Thursday, July 25, 2013

မြန်မာနိုင်ငံမှာ ကားနံပါတ်ကို ဒီလို ဒီဇိုင်းမျိုးလုပ်ပြီး တပ်လို့ ရပါသလား

ခရီးသည် ၈၀ သေဆုံး ခဲ့သည့် စပိန် ရထား တိမ်းမှောက်မှု ကို လုံ ခြုံရေး ကင်မရာ က ဤ သို့  ရိုက်ကူး

ကျနော်နှင့် မစုစုနွေး

Ko Marky's photo.

" ကျနော်နှင့် မစုစုနွေး "
xxxxxxxxxxxxxxxxxxx
ကျနော် သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ၊     
လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။         စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊         
ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ ….                                     ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို  ဘယ်အခါမဆို မှတ်ကျောက်တင် ခံဝံ့သူ … ။ 

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့၊ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစားဖတ်နေကြတယ်။ "ဘာစာလဲဗျ" ဆိုတော့၊ "ကော့မှူးက ကောင်မလေး တစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ" လို့ မင်းကိုနိုင်ကဆိုတယ်။ ကိုကိုကြီးကတော့ " သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျား လည်း ပြင်ထားဦး" တဲ့။ ကနော်က " ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်"ဆိုတော့၊ မင်းကိုနိုင်က "ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ"
ကျနော်ထောင်ထဲမှာရှိနေစဉ်ကာလ။ ၂၀၀၄/၂၀၀၅ ခုနှစ်တွေအတွင်း၊ ရေဒီယိုအစုတ်ကလေး ထဲကနေ သူ့အသံကို စကြားခဲ့ရဖူးတယ်။ ချက်ကျ၊လက်ကျနဲ့ ရှင်းရှင်းလင်းလင်း၊ ထိထိမိမိ၊ သတ္တိရှိရှိ ပြောဟန်ဆိုဟန်တွေကို အတော်များများကပဲ သဘောကျနှစ်သက်ကြတယ်။ အဲဒီ့ကာလက၊ စစ်အစိုးရ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ILO (နိုင်ငံတကာ အလုပ်သမားအဖွဲ့)က အပြင်းအထန် တုန့်ပြန်နေချိန်၊ တစ်ချိန်တည်းမှာပဲ ILO ရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက (ဟန်ပြပဲဖြစ်ဖြစ်) လိုက်လျောဖို့ ကြိုးစားနေချိန်။ ဒီလို အချိန်မှာပဲ မစုစုနွေးတို့ ကော့မှူးမြို့နယ်မှာတော့ လုပ်အားပေး ဆိုပြီး အဓမ္မအလုပ်စေခိုင်းမှုတွေက ရှိနေဆဲ။ တောင်သူလယ်သမားသားသမီး၊
ကျေးတောသူတစ် ယောက်ဖြစ်တဲ့ မစုစုနွေးအနေနဲ့ ကိုယ့်ရွာသူရွာသားတွေ အခုလိုမတရားအဖိနှိပ်၊ အရက်စက်ခံနေရ တာကို ဘယ်လိုမှမကြည့်ရက်ဘူး။ ပြီးတော့ မစုစုနွေးဟာ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လူငယ်ခေါင်းဆောင်
တစ်ယောက်။ နိုင်ငံရေးနဲ့ခပ်ဝေးဝေးမှာ ကိုယ်နဲ့မဆိုင်သလို နေနေသူ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ILO တို့ရဲ့ သဘောတူညှိနှိုင်းထားချက်တွေကိုလည်း သိပြီးသား။ ရန်ကုန်မြို့ မှာ ILO ကိုယ်စားလှယ် ရုံးထိုင်နေပြီဆိုတာလည်း သိပြီးသား။ ဒါပေမယ့် NLD အဖွဲ့ဝင်၊ မြို့နယ်လူ ငယ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မိခင်ပါတီကို အလေးထားတယ်။အားကိုးတယ်။ဒီတော့ သူချစ်ခင် လေးစားတဲ့
မြောင်းမြ(ဦး)ဘဆွေ(၁၉၉၀ခုနှစ် ကော့မှူးမြို့နယ်အမတ်)ကို အားကိုးတကြီး သွားရောက်တိုင်ပင်တယ်။ "ဒါ နိုင်ငံရေးနဲ့မဆိုင်ဘူး သမီးရဲ့။ ဘာမှ သွားမလုပ်ပါနဲ့ "ဆိုတဲ့ ဖျောင်းဖျ မှုနဲ့ တပ်ခေါက်ပြန်လာရတယ်။ ဒါပေမယ့် မစုစုနွေးဆိုတာ အလွယ်တကူအလျှော့ပေးတတ်တဲ့ မိန်းကလေး မဟုတ်တော့၊ သူ အလှည့်ကျ တာဝန်ထမ်း ဆောင်နေတဲ့ NLD ရုံးချုပ်က လူကြီးတွေကို အားကိုးတကြီး တိုင်ပင်ပြန်တယ်။ " ဒါ NLD ပါတီဝင်တွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ နိုင်ငံရေး အလုပ် မဟုတ်ဘူး" ဆိုတဲ့ ဆိုဆုံးမမှုကိုပဲ ခံခဲ့ရပြန်တယ်။ ဒီအချိန်မှာ မစုစုနွေးကို အကူအညီ ပေးနိုင်တဲ့သူတွေက ချဉ်းကပ်လာကြတယ်။ မှော်ဘီက ဒေါ်နော်အုန်းလှ၊ တွံတေးက ကိုဇော်ဇော် …. စသဖြင့်။ သူတို့က အဓမ္မအလုပ်စေခိုင်းခံနေရသူတွေ
အပေါ် အကူညီပေးနိုင်မယ့်နည်လမ်းးတွေ၊ အကြံဥာဏ်တွေ ပေးကြတယ်။ မီဒီယာတွေကနေ ထိုးဖောက်နိုင်ဖို့ကိုလည်း အကူညီပေးကြတယ်။ ဒါပေမယ့် သူတို့တတွေက NLD ပါတီကနေ အကြောင်းအမျိုးမျိုးကြောင့် အထုတ်ပယ် ခံထားရသူတွေ။ ဒီတော့ ဒီလူတွေနဲ့ပေါင်းပြီး၊ ဒီအလုပ်ကိုလုပ်ရင် လူကြီးတွေ မကြည်မဖြူ ဖြစ်နိုင်တယ်။ သူပါရောပြီး အဖွဲ့ချုပ်ကနေတောင် အထုတ်ပယ် ခံရနိုင်တယ်။ ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် စုစုနွေးက စုစုနွေးပဲလေ။
 နိုင်ငံရေးသဘောတရားတွေ၊ ရပ်တည်ချက်တွေ၊ ပါတီစည်းမျည်းစည်းကမ်းတွေထက်၊ သူချစ်တဲ့ တောင်သူလယ်သမားတွေ၊ ရွာသူရွာသားတွေ ဒုက္ခကြုံတွေ့နေရတာကို သူမကြည့်ရက်ဘူး။ ကိုယ့်ကို ကိုယ် NLD ပါတီဝင်လို့ ကြွေးကြော်ထားပြီးမှ၊ ဒီလူတွေ ဒုက္ခဆင်းရဲဖြစ်နေရတာကို ဥပေက္ခာ မပြုရက် နိုင်ဘူး။ ဒီတော့ အဓမ္မအလုပ်စေခိုင်းခြင်းခံနေကြရတဲ့(လုပ်အားပေးနေကြရတဲ့) လုပ်ငန်းခွင်ထဲအထိ အရောက်သွားပြီး လေ့လာစုံစမ်းတယ်။ ရေလဲပုဆိုးအစုတ်တစ်ထည်ကို ခေါင်းမှာခြုံပြီး ချည်လုံချည် အနွမ်းလေးကို ဝတ်လို့ပေါ့။ ပြီးတော့ အသံဖမ်းစက်ကလေးနဲ့ အသံဖမ်းတယ်။ ဓာတ်ပုံတွေ လျှို့ဝှက် ရိုက်တယ်။ အချက်အလက်တွေ အသေးစိပ် စုဆောင်းတယ်။ သေချာပြီဆိုတော့မှ ILO ရုံးကို သွားပြီး တင်ပြတယ်။ 
အဲဒီအချိန်မှာ ILO တာဝန်ခံက ဟိုဆေး ။သိပ်တော်တဲ့လူ။ 
သူ့ဆီ ရောက်လာတဲ့ အမှုတွဲတိုင်း ကို လက်လွတ်စပယ်လက်ခံတဲ့သူမဟုတ်ဘူး။ မစုစုနွေးကိုလည်း သူအကြိမ်ကြိမ် ဖျောင်းဖျသေးတယ်။ "ဒီ့အတွက်စစ်အစိုးရရဲ့
ငြိုငြင်မှုကို ခံရနိုင်တယ်။ အခန့်မသင့်ရင် ထောင်တောင်ကျနိုင်တယ်" စသဖြင့် ပေါ့။ ဒါပေမယ့် မစုစုနွေးက ရပ်တည်ချက် ခိုင်မာသူ။ ပြတ်သားတယ်။ လုံးဝ နောက်မဆုတ် ခဲ့ဘူး။ နောက်ဆုံးတော့ ဟိုဆေးကိုယ်တိုင် အဲဒီ့အမှုကို မစုစုနွေးနဲ့ ပူးပေါင်းဆောင်ရွက်
ခဲ့တယ်။ မစုစုနွေး အပေါ် ဖိအားတွေအမျိုးမျိုး သက်ရောက်ခဲ့တယ်။
ငွေကြေးလာဘ်လာဘနဲ့ စည်းရုံးတယ်။ အသက် အန္တရာယ်ပြုဖို့အထိ ခြိမ်းခြောက် တယ်။ ဒါပေမယ့် မစုစုနွေး လုံးဝအလျှော့မပေးခဲ့ဘူး။ တရားတဲ့ ဘက်ကနေ
ပြတ်ပြတ်သားသားပဲ ရပ်တည်ခဲ့တယ်။ စစ်အစိုးရကလည်း ILO နဲ့ ပြေလည်မှုရဖို့ ကြိုးစား နေတဲ့ကာလမို့၊ မစုစုနွေးရဲ့ ထန်းမနိုင်ရွာက ရဝတ အဖွဲ့ဝင်တစ်ဦး ဒီအဓမ္မအလုပ်စေခိုင်းမှု ကြောင့် ထောင်ကျသွားတယ်။ ဒါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ မှတ်တမ်းဝင်လောက်တဲ့ အဖြစ်အပျက်ဖြစ်သွားတယ်။ မစုစုနွေးလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ အတော်လေးထင်ပေါ်လာခဲ့တယ်။ ဒါပေမယ့် မကြာပါဘူး။ အခြား ရဝတ အဖွဲ့ဝင်တစ် ယောက်ရဲ့ အမှုဆင်တရားစွဲဆိုခြင်းခံလိုက်ရတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ဒါက ၂၀၀၅ခုနှစ်၊ ကျနော်တို့ 
ထောင်ထဲမှာရှိနေစဉ်ကာလ၊ ရေဒီယိုအစုတ် ကလေးကနေ နောက်ဆုံးကြားသိခဲ့ရတဲ့ အဖြစ်အပျက်တွေ။၂၀၀၅ခုနှစ်၊ အောက်တိုဘာလ၊၁၃ရက်နေ့။
မနက်စောစောမှာတော့-
ကိုကိုကြီးရဲ့အခန်းမှာ လူစုကြတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုစိုးထွန်း၊ ကိုအောင်နိုင်ဦး၊ မမီးမီး၊ မမာမာဦး။ လူစုံတော့ ပန်းဆိုးတန်းဆိပ်ကိုဆင်းကြတယ်။ ဒလဘက်ကမ်းကို ရောက်တော့ ကွမ်းခြံကုန်းသားဖြစ်တဲ့ ကိုဇော်မင်း
(ဒေဝဒတ်၊အာပြဲ)က လာကြိုတယ်။ ကျနော်ကတော့ ကော့မှူးတို့၊ ကွမ်းခြံကုန်းတို့
ဆိုတာ ဘယ်နားမှာရှိမှန်းတောင်မသိဘူး။ အစကဆို အဲဒီ့မြို့တွေကို ဧရာဝတီတိုင်း ထဲကလို့တောင် ထင်နေသေးတာပါ။ ဒလကနေကော့မှူးကိုတော့ တက္ကစီလို့ခေါ်တဲ့ ဆလွန်းကားအဖြူ လေးမှာ ကျပ်ကျပ်သပ်သပ်ထိုင်ပြီး စီးခဲ့ကြရတယ်။ တစ်နာရီနီးပါးတော့ စီးရပါတယ်။ ကော့မှူးမြို့ ဆိုတာ ဆလွန်းကားလေးတွေကို လိုင်းကားအဖြစ်ပြေးဆွဲတာကလွဲရင် မြစ်ဝကျွန်းပေါ်က ရွာကြီးတစ် ရွာနဲ့ပဲတူပါတယ်။ မြောင်းမြဦးဘဆွေရဲ့အိမ်ကို ကျနော်တို့သွားကြတယ်။ မစုစုနွေးက ထန်းမနိုင်ရွာ ကနေ လာရမှာ။ ကျနော်တို့ စုရုံးရောက်ရှိနေစဉ်မှာပဲ သတင်းတွေ အဆက်မပြတ်ကြားသိနေရတယ်။ ကျနော်တို့၈၈မျိုးဆက်ကျောင်းသားတွေ ရောက်လာတဲ့အတွက် မစုစုနွေးကိုထန်းမနိုင်ရွာကနေ တရားရုံးအထိလာလို့ မရအောင် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က ဖန်တီးနေတဲ့အကြောင်း။ (ဥပမာ- ထန်းမနိုင်ရွာက စက်လှေတွေ အဲဒီ့နေ့မှာမထွက်ဖို့အမိန့်ထုတ်ပြန်တာမျိုး)။ဒါပေမယ့် စုစုနွေးပဲလေ …. သူ ချစ်ခင်လေးစားတဲ့ သူ့အစ်ကိုတွေရောက်နေပြီဆိုမှတော့၊ ကော့မှူး-ထန်းမနိုင် ၄ မိုင်ခရီးကို သူ မရောက် ရောက်အောင် ခြေလျင်လျှောက်ပြီးလာခဲ့တယ်။ ကျနော်တို့ရှိနေတဲ့ မြောင်းမြဦးဘဆွေရဲ့ အိမ်ကိုရောက်တော့ သူ့ခမျာ ချွေးတွေကို နစ်လို့။ အချိန်ကျလို့ တရားရုံးကို သွားကြတဲ့အခါ၊ လမ်းတ လျောက် မင်းကိုနိုင်နဲ့ကိုကိုကြီးတို့က သူ့ကိုအလယ်မှာထား၊ လက်တစ်ဖက်စီဆွဲပြီး တရားရုံးကို ချီ တက်ခဲ့ကြတဲ့ပုံဟာ သဘာဝကျကျနဲ့အရမ်းလှတယ်။ နိုင်ငံရေးအရလည်း အတော်အားကောင်းတဲ့ ဓာတ်ပုံလေး ဖြစ်ခဲ့တယ်။ အဲဒီ့အချိန်က ပထမဆုံးကိုင်ခဲ့ဖူးတဲ့ 2MP ကင်မရာလေးနဲ့ ကျနော်ရိုက်ခဲ့ တာပါ။ အဲဒီ့ဓာတ်ပုံလေးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေမှာ အကြိမ် ကြိမ် အဖော်ပြခံခဲ့ရတယ်။ အဲဒီ့နေ့က တရားရုံးမှာ သူရင်ဆိုင်ခဲ့ရတဲ့ စီရင်ချက်ကတော့ သူ့အတွက် ရလာဒ်မကောင်းခဲ့ပါဘူး။ "အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ခွဲ" တဲ့။
စုစုနွေးကိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့တပြိုင်နက် စစ်အစိုးရကို
ပြည်တွင်းပြည်ပကနိုင်ငံရေး အင်အားစုတွေ၊ILOနဲ့ နိုင်ငံတကာက
လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်းဝေဘန်တိုက်ခိုက်ကြတယ်။ စုစုနွေးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ ILOရဲ့ အရေးယူမှုကို ခံရဖို့အထိ
 ဖြစ်လာတယ်။ အဲဒီ့ကာလတွေအတွင်းမှာပဲ၊ နိုင်ငံတကာမှာဂုဏ်သိက္ခာကြီးမားတဲ့"ဂျွန်ဟမ်းဖရီး(John Humphrey)" ဆုကို ၂၀၀၆ခုနှစ်အတွက် မစုစုနွေးရရှိခဲ့တယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေများလာတော့ ၂၀၀၆ခုနှစ်၊ဇွန်လဆန်းမှာပဲ မစုစုနွေးကို ပြန်လွှတ်ပေးခဲ့တယ်။ မစုစုနွေး ထောင်ကပြန်လွတ်လာ တော့ အင်းစိန်ထောင်ကနေ တန်းလာတာက သူချစ်တဲ့၊ယုံကြည်အားကိုးတဲ့၊
၁၈နှစ်သမီးကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့၊ သူ့ရဲ့မိခင်ပါတီNLD။ အဲဒီ့အချိန်မှာတော့ စုစုနွေးဆိုတာ ကော့မှူးမြို့နယ်၊ ထန်းမနိုင်ကျေးရွာက သာမန်ကျေးတောသူလေး
တစ်ယောက် မဟုတ်တော့။ တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါသိတဲ့၊ ထင်ပေါ်ကြော်ကြားတဲ့ စုစုနွေးဖြစ်နေပါပြီ။ "လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ နိမိတ်ပုံတစ်ခု"လိုလည်းဖြစ်ခဲ့ပါပြီ။ ဒါပေမယ့်စုစုနွေးရဲ့ထင်ပေါ်ကြော်ကြားမှု အမြင့်မားဆုံးကာလတွေ ကတော့ သူပြန်လည်လွှတ်မြောက်ပြီး သုံးလအကြာ၊
၂၀၀၆ခုနှစ်၊စက်တင်ဘာလအတွင်း ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်(၅)ယောက် အဖမ်းခံလိုက်ရတဲ့အချိန်တွင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရချိန်ဆိုတော့ အပြင်လောကမှာ လူသိများအထင်ရှားဆုံး က စုစုနွေးပဲ ရှိနေတာလေ။ ဒီတော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနဲ့ လူထုအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျွင်းကျန်ရစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေက ဖော်ဆောင်တဲ့အခါ စုစုနွေးရဲ့ ပါဝင်လှုပ်ရှားမှုက အခရာကျလာတယ်။ စုစုနွေးကလည်း သူချစ်ခင်လေးစားတဲ့အစ်ကိုတွေ အဖမ်းခံရတဲ့အတွက်ဆိုပြီး(NLDကတချို့သောလူကြီး၊လူငယ်တွေ တားဆီး
နေတဲ့ကြားထဲက) ၈၈မျိုးဆက် ကျောင်းသားတွေရဲ့လှုပ်ရှားမှုတိုင်းမှာ ပါဝင် အားဖြည့်ပေးခဲ့တယ်။ ၈၈တွေရဲ့စုရပ်ဖြစ်တဲ့ ရန်ကင်းကအခန်း
(ကိုကိုကြီးနေသွားတဲ့အခန်း)မှာ ၈၈မျိုးဆက်ညီအစ်မတွေနဲ့အတူတူနေထိုင်ရင်း အပြည့်အဝ ရပ်တည်ပေးခဲ့တယ်။ အဲဒီ့အချိန်မှာ ကျနော့်ရဲ့တာဝန်က ၈၈မျိုးဆက်ကျောင်းသားများရဲ့ ပြန်ကြားရေးအပြင်၊ ညီမတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ မစုစုနွေးကို ကြိုပို့တာဝန်။ ကော့မှူးကို ပြန်မယ့်အခါ ပန်းဆိုးတန်းဆိပ်ဟိုဘက်ကမ်းက ဒလအထိလိုက်ပို့။ ရန်ကုန်ကို ပြန်လာတဲ့အခါလည်း ဒလကနေ သွားကြို။ စုစုနွေးဟာ တကယ်တော့ ကျန်းမာရေး သိပ်မကောင်းရှာပါဘူး။ သူ့မှာမွေးရာပါ နှလုံးရောဂါရှိတယ်။ လူက ဖြူဖြူနုနု ပါးလှပ်လှပ်လေး။
 လေတိုက်ရင်တောင် ပြိုလဲလေမလား ထင်ရ တဲ့သူ။ ဒါပေမယ့် အဲဒီ့ကာလတွေအတွင်း ခေါင်းစဉ်အမျိုးမျိုးနဲ့လှုပ်ရှားနေတဲ့ ၈၈မျိုးဆက်ကျောင်း သားလှုပ်ရှားမှုတွေမှာ မနားတမ်းပါဝင်ခဲ့တယ်။NLDနဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကြီးမှူးကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတိုင်းကိုလည်း မပျက်မကွက်
တက်ရောက်ခဲ့တယ်။ သူ့ကြောင့် အဲဒီ့ကာလက လူမှုရေး၊ နိုင်ငံရေးအခမ်းအနားတွေ ပိုမိုလှုပ်ရှားသက်ဝင်ခဲ့တယ်။ လူကနုနု၊ ရောဂါသယ်ဆိုတော့ စုစုနွေး မကြာခန
နေမကောင်းဖြစ်တယ်။ နေမကောင်းတဲ့ကြားထဲကပဲ နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ အဆက်မပြတ်ပါဝင်လှုပ်ရှားခဲ့တယ်။ တစ်ခါကဆိုရင် နေကမကောင်း၊ အားကလည်းနည်း။ မူးမေ့လဲကျ မတတ်ဖြစ်နေတာကိုတောင် အနားမယူခဲ့ဘူး။ သူ့ရဲ့ ဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းက ဆူဆူပူပူနဲ့ တိုက်တွန်းတော့မှပဲ
 ဆေးရုံတက်ဖြစ်ခဲ့ရတယ်။ အဖမ်းဆီးခံထားရတဲ့၈၈မျိုးဆက်
ကျောင်းသားခေါင်း ဆောင်(၅)ယောက် ပြန်လွတ်လာတော့လည်း၊ ရန်ကင်းအခန်းမှာ ညအိပ်ညနေ မနေပေးတော့တာက လွဲရင်၊ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အရင်လိုပဲ ဆက်လက်ပူးပေါင်း ပါဝင်ပေးခဲ့တယ်။ ကျနော်ကလည်း သူ့ရဲ့ကိုယ်ရံတော်တပ်မှူးတစ်ယောက်အနေနဲ့ ဆက်လက်တာဝန် ယူခဲ့တယ်။ ၂၀၀၇ခုနှစ်၊သြဂုတ်လနှောင်းပိုင်း၊ ကျနော်တို့ ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်(၁၃) ဦး အဖမ်းခံရတဲ့ညမှာဆို၊ သူပါရောပြီး အဖမ်းခံပါ့မယ်ဆိုလို့ ကျနော့်မှာ မနည်းကိုချော့မော့ဖျောင်းဖျ ထားခဲ့ရတယ်။ စစ်အစိုးရက တိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးလို့ဆိုပြီး ကျနော်တို့ကို ကြိုဖမ်းခဲ့တာ။ တကယ်တမ်းကျတော့ ကျနော်တို့ကို ဖမ်းတော့မှပဲ လူထုကြားထဲမှာ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပေါ်လာ ရတာ။ အပြင်မှာ အဖမ်းမခံရဘဲ ကျန်နေရစ်တဲ့သူတွေကလည်း ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုတိုက်ပွဲဝင်ကြတယ်။ အဲဒီ့သတင်းတွေကိုလည်း ကျနော်တို့တတွေ ကြားသိ နေရတယ်။
စုစုနွေးအပါအဝင်၊မဖြူဖြူသင်းနဲ့ နီလာသိန်းတို့ကို ဖမ်းဝရမ်းတောင် ထုတ်တဲ့အကြောင်း တွေလည်း ကြားသိရတယ်။ လှည်းတန်းနားမှာ စုစုနွေးကို ကိုယ့်အင်အားစုတွေနဲ့ အာဏာပိုင်ဘက် သားတွေ ဝိုင်းလုဆွဲလွဲကြတဲ့
အကြောင်းလည်း ကြားသိရတယ်။ ကိုယ့်အင်အားစုတွေက အသာရလို့ အဲဒီ့တုန်းက စုစုနွေး အဖမ်းမခံလိုက်ရပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလထဲရောက်တော့ စုစုနွေးတစ်ယောက် အာဏာပိုင်တွေရဲ့ မလှိမ့်တစ်ပါတ်နဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ခနခေါ်ထားတာပါဆိုပြီး ထောင်ထဲမထည့်ဘဲ ဗဟန်းမြို့နယ်ထဲက တစ်နေရာမှာထားတယ်။ လူ့အခွင့်အရေးအခြေအနေ လာရောက်လေ့လာတဲ့ 'မစ္စတာပီနဲရိုး' လာတော့ အင်းစိန်ထောင်ဧည့်ခန်းမှာ မစုနွေးသွားတွေ့ရတယ်။ 'မစ္စတာပီနဲရိုး' ပြန်သွားလို့မကြာပါဘူး။ မစုစုနွေးကို အင်းစိန်ထောင်ထဲထည့်တယ်။
 ဒေါ်အောင်ဆန်း စုကြည်အတွက် ဆောက်ထားတယ်ဆိုတဲ့ တိုက်အိမ်လေးမှာ တစ်ယောက်တည်းထားတယ်။ ထောင်ထဲ မှာ သူဒေါသတွေ မကြာခနပေါက်ကွဲ
နေတယ်ဆိုတာလည်း ကြားသိနေရတယ်။ အဓိကက တော့ သူ့ကို မလှိမ့်တစ် ပါတ်နဲ့ ထောင်ထဲထည့်တာကို သူလုံးဝမကျေနပ်တာ။ ဒီလိုနဲ့၊ ကျန်ာတို့တတွေ အမိန့်မကျ ခင်မှာပဲ သူကအရင် ထောင်ကျသွားတယ်။ အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်တဲ့။ ကျနော်တို့တတွေ အမိန့်ကျအပြီးမှာတော့ သူ့ကိုထောင်ပြောင်းပို့လိုက်တယ်။ ကလေးထောင်။ နောက်ပိုင်းမှာ ကလေး ထောင်ကနေ ခန္တီးထောင်ကိုပြောင်းရွှေ့ရတယ်လို့လည်းကြားတယ်။ ၂၀၁၁ခုနှစ်၊အောက်တိုဘာလထဲ မှာတော့ ပြောင်းလဲလာတဲ့
 နိုင်ငံရေးအခြေအနေတွေအရ မစုစုနွေး ထောင်ကပြန်လည်လွတ်မြောက်ခဲ့ ပါတယ်။ ။

 ဇူလိုင်လ(၂၇)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ … … 

ကိုမာကီ(၈၈မျိုးဆက်)

GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ

၂၆.၇.၂၀၁၃၊သောကြာနေ့

သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

ပါမောက္ခချုပ် ဆရာမကြီးသည် ခန်းမအတွင်း ကျောင်းသားတချို့ခေါ်ယူကာ နှစ်ဖက်မိဘများနှင့် ကာယကံရှင်နှစ်ဦးရှေ့တွင် ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက် တာဖြင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်ကို ကျောင်းသားအားလုံး နမူနာယူရန် ပြောကြားခဲ့ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက် မိဘများအပေါ် သိက္ခာကျစေခဲ့သည့်အတွက် နုတ်ထွက်ခိုင်းထား ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်ရပ်များအပေါ် အတည်ပြုချက်ရရှိစေရန် သန်လျင်နည်းပညာ တက္ကသိုလ်သို့ သွားရောက် မေးမြန်းခဲ့ရာ ပါမောက္ခချုပ်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အတည်ပြုပြန်လည်ဖြေကြားမှုများကိုလည်း ကျောင်းတွင်းရှိ ဆရာ/ဆရာမ များက ပြန်လည် ငြင်းပယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTC ကျောင်းအပေါ် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း၊ ယခုကြားသိရသည့် ဖြစ်စဉ်များသည် မှန်ကန် ကြောင်း၊ ၎င်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ တစ်ဦးက ထိုကဲ့သို့ ပြောပြ ခဲ့ကြောင်း စသည်ဖြင့် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေ ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒီ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားလိုက်နာသင့်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီဟာတစ်ခုတည်း ပေါ်ပေါ်တင်တင်ကြီး ထွက်ပေါ်လာခဲ့တာ၊ အဲဒီလိုဖြစ်နေခဲ့တာ ဘယ်လောက်ဖြစ်နေကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ကျွန်တော်တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားဖို့ လိုအပ်တယ်””ဟု တက္ကသိုလ်များ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာမကြီးနုတ်ထွက်ခြင်း သတင်းသည် မှန်ကန်ကြောင်း၊ သို့သော် ပရိုဂျက်တာဖြင့် ပြသခြင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း စသည်ဖြင့် GTC ကျောင်းသားတချို့နှင့် ဆရာများ က ပြောကြားခဲ့သည်။

အင်တာနက်စာမျက်နှာတစ်ချို့နှင့် facebook စာမျက်နှာများပေါ်တွင် သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းခန်းမဆောင်အတွင်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့၏ မဖွယ်မရာ ရုပ်သံဖိုင်များပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်အတူ နောက်ဆက်တွဲသတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခု GTC ကျောင်းသား/သူ နှစ်ဦး၏ ဖြစ်ရပ်အပါအ၀င် အင်တာနက် တွင်ဖြန့်ဝေခဲ့သော နာမည်ကြီးအနုပညာရှင်များ၏ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်များကို ဖြန့်ဝေသူတို့အား သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များရှိသော်လည်း ယင်းဥပဒေများအတိုင်း ဖော်ထုတ်အရေးယူမှုမရှိဘဲ ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော်အပေါ် အင်တာနက်မှတစ်ဆင့် ဝေဖန်သူကိုမူ အားသွန်ခွန်စိုက် ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း တို့သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသူများအား ဖော်ထုတ်အရေးယူမှု မပြုလုပ်ခြင်းသည် မြန်မာအမျိုးသမီးများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေကြောင်း ကို မြန်မာ့လူ့အဖွဲ့ အစည်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မီဒီယာအသိုင်း အ၀ိုင်းတို့က မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မေးခွန်းထုတ်မှုများနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ဗီဒီယို၊ ဓာတ်ပုံတို့ကို အင်တာနက်တွင် ဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးဖော်ထုတ်ရန် တာဝန်ရှိ အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းရရှိမှု မရှိသေးပေ။

မြန်မာသံတော်ဆင့်

ဘတ်စ်ကားစီးတိုင်း ကျွန်တော် လူကြီးဖြစ်ချင်တယ်

The Voice Weekly

ရဲကြီး (ယက္ခ)

ဘတ်စ်ကားစီးတိုင်း ကျွန်တော်လူကြီး ဖြစ်ချင်တယ်။ စိတ်ဓာတ်ခွန်အား ရင့်ကျက်သန်မာပြီးသား အရွယ်ရောက်ပြီးတဲ့ လူကြီးလည်း ဖြစ်ချင်တယ်။ မကောင်းတာတွေကို မြန်မြန်နိဂုံးချုပ်ပေးပြီး ကောင်းရာမွန်ရာတွေကို မြန်မြန်ပြောင်းလဲ ဖော်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးရှိတဲ့ လူကြီးမျိုးလည်း ဖြစ်ချင်တယ်။

မျိုးဆက်သစ် လူငယ်များအတွက် ယဉ်ကျေးမှုနဲ့ပညာ ဖြန့်ဝေပေးရာနေရာက စာသင်ကျောင်းနဲ့ တက္ကသိုလ်ဆိုရင် ဆုတ်ယုတ်တဲ့ စိတ်ဓာတ်နဲ့ ရိုင်းစိုင်းအကျည်းတန်တဲ့ စိတ်ထားတွေကို ဖြန့်ဝေပို့ချပေးတဲ့နေရာက ဘတ်စ်ကားလို့ ကျွန်တော်ထင်တာပဲ။ အိမ်ထဲမှာပဲ အမြဲနေရတဲ့ကလေးနဲ့ နေ့တိုင်းဘတ်စ်ကားစီးရတဲ့ ကလေးယှဉ်ရင် ဘတ်စ်ကား စီးနေကျကလေးက စိတ်ထားသေးသိမ် ဆုတ်ယုတ်လာစရာ ရှိပါတယ်။ သုညကနေအနုတ်ကို ရောက်သွားတာမျိုးပေါ့ဗျာ။

စဉ်းစားကြည့်ပါ။ ပုံမှန်မိရိုးဖလာ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သား သို့မဟုတ် သမီးကလေးဟာ လူလူချင်း ဖြတ်ကျော်ခွလှီး အသာစီးရလိုမှုတွေ မွေးရာပါတော့ ပါလာမယ်မဟုတ်ဘူး။ ဘတ်စ်ကားကိုသာ စွဲစွဲမြဲမြဲ စီးလာရပြီဆိုရင်တော့ အဆိုပါစိတ်ထားတွေကို အဆစ်လက်ဆောင်အဖြစ် အလိုလို ရရှိလာမှာပါပဲ။ တစ်ကြိမ်၊ နှစ်ကြိမ်မှသည် ကြိမ်ဖန်များစွာ ဖြစ်လာတဲ့အခါ အမှားဟာ အမှန်ဖြစ်လာတတ်တာ သဘာဝပဲ မဟုတ်လား။ ငယ်ရွယ်သူတွေအတွက် အတုခိုးဖို့ပိုလွယ်၊ စီးကူးဖို့ ပိုလွယ်တဲ့အတွက် ကလေးများအဖို့ ပိုအန္တရာယ်များပါတယ်။

သက်ကြီးရွယ်အို၊ ရဟန်းသံဃာ၊ ကိုယ်ဝန်ဆောင်နဲ့ မစွမ်းမသန်သူတွေကို နေရာဖယ်ပေးသူတစ်ဦး တွေ့ဖူးတိုင်း မသိဟန်ဆောင်ပြီး မျက်နှာလွှဲနေတတ်သူ ငါးဦး၊ ခြောက်ဦး အမြဲတွေ့ရမှာပါ။ သံဃာခုံမှာ ဝင်လုထိုင်တတ်တဲ့သူမျိုး၊ သံဃာက ဘေးမှာရပ်နေတာတောင် စပယ်ယာ မအော်မချင်း မထတဲ့သူမျိုးကိုလည်း မကြာခဏဆိုသလို တွေ့ရနိုင်ပါတယ်။

ထိုင်ခုံလုတယ်ဆိုတာ ပုံမှန်လုပ်ရပ်တစ်ခု။ သိက္ခာတွေ၊ လူကြီးလူကောင်းဆန်မှုတွေနဲ့ မဆိုင်ဘူး။ ဘတ်စ်ကားစီးရင် ခုံလုရမှာပဲ။ ခုံဦးရမှာပဲ။ ထမယ်၊ ဆင်းမယ် ထင်ရတဲ့ ထိုင်ခုံဘေးမှာ ကြိုရပ်ဖို့တောင် ဦးကြရဦးမှာ။ ကိုယ်ရပ်နေတဲ့ ထိုင်ခုံကို ဘေးလူတိုးပြီး လုမယူနိုင်အောင် ကာကွယ်ရဦးမှာ။ ကိုယ်ရပ်နေတဲ့ ထိုင်ခုံကခရီးသည်ထရင် သူ့နေရာကို အရင်ဆုံး အမြန်ဆုံး ဝင်ထိုင်နိုင်ဖို့ ကြိုးစားရဦးမှာ။ တခြားလူတွေက သူတို့ကိစ္စ။ အဖြူခံပေါ်မှာ ဆိုးပေးမယ့် ဆေးတွေ။

ဘတ်စ်ကားဆိုတာ သမီးရည်းစားအတွဲတွေ ပွတ်သီးပွတ်သပ်နဲ့ ချစ်ကြင်ယုယမှုတွေ အများသူငါရှေ့မှာ ဖွင့်ချပြီး သက်သေပြဖို့ နေရာကောင်းတစ်ခု ဖြစ်ပါသေးတယ်။ မျက်နှာလွှဲလိုက လွှဲနိုင်ပါတယ်။ မလွှဲလိုကလည်း သဘောပါပဲ။ ကိုယ့်ကလေးကိုတော့ အာရုံလွှဲထားပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

တစ်နေ့တာ ဘတ်စ်ကားစီးတဲ့အချိန်မှာ ဆဲသံတစ်ချက် မကြားရဘူးဆိုရင်တော့ ကိုယ့်ပေါင်ကိုယ် ဆိတ်ကြည့်ဖို့ လိုပါပြီ။ ဘေးမှာထိုင်နေတဲ့ ကိုယ်တော်တွေ၊ ပြည့်ကျပ်နေတဲ့ ကျားမရွယ်အို၊ သားသည်အမေ ဘယ်သူပဲ ရှိရှိ သူ့ကားပေါ်ရောက်လာသူ သူ့ဆဲသံ နာခံရမယ်ဆိုတဲ့ ဒရိုင်ဘာများက ဆဲနည်းပေါင်းစုံ၊ ဆဲပုံပေါင်းစုံကို ဌာန်ကရိုဏ်းကျကျဖြစ်အောင် သင်ပေးပါလိမ့်မယ်။ ငါနဲ့မတူ ရန်သူ၊ ငါသာအမြဲမှန် ကျန်သူအမြဲမှား၊ ထိတွေ့ ပွတ်တိုက်မှုတိုင်းမှာ ငါကအသာရအောင် ကြိုပြီးနင်းထားမှ ဆိုတဲ့ အိုင်ဒီယော်လော်ဂျီတွေပါ သွတ်သွင်းပေးကြပါ လိမ့်ဦးမယ်။ အနည်းဆုံးတော့ အလိုမကျမှုနဲ့ တွေ့တဲ့အခါ လိုဏ်သံပါပါနဲ့ ခပ်ပြင်းပြင်း တက်ခေါက်သံမျိုးကို အလိုလို တတ်မြောက်လာနိုင်ပါတယ်။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကို ဗဟိုပြုပြီး ထွက်ပေါ်လာတဲ့ ခေတ်ကာလ ဘန်းစကားများလည်း ကြွယ်ဝလာနိုင်ပါတယ်။

ဒီနယ်ပယ်တစ်ခုလုံးရဲ့ ဟီးရိုးကြီးအဖြစ် ကလေးတိုင်း အားကျငေးမောရမယ့်သူ ကတော့ စပယ်ယာပါပဲ။ အပေါ်ပိုင်း ဗလာကျင်းနဲ့ ချွေးတရွှဲရွှဲဆိုတာ လူပုံအလယ်မှာ နေချင်သလို နေနိုင်ပါရောလား ခင်ဗျာ။ မထိစပ်လိုသူက ရှောင်ရှားရပါလိမ့်မယ်။ ပါးစပ်က ပြောချင်တာပြောပိုင်ခွင့် ရှိပါသေးဗျာ။ ‘အခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်’ ဆိုတာမျိုးကို ဟန်အပြည့် မာန်အပြည့်နဲ့ ရွတ်ပြလိုက်တာများ အားကျစရာကြီး ပေပေါ့။ ဘယ်သူကမှ ပြန်မပြောရဲ၊ ဘယ်သူကမှ မဝေဖန် မထောက်ပြရဲ၊ တကယ့်လူစွမ်းကောင်းကြီး ပါခင်ဗျာ။ မိန်းကလေး ငယ်ငယ်များဆို လက်မောင်းသားလောက် ကိုတော့ အလိုအလျောက် ကိုင်ခွင့် ရထားပြီးသား သူမျက်စိကျရင်ကျသလို ခါးကလေး၊ တင်ကလေး တွန်းတင်ပေးနိုင်ပါ သေးဗျာ။ လူပျိုပေါက်ကလေးများ ညဘက်အိပ်မက်ထဲ စပယ်ယာဘဝ ခဏခဏ မက်ကြလိမ့်မလား ထင်မိပါသေးရဲ့။

ဝင်ဆိုဝင်၊ ထွက်ဆိုထွက်၊ ပေးဆိုပေး၊ ယူဆိုယူ။ မကြည်မသာ ဟန်ပြရင် လူပုံအလယ် အရှက်ခွဲမယ့် စကားလုံးများ အလွန်လှပပါရဲ့။ စိတ်ဆတ်တဲ့ စပယ်ယာနဲ့တွေ့ရင် ‘ဆရာရေ ဟိုးထား’ ဆိုတဲ့ပြီး ကားကြီးကို ဒက်စတော့အုပ်လို့ တံခါးဝလက်ညှိုးညွှန် ဆင်းခိုင်းနိုင်ပါသေးရဲ့။ အဘိုးအို၊ အမယ်အို အကဲပိုလို့တော့ဖြင့် ခပ်ဆတ်ဆတ်လေး ဆွဲချခံရဦးမှာပါ။ အောက်ရောက်လို့ လဲလဲကွဲကွဲ ကားကြီးကတော့ ‘ဆွဲဆရာရေ’ ဆိုပြီးထားခဲ့မှာပဲ။

တိုင်မယ်ဆိုရင်တော့လည်း ရကောင်းရနိုင်ပါတယ်။ သတိထားရန် ကတော့ တိုင်မယ့်လူဟာ သိုသိုသိပ်သိပ် လုပ်ဖို့ပါပဲ။ မဟုတ်ရင် အုပ်စုနဲ့ဖြစ်စေ၊ နှစ်ယောက်သုံးယောက်ဖြစ်စေ ဝိုင်းရိုက်ခံရနိုင်တာမျိုး ကြားဖူးနားဝတော့ ရှိထားသင့်ပါတယ်။

ပြန်ပြင်ထားတဲ့ ခုံတွေဟာ တရားဝင် ဖြစ်ပါတယ်။ မဆီလျော်လျှင်လည်း ဒါဟာ တရားဝင်ပါပဲ။ သုံးယောက်စီးရမယ် ဆိုလျှင် သုံးယောက် စီးရမှာပါပဲ။ ကျပ်တယ်၊ မြင့်တယ်၊ သေးတယ် ပြောခွင့်မရှိစေရ။ တပ်ဆင်သူ၊ စိစစ်သူများဆိုတာ ကားပိုင်ရှင်တစ်ဦးရဲ့ မျက်နှာသာ ကြည့်ဖို့လိုပြီး စားသုံးသူ လူများစုမျက်နှာကို ကြည့်ရန်မလိုဘူး ပေါ့ဗျာ။ ဘယ်သူသေသေ ငတေမာ မဟုတ်သော်လည်း ဘယ်သူကျပ်ကျပ် ငတေမြတ်ရင် ပြီးစတမ်းပေါ့ ခင်ဗျာ။
အဆိုးဆုံးထဲက တစ်ခုကတော့ လူပိုမတင်ရ၊ ဆေးလိပ်မသောက်ရ၊ ယာဉ်မောင်း ယာဉ်နောက်လိုက် လိုက်နာရန်များ၊ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ၊ ကျေနပ်မှုမရှိက တိုင်ကြားရန်စတဲ့ ကားနံရံပေါ်က စာသားများပါပဲ။ ဒီစာတွေဟာ တရားဝင်တဲ့စည်းကမ်း ဖြစ်ပေမယ့် ဘတ်စ်ကား စီးနေကျလူများရဲ့ စိတ်ထဲမှာတော့ အလှမဟုတ်ရင် မျက်စိရှုပ်စရာ စာသားတွေထက် မပိုပါဘူး။ ငယ်ရွယ်သူများရဲ့ စိတ်ထဲမယ် ငါတို့တိုင်းပြည်က ဒီလိုပါပဲ၊ ရေးထားတာ ရေးထားတာပဲ။ လက်တွေ့က လက်တွေ့ပဲဆိုတဲ့ အတွေးမျိုး လွယ်လွယ်လေး အမြစ်တွယ်အောင် လုပ်ပေးလိုက်သလိုပါပဲ။ မလုပ်နိုင်ရင်လည်း ဖြုတ်ထားလိုက်တာ ပိုမကောင်းပါလားဗျာ။ အနုတ်ထက်စာရင် သုညက ပိုကောင်းမယ်လေ။

ကားမှန်ပေါက်ကို လက်ထောက်ပြီး ငေးမယ်ဆိုရင် လမ်းဘေးက လူတွေ ရွှံ့ဗွက်ပေစင်ကုန်တာ ကြည့်ပြီး နှလုံးသားတွေ မာကျောလာနိုင်ပါတယ်။ လမ်းပြောင်းပြန် မောင်းခွင့်၊ အလယ်လမ်း (Middle Lane) မှာ ရပ်ခွင့်၊ ကားသေးလေးများကို ဖိလို့ ပွတ်လို့ ကြီးနိုင်ငယ်ညှဉ်း လုပ်ခွင့်တွေကို ထပ်တွေ့နိုင် ပါသေးတယ်။ ထိုအခွင့်အရေးတွေကို ဝယ်တဲ့ ငွေစက္ကူလုံးကလေးများနဲ့ ယာဉ်ထိန်းရဲကြီးကို လှမ်းလှမ်းပေါက်တာမျိုး အမြဲတွေ့နေရတဲ့ အဇ္ဈတ္တတွေဟာ ဘယ်လိုအရောင်မျိုး ဖြစ်လာနိုင်မှာလဲလို့ဗျာ။

‘ဆေးလိပ်မသောက်ရ’ ဆိုတဲ့ အနီရောင်စာတန်းကြီး အောက်က စီးကရက်ဖွာနေတဲ့ ဒရိုင်ဘာ။ လူတက်လူဆင်း တံခါးဝမှာ စီးကရက်ငွေ့တွေ မှုတ်ထုတ်နေတဲ့ စပယ်ယာ။ နိစ္စဓူဝ ဆိုးရွားတဲ့ ဒီလိုပြယုဂ်တွေဟာ တစ်စုံတစ်ရာကို စိတ်ပါလက်ပါ ရိနေထေ့နေသလား လို့တောင် ထင်မိပါရဲ့။

ရန်ကုန်မြို့ကြီး ဆိုတာက တစ်နိုင်ငံလုံးရဲ့ မြို့တော်ကြီးတစ်ခု မဟုတ်လား။ တိုင်းသူပြည်သားဆိုတာ တစ်ခုခုအရေးရှိရင် မြို့တော်ကို ချီတက်ကြရတာ မျိုးကို။ မြို့တော်မှာ ဘတ်စ်ကား စီးရမှာပေါ့ဗျာ။ ဘတ်စ်ကားပေါ်ရောက်တဲ့ အချိန်မှာပဲ ငါတို့တိုင်းပြည်က ဒါပါလားဆိုတာ သိခွင့်ရသွားတော့တာ ပါပဲ။ ငါတို့တိုင်းပြည်မှာ ဒီလိုနေလို့၊ ဒီလိုလုပ်လို့ ရပါလားပေါ့ခင်ဗျာ။ ရိုးသားတဲ့ နယ်သူနယ်သားများအတွက် မဟာရန်ကုန်မြို့တော်ကြီးရဲ့ လက်ဆောင်မွန်ပါပဲ။ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ဖူးတဲ့ အညာသားကြီး တစ်ဦးက သူ့ကလေးငယ်ကို အသာဖက်ပြီး မျက်နှာကို သူ့လုံချည်ထဲ ထည့်ထား၊ နားကိုလက်ဝါးနဲ့ ကာထားပေးတာကို မျက်စိထဲက မထွက်နိုင်အောင် အမြဲပဲရှိနေပါတော့တယ်။

ကျွန်တော်တို့တိုင်းပြည်က ကမ္ဘာပေါ်မှာ တီဘီရောဂါ ကူးစက်နှုန်းရော၊ ဖြစ်ပွားနှုန်းရော အလွန်မြင့်မားတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆရာဝန်များရဲ့အဆိုအရ မြန်မာပြည်သားတိုင်းဟာ တီဘီရောဂါပိုးနဲ့ ထိတွေ့ ပြီးသားပါတဲ့။ တစ်ခါထိတွေ့ရုံနဲ့ ကူးချင်မှကူးမှာ ဖြစ်ပေမယ့် လူပေါင်းများစွာ ကျပ်ညပ်ပြီး ပြင်ပလေရှူခွင့် မရနိုင်တဲ့ ဘတ်စ်ကားထဲမှာ နေ့စဉ်ထိတွေ့ရသူများ အဖို့တော့ ရောဂါကူးစက်မှု အလွယ်တကူပဲ ဖြစ်စေနိုင်ပါတယ်။

နိုင်ငံခြားသား ပညာရှင်တစ်ဦး အဆိုအရ မြန်မာနိုင်ငံရဲ့ တီဘီကူးစက်မှု နည်းလမ်းတွေထဲမှာ မြို့ပတ်ရထားနဲ့ ဘတ်စ်ကားဟာ အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။ ပိတ်သင့်တဲ့အထဲမယ် မျက်စိနဲ့ နားအပြင် နှာခေါင်းပါ ပါလာပါတော့တယ်။

တခြားတစ်ခုက ဘတ်စ်ကားဆိုတာ တစ်ခါတစ်ရံနဲ့ ခဏတာ စီးရတာမျိုး မဟုတ်ပေပဲကိုဗျာ။ အခုများဆို ပိုလို့တောင် ကြာပါသေးရဲ့။ မနက် အလုပ်ဆင်း၊ ညအလုပ်ပြန် တစ်ရက်ကို ဘတ်စ်ကားပေါ်မှာ နှစ်နာရီ သုံးနာရီ အချိန်ကုန်နေရသူတွေ များစွာပါ။ အများအားဖြင့်လည်း ကားပေါ်မှာ အားနေတတ်ကြပါသေးတယ်။ ရင့်ကျက်ပြီးသူတွေအတွက် တရားမှတ်နေလို့ ရပေမယ့် ငယ်ရွယ်သူများအဖို့တော့ အလွယ်တကူ စီးကူးစေဖို့ကောင်းတဲ့ အားလပ်ချိန်တွေပါပဲ။ အကောင်းအဆိုး အားလုံးကို စုပ်ယူသိမ်းဆည်း ထားလိုက်မယ့် ဦးနှောက်ငယ်ငယ်တွေကို မြင်ကြည့်လိုက်ပါ။

အပျိုမလေးရဲ့နောက်ပိုင်းကို အတင်းတိုးဖိကပ်နေတဲ့ ပြုံးစိစိလူကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပြတင်းပေါက်ကနေ ဆတ်ခနဲထွက်ပြီး ခပ်ဝေးဝေးကို အားနဲ့ထွေးလိုက်တဲ့ စပယ်ယာရဲ့ ကွမ်းတံတွေးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ကားဟွန်းကို လက်နှစ်ဖက် စုံထောက်ပြီး တစ်စုံတစ်ရာကို အားမာန်အပြည့်နဲ့ ဆဲရေးလိုက်တဲ့ ဒရိုင်ဘာကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နားထဲမှာ သီချင်းနားကြပ် တပ်ထားတဲ့ ကျောပိုးအိတ်နဲ့ ကောင်လေးက လွတ်သွားတဲ့နေရာကို တိုးဝင်အထိုင်မှာ ယိုင်သွားလို့ ထိုင်ခုံကို ဖမ်းဆွဲလိုက်ရတဲ့ အဘွားအိုကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ စပယ်ယာကြီးရဲ့ လက်နဲ့အပြိုင် ပြန်ထောင်ပြတဲ့ ယာဉ်ထိန်းရဲကြီးရဲ့ လက်ချောင်းတွေကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပိုက်ဆံမပေးရသေးဘဲ စပယ်ယာကို ခပ်တည်တည် ပြန်ကြည့်နေတဲ့ ခရီးသည်ကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ပါးချင်းအပ်နေတဲ့ စုံတွဲကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နံရံပေါ်က စာတန်းတွေကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ ဒရိုင်ဘာကြီးဆီကို ကွမ်းယာထုပ်လာပေးတဲ့ ကွမ်းယာသည်မလေးရဲ့ မချိုမချဉ် မျက်နှာကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ အကြွေစက္ကူတွေကို ခါးပုံထဲ ထိုးလိပ်လိုက်ပြီးတဲ့နောက် တက်လာတဲ့ ခရီးသည်တွေအတွက် အကြွေပြန် မအမ်းနိုင်တော့တဲ့ စပယ်ယာကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ၊ နေ့တိုင်းပုံမှန်ရွတ်နေကျ စကားလုံးတွေကို နေ့တိုင်းပုံမှန် ရွတ်နေကျ သံစဉ်၊ မျက်နှာပေးနဲ့ ရွတ်ရင်း ကားဘေး ရောက်ရောက်လာတဲ့ ခြေကောင်းလက်ကောင်း သူဖုန်းစားကြီးကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေ။

အားလုံးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။ အဲဒီမျက်လုံးကတစ်ဆင့် ဖော်ဆောင်လာမယ့် နှလုံးသားပိုင်ရှင်တွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေကို ဖြစ်နိုင်ရင် ဘတ်စ်ကား မစီးစေချင်ဘူးဗျာ။ မဖြစ်နိုင်ရင်လည်း ဒီလိုမဟုတ်တဲ့ ဘတ်စ်ကားတွေပဲ စီးစေချင်တယ်။ ဘတ်စ်ကားစီးတိုင်း ကျွန်တော်ကတော့ လူကြီးဖြစ်ချင်တယ်။ စိတ်ဓာတ်ခွန်အား ရင့်ကျက်သန်မာပြီးသား အရွယ်ရောက်ပြီးတဲ့ လူကြီးလည်း ဖြစ်ချင်တယ်။ မကောင်းတာတွေကို မြန်မြန်နိဂုံးချုပ်ပေးနိုင်ပြီး ကောင်းရာမွန်ရာတွေကို မြန်မြန်ပြောင်းလဲ ဖော်ဆောင်ပေးနိုင်တဲ့ လူကြီးမျိုးလည်း ဖြစ်ချင်ပါတယ်။ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းစာချုပ် ပြင်ဆင်ချုပ်ဆို

 Thursday, 25 July 2013 03:07

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းစာချုပ်အား ဇူလိုင် ၂၄ ရက်က  သတ္တုတွင်း ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ပြင်ဆင်ချုပ်ဆိုခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wabbao Mining Ltd တို့၏ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ချုပ်ဆိုခဲ့သော စာချုပ်အပေါ် ပြင်ဆင်ချက် စာချုပ်အဖြစ် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wabbao Mining Ltd တို့သည် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၊ ပညာရှင်များ၊ သတ္တုတွင်း ၀န်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဘဏ္ဍာရေး ၀န်ကြီးဌာနတို့၏ အကြံပြုချက်များ ရယူကာ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်အရ ယခုစာချုပ်ကို ပြင်ဆင်ချုပ်ဆို နိုင်ခဲ့ကြောင်း သိရသည်။

သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က "စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်နှင့် အကြံပြုချက်များအရ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ် မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာရရှိစေရန် အစီအမံများ ချမှတ်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းသည်သာ အသင့်လျော်ဆုံးလို့ ကော်မရှင်က အကြံပြုခဲ့ပါတယ်" ဟု ပြောကြားသည်။

ပြင်ဆင်ချက် စာချုပ်အရ ရရှိလာမည့် အကျိုးအမြတ်များသည် နိုင်ငံတော်မှ ဓာတ်သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်နှင့် ခွဲဝေမှု အချိုးအပါအ၀င် ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wabbao Mining Ltd တို့မှ ၄၉ ရာခိုင်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိမှာဖြစ်ပြီး ၎င်းအပြင် လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး အဖွဲ့အစည်း၏ လူမှုရေး တာဝန်ယူမှု Corporate Social Responsibility- CSR လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြေးနီထုတ်လုပ်မှု လုပ်ငန်းများ အပြည့်အ၀ မဆောင်ရွက်မီ ကာလများအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းခန့်အား လည်းကောင်း၊ လုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်သည့် ကာလအတွင်း စာချုပ်ဝင်များ၏ အသားတင် အမြတ်၏ နှစ်ရာခိုင်နှုန်းအား လည်းကောင်း ထည့်ဝင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြင်ဆင်ချက် စာချုပ်ချုပ်ဆိုရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အကြံပြုချက် အချက်ခြောက်ချက်ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သော လုပ်ငန်းစာချုပ်အား ပြင်ဆင်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

http://news-eleven.com

ဘဏ်ငွေအပ်သူ ပြည်သူများအခြေအနေ

ဘဏ်ငွေအပ်သူ ပြည်သူများထဲမှ ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူမှာ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း အပ်ငွေစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီးပါးဖြစ်သော ကျပ်ဘီလျံ ၄၆၂၀ ကျော်မှာ အဆိုပါ လူနည်းစုမှသာ အပ်ထားနိုင်ခြင်းဖြစ်

Thursday, 25 July 2013 02:07

ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဘဏ်စာရင်း ဖွင့်လှစ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)

မြန်မာနိုင်ငံတွင် ဘဏ်ငွေအပ်နှံသူများထဲတွင် ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ စုစုပေါင်းဦးရေ၏ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော် ချေးငွေရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ စာရင်းများအရ ဘဏ်များတွင် ငွေအပ်ထားသည့် ပမာဏအလိုက် အချိုးအစား တွက်ကြည့်ပါက ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြား ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျပ်သိန်း ၁၀၀၀ အထက် ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတွက် ပြည်သူများထဲ၌ ကျပ်သိန်း ၅၀၀ အထက် အပ်နှံနိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ နှင့်အထက် အပ်နှံနိုင်သူမှာ လူနည်းစုသာ ရှိနေသော်လည်း အပ်နှံထားသည့် ငွေပမာဏမှာမူ ကျပ်ဘီလျံပေါင်း ၄၆၂၀ ကျော်အထိ ရှိကြောင်း၊ တစ်ရာခိုင်နှုန်းပင် မပြည့်သည့် လူနည်းစု အပ်နှံနိုင်သည့် ငွေပမာဏမှာမူ စုစုပေါင်း အပ်နှံထားသည့် ပမာဏ၏ ၅၆ ရာခိုင်နှုန်း နီးပါးအထိပင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သုညကျပ်မှ ကျပ်တစ်သိန်းကြား အပ်နှံနိုင်သည့် ပမာဏမှာ စုစုပေါင်း အပ်နှံသူ ပမာဏ၏ ၆၅ ဒသမ ၄၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျပ်တစ်သိန်းမှာ ငါးသိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း အပ်နှံသူ၏ ၁၂ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ်ငါးသိန်းမှ ၁၀ သိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၅ ဒသမ ၃၂ ရာခိုင်နှုန်း ရှိကြောင်း၊ ကျပ် ၁၀ သိန်းမှ သိန်း ၅၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ် ၅၀ သိန်းမှ သိန်း ၁၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ သုံးရာခိုင်နှုန်းရှိကြောင်း၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့အတွက် သုညကျပ်မှ ကျပ်သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်းပမာဏ၏ ၉၉ ဒ သမ ၀၃ ရာခိုင်နှုန်း အထိပင် ရှိနေကြောင်း သိရသည်။
http://news-eleven.com/local/21458

မျိုးစောင့်ဥပဒေသမ္မတကြီးလက်ခံပြီလား

ဒီစကား

ကရင့်ကိုယ်စားလှယ်အဖွဲ့ပြဿနာ

အဖြူရောင်ကဒ်နဲ့  -ကျုပ်တို့ အရပ် -သွေးဆူအောင်- ဇါတ်ကခဲ့တယ်

ပြောရရင်တော့ အောင်မင်းလွန်ရာ ကျမယ်လို့ ပြောတတ်ကြတယ် ။ ခုတော့ အောင်မင်းလွန်ချင်မှလွန်မယ် ။ ကျုပ်ကတော့ လွန်မှန်း သိပေမဲ့  မလွန်ဘူးထင်လို့  ပြောရတော့တာပါဘဲ ။ ကတယ်တော့ ကျုပ်ဆိုတဲ့  အကောင်ကလဲ တယ်မပြောချင်ဘူးဗျ ။ ခက်တာက မဟုတ်တာမြင်ရင် မနေနိုင်လို့ ဝင်ဝင် ပြောနေရတော့လဲ လူမုန်းသာအဖတ်တင်မယ် ထင်ပါ့ ။ မတတ်နိုင်တော့ဘူးလေ ။ ဒါက ကျုပ်တစ်သက်လုံး လုပ်လာခဲ့ တဲ့  နိုင်ငံရေးသီအိုရီနဲ့  ဆန့် ကျင်ဖက်ကိုးဗျ ။ ကျုပ်နဲ့ ဆန့် ကျင်ဖက်သီအိုရီ ပေါ်လီစီလိုင်းကို ရောက်သွားလို့ ကတော့ ကျုပ်ဖက်က ပြည်သူတွေရဲ့ မျက်နှာကို အိုးမဲ အသုတ်မခံရအောင် ပြောရတော့တာကိုး ။ တကယ်တော့ ကျုပ်တို့ ပြည်သူတွေဟာ သူတို့ နဲ့  ထိုက်တန်တဲ့ အစိုးရကို တကယ်ရခဲ့ တာဘဲလေ ။ အုပ်ချုပ်သူအစိုးရက န၀တ-နအဖ-စသည်ဖြင့် စစ်အာဏာရှင်တွေက ဆက်ပြီး အုပ်ချုပ်မင်းမူခဲ့ ကြတော့ ပြည်သူတွေခမြာ ကြောကော့အောင် ခံစားခဲ့ ရပါလား ။ ဒါပေမဲ့  ကျုပ်တို့ တတွေက ကောင်းကောင်းကြီး ဆန့် ကျင်နိုင်ခဲ့ ကြပါတယ်နော ။ ဒါ့ကြောင့်မို့ လဲ နအဖစစ်အစိုးရဟာ အရပ်သားအစိုးရဖက်ဆီသို့  ပြောင်းလဲ ပေးသွားသလို မူဝါဒတွေ ပေါ်လီစီတွေ ပြောင်းလဲသွားတယ်ပေါ့ ။ ဒါဟာ စစ်အာဏာရှင် ဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ရင်းစေတနာကောင်းရှိလို့  ပြုပြင်ပြောင်းလဲ သွားတယ် ဆိုတာ ကျုပ်ယုံပါတယ် ။ ဒါ့ကြောင့်မို့ လို့  ကျုပ်တို့  ပြည်သူတွေရဲ့  အောင်ပွဲ တစ်ခုလို့  ပြောရင် မှန်လောက်တယ်ဗျ ။
ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့  သူရဦးရွှေမန်းက စစ်အာဏာရှင်-စစ်အစိုးရစသည်တို့ ကို မခေါ်ဝေါ်ရ -မသုံးစွဲရလို့  တားမြစ်တာတွေ ကြားလိုက်ရသလားမသိ ။ ကျုပ်ကတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့ စစ်အာဏာရှင်-စစ်အစိုးရလို့ တော့ အာပေါက်အောင် ပြောရအုံးမှာပါ ။ ဒါပေမဲ့  လူဆိုတာ အားလုံးမှာ ကောင်းကွက်ချည်း မရှိသလို ဆိုးကွက်လဲ ထာဝရမရှိနိုင်ကြဘူးဆိုတာ ကျုပ်သိပါတယ် ။ လူသားတိုင်းဟာ အမှားနဲ့  မကင်းပေဘူးပေါ့ဗျာ ။ ဒီနေရာမှာ ကျုပ်ပြောချင်တာက အားလုံးမှန်တယ် ခင်ဗျားလို့  အော်နေတဲ့ လူတန်းစားတွေထဲမှာ ကျုပ်ကမပါဘူးနော် ။ ကျုပ်တို့ က စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး နေ၀င်း-ဗိုလ်ချုပ်မှူးကြီးးသန်းရွှေ -ဗိုလ်ချုပ်ကြီး( ပြုတ် ) ခင်ညွန့် - နဲ့  စသည်ဖြင့် အခြားသော သူတို့ တွေက မကောင်းတာတွေ့ ရင်တော့ ဝေဖန်ပြောမှာပါဘဲ - ကောင်းတာတွေ့ ရင်တော့ ကောင်းပါတယ်လို့  လက်ခုပ်လက်ဝါး တီးပြီး အားရပါးရ ထောက်ခံပြောမှာပါနော် ။ တစ်ချို့ ကတော့ ပြောကြတယ်ဗျ ။ သူတို့ မှာ ကောင်းတာများ ဘာရှိသလဲတဲ့  ။ ဒါကတော့ ကျုပ်နဲ့  မတည့်ပြန်ဘူးပေါ့ ။ ကျုပ်စောစောကပြောသလို လူဆိုတာ အမှားနဲ့  ကင်းကြတာ မဟုတ်ဘူးလေဗျာ ။ အမှားတွေ ရှိတတ်ကြတာက လူ့ သဘ၀ကိုးနော ။
ဒါပေမဲ့  သူတို့ မှားတာက ငွေကြောင့်-အာဏာကြောင့်- မိန်းမကြောင့်-မူးယစ်ဆေးဝါးကြောင့်-စတာတွေကို ပြောရမယ်ဆိုရင် တစ်ခုခုနဲ့ တော့ ငြိစွန်းနေကြပါလိမ့်မယ် ။ အားလုံးထဲက တစ်ခုခုတော့ ရှိကြလိမ့်မယ်ထင်တယ် ။ ဒီတော့ အချိန်တန်လို့ ငပိန်ကန်တော့ ညောင်းတဲ့ သူက ညောင်းနဲ့  ညောင်းကြရတာတွေကိုလဲ ရှေ့တင်တွေ့ ကြုံနေကြ မြင်နေကြရတာပါဘဲ ။ သံဝေဂ ရစရာပါ လေ ။ အနိစ္စအမြဲ မရှိ ဆိုတဲ့  တရားကို ဗုဒ္ဒမြတ်စွာ ဘုရားဟောကြားခဲ့ တာ တယ်မှန်သကိုးဗျ ။ ကျုပ်က တစ်ခါတလေ စဉ်းစားပါတယ် ။ ကျုပ်တို့ အရပ်မှာ ကျုပ်တို့  ဇတ်နဲ့  ကနေကြရတာ အဆင်များ ပြေရဲ့ လားလို့  ။ မပြေပေါင်ဗျာ ။ အဲဒီလို အဆင်မပြေတာ တွေ့ တော့ ကျုပ်ရင်နာတယ်ဗျ ။ ဒါ့ကြောင့်မို့ လို့  ကျုပ်ရင်နာတာ ကျုပ်ပြောရတော့မယ် ။ တကယ်က ကျုပ်တို့ က ရင်နာတယ်ဆိုတာ ကျုပ်ရဲ့  ကိုယ်ကျိုးစီးပွါး တစ်ခုလုံးကို ထိခိုက်နစ်နာသွားလို့  ကျုပ် တစ်ယောက်ထဲ ပေါက်ကွဲနာကျင်တာကို ပြောတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ ။
ကျုပ်တို့ လုပ်လာခဲ့ တဲ့ နိုင်ငံရေးဟာ အတိတ်ကို အခြေခံပြီး ပစ္စုပန်ကို သုံးသပ်-အနာဂါတ်ကို ရှူမြင်ကြည့်တာလေ ။ ကိုယ်ကျိုးစီးပွါးကို ကြည့်ရာမှာ အမျိုးသားကိုယ်ကျိုးစီးပွါးကို ကြည့်ပြီး လုပ်တဲ့  အမျိုးသားနိုင်ငံရေးကို ကြည့်ပြီး လုပ်တဲ့  နိုင်ငံရေးကို ပြောတာဗျ ။ ခုတော့ဗျာ ။ ကျုပ်တို့ အရပ်မှာရှိတဲ့  အစိုးရက တကယ့်ဟန်ဆောင် လိမ်ညာပြီး သနပ်ခါးပါးကွက်ကြားနဲ့  ရာဇပလ္လင်ပါ် ခွထိုင်တက်နေတဲ့ အစိုးရလို ဖြစ်နေပါပေါ့လား ၊ ကျုပ် ရင်ကျိုးအောင် ခံစားရပါတယ် ။ ကျုပ်မျက်ရည်ဝဲစွာ နာကြင်ရပါတယ် ။ ကျုပ်ရင်ဘတ်ထဲ ဒေါသတွေ အလိမ့်လိမ့် တက်လာနေပါတယ် ။ ကျုပ်တို့ အလိမ်ခံနေရတာ များပြားလှပါပြီကော ။ ဒီတော့ ကျုပ်ပြောမယ် ။ နယူးယောက်ကို လာတဲ့  သမ္မတ အကြံပေးအဖွဲ့ ဝင်တွေနဲ့  ကျုပ်တွေ့ ပါတယ် ။ အဲဒီအချိန်မှာ သူတို့ တွေက ရခိုင်ပြည်နယ် ပဋိပက္ခအထူးစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တင်တဲ့ အဖွဲ့ ခေါင်းဆောင်တွေပေါ့ ။ သမ္မတဦးသိန်းစိန်က ကုလသမ္မဂ ညီလာခံကို တက်ရောက်လာတော့ အကြံပေးအဖွဲ့ နဲ့  ကျုပ်နဲ့  တွေ့ ဆုံကြတာပြောပါတယ် ။ ကျုပ်ကလဲ သံတွဲသား ကိုသန်းထွန်းအောင်ကို သက်သေအနေနဲ့  ကျုပ်ဘာပြောတယ်ဆိုတာကို နောင်တစ်ချိန်မှာ အရှုပ်အရှင်း မဖြစ်ရအောင် ခေါ်သွားတာဗျ ။ အဲဒီတွေ့ ဆုံပွဲမှာ ကျုပ်ပြောခဲ့ တာက ရခိုင်ပဋိပက္ခအထူးစုံစမ်းစစ်ဆေးရေး ကော်မီတီမှာ ဒေါ်သန်းသန်းနု ပါဝင်တယ်ဆိုတာကို ကျုပ်ကမကြိုက်သလို ရခိုင်လူမျိုးတွေကလဲ လက်မခံဘူးဆိုတဲ့ အကြောင်း ကျုပ်ပြောတယ် ။
ဘာကြောင့်ဆိုရင် တစ်ချိန်က ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုဟာ မူဆလင်ကုလားတွေကို ဖဆပလ မဲအနိုင်ရရှိပြီး အစိုးရဖွဲ့ နိုင်အောင် နိုင်ငံရေးကို ကဘောက်တိ ကဘောက်ချာ လုပ်ခဲ့ တဲ့  နိုင်ငံရေးဇတ်ပျက်သမားလေဗျာ ။ သူလုပ်ခဲ့ တဲ့  အမဲစက်ကို သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းက ရှင်းလိုက်တဲ့ အခါကျမှ ငြိမ်သွားတာဗျ ။ ဒီနေရာမှာ သွာေးလသူဗိုလ်ချုပ်ကြးနေ၀င်းကတော့ ကျုပ်ရဲ့  လက်ခုပ်လက်ဝါးတီးလို့  ဂုဏ်ပြုခံရသူပေါ့ဗျာ ။ ဒါတွေဟာ လွန်ခဲ့ တဲ့  နှစ်-၆၀-ပတ်ဝန်းကျင်က အခြေအနေတွေပေါ့နော် ။ ခုချိန်မှာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့  ဒဏ်ကို နယူးယောက်မှာ ကျုပ်က ဒေါ်သန်းသန်းနုကို ထိခိုက်အာင် ပြောရပြန်တော့ စိတ်မကောင်းလဲ မတတ်နိုင်တော့ဘူး ။ ကျုပ်က အမျိုးသားချစ်စိတ်နဲ့  ပြောရတာလေဗျာ ။ ကျုပ်ပြောတကို ဒေါ်သန်းသန်းနုကလဲဘဲ နားလည်ခွင့်လွှတ်ပေးမှာပါ ။ ကျုပ်ပြောချင်တာက တစ်ခါက ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက အကြီးကြီးမှားခဲ့ ပြီ ။ ဒီအမှားကို ခုခေတ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ စမြုန့် ပြန် ပြောဆိုနေကြရတာဟာ သူ့ အပေါ်ကိုဘဲ အပြစ်ပုံချနေတာများ ဖြစ်နေပြီလားလို့  ကျုပ်စဉ်းစားဖူးပါတယ် ။
ခုတော့ ကျုပ်စဉ်းစားတာတွေ မှန်နေပြီဗျို့  ။ ဒါ့ကြောင့်မို့ လို့  ဒေါ်သန်းသန်းနုဟာ ကျုပ်ရဲ့  ဒီဆောင်းပါးကို ဖတ်ရတဲ့ အခါ မုချနားလည်ခွင့်လွှတ်နိုင်လိမ့်လို့  ထင်ရကြောင်းပါဗျာနော ။ ဒေါ်သန်းသန်းနုနဲ့ လဲ ကျုပ်က နယူးဒေလီမှာ ဆုံခဲ့ တော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်စကား ပြောလို့ ရသားဗျ ။ ကျုပ်စဉ်းစားထားတာတွေ မှန်နေပြီ ဆိုတာကို ကျုပ်ပြောမယ် ။ မနေ့ တစ်နေ့ က ၀န်ကြီးဦးခင်ရီက သမ္မတဦးသိန်းစိန် အနားကနေပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာတွေနဲ့  ပတ်သက်လို့  ပြောရမှာ စကားလုံးဝေါဟာရတွေက ကျုပ်မကြိုက်တာ ပါလာတာတွေ့ သဗျ ။ ဗွီဒီိယိုမှာတော့ အဲဒီအသံဖိုင်က ရှိနေပြီ ။ သတင်းစာမှာတော့ အဲဒီဘင်္ဂလီတိုင်းရင်းသား ဆိုတဲ့  စာသားကတော့ မပါဘူးပေပေါ့ ။ ကံကောင်းလို့  သတင်းစာသမားတွေက အဲဒီအပိုဒ်ကို တရားဝင် မဖေါ်ပြလို့  ။ ဖေါ်ပြခဲ့ ရင်တော့ ၀န်ကြီးဦးခင်ရီကို တော်တော်လေး ဝေဖန်ပြောဆိုကြမှာ သေချာပါတယ် ။ ကျုပ်ထင်ပါတယ်။ ၀န်ကြီးဦးခင်ရီဟာလဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးသာရှိတယ်ဆိုတာ ကျုပ်နဲ့  နယူးယောက်မှာ လူထုတွေ့ ဆုံပွဲမှာ တွေ့ တုံးက မေးမြန်းရာမှာလဲ ပြောဆိုခဲ့ သူပါဗျာ ။ ခုမှ ဘာကြောင့် လျှာယားပြီး ပြောဆိုတာလဲ ဆိုတာတော့ ကျုပ်က မရှင်းမရှင်းဖြစ်မိတယ်ဗျာ ။
ကျုပ်ကတော့ ၀န်ကြီးဦးခင်ရီကို အဲဒီလို မပြောစေချင်ဘူး ဗျ ။ အစိုးရ၀န်ကြီး တစ်ဦးဖြစ်လို့ လဲ စကားပြောဆိုရာမှာ ပိုသတိထားပေးဖို့ လိုကြောင်း စေတနာကောင်းနဲ့ ဒီနေရာက မှာကြားလိုက်ပါတယ် ။ ပိုအရေးကြီးတဲ့  ၀န်ကြီးဦးခင်ရီရဲ့  ပြောဆိုချက်တစ်ခုကို ပြောပြပါ့မယ်ဗျာ ။ မည်သည့်နိုင်ငံသားဟု မဖေါ်ပြနိုင်သော သူများကို အဖြူကဒ်ပေးထားပြီး ၄င်း အဖြူကဒ် ကိုင်ဆောင်သူများကို မဲပေးခွင့် ပေးထားခဲ့ ပါတယ် တဲ့  ။ ဒီတော့ ကျုပ်ပြောမယ်ဗျာ ။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ခုလို ဖေါ်ပြထားတာတွေကို ကျုပ်လေ့လာထားတယ်ဗျ ။
ပုဒ်မ္မ- ၃၄၅--
( က ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဖနှစ်ပါးမှ မွေးဖွားသူ ။
( ခ) ဤဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌန်းသည့်နေ့ တွင် ဥပဒေအရ နိုင်ငံသားဖြစ်သူ ။
ပုဒ်မ္မ-၃၆၉-
နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံပါအခြေခံဥပဒေနှင့်ဖြစ်စေ ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့် ကျင်လျှင် ပြည်သူ့ လွှတ်တော် ၊ အမျိးသားလွှတ်တော် ၊ တိုင်းသေကြီးလွှတ်တော် သို့ မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်နှင့် ရွေးကောက်တင်မြှောက်ခွင့်ရှိသည် ။
( ခ) သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ။
ပုဒ်မ္မ- ၃၉၄-
( က ) ပြည်ထောင်စုနယ်မြေ သို့ မဟုတ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌန်း၍ သတ်မှတ်ထားသော ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကိုသာ ရွေးကောက်တင်မြှောက်ခွင့်ရှိသည် ။
ပုဒ်မ္မ-၃၉၆-
(ခ )- သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နုံးခန့် တို့ က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည် ။
ဒါက မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖေါ်ပြထားတဲ့  နိုင်ငံသားဆိုတာကို ရှင်းရှင်းလင်းလင်း ပြဋ္ဌန်းထားတာဖြစ်တယ် ။ ဒီတော့ မြန်မာစာဖတ်တတ်တဲ့ သူတွေမို့  ကျုပ်က ဒီအကြောင်းအရာကို အကျယ်တ၀င့် အဓိပ္ပယ် မဖွင့်တော့ဘူးဗျာ ။
အခု ဖေါ်ပြမှာက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့  မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဘာသာရေးပေါင်းစုံ ညီညွတ်ရေးအဖွဲ့ မှ နာယကများ-ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဇူလိုင်လ-၂၃-ရက်-၂၀၁၃-နေ့ မှာ တွေ့ ဆုံစဉ် ၀န်ကြီးဦးခင်ရီကရဲ့ တင်ပြချက်ထဲက လိုအပ်တာ ဖေါ်ပြလိုက်ပါတယ် ။
“ ခုနေကပြောခဲ့ တဲ့  အချက်အလက်တွေနဲ့  ပြည့်စုံမယ်ဆိုရင် ( ၁၉၈၂) ခုနှစ် ဥပဒေနဲ့  ညီညွတ်တယ်ဆိုရင် -Nationalized Citizenship- -ပေးပါတယ်- ဒီလိုဖြစ်ပြီဆိုရင် အလိုအလျှောက် တတိယမျိုးဆက်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ် ။ လောလောဆယ် ဘယ်နိုင်ငံသားမှန်း မသိတဲ့  သူတွေကို ကျွန်တော်တို့ ဆီမှာ ၀ှိုက်ကဒ် ( White Card ) အဖြူရောင်ကဒ် ပေးပါတယ် ။ မည်သည့်နိုင်ငံသားလို့  အဆုံးအဖြတ် မပေနိုင်သလို သူကိုယ်တိုင်ကလဲ မည်သည့်နိုင်ငံသားလို့  အထောက်အထားမပြနိုင်တဲ့  သူများကို ကျွန်တော်တို့ နိုင်ငံမှာ နေခွင့်ပေးပါတယ် ။ ကျောင်းနေခွင့်ပေးပါတယ်- မဲထည့်ခွင့် ပေးထားပါတယ် ။ ကျွန်တော်တို့ အနေနဲ့  နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ အညီ ဆောင်ရွက်နေတယ်ဆိုတာ တင်ပြချင်ပါတယ် “
ဒီလို ၀န်ကြီးဦးခင်ရီတင်ပြတဲ့ အခါ ကျုပ်က သေသေချာချာ လော့လာဆည်းပူးရသဗျ ။ ကျုပ်က ရှင်းရှင်း ပြောရမယ် ဆိုရင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံသူမှ မဟုတ်တာဘဲလေ ။ ဒါပေမဲ့  လက်မခံသူမို့ လို့  မလေ့လာသေး-မဖတ်ရသေးဆိုတဲ့  လူစားမျိုးမှာ ကျုပ်က မပါဘူးပေါ့ဗျာ ။ စောစောက ပြောသလို ဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလဲ ကောင်းကွက်တွေ ပါတယ်လေ ။ ကျုပ်က အဆိုးမြင် သမားမဟုတ်ဘူးလို့  ပြောထားပါတယ် နော် ။ ဒီလိုနဲ့  ကျုပ် စကား ဆက်ပြောပါ့မယ် ။ ပြည်ထောင်စုသမ္မတမြန်မာနိုငိငံတော်မှာ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံက အသက်သွေးကြောဗျ ။ ဒီအသက်သွေးကြောကို သူတို့ မို့ လို့  စက္ကူစုတ်လို လုပ်ချင်ရာ လုပ်ချလိုက်တာဗျာ ။ ကျုပ်က သူတို့ အစား ရင်နာလွန်းမိတယ် နော ။
နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ရဲ့  ရပိုင်ခွင့်များနဲ့  တာဝန်ခံပိုင်ခွင့်များဆိုတာ ဖေါ်ပြထားတယ်လေ ။ နိုင်ငံသားတစ်ယောက်ဟာ သူ့ နိုင်ငံတော်ကို သစ္စာခံရတယ် -နိုင်ငံတော် အလံကို အလေးပြုရတယ် ဗျ ။ ။ ခုတော့ ၀န်ကြီးဦးခင်ရီ ပြောသလို မည်သည့်နိုင်ငံသားရယ်လို့  အသိအမှတ် မပြုတဲ့  သူတွေကို မဲထည့်ခွင့် ပေးထားပါတယ် ဆိုတာကို ကျုပ်ကြားရတော့ အံ့အားသင့်မိတယ် ။ ပြီးတော့ ကျုပ်က ၀န်ကြီးဦးခင်ရီကိုလဲ အထူးကျေးဇူးတင်မိကြောင်းပါလို့  ပြောချင်သေးတယ်ဗျို့ ။ ဘာကြောင့်ဆိုရင် သူက ၀န်ခံလိုက်ပြီကိုး ။
ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက သူတစ်ဦးတည်း မူဆလင်ဘာသာဝင် ဘင်္ဂလီကုလားတွေကို ဖဆပလ မဲအနိုင်စေချင်လို့  နိုင်ငံရေးမှာ တစ်ဦးတည်း အမဲစက်နဲ့ အဆဲခံနေရတယ် ။ ခုတော့ ဘင်္ဂလီကုလားတွေကို စစ်အာဏာရှင် နအဖအစိုးရလက်ထက်က ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲအနိုင်ရရှိစေဖို့  အဖြူရောင်ကဒ် ထုတ်ပေးပြီး မဲပေးပိုင်ခွင့် ပေးခဲ့ တယ် ဆိုတာ ၀န်ကြီးဦးခင်ရီက ၀န်ခံ ထုတ်ဖေါ်ပြောလိုက်ပြီပေါ့ ။ အဲဒီလို အဖြူရောင်ကဒ်က နိုင်ငံသား မဟုတ်ပါဘဲနဲ့  နိုင်ငံသားတစ်ဦးရဲ့  အခွင့်အရေးဖြစ်တဲ့  မဲပေးပိုင်ခွင့်နဲ့  ဘယ်လိုနည်းနဲ့ မှ တန်းတူအခွင့်အရေးဆိုတာ မရနိုင်ဘူးဗျာ ။ ဒါဟာ ဘယ်နိုင်ငံမှာမဆို ခွဲခြားဆက်ဆံထားတဲ့  ဥပဒေပါဗျာ ။ မည်သည့်နိုင်ငံသားလို့  အစိုးရက အသိအမှတ် မပြုသူကို ဘာကြောင့်များ မဲပေးခွင့်ပေးရသလဲဗျ ။ ဒါကနိုင်ငံတကာ စံချိန်စံညွန်း မဟုတ်ဘူးလေ ။
ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ် ။ ဒါဟာ သမ္မတဦးသိန်းစိန် အစိုးရက ပြုလုပ်တာ မဟုတ်ဘူး ။ ယခင် စစ်အာဏာရှင် ဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  လုပ်ရပ်ဖြစ်တယ် ဆိုတာ သိသာနိုင်တယ် ။ ဒါ့ကြောင့်မို့ လို့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ တာဝန်အပြည့်အ၀ရှိတယ် ။ ဒီတော့ ဗ်ုလ်ချုပ်မှုမှူးကြီးသန်းရွှေကလဲဘဲ အစိုးရပိုင်းမှာ တာဝန်မရှိပြန်ဘူးလို့  သမ္မတဦးသိန်းစိန် အစိုးရရဲ့  သက်ဆိုင်ရာဝန်ကြီးများက ထုတ်ဖေါ်ပြောဆိုချက်အရ ဒီပြသနာကို သမ္မတဦးသိန်းစိန်က ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ် ။
ပထမဦးစွာ ဖြေရှင်းရမှာက မည်သည့်နိုင်ငံသားလို့  အသိအမှတ် မပြူသူ များကို မဲဆန္ဒရှင် အဖြစ် ပြုလုပ်ခြင်းဖြစ်တာကို ရှင်းရမှာဖြစ်တယ် ။ ဒုတိယအချက်က အဲဒီလို မဲပေးပိုင်ခွင့်ပေးတာဟာ -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ နိုင်ငံသားဥပဒေကို ချိုးဖေါက်ရာကျတယ် ဆိုတာကို ရှင်းရမှာဖြစ်တယ် ။ ဒီတော့ခါ ပထမ အချက်ဖြစ်တဲ့  နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့် ပြုလိုက်တာဟာ လုံးဝသဘာဝကျတာမဟုတ်ဘူးဆိုတာ ပြောချင်တယ် ။ ဒါဟာ ကြံ့ဖွံ့ပါတီ မဲအနိုင်ရရှိစေဖို့  မဲခိုးမဲလိမ်တာဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့  အဲဒီမဲတွေကို ပယ်မဲ အဖြစ် သတ်မှတ်ရပါလိမ့်မယ် ။ ရခိုင်ပြည်နယ်တ၀န်းမှာ မည်သည့်နိုင်ငံသားလို့  အသိအမှတ် မပြုတဲ့  သူတွေက မဲပေးလိုက်တာဟာ ပယ်မဲဖြစ်တာမို့ လို့ ပယ်မဲကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူများဟာ တရားမ၀င်တော့ဘူးဆိုတာ တိတိကျကျ ပြောရတော့မှာဖြစ်တယ် ။ ကျုပ်ပြောနေတာဟာ မြန်မာနိုင်ငံအစိုးရကို သန့် ရှင်းသောအစိုးရဖြစ်အောင် စေတနာကောင်းနဲ့  အကြံပေးနေတာဖြစ်တယ် ဆိုတာ အကြွင်းမဲ့  ယုံကြည်စေချင်ပါတယ် ။ အဖြူကဒ်ဟာ နိုင်ငံသား မဟုတ်ဘူးလို့  ၀န်ကြီးဦးခင်ရီက ၀န်ခံပြီးပြီဘဲ ။ နိုင်ငံသားမဟုတ်သူဟာ မဲပေးခွင့်ရတာကိုက နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ တစ်ခုလုံးကို အမှိုက်ပုံမြောင်းထဲကို ရောက်သွားစေတာပါဘဲ ။ မောင်တော-ဘူးသီးတောင်မြို့ နယ်မှာ နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပေးတာဟာ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီရဲ့  ညစ်ပတ်မှုများ ဖြစ်တယ် ။ ဒီညစ်ပတ်မှုများကို သမ္မတဦးသိန်းစိန် အစိုးရက သန့် ရှင်းသော အစိုးရ-ကောင်းမွန်သောအစိုးရလို့  ဖြစ်စေချင်ရင် ဒီနိုင်ငံသားမဟုတ်သူ အဖြူရောင် မဲများကို ပယ်မဲ အဖြစ် ပြုလုပ်ပေးဖို့ လိုလိမ့်မယ် ။ တစ်ချိန်တည်းမှာဘဲ အဲဒီတရားမ၀င် မဲကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့  ဦးရွှေမောင်အပါအ၀င် သုံးဦးသော သူတို့ ကိုလဲ သူတို့ ရရှိခဲ့ တာဟာ ပယ်မဲကြောင့်မို လို့  ချက်ချင်း လွှတ်တော်ထဲကနေ မောင်းထုတ်လိုက်ဖို့  အချိန် ကျရောက်နေပြီဖြစ်တယ် ။ မဟုတ်ရင်တော့ ကျုပ်တို့ အရပ်မှာ အဖြူရောင်ကဒ်နဲ့  သွေးဆူအောင် ဆက်လုပ်နေမယ်ဆိုရင်တော့ကာ ဒီမီးက ဘယ်တော့မှ ငြိမ်းလေလိမ့်မှာ မဟုတ်ဘူးလို့ ကျုပ် ပြောလိုက်ပါရစေဗျာ ။

ခိုင်အောင်ကျော် ( နယူးယောက် )