Wednesday, July 17, 2013

ပြည်ခိုင်ဖြိုးပါတီသို့ အိတ်ဖွင့်ပေးစာ





ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ၂၀၁၅ခုနှစ်မှာ သမ္မတဘယ်သူဖြစ်လာမလဲဆိုတဲ့မေးခွန်းတစ်ခုဟာ ပြည်တွင်းပြည်ပမှာ အတော်ပင်စိတ်ဝင်စားစရာအကောင်းဆုံး ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌနေရာ ရယူထားတဲ့ ဦးရွှေမန်းကိုယ်တိုင် ၂၀၁၅မှာ သမ္မတဖြစ်ချင်တယ်လို့ ပြောပြီး ကတည်းက ပါတီအတွင်းမှာ ဦးရွှေမန်းကို ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုပြီး နှစ်ခြမ်းကွဲရတဲ့အပြင် ဝေဖန်သံ များလည်း ဆူညံလျှက်ရှိပါတယ်။
    ဒီအကြောင်းတွေကို မပြောခင် ကျွန်တော့်ကိုယ် ကျွန်တော်မိတ်ဆက်ရရင် ကျွန်တော်ဟာ ယခင်က ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ပါတီအတွင်းမှာ အရေးပါတဲ့တာဝန်ထမ်းဆောင် ခဲ့ရသူတစ်ဦးဆိုရင် မမှားပါဘူး။ ပြည်ခိုင်ဖြိုးအဖွဲ့ကြီး စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၀ ကျော်ကာလကတည်းက ပါတီရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်နည်းလုပ်ဟန်တွေကို အတွင်းကျကျလေ့လာသိရှိနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် ပါတီအတွင်း မှာရှိတဲ့ တက်ကြွလူငယ်တွေနဲ့ ပညာတတ်ပုဂ္ဂိုလ်များကိုစည်းရုံးပြီး မိမိတို့ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအနိုင် ရရှိအောင် နည်းမျိုးစုံသုံးပြီး အပင်ပန်းခံကြိုးစား ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။ အခုတော့ဒီလို ဆောင်ရွက်ခဲ့တာတွေကို မထောက်ထားပဲ ဦးရွှေမန်း ပါတီဥက္ကဌဖြစ်လာချိန်မှာတော့ ဗဟိုကော်မတီဝင်ကနေ အနားပေးခြင်းခံခဲ့ရပါပြီ။ကျွန်တော်ဒီစာကိုရေးရတာဟာ အရေးပါတဲ့ပါတီရာထူးကနေ ပြုတ်သွားလို့မစားရတဲ့အမဲသဲနဲ့ပက်တယ် လို့တော့မထင်ပါနဲ့။ ပြည်ခိုင်ဖြိုးပါတီအတွင်းတကယ့်ဖြစ်ရပ်မှန်တွေကိုပြည်သူတွေသိစေချင်လို့ပါ။
    ယနေ့ မီဒီယာများမှတဆင့် ကြားသိလိုက်ရတာကတော့ လာမယ့် ဇွန်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည်ဆိုတဲ့ သတင်းတစ်ခုပဲ ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဦးသိန်းစိန် ပါတီဥက္ကဌအဖြစ် နောက်ဆုံးလုပ်ခဲ့တဲ့ အစည်းအဝေးထိ တက်ရောက်ခဲ့ ဖူးပါတယ်။ ယခု ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးမည့် အသေးစိတ်အကြောင်းအရာ အားလုံးကို မသိပေမဲ့ လွှတ်တော်အစည်းအဝေးများ မစတင်မှီ လက်ရှိအပြောများနေတဲ့ Proportional Representative လို့ခေါ်တဲ့(PR)စနစ်နဲ့ လက်ရှိနိုင်ငံရေးပါတီများရဲ့ ရွေးကောက်ပွဲဝင်မည့်အခြေအနေ၊ အခြေခံ ဥပဒေပြင်ဆင်ရေးအခြေအနေ၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နှင့် ပါတီတွင်း ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက် မဟာဗျူဟာမြောက် စည်းရုံးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမယ်လို့ ကြားသိရပါတယ်။ (PR) စနစ်  ကျင့်သုံးရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား ပါတီငယ်တွေရဲ့ ဒေသတွေမှာ ၎င်းတို့တိုင်းရင်းသားတွေရဲ့ တိုးတက် ရှင်သန်မှုကို အညွန့်ချိုးသလိုဖြစ်နေတဲ့အတွက် အခြေအနေရှုပ်ထွေး နေပြီး ဦးရွှေမန်းကို လူမုန်းများလျက်ရှိ ပါတယ်။
    ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေး ပြီးကတည်းက ဗဟိုကော်မတီအတွင်းမှာ ဦးရွှေမန်းနှင့် ပနံသင့်သည့် ပုလင်းတူဗူးစို့များကိုသာ ဗဟိုကော်မတီဝင်အဖြစ်ဆက်လက် ခန့်အပ်ထားခဲ့ပြီး တကယ်တမ်း ပါတီရဲ့အောက်ခြေ မိုးထဲရေထဲမှာ အပင်ပန်းခံလုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ထည့်သွင်း ခန့်အပ်ထားခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် လက်ရှိ ပါတီဥက္ကဌရာထူးကိုလည်း သမ္မတ ဦးသိန်းစိန် ဆီကနေ အတင်း ရယူထားတဲ့အပြင် ဦးသိန်းစိန်ရဲ့ သမ္မတရာထူးနေရာကိုပါ အတွင်းစည်းထဲကနေ ကိုင်လှုပ်နေတဲ့ သူတစ်ဦး လည်း ဖြစ်ပါတယ်။ မကြာခင် ကာလတုန်းက ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးကနေ အနားပေးခြင်း ခံလိုက်ရတဲ့ ဦးလွန်းမောင်ဟာလည်း ဦးရွှေမန်းရဲ့ လှည့်ကွက်တွေကြားမှာ နောက်ကျောကို ဓါးနှင့်ထိုးတာ ခံလိုက်ရတယ်လို့ မီဒီယာတစ်ခုနှင့် အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ဘူးပါတယ်။ ဒါတွေဟာ အမှန်တွေပါဘဲ။ သူပါတီ ဥက္ကဌဖြစ်ပြီး ကတည်းက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့စိတ်နဲ့ ၎င်းနဲ့အယူအဆ မတူတဲ့သူတွေကို ဘေးဖယ်ထားပါတယ်။  သူနဲ့အဆင်ပြေတဲ့ ပုလင်းတူဗူးစို့သမားတွေကိုတော့ အရေးပါတဲ့ရာထူးတွေ ပေးထား တယ်လေ။ ကျွန်တော့်အနေနဲ့ ဘေးဖယ်ခံရတာကို ၀မ်းမနည်းပေမယ့် အခု ပါတီအတွင်း အက်ကွဲသံတွေကို နေ့စဉ်နှင့်အမျှ ကြားနေမြင်နေရတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုစိတ်လည်း မရှိတော့ပါဘူး။
    ပြီးခဲ့တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဌတို့ရဲ့ ပါတီနေရာလုပွဲမှာ ကျွန်တော်တို့ကတော့ ဗဟိုကော်မတီဝင် အဆင့်ကနေတောင် ဆင်းပေးခဲ့ရပါတယ်။ သမ္မတကလည်း ပါတီဥက္ကဌရာထူးက မထွက်ချင်၊ လွှတ်တော် ဥက္ကဌကလည်း ပါတီဥက္ကဌလုပ်ချင်၊ ခေါင်းဆောင် ၂ ဦးရဲ့ ထိုင်ခုံနေရာလုပွဲမှာ ငထွားခါးနာခဲ့ရတဲ့ အဖြစ်မျိုးပါ။ ပါတီသက်တမ်းတစ်လျှောက် မိုးထဲ ရေထဲ နေပူထဲမှာ ပါတီအတွက် ကြိုးစားခဲ့ရတဲ့လူတွေကတော့ အခုချိန်မှာ ကြိုးစားထားသမျှ သဲထဲရေသွန်ဆိုသလိုပါပဲ။ ဦးရွှေမန်း ဥက္ကဌနေရာရဖို့ သူနဲ့ ပုလင်းတူ ဗူးစို့တွေကို ဗဟိုကော်မတီဝင်ဖြစ်အောင် ကလဖန်ထိုးပြီး လုပ်ပေးခဲ့တာတွေဟာ  ဒီမိုကရေစီအရ လုပ်တာလား၊ ဗျူရိုက ရေစီအရ လုပ်တာလားဆိုတာ မေးချင်ပါတယ်။
    ယခုနောက်ပိုင်း ကာလတွေမှာ ဦးရွှေမန်းရဲ့ ခြေလှမ်းတွေဟာ တစ်နေ့ထက်တစ်နေ့ တစ်လထက် တစ်လ မြန်ဆန်လာနေပါပြီ။ မကြာခင်လွှတ်တော်သက်တမ်း ၂ နှစ်ခွဲပြည့်ရင်ပြည်ထောင်စုလွှတ်တော်နာယက နေရာယူပါတော့မယ်။ အဲဒီအချိန်ကျရင်တော့ သူ့သဘောသူဆောင်ပြီး ဖြစ်လာမယ့်အကျိုးဆက်ကတော့ မတွေးရဲစရာပါဘဲ။ အခုနောက်ဆုံး အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ အနာဂါတ်နှင့် ပြည်ထောင်စုလွှတ်တော်ရဲ့ အမြင်ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူ့အနေနဲ့ ၂၀၁၅မှာ သမ္မတဖြစ်လိုကြောင်း၊ ဖြစ်နိုင်ရင် သမ္မတထက်မြင့်တဲ့ရာထူးရှိရင်လိုချင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး အခြေခံဥပဒေပြင်ဖို့ ကြိးစားသွားမှာဖြစ်ကြောင်း၊ လိုအပ်လျှင် NLD နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း စတဲ့လုပ်ရပ်တွေဟာ သူအာဏာရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အသုံးချဖို့ ကြိုးစားနေတဲ့ ခြေလှမ်းတွေကို မြင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပေါင်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတဲ့အများကြိုက် စကားများကို တွင်တွင်ကျယ်ကျယ်ပြောဆိုလာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း မကြာခဏလျှို့ဝှက်တွေ့ဆုံပြီး ၂၀၁၅မှာ သမ္မတဖြစ်လာရေးအတွက် ပြည်သူတွေကို လှည့်စားနေပြီ ဆိုတာ ကျွန်တော်တို့လို နိုင်ငံရေးစိတ်ဝင်စားသူတွေကတော့ သတိထားမိပါတယ်။
    ဦးရွှေမန်းဟာ တကယ်တမ်းဆိုရင် ယခင်စစ်အစိုးရရဲ့ နံပါတ်(၃)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပေမဲ့ အစိုးရအဖွဲ့ကို သမ္မတရာထူးပေးတဲ့အခါမှာ နံပါတ်(၄)အဆင့်ရှိတဲ့ ဦးသိန်းစိန်က သူ့ကို ကျော်တက်သွားပြီး သမ္မတဖြစ်သွားလို့ ဦးသိန်းစိန်အပေါ် မကျေနပ်တဲ့ အစိုင်အခဲ ဖြစ်နေတာ ကြာပါပြီ။ ဒါ့ကြောင့် ၂၀၁၅ မှာ သူသမ္မတဖြစ်ဖို့ရေး အထက်လမ်းရော အောက်လမ်းပါကျင့်သုံးပြီး နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာကို တွေ့လာရပါတယ်။ အရင်က ဦးရွှေမန်း သမ္မတ မဖြစ်ရတဲ့ အကြောင်းအရင်းက သူ့ရဲ့သား ခရိုနီတွေကြောင့်ဆိုတာ အားလုံးက သိကြပါတယ်။ သူ့ရဲ့သားတွေဟာ စီးပွားရေးနဲ့ပတ်သက်ရင် ပြည်သူ့အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး မိမိ ကိုယ်ကျိုးစီးပွား ကိုသာ ရှေ့တန်းတင်သူများဖြစ်လို့ ယခင်အစိုးရလက်ထက်ရော အခုအစိုးရလက်ထက်မှာပါ နာမည်ဆိုးနဲ့ ကျော်ကြားလျက်ရှိပါတယ်။ ၂၀၁၅ မှာ ဦးရွှေမန်း သမ္မတဖြစ်သွားရင်တော့ တစ်နိုင်ငံလုံးရဲ့ အကျိုးရှိမဲ့ စီးပွားရေးလုပ်ငန်းတွေ သူ့သားတွေလက်ထဲရောက်သွားမယ်ဆိုတာသေချာပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ဦးသျှောင် ဖြစ်မဲ့သူ ရွေးချယ်ရာမှာ သားသမီးကိစ္စဟာ အလွန်အရေးကြီးပါတယ်။
အမေရိကန်ခရီးစဉ်အတွင်း လက်တလော မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာ-မူဆလင် အဓိကရုဏ်း ကိစ္စမှာလဲ ၉၆၉ ဦးဆောင်တဲ့သူတွေကို ပုတ်ခတ်နှိမ့်ချပြီး အရေးယူဆောင်ရွက်မယ်လို့လဲ ပြောခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ မူဆလင်တွေရဲ့ ထောက်ခံမှုကိုရယူပြီး ၂၀၁၅ အတွက် ကစားကွက်တစ်ခုကို ရွှေ့လိုက်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ကိုယ်တိုင်တက်ရောက်ပြီး နှစ်ကိုယ်ကြား ဆွေးနွေးခဲ့ တယ်ဆိုတာ နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုမဟုတ်တစ်ခု ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ သူတို့ နှစ်ဦး နှစ်ကိုယ်ကြား ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာတော့ သူတို့ဘဲ အသိဆုံးဖြစ်မှာပါ။
    အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လိုက်ရင်တော့ မကြာမှီ ကျင်းပမည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံရေး အခင်းအကျင်းအနေနဲ့ ဘယ်လိုဆက်ဖြစ် လာမလဲဆိုတာ သိသာထင်ရှားလာနေပြီ ဖြစ်ပါတယ်။ တစ်ဘက်က နိုင်ငံရေး ကစားကွက်ကို ရွှေ့၊ တစ်ဘက်က မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလ နုနယ်တဲ့ အချိန်မှာ အာဏာကို မျက်စောင်းထိုးပြီး ဒေါ်အောင်ဆန်းစုကြည် ပါတီနှင့် ပုလင်းတူဗူးစို့ လုပ်နေတဲ့ လုပ်ရပ်တွေဟာ နောက်တစ်ချိန်မှာ အကွက်ရွှေ့မှားရင် သမိုင်းတရားခံဖြစ်သွားနိုင်သလို လုပ်ကြံခံရနိုင်သည်အထိလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဦးရွှေမန်း ဦးစီးပြီး ပြုလုပ်မဲ့ ဗဟိုကော်မတီ အစည်းအဝေးဟာ ဒီမိုကရေစီဆိုတဲ့ လူနည်းစုရဲ့ဆန္ဒကို ထည့်တွက်ထားတဲ့ လူများစုရဲ့ ဆန္ဒလား(သို့မဟုတ်) တစ်ဦးတစ်ယောက်က ကိုင်လှုပ်ပြီး ပုလင်းတူဗူးစို့များနဲ့ မိမိရဲ့ မိသားစု ငွေကြေးပိုင်ဆိုင်မှုများကို အထောက်အကူပြုပေးတဲ့ သူများကိုသာ နေရာပေးလေ့ရှိတဲ့ ဗျူရိုကရေစီလားဆိုတာ သမိုင်းမှာ မကြာမှီတွေ့မြင်လာရတော့မည် ဟုသာ ထင်မြင်မိပါတော့သည်။

မောင်ခိုင်ဖြိုး

ဆိုတေး ရဲ့အဖေဖြစ်သူရဲ့ ရှင်းလင်းချက်။

http://www.youtube.com/watch?feature=player_embedded&v=8S-W446zg28#at=44

မြန်မာနိုင်ငံ သမ္မတလောင်း သုံးဦးအား မဲဆွယ်စည်းရုံးခြင်း




ခိုင်အောင်ကျော် ( နယူးယောက် )



ကျွန်တော်နေထိုင်သော အမေရိကပြည်ထောင်စုမှာ သမ္မတလောင်းများသည် သမ္မတအဖြစ် ရွေးချယ်ခံရန် ပြည်သူများဆီ သွားရောက်မဲဆွယ် စည်းရုံးကြသည် ။ သက်ဆိုင်ရာသူတို့ ပြည်နယ်တွေမှာ သူတို့ က သြဇါအာဏာရှိပြီး ပြည်နယ်အစိုးရ အရာရှိဖြစ်နေလျှင် သူတို့ မှာ လက်ခုပ်သံတညံညံနှင့် ဖြစ်နေသည်ကို တွေ့ ရသည် ။ သို့ အတူ တက္ကသိုလ်များ ကောလိပ်ကောင်းများတွင် မဲဆွယ်စည်းရုံးကြသည် ။ နောက်ဆုံးမှာတော့ သီးခြားစီ မဲဆွယ်နေကြသည်ကို -CNN- သတင်းဋ္ဌါနမှ သမ္မတလောင်းများအား မဲဆွယ်စည်းရုံးရေး စကားရည်လုပွဲဖြင့် ပြည်သူအများရှေ့မှာ ယှဉ်ပြိုင်စေသည် ။ သမ္မတလောင်းများသည် ပြည်နယ်များစွာ၏ ထောက်ခံသူရလဒ်များကိုကြည့်ပြီး မဟန်တော့ဘူးဆိုလျှင် နောက်ဆုတ်သွားကြသည် ။ မဲဆွယ်စည်းရုံးရေးဆင်းရာ၌ ကုန်ကျခဲ့ သော ဒေါ်လာများသည် သန်းနှင့်ချီ၍ ကုန်ကျခဲ့ သော်လည်း မနှမြော မတွန့် တိုဘဲ သမ္မတလောင်း အမည်စာရင်းမှ နုတ်ထွက်သွားခဲ့ ကြသည် ။ နောက်ဆုံးသမ္မတလောင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်သူနှစ်ဦး ရှိလာချိန်၌မူ စကားရည်လုပွဲဖြင့် ယှဉ်ပြိုင်စေပြီး ပြည်သူများ၏ မဲဆန္ဒများကို တောင်းခံကြသည် ။

     အမေရိကပြည်ထောင်စုတွင် သမ္မတလောင်းများသည် ပြည်သူများ၏ စားဝတ်နေရေးများအပြင် နိုင်ငံခြားရေးမူဝါဒများကို ပြည်သူများအကြိုက် ရင်ဘတ်ထဲမှာ ထိမိအောင် မဲဆွယ်စည်းရုံးကြခြင်းဖြစ်သည် ။ ပြည်သူများ၏ စားဝတ်နေရေးဆိုသော လူမှုရေးများကို စာရင်းဇယားများဖြင့်  တိတိကျကျ ဝေဖန်ထောက်ပြကြသည် ။ လက်ရှိသမ္မတ၏ ဆောင်ရွက်နေသောအချက်များကို မညှာမတာ ဝေဖန်ထောက်ပြကြသည် ။ လက်ရှိသမ္မတကလည်း သူ၏ ဆောင်ရွက်ချက်များကို အပြင်းအထန် ခုခံကာကွယ် မဲဆွယ်ပြောဆို စည်းရုံးရသည် ။ တစ်တရံတွင် ပြည်နယ်တစ်ခု၌ ရာဇ၀တ်ပြစ်မှုများဖြစ်၍သော်၎င်း၊ သဘာဝဘေးဒဏ်ကျရောက်၍ မြို့ ရွာများပျက်စီးနေရလျှင်၎င်း သမ္မတလောင်းများသည် သူ့ ထက်ဦးအောင် ၀မ်းနည်းကြောင်း ပြောဆိုကြသည် ။ အခင်းဖြစ်ပွားနေသော နေရာဒေသအသီးသီးများကို သွားရောက်ပြီး လူထုနှင့် တွေ့ ဆုံကြရသည် ။ မိမိတို့ ၏ မဲဆွယ်စည်းရုံးနေသည့် နေရာဒေသကို အစီအစဉ်များပြောင်းကာ ရက်ရွှေ့ ပြုလုပ်ကြရသည် ။ ပြည်သူများနှင့် ထပ်တူခံစားရပါသည်ဆိုသော သတင်းစကားများကို ပြောကြားရန် ပြည်သူ့ ရှေ့မှောက် အရောက်လာကြသည် ။ သို့ မှသာ ပြည်သူလူထုဆီမှ မဲရရှိနိုင်မည်ဖြစ်သည် ။

    ယခုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သမ္မတလောင်း သုံးဦးနှင့် ပါတ်သက်၍ ကျွန်တော်စဉ်းစားနေမိသည် ။ လက်ရှိသမ္မတဦးသိန်းစိန်နှင့် သမ္မတလုပ်ချင်ပါသည်ဟု ပါးစပ်က ထုတ်ဖေါ်ပြောဆိုနေသော သမ္မတလောင်းအဖြစ် ရွေးချယ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ သုံးဦးမှာ ပြည်သူလူထုများ၏ မဲဆန္ဒများကို မည်သူကများ ပို၍ရရှိနိုင်မည်နည်းဆိုသည်ကို ဆန်းစစ်လေ့လာကြည့်ဖြစ်သည် ။ ဤနေရာ၌ ပါတီတစ်ခုမှ အနိုင်ရသော်လည်း သမ္မတလောင်းအဖြစ် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းမှာ ယှဉ်ပြိုင်ဖက်ဖြစ်နေသည် ။ ထို့ ကြောင့် သူတို့ နှစ်ဦးမှာလည်း ပထမဦးစွာ ပါတီတွင်း သမ္မတနေရာအတွက် ယှဉ်ပြိုင်ရအုံးမည်ဖြစ်သည် ။ ပါတီတွင်းအနိုင်ရရှိသော တနည်းအားဖြင့် ပါတီဝင်များက ရွေးချယ်သောသူနှင့်မှ အခြားယှဉ်ပြိုင်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမတလောင်းအဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံရမည်ဖြစ်သည် ။ မြန်မာနိုင်ငံ၏ သမ္မတဖြစ်ရန် ရွေးချယ်ခံရသော ဥပဒေဆိုသည်ကလည်း အခြားနိုင်ငံများ၏ ဥပဒေများနှင့် မတူဘဲ တမူဆန်းပြားနေသည် ။ မြန်မာနိုင်ငံ၌ သမ္မတဖြစ်လိုလျှင် ဒုသမ္မတအဖြစ် ရွေးချယ်ခံရသူသုံးဦးမှ ခန့် အပ်ရွေးချယ်ရမည်ဟု -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဖွင့်ဆိုပြဋ္ဌန်းထားသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ သမ္မတလောင်းများသည် မိမိတို့ သာ သမ္မတဖြစ်လျှင် မည်သို့ မည်ပုံ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးလိုပါသည်ဆိုသော မဲဆွယ်ဂတိ စကားတစ်လုံးကိုမှ မပြောဆိုခဲ့ ဘဲ ဒုသမ္မတအဖြစ် ရွေးချယ်ခံရသည်နှင့် သမ္မတဖြစ်စေတော့သည် ။ ဒုသမ္မတသုံးဦးကို အမျိုးသားလွှတ်တော်က တင်သွင်းသော သမ္မတလောင်းအမည် စာရင်းဖြင့် တစ်ဦး ၊ တပ်မတော်ကိုယ်စားလှယ်( ၂၅ ) ရာခိုင်နုံးက ခန့် အပ်ပေးထားသော စစ်တပ်ကိုယ်စားလှယ်အမည်စာရင်းဖြင့် တစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်မှတစ်ဦးက တင်သွင်းသောအမည်စာရင်းဖြင့်တစ်ဦးဟု ပြဋ္ဌန်းထားသည် ။

    ထို့ ကြောင့် မည်သည့်ဂတိကိုမျှ ပြည်သူကို မပေးခဲ့ ရသော မြန်မာနိုင်ငံ၏ ဒုသမ္မတသံးဦးထဲက တစ်ဦးသည် သမ္မတတစ်ယောက်ဖြစ်လာခဲ့ ရသည် ။ အခြားနိုင်ငံများမှ သမ္မတလောင်းများမှာ သမ္မတဖြစ်လျှင် ဆိုသော သူတို့ ၏ အိပ်မက်များကို ပြည်သူများအား ချပြနေရသည်မှာ သန်းပေါင်းများစွာကုန်သည် ။ မြန်မာနိုင်ငံမှ သမ္မတလောင်းများမှာ သူတို့ ၏ အိပ်မက်များကို အကောင်အထည်ဖေါ်ရာ၌ ပြည်သူများကို ချပြစရာမလိုဘဲ သမ္မတဖြစ်သွားလျှင် သန်းပေါင်းများစွာ ရရှိသွားခဲ့ ကြသည်ဟု  နိုင်ငံရေးသုတေသီများက မကြာခဏ ထုတ်ဖေါ်ရေးသားနေကြသည်ကို တွေ့ ရသည် ။ လက်ရှိသမ္မတဦးသိန်းစိန်ကို လဘ်စားသည်ဟု ကျွန်တော် ပြောဆိုလိုခြင်းမဟုတ် ။ သို့ အတူ အခြားဝန်ကြီးများ ၊ ဗိုလ်ချုပ်မှူးကြီးများနှင့် ၀န်ကြီးများကို လဘ်စား၍ သန်းချီ ချမ်းသာနေပြီဟု ကျွန်တော် မစွပ်စွဲလို ။ သူတို့ မည်မျှ လဘ်စား၍ ချမ်းသာကြီ့းပွားသည်ကို တချို့ သုတေသီများက ဖေါ်ထုတ်တင်ပြနေကြ၍ သိရှိနေကြသည်မှာတော့ လူတိုင်းလိုလို အသိဖြစ်သည် ။

    ကျွန်တော်ပြောချင်နေသည်မှာ မြန်မာနိုင်ငံ၏ သမ္မတလောင်းများသည် မိမိတို့  သမ္မတဖြစ်ခဲ့ လျှင် ဘာလုပ်မည်-ညာလုပ်မည် ဆိုသည်ကို ပြည်သူများအား ချပြပြောဆို ဝေဖန်ထောက်ပြနေရမည်ဖြစ်သည် ။ သို့ သော် ယင်းသို့  ပြောဆိုဝေဖန်ထောက်ပြခြင်းများသည် စာရင်းဇယားအတိအကျနှင့် စီမံကိန်းအကောင်အထည် ကိန်းဂဏန်းများနှင့် တင်ပြနိုင်စွမ်းရှိစေရန်လိုသည် ။ ဘောလုံးကွင်းရောက်တော့ ဘောလုံးက အကောင်းစားဖြစ်ရန် ပံ့ပိုးရမည်ဆိုသော စကားများ ၊ ဆေးရုံရောက်လျှင် ဆေးရုံမှာ ဆေးမရှိ၍ ဆေးပေးရန် ပြုလုမည်ဆိုသော စကား ၊ လမ်းပေါ်ရောက်လျှင် လမ်းမကောင်းသေး ဆိုသော စကားများကို ပြောဆိုနေခြင်းများမှာ သမ္မတဖြစ်စေရန် မဲဆွယ်စည်းရုံးရေးစကား မဟုတ်ဘဲ တိကျသော ကိန်းဂဏန်းများ မပါရှိသောကြောင့် လူပြိန်းကြိုက်နိုင်ငံရေးစကားများသာဖြစ်သည် ။ စီမံကိန်းများနှင့် အကောင်အထည် ဖေါ်ဆောင်ပေးရမည့် အနေအထားကို ချပြရာ၌ လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များကို တိကျခိုင်လုံသော အချက်အလက်များနှင့် ချပြပြီး မိမိသာသမ္မတဖြစ်လျှင် သည့်ထက်ကောင်းအောင် သည်လို ဆောင်ရွက်ပါမည်ဟု ချပြဝေဖန်ပြရန်လိုသည် ။

   သို့ သော် ကျွန်တော်တို့  မြန်မာနိုင်ငံမှ သမ္မတလောင်းများမှာ စောစောကပြောသလို ပြည်သူများကို မည်သည့်ဂတိစကား တစ်လုံးတစ်လေ ကိုမှ မပေးခဲ့ ရရာ နစ်နာသူများမှာ ပြည်သူများသာဖြစ်ရတော့သည် ။ အကယ်၍ သူတို့ က ဂတိပေးခဲ့ ၍ မဆောင်ရွက်နိုင်ခဲ့ လျှင်ပြည်သူများက ဝေဖန်ပြောဆိုနိုင်သည် ။ ယင်းသို့ ဝေဖန်ပြောဆိုနိုင်ခြင်းမှာ ဒီမိုကရေစီ အနှစ်သာရဖြစ်သည် ။ ကံကောင်းချင်တော့ ဂတိစကား တစ်လုံးတစ်လေ မပေးခဲ့ ရသော လက်ရှိသမ္မတဦးသိန်းစိန်မှာ ပြည်သူများအပေါ် ဒီမိုကရေစီအခွင့် အနှစ်သာရများကို ချကျွေးပေးနေရသည်မှာ စမ်းတ၀ါးဝါး ယောင်လည်လည်နှင့် ဖြစ်နေပြီး တစ်ခါတစ်ခါ ပြည်သူများက အလိုမကျသည့်အခါ ဝေဖန်ပြစ်တင်ခံနေရသေးသည် ။ အမှန်က သမ္မတ ဦးသိန်းစိန်သည် မည်သည့်ဂတိကိုမှ သမ္မတဖြစ်သည့်အခါ ဂတိစကားတခွန်းကိုမျှ မပေးခဲ့ ရသူဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် သူကား စစ်တပ်မှ မိုးကျရွှေကိုယ်အဖြစ် ရွေးချယ်ခန့် အပ်ပေးခြင်းခံရသော သမ္မတဖြစ်သည် ။

    ယခုမြန်မာနိုင်ငံ၏ သမ္မတလောင်းများသည် ပြည်သူများထံတွင် အရည်အချင်း စစ်ဆေးခံနေကြရသည် ။ ပြည်သူများ၏ အရည်အချင်းစစ် စာမေးပွဲမှာ အဓိကအချက် တစ်ခုပါနေသည် ။ ယင်းကား မည်သူက သမ္မတဖြစ်သွားလျှင် အနာဂါတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ မည်သို့ ရှိနေမည်လဲ ဆိုသော ပြည်သူတစ်ရပ်လုံး၏ စိုးရိမ်ပူပန်မှု အမှတ်ပေးစနစ် ဖြစ်သည် ။  ဤအချက်နှင့် ပါတ်သက်၍ ကျွန်တော်ကြုံတွေ့ ခဲ့ သော အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲ ကာလတစ်ခုကို ပြောပြချင်သည် ။  အိန္ဒိ.နိုင်ငံသည် လူစုလူဝေးများဖြင့် မဲဆွယ်စည်းရုံးရေးဆင်းတိုင်း ဗုံးဖေါက်ခွဲ ခံရသည် ။ အကြမ်းဖက် ခံရသည် ။ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီသည်လည်း အကြမ်းဖက်ခံရပြီး မိမိ၏ နေအိမ်ခြံဝင်းမှာ အသတ်ခံရသလို သားဖြစ်သူ ရာဂျစ်ဂန္ဒီမှာလည်း မဲဆွယ်စည်းရုံးနေရာ၌ ရက်စက်စွာ ဗုံးဖေါက်ခွဲ သတ်ဖြတ်ခံရသည် ။ ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သူ အီတလီသူ ဆိုနီယာဂန္ဒီသည် ကွန်ကရက် အိုင် ပါတီမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်ဖြစ်လာသည် ။ ယောက္ခမလည်း ရက်စက်စွာ သေဆုံးခံရ ၊ လင်ယောက်င်္ကျားဖြစ်သူလည်း သတ်ဖြတ်ခံရ၍ ပြည်သူတို့ က သနားချစ်ခင်လေးစားကာ မစ္စ ဆိုနီယာမှာ ကွန်ဂရက် အိုင်ပါတီကို ဆက်လက် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည် ။

   မစ္စဆိုနီယာက ကိုယ်စားလှယ်လောင်းအဖြစ်မှသည် အနိုင်ရရှိလာသည် ။ သို့ ဖြစ်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ရန်ဖြစ်လာသည် ။ အိန္ဒိယနိုင်ငံတွင် သမ္မတရှိသော်လည်း ၀န်ကြီးချုပ်စနစ်ဖြင့်သာ နိုင်ငံ၏ အုပ်ချုပ်ရေးယန္တယားကို လည်ပတ်စေသည် ။ သည်တော့ မစ္စဆိုနီယာကို ပါတီမှ မဲအများဆုံးအနိုင်ရ၍၄င်း ၊ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ၍၄င်း ၊ ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်၍၄င်း ပါတီတွင်းမှ ၀န်ကြီးချုပ် ခန့် အပ်လိုကြသည် ။ ပြည်သူများကလည်း ခန့် အပ်လိုသည် ။ သို့ သော် အခြားပြည်တစ်ရပ်လုံးကမူ မစ္စဆိုနီယာသည် အီတလီအမျိုးသမီး နိုင်ငံခြားသားဖြစ်နေ၍ အိန္ဒိယနိုင်ငံအပေါ်မည်မျှ အထိ သစ္စာရှိနေပါ့မလဲ ဆိုသော ဝေဖန်ချက်များဖြင့် ၀န်ကြီးချုပ်ဂယက် ပြင်းထန်စွာဖြစ်ပေါ်တော့သည် ။ တချို့ က မစ္စဆိုနီယာဂန္ဒီသာ ၀န်ကြီးချုပ် မဖြစ်လျှင် မိမိကိုယ်ကို သတ်သေမည်ဆိုပြီး ပစ္စတိုကို နားထင်ထောက်ကာ လူထုရှေ့မှာ အသေခံ ခြိမ်းခြောက်ပြောဆိုသည်ထိ ပြင်းထန်လာကြသည် ။  ထို့ ကြောင့် ပါတီတစ်ရပ်လုံး၏ ဆန္ဒနှင့် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒများကို နားလည်သဘောပေါက်ကာ အိန္ဒိယနိုင်ငံ ၏ အနာဂါတ်ပြသနာကို ဆန်းစစ်ပြီး မစ္စဆိုနီယာဂန္ဒီမှာ အာဏာအရှိဆုံး ၀န်ကြီးချုပ် ရာထူးကို စွန့် လွှန်ပြီး ယခုလက်ရှိ ၀န်ကြီးချုပ် မန်မဟိုဆင်းကို ပေးအပ်ခဲ့ ရသည် ။

     အကယ်၍ မစွန့် လွှတ်ဘဲ ၀န်ကြီးချုပ်ရာထူးကို ရယူခဲ့ ပါက အိန္ဒိယနိုင်ငံသည် သွေးချောင်းစီးမည်ဟု ကြိုတင်နိမိတ်ဖတ်ထားသူများရှိနေရာ သွေးမလွှမ်းစေရန် ရာထူးမယူပါကြောင်းပြောဆိုကြေညာခဲ့ ရသည် ။ ဤသည်မှာ သမ္မတတစ်ဦး၏ အနာဂတ်ကို မျှော်ကြည့်ခြင်းနှင့် အာဏာလိုချင်ခြင်း ဆိုသော ချိန်ခွင်လျှာဖြစ်သည် ။ ထို့ ကြောင့်မြန်မာနိုင်ငံသမ္မတလောင်းများသည် အနာဂါတ်ကို မျှော်ကြည့်ခြင်းနှင့် အာဏာလိုချင်ခြင်းကို နားလည်သဘောပေါက်ရန် အထူးအရေးကြီးသည် ။ သို့ သော် မြန်မာနိုင်ငံ၏ သမ္မတလောင်းများသည် မြန်မာနိုင်ငံ၏ အနာဂါတ်များကို ရောင်ခြည်ကောင်းကောင်းနှင့် အလင်းရောင် ဆောင်ကျဉ်းပေးလေမည်လားဆိုပြီး ပြည်သူများက ဆန်းစစ်နေကြပြီ ။ ပြည်သူများ၏ ဆန္ဒကို လက်ရှိသမ္မတဦးသိန်းစိန်သည် မည်သည့်အတိုင်းအတာအထိ လိုက်လျော ဆောင်ရွက်ပေးသလဲ ဆိုသောအချက် ၊ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးကို ဆောင်ရွက်ပေးရန် ရှိနေသလဲ ဆိုသောအချက်နှင့် သူရဦးရွှေမန်းမှ ပြည်သူတစ်ရပ်လုံးအပေါ် မည်သို့  ယုံကြည်အားကိုးစွာဖြင့် ဆောင်ရွက်ပေးနိုင်သလဲ ဆိုသောအချက်များကို ဆန်းစစ်နေကြပြီ ။ ထို့ ကြောင့် သမ္မတလောင်းများဖြစ်သော ဤသုံးဦးကလည်း ပြည်သူများ၏ ဆန်းစစ်နေသော အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ရန် ကြိုးစားပေးစေလိုသည် ။ ယခုအချိန်တွင် ဤသမ္မတလောင်းသုံးဦးသည် သမ္မတလုပ်ချင်ပါသည်ဟုသာ ပြောဆိုသည် ။ မည်သည့်မဲဆွယ်ဂတိမှ တိကျစွာ စာရင်းဇယားနှင့် မပေးသေးချေ ။ ပြီးတော့ ပြည်သူများအကြိုက် လုပ်တာကိုင်တာ ပြောတာနည်းနေသေးသည် ။ အထူးသဖြင့် သမ္မတလောင်းသုံးဦးက ပြည်သူများကို သမ္မတဖြစ်ရေးအတွက် မဲမဆွယ်ရသေးခင် ကျွန်တော်က သူတို့ သုံးဦးအား မဲဆွယ်စည်းရုံးရေးစကား ပြောပါမည် ။ ယင်းမဲဆွယ်စကားကား ပြည်သူများ၏ ဆန္ဒလည်းဖြစ်မည်ထင်သည် ။ အဘယ့်ကြောင့်ဆိုသော် ဤသုံးဦး၏ စကားသည် ကမ္ဘာကို ကိုင်လှုပ်နေစေခြင်းဖြစ်သည် ။ ကျွန်တော်၏ သမ္မတလောင်းသုံးဦးအား မဲဆွယ်စကားမှာ ( Times ) မဂဇိန်းပါအချက်အလက်များနှင့် ဦးဝီရသူကို စော်ကားပြီး ဗုဒ္ဒဘာသာကို အကြမ်းဖက်ဘာသာဟု မီဒီယာမှာ ဖေါ်ပြသည့်အတွက် မြန်မာနိုင်ငံအား တောင်းပန်ရန် တောင်းဆိုပါသည်ဟု ဆိုသော စကားဖြစ်သည် ။ အကယ်၍ သမ္မတလောင်းသုံးဦးထဲမှ ပထမပြောကြားသူသည် သမ္မတအရည်ချင်းစစ်စာမေးပွဲမှာ ပြည်သူ့ ထောက်ခံမှု ရရှိနိုင်မည်ဖြစ်ပါကြောင်း မေးခွန်းကိုလည်း ပေါက်စေလိုက်ပါသည် ။။။။။


စစ်တပ် သိမ်းထားသည့်မြေ ရန်ကုန်မြို့အကျယ်ထက်ပင် ပိုနေ၊ ၁၆ ပုံ ၁ ပုံသာ လယ်သမားကို ပြန်ပေးမည်




Mizzima

မင်းမင်း၊ သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏသည် ရန်ကုန်မြို့၏ စုစုပေါင်း အကျယ်အဝန်းထက်ပင် ပိုမိုများပြားနေကြောင်း ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်၏ ဖြေကြားချက်များအရ လေ့လာတွေ့ရှိရသည်။

စစ်တပ်က နိုင်ငံအနှံ့တွင်သိမ်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,ဝ၀ဝ ကျော် ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးက
ပြည်ထောင်စုလွှတ်တော်တွင် ဝန်ခံခဲ့ရာ ထိုပမာဏသည် စတုရန်းမိုင် ၄၆၀ ကျော်နှင့် ညီမျှသည်။

ရန်ကုန်မြို့သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အထိပင် ၃၀၆ စတုရန်းမိုင်အကျယ်အဝန်းရှိကြောင်း တိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားရာ စစ်တပ်ကသိမ်းထားသည့် စုစုပေါင်းမြေပမာဏသည် ရန်ကုန်မြို့ဧရိယာထက်ပင် ပိုမို
ကျယ်ဝန်းလျက်ရှိနေသည်။ အတိအကျဆိုရလျှင် စစ်တပ်သိမ်းထားသည့် မြေသည် ရန်ကုန်မြို့ထက် ၁၅၄ စတုရန်း
မိုင် ပိုမိုကျယ်ပြန့်နေသည်။

သို့သော် ထိုသို့သိမ်းဆည်းထားသည့် မြေများထဲမှ ၁၆ ပုံ တစ်ပုံဖြစ်သည့် ဧက ၁၈,၃၀ဝ ကျော်ကိုသာ ပြန်ပေးနိုင်
မည်ဟု ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင် က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ ယင်း
အရေအတွက်သည် တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ စုစုပေါင်းပမာဏဖြစ်သည်ဟု သူက ဆက်ပြောသည်။

အခြားတစ်ဖက်တွင်မူ သမ္မတရုံးက ကာကွယ်ရေးဝန်ကြီးဌာနကို တပ်တည်ဆောက်ရန်သိမ်းထားသည့် မြေများ
ပေါ်တွင် တောင်သူများကို သီးစားခချ၍ လယ်မလုပ်စေရန်၊ စစ်တပ်များအလိုက် တကယ်လိုအပ်သော အနည်းဆုံး
မြေဧရိယာကိုသာအသုံးပြုရန်၊ ပိုနေသည့်မြေများကိုလည်း ပိုင်ရှင်ထံပြန်ပေးရန် ညွှန်ကြားထားသည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်က အမတ်များကိုပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် တနင်္သာရီတိုင်းနှင့်ကယားပြည်နယ်မှအပ ကျန် တိုင်းနှင့် ပြည်နယ် ၁၂ ခုမှ အမတ် ၄၅ ဦးက သိမ်းထားသည့်မြေများကို အစိုးရက အမြန်ပြန်ပေးရေး အဆိုကိုဆွေးနွေးခဲ့ကြရာ စစ်တပ်နှင့် အစိုးရကို အမတ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီး
ခြောက်ဦးက ထိုကိစ္စများကို ရှင်းလင်းခဲ့သည်။

ထိုသို့ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဝေလွင်လည်း ရှင်းလင်းခဲ့သဖြင့် စစ်တပ်သိမ်း
သည့်မြေများ ကိစ္စကို ယခုလို ပြည်သူများသိရှိခွင့်ရခြင်းဖြစ်သည်။

စစ်တပ်၏ မြေသိမ်းမှုများကို အမတ်များက လွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခဲ့မှုကို ကာကွယ်ရေးဝန်ကြီးက “တပ်မတော်က မြေသိမ်းတဲ့ကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ဝေသာလီပြည်မှာ ဘီလူးစီးတယ်လို့ ခိုင်းနှိုင်းပြီးတော့ တပ်မတော်အပေါ်မှာ ခိုင်းနှိုင်းသွားတာတွေကလည်း တကယ့်တကယ်တွေးကြည့်ရင်တော့ ဝမ်းနည်းစရာကောင်းပါ
တယ်” ဟုလည်း လွှတ်တော်တွင် မှတ်ချက် ပြုခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မြေသိမ်းမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ၊ တောင်းဆိုမှု
များ ဖြစ်ပွားခဲ့ရာ ပြည်ထောင်စုလွှတ်တော်က လယ်နှင့် အခြားမြေများသိမ်းဆည်းမှုစုံစမ်းရေး ကော်မရှင်ကို အမတ်များဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံအနှံ့သို့ တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ စစ်ဆေးခဲ့သည်။

ထိုသို့စုံစမ်းခဲ့သည့်ရလဒ်ဖြစ်သော အစီရင်ခံစာကို နှစ်ပိုင်းခွဲ၍ ပြီးခဲ့သည့် ဧပြီက လွှတ်တော်ကို တင်ပြခဲ့သည်။

ယင်းမြေများကို မူလပိုင်ရှင်တို့ထံ ပြန်ပေးရေးကိစ္စကို ဇူလိုင် ၁၅ ရက်က လွှတ်တော်တွင် NLD အမတ်က အစိုးရ
အနေဖြင့် ပြန်ပေးမည့်အချိန်ကို အတိအကျ ပြည်သူကို ထုတ်ပြန်ရန် အဆိုတင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်က ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် လွှတ်တော်တွင် စက်ခလုတ် နှိပ်မဲခွဲရာ NLD အမတ်ကို ၄၄ ဦးသာ ထောက်ခံသူရှိသဖြင့် အပြတ်အသတ် ရှုံးနိမ့် ခဲ့ရသည်။

ယင်းအဆိုရှုံးနိမ့်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် ယခုစစ်တပ်ကပြန်ပေးမည့် သိမ်းထားသည့်မြေ၏ ၁၆ ပုံ ၁ပုံ သည်လည်း လယ်သမားများ မည်သည့်အချိန်ပြန်ရမည်ကို အတိအကျသိရှိနိုင်မည် မဟုတ်တော့ပေ။

နစကဖျက်သိမ်းလိုက်သဖြင့်ကုလားများ ပျော်ရွင်နေပြီး လုံထိန်းကို ကုလားများ မကြောက်ဟုဆို


RSV

=================================================
နစက ဖျက်သိမ်းလိုက်သဖြင့် မောင်တောဒေသရှိဘင်္ဂလီကုလားများ ပျော်ရွှင်နေကြောင်း နှင့်အစားထိုးဝင်ရောက်တာဝန်ယူသည့် လုံထိန်းတပ်ဖွဲ့အား မကြောက်ဟုဒေသခံများကပြောသည်။
နစက အဖွဲ့စတင်တာဝန်ယူစဉ်ကတည်းက ဘင်္ဂလီကုလားများ မိန်းမ တစ်ယောက်၊နှစ်ယောက် မယူရ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဘယ်ကုလား က မိန်းမပိုယူသည်ကို အမြဲစောင့်ကြည့်နေခဲ့ကြောင်း နှင့် မိန်းမပိုယူသည်ဟုသိရှိက အဆိုပါ ဘင်္ဂလီကို ဖမ်းဆီးကာ ငွေသိန်းချီပေးမှ လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။
ယင်းအပြင် ဘီဒီပြေးဟုခေါ်သည့် ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င်သွားသူများ ပြန်လည်ဝင်ရောက်လာလျင်လည်း ဖမ်းဆီးကာ ငွေတောင်းခံခဲ့သဖြင့် နစက ကိုဘင်္ဂလီကုလားများက မလိုလားခြင်းဖြစ်ကြောင်းသိရသည်။ သို့ရာတွင်နစကနှင့် အပေးအယူ မျှတပြီး အလွမ်းသင့်နေသော လုပ်ပိုင်ခွင့်ရသူ ဘင်္ဂလီသူဌေးများမှာကာ စိတ်မကောင်းဖြစ်ကြကြောင်းသိရသည်။
နစကလက်ထက်တွင် ဘင်္ဂလီများမှ ငွေကြေးအမြောက်အမြားရယူကာ အခွင့်အရေးများပေးခဲ့သဖြင့် မောင်တောဒေသတွင် တိုင်းရင်းသားလက်ထဲ အလုပ်အကိုင်အခွင့်အလမ်းများ မရှိတော့ဘဲ ဘင်္ဂလီများလက်ထဲတွင် သာအလုပ်အကိုင်အခွင့်အလမ်း အထူးသဖြင့်မှောင်ခိုလုပ်ငန်း (ဘိန်း၊မူးယစ်ဆေးဝါး) များ ရှိနေသဖြင့် အခွင့်အထူးခံ ဘင်္ဂလီလူတန်းစားတစ်ရပ် ဖြစ်ထွန်းလာကာ မောင်တောတွင် ဘင်္ဂလီများ တိုင်းရင်းသားလုပ်ငန်းရှင်များထက် ချမ်းသာလာခဲ့ကြောင်းလည်းသိရသည်။
ယခင်က တိုင်းရင်းသားများသာ လုပ်ပိုင်ခွင့်ရခဲ့သည့် စည်ပင်လိုင်စင် များ၊ တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှုများမှာ နစက စတင်တာဝန်ယူစဉ်ကတည်းက တိုင်းရင်းသားများ လုပ်ပိုင်ခွင့်မရှိရလေအောင် ဘင်္ဂလီများက လုံခြုံရေးအရာရှိများကို တံစိုးလက်ဆောင်များပေးကာ လုပ်ပိုင်ခွင့်အားလုံးကို ရယူခဲ့ကြောင်းသိရသည်။
ယင်းအချိန် စစ်အစိုးရလက်ထက်တွင် တိုင်းရင်းသားများအားနှိပ်ကွပ်ချိန်ဖြစ်ပြီး မည်သည့် အရေးဆိုမှုများ မလုပ်ရဲခဲ့ကြဘဲ နစကမှာ လဒ်လာ ဘများ ရယူခဲ့ပြီး နစက အရာရှိများ ချမ်းသာကြွယ်ဝခဲ့သည်။ နစက နာမည်ဆိုးဖြင့် ကျော်ကြားလာပြီးနောက် မူးယစ်ဆေးဝါးအမှုများ၊ ဘင်္ဂလီတို့၏ အကြမ်းဖက်လုပ်ရပ်များတွင် နစကထိပ်ပိုင်းအရာရှိ(ကွပ်ကဲရေးမှူး ထောက်လှမ်းရေး အောင်ငွေ၊ အောင်ကြီး) တို့ ပါဝင်ပတ်သတ်ခဲ့သဖြင့် အရေးယူမှုများပြုလုပ်ခဲ့ရသည်။
ယခု နစက ဖျက်သိမ်းပြီးနောက် ဆက်လက်တာဝန်ယူမည့် လုံထိန်းရဲတပ်ဖွဲ့မှာလည်း နစက မတိုင်းခင်က မောင်တောနယ်စပ်တွင် လုံခြုံရေးအတွက် တာဝန်ယူခဲ့သည့်အဖွဲ့ဖြစ်ကြောင်းနှင့် ဘင်္ဂလီ များက ငွေပေးလျင်ရသူများဟု ထင်မြင်ခံခဲ့ရသည်အထိ နာမည်ဆိုးရှိခဲ့သည့်အဖွဲ့ဖြစ်ကြောင်းလည်းသိရသည်။
သို့အတွက် နစက ဖျက်သိမ်းသဖြင့် ဘင်္ဂလီကုလားများ ပျော်နေသည်ကို ဆက်လက်တာဝန်ယူမည့် လုံထိန်းရဲတပ်ဖွဲ့မှာ ယခင် အကျင့်ဆိုးများ ၊သင်ခန်းစားများအား ပြန်ပြင်ကာ ကုလားများ ပေးကမ်းလာမည့် လဒ်လာဘ များကို ရှောင်ရှားနိုင်ဖို့ စိတ်ဓာတ်ခွန်အား ရှိရန်လိုအပ်နေကြောင်းလည်း ဒေသခံများကပြောကြသည်။

ကမ္ဘာ့အချမ်းသာဆုံး ဒရိုင်ဘာ

မီးကင်းတဲမီးလောင်မှု

Thura Tun
Monday

မီးကင်းတဲမီးလောင်မှုအင်းစိန်တွင်ဖြစ်ပွားယနေ.နံနက်(၃)နာရီ ၄၅ မိနစ်အချိန်က အင်းစိန်မြို.နယ် ရွာမအနောက်ရပ်ကွက်၊
 မြို့ပတ်လမ်း၊ နယ်မြေ(၉)မီးကင်းတဲပေါ်တွင် မီးကင်းစောင့်နေသော အောင်ဝင်း(ခ)ကိုတွတ်မှာ ခြင်ဆေးခွေထွန်းပြီး
အိပ်ပျော်နေရာမှ မီးကင်းတဲ၏အခင်းသစ်သားချောင်းနှင့်ဝါးထရံတို့အားခြင်ဆေးခွေမှ တဆင့်မီးကူးစက်လောင်ကြွမ်း
မှုဖြစ်ပေါ်ခဲ.ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ.မှသိရသည်။ထိုမီးလောင်မှုအားပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ
၀၄၀၀ အချိန် မီးငြိမ်းသွားခဲ့ပြီးမီးလောင်မှုကြောင့် တန်ဘိုးကျပ်(၅၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့်မီးအားပေါ့ဆစွာ အသုံးပြုသူ
 အောင်ဝင်း(ခ)ကိုတွတ်အား အင်းစိန်မြို့မရဲစခန်း(ပ) ၇၆၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း
သတင်းရရှိပါသည်။

နေပြည်တော်မှ အားပြိုင်မှုများ



7 day news
Poreign Policy မဂ္ဂဇင်းပါ GWEN ROBINSON ၏ The Contenders ကို ထားထားမြင့်ဘာသာပြန်ဆိုသည်။


မြန်မာနိုင်ငံ၏ အစပျိုးစ ယိုင်ယဲ့ယဲ့ ဒီမိုကရေစီစနစ်မှာ အထူးအဆန်းများ ကြုံနေရသည်။ လွှတ်တော်အတွင်းက ရည်မှန်းချက်ကြီးကြီးနှင့် အာဏာအပေးအယူလုပ်နေသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စစ်အရာရှိများအပါအ၀င် ယာယီခေတ္တမဟာမိတ်ဖွဲ့ထားသူများက အခြားတစ်ဖက်က အာဏာလက်ဝယ်ကိုင်ထားသူ အစိုးရကို စိန်ခေါ်ပြိုင်ဆိုင်လာမှုက အရှိန်ကောင်းလာသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမ္မတ၊ အာဏာလက်ဝယ်ရှိသူများနှင့် လွှတ်တော်အမတ်များကြားက ပြဿနာများသည် စစ်တပ်ကို ဇောင်းပေးထားသည့် အခြေခံဥပဒေနှင့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော အာဏာချုပ်ကိုင်မှုကို ပြသနေပြီး ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာရန် အစပျိုးနေသည်ဟု အခြေခံဥပဒေကျွမ်းကျင်သူများကဆိုသည်။

ယခုကဲ့သို့ ပြဿနာမီးပွားများသည် နေပြည်တော်လွှတ်တော်ကြီးထဲတွင် ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက အရှိန်ပျိုးလာခြင်းဖြစ်သည်။ လွှတ်တော်စတင်စဉ်က ခန့်မှန်းထားခဲ့သည့် ရုပ်သေးရုပ်လွှတ်တော်ဆိုသည့် စကားနှင့် သွေဖည်ကာဝန်ကြီးများနှင့် အစိုးရအုပ်ချုပ်သူများ အကြား ဥပဒေကြမ်းများကို ပြင်ဆင်ရေးဆွဲရေးအတွက် အချိန်ကြာမြင့်သည့် ငြင်းခုံမှုများ၊ နှစ်ဖက်စလုံး၏ အကြိုက်ကိုရယူရန် အစိုးရအဖွဲ့အချို့၏ ပြောစမှတ်ပြုရသည့် အဆန်းတကြယ်လုပ်ဆောင်ချက်များက တိုးပွားလာနေပြီး အချို့က ထိုအခြေအနေကို စိုးရိမ်ကြောင်း ပြောဆိုလာကြပါပြီ။

အဆုံးစွန်ပြောရလျှင် တချို့အကြီးအကဲများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုအပါအ၀င် အစိုးရ၏ လုပ်ဆောင်ချက်များကို သတိပေးလာကြသည့်အဖြစ်က သမ္မတဦးသိန်းစိန်နှင့် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများက အသုံးမကျရာရောက်သလို သူတို့ကို သိက္ခာချသည့်အနေအထားလည်းဖြစ်လာပါသည်။ တချို့ အကြီးအကဲများက သမ္မတနှင့် လွှတ်တော်အကြားက ပဋိပက္ခကို လျှော့ချဖို့ကြိုးစားနေသည့် ပုံစံဖမ်းထားပြီး ထိုကဲ့သို့ ဖြစ်ရပ်များသည် ဒီမိုကရေစီစနစ်၏ အသီးအပွင့်များဟု ဆိုပါသည်။

“ဒါပုံမှန်ပါပဲ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေကြတာပါ။ ရွေးကောက်ခံအမတ်တွေက အစိုးရကို မေးခွန်းထုတ်မယ်၊ ဝေဖန်မယ်။ ဒါဒီမိုကရေစီစနစ်ရဲ့ လုပ်ဆောင်ချက်ပဲ။ အခုနေပြည်တော်မှာ တွေ့နေရတာလည်း အဲဒါပဲလေ” ဟု အထက်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ပြဿနာမှာ မြန်မာ့လွှတ်တော်ဆိုသည်က လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည်ဟု အနောက်နိုင်ငံမှ လေ့လာသူများ မခေါ်ဆိုနိုင်သည့် လွှတ်တော်မျိုးဖြစ်ပါသည်။ လွှတ်တော်အမတ် ၆၆၄ နေရာ၏ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး လိုသလိုနေရာအပြောင်းအလဲရှိသည့် စစ်သားအမတ်များက ပိုင်ဆိုင်ထားသည်။

လွှတ်တော်နှစ်ရပ်စလုံးကို ၂၀၁၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရခဲ့သည်ဆိုသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသည်။ အနောက်နိုင်ငံများကမူ ထိုပါတီသည် ကြိုတင်မဲများဖြင့် မဲလိမ်အနိုင်ရခဲ့သည်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၄ နေရာတွင် ၄၃ နေရာအနိုင်ရခဲ့သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုအထဲတွင် လက်တစ်ဆုပ်သာသာနေရာယူထားသည်။ ၎င်းတို့အပြင် ဒေသအရေးကို အမျိုးသားရေးအဖြစ် ပုံစံပြောင်းနေသည့် အမျိုးမျိုးသော တိုင်းရင်းသားပါတီများရှိသည်။

လွှတ်တော်ထဲရှိ ထိုကဲ့သို့ ကွဲပြားခြားနားနေသည့် အုပ်စုများကြား မျှော်မှန်းမရနိုင်သည့် ပြဿနာမီးပွားများက ပြီးခဲ့သည့် ဇွန်လတွင် စိုးရိမ်ရေမှတ်အထိပင် ရောက်လာခဲ့သည်။ လွှတ်တော်ပြန်စသည့် ပထမအချိန်မှာပင် အာဏာပြင်းသည့် ပြည်သူ့လွှတ်တော်က မြန်မာအစိုးရ လုပ်ဆောင်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း နိုင်ငံခြားကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးခြင်းကို စတင်ထိုးနှက် တိုက်ခိုက်ခဲ့သည်။

ထိုအဖြစ်များက မြန်မာလွှတ်တော်တွင် တင်းမာမှုကြီးထွားလာခြင်း၏ နောက်ဆုံးလက္ခဏာဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားက အကြံပေးများအားလုံးက အစိုးရ၏ အာဏာစီရင်မှုအပေါ်တွင် လွှတ်တော်က ၀င်ရောက်စွက်ဖက်နေခြင်းအတွက် လွှတ်တော်ကို သတိပေးရသည့်အဖြစ် ရောက်ရှိလာစေသည်။

ထိုအရှိန်အဟုန်သည် တရားရုံးချုပ် တရားသူကြီးများနှင့် သမ္မတကိုပင် စွဲချက်တင်နိုင်သည့် အခြေခံဥပဒေတရားရုံး၏ အာဏာအပေါ်မှာ လွှတ်တော်က အနိုင်ရလိုက်သည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက အားကောင်းလာခြင်းဖြစ်သည်။

ထို့အပြင် အာဏာရအစိုးရကို အားစမ်းသည့်အနေဖြင့် အစိုးရ၏ တရားရုံးများသို့ ရွေးချယ်ခန့်အပ်မှုအပေါ်မှာလည်း လွှတ်တော်က ဖိအားပေးထားသည်။ ယခုအခါ တရားစီရင်ရေးမှာ အားနည်းလာပြီး လွှတ်တော်အမတ်များသည် အစိုးရ၏ အာဏာစီရင်ရေးတွင် လိုသည်ထက်ပိုမိုကစားနေကြသည်ဟု အကဲခတ်များက ဝေဖန်သတိပေးကြသည်။

ဝေဖန်သံသောသောညံခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် အစပြုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာလွှဲပြောင်းပေးခဲ့သည့် ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ် အစောပိုင်းကစပြီး မြန်မာ့လွှတ်တော်သည် တဖြည်းဖြည်းအားကောင်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လွှတ်တော်တွင်း ၀င်ရောက်လာသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် ထိုအရှိန်က ပို၍မြင့်တက်လာသည်။

စစ်သားအမတ်များနှင့် ကြံ့ခိုင်ရေးပါတီသည် ယခင်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်ကာ လွှတ်တော်ကို လွှမ်းမိုးထားဆဲဖြစ်သည်။ သူတို့က လူကြိုက်များသည့် အချက်များကို ထောက်ခံပြီး တစ်ချိန်က သူတို့နှင့် ခိုင်မာစွာ လက်တွဲခဲ့သည့် လက်ရှိအစိုးရကိုပင် တစ်ခါတစ်ရံ ပြန်လည်ဝေဖန်တိုက်စစ်ဆင်တတ်ကြသည်။

အနောက်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရန် အရေးကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ကိစ္စများတွင် မျှတလွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွန်ရေးဥပဒေများ ဖြစ်မလာစေရန် အာဏာကို သုံးပြီး ၀င်ရောက်စွက်ဖက်သည်ကို တွေ့မြင်ရသည်။ မကြာသေးခင်က အစိုးရ၏ နိုင်ငံခြား ကုမ္ပဏီနှစ်ခု ဆက်သွယ်ရေးလိုင်စင် ချပေးမှုကို လွှတ်တော်က အချိန်ဆွဲရန်ကြိုးစားမှုက လွတ်လပ်စွာ လုပ်ကိုင်ခွင့်အပေါ်တွင် ကန့်သတ်ချက်များ၊ ပြဿနာများရှိနေသည်ဆိုသည်ကို ပြသနေသည်။

စစ်သားအမတ်များ အပါအ၀င် ရှေးရိုးစွဲသမားများဟု ခေါ်ဆိုသတ်မှတ်ရမည့် သူများက အံ့အားသင့်စရာကောင်းလောက်အောင် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများမှာ ပိုမိုလွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်လာကြခြင်းကို တွေ့ရပါသည်။ ဥပမာအားဖြင့် အလုပ်သမားဥပဒေနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စများအတွက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချက်အချာ လွှတ်တော်မှာ ပုံစံများပြောင်းလဲ နေပြီဆိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာကြီးလှသော လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့နှစ်ဦး သမ္မတအဖြစ် ဆောင်ရွက်လိုကြောင်း ကြေညာလိုက်သည့်အချိန်တွင် သိသိသာသာ ထင်ရှားလာပါသည်။ ထိုကြေညာမှုသည် ပြီးခဲ့သည့် ဇွန်လ လွှတ်တော်ပြန်လည်စတင်သည့်အချိန်မှာ သိသိသာသာကြီး ဂယက်ရိုက်ခတ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအတွင်း ပြဿနာသုံးရပ်ကြောင့် အကျပ်ရိုက်နေချိန်လည်းဖြစ်သည်။

ဘယ်သူမျှ မျှော်လင့်မထားခဲ့သည့် ပထမဆုံးပြဿနာက ဦးရွှေမန်းက အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တိုက်ခိုက်ဝေဖန်လိုက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးမရနိုင်သဖြင့် လွှတ်တော်က ပိုမိုပါဝင်အားစိုက်ရန် ၎င်းက တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိကတာဝန်ယူနေသော ၀န်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် အာဏာကို အလွန်အကျွံသုံးနေကြောင်း ပြောကြားသကဲ့သို့ ရှိသည်။ ထိုအချက်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်အစိုးရကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းပင်ဖြစ်၏။

နောက်ထပ်တိုက်ခိုက်မှုကမူ သမ္မတဦးသိန်းစိန်ကို တိုက်ရိုက်ရည်ရွယ်ဟန်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စစ်တပ်က ချုပ်ကိုင်ထားသည့်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ပါဝင်နိုင်ရန်အတွက် ကာလုံအစည်းအဝေးခေါ်ရန် ဦးရွှေမန်းက တောင်းဆိုခဲ့ပါသည်။ ထိုကောင်စီတွင် သမ္မတနှင့် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်ပြီး အရေးကြီးသော လုံခြုံရေးကိစ္စများအတွက်ကလွဲပြီး တွေ့ဆုံစည်းဝေးမှုနည်းပါးလှသည်။

တတိယမြောက် တိုက်ခိုက် မှုကမူ ဆက်သွယ်ရေးလိုင်စင်များ ထုတ်ပေးခြင်းကို အချိန်ဆွဲခိုင်း ခြင်းဖြစ်သည်။ အစိုးရက လိုင်စင်ရသူကို မကြေညာမီလေးတွင်အမျိုးသားလွှတ်တော်က မဲခွဲပြီး အဆိုကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခုကို အစိုးရက သတ်မှတ်ထားသည့်အချိန်မှာပင် ဆက်သွယ်ရေးဝန်ကြီးက ကြေညာလိုက်သည်။

ထိုဖြစ်စဉ်သုံးရပ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် တိုက်ခိုက်ထိုးနှက်မှုများက သိသာလွန်းအားကြီးနေပြီး မနှစ်ခြိုက်သူများဆီက ဝေဖန်သံများညံလာသည်။ အစိုးရအတွင်း လူများနှင့် ပြည်သူ့လွှတ်တော်အမတ်များက ဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် ထိုးနှက်ချက်များသည် ကိုယ်ရေးကိုယ်တာဆန်ပြီး တရားနည်းလမ်းမကျဟု ထင်မြင်ကြသည်။ ဦးရွှေမန်း၏ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် တောင်းဆိုမှုကို အလွန်အကျွံလုပ်လွန်းသည်။ နိုင်ငံရေးတွေပါနေပြီဟု အချို့ကကောက်ချက်ချခဲ့သည်။

ထို့ထက်ပိုပြီး သိသာထင်ရှားလာသည်က နေပြည်တော်က လွှတ်တော်သည် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကူညီနေသည်လား (သို့မဟုတ်) လိုက်လံတားဆီးနေသည်လား မေးခွန်းထုတ်စရာဖြစ်လာသည်။ အချို့ လွှတ်တော်အမတ်တွေက ထိုအမြင်များကို ငြင်းဆိုပါသည်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ် ဦးလှမြင့်ဦးက “အဲဒီထင်မြင်ချက်တွေက မမှန်ပါဘူးဗျာ။ လွှတ်တော်က စတင်ကတည်းက အခုထိဥပဒေ ၅၃ ခုလောက်ကို အတည်ပြုပေးခဲ့တယ်။ သမ္မတသဘောမတူတဲ့ ဥပဒေတွေ
အပေါ်မှာ အပေးအယူ လုပ်နိုင်တယ်ဆိုတာလည်း ပြသခဲ့တယ်။ မျှမျှတတနဲ့ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ” ဟုဆိုသည်။

သို့သော်လည်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က အာဏာရှိသူများအကြား ထိပ်တိုက်ရင်ဆိုင်တိုးမှုများသည် ယခင်စနစ်ဟောင်းနှင့် လက်ရှိစနစ်သစ်ကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံ၏ အများနှင့်မတူသော စနစ်ကြောင့် ဖြစ်သည်ဟုဆိုသည်။

“တကယ့် အစစ်တွေ ဖြစ်လာဖို့လည်း သိပ်မဝေးလောက်တော့ပါဘူး” အခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူ မာကပ်စ်ဘရန်းက လွှတ်တော်နှင့် သမ္မတအစိုးရအကြား ကြီးထွားလာသည့် ပြိုင်ဆိုင်မှုများကို ရည်ညွှန်းရင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာအခြေခံဥပဒေက သမ္မတနှင့် အစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်အာဏာပေးထားသည့် တစ်ချိန်တည်းမှာပင် လွှတ်တော်ကို ထိန်းချုပ်နိုင်သည့်အာဏာပေးထားသည့်အတွက် ရှောင်လွှဲလို့မရသည့် ပဋိပက္ခများဖြစ်လာရသည်ဟု သူက ဆိုသည်။

နောက်ထပ်ဂယက်အရိုက်ခတ်ဆုံး ဖြစ်ရပ်တစ်ခုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဘ၀ကနေ လက်တွေ့ကျသော နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်းပင်။ ဒေါ်စုနှင့်ဦးရွှေမန်းတို့ ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခြင်းက မတူညီသော မဟာမိတ်နှစ်ဦးအကြား အာဏာခွဲဝေ အပေးအယူလုပ်နေခြင်းလားဟု ပြောစရာများရှိလာပြန်သည်။

သူတို့နှစ်ဦးက မကြာခဏ ဆွေးနွေးတိုင်ပင်ကြသည့်အပြင် အချို့ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းကို ထောက်ခံမှုများ ပိုလုပ်လာပါသည်။

“ကျွန်တော်တို့ထဲက တချို့ကတော့ ဒါကိုမကြိုက်ဘူးပေါ့လေ။ ဒါပေမဲ့ ဒေါ်စုက တိုင်းပြည်အတွက် လုပ်ဆောင်ဖို့သာ ဆုံးဖြတ်တတ်သူပါ။ သူ့ကို မထောက်ခံရင်လည်း ပါတီက ထွက်ဖို့ပဲရှိတယ်။ ဦးရွှေမန်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို ကိုင်တွယ်နိုင်တယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒီလိုထောက်ခံမှုတွေ လိုအပ်ပါတယ်” ဟု သူတို့နှစ်ဦးအပေါ် သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံရေး အကဲခတ်အများစု၏ သုံးသပ်ချက်အရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြားတွင် လျှို့ဝှက်သဘောတူညီချက်တစ်ခုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သည်။ ယခုဥပဒေအရ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲဝင်ခွင့်မရှိသည့်အတွက်ဖြစ်သည်။

လွှတ်တော်ထဲက အမတ် ၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံးစစ်သားအမတ်တစ်ဦးဆီက ထောက်ခံမှုလိုအပ်သဖြင့် ထိုဥပဒေအချက်ကို ပြင်ဆင်ရန်မဖြစ်နိုင်ဟု လေ့လာသူအချို့က ဆိုသည်။ မျှော်မှန်းထားသလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့ပါလျှင် သမ္မတကို ၎င်းက ရွေးချယ်ကောင်း ရွေးချယ်နိုင်မည်။ ၎င်းနှင့် ဦးရွှေမန်းတို့၏ နှစ်ဦးအင်အားကို အသုံးချပြီး အခြေခံဥပဒေမှ လိုအပ်သည့် အချက်များပြင်ဆင်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းနှင့် သဘောတူညီချက်အရ ပူးပေါင်းခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

“အဆုံးစွန်ပြောရရင် သူက ခေါင်းဆောင်မှုကို ဒေါ်စုကို လွှဲပေးလို့ရတယ်။ မြန်မာစနစ်က အဲလိုမျိုးလုပ်လို့ရတယ်လေ” ဟု နိုင်ငံရေးသမားများနှင့် ရင်းနှီးသူ မြန်မာဘလော့ဂါတစ်ဦးက ပြောပါသည်။ ထိုအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအတွင်း လူများက သဘောတူထားကြသည်ဟု သူကဆိုပါသည်။

“ဒါပေမဲ့ အဓိကထောက်ပြတဲ့ အချက်ကတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက ဒါကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မလား ဆိုတာပဲ” ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ထိုကဲ့သို့ သဘောတူညီချက်မျိုးရှိသည်ဆိုတာ မဖြစ်နိုင်ဘူး” ဟု ငြင်းပါသည်။

“အခုအချိန်မှာ ပေါင်းစည်းတယ်လို့ ပြောဖို့ အရမ်းစောလွန်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြံ့ဖွတ်ကို မဟာမိတ်အဖြစ် လက်ခံပါ့မလားဆိုတဲ့ မေးခွန်းမေးဖို့တောင် စောပါသေးတယ်”

အချို့ကလည်း မြန်မာက ပြင်သစ်နိုင်ငံမှာကဲ့သို့ သမ္မတနှင့် ၀န်ကြီးချုပ် နှစ်ဦးစလုံးထားရှိမည့် စနစ်မျိုးကို ဦးတည်နေသည်ဟု ဆိုပါသည်။ ထိုစနစ်က နိုင်ငံရေးသမားများကို နှစ်ဦးနှစ်ဖက်ကျေနပ်မှု ရှိစေမည့် သဘောရှိပါသည်။

ထိုအချိန်တွင် ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူလာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံရေးအင်အားကောင်းလာသည်ဟု ဆိုပါသည်။

“သူ့ကြည့်ရတာ ပိုယုံကြည်မှုရှိလာပြီး ပိုပြီးနိုင်ငံရေးသမားဆန်လာတယ်” ဟု အာရှသံတမန်တစ်ဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးများကြောင့် လူကြိုက်များလာသော သမ္မတဦးသိန်းစိန်ကရော ဒုတိယအကြိမ်သက်တမ်းအတွက် ပြန်လည်အရွေးခံဦးမည်လား။ ထိုအရာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အချို့က မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်မှ ယခုကဲ့သို့ ကူးပြောင်းလာခြင်းသည် အကွက်ချစီစဉ်ထားခြင်း တစ်ခုဖြစ်သည်ဟုဆိုချိန်တွင် နိုင်ငံရေးလှုပ်ရှားသူအချို့က ထိုအရာသည် ပြည်သူ့သဘောထားသာ ဖြစ်သည်ဟု ပြောဆိုခြင်းမှာ အနည်းငယ်ထူးဆန်းနေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကောင်စစ်ဝန်ဟောင်း ပရက်ဆီလာကလပ်က “အစိုးရအဖွဲ့ကို ထိန်းချုပ်ဖို့ဆိုတာ လွှတ်တော်ရဲ့ တာဝန်ပါပဲ။ လွှတ်တော်နဲ့ အစိုးရကြားက လက်တလောအပေးအယူတွေက ဒီမိုကရေစီအစပြုနေတာကို ပြသနေတာပါ။ ဒါမှမဟုတ်ရင်တော့ တချို့ ပြောသလို နိုင်ငံရေးပြဿနာတွေ ဖြစ်လာမယ့် လက္ခဏာပဲ” ဟု ဆိုသည်။

မြန်မာအစိုးရ၏ အာဏာဖွဲ့စည်းပုံတွင် တစ်ချိန်က စစ်ဗိုလ်ချုပ်များကြီးစိုးခဲ့ပြီး ယခုအခါတွင် သိသိသာသာ လွှတ်တော်နှင့် အစိုးရအဖွဲ့ကပါဝင်မှု ပိုများလာသည်ကို တွေ့နိုင်သည်။ သို့သော်လည်း စစ်တပ်က အရေးပါသော ကဏ္ဍတွင်ရှိနေဆဲဖြစ်သည်။ ဥပမာဆိုရလျှင် မေလတုန်းက အမေရိကန်ပြည်ထောင်စုက သမ္မတအိုဘားမားကို လာတွေ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ကိုယ်စားလှယ်အဖွဲ့မှာပင် ဗိုလ်ချုပ်ဝေလွင်နှင့် ဗိုလ်ချုပ်ကိုကိုကဲ့သို့ ဗိုလ်ချုပ်ကြီးများ ပါဝင်သည်။

သို့သော်လည်း သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကခရီးစဉ်တွင် ခေါ်လာမည့် တောင်းဆိုချက်ကို စောသေးသည်ဟု အကြောင်းပြကာ အိမ်ဖြူတော်က ပယ်ချခဲ့သည်။

ဝါရှင်တန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ဦးသိန်းစိန်က တပ်မတော်သည် အစိုးရအဖွဲ့တွင် အရေးပါသောကဏ္ဍ၌ အမြဲတမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်ကို မိသားစုသဖွယ်ချစ်ခင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခြင်းဖြစ်သည်ဟု အချို့က ဝေဖန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း စိန်ခေါ်မှုများ တစ်ပုံတစ်ပင်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများက စစ်တပ်က ပိုင်ဆိုင်ထားသည်ဖြစ်သည့်အတွက် စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ရန်အတွက်ပင် စစ်တပ်အမတ်များက ထောက်ခံမှု လိုသေးသည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်ဗိုလ်ချုပ်များကလည်း လက်ရှိ အာဏာရ အစိုးရဆီက ဖိအားပေးမှုများ ခံနေရသည်။ စစ်တပ်ကို စစ်တန်းလျားဆီ ပြန်သွားစေချင်သူများက စစ်တပ်လက်ဝါးကြီး အုပ်ထိန်းချုပ်ထားသော မော်တော်ကား၊ ဘီယာနှင့် ယမကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ရုန်းထွက်မည့် စီးပွားရေးစနစ်ကို တွန်းအားပေးနေကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများမှာလည်း စစ်တပ်က နောက်ခံပေးထားသော ကုမ္ပဏီများကို ယခင်စစ်အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်တပ်ကပင် လက်ဝါးကြီးအုပ်ထားသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်က စစ်တပ်ပိုင်ကုမ္ပဏီများကို အခွန်ပေးဆောင်ရန်နှင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူလုပ်ရမည်ဟု သတ်မှတ်လိုက်သောအခါ ယခင်က အခွင့်ထူးခံဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများအတွက် အသက်ရှူကျပ်လာစရာဖြစ်လာသည်ဟု ၀ါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ မာရီကလယ်ဟန်က ပြောကြားသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာစစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် ဘီယာနှင့် စီးကရက်လုပ်ငန်းများတွင် ဟန်နီကန်၊ ကားလ်ဘတ် ဘီယာများ၊ ဂျပန်ဆေးလိပ်ကုမ္ပဏီနှင့် လန်ဒန်စီးကရက်ထုတ်လုပ်သည့် ဘီအေတီကုမ္ပဏီများ ၀င်ရောက်လာခြင်းသည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို အတိအလင်းစိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမားများနှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၄ ဘီလီယံမြှုပ်နှံထားသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖျက်သိမ်းခံရသည်။ ထို့အပြင် အစိုးရက စစ်တပ်အသုံးစရိတ်ကိုလည်း နိုင်ငံတော် အသုံးစရိတ်၏ ၂၂ ရာ ခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လိုက်သည်။

ထို့အတူ အရပ်သားအစိုးရ အသွင်ပြောင်းရေးကလည်း အစိုးရအဖွဲ့တွင်းမှာ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်တပ်အရာရှိကြီးများမှာ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်းမှ ဖယ်ရှားခံလာရသည်။ ပြီးခဲ့သည့် တစ်နှစ်တည်းမှာပင် စစ်တပ်အရာရှိ ၇၀၀ ကျော်က အစိုးရရုံးဌာနအတွင်းမှ ရဲဌာနသို့ ပြောင်းရွှေ့ခံရသည်။

ခြုံငုံသုံးသပ်ရလျှင် စစ်တပ်အုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသည် ယခင်ကလို ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပါ။ သို့သော်လည်း စစ်တပ်သည် မြန်မာနိုင်ငံတွင် အာဏာရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းစသော အဓိကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် စစ်တပ်မပါဘဲ မလုပ်ဆောင်နိုင်ဟု နိုင်ငံရေးပညာရှင် အချို့က ဆိုသည်။

သို့ရာတွင် စစ်တပ်အနေဖြင့် ထိုအတိုင်းဆက်မသွားရန် ဆုံးဖြတ်နိုင်သည့် အနေအထားရှိသလားဟု မေးစရာရှိလာပါသည်။

အဆိုးမြင်သူများကမူ စစ်တပ်ဗိုလ်ချုပ်များသည် စစ်စရိတ်ဖြတ်တောက်ခြင်းနှင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စများကို သဘောမကျဘဲ တိုင်းပြည်မှာ ဆူပူလှုပ်ရှားမှုများဖြစ်လာအောင် မွတ်ဆလင်ဆန့်ကျင်ရေး ဘာသာရေးလှုပ်ရှားမှုများကို နောက်ကနေ ငွေကြေးပံ့ပိုးနေပြီး တိုင်းပြည်ကို နောက်ပြန်လှည့်အောင်လုပ်နေသည်ဟု ဆိုကြသည်။

အကောင်းမြင်သူများမူ ဦးသိန်းစိန်ဦးဆောင် ပြုပြင်ပြောင်းလဲရေးသမားများသည် နောက်ပြန်လှည့်မည်မဟုတ်ဘဲ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အပြည့်အ၀အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။

စီးပွားရေးအမြင်အရမူ မြန်မာသည် အိမ်နီးနားချင်း ကမ္ဘောဒီးယားနိုင်ငံကလိုပင် ခရီးသွားများ အဆမတန်များလာပြီး ပျက်စီးကာ လောဘကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အမျိုးသားများ လွှမ်းမိုးသော အစိုးရအဖွဲ့နှင့်သာ အဆုံးသတ်ရရန် ရှိပါသည။်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အားကိုးနေပြီး ၎င်းပြီးလျှင် ဆက်ခံအုပ်ချုပ်နိုင်မည့်သူ မရှိပါ။ ထို့အပြင် မြန်မာ၏ နည်းလမ်းမကျသော အခြေခံဥပဒေကြောင့် လွှတ်တော်နှင့် အစိုးရအကြားတွင် ပြိုင်ဆိုင်မှုများ တိုးပွားလာနေသည်ကလည်း ပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေကို ပြန်လည်ပြုပြင်မှသာလျှင် မြန်မာသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ရနိုင်မည်ဟု နိုင်ငံရေးပညာရှင်အချို့က ဆိုသည်။

ထို့ကြောင့် အာဏာအရှိန်ကြီးမားသည့် စစ်တပ်က တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး နိုင်ငံရေးမှ စစ်တပ်၏အာဏာကို ဖယ်ရှားရန် ဆောင်ရွက်သင့်ပြီဟု ဆိုသည်။

သို့သော်လည်း အနည်းဆုံးတော့ အထီးကျန်ကာလများမှ ယခုအချိန်ထိ လျှောက်လှမ်းလာခဲ့သည့် မြန်မာနိုင်ငံကို စောင့်ကြည့်နေကြဦးမည်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအာဏာလို ၎င်း၏ ဦးတည်ချက်ကို မှန်းဆကာ မပြောနိုင်သေးသော်လည်း မြန်မာနိုင်ငံက ပြောင်းလဲလှုပ်ရှားလာနေပြီဆိုသည်ကမူ မေးခွန်းထုတ်စရာ မလိုအောင် သိသာထင်ရှားနေသည် မဟုတ်ပါလား ။ ။

ဆိုတေးအားထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန်အတွက်၎င်း၏ဇနီးဆိုသူမှတာဝန်ယူပေးမည်ဟုဆို



Thura Tun

ဆိုတေးကားမှောက်စဉ်ကမှတ်တမ်းတင်ရိုက်ကူးထားသောပုံအား ဆိုတေး၏အကိုမှ ဆိုတေး၏ဇနီးဆိုသူအားပြစဉ်


ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်တေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါက
ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေးအတွက်၎င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကုသပေးသွား
မည်ဖြစ်ကြောင်းပြောသည်။
၎င်းနှင့်ဆိုတေး(ခ)အောင်သက်ပိုင်တို.မှာ မြ၀တီမြို.တွင်တွေ.ဆုံချစ်ကြိုက်ကာထိုင်းနိုင်ငံ၊ဘန်ကောက်မြို.တွင်အတူပေါင်းသင်းနေ
ထိုင်ခဲ.ခြင်းဖြစ်ပြီးဇွန်လအတွင်းကဆိုတေးမှ၎င်း၏ဇနီးဆိုသူအား၎င်း၏မိသားစုဝင်များနှင့်တွေ.ဆုံပေးခဲ.ကြောင်း၊ထိုနောက်
ဇူလိုင်လ(၄)ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည်ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသောအမျိုးသမီးနှင့်အတူသွားရောက်နေထိုင်
ခဲ.ကြကြောင်း ၊ထို.နောက်ဆိုတေးသည် မြန်မာနိုင်ငံ၌၄င်းလက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ၎င်းမှ ဘန်ကောက်မှရန်ကုန်
သို.လေယာဉ်ဖြင့်လည်းကောင်း၊၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်းဇူလိုင်(၁၀)ရက်နေ.တွင်ရောက်ရှိ
ခဲ.ကြကြောင်း၊၄င်းနောက်ဆိုတေးမှ၎င်း၏အမျိုးသမီးဖြစ်သူအားရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တထားခဲ.ကာပုဂံမြို.တွင်ရှိုးပွဲရှိ
သည်ဟုဆိုကာဇူလိုင်လ(၁၄)ရက်နေ.တွင်တောင်သာမြို.သိုရန်ကုန်-မန္တလေးအမြန်လမ်းမှသွားရောက်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ်
ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုးသမီးဖြစ်သူဟုဆိုသူမချိုချို(ခ) Cream ကပြောသည်။

ကျွန်မ သူကားမှောက်တယ်လို.သတင်းကြားကြားချင်းမန္တလေးဆေးရုံကိုလိုက်သွားပေမဲ.သူမိသားစုတွေကကျွန်မကိုသူနဲ.တွေ.ခွင့်
မပေးခဲ.တဲ.အပြင်ကျွန်မတို.နှစ်ယောက်ရဲ.ကိစ္စကိုဘယ်သူမျမသိအောင်နေပေးဖို.သူ.အစ်ကိုကပြောခဲ.တယ်။နောက်ထပ်သိရတာက
သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ်တုန်းကပါလာခဲ.ပေမဲ.သူကို.မေးကြည့်တော့သူကသူနဲ.
ဘာမှမပတ်သတ်ဘူးလို.ပြောခဲ.ပြီးကျွန်မကိုချစ်ရေးဆိုခဲ.လို.သူ.အချစ်ကိုလက်ခံခဲ.ပြီးအတူပေါင်းသင်းနေထိုင်ခဲ.တာ။နောက်ပြီးဒီ
ကိစ္စကိုသူမိသားစုတွေလည်းသိတယ်။အခုသတင်းတွေထွက်တော့သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေ
ထွက်နေတာနဲ.ကျွန်မအပေါ်သူမိသားစုကဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ဟု ၄င်းကဆိုသည်။

ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏အကိုဖြစ်သူကိုဇာနည်ဆိုသူမှဆိုတေးနှင့်
ပတ်သတ်သောကိစ္စများအားအခြားမည်သူကိုမှမပြောရန်ပြောဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။

ကျွန်မအနေနဲ.ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။သူဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ်ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်ဆိုးမိသ
လိုအရမ်းလည်းသနားမိတယ်။သူ.အပေါ်ထားတဲ.အချစ်တွေလည်းပျောက်သွားမှာမဟုတ်ပါဘူး။အခုမန္တလေးဆေး၇ုံမှာသူ.
အခြေအနေမကောင်းရင်ဘန်ကောက်ကဆေးရုံမှာသူရောဂါလုံးဝပျောက်ကင်းသွားတဲ.အထိဆေးကုပေးသွားဖို.အထိစီစဉ်ထား
တယ်ဟု၎င်းကထပ်လောင်းပြောသည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍တေးသံရှင်ဆိုတေး၏ဇနီးဖြစ်သူဟုဆိုသောမချိုချို(ခ)Cream၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက၄င်းအားဆက်သွယ်မေးမြန်းနိုင်ကြပါသည်။အထက်ပါသတင်းတွင်ဖောပြထားသောဓာတ်ပုံများမှာလည်း
ကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ကြောင်းထပ်လောင်းအသိပေးအပ်ပါသည်။

တေးသံရှင်ဆိုတေးနှင့်၎င်း၏ဇနီးဆိုသော မချိုချို တို.ကားအက်ဆီဒင့်မဖြစ်မှီယခုနှစ်ဇူလိုင် လ
အတွင်းထိုင်းနိုင်ငံဘန်ကောက်တွင်အမှတ်တရရိုက်ကူးထားသောဓာတ်ပုံအချို.