Saturday, August 17, 2013

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်



Saturday, August 17, 2013

မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ထိုင်းနိုင်ငံသား ခံယူထား သူ နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသား ခံယူထားသူ တစ်ဦးမှာ မြန်မာနိုင်ငံ တောင် ပိုင်း ကော့သောင်း-ဘုတ်ပြင်းမှ တဆင့် ရေလမ်းခရီးကို အသုံးပြု ၀င်ရောက်လာကြောင်း သတင်းများ ရရှိထားသဖြင့် တာဝန်ရှိသူများမှ ရပ်ကွက်အလိုက် လုံခြုံရေးများ တိုးမြှင့်ချထားသလို လူဝင်လူထွက်များ သိရှိနိုင်ရန် ညအချိန် ဧည့်စာရင်းများ လိုက်လံစစ်ဆေး လျက်ရှိကြောင်း သိရသည်။

''ဘိတ်ကို ဖောက်ခွဲရေး သမားတွေ ရောက်လာမယ်ဆိုလို့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ အခုရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့လည်း ရပ်ကွက်တွေမှာ လူဝင်လူထွက် စောင့်ကြည့်သလို ဧည့်စာရင်းလိုက် စစ်တာတွေ လုပ်နေပါတယ်။ သတင်းအရ ရေလမ်းခရီးကနေ ၀င်လာတယ်လို့ သိရပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို ခေါ်ယူအသိပေးထား ပြီးပါပြီ'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။

ဖောက်ခွဲရေးသမား သုံးဦး၏ ပုံပန်းသဏ္ဌာန်များကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ပေးပို့ထားပြီး ရပ်ကွက်အလိုက် တာဝန်ကျသူများမှ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
''တစ်ယောက်က ဘိတ်မှာ ၁၂ နှစ် လောက် နေသွားဖူးတယ်လို့ သိရတယ်။ နောက်တစ်ယောက် ကတော့ ဇာတိမသိဘူး။

သူတို့နှစ်ဦးကတော့ ထိုင်းနိုင်ငံသား ခံယူထားကြတဲ့ သူတွေလို့ ပြောတယ်။ နောက်တစ်ဦးကတော့ ရခိုင်ပြည်နယ် ဘက်ကလို့ ပြောတယ်။ သူကတော့ အင်ဒိုနီးရှား နိုင်ငံသား ခံယူထားတယ်လို့ ပြောတယ်'' ဟု ရပ်ကွက် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့သည်။

သြဂုတ်လ အလယ်ပိုင်းမှ စတင်ပြီး မြိတ်သို့ ကော့သောင်း-ဘုတ်ပြင်း ရေလမ်းခရီးမှ ၀င်ရောက်လာသည်ဟု သတင်းများ ထွက်ပေါ်လာ နေသောကြောင့် ယခုရက်ပိုင်း အတွင်း မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လူဝင်လူထွက်များ သတိထား စောင့်ကြည့်နေသလို ညပိုင်းအချိန်များတွင် ဧည့်စာရင်းများ လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။

eleven media group

ရခိုင်ပြည်နယ်အတွင်းသို့ နစကလက်ထက်ပြစ်မှုများဖြင့်ထွက်ပြေးသွားသူများပြန်လည်ဝင်ရောက်နေ

RSV
-------------------------------- မောင်တော၊ သြဂုတ်-၁၇
ရခိုင်ပြည်နယ်တွင် ပြဿနာပေါင်းစုံဖမ်းတီးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂလီများ သည်ယခုခါတွင် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်များအပြင် အခြားသော မြို့နယ်အချို့သို့လည်း ၀င်ရောက်နေကြောင်း လုံခြုံရေးတပ်ဖွဲ့မှ အမည်မဖော်လိုသော သူတစ်ဦး က ယနေ့နံနက်ပိုင်းက ပြောကြားခဲ့ပါသည်။
ထိုသို့ ၀င်ရောက်လာသူများတွင် ယခင်က ဘင်္ဂလီများအား ဦးဆောင်ခဲ့သူများဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေး ရွာများတွင် အစိုးရကိုအတိုက်အခံလုပ်သူများ၊ စည်းရုံးလှုပ်ဆော်သူများဖြစ်ကြောင်းလည်းသိရသည်။ ယခင် က နစက ရှိစဉ်တွင်ပြစ်မှုများဖြင့် ထွက်ပြေးသွားသော်လည်း ယခုအခါတွင် လုံထိန်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာ ၀န်ယူထားပြီဖြစ်သဖြင့် ထွက်ပြေးသွားသော စာရင်းဇယားများ ပျောက်ကွယ်နေကြောင်းလည်းသိရသည်။
“ရာနဲ့ချီပြီး ထွက်ပြေးသွားတဲ့သူတွေဟာ အခုလုံထိန်းတွေ ရောက်လာတော့ ဟိုက၀င်၊ ဒီက၀င် ၀င်လာကြတယ်။ ကမ်းခြေလုံခြုံရေးဆိုတာကလည်း ဘယ်လိုပြောရမှန်းမသိဘူး။ အခုတော့ သူတို့နောက်ကို လိုက်နေတယ်။ ဘင်္ဂလီတွေကလည်း လုံးဝသတင်းမပေးတော့ဘူး။ အယင်တုန်းကတော့ ကျေးရွာတွေမှာ တာ ၀န်ပေးထားသူတွေရှိတယ်။အခု တော့ တစ်ယောက်ကိုမှ တာဝန်ပေးလို့မရတော့ဘူး။ အစိုးရလုပ်တာကို လက် မခံတော့ဘူး။ ဒီလိုခိုးဝင်လာတာဟာ အန္တရာယ်အရမ်းများတယ်”ဟုလည်း အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။
ယခုလပိုင်းအတွင်း ဘင်္ဂလီများသည် တိုင်းရင်းသားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ ၀င်များအား မည်သည့်စကားမျှ မပြောရန်နှင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းကိုလည်း ပြန်လည်ဖြေကြားခြင်း မပြုရန် စည်းရှုံးထားကြောင်းလည်း လုံခြုံရေးတပ်သားများထံမှ သိရသည်။
ယင်းအတွက် ထွက်ပြေးသွားပြီး ပြန်လည်ခိုးဝင်လာသောဘင်္ဂလီများအားဖော်ထုတ်ဖမ်းဆီးရေးနှင့် ရခိုင်တိုင်း ရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူများအား ဖမ်းဆီးအရေးယူပေးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုသို့ ၀င်ရောက်လာခြင်းမှာလည်း ၀င်နိုင်သော လမ်းကြောင်းများစွာရှိနေခြင်းနှင့် လုံခြုံမှုမရှိသည်ကို ဖော်ပြ နေပြီဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ ထိုသို့ ဘင်္ဂလီများ ရာနှင့်ချီပြီး ပြန်လည်ဝင်ရောက်နေ ခြင်းများကို သိရှိထားသော်လည်းဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေကြ ကြောင်းလည်းမောင်တောမြို့နယ်အတွင်းမှ ဒေသခံများထံမှ သိရှိရပါသည်။