးဝသည်းခံမှာ မဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့ ယဉ်ကျေးမှု၊ ထုံးတန်းစဉ်လာတွေက ဘာသာအချင်းချင်း အပြန်အလှန်လေးစားဖို့ သင်ပေးထားပါတယ်။ အခုလို တိုက်ခိုက်တာကိုတော့ ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း အပ်ကြောင်းထပ်အောင် ပြောနေပါပြီ။


ဘုန်းတော်ဒလိုင်းလားမား ။ တကယ်တော့ ဒီလို မြင့်မြတ်တဲ့ ဘာသာရေး ဆိုက်တွေမှာ လုံခြုံရေးထားဖို့ မလိုအပါဘူးတဲ့။ ဒါပေမယ့် အခုလို ဖြစ်ပေါ်လာတော့ လုံခြုံရေးတွေ မထားခဲ့တဲ့အတွက် နောင်တရမိတယ်။ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုပါတယ်။ အိန္ဒိယ ပြည်ထဲရေးဌာနမှာတော့ High-Level Meeting လုပ်နေကြကြောင်းသတင်း ရရှိပါပြီ။ ဘီဟာပြည်နယ် ၀န်ကြီးချုပ်လည်း အဲ့ဒီနေရာကို ထွက်ခဲ့သွားပြီလို့ ဆိုပါတယ်။ ပြည်နယ်အစိုးရ၀န်ကြီးတွေကတော့ ဒီအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုနေကြပါတယ်။ ဒါဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ရှုပ်ချနေကြပါတယ်။