Thursday, August 15, 2013

Miss Supranational Myanmar ခင်ဝင့်ဝါ


Myanmar Celebrities


ဒီနေမနက်၈:၃၀ မှာMiss Supranational Myanmar ခင်ဝင့်ဝါ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ရန်အတွက် လေဆိပ်တွင်အမှတ်တရ...
အဆိုပါပြိုင်ပွဲကို Wesite အနေဖြင့် www.misssupranational.com နှင့် facebook မှ www.facebook.com/misssupranational တို့မှ ဝင်ရောက်အမှတ်ပေးနိုင်ပါတယ်။

GTC အတွဲ မင်္ဂလာဆောင်

မျိုးစောင့်ဥပဒေကိုလွှတ်တော်တင်ရန် ကမ်းလှမ်းလာပါက တင်ပြမည်ဟုဆို


မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက် အဓိကအကာအကွယ်ပေးထားသည်ဆိုသော အမျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြရန် ကမ်းလှမ်းလာပါက တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
"ကျွန်မတို့ကြားတာက ဒီဥပဒေကြမ်းမှာ ဥပဒေပညာရှင် ရေးဆွဲထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ညှိထားတယ်လို့ သိရပါတယ်။

ဒီဥပဒေက ညီမျှပြီးတော့ ပြည်သူကောင်းဖို့အတွက်ဆိုရင် ဘာမတင်ရဲစရာအကြောင်းရှိလည်း ဒါကိုဖတ်ကြည့်ပြီးလို့ ဆိုးရွားတဲ့အချက်တွေပါရင်တော့ ကျွန်မက အရင်ထောက်ပြမှာပါ။ ပြည်သူတွေအတွက် အကာအကွယ်ပေးမယ်၊ တကယ်လိုအပ်တယ်ဆိုရင်တော့၊ တင်ပြဖို့အဆင့်သင့်ပါ" ဟု ၄င်းက Vneus News Weekly သို့ ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးစောင့်ဥပဒေမူကြမ်း ပြုစုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြောဆို၍ မရနိုင်ကြောင်း။ အဘယ်ကြောင့်ဆိုသော် အခြားပြည်ပနိုင်ငံများတွင် ၄င်းတို့တိုင်းပြည်အတွက် လူမျိုးရေး၊ ဘာသာရေး အကာကွယ် ပေးသည့်ဥပဒေများရှိကြောင်း၊ အခြားပြည်ပနိုင်ငံများတွင် အတူတကွ ပေါင်းသင်းနေထိုင်ခြင်း (Living Together) ကို ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံတွင် ခွင့်မပြုသောကြောင့် လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြော၍ မရကြောင်း ၄င်းက ထပ်မံပြောကြားသည်။

အင်းစိန်ရွာမကျောင်း ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက "ဆရာတော်တို့ကတော့ ဒီဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးဖို့ ကမ်းလှမ်းလာရင် ဘယ်သူမဆိုကြိုဆိုပါတယ်။ လောလောဆယ် ဒီဥပဒေကြမ်းကို စာတိုက်ကနေတစ်ဆင့် လွှတ်တော်ကို ပေးပို့ထားပါတယ်" ဟု မိန့်ကြားသည်။

အမျိုးစောင့်ဥပဒေကြမ်းသည် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအား အခြားဘာသာဝင် အမျိုးသားများကို လက်မထပ်ရန်အတွက် ကန့်သက်တားမြစ်ထားခြင်းဖြစ်ကာ ယင်းဥပဒေကြမ်းကို စာရင်းဇယားဖြင့် လက်မှတ်ရေးထိုးကောက်ခံခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ခံသူပေါင်း နှစ်သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

မှတ်ချတ်= = ယခုအခါ သုံးသန်းကျော် ရှိပြီဖြစ်သည်။
________________________________

Wira Thu ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

တောင်ဥက္ကလာပတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ၃၀ ရာခိုင်နှုန်းတက်ဟုဆို


r

The Voice Weekly

ရန်ကုန်၊ သြဂုတ် ၁၄

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်မားနေမှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် အရောင်းအဝယ် အေးနေသော် လည်း တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် အမှန်တကယ် နေထိုင်ရန် ဝယ်ယူမှုများကြောင့် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် တက်လာကြောင်း ရန်ကုန်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ဝယ်ရောင်းသမားများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကစားမှုများကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် အမှန်တကယ် နေလိုသူများက အခြားမြို့နယ်များထက် ဈေးနှုန်းမြင့်မားမှု နည်းသော တောင်ဥက္ကလာပမြို့နယ်တွင် ဝယ်ယူမှု များလာသောကြောင့် ယခုလအတွင်း ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောဆိုသည်။

“မြောက်ဒဂုံနဲ့ တောင်ဥက္ကလာမှာ အိမ်တစ်လုံး (ကျပ်) သိန်း ၁၀၀ ဆိုရင် သွားရလာရ ပိုလွယ်ပြီး နေရတာ ပိုအဆင်ပြေတဲ့ တောင်ဥက္ကလာမှာပဲ ဝယ်ကြတာတွေရှိလို့ ဈေးနှုန်းတွေ တက်လာတာပါ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သောနှစ်အတွင်းက တောင်ဥက္ကလာပမြို့နယ်တွင် ပေ ၄၀၊ ပေ ၆၀ အိမ်တစ်လုံးလျှင် ကျပ်သိန်း ၇၀၀ ခန့်မှ ယခုအချိန်တွင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ဝေဇယန္တာလမ်း၊ ရတနာလမ်းများကဲ့သို့ လမ်းမများပေါ်တွင် အဓိကတက်ခြင်းဖြစ်ပြီး အချို့နေရာများတွင် အနည်းငယ်သာတက်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာဦးရန်အောင်က ဆိုသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး မြို့သစ်မြို့နယ်များနှင့် အချို့မြို့နယ်များတွင်သာ ဈေးနှုန်းတက်လာကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။