Monday, August 12, 2013

ဆရာမောင်ဝံသ ကွယ်လွန်

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ



၁၂-၈-၂၀၁၃

အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီ အား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

တရားခံပြသက်သေအဖြစ်ဦးရွှေမန်းအပါ အ၀င်လူပုဂ်္ဂိုလ် ခြောက်ဦးအား တင်ပြ


The Empire Daily News
ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသော စွပ်စွဲခံထားရသူ ခြောက်ဦးမှ တရားခံပြသက်သေအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါ အ၀င်လူပုဂ်္ဂိုလ် ခြောက်ဦးအား တင်ပြခဲ့

သြဂုတ်၊ ၁၂၊ ရန်ကုန်

သြဂုတ်လ ၁၂ ရက်နေ့၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံး တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံ ထားရသော စွပ်စွဲခံထားရသူ ခြောက်ဦးမှ မိမိတို့အားစွဲချက်တင် ထားရာတွင် အပြစ်မရှိကြောင်း သက်သေအဖြစ် ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကို ကြီး၊ ဦးမြအေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်း တင်နှင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဌေးဦး တို့အားတင် ပြခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ အထူးကဏာရမြို့နယ် တရားသူကြီး ဒေါ်နွဲ့နွဲ့ရီကလက်ခံ ခဲ့ကြောင်း အဆိုပါအမှုအားကိုင် တွယ်ဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို စွပ်စွဲခံရသူ ခြောက်ဦးမှာ ကိုဒီ ငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုမြင့် ကျော်စိုး၊ ကိုအောင်မျိုးဦး၊ ကိုစိုး မိုးထွန်း(ခေါ်)သူကြီးနှင့် မသန်္တာ တို့ဖြစ်ပြီး ၎င်းင်းတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီခွဲခန့်တွင် လက်ပံ တောင်းတောင်၌ ငြိမ်းအေးစွာ ဆန်္ဒထုတ်ဖော်နေသော သံဃာ တော်များနှင့် ပြည်သူတို့အား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းခဲ့သောကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် အကြမ်းဖက်တရားခံ ဖော်ထုတ်ပေးရန်အတွက် ဆန်္ဒ ထုတ်ဖော်ခဲ့ကြသောကြောင့် စမ်း ချောင်းမြို့နယ်၊ အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုစွပ်စွဲခံထား ရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆက်လက်ရှင်းပြသည်။
ထို့နောက် တရားစွဲဆိုစွပ်စွဲ ခံထားရသူ ခြောက်ဦးမှ တစ်ဦး အပါအ၀င်ဖြစ်သူ ကိုစိုးမိုးထွန်း (ခေါ်) သူကြီးမှ မိမိ၏တရားခံပြ သက်သေအဖြစ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း) မှ ဦးကိုကိုကြီးအား တင်ပြခဲ့ကြောင်းနှင့် ထိုသို့တင်ပြ ခြင်းမှာ နိုင်ငံသားအခွင့်အရေး၊ ဥပဒေအခင်းအကျင်းများနှင့် ပတ်သက်၍ ကိစ်္စရပ်များအား သက်သေအဖြစ် ထုချေပေရန် အတွက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
““နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေအခင်းအ ကျင်းနဲ့ပတ်သက်လို့ တိုင်းပြည် မှာရှိနေတဲ့ ပြဿနာတွေ၊ လူမှု ရေးအခင်းအကျင်းပြဿနာတွေ ကြားထဲက ကျွန်တော်တို့ဘာ ကြောင့် ဒီလိလုပ်ရတာလဲဆိုတာ ဦးကိုကိုကြီးက သက်သေအဖြစ် နဲ့ ထုချေမှာဖြစ်ပါတယ်”” ဟု ကို စိုးမိုးထွန်း(ခေါ်) သူကြီးက ပြော သည်။
အဆိုပါ တရားခံပြသက် သေခေါ်ဆိုသည်မှာ ယခုအကြိမ် ဆိုလျှင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်တွင် အလုံ မြို့နယ်တရားရု့းတွင် တင်ပြခဲ့ ခြင်းကာ တရားစွဲဆိုစွပ်စွဲခံရသူ များအား ရုံးတင်စစ်ဆေးမှုမပြီး သေး၍ မခေါ်ဆိုရသေးခြင်းဖြစ် ကြောင်း သိရသည်။

YM

ငိုစားရီစားလုပ်နေတြဲ့­မို့နယ်တာဝန်ခံဥပဒေအရာရှိမြ­ကီး

  BY ဆိတ်ပါးစပ် နတ်မျက်စိ

    နိုင်ငံတော်သမ္မတြ­ကီးခင်ဗျား မွန်ြ­ပည်နယ်၊မော်လြ­မိုင်ြ­မို့က
ြ­မို့နယ်တရားရုံးမှာကပ်ထားတဲ့ြေ­ကာ်ြ­ငာစာလေးပါ- ဘယ်လိုရေး
    ထာြး­ပီးကပ်ထားသလဲဆိုတော့  "ြေ­ကာ်ြ­ငာစာ" အမှုများကို ဥပဒေနှင့် 
    အညီမှန်မှန်ကန်ကန်ဆုံြး­ဖတ်ပေးမည်။ တရားရုံးဆိုင်ရာလုပ်ငန်များကို
    လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ပေးမည်။လာဘ်ငွေပေးဖို့ မလိုပါ။
    လာဘ်ငွေတောင်းခံလာပါက မွန်ြ­ပည်နယ်တရားလွှတ်တော်
    တရားသြူ­ကီးချုပ် ဖုန်းနံပါတ် ၀၅၇ ၂၅၉၀၅၊ဖက်စ်ဖုန်းနံပါတ်
    ၀၅၇ ၂၇၀၄၉ထံတိုင်ြ­ကားပါ။ ပုံ တရားသြူ­ကီးချုပ်၊မွန်ြ­ပည်နယ်
    တရားလွှတ်တော် ဆြို­ပီးကပ်ထားပါတယ်။ အဲဒီမွန်ြ­ပည်နယ်
    ၊မော်လြ­မိုင်ြ­မို့ ၊ြ­မို့နယ်တရားရုံးကြ­မို့နယ်တာဝန်ခံ
    ဥပဒေအရာရှိမ ဒေါ်ဆွေဆွေစိုးနဲ့တော့ မဆိုင်တဲ့အမိန်
့ြေ­ကာ်ြ­ငာစြာ­ဖစ်နေပါတယ်။စားသလားမြေ­ပာနဲ့၊
    တရားခံဘက်ကလည်းစား၊တရားလိုဘက်ကလည်းစား၊တကယ့်ကို
 ငိုစားရီစားလုပ်နေတြဲ့­မို့နယ်တာဝန်ခံဥပဒေအရာရှိမြ­ကီးပါပဲ၊
    ယူထားတဲ့သူ့ ယောကျာ်းကလည်းငိုစားရီစား ခုနှစ်ပဲပါဘဲ
    ။မော်လြ­မိုင်ြ­မို့နယ်မှာတာဝန်ခံဥပဒေအရာရြှိ­ဖစ်လာကတည်း
    ကစားလိုက်တဲ့လာဘ်ငွေတွေ၊ ဘယ်လောက်များနေသလဲ
    သူ့ ရဲ့ပိုင်ဆိုင်မှုတွေကို စသုံးလုံးနဲ့ချိတ်ပိတ်ြ­ပီးစစ်ြ­ကည့် လိုက်စမ်းပါ၊
    (ဆွေဆွေစိုးကောသူ့ ယောက်ျားကော၊အလုပ်စလုပ်ချိန်ကတည်း
    ကရလာခြဲ့­ကတဲ့လစာငွေတွေကိုစားစရိတ်၊သုံးစရိတ်ထဲ့မတွက်ပဲ
    ၊အြ­ပည့်စုတယ်ဆြို­ပီးပေးတွက်ြ­ပီးပေါင်ြး­ကည့်ြ­ပီး၊အခြုေ­မြ­ပင်မှာ
    ချိတ်ပိတ်ြ­ပီးစစ်လို့ တွေ့မဲ့ပိုင်ဆိုင်မှုတန်ဘိုးတွေနဲ့ချိန်ြ­ကည့် 
    လိုက်ရင်အြေ­ဖထွက်သွားပါလိမ့် မယ်။) သနားဖို့ ကောင်းတာက
    အမိန့်ြေ­ကာ်ြ­ငာစြာ­ကီးထုတ်ထားတဲ့မွန်ြ­ပည်နယ်တရားလွှတ်တော်က
    တရားသြူ­ကီးချုပ်ပဲ၊ သူ့ အောက်မြှာ­ဖစ်ပျက်နေတာတွေကို
    မျ­ကားလို ့လား၊မသိလို ့လား၊မျ­မင္လို ့လား။ ဒါမှမဟုတ်ပို့ ဆွမ်းတွေပဲ
    စားထားမိလို့ မြ­မင်ချင်ယောင်၊မြ­ကားချင်ယောင်၊မသိချင်ယောင်ဆောင်နေ
    တာလားတော့ မသိပါ။နောက်တခုက အမိန့် ထုတ်ထာြး­ပီးရင်
    ငါ့တာဝန်ကျြေ­ပီဆြို­ပီးလုပ်နေတာလားမသိပါ။ြေ­ပာစရာတစ်ခုတော့ 
    သူ့ မှာရှိလို့ြ­ဖစ်ပါလိမ့် မယ် ဘာလဲဆိုရင်တိုင်စာမှတက်မလာတာပဲငါကဘယ်လိုလုပ်သိမှာ
    လည်းလို့ြေ­ပာမလို့ လား။ တနိုင်ငံလုံြး­ကားအောင်တစ်ခါထြဲေ­ပာ
    လိုက်မယ် ဘယ်တိုင်ရြဲ­ကပါ့ မလဲ၊ အမြှု­ဖစ်နေတာလေ။နိုင်မယ်ထင်ြ­ပီးတောင်း
    သမျှပေးလိုက်ရ၊လွတ်မယ်ထင်ြ­ပီးတောင်းသလောက်ပေးလိုက်ရ၊ထောင်
    မကျဘူးထင်ြ­ပီးတောင်းသမျှပေးလိုက်ရြ­ပန်နဲ့၊ြေ­ကာက်ြ­ပီးမတိုင်
    ရြဲ­ကဘူးလေ။မယုံဘူးလား တရားလို၊တရားခံတွေဆီကလာဘ်ငွေတွေမတရားစားနေယုံတင်မကဘူး
    ၊တရားသြူ­ကီးတွေကိုပါလှည့်ြ­ပီးချိမ်ြးေ­ခာက်တာပါသေးတယ်။
    သူကတော့ အားရပါးရစားထာြး­ပိးတော့ ကာ၊တရားသြူ­ကီးကလုပ်ထုံး
    လုပ်နည်းနဲ့အညီလုပ်တော့ မယ်ဆုံြး­ဖတ်တော့ မယ်တရားစီရင်တော
့မယ်ဆိုရင်ဆွေဆွေစိုးကဝင်ြ­ပီးချိမ်းချောက်ြ­ပီ၊ဟန့် တာြး­ပီ၊ြ­ဖြဲေ­ခာက်ြ­ပီး၊
    ဒီလိုနဲ့ ပဲ မော်လြ­မိုင်ြ­မို့နယ်တရားရုံးကတရားသြူ­ကီးတွေ
    ဆွေဆွေစိုးအောက်ရောက်ကုန်တော့ တာပါပဲ။
    နိုင်ငံတော်သမ္မတြ­ကီးခင်ဗျား သမတြ­ကိြးေ­ပြာေ­ပာနေတဲ့
    ကောင်းမွန်သောအစိုးရ၊သန့် ရှင်းသောအစိုးရြ­ဖစ်ဖို့ အရေးယြူ­ပီြး­ဖုတ်ပစ်
    ရမှာက အခွန်ဝန်ထမ်းတြွေ­ပီးရင် ဆွေဆွေစိုးတို့ လို
    တရားရေးဝန်ထမ်း၊ဥပဒေဝန်ထမ်းတွေပါဘဲ။
    သမ္မတြ­ကီးအထူးအဖွဲ့ဖွြဲ့­ပီးမော်လြ­မိုင်ြ­မို့နယ်တရားရုံးက
    တာဝန်ခံဥပဒေအရာရှိဆွေဆွေစိုးရဲ့အကျင့် ပျက်ချစားနေမှုများ
    ၊လာဘ်စားထားမှုများအား သမ္မတြ­ကီးရဲ့အထူးအဖွဲ့ ဒါမှမဟုတ်
    စသုံးလုံးကို တာဝန်ပေးစေလွှတ်ြ­ပီး ပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်ြ­ပီး
    စစ်ဆေးအရေးယူသင့်ြေ­ကာင်းတင်ြ­ပလိုက်ရပါသည်။

ရိုးသားဖို့ လိုပါသည်





ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်မှုဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို မိမိအနေနဲ့ ၀န်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ဆဲကာလမှာ စက်မှုဝန်ကြီးဌာနပိုင်၊ စက်ရုံအလုပ်ရုံနဲ့ မြေနေရာ အဆောက်အဦတွေကို လွှဲပြောင်းရောင်းချရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်းနဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလ တစ်လျှောက် ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်ပြီး တာဝန်ယူကြောင်း၊ ဒါပေမယ့် မိမိရှေ့က တာဝန်ထမ်းဆောင် သွားတဲ့ ၀န်ကြီးများ၏ ဆောင်ရွက်မှုများကို တာဝန်မယူနိုင်ကြောင်း ဖြေကြားသွားတာကို ဖတ်လိုက်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် တွေးလိုက်မိတာက ငယ်ငယ်တုန်းက ဖတ်ခဲ့မိတဲ့ ပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ထဲမှာ မှူးမတ်ကြီးတစ်ဦးက ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းယူ၊ ရရှိတဲ့ အခွန်အမြတ်တွေကိုလည်း ကိုယ်ကျိုး သုံးစွဲခဲ့လို့ လက်ရှိဘ၀မှသေဆုံးပြီး နောက်ဘ၀ရောက်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြည်တွေတရွှဲရွှဲနဲ့ အနာအကြီးကြီးပေါက်ပြီး မလှုပ်မရှားနိုင် အော်ဟစ်နေရတဲ့ ပြိတ္တာဘ၀ကို ရောက်ရှိသွားတဲ့အကြောင်း ဖတ်မိခဲ့ ပါတယ်။

ဝန်ကြီး ဦးအေးမြင့် ပြောတဲ့ မိမိရှေ့က တာဝန်ထမ်းဆောင်သွားတဲ့ ၀န်ကြီးများဆိုတာ ဦးအောင်သောင်းနဲ့ ဦးစိုးသိန်းတို့ပဲဆိုတာ လူတိုင်းသဘောပေါက်ကြမှာပါ။ ဦးအောင်သောင်းနဲ့ပတ်သက်လို့ အင်တာနက်သတင်း တော်တော်များများမှာ ဖတ်ဖူးခဲ့တယ်၊ စက်မှု(၁)၀န်ကြီး ဘ၀တုန်းက တရုတ်ကုမ္ပဏီနဲ့ပေါင်းပြီး နည်းပေါင်းစုံနဲ့ အဂတိလိုက်စားခဲ့သူ၊ သာပေါင်းပျော့ဖတ်စက်ရုံဆောက်တုန်းက တရုတ်ကပေးတဲ့ကော်မရှင်နဲ့ ကိုယ်ပိုင် Star Flower တစ်ရှူးစက်ရုံ၊ ဗလာစာအုပ်စက်ရုံတွေ ဆောက်ခဲ့သူ၊ အိမ်၊ ခြံ၊ မြေ များစွာ ပိုင်ဆိုင်မှုဟာ ဦးတေဇရဲ့ ပိုင်ဆိုင်မှုထက်တောင် ပိုများတယ်လို့ ဆိုကြတယ်။ စစ်ထောက်လှမ်းရေးလက်ထက်တုန်းက သူ့ကို ဖြုတ်ဖို့ လုပ်တော့ ဦးသန်းရွှေကို ပြေးကပ်သလို တစ်ဖက်ကလည်း ခိုင်အောင်လို့ သူ့သား ဗိုလ် ပြည်အောင်ကို ဦးမောင်အေး သမီးနဲ့ ပေးစားပြီး ခမည်းခမက်တော်လိုက်ပါသေးတယ်။

ဦးစိုးသိန်း ကျပြန်တော့လည်း အရင် အစိုးရလက်ထက်က စက်မှု(၁)နဲ့ စက်မှု(၂)၀န်ကြီးဌာနတွေကို အခုအစိုးရ လက်ထက်မှာ ပြန်လည်ပေါင်းပြီး စက်မှုဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့တဲ့အခါမှာ ၀န်ကြီးရာထူးပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဦးစိုးသိန်းနဲ့ပတ်သက်လို့ တော်တော်လေး လူပြောများခဲ့တဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်စီမံကိန်းကိစ္စတွေမှာ အဂတိလိုက်စားမှုနဲ့ နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ တပ်ထဲမှာတုန်းကလဲ ဘ၀တူ လုပ်ဖော်ကိုင်ဖက်တွေကို နင်းတက်ပြီး ရေတပ်ဦးစီးချုပ် ဘ၀ကို ရအောင်ယူနိုင်ခဲ့တယ်ဆိုတာရော၊ လက်ရှိ နိုင်ငံတော်သမ္မတကို ပိုင်တယ်ဆိုပြီး လုပ်စားနေတာ တွေရော Facebook တွေမှာ တွေ့တွေ့နေရတာ တော်တော်ကြာပါပြီ။ ဒီ့ထက်ဆိုးတာကတော့ ပြည်ပခရီးစဉ် တစ်ခုမှာ ပြည်ပရောက်နေကြတဲ့ နိုင်ငံသားတစ်ချို့နဲ့ တွေ့တဲ့အခါ တပ်မတော်က မှားခဲ့ပါတယ်၊ ဒါတွေကိုလည်း တောင်းပန်ပါတယ်ဆိုတဲ့စကား ပြောခဲ့တဲ့အတွက် တပ်ထဲကအရာရှိတွေနဲ့ အပြင်က အငြိမ်းစားအရာရှိတွေ တော်တော်များများရဲ့ အဆဲကို ခံရတဲ့ကိစ္စပါဘဲ။ စစ်တပ်မှာ မကောင်းတဲ့လူရှိရင် မကောင်းတဲ့လူကိုပြော၊ အားလုံးကို လာမပြောနဲ့၊ သူ့လောက်ယုတ်မာခဲ့တဲ့လူ စစ်တပ်မှာ မရှိဘူး၊ သူက ဒီစကားပြောစရာ ဘာအကြောင်းမှ မရှိဘူး၊ သောက်ရှက်မရှိဘူး၊ ဘာညာပေါ့၊ ထူးခြားတာက ဦးအောင်သောင်း ဘက်ကရော ဦးစိုးသိန်းဘက်ကပါ ဘာမှခွန်းတုန့်ပြန်တာမျိုး မတွေ့ရတာပါဘဲ။ ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းပဲဆိုတဲ့ စကားအရတော့ ဒီလိုစွပ်စွဲမှုတွေဟာ မှန်နေလို့ဘဲ….. လို့ ယူဆရမှာ ဖြစ်ပါတယ်။ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အတွက်ကတော့ အရှုံးနဲ့ချည်း ရင်ဆိုင်နေရမှာပါ။

လူ့သဘောသဘာဝအရ အတ္တရှိတတ်ကြတာ သဘာဝပါ၊ ဒါပေမယ့် အတ္တ လွန်ကဲလာရင်တော့ ဘေးဖြစ်တတ် ပါတယ်။ လူ့ပတ်ဝန်ကျင်ထဲမှာတော့ သူတစ်ပါးပိုင်ပစ္စည်းကို ပိုင်နက်ကျူးလွန်ပြီး အ၀တ်အစားကအစ ရွှေထည် ပစ္စည်းအဆုံး ခိုးယူသူတွေ ရှိပါတယ်။ အဲဒီသူတွေကို ရဲက မိသွားရင်တော့ (၄၂၀)နဲ့ ဖမ်းပြီး အရေးယူပါတယ်။ ထောင်ကလွတ်လာတော့လည်း(၄၂၀)ဆိုပြီး ပတ်ဝန်းကျင်၏ ကျဉ်ဖယ်ခြင်းကို ခံရပါတယ်။ ပညာတွေတတ်ပြီး ရာထူး၊ ရာခံ ရှိသူတွေက ပြည်သူနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ကိုယ်ကျိုး အတွက် ရယူခဲ့တာတွေလည်း ဒီနေ့ခေတ်မှာ ဒုနဲ့ဒေးပါပဲ။ ဒီလို ပညာတတ်ပြီး ရာထူး၊ ရာခံ ရှိတဲ့သူတွေက ဥပဒေကို လက်တစ်လုံးခြား လုပ်တာတွေ ပေါ်ပေါက်ရင်တော့ အလွဲသုံးစားမှု၊ လာဘ်စားမှုနဲ့ အရေးယူတာ များပါတယ်။ မျှတတဲ့ အရေးယူမှုရှိပါရဲ့လား။ ဘာသာတရားအရ ရသင့်ရထိုက်တာ မဟုတ်ဘဲ ဒီထက်ပိုပြီး နည်းလမ်းပေါင်းစုံဖြင့် ရယူတာဟာလည်း ခိုးတာပဲ ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ သူတစ်ပါး ပစ္စည်းကို မတရားယူချင်တာဟာ ဆင်းရဲချမ်းသာတာ၊ ပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ပါဘူး။ မိမိကိုယ်ကျင့် သီလကို ထိန်းချုပ်နိုင်ခြင်းနဲ့သာ ဆိုင်ပါတယ်။

ပညာမတတ်သူတွေ ခိုးယူရင် အနည်းအကျဉ်းသာ ဆုံးရှုံးနိုင်ပေမယ့် ပညာတတ်ပြီး ရာထူး၊ ရာခံရှိသူတွေ လိမ်လည်လှည့်ဖြားရယူရင်တော့ နိုင်ငံတစ်ခုလုံး ဆင်းရဲမွဲတေသွားနိုင်ပါတယ်။ ပညာမရှိသူများထက် ပညာရှိသူ များ ကောက်ကျစ်ပါက ပိုပြီးကြောက်စရာကောင်းပါတယ်။ ရာထူး၊ ရာခံရှိတဲ့ တစ်ချို့ ပုဂ္ဂိုလ်တွေအနေနဲ့ အပြော အဟောကောင်းကောင်းနဲ့ အာမခံချက်တွေ တသီကြီး ပေးနေတာတွေ တွေ့ရပါတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ တွေကို ပြောဆိုနေတဲ့သူတွေအနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ်။ ဘာပဲပြောပြော တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းအောင် မလုပ်ပေးနိုင်ရင်တောင် ကိုယ့်ကိုယ်ကျိုးစီးပွားကိုပဲ စဉ်းစားတတ်တဲ့ အမတ်ကြီးမျိုး မဖြစ်အောင် နေဖို့လိုပါတယ်။ လူအချင်းချင်း ဆက်ဆံရာမှာ ကိုယ်ချင်းစာတရားထားပြီး လူသားဆန်စွာ ဆက်ဆံရပေမယ့် တိုင်းပြည်တည်ဆောက်ချိန်မှာတော့ တစ်ခါတစ်ရံမှာ လူသားဆန်နေလို့မရဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား လုပ်ဆောင်ရပါမယ်။

အများ အထင်ကြီးလေးစားအောင် လုပ်ဆောင်ဖို့ လွယ်ကူပေမယ့် မိမိကိုယ်ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်ဖို့က တကယ်ခက်ခဲလှပါတယ်။ ရိုးသားတယ်၊ မရိုးသားဘူးဆိုတာ မိမိကိုယ်မိမိ အသိဆုံး ဖြစ်ပါတယ်။ တစ်ခဏတာ ရလာတဲ့ လူ့ဘ၀မှာ အများအကျိုးအတွက် မလုပ်ဘဲ ကိုယ်ကျိုးအတွက် ပြည်သူပိုင် ပစ္စည်းတွေကို မတရားရယူခဲ့ရင် အကျိုးပေးမြန်လှတဲ့ ဒီခေတ်ကြီးမှာ နောင်ဘ၀မကူးခင် မိမိခန္ဓာကိုယ် အောက်ပိုင်းကို သွေးပုတ်တွေ၊ ပြည်တွေ တရွှဲရွှဲနဲ့ဖြစ်ပြီး မလှုပ်နိုင်၊ မရှားနိုင်လို့ အော်ဟစ်နေရတဲ့ ပြိတ္တာဘ၀ မရောက်ရှိစေလိုတဲ့အတွက် သတိသံဝေဂရစေဖို့ သတိပေးရေးသားလိုက်ရပါတယ်။



မောင်ထိန်ဝင်း