Thursday, July 11, 2013

အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်

r

2013-07-11
( RFA )

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI) အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

photo: arrahmah.com

စင်ကာပူမှာ ဆေးရွက်ကြီး မှောင်ခိုဈေး ကောင်း

    Myawady News
    ရန်ကုန်လေဆိပ်မှာ လူကြုံ ထည့်ပေးလိုက် ပါရစေဆိုပြီး လာအကူအညီတောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာ မနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ် အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

    ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေး လိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေး လိုက်ပေမယ့် စင်္ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေး လိုက်တာ သွားမိပါတယ်။

    မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာ ကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာ ကြီးပါတယ်။

    ကျွန်တော့ အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ် ခတ်ခံရပြီး ရဲစခန်းရောက်သွား ပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက် လာနိုင်တာပါ။

    စင်ကာပူ အထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွား ပါလိမ့်မယ်။

    လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာ ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီး လိုဟာတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။

    ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံ ထည့်ပေးလိုက်ပါရစေ ဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီး တစ်ယောက်ရှိတယ် လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေး ၀န်ထမ်းများ အဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့ အသိက ဆိုပါတယ်။

    သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေး လိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေ တုန်းပါပဲ။

    ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီး ထည့်ပေးလိုက်တာကို တရားမ၀င် လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။

    ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

    ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င် ပစ္စည်း မဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူ လက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော် ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

    စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံ ထည့်ပေးပါရစေ ဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက် ကုန်တာ မနည်းဘူးလို့ သိရပါတယ်။
    ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

ဒေါ်သန်းမြင့်အောင် ကိုကိုကြီး ကိုဂျင်မီနှင့် ဆရာတော်များ ပြောကြားမူ

ဆူးလေနှင့်အနော်ရထာမီးပွိုင့်

Ko Char

ကျန်တဲ့ နေရာဆို မပြောတော့ ပါဘူးဗျာ ..

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်အလွယ်ဆုံးနည်း

Myat Soe Min's photo.

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်အလွယ်ဆုံးနည်း
**************************************************

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ် အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့... ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ် အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ ပါဝင်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ 

ဖေါ်စပ်နည်း
~~~~~~~
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ ထို့နောက် ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး မွှေပေးပါ

အသုံးပြုနည်း
~~~~~~~~ 
ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ် တစ်ပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့ တွေ့မြင် ခံစားရမှာပါ(ယခုမိတ်ဆွေ ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး ကျေးဇူးတင်ကြောင်း ထောက်ခံချက်ပေးလာသောကြောင့် သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက် လျှော့စားပေးရင် ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။ 

လက်ရာ ဧ။်စာမျက်နှာ မှတဆင့်ပြန်လည်ကူးယူမျှဝေပါသည် ။

ရန်ကုန် လေဆိပ် လုံခြုံရေး နှစ်ဆတိုးမြှင့်မည်

ဇူလိုင်လ ၁၀ရက်၊ ၂၀၁၃ခုနှစ်
ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို ယခုရက် ပိုင်းမှ စတင် ကာ နှစ်ဆတိုးမြှင့် ဆောင် ရွက် သွား မည်ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်း ပြည်ပ ဆိုက်ရောက်နေရာများ တွင် လေဆိပ်လုံခြုံရေးများကို တပ်ဖွဲ့ဝင် အင်အားများအပြင် လုံခြုံရေးဆိုင်ရာ နည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ”အရင်တုန်းကတည်းက စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။ လူဝင်လူထွက်နဲ့ အိတ်တွေကို အထူး စစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးမယ်”ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
ယင်းအပြင် ဇူလိုင် ၇ ရက် က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများကြောင့် ပြည် တွင်းရှိ လေဆိပ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းက ”လေဆိပ်မှာ မိုင်းရှာ ကိရိယာတွေ အပြင် လုံခြုံရေးတပ် ဖွဲ့အင်အားကို နှစ်ဆတိုးပြီးတော့ ဆောင်ရွက်မယ်”ဟု ထပ်မံပြော သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်ကစစ်တပ်နှင့် နယ်မြေခံရဲ တပ်ဖွဲ့ ဝင်များ ပူးပေါင်း ကာ လုံခြုံရေးကို ဆောင်ရွက်ခဲ့ သော်လည်း ယမန်နှစ်မှစတင်ကာ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ယူ ကာ လုံခြုံရေး ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Posted From Yangon Media Group ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို အထူးတင်းကျပ်ထားပုံ…။
အရင်တုန်းကတည်းက စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။ လူဝင်လူထွက်နဲ့ အိတ်တွေကို…………

ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို အထူးတင်းကျပ်ထားပုံ…။
ရန်ကုန် လေဆိပ် လုံခြုံရေး နှစ်ဆတိုးမြှင့်မည်

ဇူလိုင်လ ၁၀ရက်၊ ၂၀၁၃ခုနှစ်

ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို ယခုရက် ပိုင်းမှ စတင် ကာ နှစ်ဆတိုးမြှင့် ဆောင် ရွက် သွား မည်ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်း ပြည်ပ
ဆိုက်ရောက်နေရာများ တွင် လေဆိပ်လုံခြုံရေးများကို တပ်ဖွဲ့ဝင် အင်အားများအပြင် လုံခြုံရေးဆိုင်ရာ နည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ”အရင်တုန်းကတည်းက စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။ လူဝင်လူထွက်နဲ့ အိတ်တွေကို အထူး စစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးမယ်”ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

ယင်းအပြင် ဇူလိုင် ၇ ရက် က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများကြောင့် ပြည် တွင်းရှိ လေဆိပ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းက ”လေဆိပ်မှာ မိုင်းရှာ ကိရိယာတွေ အပြင် လုံခြုံရေးတပ် ဖွဲ့အင်အားကို နှစ်ဆတိုးပြီးတော့ ဆောင်ရွက်မယ်”ဟု ထပ်မံပြော သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်ကစစ်တပ်နှင့် နယ်မြေခံရဲ တပ်ဖွဲ့ ဝင်များ ပူးပေါင်း ကာ လုံခြုံရေးကို ဆောင်ရွက်ခဲ့ သော်လည်း ယမန်နှစ်မှစတင်ကာ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ယူ ကာ လုံခြုံရေး ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Posted From Yangon Media Group

ပဋိပက္ခ သံသရာထဲ ဆွဲထည့်ခံနေရသော ပြည်ထောင်စုမြန်မာနိုင်ငံ

ဆောင်းဦးရာသီ's photo.

ပဋိပက္ခ သံသရာထဲ ဆွဲထည့်ခံနေရသော ပြည်ထောင်စုမြန်မာနိုင်ငံ

ဒီနေ့ “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဘင်္ဂလီတွေကို နိုင်ငံသားပေးဖို့ မြန်မာကို သတိပေးတယ်။” ဆိုတဲ့ သတင်းတစ်ပုဒ် နိုင်ငံတကာ မီဒီယာမှာ တက်လာတာ တွေ့ရတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လုပ်နေလို့ နိုင်ငံတကာကို မျက်နှာချိုသွေးနေရတဲ့ အချိန်ကို အခွင့်အကောင်းယူပြီး ပြောတဲ့ စကားပါ။ မြင့်မြတ်တဲ့ လုပ်ရပ်မျိုး မဟုတ်ပါဘူး။ ရရင် အမြတ်၊ မရရင်လဲ ဘာမှ မရှုံးဘူး ဆိုတဲ့ သွေးတိုးစမ်းတာလဲ ဖြစ်မှာပေါ့။ သူ့ပုဂ္ဂိုလ်ရေးအတွက်လည်း အကျိုးရှိချင် ရှိနေမှာပေါ့လေ။

ဒါကိုမှ ကြောက်အားလန့်အားနဲ့ အလေးထား လိုက်လျှောမိယင်တော့ မြန်မာနိုင်ငံတော်ကြီးဟာ မဆုံးတော့တဲ့ ပဋိပက္ခတွေ၊ အစွမ်းရောက် အကြမ်းဖက်မှုတွေ သံသရာထဲက လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။

နဖူးတွေ့၊ ဒူးတွေ့ မကြုံဖူးတဲ့ လူတွေက ဒီဘင်္ဂလီတွေကို လူသားအနေနဲ့ စာနာသနားကြတာ မဆန်းပါဘူး။ ဒါပေမယ့် တကယ်တမ်း လေ့လာကြည့်ယင် ဒီလူတွေရဲ့ အတွေးအခေါ် အသိဥာဏ်၊ အပြုအမူတွေဟာ ကမ္ဘာမှာ အစွမ်းအရောက်ဆုံးဆိုတဲ့ ပါကစ္စတန်နိုင်ငံက အစွမ်းရောက် အကြမ်းဖက်သမားတွေနဲ့ အတူတူပဲဆိုတာကို သွားတွေ့ရပါလိမ့်မယ်။ တိုက်ရိုက်လည်း ဆက်နွယ်နေပါတယ်။ တစ်ချိန်က အရှေ့ပါကစ္စတန်မှာ ကျန်ခဲ့တဲ့ လူမျိုးတူတွေပါဘဲ။ မှန်ကန်တဲ့ လူ့သဘောတရားကို နားလည်တဲ့ လူက တစ်ထောင်မှာ တစ်ယောက်တောင် မတွေ့မိပါဘူး။

ဒီလူတွေကို နိုင်ငံသားသာ ပေးလိုက်လို့ကတော့ အခု ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရမှု သံသရာထဲကို မြန်မာနိုင်ငံဟာ နေ့ချင်းရက်ချင်း ရောက်ရှိသွားမှာကတော့ ရာနှုန်းပြည့် သေချာသွားပါပြီ။ အေးချမ်းတဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ ကိုယ့်အိမ်ထဲမှာနေပြီး ကြောက်နေရတဲ့ ဘဝကို ရောက်သွားမှာပေါ့။

ဒါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခသံသရာတွေထဲ မြန်မာနိုင်ငံကို ဆွဲထည့်ပြီး နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် ထုတ်ချင်သူတွေရဲ့ လုပ်ရပ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ဘာမှ အားနာစရာကို မလိုပါဘူး။ ကိုယ့်ရဲ့ ကျန်ခဲ့မယ့် သားစဉ်မြေးဆက်တွေ အကျိုးကို ကြည့်ပြီး “No” လို့ ပြောလိုက်တာက ဘာမှ မဆုံးရှုံးနိုင်ပါဘူး။ သူတို့နဲ့ လုပ်မှ မြန်မာလူမျိုးတွေ အသက်ရှင်နိုင်တာမှ မဟုတ်တာ။

Arakanese Meeting Point

http://abcnews.go.com/US/wireStory/chief-tells-myanmar-make-rohingyas-citizens-19631671

ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

(Eleven Media Group)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အားများ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လုံခြုံရေးအင်အား တိုးမြှင့်ခြင်းနှင့် အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်အေးက "အခုလောလောဆယ်တော့ ခရိုင်အလိုက် အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတွေကို ဆတိုးဆောင်ရွက် နေတယ်။ အရေးပေါ်ကာလ အနေအထား မဟုတ်သေးပေမယ့် အရေးကြီးကာလအဖြစ် သတ်မှတ်ဆောင်ရွက် နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် အားလုံးက သတ်မှတ်နေရာများမှာ အသင့်ရှိနေပြီး တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အလျင်မြန်ဆုံး ရောက်ရှိသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။

ယခု လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပေးထားပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး အလျင်မြန်ဆုံး လုပ်ဆောင်နိုင်ရန် ညွှန်ကြားထားကြောင်းလည်း ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ်နှင့် တိုင်းများရှိ နယ်စပ်ဂိတ်ပေါက်များ၌ အ၀င်အထွက် စစ်ဆေးမှုများကို ပုံမှန်ထက် ပိုမိုစစ်ဆေးနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာဖြစ်သည့် ဗုဒ္ခဂယာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၁၀ ရက်တွင် ထိုင်းနိုင်ငံ လေကြောင်းလိုင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး သံဃာတော် အယောင်ဆောင်၍ ရောက်ရှိလာခဲ့သဖြင့် ယခုကဲ့သို့ လုံခြုံရေးအင်အားတိုးကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်လေဆိပ်မှတစ်ဆင့် သံဃာတော် အယောင်ဆောင်၍ ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးအား သာသနာ ညှိုးနွမ်းစေသည့် အမှုဖြင့် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိပြီး ၎င်းတို့အား လေဆိပ်မှ စောင့်ကြို၍ တည်းခိုရန် နေရာသို့ ခေါ်ဆောင်ခဲ့သည့် မွတ်စလင် ဇနီးမောင်နှံ နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

by EMG

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေ

Planet Myanmar Network
(၃)နှစ်ကြာ တည်ဆောက်မှုများ အပြီးတွင် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ရွက်လှေကြီး Azzamသည် ပင်လယ်ထဲ ရွက်လွှင့်မှုကို စတင်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ဂျာမန် ရွက်လှေ လုပ်ငန်းကြီး Lurssenက ဖန်တီးခဲ့သည့် Azzamသည် ပေပေါင်း (၅၉၀) ရှည်လျားပြီး ပေါင်စတာလင် သန်း(၄၀၀)ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။

ဧပြီလက Azzamကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော် ပြသခဲ့ပြီးနောက် ဘရီမင်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခဲ့သည်။ ယင်းရွက်လှေ ပိုင်ရှင်ကို တိတိကျကျ မသိရသေးသော်လည်း အရှေ့အလယ်ပိုင်း ဒေသမှ ဘီလျံနာ သူဌေးကြီး တစ်ဦးဦးက မှာယူခြင်း ဖြစ်နိုင်ကြောင်း တွင်တွင်ကျယ်ကျယ် ခန့်မှန်းထားသည်။

Azzamသည် ယခုအခါ ကမ္ဘာ့အကြီးမားဆုံး ရွက်လှေများ စာရင်းတွင် ထိပ်ဆုံးနေရာကို ရိုမန် အေဗရာမိုဗစ်ခ်ျ၏ ရွက်လှေထံမှ လုယူလိုက်ပြီ ဖြစ်သည်။ ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင် ရုရှား ဘီလျံနာ၏ Eclipseသည် (၅၃၃)ပေ ရှည်လျားသည်။ Azzamသည် နော့(၃၀)နှုန်းထိ မောင်းနှင်နိုင်ပြီး ဓာတ်ငွေ့တာဘိုင်နှစ်ခုနှင့် ဒီဇယ်အင်ဂျင် နှစ်လုံးထံမှ မြင်းကောင်ရေ (၉၄၀၀၀)အား စွမ်းအင်ကို ထုတ်ပေးနိုင်သည်။

ဇိမ်ခံရွက်လှေများတွင် အမြန်ဆုံး မောင်းနှင်နိုင်သည့် နှုန်းသည် (၃၁.၅)နော့ ဖြစ်သော်လည်း ယခုအရွယ်အစားနှင့် နှိုင်းယှဉ်လျှင်မူ Azzamသည် အကြီးဆုံးနှင့် အမြန်ဆုံး ရွက်လှေအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ Azzamကို တည်ဆောက်ရာတွင် အဓိက ဦးဆောင်သည့် အင်ဂျင်နီယာမှာ မူဘာရက်ခ် ဆာ့ဒ်အယ်လ် အာဘာဘီဖြစ်ပြီး ပြင်ပဒီဇိုင်းကို Nauta Yatchsက တီထွင်ခဲ့သည်။ အတွင်းအပြင်အဆင်အတွက်မူ ဒီဇိုင်နာ ခရစ္စတို့ဖ် လီယိုနီက ဖန်တီးပေးခဲ့ခြင်းဟု သိရသည်။ Azzamသည် ယခုနှစ်ကုန်ပိုင်းတွင် ပိုင်ရှင်လက်သို့ ရောက်ရှိမည်ဟုလည်း မျှော်လင့်ရသည်။ —

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားခဲ့သူ ကိုဝေဖြိုး အဖမ်းခံရ

RFA Burmese's photo.

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားခဲ့သူ ကိုဝေဖြိုး အဖမ်းခံရ

Generation Wave(GW)အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဝေဖြိုး ကို ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့မှုကြောင့် ပြည်မြို့ရဲစခန်းက ဖမ်းလိုက်တယ်လို့သတင်းရရှိပါတယ်။

သူ့ကိုပြီးခဲ့တဲ့ ၁ဝ ရက်နေ့က ပြည်မြို့မှာ သင်တန်းတစ်ခုပို့ချဖို့ရောက်နေတုန်း ရဲကတည်းခိုခန်းမှာ လာရောက်ခေါ်ဆောင်ပြီး ဖမ်းဆီးလိုက်တာဖြစ်တဲ့အကြောင်း GW အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက RFA ကိုပြောပါတယ်။

"သူကပြည်မှာရောက်နေတာက တခြားအဖွဲ့တစ်ခုနဲ့ပေါင်းပြီး သင်တန်းတစ်ခုကို ပြပေးနေတယ်၊ အဲဒီသင်တန်းအပြီးမှာ သူတည်းနေတဲ့ဟိုတယ်မှာ ရဲတွေကလာပြီး အအေးသောက်ရအောင် ဆိုပြီးခေါ်သွားတယ်၊ ရဲစခန်းရောက်တဲ့အခါ သူ့ကိုဖမ်းလိုက်တယ်ဆိုပြီးပြောတယ်၊ ပြောတော့ ဘာအမှုနဲ့လဲဆိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လမှာတုန်းက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုပြီး ပိုစတာကမ်ပိန်းတစ်ခုလုပ်ထားတာရှိတယ်၊ အဲဒီတုန်းက သူနဲ့အတူပါခဲ့တဲ့လူငယ်နှစ်ယောက်က အဖမ်းခံလိုက်ရပြီး သူကတော့လွတ်မြောက်ခဲ့တယ်ပေါ့၊ အဲဒီမှာ ကိုဝေဖြိုးကို ရဲကတရားခံပြေးအနေနဲ့ စာရင်းထဲမှာထည့်ထားတယ်လေ၊ အဲမှာအခုအမှုနဲ့ ပြန်စွဲတယ်လို့သိရတယ်"

၂ဝ၁၁ ခုနှစ် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကိုဝေဖြိုးနဲ့အခြား ၂ ယောက်ကို ရဲကတရားစွဲတော့ ကိုဝေဖြိုးက တိမ်းရှောင်လွတ်မြောက်သွားပါတယ်။ ကျန်လူငယ် ၂ ယောက်ကို ၂ဝ၁၂ ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ဒဏ်ငွေ ၃ သောင်း ဆိုတဲ့အမိန့်ချမှတ်ခံရပြီး ကိုဝေဖြိုးကို တရားခံပြေးအဖြစ် ကြေညာခဲ့တယ်လို့ဆိုပါတယ်။

အခုတော့ ကိုဝေဖြိုးကိုဖမ်းလိုက်ပြီး မနေ့ကတရားရုံးတင်တဲ့အခါ အမှုတွဲဖိုင် ရှာမတွေ့တဲ့အတွက် ရုံးချိန်းကို ရမန် ၂ ပတ်ပေးလိုက်ပြီး ပြည်မြို့အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားတယ်လို့သိရပါတယ်။

Generation Wave(GW)အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဝေဖြိုး ကို ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့မှုကြောင့် ပြည်မြို့ရဲစခန်းက ဖမ်းလိုက်တယ်လို့သတင်းရရှိပါတယ်