Tuesday, July 16, 2013
အစားထိုးခန့်မည့် အခွန်အရာရှိများကို နောက်ကြောင်းလိုက်မည်
ရန်ကုန် ၊ ဇူလိုင် - ၁၅ ။  
ကျော်မြတ်ဇံ
Yangon Media Group
             ။လာဘ်စား မှုကြောင့် ရာထူးမှ ဖယ်ရှားခံရ သော ပြည်တွင်းအခွန်များဦးစီးဌာန ရန်ကုန်နှင့် မန္တလေးမှ အကြီး တန်းအရာရှိများနှင့် တခြားဝန် ထမ်းများနေရာတွင် အစားထိုးခန့် အပ်မှုများကို ရက်ပိုင်းအတွင်းပြု လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက် အရ သိရသည်။ ယင်းနေရာတွင် အစားထိုး ခန့်အပ်မှုများပြုလုပ်ရာတွင် စစ် မှန်ပြီး အရည်အချင်း ရှိသည့်ဝန် ထမ်းများကို ခန့်အပ်သွားမည်ဖြစ် ပြီး ခန့်အပ်မည့်သူများ၏ နောက် ကြောင်းရာဇဝင်များနှင့် အလုပ် လုပ်ဆောင်မှုအပိုင်းကိုပါ အလေး ထားကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ဝန်ရှိသူက ''ဘယ်သူတွေခန့်အပ် မယ်ဆိုတာကတော့ နိုင်ငံတော် သမ္မတရုံးနဲ့ တခြားသက်ဆိုင်ရာ ဌာနလူကြီးတွေပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အတိအကျ မသိပါဘူး''ဟု ပြောသည်။ ယင်းသို့ ရာထူးမှ ဖယ်ရှားခံ ရခြင်းမှာ ပြည်တွင်းအခွန်များဦး စီးဌာနမှ အောက်ခြေဝန်ထမ်းများ ကတိုင်ကြား၍ဖြစ်ကြောင်း သိရ သည်။  တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''အောက်ခြေဝန်ထမ်းတချို့က စားစရာ မရှိ အောင်ဖြစ်နေပြီဆို တော့ မခံနိုင်တော့ဘူးလေ။ သူ တို့သိထားတာတွေ၊ အနိုင်ကျင့် ခံရတာတွေ ပြောပြီပေါ့''ဟု ပြော သည်။ ရာထူးမှဖယ်ရှားခံရသည့် အထဲတွင် ရန်ကုန်နှင့် မန္တလေးမှ ဦးစီးမှူးများနှင့် မြို့နယ်လက် ထောက်ညွှန် ကြားရေး မှူးအဆင့် များပါဝင်ကြောင်း သိရသည်။အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ကလေးနှင့် တမူး ရဲစခန်းမှ ရဲအရာရှိကြီးများကိုလည်း လာဘ်ပေးလာဘ်ယူမှုများနှင့် တ ခြားမသမာမှုများတွင် ပါဝင်ပတ် သက်သဖြင့် ရဲချုပ်ရုံးမှ အထူးအ ဖွဲ့က အရေးယူဆောင်ရွက်ခဲ့ သေး ကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ရတနာဆိုင်ပစ်ခတ်မှု မြန်မာအမျိုးသမီး တစ်ဦးသေ
Tuesday, July 16, 2013
Yangon Media Group
မောင်ရဲခေါင် (ဆီလီကွန် လွင်ပြင်)
အခင်းဖြစ်ရာ နေရာ၌ စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေစဉ်။
အမေ ရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ တွင် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာ ရီခန့်က သေနတ်ပစ်ခတ်မှု တစ် ခုဖြစ်ပွားခဲ့ရာ မြန်မာလူမျိုး အမျိုး သမီးဝန်ထမ်းတစ်ဦး သေဆုံး၍... တစ်ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားရာရွှေဆိုင်မှာ ဆန်ဖရန်စစ္စကိုမြို့လယ်ခေါင်ရှိ တရုတ်လူမျိုးတစ်ဦးပိုင် Victoga Jewellery Shop ဖြစ်ပြီး အကြမ်း ဖက်သူမှာ ဆန်ဖရန်စစ္စကိုမြို့နှင့် မိုင် ၅ဝခန့် အကွာတွင် ရှိသော Antioch မြို့တွင် နေထိုင်သည့် အသက်၂၃နှစ်အရွယ်ရှိ Barry White ဆိုသည့် အမေရိကန်အမျိုး သားတစ်ဦးဖြစ်သည်။
ပစ်ခတ်မှု၏အကြောင်းရင်း ကို မသိရသေးသော်လည်း လုယက် မှုမဟုတ်ကြောင်းသိရပြီး လိုက်လံ ဖမ်းဆီးသည့်ရဲများကို ပြန်လည် ပစ်ခတ်သေးကြောင်း၊ သေနတ် ကျည်ဆန်များကုန်မှ လက်နက်ချ ပြီး အဖမ်းခံသွားခဲ့ကြောင်း သိရ ပါသည်။
ပစ်ခတ်မှုတွင် ဓားစာခံအ ဖြစ် သေဆုံးခဲ့သည့် မြန်မာအမျိုး သမီးမှာ အသက်၃၅နှစ်အ ရွယ်ရှိ မခင်ဝင်းမင်းဖြစ်ပြီး တောင် ငူမြို့မှ စက်ရှင်တရားသူကြီးဟောင်း ဦးအေးမင်းနှင့် ဒေါ်ခင်ခင်မြတ်တို့ ၏ သမီးငယ်ဖြစ်ကြောင်း၊ ဆန်ဖရန် စစ္စကိုမြို့ သို့ ၁၉၉၃ ခုနှစ်ကတည်း က ရောက်ရှိပြီး Swnset အရပ် တွင်နေထိုင်၍ ယခုကဲ့သို့ အကြမ်း ဖက်မှုတစ်ခုတွင် အပြစ်မဲ့စွာ သေ ဆုံးခဲ့ရသည့်အတွက် ဆန်ဖရန်စစ္စ ကိုဒေသရှိ မြန်မာကွန်မြူနီတီတစ် ခုလုံးက ဝမ်းနည်းနေ ကြကြောင်း သတင်းရရှိပါသည်။
</span>
ကိုဝေဖြိုးအောင် (ဂလိ) အားစွဲဆိုသည့် ပုဒ်မလွှတ်တော်ကဖျက်သိမ်းရန် သဘောတူ
Pon Nya
ကိုဝေဖြိုးအောင် (ဂလိ) အားစွဲဆိုသည့် ဥပဒေ။ ပုဒ်မ
၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ။
[၁၉၆၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၂၆။]
၁၇။ ။ မည်သူမဆို၊ ပုဒ်မ ၆ အရ မှတ်ပုံမတင်မီ၊ ပုံနှိပ်သည့်လုပ်ငန်းကိုသော်၎င်း၊ ထုတ်ဝေသည့် လုပ်ငန်း ကိုသော်၎င်း၊ ပြုလုပ်လျှင်၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။ (ပုဒ်မ ၆ အရမှတ်ပုံမတင်ဘဲ ပုံနှိပ် ထုတ်ဝေသည့်အတွက်ပြစ်ဒဏ်။)
၂ဝ။ ။ မည်သူမဆို၊ ဤဥပဒေအရပြုသည့် နည်းဥပဒေတခုခုကိုသော်၎င်း၊ ဤဥပဒေအရ အာဏာပိုင် တဦးဦးက ထုတ်ဆင့်သည့်အမိန့်ကို သော် ၄င်း၊ လိုက်နာရန်ပျက်ကွက်လျှင်၊ သို့တည်း မဟုတ် ဆန့်ကျင်လျှင်၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်ထောင်ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။ (နည်းဥပဒေ၊သို့တည်းမဟုတ်အမိန့်ကို မလိုက် နာသည့် အတွက် ပြစ်ဒဏ်။)
ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃) တွင် ဆွေးနွေး အတည်ပြုပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၂၈။ ဤဥပဒေဖြင့် အောက်ပါဥပဒေများကို ရုပ်သိမ်းလိုက်သည်-
(က) THE PRESS (EMERGENCY POWERS) ACT
(ခ) ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ။
(၁) ပုဒ်မ (၁၇) ဖြင့် တရားစွဲခြင်းသည် ယနေ့အချိန်ကာလနှင့် မဖြစ်သင့်၊ ဤဥပဒေအရ သတ်မှတ် ထားချက်များကို လက်ရှိ အစိုးရကိုယ်တိုင်ကပင် မကျင့်သုံးတော့ဘဲ ပြောင်းလဲရန် ဆောင်ရွက်ခဲ့သည်။
(၂) ၂ဝ၁၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ပြည်ထောင်စု သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို ဆွေးနွေး၊ ပြင်ဆင် ဖြည့်စွတ်ပြီး အတည်ပြုခဲ့ပြီးဖြစ်သည်။ ၄င်းဥပေဒတွင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ပါယ်ဖျက်ခြင်းလည်း ပါဝင်သည်။ ထို့ကြောင့် လွှတ်တော်ကတောင် ကျင့်သုံးရန်မသင့်တော့၍ ဖျက်သိမ်းရန် သဘောတူထားသော ဥပဒေဖြင့် တရားစွဲခြင်းမှာ မဖြစ်သင့်၊
(၃) ပုဒ်မ (၁၇) ဖြင့်စွဲသည်ဖြစ်စေ ပုဒ်မ (၂ဝ) ဖြင့်စွဲသည်ဖြစ်စေ အထက်ပါယူဆချက်များကြောင့် မဖြစ်သင့်သော ကိစ္စ ဖြစ်သည်။ အသစ်ပြဌာန်းသော ဥပဒေတွင်လည်း ပုဒ်မ (၂၀) ကဲ့သို့သော အပိုဒ်မျိုးကို ပြန်လည်ဖေါ်ပြထားခြင်းမရှိပါ
(၄) ဝရမ်းထုတ်ခဲ့ပြီး ရှောင်ရှားနေခြင်းကိစ္စနှင့် ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် အင်္ဂလိပ်က ဝရမ်းထုတ်ခဲ့ဖူး သည်၊ မတရားတဲ့ ဥပဒေတွေနဲ့  မတရားအုပ်ချုပ်နေတဲ့အချိန်မှာ တရားတာ ဆောင်ရွက်နေသူတိုင်းက အဲ့ဒီ့ မတရား ဥပဒေ တွေကို မလိုက်နာတာဟာ တရားပဲဖြစ်တယ်၊ တရားသူကြီးဆိုရင် တရားကိုပဲကြည့်ရမယ်၊ မတရားတာကို မကြည့် သင့်ပါဘူး
အာဇာနည်နေ့ကို ရန်ကုန်မြို့တွင် ကားဟွန်း တီး၍ ဂုဏ်ပြုမည်
The Empire Daily News's photo.
ဇူလိုင် ၁၆၊ ရန်ကုန်
၆၆နှစ်မြောက်အာဇာနည် နေ့ကို ဂုဏ်ပြုသေအားဖြင့် ရန် ကုန်မြို့တွင်း ၃၅မြို့နယ်ရှိ လူ စည်ကားရာနေရာများတွင် တက်္ကသိုလ်ကျောင်းသားသမဂ်္ဂ မှ ဦးဆောင်၍ ကားဟွန်းတီး ခြင်းကို နံနက် ၁၀း၃၇မိနစ်တွင် တစ်ပြိုင်တည်းပြုလုပ်သွားမည် ဖြစ်သည်။
အာဇာနည်ခေါင်းဆောင် ကြီးများအား ဂုဏ်ပြုလိုသည့် ပြည်သူများ၏ဆန်္ဒကို အစိုးရမှ ဖြည့်ဆည်းပေးရန်ပျက်ကွက် သည့်အတွက် ကျောင်းသားများ မှ ပြည်သူလူထုနှင့်ပူးပေါင်းကာ ပြည်သူတို့၏ဆန်္ဒကို ဖြည့်ဆည်း ပေးခြင်းဖြင့် အစဉ်အလာ ကောင်းတစ်ရပ်ကို ပြန်လည်ဖော် ထုတ်ရန် ပြုလုပ်သွားမည်ဖြစ် သည်ဟု ရန်ကုန်စီးပွားရေး တက်္ကသိုလ်ကျောင်းသားများ သမဂ်္ဂ အထွေထွေအတွင်းရေး မှူး ကိုဇေယျာလွင်ကပြော သည်။
အစိုးရအနေဖြင့် အာဇာ နည်နေ့ကို ဥသြဆွဲဂုဏ်ပြုသည့် အစီအစဉ်အားမလုပ်သော် လည်း တ.က.သမှ ဦးဆောင် လုပ်ခြင်းသည်လည်း ဆန့်ကျင် ခြင်းမဟုတ်ဘဲ ကျောင်းသားနှင့် ပြည်သူပေါင်းပါက ဘယ်အတိုင်း အတာထိဖြစ်နိုင်သည်ဆိုခြင်းကို ပြသလိုခြင်း ဖြစ်ကြောင်း၎င်းင်းက ဆိုသည်။
““ဒီနှစ်မှာလုပ်လို့အောင် မြင်ခဲ့ရင် နောက်နှစ်တွေမှာ အစိုးရကိုဖိအားတစ်ခုပေးနိုင် မယ်လို့ထင်ပါတယ်။ ဒီအတွက် အစိုးရဘက်က ပုဒ်မ ၁၈၊ဟွန်း ဥပဒေတွေနဲ့ စွဲလာရင်လဲခံနိုင်မှု ရှိမှာဖြစ်တယ်””ဟု ကိုဇေယျာ လွင်က ပြောသည် ။
တ.က.သများအနေဖြင့် အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ် ပြုသည့်အစဉ်အလာကို အစိုးရ မှပြန်လည်တာဝန်ယူဆောင် ရွက်ပေးစေချင်ကြောင်းနှင့် ပြည် သူလူထုအနေဖြင့်လည်း ပူး ပေါင်းပါဝင်စေချင်ကြောင်း တိုက်တွန်းထားသည်။ ဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်မြို့အပြင် မအူပင်မြို့နယ်တွင်လည်း ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
မြတ်လင်း
ဆိုတေး ဇနီး မချောချော အသက် ၂၁ နှစ်
မ၀င့်ကုဋေသူ (ခေါ်) မချောချော
အသက် ၂၁ နှစ်
ကောင်းရာသုဂတိလားပါစေ....
ဂျပန်စစ်ဗိုလ်ချုပ်များနှင့် အတူတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်း
 photo by Mar Mar Swe's facebook
ဝန်ကြီးဌာနများ၏ အလွဲသုံးစားမှုများစစ်ဆေးရန် အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်း
7Day News Journal
-------------------
ရန်ကုန်- အစိုးရ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို တိုက်ရိုက်စစ်ဆေးရန် အစိုးရက အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး လစဉ်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ အာမခံရုံး၌ အမှုထမ်းအရာထမ်းများနှင့် ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းတို့ တွေ့ဆုံပွဲတွင် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အတွင်းစာရင်းစစ်အဖွဲ့ကို ဒေါက်တာမောင်မောင်သိမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထွေထွေမန် နေဂျာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ဒုဝန်ကြီးကပြောသည်။
“ဒီအဖွဲ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်ရဲ့လား။ ဥပဒေနဲ့ညီရဲလား။ အဲဒါတွေအပြင် ငွေကြေးအလွဲသုံးစား လုပ်မှုတွေကိုလဲ အရေးကြီးရင်ကြီးသလို ၀င်ရောက်ကိုင်တွယ်သွားမယ်”ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ၀န်ကြီးဌာနအချို့အတွင်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အလွဲသုံးစားပြုလုပ်နေခြင်း၊ ၀န်ကြီးဌာန၏ သတ်မှတ်ထားသည့် လုပ်ပိုင် ခွင့်ထက်ကျော်လွန်ပြီး လုပ်ဆောင်မှုများရှိနေသောကြောင့် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။
ဝန်ကြီးဌာနများ၏ လက်ရှိဝင် ငွေ၊ ထွက်ငွေအသုံးပြုမှုစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၀န်ကြီးဌာနများတွင် အတွင်းစာရင်းစစ်၊ အပြင်စာရင်းစစ်များဖြင့် နှစ်စဉ်စစ်ဆေးလျက်ရှိသည်။
“အခုမှ လူထုအမြင်မှာထူးပြီး အမြင်ကြည်လာအောင် လုပ်ပြတာဖြစ်မယ်။ အမှန်တကယ် မလိုအပ်ဘူးလို့ ထင်တယ်။ စာရင်းစစ်ချုပ်ရုံး ဆိုတာရှိနေပြီးသားပဲ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က ဝေဖန်ပြောကြားသည်။
၂၀၁၂ခုနှစ်မတ်လက ပြည် ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီးဌာနများ၏ မသမာမှုများ၊ စွမ်းဆောင်ရည်နိမ့်ကျမှုများ၊ လိမ် လည်မှုများနှင့် ငွေကြေးဆိုင်ရာလုပ် ထုံးလုပ်နည်း မလိုက်နာမှုများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံစာတစ်ရပ်ကို တင်သွင်းခဲ့ သည်။
အဆိုပါ အစီရင်ခံစာတွင် စက်မှုဝန်ကြီးဌာန ယခင်စက်မှု(၁)၀န်ကြီးဌာနနှင့် စက်မှု(၂)၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာနများမှ ငွေကြေးနှင့်ပတ် သက်ပြီးမရိုးဖြောင့်သည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ထို့အပြင် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၆ရက်တွင် ဒုတိယအကြိမ်လွှတ်တော်သို့ ထပ်မံတင်သွင်းခဲ့ရာ အထက်ပါဝန်ကြီးဌာနများသာမက ၀န်ကြီး ဌာန ၁၅ ခု၏ အလွဲသုံးစားမှု၊ မရိုးဖြောင့်မှုများကိုပါ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၅၈၃၉၈ဒသမ ၈၁၀၊ အမေရိကန် ဒေါ်လာ ၂၉၂၉၇၇ဒသမ ၃၁၀ဆုံး ရှုံးနစ်နာခဲ့ရကြောင်း နိုဝင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ
Mizzima
 တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။ ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။ “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။ လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။ မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးနှင့်ကူညီပေး ခဲ့သူ(၂)ဦးအားလ၀ကအက်ဖြင့် ထပ်မံအရေးယူ
Yangon Police
ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့်
ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအားလ၀ကအက်ဖြင့် ထပ်မံအရေးယူ
ရန်ကုန်၊ ဇူလိုင် ၁၆
၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့်
 PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊
North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့်
ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA
လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်
 မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့
(၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက်ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊
အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခိုနေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့်
လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို
ဖေါက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ
တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်အရေးယူခဲ့ပါသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရန်အတွက်
မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊
(ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့်ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက်ဥပဒေ
ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်းသတင်းရရှိ ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ရာ လန်ဒန်က ဟိုတယ်ကို ဦးသိန်းစိန်သွား
ဓာတ်ပုံ- Ye Htut
မြန်မာသမ္မတခရီး ဆန္ဒပြခြင်းအပေါ် သုံးသပ်ခြင်း
ခိုင်အောင်ကျော် ( နယူးယောက် )
၈၈- နောက်ပိုင်း ကျနော်တို့  နိုင်ငံတကာ ရောက်ကြတယ် ။ ပြည်တွင်းက စစ်အစိုးရကို ပြည်ပကနေပြီး ဆန္ဒပြကြတယ် ။ ပြည်ပမှာ အဖွဲ့ အစည်းတွေ အများကြီးဖြစ်လာတယ် ။ NGOs တွေကလဲ နယ်စပ်တွေ ဆင်းလာကြတယ် ။ ထိုင်းနိုင်ငံဖက်ကို လာကြတဲ့  အဖွဲ့ အစည်းတွေက ငွေရေးကြေးရေး မစို့ မပို့ လေးပေးပြီး ဒီမိုကရေစီအတိုက်အခံလောကကို မွှေနှောက်လိုက်တယ် ။ ထိုင်းမှာရှိတဲ့  လက်နက်ကိုင်အဖွဲ့ တွေကော လက်နက်မကိုင်အဖွဲ့ တွေကော အလုပ်ဖြစ်ကြတယ် ။ အမျိုးသမီးဆိုလဲ ဘာကြီးဘဲဖြစ်ဖြစ် သူတို့ လဲ NGOs တွေက ရတဲ့ ဟာနဲ့ အလုပ်ဖြစ်ကြတယ်။ နောက်ဆုံးမှာ မိန်းမလျှာတွေကလဲ အလုပ်ဖြစ်ကြတယ် ။ မိန်းမလျှာအခွင့်အရေးတွေ လှုပ်ရှားလို့  ။  အိန္ဒိယဖက်မှာတော့ ထိုင်းဖက်ကလာတဲ့  အဖွဲ့ အစည်းတွေရဲ့  လက်အောက်ခံ မစို့ မပို့ နဲ့ လှုပ်ရှားကြရတယ် ။ ဘင်္ဂလားဒေ့ရှ့် ဖက်ကတော့ ဘာမှ အထောက်အကူမရတဲ့ အတွက် သူတို့ နည်းသူတို့ ဟန်နဲ့  လှုပ်ရှားကြတယ် ။ မလေးရှားကျပြန်တော့လဲ သူတို့ နည်း သူတို့ ဟန်နဲ့ ဘဲ ။ ဒီလို -၈၈-နော်ကပိုင်းကနေပြီး -၂၀၁၀-ရွေးကောက်ပွဲကာလအထိ မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆန္ဒပြတော်လှန်ရေးကို ကောင်းစွာ လှုပ်ရှားနိုင်ခဲ့ ကြတယ် ။ အောင်မြင်မူတွေ အများကြီး ရရှိခဲ့တယ် ။
     မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ ဆုံရင်း  ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံရှေ့မှာ အတူတွဲရိုက်ပြပြီး နိုင်ငံရေးစိန်ခေါ်မှု တစ်ရပ်ကို လှုပ်ရှားလိုက်တယ် ။ အဲဒီအချိန်ကစလို့  ပွဲက တဖက်သတ်ဖြစ်သွားတယ် ။ နောက် ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်သွားတော့ ကျနော်တို့ ရဲ့  ပြည်ပနိုင်ငံရေး ဆန္ဒပြ့ပွဲတွေဟာ သဂြိုလ်ခံလိုက်ရတယ် ။ အဲဒီတုံးက ကျနော် ဆောင်းပါးတပုဒ် ရေးသားတင်ပြခဲ့ တယ် ။ ဘာလဲဆိုတော့ ပြည်ပမှာရှိတဲ့  ပြည်ထောင်စုအမျိုသားညွန့် ပေါင်းအစိုးရ ( NCGUB ) ဆိုတာကို ဖျက်သိမ်းရတော့မယ်လို့  ရေးတယ် ။ အခြားပြည်ပမှာ ဖွဲ့ စည်းထားတဲ့  ဘယ်အဖွဲ့ အစည်းမဆို ဖျက်သိမ်းရမယ်လို့  ရေးတယ် ။ ပြည်ပက မီဒီယာတွေလဲ ပြည်တွင်းကို ၀င်ကြလိမ့်မယ်လို့ ဟောကိန်းထုတ်ရေးတယ် ။
        ကျနော်ရေးခဲ့ သလိုပါဘဲ ။ ဖျက်သိမ်းလိုက်ရပါတယ် ။ အဖွဲ့ အစည်းတွေဟာ တစ်ခုမကျန် ဖွဲ့ စည်းလိုက်ရတယ် ။ မီဒီယာတွေ ဆိုရင်လဲ ကျနော်တို့ မှားခဲ့ ပါပြီလို့  ဒူးထောက်ပြောဆိုတဲ့ အထိ ကပ်ဖါးယပ်ဖါး ပြောယူရလောက်အောင် မိဇျိမ္မက စိုးမြင့်က ၀န်ကြီးဦးကျော်ဆန်းကို တောင်းတောင်းပန်ပန် နဲ့  ပြည်တွင်းမှာ လုပ်စားဖို့  ၀င်သွားရတယ် ။ ဧရာဝတီအောင်ဇေါ်က သူတို့ တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် NGOs တွေက အကူအညီ ထောက်ပံ့ငွေ မရရှိတော့ဘူး ။ ဒါ့ကြောင့်မို့ လို့  ပြည်တွင်းကို လူမသိ သူမသိ နဲ့  ၀င်သွားရတယ် ။ မီဒီယာသမားတွေဟာ ၀ပ်ဆိုက်နဲ့  ဘလော့ကလေး လုပ်ရုံနဲ့  ကြီးကြီးကျယ်ကျယ် သတင်းမီဒီယာကြီးလို  ဟန်ကြီးတစ်ခွဲသားနဲ့  အင်တာနတ်အကြောင်း နားမလည်လွန်းသေးတဲ့  မြန်မာနိုင်ငံအစိုးရနဲ့  ပြည်သူတွေကို လှည့်စားဖို့  ၀င်သွားကြတာဖြစ်တယ် ။ သူတို့ တွေကြောင့် မြန်မာနိုင်ငံအစိုးရဟာ မူဆလင်ကုလားတွေရဲ့  လုပ်ကြံမှုတစ်ခုကို ခုထက်ထိ ဖြေရှင်းနေရမဆုံးဖြစ်နေတယ် ။
      စောစောက ပြောခဲ့ သလို -၈၈-နောက်ပိုင်းမှာ နိုင်ငံတကာမှာ ဆန္ဒပြခဲ့ တဲ့  ကျနော်တို့ ဟာ ဘယ်နိုင်ငံမဆို တက်ညီလက်ညီ အတူတူ တိုက်ပွဲဝင်ခဲ့ ကြတယ် ။ ဘယ်မူဆလင်ကုလား တစ်ကောင်မှ အဖွဲ့ အစည်းနဲ့ အတူတူ လိုက်ပါ ဆန္ဒပြခဲ့ တာ မရှိဘူးဆိုတာ ပြောချင်တယ် ။ ဒါဟာ နှစ်ပေါင်း-၂၀-အတွင်းမှာ ထူးခြားနေတဲ့  ပြသနာဖြစ်တယ်ဆိုတာ ပြောလိုတယ် ။ နောက်တစ်ချက်က မူဆလင်ကုလားတွေကို အဓိကပွဲထုတ်တဲ့  ဦးဟန်ညောင်ဝေကို ဒီနေရာမှာ ပြောချင်တယ် ။ ဦးဟန်ညောင်ဝေက မြန်မာနိုင်ငံရဲ့  ပထမ သမ္မတဖြစ်သူ စပ်ရွှေသိုဝ်ရဲ့ သားမို့ လေးစားတယ် ။ ဒါပေမဲ့  သူ့ အဖေကိုသာ  လေးစားတာဖြစ်တယ် ။ ဒီဦးဟန်ညောင်ဝေဆိုတဲ့  သူတောင်းစားက မူဆလင်ကုလားတွေရဲ့ လော်ဘီသမားမို့  အကြံအဖန်ကို ကောင်းကောင်းကြီးအသုံးချသွားတယ် ။ ၈၈-နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားမှုမှာ အတူတူ တန်းတူအခွင့်အရေးနဲ့  လှုပ်ရှားကြတာဖြစ်တယ် ။ ဒါပေမဲ ဦ့းဟန်ညောင်ဝေက ဒီလိုမဟုတ်ဘူး ။ တိုင်းရင်းသားလူမျိုးများကောင်စီ ( Ethnic National Council )-ENC- ဆိုတာကို ထိုင်းနယ်စပ်မှာ သွားပြီး စတင်လှုပ်ရှားတယ် ။
        အဲဒီအဖွဲ့ ကို ကျနော်က တချိန်လုံးလက်မခံဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဗမာလဲ တိုင်းရင်းသားလူမျိုး တမျိုးဆိုတာ ကျနော်က လက်ခံထားသူဖြစ်တယ် ။ ဒါပေမဲ့  ဦးဟန်ညောင်ဝေက ဗမာဟာ တိုင်းရင်းသားလူမျိုး မဟုတ်သလို သူ့ အဖွဲ့ အစည်းကို ဗမာမပါသော တိုင်းရင်းသားလူမျိုးများဆိုပြီး သွေးခွဲဖွဲ့ စည်းတာဖြစ်တယ် ။ အဲဒီအဖွဲ့ မှာပါတဲ့  လူတွေကလဲ ကိုယ်ဘာကောင်လဲဆိုတာတောင် မသိကြဘူး ။ ပြောလာတဲ့ အခါ ဗမာတစ်ကျပ် ကရင်တစ်ကျပ်- ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် -ဗမာတစ်ကျပ် ရခိုင်တစ်ကျပ် ဆိုပြီး ပြောသေး ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလို့ လဲ ပြောပြန်သေးတယ် ။ ကဲ - ဗမာလူမျိုးတွေဟာ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုရင် သူတို့ လိုချင်တဲ့ တန်းတူအခွင့်အရေးတို့ -အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဘယ်လို တည်ဆောက်နိုင်မှာလဲ ဆိုတာ စဉ်းစားလို့ မရ ဖြစ်တယ် ။ ဗမာလူမျိုးဟာ တိုင်းရင်းသားလူမျိုးပါလို့  ဗမာကလဲ လက်ခံမ-ှ ကျန်ရှိနေတဲ့  အခြားလူမျိုးတွေကလဲ အားလုံးသောလူမျိုးဟာ တိုင်းရင်းသားလူမျိုးပါလို့  လက်ခံထားမှ -ဖက်ဒရယ်ပြည်ထောင်စုစနစ် တစ်ခုနဲ့  မြန်မာနိုင်ငံကို တည်ဆောက်လို့ ရမှာဖြစ်တယ် ။
      ဒီတော့ ဦးဟန်ညောင်ဝေရဲ့ - ENC -က ဗမာလူမျိုးကို တိုင်းရင်းသားလူမျိုးလို့ အသိအမှတ် မပြုသမျှ ဖက်ဒရယ်ပြည်ထောင်စုကိုဖေါ်ဆောင်လို့ မရဘူးလို့  ပြောရဲတယ် ။ တကယ်လို့ ဗမာလူမျိုးဟာလဲ တိုင်းရင်းသားလူမျိုးပါလို့  အခုအချိန်မှာ လာပြောရင်လဲ အဲဒီ ENC အဖွဲ့ အစည်းမှာ ဗမာလူမျိုးတွေကို ထည့်သွင်းရမယ် ဖြစ်တယ် ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆွေးနွေးဖို့ ထက် အဲဒီပြသနာကို ပထမဦးစွာ ဆွေးနွေးဖို့ တောင် လိုနေသေးတယ် ။ နောက်ဒုတိယတစ်ချက်က ဦးဟန်ညောင်ဝေက မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးများ ညီလာခံပြုလုပ်ဖို့  ငွေကြေးတွေ စိုက်ထုတ်ပေးနေတာတွေ မြင်နေရတယ် ။ ဒါက သူ့ အနေနဲ့  ဘယ်ကရရှိတဲ့  ငွေနဲ့  လုပ်ကိုင်သလဲ ဆိုတာ ပြောလို့ မရလူး ။ သူ့ ရဲ့ ကြိုးစားမှုကြောင့် ရတာဘဲလို့  မှတ်ယူပါတယ် ။ ဒါပေမဲ့  ဦးဟန်ညောင်ဝေဟာ မူဆလင်ကုလားတွေနဲ့  ပတ်သက်လို့  အထူးစိုးရိမ်ရသူဖြစ်တယ် ။ သူဟာ နိုင်ငံတကာမှာ မူဆလင်ကုလားတွေနဲ့  ကွန်ဖရင့်တွေ လုပ်တော ကြားနေမြင်နေရတယ် ။ သူ့ ကြောင့် ရခိုင်ပြည်နယ်ဟာ မီးဟုန်းဟုန်း တောက်လောင်နေပြီ ။ တစ်ချိန်တည်းမှာဘဲ မြန်မာနိုင်ငံတော်ဟာ မီးလောင်ပြာကျ နေရပြီ ။ အဲဒါဟာ ရှမ်းလူမျိုးတွေရဲ့  သမ္မတကြီး စပ်ရွှေသိုဝ်ရဲ့  သားဖြစ်သူ ဦးဟန်ညောင်ဝေကြောင့် ဖြစ်တယ်လို့  ကျနော်ခိုင်မာစွာ ပြောဆိုရဲတယ် ။ သူက-၈၈-အရေးအခင်းမှာ ဘာမှ လှုပ်ရှားဆောင်ရွက်သူမဟုတ်ဘဲနဲ့  နော်ဝေးနိုင်ငံက လွှင့်ထုတ်နေတဲ -့DVB -အသံလွှင့်ဋ္ဌာနကို ကြိုးကိုင်လိုက်နိုင်တယ် ။ အစပိုင်းမှာ ဒေါက်တာစိန်ဝင်းတို့ က ပါဝင်ဆောင်ရွက်ပေမဲ့  နုတ်ထွက်သွားပြီးနောက် အခုအချိန်ထိ -DVB -အသံလွှင့်ဋ္ဌါနဟာ ဦးဟန်ညောင်ဝေရဲ့ အုပ်ချုပ်မှူအောက်မှာ ရှိနေတယ် ။ ဒီတော့ မူဆလင်ကုလားတွေရဲ့ လော်ဘီအတွက် အကောင်းဆုံးအလုပ်ဖြစ်သွားတဲ့  မီဒီယာတစ်ခု ဖြစ်သွားတယ် ။
   ဦးဟန်ညောင်ဝေရဲ့ လက်တန်က ရှည်လွန်းတာကြောင့် မီဒီယာတွေဟာ သူနဲ့ မပေါင်းသင်းရင် မရတော့သလို ဖြစ်နေတယ် ။ နောက်ဆုံးမှာ သမိုင်းလိမ်ဘင်္ဂလီ ကုလားများ ညီလာခံပြုလုပ်တိုင်း ဦးဟန်ညောင်ဝေဟာ သဘာပတိ အနေနဲ့  တက်ရောက်နေတယ် ။ ကျနော်နောက်ဆုံး သိရသလောက်တော့ ရခိုင်ပြည်နယ်မှာ ပြုလုပ်မဲ့  ရခိုင်အမျိုးသားညီလာခံဟာလဲဘဲ ဦးးဟန်ညောင်ဝေရဲ့  အိတ်ကပ်ထဲက ငွေကြေးနဲ့  ဆိုတာ သိရတယ် ။ သူ့ ဆီက ငွေကြေးနဲ့  ပြလုပ်တာကို ကျနော့် အနေနဲ့  ဘာမှ မပြောချင်ဘူး ။ ဒီငွေတွေဟာ မူဆလင်ကုလားများဆီက ရချင် ရနေလိမ့်မယ်လို့ လဲ ကျနော်က အရမ်းကရော မစွပ်စွဲလိုဘူး ။ ပြောချင်တာက ဦးဟန်ညောင်ဝေဟာ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေအတွက် သူဘာတစ်ခု ကောင်းကျိုးကို လုပ်ပေးနေလို့ လဲ ဆိုတဲ့  ပေတံနဲ့ သာ စကားပြောချင်တယ် ။ သူ့ လိုလူက ငွေကြေားစိုက်ထုတ်ပေးလို့  သူနဲ့ အတူ တန်းတူထိုင်ပြရမဲ့  အခြေအနေကို ကျနော် မတွေးရဲစရာခံစားရတယ် ။ ကျနော်ကတော့ ဦးဟန်ညောင်ဝေကို ရခိုင်ပြည်နယ်ကို ဖျက်ဆီးရန် ကြိုးစားနေတဲ့  အဓိက ကြိုးကိုင်သူလို့  သတ်မှတ်ထားသူလို့ ခံယူထားတယ် ။ ခုအချိန်မှာ မြန်မာနိုင်ငံဟာ သူ့ ကြောင့် မီးဟုန်းဟုန်းတောက်လို့  တနိုင်ငံလုံး ပြသနာဖြစ်နေရတယ်လို့ ကျနော်ထင်တယ် ။ ယုံလဲ ယုံကြည်တယ် ။
   ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို လန်ဒန်ရောက် ကချင်လူမျိုးများ ဆန္ဒပြတောင်းဆိုတာကို မြင်ရကြားရတယ် ။ ကျနော်လက်ခံပါတယ် ။ ကျနော်တို့ လဲ ဒီလိုဘဲ လမ်းပေါ်မှာဆ န္ဒပြခဲ့ သူတွေဘဲဖြစ်တယ် ။ စင်စစ်တော့ ကချင်အဖွဲ့ အစည်းတွေဟာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိနန်နဲ့  နဖူးတွေ့ ဒူးတွေ့ တွေ့ ဆုံပွဲကို ပြုလုပ်စေဖို့  မြန်မာနိုင်ငံအစိုးရဖက်က ကြိုတင် ဆောင်ရွက်ရန် သင့်တယ် ။ အဲလို မဆောင်ရွက်ခဲ့ လို့  မူဆလင် ဘာသာဝင် ဘင်္ဂလီ ကုလားတွေက ရောပြီး ဆန္ဒပြပွဲ ပြုလုပ်လာဖြစ်ကြတယ် ။ ကချင်လူမျိုးတွေ ဆန္ဒပြတာကို ကျနော်လက်ခံတယ် ။ သူတို့ ဟာ ကျနော်တို့ ရဲ့  ညီအစ်ကို တိုင်းရင်သားလူမျိုးများဖြစ်တယ် ။ သူတို့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့  ပြည်တွင်းစစ်ကို သူတို့ ရပ်တန့် ပေးဖို့  တောာင်းဆိုတာကို ကျနော်လက်ခံတယ် ။ ဘာမှ မဆိုင်တဲ့ မူဆလင်ကုလား လူမျိုးတွေရဲ့  ဆန္ဒပြတာကိုတော့ ကျနော် လက်မခံဘူး ။ ရွံတယ် ။ သူတို့ ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးမှာ မပါရှိတဲ့  နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးများဖြစ်တယ်လို့  မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားတာဖြစ်တယ် ။ Burma Camping UK -ဆိုတာဟာ -၈၈- နောက်ပိုင်းမှာ ခါတော်မှီ ဖွဲ့ စည်းပြီး စစ်အစိုးရကို ဆန့် ကျင်ဆန္ဒပြခဲ့ ရာကို အဓိက ကြိုးကိုင် ဦးဆောင်အဖွဲ့ အစည်းဖြစ်တယ် ။ စောစောက ပြောခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယစားလှယ်ဖြစ်သွားတော့ မြန်မာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် မရှိတော့သလို နိုင်ငံတကာမှာလဲ အတိုက်အခံအဖွဲ့ အစည်းရယ်လို့  မရှိကြတော့ဘူး ။ လန်ဒန်မှာရှိတဲ့  -Burma Campaign UK- ဟာ မြန်မာနိုင်ငံဒီမိုကရေစီအတိုက်အခံသမားတွေ မဟုတ်တော့ဘဲ မူဆလင်ကုလားတွေအတွက် အကြံအဖန်သမးများနဲ့ သာ လျှော့ရိလျှောရဲ အဖွဲ့ အစည်းသာဖြစ်တယ် ။  ဥရောပရောက် ဒီမိုကရေစီအင်အားစုများကို ကိုယ်စားပြုတဲ့  အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာ ပြောချင်တယ် ။ ဒီမိုကရေစီအင်အားစုများမပါတဲ့  မူဆလင်ကုလားများအုပ်စုဟာ -၈၈-နောက်ပိုင်းမှာ တစ်ခါမှ ကျနော်တို့ ရဲ့  အင်အားစုတွေနဲ့  လမ်းပေါ်မှာဆန္ဒပြခဲ့ သူများ မဟုတ်ဘူးဆိုတာ ပြောချင်တယ် ။
    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ကျနော်တို့  လက်ဆောင်စာအုပ်တွေ ပေးရတော့မယ်ဖြစ်တယ် ။ သူဟာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုင်အုပ်ချုပ်ချိန်က မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်မှာ ဘယ်လူမျိုးတွေ ဘယ်လောက်အထိ နေထိုင်ခဲ့ တယ် ဆိုတဲ့  သန်းကောင်စာရင်းကို တစ်ချက်ကလေးမှ မလေ့လာဘဲ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို ပြောဆိုခဲ့ တာဟာ အင်မတန်မှ ရုပ်ပျက်လွန်းတယ် ။ သူ့ သိက္ခကျဆင်းသွားတာ သူမသိလိုက်ဘူး ။ တကယ်လို့  လမ်းကြုံရင်မှာလိုက်ပါရစေ ။ မြန်မာနိုင်ငံက တာဝန်ရှိသူများက နောက်တစ်ကြိမ် လန်ဒန်သွားဖြစ်ရင် ဗြိတိသျေ၈ဇက်မှာပါတဲ့  သန်းကောင်စာရင်းတွေကို ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ပေးလိုက်ကြပါလို့ --------
ခိုင်အောင်ကျော် ( နယူးယောက် )