Sunday, August 4, 2013

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရသင့်ဟုဆို


The Voice Weekly


ရန်ကုန်၊ ဇူလိုင် ၃

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သော ဘင်္ဂါလီ လူမျိုးများ ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့် မရသင့်ကြောင်း သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲတွင် ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ပြောကြားသည်။

White Card ကိုထားရှိခြင်းသည် အချုပ်အခြာအာဏာကို ထိခိုက်နိုင်ကာ နိုင်ငံရေးလက်နက် အနေဖြင့် အသုံးချခြင်းသည် တစ်နိုင်လုံးအတွက် လွန်စွာအန္တရာယ်များပြီး ပေးထားသူများကို ပြန်လည် စိစစ်အရေးယူသင့်ကြောင်း ၎င်းကပြောဆိုသည်။

White Card ကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကြောင့် ပြည်သူ့ဆန္ဒ ခံယူပြီးမှသာ အစိုးရအနေနှင့် ဆောင်ရွက်သင့်ကြောင်း ရခိုင်သားကြီးစာပေမှ ဦးဦးလှမြင့်က ပြောကြားသည်။

White Card ကိုင်ဆောင်သူများသည် နိုင်ငံခြားသားများ ဖြစ်သည့်အတွက် မဲပေးခွင့် မရရှိသင့်ဘဲ အမေရိကန်နိုင်ငံတွင်လည်း အစိမ်းကတ် ကိုင်ဆောင်သူများသည် မဲပေးခွင့် မရကြောင်း ရခိုင် တိုင်းရင်းသား စာရေးဆရာ ဦးသာထွန်းနိုင်က ပြောကြားသည်။

စစ်တွေမြို့နယ် သဲချောင်းဘင်္ဂါလီ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဘင်္ဂါလီလူမျိုး ဦးမောင်မောင်ကမူ ရခိုင်ဒေသတွင် ဘင်္ဂါလီလူမျိုးများ နေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကာ ၎င်းတို့သည် နိုင်ငံတွင်း နေထိုင်သော လူသားများ ဖြစ်သောကြောင့် မဲပေးပိုင်ခွင့် ရှိကြောင်း ပြောကြားသည်။

၁၉၈၂ ခုနှစ်နောက်ပိုင်း မည်သည့် နိုင်ငံခြားသားမှ နိုင်ငံသား ဖြစ်ခွင့်မရှိတော့ဘဲ ၁၉၄၈ ခုနှစ်မတိုင်မီက အဘိုးအဘွား မိဘများ မြန်မာနိုင်ငံတွင် သေဆုံးပြီး အဖေ အမေနှင့် ကိုယ်တိုင် နိုင်ငံတွင်း မွေးသူများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း၊ လက်ရှိမည်သည့် နိုင်ငံသားမှန်း မသိသူများကို White Card ထုတ်ပေးထားကာ ၎င်းတို့ကို နိုင်ငံတွင်း နေထိုင်ခွင့် ပေးထားပြီး ကျောင်းနေခွင့်နှင့် မဲပေးခွင့် ပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်ဟု ဇူလိုင် ၂၃ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

(KHN)

ဆလာရန်း ဈေးအနီး တွင် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရ

မလေးရှားရောက်မြန်မာများ

**************************************

၃.၈.၂၀၁၃ ည ၁၁ နာရီခွဲခန့် တွင် ဆလာရန်း ဈေးကြီး ပလက်ဖောင်းအနီး မြန်မာနိုင်ငံသားတစ်ဦး ဓားဒဏ်ရာများစွာဖြင့်သေဆုံးကြောင်း ဘနားမားသတင်းဌာနမှ တင်ဆက်သွားခဲ့သည်။

Sentu ရဲမှုး Zakaria Pagan မှ ပြောကြားရာတွင် သေဆုံးသူအား စစ်ဆေးချက်အရ သေဆုံးသူတွင်မည်သည့် စာရွက်စာတမ်းမှ မတွေ့ရှိကြောင်း ည ၁၁ နာရီခွဲခန့်တွင် အလောင်းအားတွေ့ရှိခြင်းဖြစ်ကြောင်း ။

အဝတ်အစားအပြည့်အစုံဝတ်ထားပြီး အဝတ်အစားများတွင်သွေများဖြင့် ပြည့်နေကြောင်း ။

တွေ့ရှိချက်အရ သတ်ဖြတ်ခံရသော လက်နှက်အနေဖြင့် တစ်ခုမှ ရှာဖွေမတွေ့ရကြောင်း ယခင်ကတည်းက ပစ်မှုရှိခဲ့ဘူးသူဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှုဖြစ်ကြောင်း ။


အလောင်းအား ကွာလာလမ်ပူ ဆေးရုံသို့ပို့ဆောင်ထားပြီး ရင်ခွဲရုံမှ စစ်ဆေးချက်ကို စောင့်နေကြောင်း နှင့် ပုဒ်မ ၃၀၂ လူသတ်မှု့ဖြင့်အမှု့ဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းကို Banama သတင်းဌာန နှင့် my Metro တို့မှ မလေးဘာသာဖြင့်တင်ဆက်ထားခဲ့ပါသည်။

လူရွင်တော် နှတ်ခမ်းမွေး ဦးပါပါလေး နာရေး


 DVB TV News's photo.
တာဝန်ကျေပါတယ်
နိုင်ငံရေးအကျဉ်းဟောင်း ဖြစ်ခဲ့ဖူးသူ မနလေးမြို့ က လူရွင်တော် နှတ်ခမ်းမွေး ဦးပါပါလေး နာရေးကို ဒီနေ့ သြဂုတ် ၄ရက်နေ့မှာ နေအိမ်ကနေ တောင်အင်းမြောက်အင်း သုသာန်ကို ပို့ဆောင်ပါတယ်။ ဦးပါပါလေးဟာ သြဂုတ် လ ၂ ရက်နေ့ နေ့လည် ၁ နာရီက ဆီးနဲ့ ကျောက်ကပ်ရောဂါနဲ့  ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပီဖြစ်ပါတယ်။ ဓါတ်ပုံ - စူပါ
နိုင်ငံရေးအကျဉ်းဟောင်း ဖြစ်ခဲ့ဖူးသူ မနလေးမြို့ က လူရွင်တော် နှတ်ခမ်းမွေး ဦးပါပါလေး နာရေးကို ဒီနေ့ သြဂုတ် ၄ရက်နေ့မှာ နေအိမ်ကနေ တောင်အင်းမြောက်အင်း
သုသာန်ကို ပို့ဆောင်ပါတယ်။

ဦးပါပါလေးဟာ သြဂုတ် လ ၂ ရက်နေ့ နေ့လည် ၁ နာရီက ဆီးနဲ့ ကျောက်ကပ်ရောဂါနဲ့  ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပီဖြစ်ပါတယ်။

ဓါတ်ပုံ - စူပါ

ဘာအတွက်လဲ ဘာအတွက်လဲ



Soe Zeya Tun
ကိုယ်တွေများ သင်္ဘောဆိပ်တို့ ဈေးတို့များ ဓာတ်ပုံ သွားရိုက်ရင် စည်ပင်ကမှန်းမသိ ဆိပ်ကမ်းကမှန်းမသိ ရဲကမှန်းမသိ ဘာအတွက်လဲ ဘာအတွက်လဲ လာလာမေးလိုက်ကြတာ.... ဒီလိုမျိုး ဂျော်ရဂယ်တွေ ဒီလို ပုံနဲ့ ရိုက်တာကြတော့ အဲဒီ စည်ပင်ဝန်ထမ်းတွေ ရဲတွေ ဘယ်ရောက်နေကြပါလိမ့်....

http://www.behance.net/gallery/Burma-Mankini-King/7932245
 ဒီပုံတွေကို ပြီးခဲ့တဲ့ 2012 ငါးလပိုင်းက ရိုက်သွားတာ....