Monday, August 19, 2013

ခရိုနီကရေ....ကရေစီအလိုမရှိ (ကိုထင်ကျော်)

Kyaw Lwin

မိုးသီးဇွန်မြန်မာပြည်ကိုေ၇ာက်ပြီးနောက်တနေ့တွင် ၅.၈.၂၀၁၃ရက်နေ့10:45amတွင်
သူ၏ရပ်ကွက်သူရပ်ကွက်သားများကိုကူညီစောင့်ရှောက်ပေးသောMDCF
ခေါင်းဆောင်ကိုထင်ကျော်ကိုအစိုးရမှနိုင်ငံတော်အကြည်အညိုပျက်စေမှု
ပုဒ်မ၅၀၅(ခ)ဖြင့်ဖမ်းဆီးထိမ်းသိမ်းပြီးမြောက်ဥက္ကလာပတရားရုံးထုတ်စစ်ဆေးမှုကို
လေ့လာပြီးရုံးစစ်ဆေးပြီချိန်တွင်ခေါင်ဆောင်နှစ်ဦးတို့ချစ်ကြည်ရင်နှီးစွာတွေဆုံနုတ်ဆက်ပြီး
၈၈၈၈လေးလုံးအစည်းအဝေးအတွက်ထွက်ခွါသွားခဲ့သည်
ကိုထင်ကျော်ကတော့ ..ခရိုနီကရေ....ကရေစီအလိုမရှိ ဟုသူ၏ပြည်သူများကိုကြွှေးကြော်နုတ်ဆက်ခဲ့သည်

ဆေးလိပ်ပို့နည်းအသစ်

ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေပါဝင်နေ



အခု ညနေ ၆ နာရီ MRTV 4 သတင်းမှာ ပြောသွားတာပါ
စားသုံးသူများကာကွယ်ရေးအသင်း ဥက္ကဌနဲ့လည်း interview အတိုလေးပါ
လွှင့်ပေးသွားပါတယ်..သတင်းက မြန်မာပြည်အတွင်း တိုင်းရင်းသားတွေ နှစ်ချိုက်စွာ စားသုံးနေသော
 ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေပါဝင်နေတာကို
စစ်ဆေးတွေ့ရှိကြောင်းပြောသွား ပါတယ် ။
ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး တော်တော်များများ ငပိရည်ကို
တစ်ပါတ်မှာ ၄ / ၅ ရက်လောက် စားနေကြတာနော် ။
နည်းလမ်းအမှန်အန္တရာယ်ကင်းတဲ့ ငပိရည်ကျို သိပ်ရင်
အနည်းဆုံး ၆ လမှ ၁ နှစ်အချိန်ယူရပါတယ်တဲ့
ယူရီးယား နဲ့ သိပ်ရင် ၂ လ ဆိုစားလို့ရပြီမို့ ပိုက်စံမြန်မြန်ရဖို့
ဈေးကွက်ငပိရည်အားလုံးဟာ ယူရီယားကင်ဆာ welcome ငပိရည်တွေဖြစ်နေတာ ပြောသွားပါတယ်။

သူတို့မိသားစုစားဘို့ အတွက်တော့ no ယူရီးယားပါ။
တရုပ်ပြည်မှာလို သေဒဏ် နှစ်ရှည်
ထောင်ဒဏ်မျိုး အပြစ်ပေး အရေးယူသင့်ကြောင်းလည်းထည့်ပြောသွားပါတယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဟာ ဒုတိယ ကင်ဆာရောဂါ အဖြစ်ဆုံးနိုင်ငံ နေရာရသွားတာပါ
ဝိသမလောဘသားတွေကိုထိထိ ရောက်ရောက် အရေးယူပေးဖို့တောင်းဆိုအပ်ပါသည်။

 မိ တေး

ဗိုလ်ချုပ်မှူးကြီးစောမောင် နှင် ဆရာမြတ်ခိုင်



 Hawdeka Khalaylay


၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ တပ်ထဲမှာ ကောလဟာလ တစ်ခုထွက်ခဲ့ပါတယ် ၊

အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာပါတဲ့ ၊

အဲဒီလိုမဲပေးခဲ့တာကြောင့် ဦးနေဝင်းက ဒီကောင့်ကို ဆက်သုံးလို့ မရတော့ဘူး ဆိုပြီး ဖြုတ်ပစ်ခဲ့တာပါတဲ့ ၊

အပြင်မှာလည်း စစ်တမ်းလျားပြန်မယ် ဆိုတဲ့ စကားပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်တစ်ယောက် ရုတ်တရက်ကျန်းမာရေး ချို့ယွင်းပြီး တာဝန်မှ အနားယူသွားတယ်ဆိုတဲ့သတင်းဟာ
အားလုံးမထင်မှတ်တဲ့ သတင်းဖြစ်ခဲ့ပါတယ် ၊ အဲဒါနဲ့ပတ်သတ်လို့လည်း ကောလဟာလတွေ ထင်ကြေးတွေ မျိုးစုံထွက်ခဲ့ပါတယ် ၊

ဒါတွေအားလုံး မကြာခင်ရှင်းရှင်းလင်းလင်း သိရတော့မှာပါ ၊

ဆရာမြတ်ခိုင်တစ်ယောက် မကြာသေးခင်ရက်က ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိသားစုဝင်တွေ နဲ့ အင်တာဗျူးလုပ်ခဲ့တယ်လို့ သိရပါတယ် ၊

ဆရာမြတ်ခိုင် အားလုံးကို ဖွင့်ချရေးသားစေလိုပါတယ် . . ကျနော်တို့ စောင့်မျှော်နေပါတယ် . . .

" လိမ္မာပါးနပ်စွာ ဖြင့်သာ..အမေ.."



(သုံးသပ်ချက်)
---------------------------------------------
အမေလွှတ်တော်ထဲဝင်ကာစ ...ကျမ်းကျိမ်စာသားပြင်ဖို့ ..
အမေပြောနေချိန် ကျွန်တော်တို့ အားမလိုအားမရဖြစ်ခဲ့ကြပါသည်၊
အခြေခံ ဥပဒေကိုပါ...ပြင်ရန် ရည်ရွက်ချက်ရှိသောအမေသည်
ကျွန်တော်တို့ ဆန္ဒအတိုင်း ဘာမှမထပ်မပြောပဲ လွှတ်တော်ဝင်ခဲ့ပါသည်။

သို့သော် ကျွန်တော်တို့မသိသည်က..
လွှတ်တော်ထဲတွင်..ကိုယ်စားလှယ်အနည်းငယ်သာရှိသော NLD သည်
ဖွတ်ပါတီ နှင့် တမတ်သား ကို လွှမ်းမိုးမှုမရှိနိုင်..ဟူသာအချက်ပင်ဖြစ်သည်၊
NLD ကိုယ်စားလှယ်တစ်ဦး လျှင် ၁၀ မဲ လောက်ပေးခွင့်ရှိလျင်တောင်..
မလွှမ်းမိုးနိုင်ပေ၊
အထဲရောက်မှ ဒင်းတို့က..
နည်းအမျိုးမျိုးနှင့် ဟပေးသည့် နေရာဟပေးပြီး..
အထိန်းခံရသည့်နေရာ အထိန်းခံရသည်..၊
ပညာသားပါပါ အင်အားသုံးခြင်းခံရသည်..၊

ဒါပေမဲ့..အမေအပြုံးမပျက်ခဲ့ပါ...၊
သာမန်လွှတ်တော်အမတ်၏
အခွင့်အာဏာ ထက်ပိုပြီး လုပ်ပိုင်ခွင့်မရှိသော..အမေသည်..၊
သူအရည်အချင်းနှင့် သူ့ပညာ..သူ့မာန ကိုအသုံးချ.ကာ..
နိုင်ငံတကာအလယ်...မျက်နှာပွင့်အောင်နေခဲ့ ပါသည်..၊
ကျွန်တော်တို့ မျက်နှာမငယ်ကြရပါ..၊

အဲဒီမှာ နားလည်သဘောပေါက်လာသည်က..၊
အမေသည်..သူ့လမ်းကိုသူ့မူအတိုင်း..၊
စနစ်တကျ သွာခဲ့သော်လည်း
သူချစ်သော..ကျွန်တော်တို့တွေ..ဂျီကျပါက
လိုက်လျှောခြင်းပင်တည်း၊

------------------

သူမသည်..တိုင်းပြည်၏ စီးပွားရေး၊ ပြည်သူ့အရေး၊ အပါအ၀င်.
ပြဿနာပေါင်းစုံကို တာဝန်ပေးခံရသည့်အတိုင်း..
အောင်မြင်စွာဖြေရှင်းခဲ့သည်.
သူ့ ကံဇာတာကို..စမ်းသပ်သလို..ဖြစ်ခဲ့သော..လက်ပတောင်းကိစ္စကို
ရှဉ့်လဲလျှောက်သာပျားလည်းစွဲသာ ဖြေရှင်းနိုင်သည်မှာ...
အကြီးဆုံးစိန်ခေါ်မှုတစ်ခုကိုတည်ငြိမ်စွာ အောင်မြင်ခဲ့ခြင်းပင်ဖြစ်သည်..၊
ရခိုင်စုံကော်နှင့်...လက်ပတောင်စုံကော်ကို ဖြေရှင်းမှုချင်း နှိုင်းယှဉ်သင့်ပါသည်။

တရားဥပဒေစိုးမိုးရေး ကော်မတီ ၏ လွှတ်တော်ကိုတင်သောအစီရင်ခံစာသည်လည်း၊
အထိနာသည့်သူများ နာနိုင်သော်လည်း.. မှန်ကန်သောအချက်ဖြစ်ကြောင်း..
မည်သူမျှမငြင်းနိုင်ပေ...ငြင်းပါက..သူ့ကော်မတီထံတင်ပြခဲသော တိုင်စာသောင်းကျော်က..
သက်သေများပင်ဖြစ်သည်..၊ တိုင်စာ..တစ်ခုခြင်း ရှင်းပါက..
မည်သို့ ဖြစ်သွား မည်နည်း..၊ လွှတ်တော် + အစိုးရက Action ယူရမည်ဖြစ်သည်.၊
ဒါပေသည့် အမေသည် ...အားလုံးကို ညှာတာခဲ့ပါသည်။
မဟုတ်ပါက..လယ်ယာမြေသိမ်းဆည်းရေးကော်မတီပြဿနာထက်
အဆများစွာ ...ဆိုးရွားစုတ်ပြတ်သွားနိုင်သည်..။

ထို့ပြင်သူမသည်.၊ပညာရေးကျန်းမာရေး လှုပ်ရှားမှုတွေ..အဆင့်မြင့်မာအောင်
သွယ်ဝိုက်ဝေဘန်ခဲ့သည် ..၊ နိုင်ငံတကာတက္ကသိုလ်ကြီးများသို့သွားရောက်
မိန့်ခွန်းပြောပြီး. ပညာရေးကိုအလေးအနက်ထားသင့်ကြောင်းလက်ရှိအစိုးရ
ကို ဖိအားပေးခဲ့သည်၊ ရသမျှပညာရေးဆိုင်ရာအခွင့်ရေးများတောင်းဆိုခဲ့သည်။
ရန်ကုန်ဆေးရုံအပါအ၀င် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်မှုများ၊
ပညာရေးစနစ်များ ပြောင်းလည်းလာခြင်းသည်.. မည်သူ၏
ဖိအားကြောင့်...ဆိုတာ.ရှင်းလင်းလှသောအဖြေပင်ဖြစ်ပါသည်။
သူ့ကို ယုံကြည်လို့ အပ်နှံသော ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုငွေများနှင့်
တရုတ်ကို ကြောက်သောသူကြီး၏ အပုတ်နံ့ထွက်နေသော..
ငြိမ်းချမ်းရေးကော်မတီငွေများ နှင့် နိုင်းယှဉ်ကြည့်ပါလေ..၊

ထိုသို့ဖြစ်နေသည့်တိုင်..
" ဒေါ်စု လွှတ်တော်ထဲဝင်ပြီးမှ..
တိုင်းပြည် တိုးတက်အောင်ဘာလုပ်ခဲ့လို့လဲ.."
ဟူသော ဝေဘန်မှုကြုံတွေ့နေရဆဲဖြစ်ပါသည်။

မေးခွန်းကို ပြန်ပြင်စေချင်ပါသည်..
ဒေါ်စုသမ္မတ ဖြစ်ပြီးမှ တိုင်းပြည်မတိုးတက်ပါက..
ဒီမေးခွန်းကို ကျွန်တော်တို့လဲ ထောက်ခံကာမေးမြန်းမည်ဖြစ်ပါမည်..၊
အခုကျတော့. ..ဘာအခွင့်အာဏာမှမရှိသူကို
တိုင်းပြည်နဲ့ ပတ်သက်တဲ့...စီးပွားရေး
နိုင်ငံရေး....ပေါ်လစီများချမှတ်စေလိုသော..
သဘောပင်ဖြစ်နေသည်..

မည်သည့်စကားကိုပြောပြော..စည်းထားသောအမေသည်
သာမန်အကြံများပေးယုံအပြင် ဘာများတတ်နိုင်မည်နည်း။
သူမ...နားမလည်တာတော့မဖြစ်နိုင်ပါ...တတ်ကျွမ်းနားလည်ပါလိမ့်မည်၊
နိုင်ငံတော်သမ္မတ ကို "ဟိုဟာလုပ်သင့်တယ် ဒီဟာလုပ်သင့်တယ်"ဆိုပြီး..
ပြောဆို အကြံပေးပါက မည်သူတွေ ဘာဖြစ်သွားမည်နည်း။
အခုတောင်..သမ္မတ.၊ ဥက္ကဌ တို့က.သူနဲ့...မနည်း ကို ..
တန်းလိုက်ညှိနေကြရ တာတာလေ..၊

--------------------

ဒီကြားထဲ ဘင်္ဂံလီ ပြဿနာရှိပါသေးသည်.

ကြံဖွတ်သည်.ရခိုင်ပါတီကိုနိုင်ချင်ဇောများဖြင့်.ဘင်္ဂံလီ ၈ သိန်းလောက်ကို
အ၀င်ခံထားခဲ့သည်။သူတို့၏မဲများ ဖြင့် လွှတ်တော်တွင် ကုလား ၃ ဦးရောက်နေယုံမက.
နှစ်ပေါင်းများစွာ အဂတိတရားလက်ကိုင်ထားပြီး ပြည်တွင်းသို့အ၀င်ခံခဲ့ကြသော
သမိုင်းတရားခံများကို ...ညံ့ဖျင်းစွာမေ့လျော့ မသိချင်ယောင်ဆောင်ကာ
ဦးဥာဏ်ဝင်း ပြောသောစကားကို အထအနကောက်နေသောသူများက
ဘာသာရေးခေါင်းစဉ်ပြကာ...တိုက်ခိုက်နေကြပါသေးသည်။

ဦးဥာဏ်ဝင်း ကိုဒီလောက်အလေးအနက်ထားကြမှန်း ခုမှသိရသလို
နိုင်ငံတော်သမ္မတ၏ ခိုးဝင်လာသူတွေမရှိပါဘူး..ဆိုသောစကားကိုလဲ
အတင်းဖြစ်ညှစ်ကာ..မေ့ပစ်နေကြသည်..၊

အရင်က ဘုန်းကြီးတွေကို ငါကိုင်တုတ်ခဲ့သော သူများမှာလဲ
အခု မျိုးချစ်သူရဲကောင်းများအသွင် တလွှားလွှားဖြင့်တွေ့ကြရသည်..၊
ကိုယ်ခံအားနည်းသူများကလဲ...မျောပါသွားကြသည်..၊

ထိုသို့သော နိုင်ငံရေး တိုက်ကွက်များကို သူမ ခံနေရသော်လည်း
အပြုံးမပျက်ခဲ့ပါ...၊
ကြားဖြတ်ကာလက..သူမ ပါတီ၏ လူထုထောက်ခံမှုအနေအထားနှင့်..၊
ဖွတ်ပါတီ၏အနေအထားကိုကြည့်ရင်..
သူမပါတီသည်..ရွေးကောက်ပွဲအနိုင်ရဖို့ အတွက်..
ကုလားထောက်ခံမှုကိုလုံးဝ...မလိုအပ်ပါပေ..၊

------------------------

တကယ်တော့..သူတို့တွေ..တကယ်ကို ကြောက်နေပါသည်.၊

(၁) ၁၅ နှစ်လောက် ပြည်သူကိုလိမ်ညာအချိန်ဆွဲရေးသား ခဲ့သောနာဂစ်ဥပဒေ၏
ဟာကွက်များအား ဒေါ်စုက အချိန်အနည်းငယ်အတွင်း ပြည့်စုံအောင်လုပ်နိုင်တာမျိုးကို
မြန်မာ့သမိုင်းတွင်...လုံးဝရေးသားချင်ပုံမရပါ ..၊ ထိုဥပဒေသည် ..ဦးသန်းရွှေ ၏ နောက်ဆုံးသိက္ခာပင် ဖြစ်သောကြောင့်တည်း။

(၂) စစ်အစိုးရလက်ထက်က..ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအရှုပ်ထုတ်များ..၊
အပေးအယူများသည် လက်ရှိအစိုးရလက်ထက်တွင် ဖုံးကြဖိကြ၊ ကြိတ်ရှင်းကြနှင့်
အချိန်ဆွဲနိုင်သော်လည်း..၊၂၀၁၅ တွင်သာ ဒေါ်စုအစိုးရတက်လာပါကပြတ်သားစွာ
ဖေါ်ထုတ်အရေးယူ ခံရနိုင်စရာများ ရှိနေနိုင်ပါသည်။
ထိုဇယားများကို...မည်သို့အရေးယူဆောင်ရွက်မည်ကို ခေါင်းခဲ့နေကြပုံရသော..
ကာယကံရှင်များသည်..တနည်းပဲလုပ်စရာရှိပါသည် ၊ ဘယ်နည်းဖြစ်မည်နည်း ?

(၃) တိုင်းပြည်ကို မဟာဗျူဟာအရ လွမ်းမိုးထားနိုင်သော တရုတ်သည်.
အနောက်အုပ်စုအပါအ၀င် ကမ္ဘာမှ လက်ခံသော ဒေါ်စုသာအာဏာရပါက..
၎င်း တို့၏ သြဇာပြုတ်ကျသွားမည်ကို လည်းကောင်း၊ လွယ်လွယ်ရထားသော
စွမ်းအင်ဆိုင်ရာအရင်းအမြစ်များ..၊စီမံကိန်းများ အပါအ၀င်..၊
အချက်အခြာကျသောမြေများအား ဆုံးရှုံးရမည်ကိုလည်းကောင်း
မဖြစ်လိုပေ...။
အန္ဒိယသမုဒ္ဓရာသို့ ထွက်ပေါက်အဖြစ်ရရှိထားသော.. ကျောက်ဖြူဒေသကို
ဆုံးရှုံးရမည်စိုးသဖြင့် ရထာလမ်းရောကားလမ်းပါအမြန်ဖေါက်နိုင်သလို..
၂၀၁၅ ခုနှစ် တွင်..ပညာတတ်ပြီး နိုင်ငံရေးအသိပညာကြွယ်ဝသော..
ကမ္ဘာ့ခေါင်းဆောင်များလေးစားခံရသော...ဒေါ်စု (သို့မဟုတ်)
ပညာရှင်တစ်ဦး မြန်မာနိုင်ငံကိုခေါင်း မဆောင်မှ ဖြစ်ပေလိမ့်မည်..၊
သူတို့...လိုချင်တာသည်.. ကင်ဂျုံအွမ်လို ခေါင်းဆောင်မျိုး..၊
အာဖရိကတိုက်က အာဏာရှင်လိုခေါင်းဆောင်မျိုးသာဖြစ်သည်။
ထို့ကြောင့်....တရုတ်ဘာလုပ်မည်ကို..သုံးသပ်စေချင်ပါသည်..၊

(၄) ကျန်တာတွေကတော့. အဂတိလိုက်စားမှုအပါအ၀င် ငွေကြေးကိစ္စ..၊
အရှုပ်အထွေးများ ၊ ငွေမဲခ၀ါချမှုများ ၊ မူးယစ်ဆေးဝါးကိစ္စများ ကျုးလွန်ထားကြသော
ခရိုနီများ ၊ Higher Level အာဏာရှင်ဟောင်းများ ၊ အစိုးရအကြီးအကဲများ..
ဝန်ထမ်းအကြီးအကဲများနှင့်..စစ်ခေါင်းဆောင်များဖြစ်သည်...၊သူတို့လဲ..
ကြောက်ကြဦးမည်ဖြစ်သည်.. ၊ တစ်ချိန်က တိုင်းမှုးတွေရဲ့ နောက်ကြောင်းကို
စုံစမ်းခိုင်းရုံမျှနှင့်ထောက်လှမ်းရေးတစ်ဖွဲ့လုံး မြေလှန်သော သာဓကကို ကြည့်ကြပါလေ..၊

သူတို့အားလုံးပေါင်းပြီး.အမေကိုနှိပ်စက်ထားတာကို..
အမေ..က...လက်စားခြေမှာကြံ့ဖန် ကြောက်နေကြသည်..
ဒါပေသည့် အမေသည်.......ဖြူစင်ခဲ့ပါသည်။
အာဃာတ စကား တစ်ခွန်းမှ....မဟခဲ့ပေ..၊

အမေသာ...လူထုထောက်ခံမှုလိုချင်လို့...နိုင်ငံရေးအမြတ်ထုတ်ချင်ရင်..
သူ့ကိုနှိပ်ကွပ်ခဲ့တာတွေကို..စီကာပတ်ကုံးပြောကာ..
ပြည်သူ့မျက်ရည်ခြူခဲ့တာ...ကြာပေါ့နော်..
ကုလားကိစ္စလောက်ကို...ပြောစရာမလိုပါ..၊

အဲဒါကြောင့်...၊
အပေါ်က...အချက်တွေကို...
မှန်မှန်ကန်ကန် လေ့လာသုံးသပ်ကြစေလိုပါတယ်..၊

ကျွန်တော်...တို့ အမေဟာ.. ပရိယာယ်များတဲ့
ဒေသကြီးမှာ...သူ့ကိုယ်ပိုင်အလင်းရောင်လေးနဲ့..
လိမ္မာပါးနပ်စွာ..နေနေရတာပါ...လို့...သဘောပေါက်ကြရင်ဖြင့်..

..................

(ပုရစ်)

ငြိမ်းချမ်းရာ ကြယ်တာရာများဆီသို့.(၁ဝ၊ ၅၊ ၁၉၁၉- ၁၉၊၈၊၂၀၁၃)




မောင်ဝံသ၊မင်းလူ၊ပြီးတော့ဒဂုန်တာရာ



 ဒဂုန်တာရာ (၁ဝ၊ ၅၊ ၁၉၁၉- ၁၉၊၈၊၂၀၁၃)

ဒဂုန်တာရာ
ပန်းချီသန်းဋ္ဌေးမောင်
မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း ဦးဌေးမြိုင်
မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား

ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။ [1]
ကိုယ်ရေး ဖြစ်စဉ်။

ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

ယခုအခါ ဆရာသည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုလျက် ရှိသည်။
ဒဂုန်တာရာ ရေးသား ပြုစုခဲ့သော စာအုပ်များ

ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
စံပယ်ဦး - ၁၉၆၁ ခုနှစ်
စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
မာယာ - ၁၉၉၁ ခုနှစ်
မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
မေ - ၁၉၇၄ ခုနှစ်
ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်

ကျမ်းကိုး

↑ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "ဒဂုန်တာရာ (၁၉၁၉) - 'ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့
https://www.facebook.com/moe.kyaw.169/posts/396211357168980

မြန်မာမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်လျှောက် ဆက်နေသည် ဆိုသော ရွှေကြောကြီးကို အစိုးရ ကြိုးပမ်း လေ့လာနေ



17 Aug 2013
pyi myanmar

မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်ခွင် ဆက်စပ်လျက် ရှိသည်ဟု ယူဆရသော ရွှေကြောကြီးအတွက် သတ္တုတွင်းဝန်ကြီးဌာနက တူးဖော် ရရှိနိုင်ရေး သီးသန့် ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း သတ္တုတွင်းလုပ်ငန်းရှင် အခိျု့ထံမှ သတင်း ရရှိသည်။

အဆိုပါ ရွှေကြောကြီးမှာ မြန်မာနိုင်ငံ ၀န်းသိုမြို့မှစတင်ကာ မိုးထိ၊ မိုးမိ၊ယင်းမှ တစ်ဆင့် ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်ဖြင့် ဆက်တိုက် တစ်ကြောတည်း ဖြစ်ပေါ်နေပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ ရေအောက်ပင်လယ်ပြင် အထိ ဆက်စပ်လျက် ရှိသည်ဟု ဂြိုဟ်တုစနစ်ဖြင့် မှတ်တမ်းတင်ထားမှု အရ တွေ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး အများပြည်သူကြား သတင်းပျောက်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

''မီဒီယာတွေကတောင် ရေးသား ဖော်ပြလာကြတဲ့အထိ နာမည်ထွက်ခဲ့တာ။ ဒီရွှေကြောကြီးက တူးရခက်မယ့် အနေအထားမျိုး ဖြစ်သလို မြန်မာအစိုးရဘက်က ပုဂ္ဂလိကကို ၀င်ခွင့်မပေးဘဲ ဒီရွှေကြောအတွက် ကြိုးစားနေဆဲလို့ သိရတယ်'' ဟု နာမည်ကြီး သတ္တုတူးဖော်ရေး လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ဝန်းသိုမှ စတင်သည်ဟု သတင်းထွက်သကဲ့သို့ ရွှေကျင်-ကျောက်ကြီးဘက်မှလည်း စတင်သည်ဟု သတင်းများ ထွက်နေပြန်ရာ မြန်မာအစိုးရ အနေဖြင့် ဂြိုဟ်တုစနစ် မသုံးစွဲနိုင်သဖြင့် တိကျသော ရလာဒ်ေ ဖ်ာဆောင်ရန် အားနည်းချက်များစွာ ရှိခဲ့ရသည်ဟု သိရသည်။

''အစိုးရက ဒီရွှေကြောတစ်ဝိုက်ကိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပေးမှာမဟုတ်ဘူး။ ဒါက တော်တော်ကြီးတာကိုးဗျ။ တကယ်ပဲ တွေ့ရမလား။ မတွေ့ရဘူးလား ဆိုတာတော့ အစိုးရလည်း ကြိုးစားနေဆဲပဲလို့ ယူဆရတယ်'' ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

အဆိုပါ ရွှေကြောကြီးသာ မြေပေါ်သို့ အမှန်တကယ် ရောက်လာပါက မြန်မာနိုင်ငံအနေဖြင့် တင်ရှိသမျှ အကြွေးများကို လွယ်လွယ်ဆပ်နိုင်မည့် အပြင် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေမြင့်မားရေး ဘက်ဂျတ် သုံးစွဲမှုများစွာ တိုးမြှင့် သွားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

သံဃာတွေ နောက်ကနေ လုပ်ပေးပါ


RFA Burmese

"နိုင်ငံ့အရေးကိစ္စတွေမှာ ရဟန်းပျိုများ ရှေ့တန်းမထွက်ဖို့ ဝန်ကြီးပြော"


ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သံဃာတော်တွေ ပါဝင် ထိန်းသိမ်းပေးတာနဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာ ဝေဖန်တာတွေ ရှိတဲ့အတွက် သံဃာတွေအနေနဲ့ နောက်ကွယ်ကသာ အစိုးရနဲ့ ပူးပေါင်းပြီး ၀ိုင်းဝန်းကူညီပေးဖို့ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်က ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို လျှောက်ထား လိုက်ပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်က ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆရာတော်တွေနဲ့ ဒီနေ့မနက်ပိုင်းက သာသနာရေးဝန်ကြီးဌာန ရန်ကုန်မြို့မှာတွေ့ဆုံစဉ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပဋိပက္ခတွေမှာ သံဃာတော်တွေ ကူညီထိန်းသိမ်းပေးတဲ့အပေါ် အစိုးရအဖွဲ့ကိုယ်စား သာသနာရေးဝန်ကြီးက ကျေးဇူးတင်ကြောင်း သာသနာရေးဝန်ကြီးက လျှောက်ထားတယ်လို့ ဆရာတော် ဦးဥာဏက RFA ကို မိန့်ကြားပါတယ်။

"ရခိုင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပက်သက်ပြီး ပြဿနာဖြစ်နေတဲ့ အခါမှာ သံဃာတော်တွေ ဝင်ထိန်းသိမ်းပေးနေတာကို အစိုးရက မြင်ရတယ်။ ဒီလိုထိန်းသိမ်းတာကို နိုင်ငံတကာမီဒီယာတွေက ဒီကိစ္စတွေ အပေါ်မှာ သံဃာတွေ ဦးဆောင်နေတယ်ဆိုပြီး စွပ်စွဲမူတွေရှိနေတယ်။ဒါကြောင့် အဲလို စွပ်စွဲမူတွေ မဖြစ်ရအောင် ထိန်းပေးတဲ့ နေရာမှာ အရှင်ဘုရားတို့ အနေနဲ့ အရှေ့ထွက် လုပ်ပေးတဲ့အစား နောက်ကနေ လုပ်ပေးပါဆိုပြီ လျှောက်ထားတာ"

ဒီတွေ့ဆုံပွဲမှာ ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သံဃာလေးပါး ကြွရောက်ခဲ့သလို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ရဟန်းပျိုတွေဦးဆောင်ပြီး စစ်တွေမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။