Friday, August 16, 2013

ဆရာ မောင်ဝံသအားကိုမိုးသီးဇွန်အလေးပြု

ရန်ကုန်တိုင်းတစ်ခုတည်း၌ပင် သိမ်းဆည်းထားသည့် မြေစုစုပေါင်း ဧကလေးသောင်းခန့် ရှိ



ရန်ကုန်တိုင်းတစ်ခုတည်း၌ပင် အစိုးရစီမံကိန်းများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များအတွက် သိမ်းဆည်းထားသည့် မြေစုစုပေါင်း ဧကလေးသောင်းခန့် ရှိကြောင်း တောင် ဥက္ကလာပမဲဆန္ဒနယ်မှ လွှတ်တော် အမတ် ဦးအောင်သိန်းလင်းက သြဂုတ် ၁၅ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ သိမ်းဆည်းထားသည့် မြေဧကများသည် ပြည်ထောင်စုလွှတ်တော်၏ လယ်နှင့် အခြားမြေ များ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်သို့ တင်ပြလာသည့်တိုင်စာများအရ သိရှိခဲ့ရခြင်းဖြစ်ပြီး တိုင်စာရောက်မလာသည့် မြေသိမ်းမှု များလည်း ရှိနေနိုင်သေးသည်ဟုပင် ဦးအောင်သိန်းလင်းက ဆိုသည်။

ထိုသို့ သိမ်းဆည်းထားသည့်မြေများသည် လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်လောက်မှ စတင်ခဲ့သည့် အတွက် မူလပိုင်ရှင်များ မှာ ယခုအချိန်ထိ ခက်ခက်ခဲခဲ ရုန်းကန်နေရသောကြောင့် အစိုးရက အမြန်ဖြေရှင်းဆောင်ရွက်ပေးသင့်ပြီဟုလည်း ဦးအောင်သိန်းလင်းက လွှတ်တော်တွင် ပြောခဲ့သည်။

လွှတ်တော်တွင် မြေသိမ်းမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် မြန်အောင်အမတ် ဦးကျော်မြင့် ကလည်း “စီမံကိန်း လုပ်မယ်ဆိုပြီး၊ ပိုင်ရှင်တွေဆီကနေသိမ်း၊ စီမံကိန်းက အကောင်အထည် မပေါ်တော့ ပြန်မပေးဘဲနဲ့ ရောင်းစား တာတွေလည်း ရှိနေပါတယ်”ဟု သူ့အတွေ့အကြုံကို ရှင်းပြ ခဲ့သည်။

Mizzima(16-8-2013)

အဆီလည်း စုပ်
အသားလည်း စုပ်
အရိုးလည်း စုပ်

ဗိုလ်ချုပ်ကြီးလည်း စုပ်
ဗိုလ်ချုပ်လည်း စုပ်
ဗိုလ်မူးချုပ်လည်း စုပ်
ဗိုလ်မူးကြီးလည်း စုပ်
ဗိုလ်မူးလည်း စုပ်

တရုတ်လည်း စုပ်
ခရိုနီလည်း စုပ်

ပြည်သူက အစုတ် ။ ။
____________________________
Written by ဒီမို ဖက်တီး (16-8-2013)


အရင်အစိုးရလက်ထက်က အုပ်ချုပ်ရေး အာဏာပိုင်တချို့ဟာ တောင်သူတွေဆီက လယ် ယာမြေတွေကို သိမ်းယူထားပြီး မိသားစုဝင်နာမည်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပြုလုပ်ထားကြ တယ်လို့ ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးစောရွှေက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီ အုပ်ချုပ်ရေးအာဏာပိုင်တချို့ဟာ သိမ်းထားတဲ့လယ်တွေကို သီးစားချထားတာတွေလည်း ရှိတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (၈) ရဲ့ ဥက္ကဌလည်းဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောရွှေက RFA ကို ပြောပါတယ်။

"အခုလောလောဆယ်က ကျနော်အခုသွားစစ်တဲ့ အထဲမှာလည်းရှိတယ်၊ ထွေအုပ်ရယ်၊ ရဲရယ်၊ မြေစာရင်းရယ်စသဖြင့် အာဏာပိုင်တွေက ယူပြီးတော့မှ သူတို့ကသီးစားချထားတာ အပိုင်း(၃)မှာ အဲဒါတွေကို ပြန်ပေးသင့်ပါတယ်လို့၊ အရင်အစိုးရတုန်းကတော့ ယူကြတာပေါ့ဗျာ၊ အုပ်ချုပ်ရေး အပိုင်းတွေက သူ့နာမည်နဲ့ မယူတာတောင်မှ အမျိုးသမီးနာမည်နဲ့ သားနာမည်နဲ့ အဲဒါတွေ ယူထားတဲ့ တိုင်စာတွေပါတယ်၊ အဲဒါကတော့ အဓိပ္ပာယ်မရှိဘူးလေ၊ သူတို့ အာဏာရှိ တုန်းယူတာ၊ ဒီခေတ်မှာတော့ ကျနော်တို့ကဒါတွေကို စစ်ဆေးပြီးတော့ မှ ပြန်ပေးရ မယ်လေ ပြည်သူပိုင်တာ"

RFA Burmese



တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ် သူရဦးရွှေမန်း တားမြစ်

    16 August 2013  |
    7Day News

တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ် သူရဦးရွှေမန်း တားမြစ်နေပြည်တော်- တပ်မတော်မှ လယ်ယာမြေ သိမ်းဆည်းခြင်းကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းသည် တပ်နှင့် ပြည်သူကြားတွင် သွေးခွဲမှုဖြစ်နိုင်သောကြောင့် ဆွေးနွေးခြင်း မပြုရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သဘောတူ လက်ခံကာ ဆက်လက်ဆွေးနွေးခြင်း မပြုရန် တားမြစ် လိုက်သည်။

“နာယကကြီးရဲ့ မှတ်ချက်အရ နိဂုံးချုပ်ပါလို့ ပြောခြင်းသည် ဆက်လက် မဆွေးနွေးပါနဲ့လို့ အဓိပ္ပာယ် ရတယ်လို့ ပြောတယ်။ တပ်မတော်နဲ့ ပတ်သက်လို့ မဆွေးနွေးပါနဲ့ ကျန်တဲ့ကိစ္စရှိရင် ဆက်လက်ဆွေးနွေးပါ”ဟု သူရဦးရွှေမန်းက ပြောကြားသည်။ သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က တပ်မတော်တပ်ရင်းတပ်ဖွဲ့များက ပြည်သူများ၏မြေယာများ သိမ်းဆည်းခြင်းကို ဆွေးနွေးစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ဆွေးနွေးမှုကို ခွင့်မပြုရန် ၀င်ရောက်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

တပ်မတော်က မြေသိမ်းဆည်းမှုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း အပေါ် “တပ်မတော်ကို ပြည်သူနဲ့ အကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့ သဘောမျိုး သက်ရောက်တဲ့ အတွက် နာယကကြီး အနေနဲ့ တားမြစ် ပေးပါရန်နှင့် ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးပါရန် ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံပါတယ်”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက တင်ပြခဲ့သည်။

“နာယကကြီး ဦးဆောင်တဲ့ ဒီပွင့်လင်းမြင်သာမှုရှိတဲ့လမ်းကြောင်းကို ပေးနေတဲ့အချိန်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒီလို အထင်အမြင်လွဲမှားစေအောင် ဟန့်တားတဲ့ အပြုအမူမျိုး ကတော့ မလိုလား အပ်ဘူးလို့ တင်ပြလိုပါတယ်။ ကျွန်တော် ဆွေးနွေးတာကလည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို ထိခိုက်နစ်နာအောင် တစ်လုံးတစ်ပါဒမှ မပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ပြည်ထောင်စု လွှတ်တော် နာယက ထံတင်ပြခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ တင်ပြမှုများသည် အမှန်တရား ဖြစ်နေကြောင်း၊ အပြစ်ရှာရန် မဟုတ်ဘဲ အဖြေကိုဝိုင်းရှာပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ပြောသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းသုံးကို သြဂုတ် ၁၅ ရက်က ဆွေးနွေးခဲ့ကြသည်။

သမိုင်း ၁ လမ်းတွင် ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်နေ




ရန်ကုန်၊ သြဂုတ် ၁၆
စိုင်းလမင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၊သမိုင်း (၁)လမ်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားနေ ကြောင်းအဆိုပါ ပိုက်လိုင်းအနီးတိုက်ခန်းတွင် နေထိုင်သူများက သြဂုတ်လ ၁၅ ရက်နေ့
တွင် ပြောကြား သည်။

“ဒီဓာတ်အားလိုင်းက ယိုစိမ့်တာ ခဏခဏပဲ။ ပြန်ဖာလည်း ခဏပဲ”ဟု ပိုက်လိုင်းအနီး တိုက်ခန်းတွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသား
တစ်ဦးက ပြောသည်။

အဆိုပါဓာတ်အားလိုင်း ယိုစိမ့်မှုကြောင့် လွန်ခဲ့သည့် တစ်လခန့်က မီးလန့်မှုဖြစ်ပွားခဲ့ကြောင်း၊ယခုအခါ မိုးရာသီ ဖြစ်သော ကြောင့်
ရေရှိ၍သာ ဓါတ်ငွေ့ ယိုစိမ့်မှုကို သိရ ကြောင်း ၎င်းက ဆိုသည်။

“မိုးရွာလို့ ရေရှိတော့ လေထွက်လို့သာ ယိုစိမ့်တယ်ဆိုတာ သိရတာ။ ရေမရှိတဲ့အခါကျတော့ ဓာတ်ငွေ့နံ့ပဲ ရတယ်””ဟု
ု ၎င်းက ပြော သည်။
ယင်းကဲ့သို့ ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့် မှုသည် မကြာခဏ ဖြစ်လေ့ရှိပြီး သက်ဆိုင်ရာ မှလည်း မကြာခဏ လာရောက်ပြီး ပြု ပြင်ရသည် ကို တွေ့ရှိရပြီး
ယခုကဲ့သို့ ယိုစိမ့်မှု ခဏခဏဖြစ်နေလျှင် မီးလောင်မှု ဖြစ်ပွား မည်ကို စိုးရိမ်နေရ ကြောင်း အဆိုပါဓာတ်ငွေ့ပိုက်လိုင်းအနီး နေထိုင်သူ
များက ပြောသည်။

Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်းစာမူ ရပါပြီ



တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ က ကျင်းပသည့်ဗိုလ်ချုပ်အောင်ဆန်း၏ ပါဋိဘာသာလက်ရေးမုစာအုပ်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဥိးခင်အောင်မြင့်မှ ရေးနံချေင်းမြို့မိ၊ မြို့ဖများနှင့်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ပါဝင်သောအဖွဲ့အား အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်တွင် လွဲပြောင်းပေးအပ်ခဲ့သည်။ယင်းအခမ်းအားသို့ အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးမြငြိမ်းနှင့် အမျိုးသားလွှတ်တော်ကော်မတီ တာဝန်ရှိ ၁၅ ဦးတက်ရောက်ခဲ့သည်။
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖေ့လက်ရေးမူစာအုပ်နဲ့ပါတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရှင်းပြခဲ့တဲ့ သဘေားထားများကို သိရှိရတဲ့အတွက် ကွဲလွဲချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်ဖက်နှင့်တဖက်အမြင်မဆောင်းဘဲငြိမ်းချမ်းစွာဖြေရှင်းပြီး ကွဲလွဲချက်များကို ဆွေးနွေးတာတွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ် နောက်တခုက ဒီစာအုပ်နဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားပြုနိုင်ရန် လေ့လာမှုများ သိပံ္ပနည်းကျစမ်းသက်သုတေသနပြုလုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့လာရန်လိုအပ်နေတာကိုတွေ့ရတယ်၊ ကျောင်းအုပ်ဆရာမကြီးရဲ့တင်ပြချက်ကို အခြေခံပြီး
ဦးခင်အောင့်မြင့်ရှင်းပြတာကလဲ သူကိုယ် ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ ၅ နှစ် တာဝန်ထမ်းဆောင် ခဲ့တဲ့အတွက် သမိုင်းဝင်ပစ္စည်း ပျက်စီးဆုံးရုံးသွားမှာကို ထိန်းသိန်းစောင့်ရှောက်ဘို့ ဥက္ကဌ ကြီးရဲ့အင်္ကြပြုချက်များဟာကောင်းမွန်တယ်ဟုမိမိယူဆပါတယ်ဟုပြောကြားခဲ့သည်။

NLD

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ





ရန်ကုန်၊ သြဂုတ် ၁၅

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

“ထက်ထက်မိုးဦး ပါးရိုက်တဲ့ အမှုမှာ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ပဲ ဆောင်ခဲ့ရကတည်းက ဥပဒေမှာပါတဲ့ ဒဏ်ငွေတွေကို ပြန်ပြင်သင့်နေတာ။ ဒီလိုဒဏ်ငွေမျိုးနဲ့ ရိုက်မှတော့ ဘယ်တရားခံကမှ နောင်ကြဉ်မှာ မဟုတ်ဘူး။ ရှေ့နေချုပ်တွေအနေနဲ ဒီလို့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဒဏ်ငွေတွေကို ပြင်သင့်တာ ကြာနေပါပြီ” ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ဟိုးက The Voice သို့ ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်ဖြင့် စီးနင်းလိုက်ပါလာသူ အသက် ၃၀ နှစ်အရွယ် ဦးကျော်ဝင်းစိန်က လေယာဉ်ပေါ်တွင် အမှုထမ်း အမျိုးသမီးနှစ်ဦးထံ ဝိုင်အရက်မှာယူရာ အရက်မူးနေသဖြင့် မပေးနိုင်သည်ကို ရန်ပြုကာ စီးနင်းလာသည့် ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဆိုပါ အမျိုးသားကို မူးယစ်ရမ်းကား နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း ရန်ကုန်လေဆိပ် အထူးတာဝန်တပ်ဖွဲ့ခွဲမှ ရဲအုပ်နေယုက The Voice သို့ ပြောကြားသည်။

“လေယာဉ်မယ်တွေက ဝိုင်နဲ့ဧည့်ခံနေတဲ့ အချိန်မှာ ဝိုင်ထပ်တောင်းတာကို မပေးလို့ ထိုင်ခုံကို လက်သီးနဲ့ ထိုးတယ်။ မပေးဘူးဆိုတာကလည်း သူအရမ်းမူးနေလို့ပါ။ သူ့ကို လေယာဉ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး လေယာဉ်မြေပြင် ဆင်းခါနီးမှာ ခါးပတ်ပတ်ဖို့ ပြောတာကို မလိုက်နာဘူး။ ဒါကြောင့် ခရီးသွားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် အရေးယူရတာပါ” ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးအောင်စိုးထွန်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် မကွေးလမ်း နေထိုင်သူ ဦးကျော်ဝင်းစိန်သည် စင်ကာပူနိုင်ငံရှိ PSA ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံသို့ သူငယ်ချင်းနှစ်ဦးနှင့် အတူ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly