Wednesday, August 14, 2013

ရန်ကုန်- နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး


ရန်ကုန်- နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးရဲ့လိုအပ်ချက်တွေကိုဒီဗွီဒီယိုမှာတွေ့ရမှာပါ။
ဒီထဲမှာ၁၆၇ကီလိုမောင်းတယ်လို့ဆိုပါတယ်။ကနေဒါမှာအဲ့လောက်မောင်းရင်လိုင်စင်ချက်ချင်းသိမ်းကားကိုTowကားနဲ့သယ်ရပါတယ်။
၁၀၀ပဲသတ်မှတ်တယ်အများဆုံး၁၁၉ကီလိုလောက်ပဲမောင်းတယ်။၁၂၅ကျော်ရင်speedy ticketပေးလို့ရပြီ။Ticket တွေရရင်ဘာဖြစ်မလဲ။
အာမခံကြေးထိုးတက်မယ်။တလ၆၀၀ဒေါ်လာကျော်အထိတက်တတ်တယ်။လိုင်စင်အသိမ်းခံရမယ်။
ကနေဒါလမ်းတွေဟာစနစ်ကျပြီးသားပါ။ဒါပေမယ့်၉၅ရာနုန်းကစည်းကမ်းအတိုင်းမောင်းတာတွေ့ရတယ်။
အာမခံကြေးကြောက်တာရော၊အန္တာရာယ်ဖြစ်မှာစိုးတာလဲပါပါတယ်။
တခုဖြည့်ပြောချင်တာကပြီးခဲ့တဲ့အပတ်ကမီယာမီကို၃၂နာရီခရီးမောင်းခဲ့စဉ်ကကွန်ကရစ်လမ်းတွေမှာမောင်းတဲ့အခါလမ်းတွေမှာတာယာအကွာတွေတွေ့
နေရတာပဲ။ကိုယ်မောင်းနေတဲ့ကားအဲလိုမကွာပါစေနဲ့ပဲဆုတောင်းလိုက်ရတာ။
ကွန်ကရစ်လမ်းကခဏခဏပြန်မပြင်ရပေမယ့်မောင်းလို့အရသာမရှိတာတော့အမှန်ပဲ။

၉၆၉ ကုမ္ပဏီ

ကြံ့ဖွတ်လက်သစ် ဖြစ်လာတော့မည့် သာသနာ့နုဂ္ဂဟအသင်းကြီး ဆိုသည်မှာ



========================================
သာသနာ့နုဂ္ဂဟ အသင်းကြီး(ဗဟို) ဟာရန်ကုန်တိုင်းဒေသကြီး
မရမ်းကုန်းမြို့နယ်၊ တံတားလေးလမ်းဝ၊ န၀ဒေရုပ်ရှင်ရုံ အရှေ့
၊ ဇမ္ဖူသိရိဗိမာန်တော်ကြီး မြေအောက်ထပ်အခန်းမှာ တည်ရှိပါတယ်။

နှစ်စဉ်အသင်းသားဦးရေ များပြားလာအောင် ခရိုင်နုဂ္ဂဟမှူးတွေက
ခရိုင်သာသနာရေးမှူးတွေနဲ့ တွဲပြီးဆောင်ရွက် ရပါတယ်။

ဒီအသင်းကြိးကို ယခင်စစ်အစိုးရ လက်တထက် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ လမ်းညွန်ချက်အရ ဖွဲ့ စည်းခဲ့တာ ပါ။ ဗိုလ်သန်းရွှေရဲ့
အစီအမံ တစ်ခုပါ။ လူမှုရေးအသင်း ဖြစ်တဲ့ကြံ့ခိုင်ရေး အသင်းကိုလည်း
ဒီလိုပဲ တည်ထောင်ခဲ့ပြီး နောက်ပိုင်းနိုင်ငံရေးပါတီ အဖြစ်ပြောင်းလဲ
ပစ် ခဲ့တာကိုလည်းသိကြမှာပါ။

ဒီသာသနာ့နုဂ္ဂဟအသင်းကိုလည်းပဲ ယခင်သာသနာ ရေးဝန်ကြီးသူရမြင့်မောင်နာယကအဖြစ် ခန့်အပ်ဆောင်ရွက်စေခဲ့ပြီး အသင်းကြီးရဲ့ဥက္ကဌကိုတော့ဒီကနေ့ နာမည်ကြီးလယ်သိမ်းပိုင်ရှင် ခရိုနီ ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ ခမည်းခမက်ဒေါက်တာဘွဲ့ အတုပိုင်ရှင် နတ်သံနှော ဇေကမ္ဘာခင်ရွှေဘဲဖြစ်ပါတယ်။

ဦးခင်ရွှေသည် ယင်း အသင်းကြီးတွင် များသောအားဖြင့် သံဃာတော်များ ပြားလာရေး ဗုဒ္ဒဘာသာ အသင်းသား သီးသန့် ဖြစ်ပေါ်လာရေး၊ အခြားဘာသာ များကိုနှိပ်ကွပ် စော်ကား ရေး၊တို့ ဖြစ်ပြီး ဂုဏ်ထူးဆောင် အသင်းအဖြစ် ကျပ်ငွေငါးသောင်း၊ သာမန်အသင်းသား ကတော့ ယခင်(၂၅၀၀ိ/-)ယခု ပေးစရာမလိုတော့ကြောင်း သိရှိရပြီး၊ အသင်းကြီး၏ ပုံမှန်ရည်ရွယ်ချက် ကတော့
ဗုဒ္ဓသာသနာတော်အဓွန့် ရှည်တည်တံရေး ဖြစ်သော်လည်း၊ အခြားဘာသာများကိုလည်း လှုပ်ရှားခွင့်မပေးရေး တို့ ဖြစ်ကြောင်း သိရပါတယ်။

ရန်ုကုန်တိုင်း ဒေသကြီးသာသနာ့နုဂ္ဂဟ အသင်းကြီး၏ တာဝန်ခံမှာ
ဦးကျော်ခင် ဆိုသူ ဖြစ်ပြီး ၄င်းမှာ အထက်လူကြီးများအား အလွန်တရာမှ ဖား တတ်ပြီး
အသင်းကြီး၏ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းများကိုလည်း ဖွင့်လှစ်
သင်ကြားပေး သူတစ်ဦး ဖြစ်ပါသည်။

အသင်းကြီး အတွင်းရေးမှူး မှာဦးခိုင်အောင်(ညွန်ကြားရေးမှူးချုပ်-သာသနာရေးဝန်ကြီးဌာနမှ) ဖြစ်ပြီး စီမံစေခိုင်းမှု အားလုံးကို၎င်းမှကြီးကြပ်ကွပ်ကဲကြောင်း သိရပါသည်။ယခုအခါ ၄င်းတို့ ၏ စီမံကိန်း များသည်(၂၀၁၅)ရွေးကောက်ပွဲ အတွက်
ကြိုတင် လူသူစုဆောင်း ခြင်း ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်
မြို့နယ်၊ ကျေးရွာ/ရပ်ကွက် အဆင့် အထိအသင်းရုံးခွဲများ ဖွင့်လှစ်ထား ပြီး
ဖြစ်ကြောင်း သိရှိရသည်။

သာသနာရေး ၀န်ကြီးဌာန မှကူညီပေးလျက်ရှိပြီး အနာဂတ် နိုင်ငံတော်တွင် ပြည်ခိုင်ဖြိုး ပါတီပြီးလျင် သော်လည်းကောင်း၊ ပျက်သွား လျှင်သော်လည်းကောင်း ယခုအသင်းကြီးက နိုင်ငံရေးပါတီ တစ်ရပ် အဖြစ် ပြောင်းလဲ လှုပ်ရှားရန် ကြံရွယ် ထားကြောင်း သိရှိရသည်။

credit to : May You Maung

ဦးသန်းရွှေ နဲ့ စီအိုင်အေ ကစားပွဲ


Saw Yan Naing
ဦးသန်းရွှေ နဲ့ စီအိုင်အေ ကစားပွဲမှာ ဦးသန်းရွှေ အနိုင်ရသွားပါပြီ တဲ့

(အစ်ကိုကြီးတစ်ယောက် ဂျီတော့မှာ ရှင်းပြတာကို ပြန်ရေးတာပါ)

ဟိုတလောက ဦးသန်းရွှေ နဲ့ စီအိုင်အေ ညှိနေတယ်လို့ ကြားပါတယ် ၊

ဦးသန်းရွှေဖက်က သူတို့ တစ်ဆွေလုံးတမျိုးလုံး အမေရိကားမှာ ခြေခြခွင့် ၊ စီပွားလုပ်ကိုင်ခွင့် ၊ မြန်မာပြည်ကပိုင်ဆိုင်မှုတွေကို ကာကွယ်ခွင့်တွေ အကုန်တောင်းပါသတဲ့ ၊

စီအိုင်အေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ ၊ ပြည်တွင်းငြိမ်းချမ်းရး မရအရ ဆောင်ရွက်ဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်ကို သွားဖို့ ၊ တရုတ်ပြည် နဲ့ လုပ်ထားတဲ့ စီမံကိန်းတွေ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုပါသတဲ့ ၊

အဲလို ဦးသန်းရွှေ နဲ့ စီအိုင်အေ တွေ့ဆုံဖြစ်သွားတဲ့ အဓိကအကြောင်းအရာကတော့ မြစ်ဆုံ နဲ့ ကျောက်ဖြူကူမင်း ပိုက်လိုင်းကိစ္စတွေ ကြောင့်ပါပဲ တဲ့ ၊

မြစ်ဆုံကို ဆက်မလုပ်ပဲ တားခဲ့တယ် ၊ ကျောက်ဖြူကူမင်း ကျတော့ လုပ်ဖြစ်အောင် ဆက်လုပ်ပြတယ် တဲ့ ၊

ခုအချိန်ထိ မြန်မာပြည်ရဲ့ အဆုံးအဖြတ် ဦးသန်းရွှေလက်ထဲမှာပဲ ရှိနေသေးတာတဲ့ ၊ ဦးသန်းရွှေက အချိန်တိုင်းစောင့်ကြည့်ပြီး နောက်ကွယ်ကနေ အမိန့်တွေပေးနေတုန်း ၊ ဦးသန်းရွှေကို သူ့ တပည့်တွေကလည်း သစ္စာခံနေကြတုန်းပေါ့ တဲ့ ၊

ဒေါ်စုကို ၄၅ မိနှစ် လက်ချာရိုက်ခဲ့သူ

ကိုနစ်ဆီက အသံဖိုင်ကို ပုံနဲ့တွဲပင်တင်ပေးတာ

ဘာတွေမှန်းကို မသိပေးမယ့် ဖင်ခေါင်းကိုတော့ ကျွတ်ကျဲမိပါတယ် ။
ဒီမို ဖက်တီး'
၂၀၁၁ခုနှစ် စက်တင်ဘာ ၂၂ရက်နေ့ မနက်၁၁နာရီအချိန်မှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်မှ အမေစုအား လက်ချာရိုက်နေရစဉ်