Monday, July 15, 2013

လယ်သိမ်းခံရရင် .. သူ့ဆီကို တိုင်နိုင်ပါတယ်

လယ်သိမ်းခံရရင် .. သူ့ဆီကို တိုင်နိုင်ပါတယ်

အလေးပြုနည်းအသစ်

လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး




on Tuesday, 16 July 2013 00:51


ကျူးလွန်သူ မစန္ဒာဝင်းနှင့် သေဆုံးသူတို့အား အခင်းဖြစ်သည့်နေ့က မြို့မဈေးအတွင်း အတူတူ သွားလာနေသည်ကို ဈေးရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် ရယူထားပုံ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အလောင်းတစ်လောင်း တွေ့ရှိသဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မ--အသက် ၁၇ နှစ်၊ ရပ်ကွက် ၁၀ လားရှိုးမြို့ နေသူဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် ပက်လက် အနေအထား သေဆုံးနေကြောင်း တွေ့ရသည်။

အလောင်းကို မှုခင်းဆရာဝန်ကြီးက ဆေးစစ်ခဲ့ရာတွင် မ---မှာ ဇူလိုင် ၂ ရက် တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အထူးအမှုစစ် အဖွဲ့မှ စုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က လားရှိုး မြို့မဈေးအနီး သုံးဘီးဆိုင်ကယ် ဂိတ်တွင် သေဆုံးသူနှင့် အသားညိုညို အမျိုးသမီး တစ်ဦးတို့ အတူသွားလာ နေသည်ကို တွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် လားရှိုးမြို့မဈေး ဈေးခေါင်းရုံးမှ စီစီတီဗွီ မှတ်တမ်းအား ကြည့်ခဲ့ရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေဆုံးသူနှင့် မစန္ဒာဝင်း ၂၄ နှစ် လားရှိုးမြို့ နေသူကို မြို့ဈေးအတွင်း သွားလာခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသူနှင့်အတူ ခပ်၀၀ အမျိုးသမီးတစ်ဦး လားရှိုးမြို့ နန်းဟေ၀န် ပန်းခြံအတွင်း ၀င်လာသည့် မြင်ကွင်းနှင့် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ခပ်၀၀ အမျိုးသမီး တစ်ဦးတည်း ပြန်ထွက်သွားသည့် မြင်ကွင်းကို ပန်းခြံအတွင်းရှိ ကာရာအိုကေဆိုင်မှ စီစီတီဗွီ၏ မှတ်တမ်းအရ မြင်တွေ့ခဲ့ရသဖြင့် ဇူလိုင် ၉ ရက် ညပိုင်းတွင် မစန္ဒာဝင်းနှင့် ဆက်စပ် မသင်္ကာသူ သုံးဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ မစန္ဒာဝင်း ကိုယ်တိုင် သတ်ခဲ့ကြောင်း၊ ငွေအခက်အခဲ ဖြစ်နေခြင်း၊ သေဆုံးသူနှင့် စကားများနေခြင်း တို့ကြောင့် သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၀တ်ဆင်ထားသော ရွှေနားကပ်၊ လက်စွပ်နှစ်ကွင်းကို ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

http://news-eleven.com/local/mandalay-news-and-local/21095

ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပေါ်နေချိန် နေပြည်တော်ရှိ လမ်းများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်း



 ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး၌ ဆိုးရွားသည့် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပေါ်နေချိန် နေပြည်တော်ရှိ ကွန်ကရစ်လမ်းများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေ

on Tuesday, 16 July 2013 01:36



နေပြည်တော်ရှိ ရာဇသင်္ဂဟ လမ်းမကြီးတွင် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်

ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားနေသည့် အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေသည်။

နေပြည်တော် လမ်းများအား ခင်းကျင်းရာတွင် တစ်မိုင်လျှင် ကျပ် ၁ ဒသမ ၄၃ ဘီလျံကျော် ကုန်ကျရာ၌ ပါဝင်သည့် အပိုင်းများမှာ ၄၈ ပေ x ၁၃ လက်မ ကွန်ကရစ်လမ်း တစ်မိုင်အတွက် ကျပ် ၇၇၂ သန်း၊ လမ်းလယ်ကျွန်း လုပ်ငန်းအတွက် တစ်မိုင်ကျပ် ၉၂ သန်း၊ လမ်းဘေးဝဲယာ မြေသားမြောင်း တစ်မိုင်လျှင် ကျပ် ၇ သန်း၊ လမ်းလယ်ကျွန်း ရေရရှိရေးလုပ်ငန်း တစ်မိုင်လျှင် ၁၆၆ သန်း၊ လမ်းလျှပ်စစ်မီးလုပ်ငန်း တစ်မိုင်ကျပ်သန်း ၂၁၀ နှင့် လမ်းလယ်ကျွန်း လမ်းဘေးဝဲယာ မြေယာရှုခင်း လုပ်ငန်းအတွက် တစ်မိုင်လျှင် ကျပ် ၁၈၄ သန်း စုစုပေါင်း တစ်မိုင်လျှင် ကျပ် ၁၄၃၁ သန်း (ကျပ် ၁ ဒသမ ၄၃၁ ဘီလျံ) အထိ ကုန်ကျခြင်း ဖြစ်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားသည့် ကွန်ကရစ် လမ်းမကြီး တစ်လျှောက်၊ အစိုးရ၀န်ကြီး ရုံးများနှင့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြုလုပ်မည့် အားကစားကွင်း၊ အားကစားရုံ၊ အားကစားရွာသို့ ဆက်သွယ်ထားသည့် ရာဇသင်္ဂဟ လမ်းမကြီး၊ ပျဉ်းမနား-နေပြည်တော်-တောင်ညို ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ခင်းကျင်းခဲ့ကြောင်း သိရသည်။

နေပြည်တော် လမ်းပိုင်းများ ခင်းကျင်းနေမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနသို့ မေးမြန်းခဲ့ရာ၌ သတင်းဖြေကြားမည့်သူထံ အဆင့်ဆင့် လွှဲပြောင်းခဲ့ကြောင်း၊ ဒုတိယ မြို့တော်ဝန် ခွင့်ပြုချက် ရရှိမှသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း၊ ဒုတိယ မြို့တော်ဝန်ထံသို့ သွားရောက်ရာ အစည်းအဝေး တက်ရောက်နေသည်ဟု ပြောကြားသည့် အတွက် ဖြေကြားမှု တစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။


နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းမကြီး တစ်နေရာအား ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းရန်အတွက်မူ တရုတ်နိုင်ငံမှ ငွေချေးပေးထားကြောင်းနှင့် ယခုအချိန်အထိ တစ်ပိုင်းတစ်စပင် ခင်းကျင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍရေး နှစ်များအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ခင်းကျင်းနိုင်ရန် အတွက် တရုတ်နိုင်ငံမှ အတိုးနှင့် ထုတ်ချေးထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြင့် နိုင်လွန်ထပ်ပိုးလွှာ ကတ္တရာခင်းရန် အမျိုးသား စီမံကိန်းသို့ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစတင်နိုင်ရန် တင်ပြထားသည်။

အဆိုပါ အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယခုအချိန်ထိ ယာဉ်မတော်တဆမှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ခရီးသည် သေဆုံးသူ ၂၅၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၈၀၀ ကျော် အထိ ရှိလာပြီ ဖြစ်သည်။ ၎င်းလမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်း အရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၄င်းလမ်းမကြီးပေါ်တွင် အမြန်လမ်း ရဲတပ်ဖွဲ့ ရဲစခန်းများ တည်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှ ယာဉ်အစီးရေပေါင်း ၇၀၀၀ ၀န်းကျင် ဖြတ်သန်း သွားလာကြောင်း သိရသည်။
http://news-eleven.com/local/21116

သံတွဲ မတော်မတရားမှု စစ်ဆေး



15 ဇူလိုင်လ 2013 - 15:31
http://www.bbc.co.uk/burmese

မြန်မာ အမျိုးသမီး မတော်မတရား ပြုကျင့် ခံရတယ် ဆိုတဲ့ သတင်းကြောင့် မွတ်ဆလင် အိမ်တွေ မီးရှို့ တိုက်ခိုက်ခံခဲ့ရ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ရတဲ့ အထိ ကြီးကျယ်ခဲ့တဲ့ မတော်မတရား စော်ကားမူကို ဒီကနေ့ ကြားနာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။အမူကို စတင် ကြားနာ စစ်ဆေးရာမှာ တရားလို အမျိုးသမီးကိုရော၊ တရားခံတွေလို့ စွပ်စွဲခံရသူ တွေကိုပါ စစ်ဆေး ခဲ့ပါတယ်။အမှု စစ်ဆေးတာကို နားထောင်ဖို့ အတွက် လူ ၂၀ဝ လောက် သံတွဲမြို့နယ် တရားရုံးကို သွားရောက်ခဲ့ပေမယ့် သက်ဆိုင်ရာက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။တရားလို အမျိုသမီးငယ်ဟာ တောင်ကုတ်မြို့က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ဖြစ်ပြီး တရားခံတွေလို့ စွပ်စွဲခံရသူတွေကတော့ သံတွဲမြို့က ကမန်အမျိုးသား နှစ်ဦးဖြစ်ကြတဲ့ ကိုဗေလုဝ ခေါ် ငပြူးနဲ့ ကိုနိုင်သူတို့ ဖြစ်ကြပါတယ်။သူတို့နှစ်ဦးဟာ ဇွန်လ ၂၉ ရက်နေ့က အဲဒီ အမျိုးသမီးငယ်ကို မတော်မတရား ပြုကျင့်ခဲ့တယ်လို့ အမျိုးသမီးဘက်က အမှုဖွင့် တရားစွဲဆိုထားပါတယ်။အမှုကိုတော့ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ထပ်မံ စစ်ဆေးမယ်လို့ သိရပါတယ်။အဲဒီအမျိုးသမီးငယ် မတော်မတရား ပြုကျင့်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ သံတွဲမြို့မှာ မူဆလင်တွေရဲ့ အိမ်တွေကို မီးရှို့ တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် အနည်းဆုံး အိမ် ငါးလုံး မီးရှို့ခံ ခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ခဲ့ရပါတယ်။အဲဒီမီးရှို့မူနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဖြစ်ကြတဲ့ ကိုသန်းဌေး၊ ကိုဖေပု၊ ကိုကြီး၊ ကိုဝင်းနိုင်နဲ့ ကိုမောင်မောင်နိုင်တို့ ငါးဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်အမှတ် ၁၀ ဒေါင်းနင်းလမ်း ဗြိတိန် ဝန်ကြီးချုပ် နေအိမ်မှာ တွေ့ဆုံ


BBC Burmese
မစ္စတာ ကင်မရွန်းက သမ္မတ ဦးသိန်းစိန် အလာကို အိမ်ရှေ့က ထွက်ကြို။ခေါင်းဆောင် နှစ်ဦး တွေ့ဆုံပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့။
မစ္စတာ ကင်မရွန်းဟာ မနှစ်တုန်းကို မြန်မာပြည်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ ဆုံခဲ့ဖူးပါတယ်။

လမ်းတဘက်မှာတော့ တချို့ သမ္မတကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာဘက်ပို့မည့် ကျည်ဆန် ၁ သိန်းကျော် ဖမ်းမိ


burmese.dvb.no
Published on July 15, 2013 by ဒီဗွီဘီ

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ကျည်ဆန် ၁ သိန်းကျော်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းရုပ်သံ ချန်နယ်လ် ၃ မှာ သတင်း ဖော်ပြသွားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်ဝန် နန်းနရမွန်း ပါလာ့ဝပ်က ဇူလိုင် ၁၄ ရက်နေ့ မနက် ၉ နာရီခွဲက သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ချန်နယ်လ် ၃ က ပြောပါတယ်။

ကျည်ဆန်ပေါင်း ၁ သိန်းကျော်ကို ဇူလိုင် ၁၄ ရက်နေ့ မနက် ၂ နာရီကျော်က မယ်ဟောင်ဆောင်မြို့ ပန်မူကျေးရွာအုပ်စု ဘန့်ကုန်းမိုက်ဆပ်ရွာက အိမ်အမှတ် ၈၅/၅ မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီဘက်ကို လက်နက်တွေ တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃၃၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့မှူး ဒုရဲမှူးကြီး နာ့လင်းဖွန်းနုမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အမှတ် ၇၈၅၇ ငွေရောင် နစ်ဆန်းဟိုင်းလပ်ကားကို နောက်ယောင်ခံခဲ့ပြီး အဆိုပါအိမ်ရှေ့မှာ ကျည်ဆန်တွေကို ဖမ်းဆီရမိခဲ့တာလို့ ခရိုင်ဝန်က ပြောပါတယ်။

အဲဒီကားပေါ်မှာ ကာဘိုင်ကျည် ၅၆၀ တောင့်၊ ပွိုင့် ၈၈ ကျည် ၂၇၀၀ တောင့်နဲ့ အေကေ ၄၇ ကျည် ၁၁၂၅၀ တောင့်ကို ဦးစွာဖမ်းမိခဲ့ပါတယ်။

ကျည်ဆန်တင်ကားမောင်းသူဟာ အမှတ် ၂ ထောက်ပို့တပ်က အရာခံဗိုလ် နိုင်းဆုမိခ် မစ်ဆီတာဖြစ်ပြီး ဘေးမှာ နိုင်းဂျွန်ဒီးယားဆ၀ပ်ဒီးက လိုက်ပါလာကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဆီကို ပေးပို့ဖို့ ဆရပူရီခရိုင်ဘက်က သယ်ဆောင်လာတာ ဖြစ်ပြီး၊ ဒါဟာ ဒုတိယအသုတ် ပေးပို့တာဖြစ်ကြောင်း ဖွင့်ဟ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့က အိမ်အမှတ် ၈၅/၅ ကို ၀င်ရောက်စစ်ဆေးရာမှာ ပွိုင့် ၈၈ ကျည်ဆန် ၁၀၈၅၀ တောင့်၊ ၁ ဘူးကို ၃၁၆၀၀ တောင့်ပါတဲ့ အမ် ၁၆ ကျည်ဆန် ၉ ဘူး၊ ၇ ဒဿမ ၆၂ မမ ကျည်ဆန်၂၇၀၀၀ တောင့်၊ ကာဘိုင်ကျည်ဆံ ၃၈၀၀ တောင့်၊ ပွိုင့် ၅၀ မမ ၂၅၀၊ ဝေဟင်ပစ်ဒုံးကျည် ၄ လက် နဲ့ရိုးရိုးဒုံးကျည် ၃ ခု စုစုပေါင်း ၁၀၉,၄၇၈ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံထဲမှာ တရားမ၀င်လက်နက် ဖမ်းဆီရမိတဲ့အကြိမ်တွေထဲက အမြင့်ဆုံးအရေအတွက် ဖြစ်တယ်လို့ မယ်ဟောင်ဆောင်ခရိုင်ဝန်က ပြောကြောင်း ထိုင်းတီဗွီမှာ ဖော်ပြသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တို့အဖွဲ့တွေနဲ့ ဘာမှ မဆက်ဆိုင်ပါဘူး။ နယ်စပ်မှာ ပိုက်ဆံရှိတဲ့အဖွဲ့က သိပ်မရှိပါဘူး။ တိုင်းရင်းသားတွေကို ပို့တာတော့ ဖြစ်နိုင်တယ်။ ဒီပစ္စည်းတွေကို တိုင်းရင်းသားတွေကလွဲပြီး ဘယ်သူက ၀ယ်မလဲ။ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ပိုက်ဆံရှိတဲ့အဖွဲ့ပဲ ၀ယ်နိုင်မှာပေါ့” လို့ ပြောပါတယ်။

ဇာနည်နဲ့ဥူးဝီရသူအပြန်အလှန်စိန်ခေါ်

ကျွဲဖြတ်ကူးလို့ ရှောင်တယ် (လေအိပ်ကြောင့် အသက်ရှင်သူ)



ငရဲ သား

High way Police တွေ ဘယ်သွားသေနေကြသလဲ ...။

ဒရိုင်ဘာကြောင့်လို့ ပြောတဲ့သူတွေကကော မိမိတို့ရဲ့ စီမံခန့်ခွဲမှုတွေ ပြည့်ဝပါတယ်လို့ .. ဘယ်သူက အာမခံသလဲ...။

ယာဉ်မောင်းကြောင့်ပါလို့ ပြောနေတဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို စီမံခန့်ခွဲမှုနဲ့ လမ်းကြောင့် အဓိကဖြစ်တယ်လို့ ချေပခဲ့ဖူးတယ်..။

အစကတည်းက အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုတွေ ယာဉ်တိုက်မှုတွေကို အချက် (၉) ချက်နဲ့ သုံးသပ်ခဲ့ဖူးတယ်..။

(၅) လမ်းတစ်ဖက်တစ်ချက်တွင်ရှိသော ဒေသခံများ၏ ဆိုင်ကယ်များ ကျွဲနွား၊ ခွေးများ၊ လမ်းပေါ်တက်လာခြင်းးကို ထိန်းသိမ်း ကြပ်မတ် နိုင်ခြင်း ရှိမရှိ၊
(ခဏခဏ တက်လာပါသည်၊ ကားများလည်း ခဏခဏ ရှောင်ရပါသည်။ ခဏခဏလည်း .. တိုက်ပါသည်..။ ခဏခဏလည်း ရှောင်ရသဖြင့် လူမသိသူမသိ အန္တရာယ်များလည်း ကြုံရပါသည်။)

မူရင်း ပို့စ်
https://www.facebook.com/hellboylu/posts/523893097646768
-----------------------------------------------------------------------------------------------------


ဘာပဲပြောပြော (ဆိုတေးစီးနင်းလာသောကား KIA Sportage (ခန့်မှန်း 2011 Model) ကို မောင်းနှင်သူ၊ (လေအိပ်ကြောင့် အသက်ရှင်သူ) ပြောတဲ့စကားထဲမှာ ....

ကျွဲဖြတ်ကူးလို့ ရှောင်တယ် ဆိုတဲ့ စကားပါဝင်ပါတယ်...။

အဲဒီလို ကျွဲနွားဘွားကနဲတွေ့လို့ ရှောင်ခဲ့တာတွေ၊ ဆိုင်ကယ် ဘွားကနဲ့တွေ့လို့ ဘရိတ်အုပ်တာတွေကို တော်တော်များများ ကြုံဖူးမယ်လို့ ယူဆပါတယ်..။

နောက်တစ်ချက်က အမြန်လမ်း Express Way မဟုတ်ရင် အမြန်လမ်းမဟုတ်ဘူး လို့ တရားဝင် ကြေညာပေးသင့်ပါတယ်..။

တချို့ကပြောပါတယ်။ ဒီလမ်းကို စမ်းသပ်အနေနဲ့ အစိုးရက ခရီးသွားမြန်ဆန်ပါစေတော့ ဆိုပြီး ဖောက်ထားတယ်လို့ လာမန့်သူတွေ ရှိပါတယ်..။ (ဌာနဆိုင်ရာလေသံနဲ့ပေါ့ဗျာ)

အဲဒါဆို တစ်ခုမေးချင်ပါတယ်..။

အဲဒီလမ်းကို ဘတ်ဂျက် ဘယ်သူကို်သလဲ.။

နည်းပညာပိုင်း ဘယ်သူ တာဝန်ယူသလဲ..။

QC ကို ဘယ်သူ တာဝန်ယူခဲ့ပါသလဲ ...။

အဲဒီလူတွေလည်း ဖြေနိုင်မယ်မထင်ပါ...။

ဒီလမ်းကို .. သက်ဆိုင်ရာဝန်ကြီးဌာနမပြောနဲ့ သမ္မတ တောင် .. တာဝန်မယူပါ..။

အရင်တုန်းကလည်း ဖြစ်ပါတယ်.။. မှောက်ကြ သေကြပါတယ်..။ ဒါပေမယ့် မင်္ဂလာမရှိလို့ သတင်းစာထဲ မထည့်ကြသလို ဒီလို ကိုယ်ပိုင်ကားတွေမှောက်ရင် သတင်းစာထဲ ပါလေ့မရှိပါ..။ ဂျာနယ်ထဲလည်း ထည့်လို့မရပါ...။ သတင်းဓါတ်ပုံတောင် ဖြော်ပခွင့်မပြုပါ..။ ရိုက်ခွင့်လည်းမရှိပါ..။
ဘဘကြီးနဲ့ အမျိုးတွေ အမြဲတမ်းသွားလာနေတဲ့အတွက် နေ့မကူးကင် အလောင်းတွေနဲ့ ကားပျက်တွေကို ဖယ်ရှားေးလ့ရှိတာ .. အားလုံး အသိပါ..။

အဲဒါကို ဒီအချိန်မှာ ယာဉ်မောင်းသာသာလျှင် နံပတ် (၁) လို့ ဆောင်းပါးရေးနေတဲ့ သတင်းစာတွေကိုယ်တိုင် ဒီလို အမှောင်ချခဲ့တယ်ဆိုတာ ... အားလုံး သိထားဖို့ပါပဲ ..။
ပြောရေးဆိုခွင့်ရှိသူတွေလည်း ... လိပ်ပြာသန့်နိုင်ကြပါစေကြောင်း..။




ဆိုတေး အမြန်ဆုံးကျန်းမာလာဖို့ ဘုရားမှာ သစ္စာဆိုထားတယ်ဆိုတဲ့ ဖိုးချစ်

YTalk
ဆိုတေးနဲ့ဖိုးချစ်တို့ဟာ အနုပညာလောကမှာ ခင်မင်ရင်းနှီးမှုတွေထက် ပိုပြီး ညီအစ်ကိုအရင်းတွေလို ခင်မင်ကြတယ်အတွက် ဆိုတေးတို့ အခုလို ကံကြမ္မာဆိုးနဲ့ တွေ့ကြုံရတယ်ဆိုတာကို သူများတွေထက်ပိုပြီး စိတ်ထိခိုက်ခံစားရတဲ့အကြောင်း ဇာတ်မင်းသား ဖိုးချစ်က ပြောပါတယ်...` မိဘတွေကိုလုပ်ကျွေးနေတဲ့ ကလေးဖြစ်လို့ ဒီသစ္စာစကားကြောင့် အမြန်ဆုံး ကျန်းမာလာပါစေလို့ သစ္စာဆိုထားတဲ့ အကြောင်း သူက ပြောပြခဲ့တာပါ။ ``ညီလေး ဆိုတေးနဲ့ ကျွန်တော်နဲ့က ဇာတ်မင်းသားနဲ့အဆိုတော် အဖြစ်တင် မဟုတ်ဘူး။ သူ အရင် နာမည်မကြီးခင်ကတည်းက ကျွန်တော်နဲ့အတူတူလက်တွဲပြီးဖျော်ဖြေခဲ့တယ်။ ပြောရရင် ညီအစ်ကို အရင်း တွေလို ချစ်ကြတာပါ။ တကယ့် မိသားစုတွေလိုပါပဲ။ အခုလို ဖြစ်သွားတာကလည်း ကျွန်တော်ကမယ့် တောင်သာပွဲမှာ သ်ီချင်းဆိုဖို့ သူလာတဲ့လမ်းမှာဖြစ်သွားတာကြောင့် ပိုပြီး ခံစားရတယ်။ လေယာဉ်နဲ့လာခိုင်းတာ။ သူက အဆင်မပြေလို့ ကားနဲ့ပဲထွက်လာလိုက်တယ်။ ဖြစ်ဖြစ်ချင်းကတည်းက အခုအချိန်အထိ စကားလုံးတွေတောင် စဉ်းစားလို့ မရအောင် စိတ်ထဲမှာ ၀မ်းနည်း ပူဆွေး နေတဲ့အတွက် ဖုန်းတွေတောင် မကိုင်ဖြစ်ပါဘူး။ သူဖြစ်တယ်လို့ ကြားကြားချင်း ကျွန်တော်ပွဲစဉ်တွေ အားလုံးကို ဖျက်ပြီး သူ့ဆီလိုက်သွားတယ်။ သူ့ဘေးမှာပဲတောက်လျှောက် ကူညီပေးနေတာ။ ကျွန်တော့် ကျန်းမာရေးကိုတောင် အားလုံးက ၀ိုင်းပြီး စိုးရိမ်နေကြပါတယ်။ သူ့အနေအထားကခွဲစိတ်ထားတာကြောင့် ခေါင်းတော့ လုံးဝမလှုပ်နိုင်သေး ပါဘူး။ စောင့်ကြည့်နေရတုန်းပါပဲ။ ဒါပေမယ့် အသက်အန္တရာယ်တော့ အရင်ကလောက် မရှိတော့ဘူးလို့သိရပါတယ်။ အထူး ကြပ်မတ်ကုသဆောင်မှာဆိုတော့ တစ်ယောက်ပဲ ၀င်ခွင့်ရှိလို့ ကျွန်တော့်က ကားပေါ်မှာဖြစ်ဖြစ်၊ သူ့အနားတ၀ိုက်မှာ နေပြီးအခြေအနေ စောင့်ကြည့် နေပါတယ်။ ညီလေးအတွက်အရမ်းစိုးရိမ်လို့ ခေါင်းက လှုပ်လို့ရပြီ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဘန်ကောက်ပဲဖြစ်ဖြစ် စင်ကာပူပဲဖြစ်ဖြစ် သွားပြီး ဆေးကုသဖို့လည်း စီစဉ်ထားပါတယ်။ ´´လို့ ဖိုးချစ်က Sunday ကိုပြောပြခဲ့ပါတယ်...။

Sunday Journal

နစက ဌာနချုပ် ဖျက်သိမ်းခြင်းအပေါ် ရခိုင်ဒေသခံများ စိုးရိမ်နေ



သိန်းလှိုင် | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၄၀ မိနစ်
mizzimaburmese.com
စစ်တွေ(မဇ္ဈိမ)။   ။ သမ္မတ ဦးသိန်းစိန် က နယ်စပ်ဒေသ လူဝင်မှု ကွပ်ကဲရေး စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဒေသခံ တိုင်းရင်းသားများ စိုးရိမ်လျက် ရှိကြောင်း သိရသည်။

သမ္မတရုံး၏ ဇူလိုင်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ တစက ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာ သတင်းတွေမှာ အကြမ်းဖက် အဖွဲ့အစည်းတွေက ကြိုးကိုင်ပြီး ရိုဟင်ဂျာတွေကို စစ်ရေးလေ့ကျင့်
နေတာတွေ ကြားနေရချိန်၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ အကြမ်းဖက် ဗုံးဖောက်တာတွေ ဖြစ်နေချိန်မှာ အခုလို နယ်စပ်လုံခြုံရေးအတွက် အသက်လောက် အရေးကြီးတဲ့ နစက ကို ဖျက်သိမ်းလိုက်တော့ ဒေသခံတိုင်းရင်းသားတွေ အထူးစိုးရိမ်နေကြရတာပေါ့ဗျာ” ဟု မောင်တောမြို့ခံ ဦးလှမြင့် က မဇ္ဈိမကို ပြောသည်။

မောင်တောခရိုင်မှ ရဲအရာရှိ တဦးကလည်း “နစကကို ဖျက်ပြီး ရဲတပ်ဖွဲ့ကို အစားထိုးတာဟာ နိုင်ငံတကာ ပုံစံနဲ့
အညီ လုပ်တာ ဖြစ်နိုင်တယ်။ တဖက် ဘင်္ဂလာဒေ့ရှ်မှာလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGB) ဆိုတာ ရှိတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ ရခိုင်နယ်စပ်နဲ့ပတ်သက်လို့ ကောလာဟလတွေ အမျိုးမျိုး ဖြစ်ပေါ်နေတုန်း ဒီအမိန့် ထွက်လာတော့ လူတွေ စိုးရိမ်ကြတာ အမှန်ပါပဲ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကမူ နစကကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

“သမ္မတ အမိန့်နဲ့ နစကကို ဖျက်သိမ်းလိုက်တာ မှန်ပါတယ်။ နယ်စပ်ကွပ်ကဲရေး တာဝန်တွေကို ပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီးတဦးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရရဲ့ နောက်ထပ် အသေးစိတ် အစီအစဉ်တွေကိုတော့ မသိရ သေးပါဘူး” ဟု ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ နယ်စပ်လုံခြုံရေး တာဝန်ယူမည့် ပြည်နယ်ရဲမှူးမှာ ဦးဗိုလ်ဗိုလ်ဦး ဖြစ်ပြီး ယခုအခါ မောင်တောမြို့သို့ရောက်ရှိ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နစကကို စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ် တွင် တပ်၊ ရဲ၊ အကောက်အခွန်နှင့် လဝက တို့ ပေါင်းစပ်လျက် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်း နစက ဌာနပေါင်း ၁၁ ခုဖြင့် စီမံကွပ်ကဲခဲ့ခြင်းဖြစ်သည်။

'၀'အထူးဒေသနှင့် ပြည်နယ်အဆင့် တောင်းဆိုမှု ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်မည်





Monday, 15 July 2013 00:29
news-eleven.com


ကျိုင်းတုံမြို့ရှိ UWSP ၏ ဆက်ဆံရေးရုံးနှင့် UWSA တပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

'၀' အထူးဒေသ (၂) ကို ပြည်နယ်အဆင့် တောင်းဆိုမှုအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်းသာ ဆောင်ရွက်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဇူလိုင် ၁၂ ရက်တွင် ကျိုင်းတုံမြို့၌ ပြောကြားသည်။

'၀' တောင်ပိုင်းဒေသနှင့် ပတ်သက်ပြီး တပ်မတော်နှင့် '၀' သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ကျိုင်းတုံမြို့၌ တွေ့ဆုံပြီးချိန်တွင် ဦးသိန်းဇော်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အမျိုးသား ညီလာခံမှာ ကတည်းက သူတို့တင်ပြတာပါ။ အခုမှ တင်ပြတာ မဟုတ်ပါဘူး။ သို့သော် အမျိုးသား ညီလာခံကတည်းက တင်ပြခဲ့တာဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ရမယ် ဆိုတာသူတို့ နားလည်ပြီးသားပါ'' ဟု ဦးသိန်းဇော်က ပြောကြားသည်။

ထို့အပြင် '၀' သွေးစည်း ညီညွတ်ရေးပါတီ၏ ပြည်နယ်တောင်းဆိုမှုသည် ချက်ချင်းပေးရန် တောင်းဆိုခြင်း မဟုတ်ဘဲ အချိန်တစ်ခုတွင် ဖြစ်ချင်သည့် ဆန္ဒကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ဦးသိန်းဇော်က ဆိုပါသည်။

''အခုတောင်းတာ မဟုတ်ပါဘူး။ သူတို့ဒေသလေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ချိန်ချိန်မှာ ဒီလိုလေး ဖြစ်ချင်ပါတယ်လို့ ပြောတဲ့ အဆင့်ပဲ ရှိပါတယ်။ ချက်ချင်းကြီး ပေးရမယ်လို့လည်း မရှိပါဘူး။ ဒါတွေက တဖြည်းဖြည်းနဲ့ ညှိနှိုင်းသွားရင် အားလုံး အဆင်ပြေသွားမယ့် ကိစ္စပါ'' ဟု ဦးသိန်းဇော်က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး ထားသော '၀'သွေးစည်း ညီညွတ်ရေး ပါတီနှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း စစ်ရေးအားပြိုင်မှုများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာခဲ့ရသည့် နောက်ခံ အကြောင်းအရင်းများထဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ရှိနေသော '၀' တောင်ပိုင်း ဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ် လိုသည့် ပြင်ဆင်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။

အထူးသဖြင့် တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် ရှိနေသော မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိသည့် ဒေသများတွင် တပ်စွဲထားသော '၀' တပ်စခန်းများ အင်အားစာရင်း တင်ပြရန် တပ်မတော်မှ တောင်းခံခဲ့ခြင်း၊ တပ်စခန်းအချို့ကို ဆုတ်ခွာရန် သတိပေးခဲ့ခြင်း၊ ဆုတ်ခွာခြင်း မပြုသော တပ်စခန်းများကို တပ်မတော်က ၀ိုင်းထားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀'ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး စတုရန်း ၁၇၀၀၀ ကီလိုမီတာ ကျယ်ဝန်းကာ '၀'ဒေသ မြောက်ပိုင်းနှင့် '၀'ဒေသ တောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည် . . .



သို့သော် ဇူလိုင် ၁၂ ရက် ကျိုင်းတုံ ဆွေးနွေးပွဲတွင် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ရသည့် အကြောင်းခံ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ တင်းမာမှုများ လျော့ကျစေရန်အတွက် ထိပ်တိုက်တွေ့နေသော နှစ်ဖက်တပ်များကို ပြန်ဆုတ်ရန် အတွက် သဘောတူညီခဲ့သည်ဟု UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားသည်။

'၀'တောင်ပိုင်းဒေသနှင့် ပတ်သက်ပြီး စစ်ရေးတင်းမာမှု ဖြစ်ခဲ့ရခြင်းသည် နှစ်ဖက်တပ်များအကြား နားလည်မှု လွဲမှားခြင်းကြောင့်သာ ဖြစ်ပြီး နှစ်ဖက်လူကြီးများ တွေ့ဆုံပြီးနောက် ပြေလည်မှု ရခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ကစထ-၂) က ပြောကြားသည်။

ကျိုင်းတုံဆွေးနွေးပွဲတွင် ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့သည့်နည်းတူ နိုင်ငံရေးအရ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဦးသိန်းဇော်က ပြောပါသည်။

''နိုင်ငံရေးပိုင်းကို ကူးလာတဲ့အတွက် တချို့နိုင်ငံရေး စကားတွေကို စပြီး ပြောပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး၊ သူတို့တွေရဲ့ ဆန္ဒတွေ အားလုံးကိုယ်တို့ ပြောခဲ့ပါတယ်။ သူတို့တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့၊ လွှတ်တော်ထဲမှာ ပါဝင်နိုင်ဖို့ ဒီကိစ္စတွေကိုလည်း သူတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်'' ဟု ဦးသိန်းဇော်က ပြောကြားသည်။

လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀'ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး စတုရန်း ၁၇၀၀၀ ကီလိုမီတာ ကျယ်ဝန်းကာ'၀' ဒေသ မြောက်ပိုင်းနှင့် '၀'ဒေသ တောင်ပိုင်းဟု နှစ်ပိုင်း ခွဲခြားထားသည်။

UWSA အနေဖြင့် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်း ပြည်နယ် တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက် ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည် နယ်အစပ်အထိ ဒေသများကို '၀'များအား ပြောင်းရွှေ့နေထိုင် စေခဲ့ရာမှ '၀'တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယမြောက် ခွဲထွက်လာသော အဖွဲ့ဖြစ်သည်။ '၀' သွေးစည်း ညီညွတ်ရေးပါတီသည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ပြီး '၀'အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။

၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာခဲ့သော်လည်း '၀' အဖွဲ့ကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် ရှုမြင်ခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ အားကောင်းလာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့သည်။

လက်နက်ကိုင် အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့စစ် အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော '၀'သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် '၀' သွေးစည်း ညီညွတ်ရေး ပါတီ၏ လက်အောက်တွင် ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန် ဒေသများတွင် အဓိက လှုပ်ရှားလျက် ရှိပါသည်။

UWSA ၏ ဌာနချုပ်သည် '၀' မြောက်ပိုင်း ပန်ဆန်းတွင်ရှိပြီး တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းနှင့် လာရှိုးတို့တွင် အစိုးရနှင့် ဆက်ဆံရေးရုံးများ ဖွင့်ထားသည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လူမှုဘ၀များကိုပါ ထိခိုက်လာ

news-eleven.com
ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ နည်းမျိုးစုံဖြင့် ဖြေရှင်းနေသည့်ကြားမှ ပိုမိုဆိုးရွားလာပြီး နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကိုပါ ထိခိုက်လာ
Created on Monday, 15 July 2013 00:45
7.14.4
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ နေသည်ကို ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို မဖြေရှင်းနိုင် သေးသဖြင့် နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကိုပါ ထိခိုက်မှုရှိလာကြောင်း ပြည်သူများထံမှ သိရသည်။
ကားများတင်သွင်းခွင့် ပိုမိုလွတ်လပ် လာပြီးနောက် ကားအများအပြား တင်သွင်းလာခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို နည်းမျိုးစုံဖြင့် ဖြေရှင်းနေသည့်ကြားက ပိုမိုဆိုးရွား လာခြင်းဖြစ်ပြီး အလွှာစုံ နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကို ထိခိုက်မှု ရှိလာခဲ့ခြင်း ဖြစ်သည်။
''မြို့ထဲက တိုက်ခန်းတွေ ဈေးမြောက်ပြီး မငှားနိုင်လို့ ဒဂုံဆိပ်ကမ်းကို ရွှေ့လာရတယ်။ မနက်ဆို ရုံးချိန်မီအောင် အစောကြီး အိပ်ရာ ထရတယ်။ တစ်နေ့တစ်နေ့ ကားပေါ်မှာ သုံးလေးနာရီ အချိန်ကုန်ရတယ်။ တစ်နေ့လုံး ကားပေါ်မှာ အချိန်ကုန်ရတာများတော့ အလုပ်ထဲလည်း ကောင်းကောင်း အာရုံမစိုက်နိုင်။ တစ်နေကုန် ပင်ပန်းတော့ အိမ်ကျတော့ မိသားစုဘ၀ဆိုတာ မရှိတော့ဘူး။ စင်ကာပူလို ဖြစ်ချင်တဲ့ သမ္မတကြီးနဲ့ ခုံးကျော်တံတားတွေ လေးလနဲ့ဆောက်မယ့် ၀န်ကြီးတွေကို ကားကျပ်ကျပ်တွေ အကြာကြီး စီးနေရတဲ့ အချိန်တွေမှာ သတိရတယ်လို့ ပြောပေးပါဗျာ'' ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်ကျော်က ပြောပါသည်။
ယာဉ်များ တင်သွင်းခွင့် လွတ်လပ်လာသဖြင့် ကားဈေးကွက် အတွင်း ကားဈေးနှုန်းများလည်း ခေါက်ချိုးကျော်သည်အထိ ထိုးကျခဲ့သော်လည်း ယင်း၏ အကျိုးသက်ရောက်မှုသည် ယခင်ကားဝယ် မစီးနိုင်သေးသည့် လူလတ်တန်းစား အများစုကို ကားဝယ်စီးနိုင်သည့် လူတန်းစားအဖြစ် လူနေမှု အဆင့်အတန်းကို မြှင့်တင်မပေး နိုင်သည်ကို တွေ့ရသည်။
မူလက ကားဈေးနှုန်းများ မကျသေးခင်က ကားဝယ်စီးနိုင်သူ လူတန်းစား တစ်ရပ်သာ ယခင်ကားတစ်စီး ပိုင်သူများက သုံးလေးစီး ၀ယ်စီးနိုင်ခဲ့သည့် ပြောင်းလဲမှု တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ရန်ကုန်မြို့အတွင်း ကားအစီးရေ များပြားလာ ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များက ကားဝယ်စီးနိုင်သူများ သာမက ကားဝယ်မစီး နိုင်သေးသည့် လူလတ်တန်းစား၊ အောက်ခြေ လူတန်းစားများ၏ လူနေမှုဘ၀များကို ထိခိုက်လာခဲ့သည်ဟု ပြည်သူအများစုက မှတ်ချက်ပြုခဲ့ကြသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကို ထိခိုက်မှု ရှိလာသည် ဆိုရာတွင် နေ့လုပ်နေ့စားများ၊ အစိုးရနှင့် ကုမ္ပဏီ ၀န်ထမ်းများ၊ တက္ကစီ ယာဉ်မောင်းများ၊ ဘတ်စ်ကား စပယ်ယာများ၊ ဘတ်စ်ကား ယာဉ်မောင်းများ၊ နေ့စဉ် ဘတ်စ်ကားစီး ခရီးသည်များနှင့် လုပ်ငန်းရှင်များအထိ ဖြစ်ကြောင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လူမှုဘ၀ ထိခိုက်နေရသူများက ပြောကြားသည်။


တစ်နေ့လုံး ကားပေါ်မှာ အချိန်ကုန်ရတာများတော့ အလုပ်ထဲလည်း ကောင်းကောင်း အာရုံမစိုက်နိုင်။ တစ်နေကုန် ပင်ပန်းတော့ အိမ်ကျတော့ မိသားစုဘ၀ဆိုတာ မရှိတော့ဘူး။ စင်ကာပူလို ဖြစ်ချင်တဲ့ သမ္မတကြီးနဲ့ ခုံးကျော်တံတားတွေ လေးလနဲ့ဆောက်မယ့် ၀န်ကြီးတွေကို ကားကျပ်ကျပ်တွေ အကြာကြီး စီးနေရတဲ့ အချိန်တွေမှာ သတိရတယ်လို့ ပြောပေးပါဗျာ...


အထူးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် မြို့သစ်များတွင် နေထိုင်သူများ၏ ကိုယ်ပိုင် အားလပ်ချိန်များသည် ဘတ်စ်ကားများပေါ်တွင် ကုန်ဆုံးနေရကြောင်း မြို့သစ်နေသူများက ဆိုသည်။
''ကျွန်မက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေပါတယ်။ ရုံးဆင်းချိန်က ညနေ ၅ နာရီ။ ဘတ်စ်ကားစောင့် ရတာက နာရီဝက်။ ကျပ်ကျပ်သိပ်သိပ်နဲ့ ကားပေါ်မှာ စီးရတဲ့ကြားထဲ လမ်းပိတ်ကားပိတ်လို့ အစောဆုံး အိမ်ပြန်ရောက်ချိန်က ၈ နာရီခွဲ ၉ နာရီပဲ။ မနက်ဆို ရုံးချိန်ထက် ၂ နာရီ ၃ နာရီ အိမ်က စောထွက်ရပါတယ်။ ဒါကြောင့် မိသားစု အချိန်မပေးနိုင်လို့ မိသားစုဘ၀ကို မခံစားနိုင်ဘူး'' ဟု ဒဂုံမြို့သစ်၌နေသော ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မသိန်းသိန်းက ဆိုပါသည်။
အလားတူ နေ့လုပ်နေ့စားများ အနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့ မှုကြောင့် လူမှုဘ၀ ထိခိုက်နေရခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပန်းရံအလုပ်သမား အဖြစ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သော ကိုစိုးထွန်းက ''နေ့လုပ်နေ့စား အများစုက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လို နေရာတွေကနေ လာပြီး မြို့ထဲမှာလာ အလုပ်လုပ် ကြရတာပါ။ ကားပိတ်လို့ လုပ်ငန်းခွင် အချိန်မီ မရောက်ရင် အလုပ်ပြုတ်မှာစိုးလို့ မနက် ၄၊ ၅ နာရီလောက် ကတည်းက အိမ်က ထွက်ရတယ်။ ကားပိတ်လို့ နေ့တိုင်းမိုးချုပ်မှ အိမ်ပြန်ရောက်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ အချို့နေ့တွေမှာ ကိုယ့်ဆီက ပိုက်ဆံရမှ ချက်ပြုတ်ရမှာ ဆိုတော့ ကိုယ်နောက်ကျလို့ မိသားစုက ကိုယ့်ကိုစောင့်ပြီး ထမင်းစားရတာတွေ ရှိတယ်'' ဟု ရင်ဖွင့်ခဲ့သည်။
ကားပိတ်မည် စိုးသဖြင့် လမ်းကြော ရှောင်မောင်းရသဖြင့် အချိန်ပိုကုန်သဖြင့် အကြောင်းရေများများ မဆွဲနိုင်သည့်အပြင် ဒီဇယ်၊ ဓာတ်ဆီ၊ ဂက်စ်ပိုကုန်သဖြင့် ၀င်ငွေကို များစွာ ထိခိုက်နေရကြောင်းလည်း တက္ကစီယာဉ်မောင်း များထံမှ သိရသည်။
ထို့ပြင် ယာဉ်ရပ်နားရာ နေရာများ ရှားပါးမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းဘေးဝဲယာ တစ်လျှောက် ကားများ ဦးရာလူစနစ်ဖြင့် ယာဉ်ရပ်နားလျက်ရှိပြီး ယာဉ်နှစ်ထပ်၊ သုံးထပ် ရပ်နားမှုများကလည်း ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အချက်အချာကျရာ နေရာများတွင် ယာဉ်ရပ်နားရန် နေရာရှားပါးမှုကြောင့် သွားလာရန် ပိုမိုခက်ခဲလာခဲ့ပြီး သက်ရောက်မှု အနေဖြင့် အဆိုပါ နေရာများရှိ အရောင်းဆိုင်ခန်းများတွင် လူဝင်ရောက်မှု လျော့နည်းလာခဲ့ကာ ဈေးရောင်း ဈေးဝယ် လူတန်းစားများ၏ လူမှုဘ၀များကိုပါ ထိခိုက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ရန်ကုန်မြို့တွင် ဆိုးရွားစွာ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင်သာ အချိန်ကုန် နေရသဖြင့် လုပ်ငန်းရှင်များ အပါအ၀င် နယ်ပယ်အသီးသီးမှ ပြည်သူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုများလည်း ရှိနေကြောင်း သိရသည်။
စီးပွားရေး ပညာရှင် ပါမောက္ဓ ဒေါ်ရီရီမြင့်က ''နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေတွေကို စဉ်းစားတာ အားနည်းလို့ ခုလိုဖြစ်နေတာပါ။ အရင်ထက် ကားဈေးကျလို့ ကားစီး နိုင်တာတွေ များလာတယ်။ လမ်းတွေကို ကြိုပြီးပြင်ဆင် မထားတော့ လမ်းတွေပိတ်ကုန် ကျပ်ကုန်တယ်။ ကားတွေများလာတယ် ဆိုပေမယ့် လူတွေ အဆင်မပြေကြဘူး။ အခုထိ ကားတွယ်စီးနေကြတာ။ ကားဂိတ်မှာ လူတွေစုပြုံတိုးဝှေ့ပြီး စီးနေရတာ မြင်ရတာ စိတ်မကောင်းဘူး။ မြန်မာပြည်က ဘာမှအဆင်သင့် မဖြစ်ဘူး။ လတ်တလော အဆင်မပြေတာ နားလည်ပေးလို့ ရပေမယ့် အ စိုးရက အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်။ ကားဝယ်စီးတာက ပြည်သူတွေရဲ့ အခွင့်အရေးပဲ။ အစိုးရက လမ်းတွေ၊ တံတားတွေ ဖောက်ပေးဖို့ လုံလောက်အောင် ပြင်ဆင်ဖို့ တာဝန် ရှိတယ်'' ဟု ထင်မြင်ချက် ပေးပါသည်။
ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ သိသာလာခဲ့ခြင်း ဖြစ်ပြီး အစိုးရမှ ခုံးကျော်တံတားများနှင့် လမ်းများပြုပြင် တိုးချဲ့ခြင်းများ ဆောင်ရွက်နေသည့် လမ်းပိတ်ဆို့မှုသည် ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
7.14.5
မဟာဗန္ဓုလ လမ်းပေါ်တွင် ယာဉ်ကြောကျပ်နေမှုကို ဇူလိုင် ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းသန့်)
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် နေ့စဉ်သွားလာ လှုပ်ရှားနေသည့် အများပြည်သူများ အကြားသာမက ရန်ကုန်မြို့တော်သို့ လာရောက်ကြသော နိုင်ငံခြား ခရီးသွားများ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များပါ ရိုက်ခတ်မှု ရှိလာခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၏ အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြို့တွင်းသို့ ၀င်ရောက်သည့် အဓိက လမ်းမကြီးများ ဖြစ်သည့် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းများတွင်ပါ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွား လာခြင်းကြောင့် နိုင်ငံခြား ခရီးသွားများအကြား ရန်ကုန် မြို့၏ ယာဉ်ပိတ်ဆို့မှုသည် ပြောစမှတ်တွင်စ ပြုလာခဲ့သည်။
တစ်ချိန်က အာရှတိုက်၏ နာမည်ကျော် မြို့ကြီးတစ်မြို့၏ အလှအပနှင့် ခမ်းနားထည်ဝါမှု အငွေ့အသက်တို့ကို တွေ့မြင်လို၍ လာရောက် လေ့လာကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များသည်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို စတင်ခံစားကြရပြီး ခင်းလက်စလမ်းများ၊ ပြုပြင်ဆဲလမ်းများ၊ ချိုင့်ခွက်များကြားမှ တရွေ့ရွေ့ မောင်းနှင်သော ကားပေါ်တွင်သာ တစ်နေ့တာ အချိန်များစွာကို ကုန်ဆုံးလျက် ရှိသည်။
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား လုပ်ငန်းခွင်အနီး ပတ်ဝန်းကျင်များနှင့် လမ်းခင်းကျင်း ချဲ့ထွင်နေသည့်နေရာ ပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှု အပြင် တည်ဆောက်ပြီး ခုံးကျော်တံတား ပတ်ဝန်းကျင်၌လည်း ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေဆဲပင် ဖြစ်သည်။ မိုးတွင်းကာလ ဖြစ်သဖြင့် လမ်းများပေါ်တွင် ရေကြီးရေလျှံကာ ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမိုဖြစ်ပေါ်စေကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာနေသူ၏ ပြောကြားချက်များအရ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အဓိက လမ်းဆုံနေရာများတွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန် ၂၀၁၁ ခု နှစ်ကုန်ပိုင်းတွင် စတင်စီစဉ်ခဲ့ကာ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ ငါးလမ်းဆုံ မီးပွိုင့်များတွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှသာ ပန္နက်တင်ကာ စတင် တည်ဆောက်နိုင်ခဲ့ပြီး ဘုရင့်နောင် ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများကို ဆက်လက် တည်ဆောက်ဆဲဖြစ်ကာ တာမွေငါးလမ်းဆုံ ခုံးကျော်တံတားမှာမူ မဆောက်လုပ် ဖြစ်တော့ဟုလည်း ထုတ်ပြန်ခဲ့သည်။
ခုံးကျော်တံတား ဆောက်လုပ်သည့် နေရာများမှာ ရန်ကုန်မြို့ရှိ အဓိက ခြောက်လမ်းသွားများ ဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ဘုရင့်နောင် လမ်းမများပေါ်တွင် ဖြစ်သောကြောင့် ခုံးကျော်တံတား ဆောက်လုပ်နေစဉ် ကာလများအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ လှည်တန်း ခုံးကျော်တံတားကို တည်ဆောက်ချိန် တစ်နှစ်ကျော်ကြာသည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။ လှည်းတန်းခုံးကျော် တံတားပြီးစီးကာ အသုံးပြုခွင့်ရ၍ လှည်းတန်း အနီးတစ်ဝိုက် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် သက်သာသွားသော်လည်း ခုံးကျော်တံတားအဆင်း စိုက်ပျိုးရေး မှတ်တိုက်အနီးမှ စတင်၍ ဟံသာဝတီလမ်း တောက်လျှောက် ယာဉ်ကြောများ ပိတ်ဆို့လာပြီး မိုးရွာသည့် အချိန်များတွင် ပိုမိုဆိုးရွား နေသည်ဟု သိရသည်။
သို့ဖြစ်ရာ ခုံးကျော်တံတား ဆောက်လိုက်သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုကို အနည်းငယ်သာ ဖြေရှင်းနိုင်သည့် အတွက် ထပ်မံ ဆောက်လုပ်နေသည့် ခုံးကျော်တံတား နှစ်စင်းမှာလည်း ယာဉ်ကြော ပိတ်ဆို့မှုများကို အများအပြား ဖြေရှင်းနိုင်ခြင်း ရှိမရှိမှာ မသေချာသည့် အနေအထားပင် ဖြစ်နေကြောင်း သုံးသပ်နေကြသည်။
ထို့နောက် တိုးပွားသည့် ယာဉ်အစီးရေနှင့်အတူ လိုက်လျောညီထွေဖြစ်မည့် လမ်းချဲ့ထွင်မှုများကို စဉ်းစားခဲ့ကြကြောင်း၊ သို့သော် လမ်းချဲ့ထွင်မှု များမှာလည်း အကန့်အသတ်ဖြင့်သာ ချဲ့ထွင်၍ရပြီး အများအပြား ပြုလုပ်၍ မရနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ထို့အတွက် လမ်းပေါ်တွင် ယာဉ်များ ရပ်တန့်၍ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်အတွက် လမ်းသားများအား ချဲ့ထွင်၍ အခမဲ့ ကားပါကင်များ ပြုလုပ်ပေး၍လည်း ဖြေရှင်းခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ရေကျော်အနီး၊ အထက်ကြည့်မြင်တိုင် လမ်းများရှိ နေရာအချို့တွင် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ ပြုလုပ်ပေးခဲ့ကြောင်း သို့သော် ယာဉ်ရပ်နားသည့် နေရာများတွင် ဈေးသည်အချို့ ဈေးရောင်းချခြင်းနှင့်အတူ ဓာတ်တိုင်များ ခံနေခြင်း စသည့်တို့ကြောင့် အချို့ယာဉ်များ မရပ်ဘဲ လမ်းပေါ်တွင်သာ ရပ်နေခြင်းကြောင့် ယာဉ်ကြောများ ပိတ်ဆို့နေဆဲပင် ဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေတွေကို စဉ်းစားတာ အားနည်းလို့ ခုလိုဖြစ်နေတာပါ။ အရင်ထက် ကားဈေးကျလို့ ကားစီး နိုင်တာတွေ များလာတယ်။ လမ်းတွေကို ကြိုပြီးပြင်ဆင် မထားတော့ လမ်းတွေပိတ်ကုန် ကျပ်ကုန်တယ်။ ကားတွေများလာတယ် ဆိုပေမယ့် လူတွေ အဆင်မပြေကြဘူး။ အခုထိ ကားတွယ်စီးနေကြတာ။ ကားဂိတ်မှာ လူတွေစုပြုံတိုးဝှေ့ပြီး စီးနေရတာ မြင်ရတာ စိတ်မကောင်းဘူး။ မြန်မာပြည်က ဘာမှအဆင်သင့် မဖြစ်ဘူး...

ယင်းအပြင် ယာဉ်ရပ်နား စခန်းများဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေ ရှင်းရန် စဉ်းစားခဲ့ကြပြီး လက်ရှိဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက် နေရာရှိ ယာဉ်ရပ်နား စခန်းအပြင် သူနာပြု တက္ကသိုလ်ရှေ့တွင် ယာဉ်ရပ်နား စခန်းတစ်ခုနှင့် ဗိုလ်တထောင် အမှတ်(၆) သစ်စက်ဝင်း အတွင်း ကွန်တိန်နာ ယာဉ်ရပ်နားစခန်း တစ်ခုကိုလည်း အကောင်အထည် ဖော်ခဲ့ကြောင်း၊ သို့သော် သူနာပြု တက္ကသိုလ်ရှေ့ရှိ ယာဉ်ရပ်နားစခန်းမှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရး စခန်းမှ ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းများ ပြောင်းရွှေခဲ့သောကြောင့် အသုံးပြုနိုင်ခြင်း မရှိကြောင်း သိရသည်။
သို့ဖြစ်၍ လမ်းများချဲ့ထွင်မှုများကို ပြုလုပ်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ လျော့ကျသွားခြင်း မရှိသေးဘဲ ပိုဆိုးရွားပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသွား ပြည်သူများ လမ်းပေါ်တွင်သာ အချိန်များ ကုန်ဆုံးနေရကြောင်း၊ ရန်ကုန်မြို့ရှိ လမ်းများချဲ့ထွင်စရာ ကုန်သွားပါက ရန်ကုန်မြို့တွင်း သွားလာ ၀င်ထွက်သည့် ကားအရေအတွက်ကို ကန့်သတ်သွားမည့် အစီအစဉ်ကို ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လျင်မြန်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် လေးထပ်နှင့် အထက်ဆိုပါက ယာဉ်ရပ်နားရန်နေရာ (ကားပါကင်)ကို တစ်ခန်းလျှင် တစ်စီးစာ မဖြစ်မနေ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း သိရသည်။ သို့သော် ရန်ကုန် မြို့တွင်း အဆောက်အအုံများတွင် ကားပါကင် မလုံလောက်သည့် အခြေအနေများကြောင့် ယာဉ်ကြောများ ပိတ်ဆို့နေ၍ အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်မည် ဆိုပါက ကားပါကင် အလုံအလောက် ထားရှိရန် တင်ပြလာမှသာ ဆောက်လုပ်ခွင့် ပြုသင့်ကြောင်းလည်း ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာများကို လေ့လာခဲ့သော JICA အဖွဲ့မှ သုံးသပ်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ကိုယ်ပိုင်ကား ရပ်နားရန် နေရာရှိမှသာ ကားဝယ်ယူခွင့် ရှိကြောင်းလည်း သိရသည်။
ထပ်မံ၍ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်၍ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ စသည့်လမ်းများပေါ်တွင် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ ထပ်မံတိုးချဲခြင်းနှင့် အတူ ဝေဇယန္တာလမ်း၊ ဦးချစ်မောင်လမ်း စသည့်များတွင် ပြုလုပ်လျက် ရှိသည်။
လက်ရှိအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုး သုံးခဲ့ကြသော်လည်း ထိရောက်သည့် အကျိုးသက်ရောက်မှု ရှိသည်ကို မတွေ့ရကြောင်း ထို့ကြောင့် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ပြန်လည်စိစစ် ထိန်းသိမ်းပေးရတော့မည် ဖြစ်ကြောင်း ထိုသို့ ကားတင်သွင်းခွင့် ဆိုင်ရာ မူဝါဒ အပြောင်းအလဲများ ပြုလုပ်မည် ဆိုပါကလည်း ပြည်သူလူထုသို့ လုံလောက်သည့် အချိန်သတ်မှတ်ကာ ကြိုတင် အသိပေးသင့်ကြောင်း မော်တော်ယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုခဲ့ကြသည်။
ထိုသို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ အဓိက ထိန်းသိမ်းစိစစ် ပေးသင့်သည့် အချက်မှာ အသုံးပြုပြီး ကားများဖြစ်သည့် (Used car) များ တင်သွင်းမှုကို ကန့်သတ်ကာ ကားသစ်များကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း၊ လက်ယာ ကပ်မောင်းရသည့် လမ်းစည်းကမ်းနှင့် စတီယာရင် ညာမောင်း ဖြစ်နေမှု လိုက်လျောညီထွေမှု မရှိ၍ ဖြစ်ပွားခဲ့ရသည့် မတော်တဆမှုများ ရှိခဲ့သောကြောင့် ကားသစ်များ တင်သွင်းခွင့် ပြုရာတွင်လည်း ဘယ်မောင်းများကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း မော်တော်ယာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက အကြံပြုခဲ့ပါသည်။
''ကားနဲ့ပတ်သက်တဲ့ Trade Policy က တိတိကျကျ မရှိဘူး။ Infrastructure နဲ့ ချိန်ဆမထားဘူး။ Public Transport နဲ့ ပတ်သက်လို့လည်း စီမံချက်မရှိဘူး။ ဒီ တစ်နှစ်၊ နှစ်နှစ်အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက် တချို့ဟာ အမှတ်ရရင်ပြီးရော အလွယ်လုပ်တဲ့ Policy မျိုးတွေ ဖြစ်နေတယ်။ အခုလို ကားကျပ်ပြီး လူတန်းစားပေါင်းစုံ ဒုက္ခရောက်ရတာဟာ ကားတင်သွင်းမှုနဲ့ အခြေခံ အဆောက်အအုံကို ချိန်ဆ မထားနိုင်တဲ့ ပြဿနာပါ'' ဟု အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။
ယခင်ကာလများက နိုင်ငံ၏ ကန့်သတ် ချုပ်ချယ်မှုများကြားမှ ပြန်လည်လွတ်လပ်စွာ တင်သွင်းခွင့် ပြုရသည့် အခြေအနေဖြစ်၍ (Used car) များ အများအပြား တင်သွင်းခွင့် ပြုခဲ့ခြင်းမှာ သင့်တော်သော်လည်း လက်ရှိနိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့် အထိုက်အလျောက် ပွင့်လင်းလာသော အခြေအနေတွင် ကားသစ်များသာ တင်သွင်းခွင့် ပြုရတော့မည် ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။
နိုင်ငံတွင်းသို့ (Used car) များသာ တင်သွင်းနေပါက ကားသစ်များထက် ကြံ့ခိုင်မှုပိုင်းတွင် ပိုမိုလျင်မြန်စွာ ကျဆင်းနိုင်သဖြင့် ယခင်ကားဟောင်းဈေးကွက် သံသရာသို့ ပြန်လည်ရောက်ရှိပြီး ကားများမှ ထွက်သည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရ ကြည့်မည်ဆိုပါက ကားသစ်များကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း၊ ကားသစ်များ တင်သွင်းမှုကို မူဝါဒများနှင့် စနစ်တကျ ထိန်းချုပ်တင်သွင်းခြင်းဖြင့် (Used car) များ ဖောဖောသီသီ မ၀င်ရောက် နိုင်တော့သဖြင့် ကားအရေအတွက်များပြီး ယာဉ်ကြော ပိတ်ဆို့နေမှုကို နည်းလမ်း တစ်မျိုးဖြင့် ဖြေရှင်းရာ ရောက်မည် ဖြစ်ကြောင်းလည်း ကားတင်သွင်းမှုနှင့် ပတ်သက်၍ စောင့်ကြည့် နေသူများက သုံးသပ်ပါသည်။7.14.6
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်လမ်းဆုံ တံတားစီမံကိန်းအနီး ယဉ်ကြောကျပ်နေမှုများ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် (Used car) များကို လုံးဝတင်သွင်းခွင့် မပြုကြောင်း လက်ရှိမလေးရှား နိုင်ငံတွင် (Used car) များ တင်သွင်းမှုကို ခွင့်ပြုထားသော်လည်း ၂၀၁၅ ခု နှစ်တွင် (Used) များကို တင်သွင်းခွင့် ပြုတော့မည် မဟုတ်ကြောင်း စင်ကာပူနိုင်ငံတွင် ၃ နှစ် သက်တမ်း အောက် ကားဟောင်းများကိုသာ တင်သွင်းခွင့်ပြုပြီး ကားဟောင်း၏ သက်တမ်းကို နိုင်ငံခြားတွင် မှတ်ပုံတင်သည့်နေ့မှ စတင် သတ်မှတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် ကားဈေးကွက် အခြေအနေရ နိုင်ငံတကာ ကားကုမ္ပဏီများ တရားဝင် စတင်ဝင်ရောက်မှုများ ရှိလာပြီး လက်ရှိအချိန်တွင် အမေရိကန် အခြေစိုက် Ford၊ Chevrolet ဂျာမနီအခြေစိုက် Mercedes၊ တောင်ကိုရီးယား အခြေစိုက် Hyundai၊ KIA တို့ မြန်မာဈေးကွက်သို့ ၀င်ရောက်လာပြီ ဖြစ်သည်။
ယခုနှစ် မေလကုန်ပိုင်းတွင် KIA ကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်း စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် သြဂုတ်လတွင် Ford၊ နှစ်ကုန်ပိုင်းတွင် Mercedes နှင့် Chevrolet ကုမ္ပဏီတို့က ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာများကို အပြိုင်အဆိုင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ထို့ပြင် ဂျပန်ကား ကုမ္ပဏီများဖြစ်သော Toyota၊ Nissan၊ Honda၊ Suzuki၊ Mitsubishi ကားကုမ္ပဏီ များကလည်း ၀န်ဆောင်မှု စင်တာများ တိုးချဲ့ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။
မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်သည့် နိုင်ငံတကာ ကားကုမ္ပဏီများသည် ကားအသစ် များကိုသာ တင်သွင်းရောင်းချ သွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် ၀န်ဆောင်မှုများ ပေးအပ်မည် ဖြစ်ခြင်းကြောင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အသုံးပြုပြီး ကားဟောင်း ဈေးကွက်ကို တဖြည်းဖြည်း ကျော်လွန်နိုင်မည်ဟု နိုင်ငံခြား ကားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် တာဝန်ရှိသူများက ဆိုပါသည်။
KIA ကားကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် SSS မှ ဒါရိုက်တာ ဦးကျော်သူရကလည်း ''ကျွန်တော်တို့ ကားသစ် ဘယ်မောင်းတွေကိုပဲ တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ ကားဟောင်းတွေ ပိုအ၀ယ်လိုက် နေပေမယ့် နောက်ပိုင်း ပြောင်းလဲလာမယ့် လူနေမှု အဆင့်အတန်း အခြေအနေတွေနဲ့ အညီ ကားသစ်တွေနဲ့ ရရှိမယ့် ၀န်ဆောင်မှုတွေကို လူကြိုက်များလာမှာပါ'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဇွန် ၂၁ ရက် အထိ သွင်းကုန်ပါမစ်ဖြင့် မော်တော်ယာဉ် ၂၀၉၆၂ စီး တင်သွင်းခွင့် ပြုခဲ့ပြီး ဇွန်လအတွင်း က.ည.န မှ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှု အစီးရေ ၉၇၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များကို ၂၀၁၂ခုနှစ် သြဂုတ်တွင် စတင်ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ခုနှစ် ဇွန် ၂၀ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစီးရေ ၈၄၈၆၅ စီးဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှု မှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
တိုးပွားလာသည့် ကားစီးရေများနှင့်အတူ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် ပိုမို ဆိုးရွားလျက်ရှိပြီး အစိုးရကလည်း ကာလတို ဖြေရှင်းနည်း များစွာကို အသုံးပြု ဖြေရှင်းနေသော်လည်း လိုအပ်နေသည့် အခြေခံ အဆောက်အဦများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အစီအစဉ် ဖြည့်ဆည်းမှုများ အားနည်းနေသေးကြောင်း သိရသည်။
ရန်ကုန်မြို့၏ မြိုပြတည်ဆောက်မှုပုံစံ၊ အဓိက အခြေခံ အဆောက်အဦဖြစ်သော လမ်းများ၏ အခြေအနေကို အဓိကထည့်သွင်း မစဉ်းစားဘဲ လူဦးရေနှင့် တွက်၍ ကားစီးရေ များပြားရေးကိုသာ အဓိက ဦးတည်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ပိုမိုဆိုးရွား လာခြင်းဖြစ်ကြောင်း ပညာရှင်များက ထင်မြင် သုံးသပ်ခဲ့သည်။

ယာဉ်ထိန်းရဲတွေ တောင် ဒီဆေးကိုသုံးပြီးတဲ့အခါမှာ လန်းဆန်း တက်ကြွ



ယာဉ်ထိန်းရဲဝတ်စုံဖြင့် ကခုန်ခြင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်ခြင်းမဟုတ်ဟု မင်းမင်းထွန်းပြောကြား

Posted by Thi Thi on July 15, 2013
MIZZIMA
ပန်းမြတ်ဇော်

အင်တာနက်တွင် ပျံ့နှံ့နေသလို အရေးယူခံရခြင်းမရှိသေးကြောင်း ဇော်ကိုကို ဖြေရှင်းခဲ့

ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကအား ဆူးလေလမ်းမလယ်တွင် ကပြရိုက်ကူးခဲ့ခြင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင်ဇော်ကိုကိုကလည်း လတ်တလောတွင် တရားစွဲဆိုအရေးယူခံရခြင်းမရှိသေးကြောင်း မဇ္ဈိမ သို့ ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ရက် နံနက် ၉ နာရီဝန်းကျင်တွင် Mango ကုမ္ပဏီတင်သွင်းသည့် ဗိုက်တာမင်စီကြော်ငြာအား ဒါရိုက်တာဇော်ကိုကိုက Life & Dance အဖွဲ့မှ မင်းမင်းထွန်း၊ Bobby Soxer၊ ရှိုင်းဝေယံ၊ M ဆိုင်းလူ၊ ဆန်းတိုးနိုင်တို့ဖြင့် ရိုက်ကူးခဲ့သည်။ ယင်းသို့ရိုက်ကူးရာတွင် မင်းမင်းထွန်းမှာ ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ ဆူးလေ
မီးပွိုင့်အနီးတွင် မိုက်ကယ်ဂျက်ဆင်အကကို တင်ဆက်ကပြခဲ့ရာတွင် ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ရိုက်ကူးမှုအပြီးတွင် လာရောက်တွေ့ဆုံရန်ပြောကြားခဲ့သည့်အတွက် သွားရောက် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။

“အင်တာနက်တွေမှာ ပျံ့နှံ့နေသလို အရေးယူခံနေရတယ်။ အာမခံမရဘူးဆိုတာ မဟုတ်ဘူး။ အပြင်မှာပါပဲ။
အေးအေးဆေးဆေးပါပဲ။ တရားစွဲတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ အဲဒီရိုက်ကူးတဲ့နေ့က ကျောက်တံတား ရဲစခန်းက လာခေါ်တယ်။ ရိုက်ကူးပြီးသွားတော့ ကျွန်တော်တို့သွားကြတယ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှထပ်ပြောကြားတာတော့ မရှိသေးပါဘူး” ဟု ဇော်ကိုကိုက မဇ္ဈိမမှဆက်သွယ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့
သည်။

လတ်တလောတွင် ရဲဇာနည်ဖေ့ဘွတ်၌ အဆိုပါကြော်ငြာရိုက်ကူးမှုသည် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများစည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြသူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတားရဲစခန်း(ပ) ၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀ဝ/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မင်းမင်းထွန်းက “ဒါရိုက်တာက မိုက်ကယ်ဂျက်ဆင်အကကို ကဖို့ပြောတယ်။ ကျွန်တော့် အနေနဲ့က ဒီဝတ်စုံကိုရော၊ အကကိုပါ နှစ်သက်တဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘူး။ ကျွန်တော်တို့ကြော်ငြာတဲ့ ဆေးဗိုက်တာ မင်စီက အခုလိုကားလမ်း
ကြောပိတ်ဆို့တာကို တာဝန်ယူရတဲ့ယာဉ်ထိန်းရဲတွေအနေနဲ့ တောင်မှ ဒီဆေးကိုသုံးပြီးတဲ့အခါမှာ လန်းဆန်း တက်ကြွပြီး ကားလမ်းကြောတွေကို ဖြေရှင်းနိုင်တာကို ပြချင်တဲ့အတွက် အခုလိုတင်ပြရတာပါ”ဟု ဆိုသည်။

ကြော်ငြာရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ကြော်ငြာရိုက်ကူး မည့်ရက်၊ ပါဝင်မည့် မင်းသား၊ မင်းသမီးတို့သာ တင်ပြရကြောင်း၊ ရိုက်ကူးပြီး ထပ်မံတင်ပြသည့်အခါမှသာ ဆင်ဆာအဖွဲ့သို့ ထပ်မံတင်ပြရသောစနစ်သာ ကျင့်သုံးလေ့ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

တာနာကာရဲ့ အမြန်လမ်းအပေါ် ဝေဖန်မှု


ရာ ဝဏ's photo.


ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်တဲ့ မစ္စတာ တာနာကာရဲ့ အမြန်လမ်းအပေါ် ဝေဖန်မှုကို သီးသန့် ထုတ်နုတ်တင်ပြပါတယ်။ အမြန်လမ်းပေါ် အမြန်မောင်းတဲ့ လူတွေကိုချည်း အပြစ်တင်နေတဲ့ လူတွေ ဖတ်ဖို့ပါ။ 

(မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။)
×××××××××××××××××××××××××××××××××××××××××


အစပထမတော့ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီးဟာ ခေတ်မီ အမြန် လမ်းမ တစ်ခုလို့ ထင်ရပါတယ်။

ဒါပေမဲ့ ခေတ်မီအမြန်လမ်းမလို အသုံးချလို့ မရပါဘူး။ လမ်းအချိုးအကွေ့တွေ ရဲ့ ဒီဇိုင်းကလည်းတည်ဆောက်ပုံ မှန်ကန်မှုမရှိပါဘူး။ လမ်းမျက်နှာပြင် ကလည်း လှိုင်းထနေတာကြောင့် အောက်ခံဖောင်ဒေးရှင်း မကောင်းလို့ မညီညာ နိမ့်ကျနေတာတွေ ဖြစ်နေပါတယ်။

ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အမြန်လမ်းမကြီး ပိုပျက်စီးသွားမှာစိုးလို့ ၀န်လေးကုန်ကားကြီးတွေကို ပေးမဖြတ်ပါဘူး။ ဒီလို ကန့်သတ်လိုက်တော့ ဒီအမြန်လမ်းမကြီးရဲ့ စီးပွားရေးတန်ဖိုးဟာအကြီးအကျယ် ထိခိုက်ကျဆင်း သွားတာပေါ့။

ဒီပြဿနာကြီးတွေဟာ ယခင် ပေါ်လစီ ချမှတ်သူတွေရဲ့ အမြော်အမြင် နည်းပါးမှုကြောင့်ပါပဲ။စီမံကိန်းအတွက် ရန်ပုံငွေ လုံလောက်အောင် ချမပေးခဲ့ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ချင်လုပ်ချင်၊ ခေတ်မီအမြန်လမ်း ဒီဇိုင်း နည်းပညာတွေကို လက်လှမ်းမမီရင်လည်း ကောင်းမွန်မှန်ကန်တဲ့ အမြန်လမ်းမကြီး တစ်ခုရလာမှာ မဟုတ်ပါဘူး။

ဘတ်ဂျက် ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခုတော့မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။

 မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ် အနည်းဆုံး၊ အသက်သာဆုံး ဖြစ်ဖို့ကိုသာ အာရုံထား နေကြ တာကို တွေ့ရပါတယ်။

ဂျပန် အင်ဂျင်နီယာတွေဟာ အရည်အသွေး ကောင်းဖို့ကိုသာ အာရုံ ထားနေတော့ ဒီဇိုင်းတွေ အကောင်းလွန်နေတတ်တာ ၀န်ခံပါတယ်။

အစွန်းနှစ်ဖက် ချိန်ခွင်ညှာ ညီအောင်လုပ်ရပါမယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖို့မှာတော့အရည်အသွေးဆိုတာ ဒုတိယဦးစားပေးအလုပ်လို ဖြစ်နေပါ တယ်။

ပြည့်စုံကောင်းမွန်အောင် လုပ်တတ်တဲ့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေ ဘယ်ရောက်ကုန်လဲလို့ကျွန်တော့်ကိုယ် ကျွန်တော် မေးကြည့်မိတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကင်းကွာအောင် ဘေးဖယ်ခံထားခဲ့ရပြီး ဘဏ္ဍာငွေကြေး ချို့ချို့ငဲ့ငဲ့နဲ့ နေခဲ့ရတာကြောင့် မြန်မာ
အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မတူကွဲပြားခြားနားတဲ့ ပုံသေအတွေး အခေါ်တွေ၊ ပုံစံကျ အမြင်တွေ(mindset) နဲ့ အသားကျနေပုံရတယ်။

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ခွင့်မရဘဲ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ကြရတော့ မြန်မာအစိုးရအဆက်ဆက်ဟာ ပြဿနာ အရပ်ရပ်ကို ဖာထေးဖြေရှင်းပြီး ဆူလွယ်နပ်လွယ်ရေတို ဖြေရှင်းတဲ့ အလေ့အထတွေ ရလာခဲ့တာ ဖြစ်နိုင်ပါတယ်။

မြန်မာအစိုးရတွေဟာ ဒါထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို မတတ်နိုင်ကြတာလည်း အမှန်ပါပဲ။ ဆယ်စုနှစ် ပေါင်းများစွာရခဲ့တဲ့ ဒီအကျင့် ဟာ ခုတော့ အမြစ်တွယ်နေပုံရပါတယ်။ ခေတ်ပြောင်းလာခဲ့ပါပြီ။

မြန်မာအစိုးရ အရာရှိတွေကလည်း ဒါကို နားလည်သဘော ပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာရွေးချင်တဲ့ အကျင့်ကတော့ ဖျောက်နိုင်ခဲလှတယ်။ ဒီပုံစံကျ အတွေးအခေါ် (mindset) ကို ချေဖျက် အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။

(တာနာကာ)
 မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်တဲ့ မစ္စတာ တာနာကာရဲ့ အမြန်လမ်းအပေါ် ဝေဖန်မှုကို သီးသန့် ထုတ်နုတ်တင်ပြပါတယ်။ အမြန်လမ်းပေါ် အမြန်မောင်းတဲ့ လူတွေကိုချည်း အပြစ်တင်နေတဲ့ လူတွေ ဖတ်ဖို့ပါ။

(မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။)
×××××××××××××××××××××××××××××××××××××××××


အစပထမတော့ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီးဟာ ခေတ်မီ အမြန် လမ်းမ တစ်ခုလို့ ထင်ရပါတယ်။

ဒါပေမဲ့ ခေတ်မီအမြန်လမ်းမလို အသုံးချလို့ မရပါဘူး။ လမ်းအချိုးအကွေ့တွေ ရဲ့ ဒီဇိုင်းကလည်းတည်ဆောက်ပုံ မှန်ကန်မှုမရှိပါဘူး။ လမ်းမျက်နှာပြင် ကလည်း လှိုင်းထနေတာကြောင့် အောက်ခံဖောင်ဒေးရှင်း မကောင်းလို့ မညီညာ နိမ့်ကျနေတာတွေ ဖြစ်နေပါတယ်။

ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အမြန်လမ်းမကြီး ပိုပျက်စီးသွားမှာစိုးလို့ ၀န်လေးကုန်ကားကြီးတွေကို ပေးမဖြတ်ပါဘူး။ ဒီလို ကန့်သတ်လိုက်တော့ ဒီအမြန်လမ်းမကြီးရဲ့ စီးပွားရေးတန်ဖိုးဟာအကြီးအကျယ် ထိခိုက်ကျဆင်း သွားတာပေါ့။

ဒီပြဿနာကြီးတွေဟာ ယခင် ပေါ်လစီ ချမှတ်သူတွေရဲ့ အမြော်အမြင် နည်းပါးမှုကြောင့်ပါပဲ။စီမံကိန်းအတွက် ရန်ပုံငွေ လုံလောက်အောင် ချမပေးခဲ့ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ချင်လုပ်ချင်၊ ခေတ်မီအမြန်လမ်း ဒီဇိုင်း နည်းပညာတွေကို လက်လှမ်းမမီရင်လည်း ကောင်းမွန်မှန်ကန်တဲ့ အမြန်လမ်းမကြီး တစ်ခုရလာမှာ မဟုတ်ပါဘူး။

ဘတ်ဂျက် ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခုတော့မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။

မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ် အနည်းဆုံး၊ အသက်သာဆုံး ဖြစ်ဖို့ကိုသာ အာရုံထား နေကြ တာကို တွေ့ရပါတယ်။

ဂျပန် အင်ဂျင်နီယာတွေဟာ အရည်အသွေး ကောင်းဖို့ကိုသာ အာရုံ ထားနေတော့ ဒီဇိုင်းတွေ အကောင်းလွန်နေတတ်တာ ၀န်ခံပါတယ်။

အစွန်းနှစ်ဖက် ချိန်ခွင်ညှာ ညီအောင်လုပ်ရပါမယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖို့မှာတော့အရည်အသွေးဆိုတာ ဒုတိယဦးစားပေးအလုပ်လို ဖြစ်နေပါ တယ်။

ပြည့်စုံကောင်းမွန်အောင် လုပ်တတ်တဲ့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေ ဘယ်ရောက်ကုန်လဲလို့ကျွန်တော့်ကိုယ် ကျွန်တော် မေးကြည့်မိတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကင်းကွာအောင် ဘေးဖယ်ခံထားခဲ့ရပြီး ဘဏ္ဍာငွေကြေး ချို့ချို့ငဲ့ငဲ့နဲ့ နေခဲ့ရတာကြောင့် မြန်မာ
အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မတူကွဲပြားခြားနားတဲ့ ပုံသေအတွေး အခေါ်တွေ၊ ပုံစံကျ အမြင်တွေ(mindset) နဲ့ အသားကျနေပုံရတယ်။

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ခွင့်မရဘဲ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ကြရတော့ မြန်မာအစိုးရအဆက်ဆက်ဟာ ပြဿနာ အရပ်ရပ်ကို ဖာထေးဖြေရှင်းပြီး ဆူလွယ်နပ်လွယ်ရေတို ဖြေရှင်းတဲ့ အလေ့အထတွေ ရလာခဲ့တာ ဖြစ်နိုင်ပါတယ်။

မြန်မာအစိုးရတွေဟာ ဒါထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို မတတ်နိုင်ကြတာလည်း အမှန်ပါပဲ။ ဆယ်စုနှစ် ပေါင်းများစွာရခဲ့တဲ့ ဒီအကျင့် ဟာ ခုတော့ အမြစ်တွယ်နေပုံရပါတယ်။ ခေတ်ပြောင်းလာခဲ့ပါပြီ။

မြန်မာအစိုးရ အရာရှိတွေကလည်း ဒါကို နားလည်သဘော ပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာရွေးချင်တဲ့ အကျင့်ကတော့ ဖျောက်နိုင်ခဲလှတယ်။ ဒီပုံစံကျ အတွေးအခေါ် (mindset) ကို ချေဖျက် အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။

(တာနာကာ)
မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)

ထိုင်ကမုတ်ခွက် တွေ ရဲ့ အကျိုးသက်ရောက်မှု




Burma Oudoor Corner

"လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ"
____________________________________________________
( အသက်ကြီးတဲ.သူတွေအတွက် မှတ်သားသင်.တဲ.အရာမို. ပြန်လည်ဝှေငှ လိုက်ပါသည် )

>>> ၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။

မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။
ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။

တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။
မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။
သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။

“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်
သေဆုံးသူအများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်. .
လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”

သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။
သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး
အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။
ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ..ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုး စေတယ်..။
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့... သူတင်ပြတယ်..။

ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား
ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။
ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။
အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်.. ။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။


Electric raised toilet seat for elder

ရင်းနှီးမြှုပ်နှံရန် ပြည်ပ လုပ်ငန်းရှင်နှင့် သံတမန် ခြောက်ထောင်နီးပါး တစ်နှစ်အတွင်း လာရောက် ဆွေးနွေး


The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်ပ လုပ်ငန်းရှင်နှင့် သံတမန် စုစုပေါင်း ၅,၉၀၃ ဦး ၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ လာရောက် ဆွေးနွေးကြကြောင်း ယင်းအသင်းချုပ်၏ ၂၀၁၂-၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်း ကဏ္ဍအလိုက် တွေ့ဆုံနိုင်ရန် UMFCCI က ဆောင်ရွက်လျက်ရှိပြီး ဂျပန်၊ ကိုရီးယားနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့များ ကို တစ်နှစ်လျှင် အနည်းဆုံး ငါးကြိမ်အထိ လာရောက် ဆွေးနွေးနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း ယင်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

UMFCCI သို့ ၂၀၁၂-၂၀၁၃ ခုနှစ် အတွင်းတွင် ပထမ အများဆုံး လာရောက်သည့် နိုင်ငံမှာ ဂျပန်နိုင်ငံ ဖြစ်ပြီး ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်နှင့် အစိုးရ တာဝန်ရှိသူများ စုစုပေါင်း ၁၄၂ ဦး လာရောက် ကြောင်း၊ ဒုတိယ နေရာတွင် ထိုင်းနိုင်ငံနှင့် တတိယ နေရာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး လာရောက်ကြကြောင်း ယင်း အသင်းချုပ်ထံမှ စုံစမ်း သိရှိရ သည်။

UMFCCI မှာ လွှတ်တော်နှင့် အစိုးရပြီးလျှင် ပုဂ္ဂလိက ကဏ္ဍကို ဦးဆောင်နေသော အသင်းကြီး ဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှု စတုတ္ထ အဆင့်ဖြစ်သော ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ကို အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြား သည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက ကဏ္ဍ ကုန်သွယ်မှု ကျပ် ၁၂ ဘီလီယံ နီးပါး၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၆၅ ခု ထပ်မံ ရင်းနှီး မြှုပ်နှံရာမှ ကျပ် ၁၀၆၄ ဘီလီယံနှင့် ကုမ္ပဏီ ဖွဲ့စည်းမှု ၅၅၇၆ ခုရှိကြောင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အဓိက တာဝန်ယူ ထားသော ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အများပိုင် ကုမ္ပဏီပေါင်း ၆၇ ခု၊ အသေးစား၊ အလတ်စား ကုမ္ပဏီပေါင်း ၄၀၃၂၈၈ ခု၊ သမဝါယမ လုပ်ငန်းနှင့် အသေးစား လုပ်ငန်းပေါင်း ၁၂၆၉၅၈ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်စည်ဒိုင်ပေါင်း ၄၅ ခု ရှိကြောင်း ၎င်းက ဆိုသည်။

ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ၊


The Voice Weekly

တေးသံရှင်ဆိုတေး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်

ရန်ကုန်၊ ဇူလိုင် ၁၄

မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြားခဲ့သော တေးသံရှင်ဆိုတေး စီးနင်းလာသော ကိုယ်ပိုင်ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် တိမ်းမှောက်ခဲ့ရာ တေးသံရှင်ဆိုတေး ဒဏ်ရာရရှိခဲ့ပြီး ၎င်းနှင့်အတူ အဖော်အဖြစ် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက The Voice သို့ပြောကြားသည်။

တေးသံရှင် ဆိုတေးသည် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွားတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

“သူ့ ( ဆိုတေး ) ကို အောက်ဆီဂျင် ပေးထားတယ်၊ CT Screen လည်း ရိုက်ထားတယ်၊ သွေးပေါင်ချိန်လည်း ပြန်တက်လာပြီ၊ အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မန္တလေးတွင် နေထိုင်သူ တေးသံရှင်ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ယနေ့ည ၁၁နာရီအထိရရှိသော သတင်းများအရ တေးသံရှင်ဆိုတေးသည် ခွဲစိတ်ကုသမှု ပြီးစီး၍ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်း လာနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ခွဲစိတ်ခန်းမှ ပြန်ထွက်လာစဉ် ညီဖြစ်သူက လက်စွပ်ကို ချွတ်ယူချိန်၌ ပြန်ရုန်းကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ပြောကြားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာတွင် တေးသံရှင် ဆိုတေး သေဆုံးသည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆိုတေး စီးနင်းလိုက်ပါလာသော KIA အမျိုးအစားယာဉ်သည် ရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာလမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး နေဝင်းက ဆက်လက်ပြောကြားသည်။

ယာဉ်ပေါ်တွင် တေးသံရှင်ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး စီးနင်းလိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချောကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တေးသံရှင် ဆိုတေးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဦးသန်းဝင်းလှိုင်ကို ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

တေးသံရှင် ဆိုတေးသည် မီးအိမ်ရှင်အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသူဖြစ်ပြီး အခြားသော တေးသံရှင်များနှင့်လည်း တေးစီးရီးများ ထွက်ရှိထားသူ ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ဟိုင်းလပ် ဆာ့ဖ်ယာဉ်သည် ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို ရှောင်ရာမှ တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုင်တိုင် အမှတ် ၁/၇ နှင့် မိုင်တိုင်အမှတ် ၂ ကြား ဆီဖြည့်နေသည့် နစ်ဆန်း ကိုရိုလာယာဉ်ကို Toyota Belta ယာဉ်က ဝင်ရောက်တိုက်မိရာ နစ်ဆန်းယာဉ်ပေါ်မှလူနှစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်တိုင် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် တောင်ငူ-ရန်ကုန် ပြေးဆွဲသည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးထံမှ သိရှိရသည်။

မိုးတွင်းကာလ၌ အမြန်လမ်းတွင် မောင်းနှင်သည့် ယာဉ်များအနေနှင့် ယာဉ်ကျော်တက်ရာတွင် သတိထားသင့်ကြောင်း အမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်ကြီးများ၏ လေအရှိန်ကြောင့် ယာဉ်ငယ်များ လွန့်လူးကာ အရှိန်မထိန်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူများက အရက်သောက်သုံးခြင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိသည်။ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိသည်။

ယင်းလမ်းမ စတင်အသုံးပြုသည့် ၂၀၀၉ ခုနှစ်မေလမှ ယခုနှစ်ဧပြီလအထိ လေးနှစ်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။



လားရှိုး မီးရှို့ခံ ဂျာမေဗလီ ပြန်ဖွင့်ခွင့်ရ



The Voice Weekly

မူဆယ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးရှို့ခံခဲ့ရသည့် ဂျာမေဗလီကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်ဖွင့် လှစ်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း လားရှိုးမြို့ရှိ မွတ်ဆလင်ဘာသာရေး အသင်းဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီး လားရှိုးမြို့ ခရီးစဉ်အတွင်း ဇူလိုင်လ ၁၄ ရက်နေ့က မွတ်ဆလင် ဘာသာရေးအသင်းနှင့် တွေ့ဆုံကာ ယင်းသို့ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗလီကို သန့်ရှင်းရေးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ဝတ်ပြုမှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗလီကို သန့်ရှင်းရေးလုပ်ခွင့် ပြုလိုက်ပြီ ဖြစ်ပြီး မီးလောင်ထားသည့် အတွက် ပြုပြင်ရမည် ဖြစ်သဖြင့် ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများ ပြီးစီးမှသာ ဖွင့်လှစ်ခွင့် ရရှိမည် ဖြစ်ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ခြင်းနှင့် ဂျာမေဗလီ မီးရှို့ခံရခြင်း အပါအဝင် အစ္စလာမ် မိဘမဲ့ စာသင်ကျောင်း၊ နေအိမ်နှင့် အခြားအရများ မီးလောင်ပျက်စီးခဲ့သည်။
အစ္စလာမ် မိဘမဲ့စာသင်ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့် မရရှိသေးသဖြင့် ယင်းကျောင်းမှ ကလေးငယ်များအတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေါက်တာတင်အောင်က ဆိုသည်။

ပဋိပက္ခများတွင် ဖျက်ဆီးခံရသည့် ဗလီပေါင်း ၆၀ ကျော်ရှိပြီး ယင်းဗလီများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရန် နိုင်ငံတော်သမ္မတထံသို့ စာနှင့်တကွ တောင်းဆိုထားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကလည်း ကြိုးစား လုပ်ဆောင်ပေးနေကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောကြားသည်။

LC ၊ နေမျိုးနွယ်

မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့်




The Voice Weekly

မန္တလေး၊ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့် တစ်ဧကလျှင် ကျပ် သိန်း တစ်ထောင်ခန့် အထိ ဈေးမြောက်လာကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

“ဝယ်လက်ကတော့ စုံတယ်။ အခု လယ်ယာမြေဘက်ကို စိတ်ဝင်စားမှု ပိုများလာကြတဲ့ သဘောပါ” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

လက်ရှိ ဈေးကွက်တွင် မန္တလေး မြို့ပြင်မှ မြစ်သားမြို့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနီးတစ်ဝိုက်ရှိ လယ်ယာမြေများ အရောင်းသွက်လျက် ရှိပြီး မန္တလေးမှ ပြင်ဦးလွင် အတက်လမ်း ရတနာပုံ ဆိုက်ဘာစီးတီး အနီးရှိ လယ်ယာမြေများကို ဝယ်လက် ပိုကြိုက်ကာ အရောင်းသွက်လျက် ရှိကြောင်း ဒေါ်ချိုက ထပ်မံ ပြောကြားသည်။

“မြေခိုင်မာမှုပေါ် ကြည့်ပြီး ဝယ်လက်က လိုက်လာတာဆိုတော့ လယ်ယာမြေတွေဘက်ကို ဇောင်းပေး လာကြတာပါပဲ။ ဝယ်လိုအား မြင့်လာ တဲ့ ဧကကွက်တွေဆိုတော့ ဈေးကလည်း မြင့်လာတယ်လေ” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလခန့်မှ စတင်၍ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများသည် မြေကွက်ကျယ် အိမ်၊ ခြံ၊ မြေ များကို အမေး များလာခဲ့ပြီး ပြည်ပ လုပ်ငန်းရှင်များလည်း စုံစမ်းမှုများ ရှိလာကြောင်း၊ မန္တလေး မြို့တွင်း၌ အိမ်၊ ခြံ၊ မြေ အကွက်ကျယ်များ ရနိုင်ရန် ရှားပါးလာ သဖြင့် မြို့တွင်းနှင့် မနီးမဝေး နေရာများ၊ မြို့ပြင်ရှိ ဧကကွက်များကို ပိုမို စိတ်ဝင်စားမှု များလာကြောင်း မန္တလေးမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တူညီစွာ ပြောကြားသည်။

မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် အမရပူရမြို့နယ် စွယ်တော်ဘုရား အနီး လယ် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ခန့်၊ မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် ထုံးဘိုလမ်းခွဲအနီး လယ် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ခန့်၊ မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးပေါ် တောတွင်းကျေးရွာ စိတ္တဇ ဆေးရုံကြီး အနီး လယ်ယာမြေများမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၁၅၀ အထိ ဈေးပေါက်ကြောင်း မန္တလေးမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

မန္တလေး-ပြင်ဦးလွင် အတက်လမ်းနှင့် ပြင်ဦးလွင်မြို့အနီး လယ်ယာမြေများ မှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ အထိ ပေါက်ဈေးရှိပြီး ရတနာပုံ ဆိုက်ဘာ စီးတီး အနီးရှိ လယ်ယာမြေများမှာ ကျပ်သိန်း ၃၀၀ ခန့် အထိ ပေါက်ဈေး ရှိကြောင်း ပြင်ဦးလွင်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆိုသည်။


ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၄

ပြည်ပစက်မှုလုပ်ငန်းများ ဝင်ရောက်မည့် သတင်းကြောင့် လပေါင်းများစွာ ငြိမ်သက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ယခင်ထက် ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက် လာကြောင်း အဆိုပါမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ ဝယ်ရောင်းသမားများနှင့် ငွေပိုရှိသူများက လက်ဦးမှုရယူ ဝယ်ယူလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တတ်လာရခြင်း ဖြစ်ကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်ဇော်က ဆိုသည်။
“ငွေပိုရှိတဲ့သူတွေကတော့ မြေကွက်တွေကို စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာ အဝေးပြေးဝင်းကိုလည်း ဒီပုလဲဘက်ကို ရွှေ့မယ်လို့ အသံတွေထွက်တော့ မြေဈေးတွေက တက်သွားတာပါ” ဟု ၎င်းကပြောဆိုသည်။
ပုလဲမြို့သစ်ရှိ တစ်ဧကအကျယ်ရှိ မြေကွက်တစ်ကွက်လျှင် ဇွန်လဆန်းပိုင်းက ကျပ်သိန်း ၁၉၀၀၊ ၂၀၀၀ ခန့် ဈေးပေါက်ရာမှ ယခုလတွင် ကျပ်သိန်း ၂၄၀၀၊ ၂၅၀၀ ခန့် ဖြစ်လာကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးကျော်က ဆိုသည်။
လက်ရှိတွင် ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်လာသော်လည်း အမှန်တကယ် ဝယ်ယူသူ နည်းသောကြောင့် အရောင်းအဝယ်လည်း အနည်းငယ်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပုလဲမြို့သစ်တွင် ၂၀၁၂ ခုနှစ် အစောပိုင်းကလည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်ခဲ့ဖူးပြီး ယခုအကြိမ်တွင် အရောင်းအဝယ်မှာ ယခင်လောက် မဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။


ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း



ဧရာဝတီရေ..၀မ်းသာလိုက်တော့၊
........................................

The Voice Weekly


ဂွမ်ဒေါင်း၊ ဇူလိုင် ၁၄

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အဓိက ထွန်းကားရာ ဂွမ်ဒေါင်း ပြည်နယ်ရှိ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသတွင် ဟက်တာ ၂၃၀ ကျယ်ဝန်းသော မြေနေရာ၌ ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ပြည်သူ ရာပေါင်းများစွာက ကန့်ကွက်ခဲ့ကြရာ အိမ်နီးချင်း ဟောင် ကောင်နှင့် မက်ကာအိုထိပင် ကူးစက် ပျံ့နှံ့သွားသည်။

ထိုသို့ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟီဆန်မြို့ အစိုးရအဖွဲ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ‘ပြည်သူလူထု၏ ဆန္ဒကို လေးစား လိုက်နာသောအားဖြင့် CNNC စီမံကိန်းကို ဒေသ အစိုးရအနေနှင့် အဆိုပြုတော့မည် မဟုတ်ပေ’ ဟု ဖော်ပြထားသည်။

နိုင်ငံပိုင် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း CNNCနှင့် ဂွမ်ဒေါင်း နျူကလီးယား ပါဝါ ကော်ပိုရေးရှင်း GNPC တို့သည် ဖော်ပြပါ ဒေသတွင် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ ယူရေနီယံ စက်ရုံ စီမံကိန်းကြီးကို တည်ဆောက်သွားရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

လတ်တလော အနေအထားတွင် စီမံကိန်း ဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီမှ အရာရှိများကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း ဘေဂျင်းအခြေစိုက် နျူကလီးယားပါဝါ ကျွမ်း ကျင်သူ တစ်ဦး အဆိုအရ စီမံကိန်းသည် ဒေသ အစိုးရတို့၏ ထောက်ပြ ပြောဆိုမှု များကြောင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

၎င်း၏အဆိုအရ အဆိုပါ စက်ရုံ စီမံကိန်း ၂၀၁၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဆိုပါ က တစ်နှစ်လျှင် ယူရေနီယံ လောင်စာ တန်ချိန် တန်ပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

စီမံကိန်းအကြောင်း သိရှိထားသည့် အရာရှိ တစ်ဦးက “နျူကလီးယား စွမ်းအင် စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူရေနီယံ ထုတ်လုပ်မယ့် စက်ရုံက ပိုပြီး လုံခြုံမှု ရှိပါတယ်” ဟု ပြောကြားသည်။

ဂွမ်ဒေါင်းဒေသခံ ပြည်သူများသည် ဇူလိုင်လ ၁၂ ရက်နေ့က ယင်းစီမံကိန်းကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်လည်း ပိုမို ကြီးမားသော ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

ယူရေနီယံ စီမံကိန်း ဖျက်သိမ်းလိုက်မှုက အစိုးရ အရာရှိများ အပါအဝင် ပြည်သူများစွာကို အံ့အားသင့် စေခဲ့ကြောင်း၊ တရုတ် အစိုးရသည် ယခုအခါ သဘာဝပတ်ဝန်းကျင် အရေးကိစ္စနှင့် ပတ်သက်လာ ပါက ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုများကို ပိုမို အလေးပေး လာကြောင်း စောင့်ကြည့် လေ့လာသူများက ဆိုသည်။

အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိ


The Voice Weekly

အမေရိကန်အစိုးရကို ပိုမိုထိခိုက်နိုင်သည့် အချက်အလက်များ စနိုးဒန်ထံတွင် ရှိသေးသည်ဟုဂါးဒီးယန်း သတင်းထောက်ပြော

လန်ဒန်၊ ဇူလိုင် ၁၄

အမေရိကန်အစိုးရနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုးဒန် ထံတွင် အမေရိကန်အစိုးကို ယခုထက် ပိုမို ထိခိုက်နိုင်သည့် အချက်အလက်များ ကျန်ရှိနေသေးသည် ဟု စနိုးဒန် ပေးပို့သည့် အချက်အလက်များကို ပထမဆုံး ဖော်ပြခဲ့ပေးခဲ့သော ဂါးဒီးယန်း သတင်းစာမှ သတင်းထောက် တစ်ဦးက ပြောကြားကြောင်း CNN သတင်း ဌာနတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ထပ်မံ ဖွင့်ချရန် စနိုးဒန် ထံတွင် ရည်ရွယ်ချက် မရှိသော်လည်း လူများ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးနေသော ဆော့ဖ်ဝဲလ် များနှင့် ပတ်သက် သည့် အထောက်အထား စာရွက်စာတမ်းများ စနိုးဒန်ထံတွင် များစွာ ကျန်ရှိနေသေးသည်ဟု ဂါဒီယန်း သတင်းစာ၏ သတင်းထောက် ဂလင်းဂရင်းဝေါက အာဂျင်းတီးနား သတင်းစာ La Nacion ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

စနိုးဒန်က အထောက်အထား စာရွက်စာတမ်းများကို မိတ္တူပွားပြီး လူအချို့အား ပေးအပ်ထားခဲ့သည်ဟုလည်း ဂလင်း ဂရင်းဝေါက ပြောကြား သည်။

“အမေရိကန် အစိုးရအနေနဲ့ စနိုးဒန် ဘာမှမဖြစ်ပါစေနဲ့လို့ နေ့တိုင်း ဒူးထောက်ပြီး ဆုတောင်းနေသင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တစ်ခုခု ဖြစ်သွားရင် အချက်အလက်တွေအားလုံး ပေါက်ကြားသွားပြီး အမေရိကန်အစိုးရအတွက် တကယ့် အိပ်မက်ဆိုးကြီး ဖြစ်သွားမှာ မို့လို့ပါပဲ” ဟု ဂလင်းဂရင်းဝေါက ပြောကြားခဲ့သည်။

ဝီကီလိခ်စ်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦး ဖြစ်သည့် ခရစ္စတင် ဟာ့ဖ်ဆင်ကလည်း ဂလင်းဂရင်းဝေါ ပြောကြားသကဲ့သို့ပင် ထွက်ပေါ်လာစရာ နောက်ထပ် လျှို့ဝှက်ချက်များ ရှိနိုင်သေး သည်ဟု ပြီးခဲ့သော လက ပြောကြားခဲ့ဖူးသည်။

စနိုးဒန်သည် အမေရိကန် ကာကွယ်ရေးဌာနအတွက် အလုပ် လုပ်ပေးနေသော Booz Allen Hamilton ကုမ္ပဏီမှ ကွန်ပျူတာ ပညာရှင်ဟောင်း တစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးသော အမေရိကန် အစိုးရ၏ စောင့်ကြည့်မှု အစီအစဉ်များကို ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်သော ဂါးဒီးယန်း သတင်းစာမှ တစ်ဆင့် ဖွင့်ချခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ ဖွင့်ချပြီးနောက်တွင် စနိုးဒန်သည် ဟောင်ကောင်သို့ ရှောင်တိမ်း သွားခဲ့ပြီး ထိုမှတစ်ဆင့် ရုရှနိုင်ငံ မော်စကို လေဆိပ်သို့ သွားရောက်ခဲ့ကာ ထိုလေဆိပ်တွင် သောင်တင်နေခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကမူ စနိုးဒန်သည် ဟောင်ကောင်မှ ထွက်ခွာလာ ပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ခြင်း အဖြစ် မော်စကို လေဆိပ်တွင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များ၊ ရှေ့နေများနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် စနိုးဒန်ကို အမေရိကန်ပြည်ထောင်စုက သူလျှိုမှုဖြင့် တရားစွဲ ဆိုထားသည်။