Friday, August 2, 2013
ဟာရီယာရာ အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား
မလေးရှားရောက်မြန်မာများ
ယနေ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ HARI RAYA ရုံးပိတ်ရက် အလည်ပြန်မည့် သူများအတွက် မြန်မာပြည်သို့တိုက်ရိုက်ပြေးဆွဲပေးနေသာ လေကြောင်းများဖြစ်သည့် MAI , MALAYSIA AIRLINES & AIRASIA လိုင်းတို့မှ လေဆိပ်များတွင် ခရီးသည်များ များပြားပြီး ကြန့်ကြာမှု့များရှိနိုင်သောကြောင့် ယခင် သတ်မှတ်ထားသော ၂ နာရီကြိုရောက်ရမည့်အစား ၃ နာရီကြိုတင် Check In လုပ်ထားကြရန် သတိပေးစာပေးပို့ထားပါသည် ။
အထူးသဖြင့် တန်ဖိုးနိမ့်လေကြောင်းအဖြစ် လူစီးများနေသော Airasia လေဆိပ်ဖြစ်သည့် LCCT လေဆိပ်သို့ Check In ဝင်မည့်သူများအားလုံး အတွက် လေဆိပ်သို့လာရာလမ်းကြောင်းတွင် ကားလမ်း ပိတ်ဆို့မှု့ ၊ လေဆိပ်တွင် ခရီးသည်များ များပြားမှု့တို့နှစ်စဉ်ရှိနေတာကြောင့် လေယာဉ်မမှီလိုက်သော ခရီးသည်များရှိကြောင်း ၊ သို့ကြောင့် Airasia လက်မှတ်ဝယ်ထားသော ခရီးသည်များအဖို့
၁ ။ မိမိတို့ ပြန်မည့်ရက်နှင့် ၂ ပတ်အလိုမှ တစ်ရက်အလိုအထိ Web Checkin ဝင်ရန် ။
၂ ။ Web Check In မဝင်ထားပါက လေဆိပ်သို့ ၃ နာရီစောရောက်ရန် နှင့် လေဆိပ်ရှိ Self Check In Counter များတွင် ကိုယ်တိုင် Check In ဝင်ထားရန် ။ နှင့်
၃ ။ Luggage များအပ်နှံရန် Check In Counter များအား အချိန် ၃ နာရီကြိုတင်ဖွင့်ပေးထားမည်ဖြစ်ပြီး လေယာဉ်ထွက်ချန် နှင့် ၃ နာရီလိုကတည်းက Luggage များစတင်အပ်နှံနိုင်ကြောင်းကို
သတိပေးစာများ ဖြင့် ထုတ်ပြန်ထားခဲ့ပါသည် ။
သို့ကြောင့် မလေးရှားမှ မြန်မာပြည်သို့ အလည်ပြန်မည့် သူများ အားလုံး အထူးသဖြင့် ၅.၈.၂၀၁၃ မှ ၁၅.၈.၂၀၁၃ Hari Raya အလုပ်ပိတ်ရက် အတွင်း အလည်ပြန်မည့်သူများ မိမိတို့လေယာဉ် မမှီသည့်အဖြစ်များ မဖြစ်ရန် ကြိုတင် ပြင်ဆင်ထားကြပါရန် ရွှေလူငယ် လေယာဉ်လက်မှတ် အွန်လိုင်းဝန်ဆောင်မှုမှ သတိပေးကြော်ငြာထားပါသည်။
ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ
( နိရဉ္စရာ- ၂ သြဂတ်စ် ၂၀၁၃)
ယခင် ဒေါ်မအေးကြည်ထံမှ ဖမ်းဆီးရမိခဲ့သော ကျည်ဆံများ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က  ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။
အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။
- http://www.narinjara.com/burmese/?p=6596#sthash.jx5ZESBx.dpuf
ဟာသပညာရှင် လှုရွှင် တော် ဦးပါပါလေး နေ့ လည် ၁ နာရီ အချိန် က ကွယ်လွန်
DVB TV News
နိုင်ငံရေးအကျဉ်းဟောင်း ဖြစ်ခဲ့ဖူးသူ မနလေးမြို့ က လူရွင်တော် နှတ်ခမ်းမွေး ဦးပါပါလေးဟာ သြဂုတ် လ ၂ ရက်နေ့ နေ့လည် ၁ နာရီက ဆီးနဲ့ ကျောက်ကပ်ရောဂါနဲ့  ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပီဖြစ်ပါတယ်။
ဓါတ်ပုံ - စူပါ၊ အိမ်ခိုင်မြဲ၊ အံ့ဘုန်းမြတ်၊ မှတ်တမ်းပုံများ
မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွားခဲ့
Popular Myanmar News Journal
ကော့ကရိတ်ရေဘေး က အလိမ်အညာတွေ
Thaw Zin
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက် ၁၁/ ၂၀၁၃ ကို ယနေ့ ထုတ်ပြန်ခဲ့ပါတယ်။
    အဲဒီသတင်းထုတ်ပြန်ချက်မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်နိုင်ဖို့ အတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့မှာ အဲဒီဒေသကိုရောက်ရှိလုပ်ငန်းဆောင်ရွက် နေပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။
    သတင်းထုတ်ပြန်ချက်မှာ ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်ဆိပ်ကြီး၊ မြ၀တီနဲ့ ကမမောင်းမြို့နယ်များမှာ အိမ်ထောင်စု ၆၇၃၃ စုမှ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်ဆယ်ရေးစခန်း ၇၉ ခုမှာ ကူညီစောင့်ရှောက်ထားကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် လူ သုံးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်းဖော်ပြထားပါတယ်။
    ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ကို ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့လိမ်လယ်လှည့်စားမှုမခံရအောင်ပြောချင်ပါတယ်၊
    ကော့ကရိတ်မှာ ၂၆.၇.၂၀၁၃ နေ့ညနေမှစပြီးရေကြီးနစ်မြုပ်မှုဖြစ်ပါတယ်၊စစချင်း ဂရုဏာဖေါင်ဒေးရှင်းမှအဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေကယ်ဆယ်ရေးစလုပ်ပါတယ်၊
    ယနေ့အထိ ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေမတွေ့ရပါ၊ရေဘေးဒုက္ခသည်များဟာ ဂရုဏာဖေါင်ဒေးရှင်းကကျွေးမွေးထားလို့အသက်ရှင်နေရတာပါ၊
    ဂရုဏာဖေါင်ဒေးရှင်းက နာယကဆရာတော်ကိုယ်တိုင် မိုးထဲရေထဲမှာဒုက္ခသည်များကိုကယ်ဆယ်ရင်း ကိုယ်တိုင်ထမင်းထုပ်တွေဝေနေတာယနေ့ဆို(၇)ရက်ရှိပါပြီ၊
    စ.က.ခ (၁၂) က ဆန်(၁၄)အိတ်၊ ဒီကေဘီအေ ဗိုလ်မှူးကျော်သက်က ဆန် (၂၀) အိတ်၊ ကေအင်န်ယူကေအင်န်အယ်အေ ဗိုလ်မှူးတိုင်းဂါးက ခေါက်ဆွဲခြောက်ပါကင်၃၀၊
    မြို့သူမြို့သားအလှူရှင်တွေကလဲ ဆန်အိတ်၊ရေသန့်၊ခေါက်ဆွဲခြောက်၊တို့ကို ဂရုဏာဖေါင်ဒေးရှင်းထံလာရောက်လှူဒါန်းကြပါတယ်၊
    ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကတော့ ဘာမှကူညီပံ့ပိုးပေးတာမရှိပါ၊
    ယနေ့မှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ကော့ကရိတ်ကိုလဲလာမယ်သတင်းကြားတာနဲ့
    ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဦးက ဆန်ဆိုင်တွေဖြစ်တဲ့ ကိုမျိုးဆိုင်က ဆန်အိတ်(၅၀)၊
    ကိုခင်ရီဆိုင်က ဆန်အိတ်(၃၀)၊ မဒေ၀ီဆိုင်ကဆန်အိတ်(၂၀)၊ မျက်နှာပြောင်တိုက်ချေးငှားခဲ့ပါတယ်၊
    ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ပြန်သွားရင်ပြန်ပေးပါမယ်လို့လဲ ဆန်ဆိုင်တွေမှာ ကတိခံခဲ့ပါတယ်၊
    ကော့ကရိတ်ရေဘေးကယ်ဆယ်ရေးစခန်းလေးခုဖြစ်တဲ့
    ဇိနသုခဓမ္မာရုံကယ်ဆယ်ရေးစခန်းမှာ ဆန်အိတ်(၅၀)
    အမှတ်(၄)ရပ်ကွက်ဓမ္မာရုံကယ်ဆယ်ရေးစခန်မှာ ဆန်အိတ်(၂၅)
    အထက်ရွာစခန်းမှာ ဆန်အိတ်(၅၀)
    ဆိုင်များမှခေတ္တချေးငှားပြီလူကြီးတွေအပြကောင်းအောင်ပုံထားပါတယ်၊
    တခါမှဒုက္ခသည်စခန်းကို မလာဖူးတဲ့ ကြံ့ခိုင်ရေးတွေလဲ လူကြီးတွေလာမယ်အသံကြားတာနဲ့
    ဆန်တစ်အိမ်ထောင်ကိုတစ်ပြီလာဝေပါတယ်၊လူကြီးအပြကောင်းအောင်၊အပြောလွတ်ရုံ
    စေတနာမပါဘဲ လာလုပ်နေကြတာကို မြို့ခံတွေအားလုံးသိနေကြပါတယ်၊
    ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့အလိမ်အညာမခံရအောင်တင်ပြအပ်ပါတယ်။