Thursday, August 1, 2013

ပန်းတနော်မြို့နယ် ရဲစခန်းသို့ ရေလုပ်သား ၂၇ ဦး အရေးယူပါရန် ရင်ဆိုင်



Nay Myo Zin
ခနွဲကဘို ရဲစခန်းမှ လိုက်ဖမ်းနေသောကြောင့် ထွက်ပြေးပုန်းအောင်း နေရသည်မှာ လ နှင့်ချီနေပြီဖြစ်သောကြောင့် မိသားစု အခက်ခဲ ကြုံနေရကြောင်း ။ မည်သို့ ဖြေရှင်းရမည်ကို အကြံဥာဏ်ပေးပါရန် အကူညီတောင်းခံလာသောကြောင့် ကျနော့် အနေဖြင့် တရားဥပဒေကို ရဲရင့်စွာ ရင်ဆိုင်ပြီး တရားရင်ဆိုင်ခြင်းသာ လတ်တလော လုပ်ဆောင်ရန် ရှိပါကြောင်း၊ တရားစွဲသူက မတရားစွဲသည်ဆိုလျှင်လည်း အများပြည်သူ နှင့် သတင်းမီဒီယာများ ၀ိုင်းဝန်းတောင်းဆို စောင့်ကြည့်မှုဖြင့် တရားမျှတမှုကို ဖေါ်ထုတ်နိုင်ကြောင်း ၊ စည်းရုံးပြောဆိုပြိး ပန်းတနော်မြို့နယ် ရဲစခန်းသို့ ရေလုပ်သား ၂၇ ဦး စုပေါင်းသွားရောက်ပြိး မိမိတို့တွင် အပြစ်ရှိပါကလည်း အရေးယူပါရန် ရင်ဆိုင်ကြပါသည်။ ရဲစခန်း အရှေ့တွင် ပင် အသက် ၇၀ ခန့် အမေအို နှစ်ဦးကလည်း သူတို့ သည် အင်းသူကြီး ဦးကြင်ညိမ်း စွပ်စွဲသည့် အတိုင်း ငါးကန် အတွင်း သမန်းလိုက်ရာတွင် မပါဝင်ပါကြောင်း။ သို့သော် မိမိတို့ကိုပါ စွဲဆိုထားသဖြင့် ထွက်ပြေး ပုန်းအောင်း နေရပါကြောင်း သနားစဖွယ် ရှင်းပြပြောဆိုခဲ့ပါသည်။


ရွှေဝါရောင်သူရဲကောင်းဦးဂမ္ဘီရယခုကိုညီညီလွင်စွံပြီ။


Thein Than Oo
ယနေ့မန္တလေးခရိုင်တရားရုံးမှာချစ်သူဇနီးလောင်းAusttralia နိုင်ငံသူMariaFranceနဲ့လက်ထပ်ဘို့စီစဉ်ရာမှာငြင်းပယ်ခံရပါတယ်။
ဒါကြောင့်ကျနော်နဲ့မိတ္တီလာဒေါ်မြင့်မြင့်အေးရဲ့တူမ တရားလွှတ်တော်ရှေ့နေဒေါ်ဟန်စုယဉ်တို့အစီအစဉ်နဲ့၂ယောက်လုံးဗုဒ္ဓဘာသာဝင်
များဖြစ်ကြတာမို့ရှေ့နေဒေါ်ရွက်နုအောင်ရုံးခန်းမှာအောင်မြင်စွာလက်ထပ်ပြီးစီးပါကြောင်းရဲဘော်များမိတ်ဆွေများအားလုံးကိုအသိပေးပါတယ် ။

ဦးဂမ္ဘီရတို့အသစ်စက်စက်ဇနီးမောင်နှံနဲ့ကျနော့်ရုံးခန်းရှေမှာ

၁၉၈၈ကခင်ညွန့်၏လုပ်ကြံမှုအစီအစဉ်အထောက်အထား

Khin Nyunt signed document in 1988

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Thursday, August 01,2013

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်း က ကမ္ဘာ့အဆင့်ဘယ်လောက်မှာရပ်တည်နေလဲ သိလား??
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြန်မာနိုင်ငံရဲ့ အင်တာနက်လိုင်း မြန်နှုန်းဟာ ကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ်ရင် အဆင့် ၂၁၅ မှာရှိပါတယ်။ပျှမ်းမျှ ဒေါင်းလုပ်ချရာတွင်မြန်နှုန်းဟာ ၄၉ Kbps သာရှိပါတယ်။

နိုင်ငံပေါင်း ၂၂၂ နိုင်ငံရှိတဲ့အနက် ၂၁၅ မှာချိတ်ခဲ့တာပါ။
၂၂၂ မြောက်နိုင်ငံကတော့ ကွန်ဂိုနိုင်ငံဖြစ်ပြီး ဒေါင်းလုပ်ချရာတွင် မြန်နှုန်းဟာ ၁၄ kbps သာရှိပါတယ်တဲ့။ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုပ်ချရာတွင်အမြန်နှုန်းဟာ ပျမ်းမျှခြင်း ၅၈၀ kbps ရှိပါတယ်။အချို့နိုင်ငံတွေက ဒိထက်မြန်သလို၊၊ဒီထက်နှေးတဲ့ နိုင်ငံတွေလဲ ထုနဲ့ဒေးပေါ့။သိပ်စိတ်ဓါတ်မကျပါနဲ့ဦး။ကိုယ့်ထက်နှေးတဲ့နိုင်ငံတွေရှိပါသေးတယ်။

မောင်စိုင်း(ကနောင်)
Credit : Scientist Myanmar /https://www.facebook.com/myanmardaily.net

အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသူ ကန်ဒေါ်လာလေးသန်း နစ်နာကြေးရ



မြန်မာ့လင်းရောင်ခြည်

အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသူ ကန်ဒေါ်လာလေးသန်း နစ်နာကြေးရ

၁.၈.၂၀၁၃၊ ကြာသပတေးနေ့

အကျဉ်းထောင်ရှိ အကျဉ်း သားများထားရှိရာအခန်းအတွင်း လေးရက်ကျော်ကြာ ပစ်ထားခြင်း ခံရသော အမေရိကန်ပြည်ထောင်စု စန်ဒီယာဂိုမြို့မှ တက္ကသိုလ်ကျောင်း သားတစ်ဦးကို အမေရိကန်အစိုးရ က အမေရိကန်ဒေါ်လာလေးသန်း ကျော် နစ်နာကြေးပေးခဲ့ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားဒန် နီယယ်ချောင်သည် သူ၏ကျင်ငယ် ရေကိုသောက်၍ အသက်ဆက်ခဲ့ ရပြီး သူ၏စိတ်ချောက်ချားနေမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူထံ အမှာ သတင်းပါးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ချောင်သည် ၂၀၁၂ခု နှစ်က မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ဝင်ရောက်ဖမ်းဆီးမှုအတွင်း ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး အချုပ်ခန်းအတွင်း လေးရက်ကြာ သည်အထိ သူ့ထံသို့ မည်သူမျှ ရောက်ရှိလာခဲ့ခြင်းမရှိဟု ဆိုသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရားရေးဌာနမှ စုံစမ်းစစ်ဆေး ရေးအရာရှိတို့က စုံစမ်းစစ်ဆေး ခဲ့ကြခြင်း ဖြစ်သည်။ ချောင်အား အကျဉ်းထောင်အခန်းထဲမှ ကယ် တင်ပြီးနောက် ဆေးရုံတွင် ငါးရက် ကြာ ဆေးကုသမှုခံယူခဲ့ရသည်။ သူသည် ရေဓာတ်ခန်းခြောက် ခြင်း၊ ကျောက်ကပ်အလုပ်မလုပ် ခြင်း၊ ကြွက်တက်ခြင်းဝေဒနာများ ကို ခံစားခဲ့ရပြီး ကိုယ်အလေးချိန် ၁၅ပေါင် ဆုံးရှုံးခဲ့သည်။

ချောင်သည် မှားယွင်းစွာ မေ့လျော့မှုကြောင့် အခန်းကျဉ်း အတွင်း ပစ်ထားခြင်းခံရခြင်းဖြစ် ပြီး မတော်တဆမှားယွင်းမှုက သူ့အတွက်အလွန်ဆိုးရွားချောက် ချားဖွယ်ရာဖြစ်ခဲ့သည်ဟု ဆို သည်။ ချောင်အားထားရှိသော အခန်းတွင် ပြတင်းပေါက်မရှိဘဲ အခန်းထဲ၌ လေးရက်ကျော် ပိတ်မိ နေစဉ်အတွင်း အစားအစာနှင့် ရေရရှိခဲ့ခြင်းမရှိဟု ဆိုသည်။

ချောင်၏ဖြစ်ရပ်မှနေ၍ ပေါ်ထွက်လာသောရလဒ်မှာ ဖမ်း ဆီးထိန်းသိမ်းထားသူများအတွက် မူဝါဒသစ်ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ ကြောင်း သိရသည်။ သတ်မှတ်ပြ ဋ္ဌာန်းမှုအရ အကျဉ်းထောင်အခန်း များကို နေ့စဉ်စစ်ဆေးရေးဝင်ခြင်း နှင့် အခန်းများတွင် ကင်မရာများ တပ်ဆင်ထားစေခြင်းတို့ ပါဝင် ကြောင်း သိရသည်။

REF : BBC

"လက်ပံတောင်းတောင် ပြန်လည်အသက်ဝင်လာတော့မည်"


Popular Myanmar News Journal
===================

လက်ရှိ အစိုးရ၏ သက်တမ်းသုံး နှစ်အတွင်း မထင်မှတ်သော အချိုးအ ကွေ့နှင့် ပဋိပက္ခများစွာ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအရာများက နေ့ချင်းညချင်း ဖြစ်လာသည့် အသစ်များတော့ မဟုတ်။ ယခင် တပ်မတော်အစိုးရလက် ထက်အတွင်း တံခါးပိတ်၍ တိတ်တ ဆိတ် သဘောတူခဲ့သော စီမံကိန်းများ၏အောက် ပျောက်ဆုံးနေသော အသံများ ထွက်လာခြင်းဖြစ်သည်။

ထိုပြဿနာနှင့် ပဋိပက္ခများအနက် လက်ပံတောင်းတောင် စီမံကိန်း ရပ် ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ သပိတ် စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေသော သံဃာတော်များကို အရုဏ်တက်ချိန် အလစ်အငိုက်ဝင်၍ အကြမ်းဖက် နှိမ် နှင်းခဲ့ခြင်းက ဆိုးရွားသောအမည်းစက် ဖြစ်လာခဲ့သည်။ ထိုကာလများအတွင်း ယင်းဒေသ သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်သည်လည်း ကန့်ကွက်ဝေဖန်မှု များစွာဖြင့် ကြုံခဲ့ရသော်လည်း လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင် ရွက်ခဲ့သည်။

ပဋိပက္ခများ ဖြစ်ပေါ်နေသော လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သင့် မသင့်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပုလဲမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီး အဆိုဖြင့် တင်သွင်းခဲ့မှုကို ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်း ထားသော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နောက် ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း၏ အားနည်းချက်များကို ပြင် ဆင်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သင့်သည်ဟု ဆိုသော ကြောင့် ကန့်ကွက်မှု များမည်မျှရှိနေပါ စေ စီမံကိန်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လက်ပံတောင်းတောင် အစီရင်ခံစာ အပေါ်မကျေနပ်ချက်များ များစွာရှိခဲ့ပြီး အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စီမံကိန်းဒေသများမှ ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့ ရှိ မကျေနပ်ကြသူများမှာလည်း အစီရင် ခံစာအပေါ်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းလိုက်သော လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီအနေ ဖြင့် လက်ပံတောင်းတွင် လက်ရှိလုပ်ကိုင်နေသော စီမံကိန်း ဖျက်သိမ်းရေးကိုသာဦးတည် ကန့်ကွက်နေခြင်း ဖြစ် ကြောင်း နာယက ဦးအံ့မောင်က ပြော သည်။

''စတုန်းကတည်းက ဖျက်သိမ်းရေးပဲ ပြောခဲ့တာ။ အခုလည်း ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုသွားမယ်'' ဟု ပြော သည်။ ထုတ်ပြန်ကြေညာသည့် အစီရင် ခံစာအပေါ်တွင် ဒေါ်အောင်ဆန်းစု ကြည်က ''လက်ပံတောင်းတောင် စီမံ ကိန်းနဲ့ ပတ်သက်ပြီးတော့ ဝင်လုပ်တာဟာ ဒီဒေသလေးအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက် နိုင်ငံ ရဲ့ အနာဂတ်ကို ကြည့်ပြီးတော့ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဖြစ်ထိုက်သလဲ ဆို တာ လေ့လာစုံစမ်းပြီးတော့ လုပ်ဖို့ လုပ်သွားတာပဲ'' ဟု အစီရင်ခံစာ ထုတ် ပြန်ခဲ့သည့် မတ် ၁၂ ရက်နေ့တွင် လွှတ် တော်၌မီဒီယာများ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာအရ အ ကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီမှ ၄ လတာ ဆောင်ရွက်ခဲ့မှုများကို မီဒီယာများအား သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုကာလများမှ အလွန်

၈ လ အကြာတွင် အမှတ် (၁) သတ္တုတွင်း လုပ်ငန်း မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သုံးဦး ပါဝင်သော စာချုပ်သစ်ကို ထပ်မံချုပ် ဆိုခဲ့သည်။ယင်းစာချုပ်အသစ်ကို ယခုလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြခြင်းဖြစ်ပြီး စာချုပ်အသစ်တွင် အ ကျိုးအမြတ် ခွဲဝေမှုများ၊ မူလ စာချုပ် တွင် တိတိကျကျ ထည့်သွင်းချုပ်ဆို ထားခြင်း မရှိခဲ့သော သတ္တုတွင်း ပြန် လည်အပ်နှံရေးနှင့်သတ္တုတွင်း ပိတ် သိမ်းရေး၊ လူမှုရေးတာဝန်ယူမှု CSR လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက် ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုပြီး ဖြစ်သော ကြောင့် မကြာမီကာလတွင် လုပ်ငန်းစတင်လည်ပတ်တော့မည်ဟု ပြည်ထောင် စုဝန်ကြီး ဦးလှထွန်းက ဆိုသည်။ ဇူလိုင် ၂၅ ရက်နေ့တွင် နေပြည် တော်သတ္တုတွင်းဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံ စမ်းစစ်ဆေးရေးအစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြော ကြားခြင်းဖြစ်သည်။

စာချုပ် ပြန်လည်ချုပ်ဆိုရာတွင် အကျိုးအမြတ် ခွဲဝေရာ၌ နိုင်ငံတော် အနေဖြင့် အခွန်အခနှင့် ခွဲဝေမှု အချိုး အပါအဝင်အကျိုးအမြတ်၏ ၅၁ ရာခိုင် နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦး ပိုင်မှ ၁၉ ရာခိုင်နှုန်း၊ ဝမ်ပေါင် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း ရရှိကြမည်ဟု ဖော်ပြထားသည်။ အဆိုပါစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီမှ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ထားခြင်း ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်သည် မိုင်းပါမစ် သတ္တုတွင်းရရှိထားပြီး ကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အကျိုးအမြတ် ခွဲဝေမှုတွင် ၁၉ ရာခိုင် နှုန်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

အကျိုးအမြတ်ခွဲဝေမှုတွင် ရာခိုင် နှုန်းများသတ်မှတ်ထားပြီး ဖြစ်သော်လည်း အကျိုးအမြတ် ရရှိမှုအပေါ် မည်သည့်အဖွဲ့အစည်းနှင့်မျှ စိစစ်ကြပ်မတ်မှု မရှိပါက မည်မျှအကျိုးအမြတ် ရရှိ သည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင် ခြင်း မရှိနိုင်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြပြောဆိုသည်။

လုပ်ငန်းစတင်ဆောင်ရွက်ပါက ကနဦးနှစ်တွင် ကြေးနီတန်ချိန် ၄ သောင်း ထုတ်မည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက တစ်နှစ်လျှင် တန် ချိန် ၁ သိန်း ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

ကန့်ကွက်နေမှုများကြား လုပ်ငန်းများ အကောင်အထည်ပေါ်လာရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''မကြာခင် မိုင်းလုပ်ငန်းစတင်တော့မှာပါ။ ဒေသခံတွေ နားလည်သဘောပေါက်လာရေးကို ဝိုင်းဝန်း ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

မိုင်းလုပ်ငန်းကြောင့် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အတွက် ဝမ်ပေါင်ကုမ္ပဏီမှ တစ်နှစ်လျှင် ကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးမည် ဖြစ်ပြီး ယခုနှစ်အတွက် လူမှုရေးတာဝန် ယူမှုလုပ်ငန်း (CSR ) အတွက် ကန်ဒေါ် လာ ၁ သန်းကို ထောက်ပံ့ပေးထားပြီး စီမံကိန်းလုပ်ငန်း အကောင်အထည် ပေါ်လာပါကလုပ်ငန်းမှ ရရှိသော အ ကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို CSR လုပ်ငန်းများတွင် သုံးစွဲသွားမည်ဟု အတည်ပြုထားကြောင်း သိရသည်။

စီမံကိန်းနယ်မြေတွင် ပါဝင်ပြီး ဖယ်ရှားရမည့် ရွာ ၄ ရွာနှင့်သာသနိ ကအဆောက်အအုံ ၃ ခုကို နေရာသစ် သတ်မှတ်ပြီးဖြစ်သောကြောင့် ဖယ်ရှား နိုင်ရေးများကိုလည်း ဆောင်ရွက်နေကြ သည်။ ဖယ်ရှားရမည့်ရွာတွင် ပါဝင်ပြီး ဖယ်ရှားခြင်းမရှိသေးသည့် ဆင်တဲရွာ နှင့် ဇီးတောရွာမှ အိမ်ထောင်စု ၁၈၂ စုကို အကြမ်းဖက် ဖယ်ရှားခြင်း မပြု ဟု ဆိုသော်လည်း ဖယ်ရှားပေးရေးအတွက် ကိုမူ ဆက်လက်ဆောင်ရွက်သွားမည် ဟု ဦးလှထွန်းက ပြောသည်။

''စီမံကိန်းနယ်မြေအတွင်းက ရွာ ၄ ရွာက မိုင်းလုပ်ငန်းလုပ်ရင် ထိခိုက်မှု ရှိနိုင်လို့ ရွှေ့ပြီး ရွာသစ်တည်ပေးထား ပါတယ်။ ရွာဟောင်းကို ပယ်ဖျက်လိုက် ပြီဖြစ်လို့ ရွာလို့ သတ်မှတ်လို့ မရတော့ ပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန် ကြားချက်အရ ရွာမရှိတော့ပါဘူး'' ဟု ၎င်းကဆိုသည်။မပြောင်းရွှေ့ရသေးသော ဆည်တဲ ရွာတွင် အိမ်ထောင်စု ၁၆ဝ စုကျန်ရှိပြီး ဇီးတောရွာတွင် အိမ်ထောင် စု ၂၂ စု ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် သိမ်းဆည်းခံ လယ် မြေများအတွက် မြေယာလျော်ကြေး အဖြစ် ၂၈၂၇ ဒသမ ဝ၁ ဧကအတွက် ကျပ်သိန်းပေါင်း ၂၉၁၆၆ ဒသမ ၇၄ သိန်းပေးအပ်ပြီး ကျန်ရှိနေသော လျော် ကြေးများကိုလည်း ဆက်လက်ပေးအပ် နေကြောင်း၊ သိမ်းဆည်းထားသော မြေ များမှ ၂၈၃ ဒသမ ၆၉ ဧကကို တောင် သူများထံ ပြန်လည်ပေးအပ်နေပြီး ၂၂၃ ဒသမ ၂၃ ဧက ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။ မြေယာလျော်ကြေးများ ပြန်လည် ပေးအပ်ရာတွင် လာရောက်ထုတ်ယူ ခြင်း မရှိသေးသည့် တချို့မြေပိုင်ရှင်များ မှာပိုင်ဆိုင်မှုအငြင်းပွားနေခြင်း၊ မြေဈေး ယခုထက်ပိုကောင်းမွန်လာမည် ဆိုပါက လျော်ကြေးပိုမို ရရှိစေရန် စောင့်ကြည့် နေခြင်းများ ရှိနေကြောင်း ဦးလှထွန်း က အခြေအနေကို သုံးသပ်ပြောသည်။

မည်သို့ပင်ဖြစ်စေ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းသည် ကန့်ကွက် မှုများရှိနေသည့်ကြားမှ အကောင်ထည် ပေါ်ပေါက်လာစေရန်အတွက် တွန်း အားပေး ဆောင်ရွက်နေကြပြီး ဝမ်ပေါင် ကုမ္ပဏီ အနေဖြင့်လည်း စီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း ဝန်းကျင်ရှိ ဒေသခံများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူမှုရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုထားရှိထားသည်။

မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက် လာမည့် စီမံကိန်းများ အတွက် ယခု လက်ပံတောင်းတောင် စီမံကိန်းသည် စံ ပြ စီမံကိန်းတစ်ခုဖြစ်စေပြီး လာမည့် ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လူ မှုတာဝန်ယူမှု (CSR ) အတွက် မည်မျှ ရင်းနှီးမြှုပ်နှံမည်ဆိုသော အချက်ကိုပါ ထည့်သွင်းစိစစ်မှုရှိလာကြောင်း သိရ သည်။''ဒီလိုမျိုး စီမံကိန်းတွေ နောက် ထပ် ထပ်လုပ်ကြဦးမယ်။ ဒီစီမံကိန်းက စံပြသဘောမျိုး သက်ရောက်ပြီး နောက် ထပ်စီမံကိန်းတွေကို တိုးတက်ကောင်း မွန်စေမှာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သဘာဝ အ ရင်းအမြစ် ထုတ်ယူရေး စီမံကိန်းများ သာ များပြားပြီး ကဏ္ဍကြီး ၃ ခုအနေ ဖြင့် ရှေ့ဆုံးမှ ရပ်တည်နေကြောင်း၊ ယင်းတို့မှာ ရေအားလျှပ်စစ် ထုတ်ယူ ရေးလုပ်ငန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့်သတ္တုတွင်းတူး ဖော်ရေး လုပ်ငန်းများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ ယခုနှစ် မြန်မာနိုင်ငံသို့ဝင်ရောက် သော ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ရေ အားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ၄ဝ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ ၃ဝ ရာခိုင်နှုန်း၊ သတ္တု တွင်း တူးဖော်ရေးလုပ်ငန်းမှ ၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ မည်သို့ပင်ဆိုစေ ကန့်ကွက်မှုများ၊ ဝေဖန်မှုများနှင့် အတားအဆီးများကြား မှပင် လက်ပံတောင်းတောင်စီမံကိန်းက မကြာမီသက်ဝင်လာတော့မည် ဖြစ် သည်။

ဝေယံမိုးမြင့်

ကျောက်ဖြူကို နေ့စဉ် ဓာတ်ငွေ့ ကုဗပေသန်း၂၀ အစိုးရမှ ခွဲတမ်းပေး




၁.၈.၂၀၁၃၊ ကြာသပတေးနေ့

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သယ်ပို့မည့် ဓာတ် ငွေ့များအနက်မှ ကုဗပေသန်း၂၀ကို ကျောက်ဖြူမြို့တွင်အသုံးပြုရန် အစိုးရက ခွဲတမ်းချထားပေးကြောင်း ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူ-ကူမင်း သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နေ့စဉ် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ရာ သန်း ၁၀၀ ကိုသာ မြန်မာနိုင်ငံက ဝေစုရရှိမည်ဖြစ်ပြီး ထိုဓာတ်ငွေ့များအနက်မှ ကုဗပေသန်း ၂၀ ကို အစိုးရက ကျောက်ဖြူအတွက် ဝေစုပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုပမာဏသည်ပင် နည်းပါးနေသေးပြီး ကုဗပေသန်း ၅၀ခန့် ကျောက်ဖြူမြို့အတွက် ဝေစုရသင့် ကြောင်း ရခိုင် သယံဇာတများ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဦးက ဆိုသည်။ “ သေချာ တွက်ချက် ကြည့်ရင်တော့ သန်း ၂၀ ဟာ ပမာဏ နည်းတယ်။ပညာရှင်တွေ ဆိုရင် တော့ ပိုပြီး သိမှာပါ”ဟု သူက ဆိုသည်။

ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဦးလှစောကလည်း “ရခိုင်ပြည်နယ် မီးလင်းရေးအတွက် ပြတ်ပြတ်သားသား ပြောသင့်နေပြီ။ အခုတော့ သန်း ၂၀ ပေးမယ်ပြောပြီး ထပ်ဘာမှမပြောတော့ အားလုံး က တိတိကျကျ သိချင်နေကြတယ်”ဟုလည်း ယင်းကိစ္စကို ဝေဖန်သည်။

အစိုးရက မြန်မာနိုင်ငံရရှိသည့် ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ အနက် ၂၃ သန်းကို ရေနံချောင်းမြို့မှ ဓာတ် အားပေးလုပ်ငန်းအတွက် လည်းကောင်း၊ ကုဗပေ ၅၇ သန်းကို တောင်သာမြို့မှ ဓာတ်အားပေးလုပ်ငန်းအ တွက်လည်းကောင်း ခွဲတမ်းမျှဝေ ပေးထားသည်ကိုလည်း နိုင်ငံပိုင်သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များကို ဇူလိုင် ၁၅ ရက်ကတည်းက စတင်၍ စမ်းသပ် ပို့ နေပြီဖြစ်ပြီး ထိုဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းကုမ္ပဏီနှင့် မြန်မာအစိုးရ တို့သည် လွန်ခဲ့သော လေးနှစ်က သဘောတူစာချုပ်,ချုပ်ဆိုကာ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။

ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသတစ်လျှောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ် ဆောင်ပေးရန်နှင့် မြေယာလျော်ကြေးကိစ္စ အကျေအလည်ရှင်းပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆို မှုများလည်းရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြခေါင်းဆောင် ၁၀ဦးကိုလည်း အာဏာပိုင်များက တရား စွဲဆိုထားသည်။

အဆိုပါပိုက်လိုင်းမှ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၅ ဒသမ၂ ဘီလီယံ ပို့လွှတ်မည်ဖြစ်သည်ဟု တရား ၀င် ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် တစ်စုံတစ်ခုကြောင့် ပျက်စီးလျှင်၊ ပေါက်ကွဲလျှင် မည်သို့ စီမံမည်ကိုလည်း အစိုး ရက ပွင့်လင်းစွာ မပြောသဖြင့် စိုးရိမ်မှုများလည်း ရှိနေသလို ဒေသခံ ရခိုင်တိုင်းရင်းသားများ ဦးစီး ဖွဲ့စည်း ထားသည့် လူမှုအဖွဲ့အစည်းများကဆိုလျှင် ထိုပိုက်လိုင်းစီမံကိန်းသည် သယံဇာတခွဲဝေမှုဆိုင်ရာ မျှတမှု မရှိဟု အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။

Mizzima



ဆောင်းဦးရာသီ
ယနေ့ ဇူလိုင်လ ၁ ရက်နေ့သည် ကျောက်ဖြူမြို့ ရခိုင့်ကမ်းလွန်မှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ စတင် တင်ပို့သော နေ့ရက်ဖြစ်သည်။ လက်ရှိတွင် တစ်နှစ် ကုဗမီတာ ၅ဒသမ ၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်တစ်နှစ် ကုဗမီတာ ၁၂ ဘီလျံ နှုန်းဖြင့် ပို့ဆောင်သွားမည် ဖြစ်သည်။ ပိုက်လိုင်းဖြတ်သန်းသွားလာရာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း ဒေသ တစ်လျှောက်ရှိ ဆုံးရှုံးသွားသော လယ်မြေဧကပေါင်းများစွာအတွက် ထိုက်သင့်သော လျော်ကြေးများကိုမူ အပြီးသတ် ပေးအပ်ခြင်း မရှိသေးဘဲ သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှုကို စတင်လိုက်ခြင်းဖြစ်သည်။
ပြည်သူလူထုသည် ယခင်နအဖ အစိုးရနှင့် ချုပ်ဆိုခဲ့သော ရွှေဂတ်စ်ထုတ်လုပ်ရေး စာချုပ်စာတမ်းများကို ယနေ့ထိ အလုံးစုံသိရှိခွင့် မရသေးပေ။ ပွင့်လင်းမြင်သာမှု လုံးဝမရှိသော နအဖချုပ်ဆိုခဲ့သော စာချုပ်ထဲက တစ်ခုဖြစ်သည်။ ပိုက်လိုင်းကိစ္စ၏ အဓိက တာဝန်ရှိ ကုမ္ပဏီဖြစ်သော China National Petroleum Corporation (CNPC) ၏ Corporate Social Responsibility (CSR) မှာလည်း အရေမရ အဖတ်မရ သာ ရှိနေသေးသည်။
ထူးခြားမှုတစ်ရပ်မှာ ယနေ့ ဓာတ်ငွေ့မထုတ်ခင တစ်ရက်အလိုတွင် သံတွဲတွင် လူမျိုးရေး၊ ဘာသာရေး သဖွယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်းဖြစ်သည်။ ဓာတ်ငွေ့ထွက်ရှိရာ ဒေသနှင့် မနီးမကမ်းတွင် ယခုကဲသို့ ပုဒ်မ ၁၄၄ ထုတ်သည်အထိ ဖြစ်သွားခြင်းမှာလည်း ပင်မဓာတ်ငွေ့ပိုင်ဆိုင်သူ ဒေသခံရခိုင်ပြည် သူများအား အာရုံပြောင်းလဲခြင်းများလားဟုပင တွေးတောစရာဖြစ်နေပေသည်။ ယင်းရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကြောင့် ဓာတ်ငွေ့ကိစ္စထက် ဘင်္ဂလီအရေးကို အာရုံပြောင်းသွားကြကာ နိုင်ငံတကာတွင် ဘင်္ဂလီများကို လူအများသနားမှု ပိုလာကြပြီး ရခိုင်များမှာ မိစ္ဆာဓိဌိများသဖွယ် နာမည်ပျက်စော်ကားခံရခြင်းသာ အဖတ်တင်ရလေတော့သည်။
မိမိခြံနောက်မှ ဒေါ်လာ ဘီလီလျံရှိ သယံဇာတများ ဆုံးရှုံးရခြင်း၊ ဓာတ်ငွေ့ကိစ္စတွင် လူတစ်ဦး၏ အခြေခံ ပြောရေးဆိုခွင့်များ ယနေ့ထိ ပြည့်ပြည့်၀၀မရှိခြင်း၊ ပြည်သူက ရွေးကောက်တင်မြောက်ထားသော လွှတ်တော်အမတ်များပင်လျှင် ထဲထဲဝင်ဝင် လုပ်ကိုင်နိုင်လောက်အောင် မရှိခြင်း စသည့် Voice မရှိ၊ Choice မရှိ၊ Political Representation မရှိသည့် ဒေသခံပြည်သူများ၏ ဆုံးရှုံးမှုများကို မှတ်တမ်းတင်မှုများမှာ လွန်စွာ အားနည်းနေသေးသည်။ ယုတ်စွအဆုံး ရခိုင်ပြည်သူများပင်လျှင် မိမိဆုံးရှုံးမှုများကို တောင်းဆိုရကောင်းမှန်းမသိအောင် အလွန်ပင် အားနည်းနေသေးကြောင်း တွေ့ရှိရသည်။ မိမိဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ RNDP ၏ တောင်းဆိုချက်ကိုလည်း လက်ရှိအစိုးရမှ လိုက်လျူရှုထားဆဲပင်ဖြစ်သည်။
တနင်္သာရီကမ်းရိုးတန်းမှ သဘာဝဓာတ်ငွေ့ ထွက်နေသည်မှာ ကြာရှိနေပြီ။ သို့သော် ၄င်းဒေသခံများမှာလည်း ယခုထိ မီးပုံမှန် မရကြသေးပေ။ ၀ယ်သူထိုင်းနိုင်ငံမှာ မီးလင်း၍ ပိုင်ရှင်ဒေသခံများမှာ မီးပင် ပုံမှန်မရပဲ မီးတာခကြေးငွေများကိုပင် ပြည်မထက် ၁၀ ဆ (တစ်ယူနစ် ၃၅၀ ကျပ်) ပို၍ ပေးနေကြရသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရှိရသည်။ ၄င်းရရှိငွေများ၏ အသီးအပွင့်များကို ဒေသခံများမှာ ယခုထိ သိသိသာသာ ခံစားခွင့် မရရှိကြသေးပေ။
ပြီးခဲ့သည့်အပတ်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးမှတနင်္သာရီတိုင်းဒေ သကြီးအတွင်း မဂ္ဂ၀ပ် ၅၀၀ ထုတ်လုပ်နိုင်မည ကျောက်မီးသွေးစက်ရုံအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။ နိုင်ငံတကာရှိ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများသည မိမိဒေသမှ ထွက်ရှိသော ကုန်ကြမ်းအပေါ်မူ တည်၍ ထုတ်လုပ်ကြသဖြင့် မိမိဒေသမှ အလျှံပယ်ထွက်ရှိသော သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေးထုတ်မည်ဟု ဆိုခြင်းအား မယုံနိုင်ဖွယ်ပင်။ ကျောက်မီးသွေးဖြင့် ထုတ်လုပ်မှုသည် နောက်ဆုံးပေါ် Clean Coal Technology ရှိလျှင် ယခင်ကထက် ဘေးထွက်ဆိုးကျိုးနေသည်ဟု ဆိုလာကြသော်လည်း သူတို့ပြောသကဲ့သ Clean မဟုတ်ချေ။ Not too bad အဆင့်သာ ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း ၄င်း Clean Coal Technology ကိုပင် လက်လှမ်းမှီမှီ လုပ်ဆောင်မည်လားဆိုသည်ကိုပင် မသေချာသေးပေ။
နိုင်ငံတကာတွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကျောက်မီးသွေး အစား သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်များက ပြောင်းလဲအသုံးပြုလာကြသည်။ အမေရိကန်ပြည်ထောင်စုတွင် မကြာသေးခင်နှစ်များအတွင်း ကျောက်မီးသွေးစက်ရုံများကိုပင် သဘာဝဓာတ်ငွေ့သုံး စက်ရုံများအဖြစ် ပြောင်းလဲ အသုံးပြုလာနေကြပြီဖြစ်သည်။ ဈေးနှုန်းချိုသာ၍ ဘေးထွက်ဆိုးကျိုးများသော နည်းကို သုံးလာကြသည်မှာ Common senseဖြစ်သည်။ လူပြိန်းတောင် နားလည်နိုင်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် နာမည်ကောင်း မရှိသော တရုတ်နိုင်ငံသည် ပင်လျှင် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော စွမ်းအင်ထုတ်လုပ်မှုတွင် ကျောက်မီးသွေးအား သုံးစွဲနေရမှုအတွက် အစားထိုးလောင်စာကို ပြင်ဆင်နေပေပြီ။ယင်း၏ တစိတ်တဒေသအဖြစ် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အပြင် တခြားစွမ်းအင်အရင်းအမြစ်များကို အာမခံထားနိုင်ဖို့ ကြိုးစားလျှက်ရှိခြင်း ဖြစ်သည်။
သို့သော် သဘာဝဓာတ်ငွေ့ထွက်သော ဒေသခံရခိုင်ပြည်သူများမှာမူ တစ်ယူနစ် ၅၀၀ ၀န်းကျင်၊ တနင်္သာရီဒေသခံ များမှာ တစ်ယူနစ် ၃၅၀ ကျပ်နှုန်း ပေးကာ မိအေးနှစ်ခါ မက နာနေကြရသည်။ ဘုရားပုထိုးများမှာ ပြည်သူလူထု လှူမှ မီးလင်းကြရသည်။ ပြည်သူလူထုမှာလည်း မီးပုံမှန်မရကြ၍ အင်တာနတ်ဆိုသည်ကိုပင် ကြားသာကြား၍ မမြင်ဘူးသူများ အလျှံပယ်။ စီးပွားရေးလုပ်င န်းရှင်များမှာလည်း စွမ်းအင်စရိတ်စခ ကြီးမားမှုကြောင့် ကုန်ထုတ်စရိတ်ကြီးမားကာ ဈေးကွက်တွင် ဈေးနှုန်းချိုချိုသာသာ မရောင်းချနိုင်ပဲ ပြည်မကုမ္ပဏီများနှင့် မယှဉ်ပြိုင်နိုင်ကြပေ။ ဖောင်စီးယင်း ရေငတ်သည့်အပြင် ဖောင်ကလေးကိုပင် ယှက်ကာ ယှက်ကာနှင့် အားအင်နည်းပါးစွာ လှော်နေကြရရှာပြီ။ Choice မရှိ၊ Voice မရှိ Equality မရှိသည့် ဘ၀တွင် ဆက်လက်ပတ်ရှာလည်နပန်းလုံးနေကြရအုံးမည်ပင် ဖြစ်သည်။
Kyaw H Aung

၂၃ ဒေါ်လာဖြင့် ရောင်းစားခံရသော မိန်းမ

The Voice

သူမအမည်က ‘ခင်’ ဖြစ်သည်။ ပထမဦးဆုံး ယောက်ျား အရက်သမားက စွန့်ပစ်ခြင်း ခံခဲ့ရသည်။ နောက်တစ်ယောက် ထပ်ယူပြန်တော့လည်း ညှဉ်းပန်း နှိပ်စက်တတ်သည့် အရက်သမား ဖြစ်နေပြန်သည်။ ထိုအချိန်တွင် အိမ်နီးချင်းတစ်ဦးက သူမကို အလုပ်လာပြီး ကမ်းလှမ်းသည်။

ခင့်အသက်က ၃၃ နှစ်သာ ရှိသေးသည်။ မူလတန်း ပြီးအောင်ပင် ပညာမသင်ကြားခဲ့ရသဖြင့် အတွေးအမြင်ကလည်း မြင့်မားလှသည် မဟုတ်။ မူဆယ်မြို့တွင် အိမ်ဖော် လုပ်ရမည်ဟူသည့် ကမ်းလှမ်းချက်ကို စွန့်စားပြီး လက်ခံလိုက်သည်။

သို့ဖြင့် အရက်သမား ခင်ပွန်းနှင့် မန္တလေးကို စွန့်ပြီး သမီးလေးကို ခေါ်ကာ အိမ်နီးချင်းနှင့်အတူ မူဆယ်သို့ သူတို့ထွက်ခဲ့ကြသည်။ နောက်တစ်ရက် မနက်တွင် သူမ ယာယီနိုင်ငံကူးလက်မှတ် တစ်စောင်ကို ရခဲ့သည်။ ထိုလက်မှတ်က သူ့အတွက် ထူးဆန်းနေသည်။ မကြာမီ သူတို့ကို တရုတ်နယ်စပ်သို့ ခေါ်သွားသည်။ သူမကို ခေါ်လာသည့်သူအား တရုတ်တစ်ယောက်က ငွေ ၂၀,၀၀၀ ကျပ် ပေးနေသည်ကို တွေ့လိုက်ရသည်။

ကျွန်မက ခင့်ကို ရောင်းစားလိုက်ခြင်းကို သိပါသလားဟု မေးလိုက်သည်။ သူမက “သိတော့သိတယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး” ဟုပြန်ပြောသည်။ ခင်က ကျွန်မကို စကားပြန်ကတစ်ဆင့် ဖုန်းဖြင့် ပြန်ပြော ပြနေခြင်း ဖြစ်သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က လူကုန်ကူးခြင်းသည် အလုပ်အကိုင်များကို အမှားပြောပြီး ဆွယ်တရားဟော စည်းရုံးကာ နောက်ဆုံးတွင် လိင်ကျွန် သို့မဟုတ် အခိုင်းအစေများ ဘဝဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ပြောကြားထားသည်။

World Vision မှ လူကုန်ကူးမှု ကျွမ်းကျင်ပညာရှင် မယ်လီဆာစတီးဝပ်က“ပရမ်းပတာရာဇဝတ်မှု” ဟု လူကုန်ကူးမှုကို အမည်တပ်ထားသည်။ လူကုန်ကူးခြင်း ဆိုသည်မှာ စွန့်စားလုပ်ဆောင်ရသည့် တရားမဝင် လုပ်ငန်းတစ်ခု ဖြစ်ပြီး တိတ်တိတ်ပုန်း လုပ်ဆောင်လေ့ ရှိသောကြောင့် လူမသိသူမသိ ကိစ္စများ ဖြစ်သွားရခြင်းက များသည်။ လိင်ကုန်ကူးမှုမျိုး တွင်လည်း အခြားရာဇဝတ်မှု များကဲ့သို့ အုပ်စုဖွဲ့ ကျူးလွန်ခြင်း မဟုတ်သည့်အတွက် တိတ်တဆိတ် လုပ်ဆောင်လေ့ ရှိသောကြောင့် လက်သည်မပေါ်သည်က များသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၁၇၇ မှုသာ ရှိကြောင်း အမေရိကန်အစိုးရ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာအရ သိရသည်။ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု၏ ၆၉ ရာခိုင်နှုန်းသည် အမျိုးသမီးများကို တရုတ်ပြည်တွင် အတင်းအဓမ္မ လက်ထပ်ရန် ခိုင်းစေမှုများ ဖြစ်ကြောင်းလည်း တွေ့ရသည်။ တရုတ်ပြည် ပြည်သူ့လုံခြုံရေးနှင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးကလည်း နိုင်ငံခြားမှ အမျိုးသမီးများကို တရုတ်ပြည် အတွင်းသို့ တင်ပို့ခြင်းမှာ မြင့်မားနေကြောင်း ပြောကြားချက်က သက်သေခံနေသည်။

တစ်နာရီခွဲလောက် ဘတ်စ်ကား မောင်းလာပြီးနောက် တရုတ်ပိုင်နက် အတွင်းသို့ ခင်တို့ ရောက်လာကြသည်။ ဘယ်ရောက်၍ ဘယ်ပေါက်မှန်းမသိ၊ တည်းခိုခန်းတစ်ခုသို့ ရောက်သောအခါ သူမကို တရုတ်ငွေ ၂၀၀၀ ဖြင့် ထပ်မံရောင်းချခဲ့ပြန်သည်။ ထိုတည်းခိုခန်းတွင် သူမကို ညနေခင်းတိုင်း လူတွေလာကြည့်ကြမှ နည်းနည်း သဘောပေါက်လာသည်။ ခင်က “သူတို့က ကျွန်မကို တိရစ္ဆာန် တစ်ကောင်လို ဆက်ဆံကြတယ်” ဟုဆိုသည်။ အမျိုးသမီးပွဲစားက သူမကို မျက်စိအောက်က အပျောက်မခံတော့။ သူတို့ကိုအာခံလျှင် ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ကြသည်။
နောက်ဆုံးတွင် ခင့်ကို တရုတ်ပြည် ရှန်ဒေါင်းနယ် ပွဲစားတစ်ယောက်ထံ လွှဲပြောင်း ပေးလိုက်ပြန်သည်။ ထို ခုနစ်ရက်ခရီးကို မထွက်မီ သူမသမီးလေးကို သူမနှင့် ခွဲထားလိုက်သည်။

“သူတို့က ကလေးကိုခေါ်သွားရင် ကျွန်မကို ရောင်းစားလို့ မရတော့ဘူးလို့ ပြောကြတယ်။ သူတို့က သမီးလေးကို မန္တလေးကို ပြန်ပို့ပေးမယ်လို့ ပြောကြတယ်” ဟု ခင်က ပြန်ပြောပြသည်။ သူမတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် မန္တလေးလိပ်စာကို သူတို့အား ရေးပေးလိုက်သည်။ စိတ်နှလုံး ကြေကွဲစွာဖြင့် သမီးလေးကို ထားခဲ့ရသည်။
တစ်လလောက် ခင်တစ်ယောက် မစားနိုင်မသောက်နိုင် ဖြစ်သွားခဲ့သည်။“ရူးမတတ် ခံစားရတယ်။ ကျွန်မမှာ အားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်” ဟု သူမကဆိုသည်။ ရှန်ဒေါင်းက ပွဲစားသည် တစ်လခန့် အကြာတွင် လူတစ်ယောက်ကို ခေါ်လာသည်။ ထိုသူက အရပ်ပုပု၊ အသားအရေက ဖြူဖြူ ဖြစ်သည်။ သူမကို သူနှင့် လက်ထပ်မည်လားဟု မေးမြန်းခြင်း ခံရသည်။ လက်ရှိ အနေအထားတွင် ထောင်ချသလို အထားခံရခြင်းထက် လက်ထပ်လိုက်ရတာမှ ကောင်းသေးသည်ဟု ထိုတည်းခိုခန်းတွင် ရောက်နေသည့် အခြား အမျိုးသမီးတစ်ဦးက တိုက်တွန်းသည်။

ခင်သည် မကြာမီ ယောက်ျားရသွားသည်။ သူ့အမည်က ကျင်ဇီဂျန်း ဖြစ်သည်။ အသက် ၂၀ ခန့်ရှိပြီး စက်ရုံအလုပ်သမား တစ်ယောက်လည်း ဖြစ်သည်။ တိုင်းပြည် အတွင်းရှိ မှောင်ခိုဈေးကွက်နှင့် နိုင်ငံခြား သတို့သမီး ရှာဖွေရေးကတစ်ဆင့် သူကခင့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်တွင် ယောက်ျားလေး ၁၀၈ ဦးမွေးတိုင်း မိန်းကလေး ၁၀၀ နှုန်း ဖြစ်နေသဖြင့် ယောက်ျားနှင့် မိန်းမအချိုး မမျှတမှု ရှိနေသည်။ ထို့ပြင် တရုတ်ပြည်တွင် မိသားစုတစ်စု ကလေးတစ်ယောက်နှုန်းသာ ယူရသဖြင့် မိန်းကလေး ရှားပါးမှုကို မကုစားနိုင်ဘဲ ဖြစ်နေခဲ့သည်မှာ ကာလကြာခဲ့ပြီ ဖြစ်သည်။
တရုတ် ယောက်ျားလေးတိုင်း၏ အိပ်မက်တွင် အိမ်ထောင်ပြုလိုကြသည်။ နေစရာအိမ်၊ ကားနှင့် လစာ ကောင်းသည့် အလုပ်အကိုင်များ ရှိလိုကြခြင်းမှာ အမြင့်ဆုံး ဖြစ်သည်။ တရုတ်ရိုးရာ အရလည်း ထိမ်းမြားလက်ထပ်ခြင်းနှင့် သားသမီးများ ယူခြင်းသည် ဘဝအထွတ်အထိပ် ဖြစ်သည်။
ပထမတစ်ပတ်တွင် သူမရောက်နေသည့် အိမ်သစ်မှာ ပျင်းစရာ ကောင်းလှသည်။ သူတို့ဘာသာစကား ကို မတတ်သဖြင့် ပိုဆိုးသည်။ သို့သော် သူတို့စကား အနည်းငယ်ကို မကြာမီ လေ့ကျက်မိလာသည်။ ဇီဂျန်းကလည်း သူမကို မိသားစု ယာမြေအတွင်း မည်သို့လုပ်ဆောင်ရမည်ကို ပြသပေးသည်။ ထိုယာထဲတွင် ခင်သည် ပြောင်းနှင့် ဆန်စပါးများကို စိုက်ပျိုးရသည်။ သူမချက်ပြုတ်သည့် မြန်မာဟင်းကို တရုတ်က မစားတတ်သဖြင့် သူမတစ်ဦးတည်းသာ ညစာကိုစားရသည်။ သူက မိဘအိမ်တွင် စားလာသည်က များသည်။


ဇီဂျန်းသည် သဘောကောင်းပြီး ကြင်နာတတ်ကာ သူမကို အလိုလိုက်သော်လည်း စိတ်ပျက်လာသည်။ သူမစိတ်ထဲတွင် အိမ်သို့သာ ပြန်လိုသည်။ တရုတ်ပြည်တွင် ခြောက်နှစ် ကြာနေပြီးနောက် အိမ်သို့ ပြန်လည်ရန်လည်း မပြောရဲသဖြင့် ထွက်ပြေးရန်သာ စိတ်ထဲတွင် အမြဲရှိနေသည်။
သူမနေထိုင်သည့် ကျေးရွာအနီး ဈေးထဲတွင် မြန်မာအမျိုးသမီး ခြောက်ဦးနှင့် သိကျွမ်းပြီး တစ်ယောက် အိမ်တစ်ယောက် လည်ပတ်ခဲ့ကြသည်။ ခင်က ဤနေရာတွင် အသက်ရှင် ရပ်တည်ရန် ရုန်းကန် နေထိုင်ရခြင်းထက် မြန်မာနိုင်ငံတွင် နေထိုင်လျှင် ကောင်းမည်ကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ သူတို့ထွက်ပြေးရန် တိုင်ပင်ကြရာ တစ်ယောက်သာ သူမနှင့် အတူလိုက်မည်ဟု ပြောဆိုခဲ့သည်။
NGO တွင် အလုပ်လုပ်နေသူတစ်ဦး၏ ပြောကြားချက်အရ တရုတ်ပြည် အတွင်းသို့ ထွက်ပြေးလာကြသည့် အမျိုးသမီးများတွင် လွတ်လမ်း နှစ်လမ်းသာရှိသည်။ ကိုယ်တိုင် ထွက်ပြေး၍ ကံကောင်းပြီး လွတ်ချင်လည်း လွတ်နိုင်မည်၊ သို့မဟုတ် အဖမ်းခံပြီး နိုင်ငံအတွင်းက နှင်ထုတ်ခြင်းခံသည့် နည်းလမ်းများ ဖြစ်သည်။


ခင်တစ်ယောက် တရုတ်ပြည်မှ ထွက်ပြေးရန် ကြိုးစားစဉ်တွင် သူမတွင် တရုတ်နှင့် ရထားသော အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက် ရနေပြီ ဖြစ်သည်။ ကလေးအမည်ကို လုံးထွေးဟု ပေးထားသည်။ တစ်ရက် နေ့လယ်ခင်းအချိန် တရုတ်ယောက်ျား အလုပ်သွားချိန်၌ သူမတိတ်တဆိတ် ခိုးစုထားသည့် တရုတ်ငွေ ၅၀၀၀ ကိုယူပြီး သားကိုခေါ်ကာ အိမ်မှ ထွက်ပြေးခဲ့သည်။
ရထားတစ်တန်၊ ကားတစ်လှည့်ဖြင့် တရုတ်ပြည်ကို ဖြတ်ကျော်ခဲ့ရသော ခုနစ်ရက်ခရီးသည် သူမ အတွက် ပင်ပန်းခက်ခဲလှသည်။ နောက်ဆုံး တရုတ်-မြန်မာနယ်စပ်သို့ ရောက်လာခဲ့သည်။ သူမမွေးရပ်မြေသို့ ပြန်ရောက်ပြီး သူ့ကိုသေပြီဟု ထင်ထားခဲ့သော ဆွေးမျိုးများကလည်း ပြန်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြသည်။ အချို့ဆိုလျှင် သူမကို မှတ်တောင် မမှတ်မိကြတော့ပေ။
World Vision တွင် တာဝန်ထမ်းဆောင်နေသော NGO တစ်ယောက်၏ ထောက်ပံ့ကြေးဖြင့် ခင် တစ်ယောက် အဝတ်အစားနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ ရပ်တည်နေခဲ့သည်။ မယ်လီဆာစတီးဝပ်ကလည်း တစ်ကြိမ် လူကုန်ကူးမှု ခံရပြီးသည့် အမျိုးသမီးများသည် နောက်တစ်ကြိမ် ပြန်ပြီး ခံရဖွယ်ရှိသဖြင့် သူတို့ကို ဝင်ငွေတစ်ခုခု ရရှိသည့် အလုပ်များ စီစဉ်ပေးခြင်း ကသာ အဖြေဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ ဦးတည်ချက်က လူတွေကို လုံခြုံစိတ်ချရတဲ့ ဘဝရောက်စေဖို့ပဲ။ သူတို့ဘဝကို သူတို့ရွေးချယ်ပြီး လုပ်ကိုင်စားသောက်ခွင့်တွေ ပေးရမယ်။ သူတို့ကို ဥပဒေအရ အရေးယူပြီး ထောင်ချမယ် ဆိုရင်လည်း သူတို့ဘဝ ကောင်းသွားမှာမှ မဟုတ်တာ” ဟု စတီးဝပ်က ပြောကြားသည်။
“ကျွန်မတို့က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာပေးတယ်။ သူတို့နောက်တစ်ခါ ဒါမျိုး ထပ်မလုပ်ဖို့ လိုတယ်။ ဖမ်းလိုက်၊ လွှတ်လိုက်၊ ထပ်လုပ်လိုက်ဆိုရင် ဆုံးနိုင်တော့မှာ မဟုတ်ဘူး” ဟု သူမက ဆက်ပြောသည်။

တရားစွဲပြီး သူတို့ကို အပြစ်ပေးလိုက်ခြင်းသည် သူတို့ကို အပြစ်ရှိသလို ခံစားစေနိုင်ပြီး ပို၍ဆိုးသွားစေ နိုင်သည်။ သူတို့ဘဝအတွက် အစိုးရကလည်း ခိုနားစရာ နေရာများနှင့် ပြုပြင် ပြောင်းလဲမှုများကို လုပ်ကိုင်ခွင့် ပေးရန်လိုသည်။ အမေရိကန်အစိုးရ အစီရင်ခံစာအရ မြန်မာအစိုးရကလည်း ထိုသို့လူကုန်ကူးခံရပြီး လွတ်မြောက်လာသူများကို ဆေးဝါးများ ကုသပေးခြင်း၊ စိတ်ဓာတ် မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေး အကြံပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ခင်နှင့် သူ့သားလေး လုံးထွေးတို့သည် ယခုအခါ အခြေအနေ ကောင်းနေပြီ ဖြစ်သည်။ ကျွန်မက ခင့်ကို သူ့သမီးလေးနှင့် ပြန်မတွေ့ချင်ဘူးလားဟု မေးလိုက်သည်။ ခင့်မျက်လုံးက မျက်ရည်များ ကျလာသည်။ ယခု အသက် ၄၅ နှစ်ရှိနေပြီ ဖြစ်သော ခင်က နောက်တစ်ကြိမ် လူကုန်ကူးမှု မခံရရေးအတွက် ကတိပေးလိုက်သည်။ သူမသမီးလေးကို နောက်ဆုံး တွေ့လိုက်ရသည့် တရုတ် တည်းခိုခန်းမှ အဖြစ်အပျက်ကို သူမ မမေ့သေးကြောင်း ဆိုသည်။

“သမီးလေး ခုဆိုရင် ဘယ်ရောက်နေပြီလဲဆိုတာ မပြောတတ်တော့ပါဘူးရှင်” ဟု ခင်က လွမ်းဆွေးစွာ ပြောလိုက်သည်။

This Women was sold for $23, by Monica Tan
(http://www.dailylife.com.au/news-and-views/news-features/this-woman-was-sold-for-23-20130625-2otxi.html)

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေ




သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ေ ကျာင်းသားနှင့် ကျောင်းသူနှစ် ဦးစာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင်ကို မသမာသူများကအင်တာနက်မှ လွှင့်တင် လိုက်ရာ ဂျာနယ်စာမျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်းချ လာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူတစ်ဦးက ပြောကြားရာတွင် ““အင်းယားလမ်းမီးပွိုင့် နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC အခွေတွေပြပြီး လူငယ်တွေလိုက်ရောင်းနေတယ်။

ဒါဟာမလုပ်သင့်တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှ မပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်း စာနာသင့်ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ်ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင်တောင်တားမြစ်သင့်သလို၊ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်။

ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်းတာဖြစ်ပေမဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ ရပါတယ်။ ထဘီနက်ပြာဝတ်တဲ့ ကျောင်းသူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရတော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။

အဲဒါကြောင့်အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေကို ဖမ်းဆီးအရေးယူ သင့်ပါတယ်”” ဟု ပြောကြားသွား ခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ် တစ်စောင်၌ ဖော်ပြခဲ့ရာ GTC ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ်အနေဖြင့် တောင်းပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆိုထားကြောင်းလည်း သိရသည်။

Hot News Journal

ရန်ကုန်တိုင်းအစိုးရ အခြေခံဥပဒေ လေးစားလိုက်နာရေး ထိန်းညှိပေးရန် သမ္မတနှင့်လွှတ်တော်များထံ တိုင်ကြား



The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးစား လိုက်နာရေးအတွက် ထိန်းညှိပေးရန် မ.ထ.သ ယာဉ်ပိုင်ရှင်များက ဇူလိုင်လ ပထမပတ်က သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံသို့ တိုင်ကြားထားကြောင်း ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောကြား သည်။

မထသ (မြို့တွင်း) ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို ယာဉ်ပိုင်ရှင်များက ငွေကြေး ရလိုမှုဖြင့် တရားစွဲဆိုထားသည့် ကိစ္စများ၊ ဝန်ထမ်းများက လစာ တိုးတောင်း သည့် ကိစ္စများ၊ ဦးတင်ထွဋ်ကို ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စေရန် တောင်းဆို သည့် ကိစ္စများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၃၄၈) နှင့် မညီညွတ်ကြောင်း တိုင်ကြားစာများကို ပေးပို့ ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မထသ (မြို့တွင်း) ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို ရာထူးမှ နုတ်ထွက်ပေးရန်နှင့် မထသ ဝန်ထမ်းများကို အစိုးရ ဝန်ထမ်းများကဲ့သို့ လစာ နှစ်သောင်း တိုးပေးရန် မထသ (မြို့တွင်း) ဝန်ထမ်းများက တောင်းဆိုသော် လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆိုပါ ဥက္ကဋ္ဌကို စာချုပ် ပြင် ဆင်ခြင်း၊ ငွေကြေး ယူလိုခြင်းများဖြင့် တရားစွဲဆိုထားပြီး ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံ အဆိုပါ ကိစ္စရပ်များကို တင်ထားသော်လည်း ဆောင် ရွက်ပေးခြင်း မရှိကြောင်း ဦးကိုကိုနိုင်က ဆိုသည်။

“ကျွန်တော်တို့ မထသ ဝန်ထမ်းတွေက အစိုးရ ဝန်ထမ်းတွေလိုပဲ အလုပ် လုပ်ရတာ။ အဲ့ဒါကြောင့် လစာ တိုးပေးဖို့ မထသ ဗဟိုနဲ့ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ကို တင်ထားတာ” ဟု မထသ သယ်ယူ ပို့ဆောင်ရေး မြို့နယ် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောကြားသည်။

ပုဒ်မ ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုး သမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အဓိပ္ပာယ် ဖွင့်ဆိုသည်။

“မထသ ကော်မတီကို ပြန်ဖွဲ့စည်းဖို့ ဥက္ကဋ္ဌ ပြန်ရွေးဖို့တော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက မထသ (ဗဟို) က လုပ်ပေးမှာပါ။ ဝန်ကြီးချုပ်ကတော့ ဘယ်ရွေးပေးမှာလဲ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ အမျိုးသား လွှတ်တော်နှင့် နိုင်ငံတော် သမ္မတထံ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ပြည်သူများ အကြည်ညို ပျက်လာနိုင်စေသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးစား လိုက်နာရေး ထိန်းညှိပေးရန် စာတင် ထားကြောင်းနှင့် နိုင်ငံရေး ပါတီများကိုလည်း မိတ္တူ ပို့ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖေ့ဘွတ်ညီလာခံမှနိုင်ငံတော်သမ္မတြ­ကီးထံအစီရင်ခံစာ


ဆိတ်ပါးစပ် နတ်မျက်စိ

နိုင်ငံတော်သမ္မတြ­ကီးခင်ဗျား
တလောကဝန်ကြီးတွေအပြောင်းအရွှေ့သတင်းနဲ့ပါတ်သက်ပြီးတစ်ခုလောက်တင်ပြချင်ပါသေးတယ်။စွမ်းအင်ဝန်ကြီးဦးသန်ဌေးကိုရထားပို့ ဆောင်ရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့လိုက်တဲ့ကိစ္စပါ။စွမ်းအင်ဝန်ကြီးဦးသန်းဌေးမဟုတ်တာတွေလုပ်တာကိုသမ္မတကြီးသိသွားလို့ နေရာရွှေ့ပေးလိုက်တာတတိုင်းတပြည်လုံးသိနေကြပါတယ်။တကယ်ပဲသမ္မတကြီးကအသေးစိပ်သိခဲ့တာလား၊အပေါ်ယံလောက်ပဲသိတာလားလို့ မေးချင်ပါတယ်။
(၁)ကရေနံလုပ်ကွက်တွေနဲ့ပါတ်သက်ပြီးဝန်ကြီးဦးသန်းဌေးတယောက်ပွင့် လင်းမြင်သာမှုမရှိပဲ၊တိုင်းရင်းသားတွေပါတဲ့ကုမ္မဏီတိုင်းကိုလုပ်ပိုင်ခွင့် အခွင့် အရေးတွေမျှမျှတတမပေးပဲ၊စာချုပ်ရပ်ချင်တဲ့ကုမ္မဏီကိုရပ်ပစ်ြ­ပီး၊သူပေးချင်တဲ့ ကုမ္မဏီတွေ( ဥပမာ MPRL Co တို့  ESSAR Co တို့ ) ကိုသက်တမ်းတိုးခွင့် တွေတိုးတိုးတိတ်တိတ်ပေးခြဲ့­ပီးကုမ္မဏီတွေဆီကရတဲ့ လာဘ်ငွေ ကျပ်သိန်းပေါင်းသောင်းဂဏန်းလောက်အိပ်ထဲထဲ့သွားတာသမ္မတြ­ကီးသိပါသလား။
(၂). က PSC စာချုပ်မှာ၊စွမ်းအင်ဝန်ြ­ကီးဌာနနဲ့စာချုပ်ချုပ်ခဲ့တဲ့ကုမ္မဏီတိုင်းကပေးသွင်းခဲ့ရတဲ့ Traing Fund တွေ( စွမ်းအင်ကလာတွဲတဲ့ဝန်ထမ်းတွေအတွက် လေ့ ကျင့် သင်ြ­ကားပေးဖို့ အသုံးစရိတ်တွေကို ဝန်ထမ်းတွေကို လေ့ ကျင့် သင်ြ­ကားပေးတဲ့နေရာမှာ Traing Fund အြ­ဖစ်မသုံးစွဲဘဲ)ဘယ်နေရာတွေမှာဝန်ြ­ကီးကအသုံးချနေလဲ၊ နိုင်ငံတော်ရဲ့ ငွေစာရင်းအကောင့် ( MFTB Bank Account )ထဲမရောက်ပဲ ဘယ်ငွေစာရင်းအကောင့် ထဲကို ရောက်သွာြး­ပီးအလွဲသုံးစားမှုတွေလုပ်ခဲ့တယ်ဆိုတာကိုကော သမ္မတြ­ကီးသိပါသလား။( သန်းရြွေ­ကီးလုံးဝမသိခဲ့ပဲခံခဲ့ရတဲ့လုပ်စားကွက်ကို လွန်းသီကစထွင်ပြီးစားသွားခဲ့တာ။အခုသန်းဌေးကလည်းသမ္မတြ­ကီးကိုသတင်းမပို့ မတင်ြ­ပပဲဆက်မှိန်ြး­ပီးစားခဲ့တာ။ဝန်ထမ်းတွေအရည်အချင်းတိုးတက်ဖို့ လေ့ ကျင့် သင်ြ­ကားတဲ့နေရာမှာသုံးရင်မြေ­ပာပါဘူး။ြ­ပီးတော့ နိုင်ငံတော်ငွေစာရင်း( MFTB Account )ထဲသွင်းလို့ နိုင်ငံတော်ကရသွားရင်လည်းမြေ­ပာပါဘူး။အခုဟြာ­ကီးက နိုင်ငံတော်ငွေစာရင်း( MFTB Bank Account )ထဲမထည့် နဲ့၊ဘယ်အကောင့် ထဲကိုထည့် ပေးပါလို့ြေ­ပြာ­ပီး/သူတို့ ရဲ့ဘတ်ငွေ ဘုံးငွေအကောင့် ထဲထဲ့ခိုင်ြး­ပီး ဝန်ြ­ကီး၊ဒုဝန်ြ­ကီး၊MD/DG တို့ ၎ ယောက်နိုင်ငြံ­ခားသွားတဲ့အချိန်သုံးနြေ­ကတဲ့စရိတ်ြ­ဖစ်သွားတာကိုကောသမ္မတြ­ကီးသိထားပါသလား)မယုံလျှင်အသေးစိတ် အထောက်အထားနဲ့တကွထုတ်ြ­ပဖို့ အဆင် သင့် ရှိပြါေ­ကာင်းတင်ြ­ပလိုက်ပါတယ်။
(၃) က နိုင်ငံတကာအစိုးရများရဲ့စွမ်းအင်ကဏ္ဍမှာကျင့် သုံးနေတဲ့မူဝါဒတွေမှာတွေ့ရတာက-
(က). နိုင်ငြံ­ခားမှကုမ္မဏီများသူတို့ နိုင်ငံမှာလုပ်ကွက်လာယူပါက သူတို့ နိုင်ငံရြဲ့­ပည်တွင်းကုမ္မဏီတခုခုကိုမြ­ဖစ်မနေပါဝင်ခိုင်းလေ့ ရှိပါတယ်။
(ခ) ကျနော်တို့ြ­မန်မာနိုင်ငံမှာတော့ြ­ပည်တွင်းကုမ္မဏီတွေဟာပိုက်ဆံမရှိဘူး၊အတွေ့အြ­ကုံမရှိဘူးဆြို­ပီး( နိုင်ငြံ­ခားသားကမြေ­ပာရဘဲဝန်ြ­ကီးကပြဲေ­ပြာ­ပီး)
ြ­ပည်တွင်းကုမ္မဏီတွေကိုလုံးဝပါဝင်ခွင့်မပေးပဲ၊နိုင်ငြံ­ခားကုမ္မဏီတွေကိုပဲလုပ်ပိုင်ခွင့် ၁၀၀% ပေးနေပါတယ်။
(၄) ကသမ္မတြ­ကီးကိုမေးချင်ပါတယ် အဲဒီလုပ်ကွက်တွေကရေနံထွက်လာတဲ့အချိန်ကျရင်သမ္မတြ­ကီးမှ ကိုယ့်နိုင်ငံကထွက်လာတဲ့သံယံဇာတကိုနိုင်ငြံ­ခားသားတွေကပဲရာနှုံြး­ပည့် ပိုင်သွားတာကြို­မင်ချင်တာလား၊ကိုယ့် နိုင်ငံသားတွေကော နိုင်ငြံ­ခားသားတွေနဲ့တြွဲ­ပီးပိုင်တာကြို­မင်ချင်တာလားလို့ မေးပါရစေ။သမ္မတြ­ကီြး­ပန်စစ်ဆေြး­ကည့် ပါလို့ြေ­ပာချင်ပါတယ်။

နိုင်ငံတော်သမ္မတြ­ကီးခင်ဗျား
အြ­ဖစ် ACE ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေြး­ကီးဦးတင့် ဆန်းက၊ြ­ပည်ထောင်စုဝန်ြ­ကီး( အားကစား )ဦးတင့် ဆန်းထံသို့ MS နဲ့တင်ြ­ပတောင်းခံခြဲ့­ပီး၊ြ­ပည်ထောင်စုဝန်ြ­ကီး( အားကစား )ဦးတင့် ဆန်းက၊ ACE ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေြး­ကီးဦးတင့် ဆန်းတောင်းခံခဲ့တဲ့ငွေစာရင်းတွေထုတ်ပေးလိုက်တဲ့ကိစ္စ၊အားကစားဝန်ြ­ကီးဦးတင့် ဆန်းရဲ့အကျင့် ပျက်ြ­ခစားမှု၊လာဘ်စားမှု၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်းမဆောင်ရွက်တဲ့ကိစ္စတွေကို၂၄/၁/၂၀၁၃ ရက်နေ့ ကဖေါ်ထုတ်တင်ြ­ပခဲ့တဲ့အပေါ်သမ္မတြ­ကီးကခုံရုံးဖွဲ့စစ်ဆေးခဲ့ြေ­ကာင်ြး­ကားသိရပါတယ်။သမ္မတြ­ကီးကိုကျေးဇူးလည်းတင်ပါတယ်။
အဲဒီကိစ္စနဲ့ပါတ်သက်ြ­ပီြး­ဖစ်ပျက်သွားခဲ့တဲ့ကိစ္စလေးအချို့၊သမ္မတြ­ကီးမသိနိုင်သေးတဲ့အချို့အချက်လေးတွေကိုထပ်မြံ­ဖည့် စွက်တင်ြ­ပပါဦးမည်ခင်ဗျား-
( ၁ ) သမ္မတြ­ကီးက ဦးဝင်းရှိန် ဥက္ကဌ၊ အဖွဲ့ဝင်ဦးသောင်းထိုက်နဲ့ဦးကံချွန်တို့ ကိုအဖွဲ့ဖွြဲ့­ပီးစစ်ဆေးဖို့ အစိုးရအဖွဲ့အမိန့် ညွှန်ြ­ကားချက်ထုတ်ြ­ပီြး­ပီးချင်းမှာပဲ၊နြေ­ပည်တော်ကောင်စီဥက္ကဌ၊သမ္မတရုံးဝန်ြ­ကီး(၁)ဦးသိန်းညွန့် တစ်ယောက်အစိုးရအဖွဲ့ရုံးထဲကိုဒေါနဲ့မောနဲ့ရောက်ချလြာ­ပီး"ြ­ပည်ထောင်စုဝန်ြ­ကီးတစ်ယောက်ကိုဒီလိုအင်တာနက်ပေါ်ကသတင်းတခုနဲ့ခုံးဖွြဲ့­ပီးစစ်ရသလား၊မင်းတို့ တွေသမ္မတအနားမှာနြေ­ပီးသမ္မတြ­ကီးကိုမတာြး­ကဘူးလား၊ဒီလိုတွေလုပ်နေရင်ငါတို့ြ­ပည်ထောင်စုဝန်ြ­ကီးတွေတစ်ယောက်မှကျန်မှာမဟုတ်တော့ ဘူး" ဆြို­ပီးအော်ြ­ကီးဟစ်ကျယ်နဲ့ဝုန်းဒိုင်းတွေကျဲ၊ြ­ကိမ်းမောင်းပါတော့ တယ်။အဲဒီအချိန်မှာအလွန်ပါးနပ်တဲ့ညွှနချုပ်ြ­ကီးဇော်သန်းသင်းကဝန်ြ­ကီးခင်ဗျားခနလေးထိုင်ပါအုံးဆြို­ပီးအွန်လိုင်းကပရင့်ထုတ်ထားစာပေါ်မှာသမ္မတြ­ကီးရဲ့လက်ရေးနဲ့ရေးထာြး­ပီးအဖွဲ့ဖွြဲ့­ပီးစစ်ခိုင်းတဲ့သမ္မတြ­ကီးရဲ့မှတ်ချက်နဲ့လက်မှတ်ကြို­ပြ­ပီးတော့ ဝန်ြ­ကီြး­ကည့် ပါအုံးဆိုတော့ မှနြေ­ပည်တော်ကောင်စီဥက္ကဌ၊သမ္မတရုံးဝန်ြ­ကီး(၁)အစိုးရအဖွဲ့ရုံးခန်းထဲကနေအသံတိတ်၊အြ­မီးလေးကုတ်ြ­ပီြး­ပန်ထွက်သွာြးေ­ကာင်းဆိုတဲ့သတင်းကတစ်ခုပါ။
(၂) နောက်သတင်းတစ်ခုက အားကစားဝန်ြ­ကီးဦးတင့် ဆန်းကိုခုံရုံးဖွြဲ့­ပီးစစ်နေချိန်၊စစ်တဲ့နေ့ တိုင်း၊နြေ­ပည်တော်ကောင်စီဥက္ကဌြ­ကီး၊သမ္မတရုံးဝန်ြ­ကီး(၁)ဦးသိန်းညွန့် ကသူ့ အောက်ကနေပည်တော်ကောင်စီအဖွဲ့ဝင်ြ­ဖစ်နေတဲ့ဦးကံချွန်ကိုသူ့ အခန်းထဲခေါ်ခေါ်ြ­ပီးတော့ မသွားဖို့ အမိန့် နေတြိ­င်းပေြး­ပီြး­ပဿနာရှာခဲ့ြေ­ကာင်း၊ဦးကံချွန်မှလည်းဦးသန်းညွန့် နဲ့အြေ­ခအတင်စကားမျာြး­ပီးအစိုးရအဖွဲ့ရဲ့အမိန်စာပါညွှန်ြ­ကားချက်အတိုင်းခုံရုံးကိုအခက်အခြဲ­ကားထဲကသွားခဲ့ရတယ်ဆိုတဲ့သတင်းပါ။
(၃). နောက်သတင်းတစ်ခုကတော့ သမ္မတြ­ကီးရဲ့မှတ်ချက်အရ၊အစိုးရအဖွဲ့ရုံးကထုတ်ြ­ပန်လိုက်တြဲ့­ပည်ထောင်စုအားကစားဝန်ြ­ကီးဦးတင့် ဆန်းကိုခုံရုံးဖွြဲ့­ပီးစစ်ဖို့ အမိန့် ထွက်လာကတည်းက အားကစားဝန်ြ­ကီးရဲ့ရုံးတရုံးလုံး နေ့ ကောညကောအိမ်မြ­ပန်ရ၊ရုံးမဆင်းရတော့ ပဲဦးတင့်ဆန်းခိုင်းတဲ့Make up စာရင်းဇယားအတုများ၊စည်းဝေးမှတ်တမ်းအတုများ၊Back Date မျာြး­ဖစ်အားလုံးအားလုံးသောစာရွက်စာတမ်းအတုများကိုလုပ်ြ­ကြံ­ပုစြု­ပီး ၁၀၀%နီးပါအစစ်ဆေးခံသွားခဲ့တယ်ဆိုတဲ့သတင်းကတစ်ခုပါ။

နိုင်ငံတော်သမတြ­ကီးခင်ဗျား

သတင်းမှားရင်သုံးသပ်တာတွေမှာြး­ပီးဆုံြး­ဖတ်တာတွေပါတလြွဲ­ဖစ်ကုန်ပါတော့ မယ်။ြ­ပြု­ပင်ြေ­ပာင်းလဲရေးတွေလုပ်ြ­ပီးရှေ့သို့ ချီတက်နေတဲ့သမ္မတြ­ကီးကိုဆက်ချီတက်လို့ မရအောင်လုပ်နေတဲ့
သမ္မတြ­ကီးရဲ့အစိုးရအဖွဲ့ထဲကဦးတင့် ဆန်းလိုဝန်ြ­ကီးတယောက်မဟုတ်တာတွေလုပ်နေတာကိုသမ္မတြ­ကီးကသိသွာြး­ပီးစစ်ဆေြး­ပန်တော့ လည်း သကောင့်သားတင့် ဆန်းကလုပ်ြ­ကံလိမ်လည်ြ­ပုစုထားတဲ့၊Back Date, Make up စာရွက်စာတမ်းမှတ်တမ်းအတုများနဲ့အစစ်ဆေးခံသွားခဲ့တဲ့အားကစာြး­ပည်ထောင်စုဝန်ြ­ကီးဦးတင့်ဆန်းအြေ­ကာင်း သမ္မတြ­ကီးသိရအောင်ထပ်မံြေ­ပြာ­ပလိုက်ပါတယ်။
သမ္မတြ­ကီးရဲ့မျက်စေ့တွေ၊နားတွေ တိုင်ြး­ပည်အတွင်းမှာ( ကလေြး­မို့မြှာ­ပီးခဲ့တဲ့ရက်ပိုင်းက သမ္မတြ­ကီးရဲ့တပ်ရင်းမှုးဘဝက ထားခဲ့တဲ့နားမျက်စိတွေရဲ့သတင်းအရ ဒုရဲချုပ်ဇော်ဝင်း(ယခုရဲချုပ်) ကိုစီမံချက်နဲ့ အလစ်အငိုက်ရယြူ­ပီးအောင်ြ­မင်ခဲ့တဲ့စစ်ဆင်ရေးလို)နေရာအနှံ့မြ­ဖန့် ကျက်နိုင်သေးခင်၊သမ္မတြ­ကီးရဲ့အစိုးရအဖွဲ့ဝန်ြ­ကီးဌာနတွေမှာအရင်ြ­ဖန့် ကျက်ြ­ပီးစနည်းနြာ­ကည့် ပါအုံးလို့ အြ­ကြံ­ပု
တင်ြ­ပလိုက်ပါတယ်ခင်ဗျား။

၂၀၁၅အထိ နေစေချင်ရင်



ဒီမို ဖက်တီး

၂၀၁၅ ကျော်လွန်ပြီး ၂၀၂၅ အထိလည်း နေလို့ရပါတယ် ။
မြေးတော်က ယာဉ်ထိန်းကို ပါးချတာတို့ ၊ ပီအေက သေနတ်ထုတ်ပြီး
လယ်သမားကို ခြိမ်းခြောက်တာတွေကိုတော့ လျော့လုပ်ခိုင်းပါလို့ .....

တပ်ကိုပိုင်တဲ့လူ

၈၈၈၈ငွေရတု(ဗကသ)မတက်

ဖွတ်သူတော်