Thursday, July 18, 2013

အာဇာနည်ဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ

DVB TV News

၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အာဇာနည်ဗိမာန်မှာ ဒေါ်အောင်ဆန်းစုကြည် လွမ်းသူပန်းခွေချ ဂုဏ်ပြုစဉ်။

Popular Myanmar News Journal

ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို"

=====================================
နေပြည်တော်၊ဇူလိုင်၁၈ရက်
စိုင်းနောင်

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါက NLD နိုင်မည်ဖြစ်ပြီး သမ္မတဖြစ်ရေးတားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေး
ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများနှင့် လွှတ်တော်
တွင်တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအား
ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ် ရွှေးကောက်ပွဲကို အတတ်နိုင်ဆုံး သန့် ရှင်းမျှတ သည့် ရွှေးကောက်ပွဲ ဖြစ်ရန် ဖေါ်ဆောင်ပေးမည်ဟုပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် လေ့လာရေး လာရောက်သော သတင်းမီဒီယာသမားများ နှင့်တွေ့ ဆုံစဉ်ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မည်သူက နိုင်မည်ဆိုသည်ကို ပိတ်ကားပေါ်တွင် ဆက်
လက်ကြည့် ရှူ ပါရန် ပြန်လည်ပြောကြားခဲ့ပြီး၊မိမိ သည် ယှဉ် ပြိုင်ရသည်ကို နှစ်သက်ကြောင်း၊ ဧရာဝတီတိုင်း တိုင်းမှုးဖြစ်စဉ်က ပြိုင်လျှင်နိုင်ရမည်ဆိုသော
ဆောင်ပုဒ်ကို လက်ကိုင်ထားကြောင်း သို့ သော် လက်အောက်ငယ်သားများက နိုင်လျှင်ပြီးရော လုပ်ဆောင်မှာကို စိုးရိမ်သည့် အတွက် " ရိုးရိုးသားသားယှဉ်ပြိုင်နိုင်အောင်ကြိုးစား " ဟူသောဆောင်ပုဒ်ကိုလမ်းညွှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်၍ ၂၀၁၅ခုနှစ် ရွေးေ ကာက်ပွဲအထိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်းမရှိပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို မီဒီယာများကမေးမြန်ရာ ဒေါ်အောင်ဆန်းစုကြည်က
တံခါးပိတ်သည့်နိုင်ငံ ရေးကို အယုံအကြည်မရှိကြောင်း၊အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်က နောက်ဆုံးအချိန်ထိ တံခါးဖွင့်
ထားကြောင်း မျှော်လင့်ချက် သက်သက်မဟုတ်ပဲ အလုပ်သဘောပါရှိကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပုံနှိပ်နှင့်ထုတ်ဝေရေး ဥပဒေကြမ်း ကို ကန့် ကွက် ကြသည်ကို ယခုမှသိရှိကြောင်း
ပြ ည်သူ့ လွှတ်တော်တွင် အတည်ပြုထားသော်လည်း လွှတ်တော်က ပြည်သူများ အကျိုး ပြုသည့် ဥပဒေကိုသာပြ ဌာန်းကြောင်း
အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်၍ မီဒီယာများ အနေဖြင့်ကော်မတီများတွင် လာရောက်ဆွေးနွေး နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

RFA Burmese's photo.

သမ္မတရာထူးအတွက် သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

လာမယ့် ၂ဝ၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊  ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

နိုင်ငံရေးမှာ တံခါးအားလုံးဖွင့်ထားတဲ့ နိုင်ငံရေးကိုသာ ယုံကြည်ကြောင်း အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် မျှတအောင်လုပ်ပေးရမှာပေါ့၊ အဲတော့ ဥက္ကဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ကျမသမ္မတဖြစ်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကိုလည်း လုပ်ပေးရမှာပေါ့၊ အဲဒီလိုမလုပ်ပေးရင် အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ဒီလိုပဲကျမက သတ်မှတ်ရမှာပဲ၊ ဘယ်သူကသာတယ်နာတယ်ဆိုတာဟာ နိုင်ငံရေးမှာဆိုလို့ရှိရင် လူတစ်ယောက်က အမြဲပဲသာနေမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ လူတွေရဲ့လိုအပ်ချက် အရ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အရည်အချင်းလိုအပ်ချက်တွေ က ပြောင်းသွားတတ်ပါတယ်၊ ဒါကြောင့်ဘယ်သူမှ ထာဝရအစဉ်အမြဲ သာတယ်ဆိုတာမရှိနိုင်ပါဘူး၊  နောက်ဆုံးကျတော့ ပြည်သူ လူထုက ရွေးချယ်မှာပါ၊ အဲဒီတော့ နိုင်အောင်လုပ်တယ်ဆိုတာဟာ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် နဲ့ ပြတ်ပြတ်သားသားလုပ်လို့ရှိရင် အနိုင်ရမယ်လို့ ကျမတို့ဒီလိုယုံကြည်ပါတယ်" 

ဒါ့အပြင် ၂ဝ၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ချက်ရှိသလို တကယ်အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သတင်းမီဒီယာသမား အတော်များများနဲ့  ဒီနေ့တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပြင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဂရင်းနစ် စံချိန်ဝင်အောင် ကြိုးစားနေသည့် မြန်မာ့ တရားစီရင်ရေး စနစ်

Nay Myo Zin
ယနေ့ ကြားသိရသော သတင်းအရ။
====================

ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့က လွန်ခဲ့သော ( ၇ လ )၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပန်းတနော်မြို့နယ် အောက်ကန်ဇင်းတောကျေးရွာသို့ မိမိတို့ သွားရောက်ခဲ့စဉ်က လျှပ်တပြတ်တွေ့ဆုံ စကားပြောဖြစ်ခဲ့သော ကျေးရွာလူထုနှင့် တွေ့ဆုံခြင်း အတွင်း ကျနော့်ပြောခဲ့သော အကျင့်ပျက် ရဲဝန်ထမ်းများကို ပြည်သူလူထုက ဖေါ်ထုတ်ရေး ပြောဆိုချက်အား ရဲတပ်ဖွဲ့ အပေါ် အကြည်ညိုပျက်စေမှု ဟူသော ပုဒ်မ ( ၅၀၀ ) ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်သုံးလ ချမှတ် ခံခဲ့ရပြီးဖြစ်ပါသည်။

နိုင်ငံတော် သမ္မတကြီးမှ အမှန် အရှိတရား အတိုင်း စီရင်ဆုံးဖြတ်ပြီး အမြန်ဆုံး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျနော့်အား ပြန်လွှတ်ပေးလိုက်သည်။

ယခု ထို ကျေးရွာမှ လူထုကို လွန်ခဲ့သော ခုနှစ်လ တုန်းက စကားပြောခဲ့မှုကိုပင် ပုဒ်မ ( ၁၈ )ဆိုသည့် ခွင့်ပြုချက်မရပဲ စကားပြောဆိုခဲ့မှု ဆိုသော ပြစ်မှုဖြင့် ကျနော့် အား တရားစွဲဆို ရန် အမှုဖွင့် လိုက်ပြန်ကြောင်း ကြားသိရပါသည်။

မြင်းခံ ငပြည့် ဆိုသည့်ပေးအပ်တာဝန်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့ဖူးသူ စစ်သည်တော် တယောက် အကြောင်း မြင်ကြား ယောင်ရင်း ............ဒူးမထောက် လက်မမြောက် ......... ဆိုသော စစ်ချီတေးအား ဘယ်ညာခြေအကျ ပီသ ကြည်မြစွာ စစ်သွေး စစ်မာန်ဖြင့် ဟစ်ကြွေး ခဲ့ဖူးသူ တယောက်ကို ..........ယခုလို ခြောက်တိုင်း ကြောက်မည် ထင်က မှားပါလိမ့်မည်။

ကျမ်းမာရေး အရ နှစ်လ တိုင် လဲလျောင်း အနားယူရန် ထိုင်း ဆရာဝန်များက မှာကြားသော်လည်း ပြည်တွင်း အရေးအ ရာများကြောင့် နောက်မှ အနားယူရန် ကောင်းမွန်စွာ မကျန်းမာသေးသော်လည်း နောက်မှ အနားယူရန်ဆုံးဖြတ်ကာ အမြန်ပြန်လာပါသည်။

ဖြစ်စဉ် တခုတည်းကိုပင် တမှုဖြင့်ဆွဲဆို ၊ ထောင်ချ ပြန်လွှတ်လာသည့်နောက် ထိုဖြစ်စဉ်ဖြင့်ပင် ထပ်မံပြီး နောက်ပုဒ်မ တခုဖြင့် ထပ်မံ စွဲဆိုရန် ကြိုးစားသည့် မြန်မာ့ တရားစီရင်ရေး စနစ်သည် ဂရင်းနစ် စံချိန်ဝင်အောင် ကြိုးစားနေသည်လားမသိနိုင်ပါ။

အချိန်ရော ငွေပါ ဖြုန်းတီးရာ ရောက်စေသည့် အကြိမ်ကြိမ် တရားရုံးဆင့်ခေါ် စစ်မေးလျောက်လွဲ တရား ရင်ဆိုင်ခိုင်း အထက် အမိန့် အတိုင်း ပြစ်ဒါဏ် ချမှတ်ခိုင်းသည့် ဖြစ်စဉ်များအား ပြည်သူ့လွှတ်တော် ကြီး အတွင်းမှ ပြည်သူ့ ကိုယ်စားလှယ်တော်ကြီးများက ငြိမ်ဆိတ်လစ်လျူ ပြုနေလိမ့်မည် မဟုတ် ဟု ယုံကြည်ပါသည်။

ယင်း တရားစွဲဆိုမှု အကြောင်း အသေးစိတ် သိရှိလိုပါလျှင် ဦးသိန်းဝင်း ( ဖုန်း × ၀၉၄၉၂၆၂၅၆၇ )။ ဦးအေးကျော် ( ဖုန်း - ၀၉၄၉၃၂၆၇၆၇) တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အာဇာနည်ကုန်း

ပPopular Myanmar News Journal
    ယနေ့ ဇူလိုင်၁၉ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့သွားရောက်လေ့လာ ဂါရဝပြုရာ၌ ခြံဝန်းအတွင်းသို့ အိတ်အပါအဝင် လက်ကိုင်ဖုန်းများပါ ယူဆောင်ခွင့်မပြုကြောင်းသိရသည်
    " အဲဒီမှာအပ်လို့ရပေမယ့် ကျွန်မတို့ကတော့ အနားကလက်ဖက်ရည်ဆိုင်မှာအပ်လိုက်တယ်--နှစ်ရာပေးရတယ်" ဟုပြတိုက်တွင်ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးကပြောသည်
    မီဒီယာသမားများအနေနှင့်မူ ကင်မရာယူဆောင်ခွင့်ပြုကြောင်းလည်းသိရသည်

ဘုဏ်းသိုက်နှင့် ချမ်းချမ်း လက်ဆက်ပွဲ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကားရဲ့ အမြန်နှုန်းကို ပြသမဲ့ သတိပေး ကိရိယာ