Sunday, August 18, 2013

အနီ/အစိမ်း နဲ့ လိမ်လည်နေတဲ့ လူတစ်စု


၇ - ၈ - ၂၀၁၃ ရက် စနေ့နေ့ နေ့လည် ၁ နာရီ နဲ့ ၂ နာရီကြားမှာ စက်ရုံလမ်း ပေါ်ရှိ မင်္ဂလာဈေး ကားမှတ်တိုင် မှာ အနီ/အစိမ်း နဲ့ လောင်းကစားဝိုင်း လုပ်ပြီး လိမ်လည်နေတဲ့ လူတစ်စု ပုံပါ။

အဲဒီ့ လူတစ်စုရဲ့ လောင်းကစားဝိုင်း လုပ်ပုံကို တစ်ချို့လည်း သိပြီးသား ဖြစ်မှာပါ။ လောင်းကစား လုပ်ပုံက ဒီလိုပါ။ အနီရောင် အကွက် နဲ့ အစိမ်းရောင် အကွက် နှစ်ခု ထားထားပါတယ်။ အဲဒီ့မှာ ဖေါ့လုံးလေး တစ်ခုကို ခွက်နှစ်ခုနဲ့ အုပ်ပြီး ကစားတာပါ။ ခွက်နှစ်ခုထဲက ဘယ်ခွက်ထဲမှာ အဲဒီ့ ဖေါ့လုံးလေး ရှိလဲ ဆိုပြီး ပိုက်ဆံ ထိုးတာပါ။ ဘေးမှာ ဝိုင်းအုံထိုးနေတဲ့ လူ ငါးယောက် ခြောက်ယောက်လောက် ရှိပါလိမ့်မယ် အဲဒါတွေလည်း သူတို့လူတွေပါပဲ။ (ပုံမှာ ကြည့်ရင် အဲဒီ့ အမျိုးသမီးကြီးက လွဲပြီး ကျန်တာအကုန် သူတို့လူတွေပါ)။ သူတို့ ဝိုင်းနားကို ဖြတ်သွားမိတဲ့ မိန်းမကြီးတွေ ဆိုရင် လက်ကို ဆွဲပြီး ဝင်ထိုးဖို့ ပြောပါလိမ့်မယ်။ အဲဒီ့ အချိန်မှာ တို့ဆေး လို့ ခေါ်နေကြတဲ့ မူးရစ်စေတဲ့ ဆေးတစ်မျိုးမျိုး စိတ်ပြောင်းစေတဲ့ ဆေးတစ်မျိုးမျိုး သုံးလိုက်ပုံ ရပါတယ်။ အဲဒီ့မိန်းမက ပုံမှန် အနေအထား မဟုတ်တော့ဘူး။

ကိုယ်တိုင်ကြုံဖူးတယ် မိန်းကလေး တစ်ယောက် ပြန်ပြောတာကတော့ အဲဒီ့နားကို ဖြတ်သွားတဲ့ အချိန်မှာ ထိုးသား အယောင်ဆောင် ထားတဲ့ တစ်ယောက်က လက်ကို လှမ်းဆွဲပြီး ဝင်ထိုးလို့ ပြောတော့ သူက မထိုးဘူး မထိုးဘူး လို့ ငြင်းနေရဲ့ ကြားကနေ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ အထပ်လိုက်ကို အဲဒီ့လူက ဆွဲထုတ်နေတာကို ဘာမှ မလုပ်နိုင် မတားနိုင်ဘူး ဖြစ်နေတယ်တဲ့။ အိပ်မက် မက်နေသလိုလို ကိုယ့်ကိုကိုယ် ထိန်းသိမ်းရ ခက်နေတယ်တဲ့။ ငါ့ပိုက်ဆံ ပြန်ပေး မထိုးဘူး ဆိုပြီး ပါးစပ်က ပြောနေပေမယ့် အသံက ကျယ်ကျယ် မထွက်နိုင်ဘူးတဲ့။ အဲဒီ့မှာ အတင်း စိတ်ကို စုစည်းပြီး ပိုက်ဆံ အတင်းတောင်းပြီး တွေ့တဲ့ ဘက်စ်ကားပေါ် ဇွတ်တက်လိုက်တယ်။ ဘက်စ်ကားပေါ် ရောက်လို့ အသိစိတ် နည်းနည်းဝင်လာပြီး ပိုက်ဆံရေတော့ ပိုက်ဆံ တစ်သောင်း လျော့နေတယ်။ ဘက်စကားပေါ်က လူတစ်ယောက်က နင်တော်တော် ညံ့တာပဲ နှစ်ဆ တောင်ရမယ့်ဟာ ဘာလို့ မထိုးတာလဲ ဆိုပြီး ပြောတော့ သူက ဘာလို့ ထိုးရမှာလဲ ကျမ ပိုက်ဆံတွေ ကုန်သွားမှာပေါ့ လို့ ပြန်ပြောလိုက်တယ်။ ရှေ့မှတ်တိုင်လည်းရောက်ရော အဲဒီ့လူ ပြန်ဆင်းသွားရော တစ်ကယ်တော့ ဘက်စ်ကားပေါ်ထိ ပါလာတဲ့ အဲဒီ့လူလည်း သူတို့ထဲက တစ်ယောက်ပါပဲ။
အဲဒီ့လို ဝိုင်းမျိုးကို အရင်က ခနခန တွေ့ဖူးပါတယ်။ ဝတ်လာတဲ့ ရွှေတွေပါ ထိုးခိုင်းလို့ နောက်ဆုံး ရွှေဆိုင်ကို ကားငှားသွားပြီး ရောင်းပြီး ပိုက်ဆံတောင်းတဲ့အထိ ဖြစ်ကုန်တာတွေ ကျွန်တော် မျက်မြင်ပါ။ အဲဒီ့တုန်းက အဲဒီ့မိန်းမကြီးတွေ လောဘကြီးလို့ ဖြစ်ကုန်တာ လို့ ထင်နေခဲ့တာ ဒါပေမယ့် တစ်ကယ်တော့ မူးရစ်ဆေးတွေ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ သုံးထားမှန်း အခုနောက်ပိုင်းမှ သိလာရတာပါ။

သူတို့ရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေက ကွမ်းတောင်မှ မစားကြတာ ဆိုတော့ မူးရစ်ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိလို့ လွယ်လွယ်လေးနဲ့ ခံလိုက်ရတာပါပဲ။ ဒီ ဓါတ်ပုံထဲက မိန်းမကြီး ဆို၇င် မင်္ဂလာဈေးမှာ ဈေးလာဝယ်တဲ့ ပုံပဲ။ သူထုတ်နေတဲ့ ပိုက်ဆံတွေက ငါးထောင်တန်တွေ ဆိုတော့ ကုန်ရောင်း ကုန်ဝယ်လုပ်တဲ့ ဈေးသည်တစ်ယောက်လို့ ထင်ရတယ်။ တော်တော်လေး သနားဖို့ ကောင်းပါတယ် သူ့ခဗျာ ပါသမျှ ကုန်တော့မှာ။

အခု ပုံမှာ မြင်ရတဲ့ ဝိုင်းကို ကျွန်တော်တွေ့တော့ ဒေါသလည်းထွက် အဲဒီ့မိန်းမကြီးကိုလည်း သနားနဲ့ ဘာလုပ်ရမှန်းလည်း မသိ ဖြစ်သွားတယ်။ အဲဒါနဲ့ ကျွန်တော့်ဖုန်းနဲ့ ဓါတ်ပုံရိုက်လိုက်တယ်။ ကျွန်တော့် လည်း ဓါတ်ပုံရိုက်ရော ဘေးနားက ကားစောင့်နေသလိုလို ရပ်နေတဲ့ ခပ်ဝဝ ကုလားတစ်ယောက် (လူပုံစံကို ပြောပြခြင်းသာ ဖြစ်သည်) က ဘာလို့ ရိုက်တာလဲ မရိုက်ပါနဲ့တဲ့။ ကျွန်တော့်က ဒီလူတွေ ယုတ်မာနေတာမို့လို့ ရိုက်တာလေ ရိုက်တော့ ဘာဖြစ်လို့လဲ လို့ ပြန်မေးလိုက်တယ်။ အဲဒီ့တော့ အဲဒီ့ လူက ဒါ ကျွန်တော့်ဝိုင်း မို့လို့ပါ မရိုက်ပါနဲ့ အင်တာနက်ပေါ်တင်မလို့လား ပိုဆိုးကုန်လိမ့်မယ် လို့ ပြောတယ်။ (ဒီလူ အင်တာနက်ဆိုတာတော့ သိသားပဲ အင်တာနက်ပေါ် ရောက်တဲ့သတင်းဆို လူတိုင်းသိကုန်လို့ လူကြီးတွေ အမိန့်ကြောင့် ရဲတွေက မဖြစ်မနေ ဖမ်းရတော့တာလေ) ကျွန်တော်က ကျွန်တော်လည်း ခံရဖူးလို့ ဓါတ်ပုံရိုက်တာ မင်္ဂလာတောင်ညွန့်မှာ ကျွန်တော် အမှုဖွင့်ထားတယ် လို့ ပြောလိုက်တော့ အဲဒီ့လူက ဒီ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှာလား တဲ့ ပြန်မေးတယ် ရဲစခန်းရှိတဲ့ဘက်ကိုတောင် မေးငေါ့ပြလိုက်သေးတယ်။ (ရဲနဲ့ တော်တော်ပိုင်ပုံပဲ၊ သူတို့ လောင်းကစားလုပ်တဲ့ နေရာနဲ့ မင်္ဂလာတောင်ညွှန့် ရဲစခန်းကလည်း နီးနီးလေးပါ တစ်မှတ်တိုင် လောက်ပဲ ဝေးတာ)။ လူတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူဘူးလေ အကိုတွေ့ခဲ့တာ တစ်ခြားအဖွဲ့ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တို့က အလှည့်နဲ့ လုပ်ရတာ လို့ ပြန်ပြောတယ်။ အဲဒီ့တုန်းက အကိုပြောရင် ပိုက်ဆံပြန်ပေးမှာပေါ့ တဲ့။ (အလှည့်နဲ့ လုပ်ရတာ ဆိုတာ ဘာလဲ) ကျွန်တော် အဲဒီ့လူကို ဓါတ်ပုံရိုက်မလို စဉ်းစားသေးပေမယ့် သူနဲ့ကျွန်တော်မျက်နှာချင်းဆိုင် ပြောနေတာရယ် သူ့ဘေးက လူတွေရှိနေတာကြောင့် ကျွန်တော့်ကို ပြဿနာ ထပ်ရှာမှာ စိုးလို့ ရိုက်ဖို့ အဆင်မပြေတော့ဘူး။ သူနဲ့ စကားပြောတာတွေကိုလည်း အသံမဖမ်းဖြစ်လိုက်မိဘူး။

အခြေအနေက မကောင်းတော့ဘူး သူ့ဘေးနားက မိန်းမ တစ်ယောက်က ကစားဝိုင်းထဲက လူတစ်ယောက်ကို လက်တို့လိုက်လို့ ဝိုင်းထဲက လူတစ်ချို့ ကျွန်တော့် နားကို ကပ်လာတယ်။ ကျွန်တော့်ကို ဝိုင်းထားသလို ဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း လှည့်ထွက်လာခဲ့တာ ကျွန်တော့်နောက်ကို လူနှစ်ယောက် လိုက်လာတယ်။ မင်္ဂလာဈေး နား ဆိုတော့ လူတွေ အများကြီး ဖြစ်ပေမယ့် ကိုယ့်လုံခြုံရေးကို ကိုယ် စိတ်မချရတော့ဘူး။ ၁၉၉ ကို ဖုန်းခေါ်တယ် ဖုန်းမအားဘူး တီတီတီတီ ပဲ မြည်နေတယ်။ ထပ်ခေါ်တယ် ဒီတိုင်ပဲ ငါးခါလောက် ခေါ်ပြီးတော့ ၁၉၉ ကို ဆက်မခေါ်ပဲ လျောက်လာခဲ့တယ်။ ယုဇန ပလာဇာနားရောက်တော့ ၁၉၉ ကို ဆက်ပြီး ဆက်တိုက် ခေါ်နေပေမယ့် ဘာမှ မထူးဘူး။ တစ်ကယ်လို့သာ အရေးပေါ် အခြေအနေဆို ဘယ်လိုလုပ်မလ ၁၉၉ က ဘယ်တော့မှ ဖုန်းအားမှာလဲ။ နိုင်ငံခြား ရုပ်ရှင်တွေထဲကလို အရေးပေါ်နံပါတ်ကို ဖုန်းဆက်လိုက်တာနဲ့ ရဲကားတစ်စီးနဲ့ ရဲအရာရှိနှစ်ယောက်လောက် ရောက်လာတဲ့ အခြေအနေမျိုး ဘယ်တော့များမှာ ရပါ့မလဲလို့ တွေးနေမိတယ်။


နောက်တော့ ဆုံးဖြတ်ချက် တစ်ခု အသေအချာ ချလိုက်တာကတော့ Taxi တစ်စီး ငှားပြီး တက်လိုက်တာပဲ။ အဲဒါက လောလောဆယ် ကိုယ့်အတွက် အသေချာဆုံး ထွက်ပေါက်ပါပဲ။ တစ်ကယ်လို့သာ သူတို့အဖွဲ့တွေက ကျွန်တော့်ကို ခါးပိုက်နှိုက်ပါ ဆိုပြီး ဝိုင်းအော်ပြီး ထိုးကြရင်ရော။ ဘေးပတ်ဝန်းကျင်က လူတွေကိုရော ဘယ်လောက် အားကိုးရမှာတဲ့လဲဗျာ။

မဂ်လာဈေး လို လူတွေ စည်ကားနေတဲ့ နေရာက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ခုလို လောင်းကစားလုပ်ပြီး ဆေးတွေသုံးပြီး ပိုက်ဆံ အကုန်ကုန်တဲ့အထိ လိမ်ယူနေတာကို ရဲတွေ မသိဘူး ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲဗျာ။ ဒါ ချဲရောင်းတာ ခိုးကူး သီချင်းခွေ ရောင်းတာထက် အများကြီး ဆိုးတဲ့ ဒုစရိုက်မှုကို လူလည်ခေါင်မှာ ကျူးလွန်လိုက်တာပါပဲ။ ဒါပေမယ့် သနားလိုက်တာ ဆိုတာထက် ပိုပြီး ဘယ်သူကမှ ဘာမှ မကူညီကြပါဘူး။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ မိန်းမကြီးတွေက လောဘတက်ပြီး ဝင်ထိုးတာ မဟုတ်သလို သူတို့သဘောနဲ့ သူတို့ ထိုးနေတာ မဟုတ်ပါဘူး။ မြွေတစ်ကောင် အမြိုခံရတဲ့ သားကောင် တစ်ကောင်လိုမျိုး ခံနေရတာပါ။
တစ်ကယ်လို့များ အဲဒီ့ မိန်းမကြီးက ဈေးဝယ်ဖို့ အိမ်ကထွက်သွားတဲ့ ကိုယ့်ရဲ့ အမေ ဆိုရင် ခု စာဖတ်နေတဲ့သူတွေ ဘယ်လို ခံစားရမလဲဗျာ။ ပါသမျှ ပိုက်ဆံတင် မဟုတ်ဘဲ ချွေးနည်းစာ စုစောင်းထားတဲ့ ရွှေတွေပါ အကုန်ကုန်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဆင်းရဲချို့တဲ့တဲ့ မိသားစုတစ်ခုက ကုန်စုံဆိုင်လေးအတွက် ပစ္စည်းလာဝယ်တာ ဆိုရင် အဲဒီ့လို ဖြစ်လို့ စိတ်ထိခိုက်ပြီး သတ်သေသွားရင်ရော။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

အဲဒီ့လို ဖြစ်နေတာ မြင်ရင် ကျေးဇူးပြုပြီး လစ်လျူရှု မထားပါနဲ့။ နီးစပ်ရာ ရယက နဲ့ တစ်ခြား လူမှုအဖွဲ့အစည်းတွေကို အကူအညီ တောင်းလိုက်ပါ။ သူတို့အဖွဲ့မှာ အနည်းဆုံး လူ ဆယ်ယောက်လောက် ပါတာမို့လို့ လူအင်အား စုပြီးမှ တားပါ။ ဖမ်းနိုင်အောင် လုပ်ပါ။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ သနားစရာကောင်းတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပေးကြပါ။ ဒီစာကိုလည်း ခရက်ဒစ်တွေ ဘာတွေ မလိုပါဘူး လူတိုင်း သိအောင် Share လုပ်ပေးကြပါခင်ဗျာ။ သတင်း ဂျာနယ်တွေမှာ အသိမိတ်ဆွေတွေရှိရင် ဒီသတင်းမျိုး ပါအောင် လုပ်ပေးကြပါ။

မင်းသန့်အောင် —

မိန်းကလေး တစ်ယောက် ပြန်ပြောတာကတော့ အဲဒီ့နားကို ဖြတ်သွားတဲ့ အချိန်မှာ ထိုးသား အယောင်ဆောင် ထားတဲ့ တစ်ယောက်က လက်ကို လှမ်းဆွဲပြီး ဝင်ထိုးလို့ ပြောတော့ သူက မထိုးဘူး မထိုးဘူး လို့ ငြင်းနေရဲ့ ကြားကနေ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ အထပ်လိုက်ကို အဲဒီ့လူက ဆွဲထုတ်နေတာကို ဘာမှ မလုပ်နိုင် မတားနိုင်ဘူး ဖြစ်နေတယ်တဲ့။ အိပ်မက် မက်နေသလိုလို ကိုယ့်ကိုကိုယ် ထိန်းသိမ်းရ ခက်နေတယ်တဲ့။ ငါ့ပိုက်ဆံ ပြန်ပေး မထိုးဘူး ဆိုပြီး ပါးစပ်က ပြောနေပေမယ့် အသံက ကျယ်ကျယ် မထွက်နိုင်ဘူးတဲ့။ အဲဒီ့မှာ အတင်း စိတ်ကို စုစည်းပြီး ပိုက်ဆံ အတင်းတောင်းပြီး တွေ့တဲ့ ဘက်စ်ကားပေါ် ဇွတ်တက်လိုက်တယ်။ ဘက်စ်ကားပေါ် ရောက်လို့ အသိစိတ် နည်းနည်းဝင်လာပြီး ပိုက်ဆံရေတော့ ပိုက်ဆံ တစ်သောင်း လျော့နေတယ်။ ဘက်စကားပေါ်က လူတစ်ယောက်က နင်တော်တော် ညံ့တာပဲ နှစ်ဆ တောင်ရမယ့်ဟာ ဘာလို့ မထိုးတာလဲ ဆိုပြီး ပြောတော့ သူက ဘာလို့ ထိုးရမှာလဲ ကျမ ပိုက်ဆံတွေ ကုန်သွားမှာပေါ့ လို့ ပြန်ပြောလိုက်တယ်။ ရှေ့မှတ်တိုင်လည်းရောက်ရော အဲဒီ့လူ ပြန်ဆင်းသွားရော တစ်ကယ်တော့ ဘက်စ်ကားပေါ်ထိ ပါလာတဲ့ အဲဒီ့လူလည်း သူတို့ထဲက တစ်ယောက်ပါပဲ။
အဲဒီ့လို ဝိုင်းမျိုးကို အရင်က ခနခန တွေ့ဖူးပါတယ်။ ဝတ်လာတဲ့ ရွှေတွေပါ ထိုးခိုင်းလို့ နောက်ဆုံး ရွှေဆိုင်ကို ကားငှားသွားပြီး ရောင်းပြီး ပိုက်ဆံတောင်းတဲ့အထိ ဖြစ်ကုန်တာတွေ ကျွန်တော် မျက်မြင်ပါ။ အဲဒီ့တုန်းက အဲဒီ့မိန်းမကြီးတွေ လောဘကြီးလို့ ဖြစ်ကုန်တာ လို့ ထင်နေခဲ့တာ ဒါပေမယ့် တစ်ကယ်တော့ မူးရစ်ဆေးတွေ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ သုံးထားမှန်း အခုနောက်ပိုင်းမှ သိလာရတာပါ။

ဒီမိုကရေစီ ပြယုဂ်လော . . .


The Voice Weekly

မိုးသားတိမ်လိပ်တို့သည် မှိုင်းညို့ မည်းမှောင်လျက် ပြိုတော့မည်ဟန်။ အချွန်အတက်များဖြင့် ပြည့်နှက်နေသည့် အဆောက်အအုံများကလည်း မိုးထိတော့မည့်နှယ်။ လျှပ်စစ်မီးတိုင်များ အစီအရီ စိုက်ထူထားသည့် ကွန်ကရစ်လမ်းမကြီးမှာ ဖြောင့်ဖြူးလျက်ရှိပြီး သံတံခါးများဖြင့် ပိတ်ထားသော ဂိတ်ပေါက်တွင် လုံခြုံရေးများက စစ်ဆေးနေသည်။

ယင်းကား မြို့တော်သစ် သက်တမ်း ရှစ်နှစ်ရှိပြီ ဖြစ်သော အစိုးရဌာနများ ရုံးစိုက်ရာ နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများပင် ဖြစ်သည်။

ထိုအဆောက်အအုံများသည် နှစ်ပေါင်း ၂၀ ကျော်ကြာ တပ်မတော်အစိုးရ အုပ်ချုပ်မှုစနစ်မှ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပအပြီး ရွေးချယ်တင်မြှောက်ခံရသော ကိုယ်စား လှယ်များဖြင့် အစိုးရသစ် ဖွဲ့စည်းသည့် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အသက်ဝင်လာခြင်း ဖြစ်သည်။

လွှတ်တော် ပရိဝုဏ်အတွင်းတွင် သမ္မတနားနေဆောင်၊ ဒုတိယသမ္မတ နားနေဆောင်၊ ဝန်ကြီးများ နားနေဆောင်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်စသဖြင့် ခံ့ခံ့ညားညား ရှိလှသည်။ အဆောက်အအုံပေါင်း ၃၁ လုံးရှိပြီး အဆောက်အအုံများကို အင်္ဂလိပ်အက္ခရာ A မှ J အထိ နာမည်ပေးထားကာ ဧရိယာ ၈၁၅ ဧက ကျယ်ဝန်းသည်။

ယင်းအဆောက်အအုံများနှင့် ပရိဝုဏ်သည် အကြမ်းထည် တည်ဆောက်စဉ်ကပင် ကျပ်သန်းပေါင်း သုံးသောင်းခန့် ကုန်ကျခဲ့သည်ဟု ဆောက်လုပ်ခွင့်ရ ACE ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုထားသည်။

ယင်းအဆောက်အအုံ စီမံကိန်းကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၀ တွင် ပြီးစီးခဲ့သည်။ လွှတ်တော် အဆောက်အအုံ ဒီဇိုင်းပုံကြမ်းကို ACE ကုမ္ပဏီက ရေးဆွဲ၍ ပြည်တွင်း ပြည်ပ အကူအညီဖြင့် နိုင်ငံတကာအဆင့်မီ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် အာဆီယံ အင်ဂျင်နီယာ အဖွဲ့ချုပ်က ချီးမြှင့်သော AFEO Honorary Fellow ship ဘွဲ့တံဆိပ်နှင့် အကောင်းဆုံးဆုကို ရရှိခဲ့သည်။

ယခုအဆင့်မြင့် အဆောက်အအုံများနှင့် ပြည့်နှက်နေသော လွှတ်တော် ပရိဝုဏ် အပါအဝင် နေပြည်တော်မြို့တော်သစ် တည်ဆောက်ထားသည့် နေရာသည် ၁၉၈၀ ပြည့်နှစ် မတိုင်မီက ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) တို့၏ ဗဟိုဌာနချုပ် နယ်မြေ ဖြစ်ခဲ့သည်။ ထိုအခါက ဗကပသည် နိုင်ငံရေး သိက္ခာရှိသော သို့မဟုတ် အင်အားတောင့်တင်းသော လက်နက်ကိုင် အင်အားစုဖြစ်ပြီး လူထုထောက်ခံမှုလည်း ရရှိထားသည်။

အင်အားတောင့်တင်းသော ဗကပ တို့ကို တပ်မတော်က အမြစ်ပြုတ် တိုက်ခိုက်နိုင်ခဲ့သည့်အတွက် အောင်မြေအဖြစ် သတ်မှတ်ပြီး နေပြည်တော် မြို့သစ်ကြီးကို တည်သည်ဟု လက်ဝဲနိုင်ငံရေးသမားများက ဆိုကြသည်။

ထိုအခါက တောကြီးဂနိုင် စိမ့်ကြီးမြိုင်ကြီး ဖြစ်ခဲ့သော ပဲခူးရိုးမ တောင်ပိုင်းသည် ယခုအခါ ခံ့ညားထည်ဝါသော အဆောက်အအုံများ၊ အစိုးရ အုပ်ချုပ်ရေး ဆိုင်ရာဝန်ကြီးဌာနများ၊ ကွန်ကရစ်လမ်းများ၊ လျှပ်စစ်မီးတိုင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

ယခုဆိုလျှင် မြို့တော်သစ် သက်တမ်း ရှစ်နှစ်၊ အစိုးရသစ်သက်တမ်း နှစ်နှစ်နှင့် လေးလကျော်၊ လွှတ်တော်သက်တမ်းက နှစ်နှစ်နှင့် ခြောက်လကျော် ရှိလာပြီ ဖြစ်သည်။

အချိန်ကားနံနက် ၁၀နာရီ။ Bell တီးသံသည် ဆူညံစွာ ထွက်ပေါ်လာသည်။ ခန်းမဆောင်၏ အပြင်ဘက်ရှိ တိုက်ပုံအဖြူ၊ အညို၊ ပင်နီတို့အပြင် တိုင်းရင်းသားဝတ်စုံ၊ တပ်မတော်ဝတ်စုံတို့ အသီးသီး ဝတ်ဆင်ထားကြသူများ ခန်းမဆောင်အတွင်းသို့ ဝင်ရောက် သွားကြသည်။
ထိုမြင်ကွင်းကား မြန်မာနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော ပြည်ထောင်စု လွှတ်တော်တွင် သြဂုတ်လ ၁၅ ရက်နေ့က မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ထိုနေ့လွှတ်တော်တွင် နိုင်ငံရေးပါတီများက လာရောက် လေ့လာသည်ကိုလည်း တွေ့ရသည်။

နိုင်ငံတည်ဆောက်ရေးအတွက် မဏ္ဍိုင်တစ်ခုဖြစ်သော ဥပဒေပြုရေးမဏ္ဍိုင်ကို မောင်းနှင်နေသော ယင်းလွှတ်တော် ပရိဝုဏ်ကို ၂၀၁၃ ခုနှစ်တွင် ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များကို လာရောက် လေ့လာခွင့်ပြုခဲ့သည်။

နိုင်ငံတည်ဆောက်ရေးအတွက် သွေးသစ်များ ပေါ်ထွက်လာစေရန် လွှတ်တော်သို့ နိုင်ငံမျိုးဆက်သစ်များ စိတ်ဝင်တစား လာရောက် လေ့လာကြရန် လိုအပ်သည်။ နိုင်ငံတကာတွင်လည်း ကျောင်းသူကျောင်းသားများကို လွှတ်တော်သို့ လေ့လာရေးများ ပြုလုပ်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင်မူ စာသင်ကျောင်းများ၊ တက္ကသိုလ်များက လွှတ်တော်သို့ သွားရောက် လေ့လာသည့် အစီအစဉ်များ တွင်တွင်ကျယ်ကျယ် မပြုလုပ်သေး။

ယင်းနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာတစ်နိုင်ငံလုံး၌ ပြဿနာ ဖြစ်ပွားနေသော မြေသိမ်းမှုများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်က တင်သွင်းသော အစီရင်ခံစာ အပိုင်း (၃) ကို ဆွေးနွေးကြသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုတိုင်းတွင် မြေယာသိမ်းခံရသော ပြည်သူများသည် အုပ်ချုပ်ရေးအဖွဲ့က လျင်မြန်စွာ မဖြေရှင်းနိုင်ခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း၊ မတရားလုပ် ဆောင်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းစသဖြင့် အမျိုးမျိုး တင်ပြကြသည်။
တချို့လွှတ်တော် ကိုယ်စားလှယ်များက အိပ်ငိုက်ကြသည်။ ဖုန်းဖြင့် အင်တာနက် သုံးနေသူ၊ စာအုပ်ဖတ်နေသူများ ရှိသကဲ့သို့ တချို့လွှတ်တော် ကိုယ်စားလှယ်များကလည်း စိတ်ဝင်တစား နား ထောင်နေကြသည်။

ယင်းအစီရင်ခံစာကို ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန် ဆွေးနွေးတင်ပြနေချိန် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ထကန့်ကွက်သည့်အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဦးဘရှင်ကို တပ်မတော်က မြေသိမ်းသည့်ကိစ္စ ဆက်မဆွေးနွေးရန် တားမြစ်ခဲ့သည်။ တပ်မတော်ကို ဝေဖန်သော ဆွေးနွေးမှုများကို ဇူလိုင်လအတွင်းက ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် သူရဦးရွှေမန်းက တားမြစ်ခဲ့ဖူးသည်။

တချို့သော ဒီမိုကရေစီနိုင်ငံများ၏ လွှတ်တော်အတွင်းတွင် လွှတ်တော်အမတ်များ အမြင်မတူ ငြင်းခုံကြရာမှ ကိုယ်ထိ လက်ရောက် ကျူးလွန်ကာ နပန်းလုံးကြသည်များကိုပင် အင်တာနက် စာမျက်နှာတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင်တော့ ထိုသို့ မတွေ့ရသေး။

ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦး၊ အမျိုးသားလွှတ်တော် ၄၃၇ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၄၃၁ ဦး စုစုပေါင်း ၇၈၁ ဦးတို့က ဒီမိုကရေစီဆန်ဆန် အများ သဘော တူညီမှု မဲဆန္ဒများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများ ဆုံးဖြတ်လျက် ရှိသည်။

လက်ရှိ လွှတ်တော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဥပဒေ ၆၁ ခုကို အတည်ပြုခဲ့ပြီ ဖြစ်သည်။ ယင်းဥပဒေ ၆၁ ခုသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် ၂နှစ်ကျော်ကာလအတွင်း လွှတ်တော်၏ လုပ်ဆောင်ချက်ကို ညွှန်းဆိုပြနေသည်။

ယင်းဥပဒေ ၆၁ ခုသည်လည်း လွယ်လင့်တကူ ထွက်လာသည်တော့ မဟုတ်။ လွှတ်တော် ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တရားဥပဒေ ပညာရှင်များ အချေအတင် ဆွေးနွေးတင်ပြပြီးမှ ထွက်လာခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အမြင်မတူဘဲ ရှိကြတာကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပါ” ဟု ဆိုသည်။

ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့သည် အပြန်အလှန် ထိန်းညှိပြီး ပြည်သူကို ဗဟိုပြုရေး ဖြစ်သည်။ လက်ရှိလွှတ်တော် ကိုယ်စားလှယ် အများစုက လွှတ်တော်တွင် ဆွေးနွေးရာ၌ အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများသည် ပြည်သူကို ဗဟိုမပြုဘဲ နှစ်ပေါင်း ၂၀ ကျော်ကြာ ခေါက်ရိုးကျိုးခဲ့သော အထက်လူကြီး အမိန့်ကိုသာ ဗဟိုပြုနေဆဲဟု တူညီစွာ ပြောဆိုကြသည်။

အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကလည်း လွှတ်တော် ကိုယ်စားလှယ်များ၏ ကြားဝင်မှုကြောင့် ပြဿနာသည် ကြီးမားလာရသည့်အပြင် အုပ်ချုပ်ရေး ယန္တရားကို ဝင်ရောက် စွက်ဖက်သည်ဟု ဆိုကြသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ အများစုနှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ကမူ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ အားပြိုင်နေကြသည်ဟု တူညီစွာ ပြောဆို နေကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက“ပြဿနာ ဖြစ်လာတဲ့အခါ ဝိုင်းဝန်းအဖြေရှာပြီး ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ပဲ။ နှစ်ဦး နှစ်ဖက်၊ သုံးဦး သုံးဖက် မနစ်နာဖို့ အရေးကြီးတယ်။ ခုပြဿနာရဲ့ အဖြေကို တွေ့နေပါပြီ။ ရဲရဲဝံ့ဝံ့ လုပ်သွားဖို့ပဲ ရှိပါတယ်” ဟု ဆိုသည်။

လပေါင်း ၃၀ သာ သက်တမ်းကျန်တော့သည့် လွှတ်တော် (ဥပဒေပြုရေး) နှင့် အစိုးရအဖွဲ့ (အုပ်ချုပ်ရေး) တို့ ပြည်သူကို အခြေပြုပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အားပြိုင်ကြမည့် ကစားပွဲဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်ကြသည်။

ပြည်ထောင်စုလွှတ်တော် အဆောက်အအုံထဲတွင် ညနေပိုင်းတွင် တိုင်းရင်းသားဝတ်စုံ၊ တပ်မတော်ဝတ်စုံ၊ မြန်မာအမျိုးသားဝတ်စုံစသဖြင့် ဝတ်ဆင်သူများ စည်းကားနေသည်မှာ အစည်း အဝေး ပြီးဆုံးသွား၍ ဖြစ်သည်။

သြဂုတ် လလယ်မိုးသည် ရွာတစ်လှည့် ရပ်တစ်လှည့်။ ကောင်းကင်မိုးတိမ်များမှာ ကင်းရှင်းသွားသည်မရှိ။ မှိုင်းညို့နေသော တိမ်တိုက်များအောက်တွင် လွှတ်တော် အဆောက်အအုံများကမူ ခံ့ခံ့ညားညား ရှိနေသည်။

(မင်းထက်စံ)

ရန်ကုန်မြေဈေးကြီး၍ ပြည်ပလုပ်ငန်းရှင်များ မြေရှင်နှင့် အကျိုးတူဆောင်ရွက်သောပုံစံပြောင်း


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ရန်ကုန်- ရန်ကုန်မြို့တွင် မြေဈေး ကြီးမြင့်နေမှုများကြောင့် ပြည်ပလုပ်ငန်းရှင်များ မြေရှင်နှင့် အကျိုးတူပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားကုမ္ပဏီများအတွက် အကျိုးဆောင်လုပ်ကိုင်ပေးနေသူများက ပြောသည်။
“ရန်ကုန်မှာ မြေကလည်း ရှားလာပြီ။ ရှိနေတဲ့ မြေကလည်း ဈေးကခေါင်ခိုက်နေပြီ။ ဒါကြောင့် ခုမြေရှင်တွေကို နိုင်ငံခြားသားတွေလိုက်ရှာနေကြတယ်။ သူတို့နဲ့ အကျိုးတူပူးပေါင်းတဲ့သဘောပေါ့”ဟု ကယ်ဗင်ချိုင်းအေးဂျင့် ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ပြောသည်။
ပြည်ပလုပ်ငန်းရှင်အချို့ကလည်း မြေရှင်နှင့်တိုက်ရိုက်ညှိနှိုင်း၍ အဆောက်အအုံများတည်ဆောက်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူညီမှုအချို့ပင်ရရှိနေပြီဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
“တချို့ နိုင်ငံခြားသားတွေက အကျိုးဆောင်တောင်မသုံးတော့ဘူး။ တိုက်ရိုက်မြေရှင်နဲ့ညှိပြီး ဆောက်လိုက်တာများတယ်” ဟု အထက်ပါအကျိုးဆောင်က ဆိုသည်။
ထို့အတူ ယခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော တပ်မတော်ပိုင် မြေနေရာအချို့ကိုလည်း ထိပ်သီးကုမ္ပဏီကြီးများက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ရန်ရရှိထားပြီး ယင်းနေရာများကို ရှော့ပင်းမောလ်၊ ဟိုတယ်၊ ကွန်ဒိုစီမံကိန်းများ ဆောက်လုပ်ရန်အတွက် ပြည်ပကုမ္ပဏီများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ပြင်သစ် အစရှိသောနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုအချို့လည်း ရရှိထားပြီးဖြစ်သည်။ လက်ရှိတွင် မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မရမ်းကုန်းမြို့နယ်တို့ရှိ အချက်အချာကျသော မြေနေရာကျယ်အချို့တွင် မြေရှင်နှင့်လုပ်ငန်းရှင်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုအချို့ ရှိနေပြီဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် မြေဈေးကြီးမြင့်နေမှုမှာ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကစားလိုသူ၊ ငွေဖြူလိုအပ်သူများနှင့် နိုင်ငံသားအမည်ခံကာ နိုင်ငံခြားသားများမှ တန်ကြေးထက် ပိုမိုပေးပြီး ၀ယ်ယူနေကြခြင်းဖြစ်သဖြင့် အိမ်ခြံမြေဈေးကွက်မှာ မြင့်တက်မှုအရှိန်မြင့်မားလာပြီး ထိန်းချုပ်ရန်လည်း ပိုမိုခက်ခဲလာကြောင်း လမ်းမတော်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်နိုင်ကပြောသည်။ယင်းကဲ့သို့ မြေဈေးကြီးမြင့်မှုများကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်များမှ အရှုပ်အရှင်းကင်းသော မြေရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ အကျိုးတူပူးပေါင်း လုပ်ကိုင်လာခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

အီဂျစ်မှာဗီဒီယိုရိုက်တဲ့အမျိုးသမီးအပစ်ခံရ

အီဂျစ် ဆန္ဒပြပွဲတွေ နှိမ်နင်းနေတာ 638 ယောက် အထိ သေသွားပြီလို့ ဆိုပါတယ် ။
အီဂျစ်အရေး ဆွေးနွေးဖို့ UN အရေးပေါ် တံခါးပိတ် အစည်းအဝေးခေါ်လိုက်ပါပြီ ။
အိုဘားမားက တော့ အမေရိကန်ကို အီဂျစ်တွေ အနေနဲ့ မော်စီကို ထောက်ခံသူရော ကန့်ကွက်သူရော နှစ်ဘက်လုံးက ပုတ်ခတ် ပြောတာ ခံခဲ့ရပြီးပြီ ။ သူ့အနေနဲ့ ဘယ်ဘက်ကမှ ရပ်တည်မှာ မဟုတ်ဘူး ဆိုပြီး ထောက်ပံ့ငွေ 1.3 ဘီလျံကို ရုတ်သိမ်း လိုက်ပါပြီ ။
ကုလ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကတော့ အစိုးရက ဖြိုခွင်းမှုတွေဟာ လိုအပ်တာထက် လွန်ကဲလို့ သေကြေဒဏ်ရာ ရမှုတွေ ဖြစ်ရတာလို့ ဆိုပါတယ် ။
ဗလီ နဲ့ ခရစ်ယာန် ဘုရားကျောင်းတွေလည်း မီးရှို.ခံလိုက်ရပါတယ် ။
လူထုက အစိုးရရုံးတွေ လူနည်းစု ခရာစ်ယာန် ဘုရားကျောင်းတွေကို ဖျက်ဆီးခြင်း စတင်လုပ်ဆောင်နေကြပါပြီ ။
တူရကီဝန်ကြီးချုပ်က အီဂျစ် စစ်တပ်ဟာ တုံလှုပ်ဖွယ် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ပြောလိုက်ပါတယ် ။
ပြင်သစ် သမ္မတကတော့ ပြည်တွင်းစစ် မဖြစ်ဖို့အတွက် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ် ။
အီဂျစ် အသွင်ကူးပြောင်းရေး ယာယီဝန်ကြီးချုပ်ကတော့ ဆန္ဒပြပွဲတွေ ရပ်ရမယ်ဆိုပြီး ။ အရေးပေါ်အခြေအနေ ကြေငြာ ၊ ကိုင်ရိုနဲ့ အချို.မြို.တွေကို ကာဖျူး အမိန့်ထုတ်လိုက်ပါပြီ ။

Myanmar Journal

ဘင်္ဂလား- မြန်မာနယ်စပ်အနီး RSO နှင့် မြန်မာလုံထိန်းတပ် တို့တိုက်ပွဲဖြစ်




၁၇၊ သြဂုတ်လ ။ ၂၀၁၃ Coral Arakan News

ဘင်္ဂလာ- မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၅၄ နှင့် ၅၅ အကြား ဂေါ်ရီတိုလာဒေသ တွင် ကုလားဆိုး RSO အဖွဲနှင့် မြန်မာလုံထိန်းတပ်တို့ သြဂုတ်လ ၁၄ ရက် ည၉နာရီမှ ကြသားပတေးနေ့ ညနေပိုင်းအထိ တိုက်ပွဲများဖြစ်ပွါးခဲ့ကြောင်းဘင်္ဂလားနိုင်ငံ ယနေ့ထုတ် Dhaka Tribune သတင်းစာတွင်ဖေါ်ပြထားသည်။
တိုက်ပွဲအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသတင်းကိုမသိရသေးပါ။
ယခုအခါ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့များကိုလုံခြုံရေး အထူးတင်းကျပ်စွာချထားကြောင်းသိရသည်။

rsv
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလ နစက နယ်မြေအတွင်း မူဆလင်အကြမ်းဖက်တပ်ဖွဲ့ RSO နှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားကြောင်း ဘင်္ဂလားဒေ့ရှ် နေ့စဉ်ထုတ် သတင်းစာများတွင် မနေ့ကရက်စွဲဖြင့်ဖော်ပြသည်။
တိုက်ပွဲများဖြစ်ပွားသည့်နေရာမှာ မြန်မာပိုင်နက် နယ်စပ်မှတ်တိုင်အမှတ် ၅၄ နှင့် ၅၅ အနီး နယ်မြေ (၁) တွင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း သတင်းစာများကဖော်ပြသည်။
သို့ရာတွင် အဆိုပါတိုက်ပွဲမှာ မည်သည့်အတွက် ဖြစ်ပွားရကြောင်းနှင့် မည်သည့်ဘက်က ထိခိုက်မှုများရှိသည်ကို ဖော်ပြထားသည်ကို မတွေ့ရပေ။
တိုက်ပွဲမှာ ဗုဒ္ဓဟူးနေ့ ည ၉ နာရီခန့်မှ စတင်ပြီး ညလုံးပေါက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ရေးသားထားသည်ကိုတွေ့ရသည်။
လက်ရှိတွင် မူလင်အကြမ်းဖက်အဖွဲ့ RSO မှာ နယ်စပ်မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ စိမ့်ဝင်လာနေသည်ဟု ယူဆရသည့်အတွက် မောင်တောခရိုင်တစ်ခုလုံးကို လုံခြုံရေးများတိုးချဲ့ချထားပြီး ခရိုင်အတွင်းက သက်ဆိုင်ရာဌာန အသီးသီးသို့လည်း လုံခြုံရေးသတိဖြင့်နေထိုင်ကြရန် အထက်မှ ညွှန်ကြားထားသည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများတွင် တစ်စုံတစ်ရာဖော်ပြခြင်းများကို မတွေ့ရှိရပေ။

(အောက်ပါလင့်ခ်များမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် သတင်းစာအချို့ဖြစ်ပါသည်။)
http://www.dhakatribune.com/crime/2013/aug/17/rohingya-luntin-gun-battle-spreads-panic-naikhongchori

အရည်အသွေး မပြည့်မီအောင် ပြုလုပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ

Myo Gyi's photo.
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၅ တွင် "နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော် လည်းကောင်း၊ မိမိအား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန် မရှိစေရ။
သို့ရာတွင် ဤကဲ့သို့ တာဝန် မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ" ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်၌ အလွန်တင်းကျပ်သည့် စည်းမျဉ်းများ ရှိနေသေးပြီး သမက်၊ ချွေးမ၏ နိုင်ငံသားဖြစ်တည်မှုစသည့် ဝေးကွာလွန်းသော စံနှုန်း တစ်ခုကိုကြည့်ကာ ရွေးကောက်ခံမည့်သူ၏ အရည်အသွေး မပြည့်မီအောင် ပြုလုပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး မမြင်ဘူးကြောင်း ဥပဒေပညာရှင် Andrew McLeod က ပြောကြားသည်။


အခြေခံဥပဒေကိုပြင်ဖို့ က ပြည်သူအားလုံးရဲ့ ဆန္ဒလိုတယ်”ဟု သူရဦးရွှေမန်း ပြောကြားလိုက်ပါတယ်။
ပြည်သူအားလုံးရဲ့ ဆန္ဒကိုမမေးရဲတာလေးတခုထဲပါ။

အောင်လအင်ဆန်ကိုShedrick Goodridge က ဒုတိယအချီ မှာ အရှုံးပေး

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး သားမယားပြုကျင့်ခံရ



မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်
သူတို့ ဆန္ဒ ပြသော အကြောင်းအရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေးရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်တစ်ကိုယ်တည်းဆန္ဒဖော်ထုတ်

သြဂုတ်လ 18 ရက်နေ့ နေ့ လည် ၁ နာရီခန့် 

ဖုံးထားတယ်