Tuesday, July 23, 2013

သာမန်အရပ်သူ/သား များကို ငွေကြေးလိမ်လည်ခြင်းတားဆီးပေးပါရန်



လားရှိုး ရမခတိုင်းမှ အဘအေ၀မ်းကြီးဦးဝင်းထွဋ်အကူအညီဖြင့်   သာမန်အရပ်သူ/သား များကို
 ငွေကြေးလိမ်လည်ခြင်း၊ခြိမ်းခြောက်ပြောဆိုနေခြင်းများ တားဆီးပေးနိုင်ပါရန် ...

အကြောင်းအရာ ။ ။ လားရှိုးမြို့ ရပ်ကွက်(၁၂)နယ်မြေတွင် နေထိုင်သူ မဖြူဆိုသောအမျိုးသမီးသည်
၎င်းနှင့်ပိုင်ရာဆိုင်ကြောင်းဖြစ်သော   လားရှိုးရမခတိုင်းမှ အဘအေ၀မ်းကြီးဦးဝင်းထွဋ်အကူအညီဖြင့်
   လားရှိုးမြို့နယ်၊  မိုင်းယော်ကျေးရွာတွင်နေထိုင်သော လွန်ခဲ့သည့်  ၁၅နှစ်ခန့်က  မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုပ်မ၁၅။ ၁၉က။၂၂ခ အရထောင်ဒဏ်နှစ်အကန့်အသတ်မရှိ  မန္တလေးအိုးဖိုထောင်တွင်  ထောင်ဒဏ်ကျခံနေသောတရာခံစိုင်းအောင်ကျော်(ခေါ်)အားယုံ အား
၂လအတွင်းလွတ်မြောက်နိုင်သည်ဟုပြော၍  တရားခံ၏ဆွမျိုးမိဘများဆီမှအခကြေးငွေယူပြီး
အိုးဖိုထောင်ပိုင်နှင့်နေပြည်တော်ဌာနချုပ်များနှင့်ပူးပေါင်း၍ တရားခံစိုင်းအောင်ကျော်(ခေါ်)အားယုံး
 အားရဲဘက်ပို့ရန်နှင့်  ရဲဘက်မှတဆင့်လူစဟားထိုးခြင်း/အသေပြခြင်းဖြင့်  လွှတ်မြောက်ရန်ဆောင်ရွက်နေ
ပါသည်။    အိုးဖိုထောင်မှထောင်ပိုင်နှင့် လားရှိုးရမခမှအေ၀မ်းကြီးဦးဝင်းထွဋ်တို့မှာလည်းရင်းနှီးသော
သူငယ်ချင်းများဖြစ်ပါသည်။   ယခုလက်ရှိမှာလည်း  အိုးဖိုထောင်မှတရာခံစိုင်းကျော်(ခေါ်)အားယုံ၏မိဘများနှင့်
မဖြူဆိုသောအမျိုးသမီးတို့ကို   ထောင်အတွင်းမျက်နှာဆုံညီတွေ့ပေးခြင်း၊ ထောင်ပိုင်မှနှစ်လအတွင်း
တ၇ားခံအားရဲဖက်ပြောင်းပေးမည်ဟု ပြောခြင်း၊ ထောင်အတွင်းမှလဲမိဘများနှင့်ဖုန်းပြောရအောင်စီစဉ်ပေးခြင်း
များကို အိုးဖိုထောင်ပိုင်မှအခကြေးငွေယူ၍ပြုလုပ်ထားပါသည်။ ၄င်းမဖြူ၏ခင်ပွန်းသည်မှာလည်း
အိုးဖိုထောင်တွင်မူးယစ်ဆေးဝါးအမှုနှင့်အကျဉ်းကျခံနေရပြီး  ၄င်း၏ခင်ပွန်းသည်ဖြစ်သူတ၇ားခံဦးစန်းလွင်
ကိုလည်း လားရှိုးရမခမှ အေ၀မ်းကြီးဦးဝင်းထွဋ်၏အကူအညီဖြင့်  ၂၄မိုင်၇ဲဖက်သို့ပို့ပြီး
 ထိုမှတဆင့်လုံးဝလွှတ်မြောက်ရန် လုပ်ဆောင်နေပါသည် ။၎င်းမဖြူဆိုသောအမျိုးသမီးမှာရမတိုင်းအေဝမ်းကြီး
အဘဦးဝင်းထွဋ်နာမည်သုံးကာလားရှိုးမြို့နယ်တွင်လုပ်ငန်းပါမစ်များရအောင်အခကြေးငွေယူဆောင်၍
 လောင်းကစားကန်ထ၇ိုက်များပြုလုပ်ကာ  လက်အောက်ငယ်သား  ဋ္ဌာနဆိုင်၇ာဝန်းထမ်းများနှင့်
အ၇ပ်သူအ၇ပ်သားများအား  အထက်လူကြီးနာမည်သုံးကာ  ငွေကြေးလိမ်လည်ခြင်း၊
ခြိမ်းခြောက်ပြောဆိုခြင်း စသည်များကို   လုပ်ဆောင်နေပါသဖြင့် တားဆီးပေးနိုင်ပါရန်
  ပြည်ထဲရေးဝန်ကြီးဌာနသို့ တစ်ဆင့်အသိပေးအပ်ပါသည်။

စာရွက်ပေါ်မှာ ဘောင်ကြီး ကွပ်ထားတာ မြင်ရဲ့သားနဲ့....

မော်လမြိုင်တာဝန်ကျယာဉ်ထိန်းရဲတွေ ငွေကြေး တောင်းယူ

အမျိုးသမီးများကို ကာကွယ်စောင့်ရှောင့်တဲ့ နိုင်ငံပေမို့