Tuesday, August 20, 2013

Generation Youth မှ ကိုကျော်သူ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ခေါ်ယူထိန်းသိမ်း

လက်ပံတောင်းအရေးကို မြို့တော်ခန်းမရှေ၌ မျိုးဆက်သစ်လူငယ်များအဖွဲ့ Generation Youth မှ ကိုကျော်သူ ဆန္ဒဖော်ထုတ်

သစ္စာတွေ ....မနက်တိုင်း တန်းစိရင် ဆိုနေကြတာပဲ..။

r

bY ငရဲ သား

အောက်ခြေအဆင့်...။
-----------------------

ဦးဖာ က ...DSA ××××× ကတဲ့ ..။

We Love True က DSA ××××× က တဲ့..။

ကာဠုက DSA ××××× က တဲ့..။

ကုလားမုန်းတီးရေး ဖွနေတဲ့ page တွေကလည်း ... စစ်သာတွေ ...တဲ့ ..။

အမျိုး ဘာသာ သာသနာကို ရှေ့တန်းကကြွေးကြော်နေသူတွေက ..... စစ်သား accuount တွေက ရှေ့ဆုံးက တဲ့..။.

ဝမ်းသာတာ ဗျား..။



=====================================================

အထက် အဆင့်
-----------------
စစ်အာဏာရှင်များ အုပ်ချုပ်စဉ်ကာလ

ဗိုလ်ချုပ်သိန်းစိုးဦးဆောင်သော ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှ ......အထက်အမိန့်အရ white card ပေးထားသူ ဘင်္ဂလီ သိန်းပေါင်းများစွာအား အငြင်းပွားဖွယ်ရာ ဆန္ဒမဲ ပေးခွင့်ပြုခဲ့သည်..။

၂၀၁၀ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင်မှ မောင်တော ဒေသခံ သိန်းကျော် လက်မှတ်ထိုး ကာ ခရိုင်ကော်မရှင်မှ ကန့်ကွက်နေသည့်ကြားထဲမှ မောင်တော ပြည်ခိုင်ဖြိုးအရေခြူံ ဘင်္ဂလီအမတ် သုံးဦးအား အထက်အမိန့်အရ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်..။

၁၉၉၂ ခုနှစ်နောက်ပိုင်း ရခိုင်စုံ/ကော် အစီရင်ခံစာအရ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလိ စီးပွားရေးသမား လုပ်ငန်းရှင်မျာအား နိုင်ငံသားစိစစ်ရေးကတ် ထုတ် ပေးခြင်း တိုင်းရင်းသားလုပ်ငန်းရှင်အမည်ခံပြီး မြို့လည်ခေါင်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ကန်ထရိုက်ပေးခြင်းတို့ကို နအဖ အဆင့် ဗိုလ်ချုပ်ကြီးများ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များ power ဖြင့် အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်..။

ကာကွယ်ရေး ဦးစီးချုပ်၏ ဆွေးမျိုးများ PA များ နှင့် ခမောင်းဆိပ်သား ဘင်္ဂလီ ခရိုနီများ ပါဝင်ပတ်သက်သော နာမည်တစ်လုံးနှင့် ထိပ်တန်းကုမဏီကြီးမှ ဆယ်စုနှစ် တစ်ခုကျော်အထိ ပြည်တွင်း တိုင်းရင်းသား ကန်ထရိုက်လောကကို လွှမ်းမိုးခဲ့သည်...။

ဒီမိုကရေစီ အစိုးရ ခေတ်လက်ထက်
--------------------------------------
ရခိုင်အရေးအခင်း များ၏ နောက်ဆက်တွဲဂယက်အဖြစ် ယခင် စစ်အစိုးရလက်ထက် Everything is Under Controlled ကြောင့် မီဒီယာများ ထောက်ပြလာသော white card ကိစ္စများအား ရှင်းလင်းပြတ်သားစွာ ဖြေရှင်းနိုင်ခြင်းမရှိဘဲ သမ္မတ ကိုယ်တိုင် တရားမ၀င်ဝင်ရောက်လာသူမရှိပါဘူး..။ ခိုးဝင်သူ မရှိပါဘူး.။. လ၀က လာဘ်မစားပါဘူးဟု ဖြေရှင်းနေသောလည်း ပြည်နယ်လွှတ်တော်တွင် white card အား ၂၀၁၀ အတွင်း ခြောက်သိန်းကျော် ပေးခဲ့သည်ကို ... ၀န်ခံခဲ့ကြသည်..။

အငြင်းပွားဖွယ်ရာ ရခိုင်အရေးအခင်း၏ ရင်းမြစ်ဖြစ်သော .. ဒေါက်တာထွန်းအောင်ကို ဖမ်းဆီးခဲ့သော်လည်း တာဝန်ရှိသူတစ်ဦးဖြစ်သော နစကကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီး၏ အငြင်းပွားဖွယ်ရာ ဗလီတွင် ခွင့်ပြုခဲ့မှုအား ပြည်ဖုံးကားချလိုသော သဘောဖြင့် ပွင့်လင်းမြင်သာမှုမဲ့စွာ ... နစကအား ..ဖျက်သိမ်းခဲ့သည်...။ အရေးအခင်းဖြစ်ပွားပြီး တစ်လအကြာ ၂၀၁၂ ဇွန် (၇) ရက်တွင် ထို နစက ကွပ်ကဲရေးမှူးအား အုပ်ချုပ်ရေးယန္တရားမှ အစဖျောက် .... ပျောက်ကွယ်စေခဲ့သည်..။



---------------------------------------------------------------------------------------------

အောက်က ကောင်တွေက ...... ဟောင်....။

အထက်က ကောင်တွေက ...... စားပိုးတွေ နင့်....။

အောက်ကကောင်တွေက ... အထက်က မဟုတ်တာလုပ်တာကို ..နားရွက်တောင် မခတ်ရဲကြဘူး ...။

နှစ်ဦးစလုံးကတော့ ...သစ္စာတွေ ....မနက်တိုင်း တန်းစိရင် ဆိုနေကြတာပဲ..။

ငါတို့သည်.....၊ နိုင်ငံတော်နှင့် .... နိုင်ငံသားတို့၏ .. သစ္စာကို ....စောင့်သိ ...ရိုသေပါမည်...။

==========================================

သောက်ရှက်ကို .... မရှိကြဘူး..။

ကြော်ရဲရင် ကြော်ကြည့်

ဆီကုန်နေလို့...

သတိ .. သေတတ်သည်


Myat Thu

ဒီဒါဏ်ရာ ၂ ချက်က ကျနော် ကိုယ်ပေါ်က ဒါဏ်ရာတွေပါ..။
မြားအနီရောင်ပြထားသော ဒါဏ်ရာမှာ ၀င်းကိုလှိုင် ( ခ ) ၀င်းကို ဆိုသူမှ ကျနော် အား မင်္ဂလာတောင်ညွှန့်မြို့နယ် အေးရှားလိုက် စားသောက်ဆိုင်တွင် 2011 ခုနှစ်က ချွန်ထက်သော အရာဝတ္တု နှင့် ထိုးခဲ့ပြီး ဘယ်ရင်အုံ နှလုံးအောက်မှ ကပ်လျှက် အဆုတ်ထိ အောင် ဖောက်ဝင်ခဲ့ပြီးဘယ်ဖက်ခြမ်းရှိ အဆုတ်တခုလုံးနီးပါး သွေးယိုစိမ့်ခဲ့ရပါသည်။

အောက်ဖက် အနီရောင် မြားအသေးပြထားသော ဒါဏ်ရာမှာ ၎င်းမှနောက်တချက် ရင်အုံသို့ ထပ်မံထိုးသွင်းလိုက်စဉ် ရှောင်လိုက်နိုင်သည့်အတွက် ခါးဇောင်းတွင် ပြတ်ရှ ဒါဏ်ရာရခဲ့ခြင်းဖြစ်ပါသည် ။

အပေါ်ဆုံး ဒါဏ်ရာမှာ ဆရာဝန်များမှ အဆုတ်တွင်းရှိ သွေးများကို ပိုက်ဖြင့် စုတ်ထုတ်ရန်အတွက် ဖောက်ခဲ့ခြင်းဖြစ်ပြီး ၁၁ ရက်ကြာပိုက်တပ်၍ သွေး ၁ လီတာကျော် စုပ်ထုတ်ခဲ့ရပါသည် ။

ထိုဖြစ်စဉ် အပြီးတွင် မင်္ဂလာတောင်ညွှန့်မြိုနယ် တရားရုံးတွင် တဖက်မှ ကျူးလွန်ခဲ့သူနှင့် အမှုရင်ဆိုင်ခဲ့ကြပြီး ကျနော်သည်လဲ ၀င်းကိုလှိုင်မှ ပုဒ်မ ၂ ခုဖြင့် ပြန်လည်တရားဆိုခြင်းကို ထပ်မံခံခဲ့ရပြန်ပါသည်။ ၎င်းကျူးလွန်ခဲ့သောပြစ်မှုအား ချေဖျက်နိုင်ရန်အတွက် စီမံခဲ့ခြင်းဖြစ်နိုင်ပြီး အခင်းဖြစ်ပွားပြီး ( ၄ ) ရက်အကြာနေ့စွဲပါ ဆေးစာတစောင်ဖြင့်ပါ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ၊ တရားသူကြီးမှလည်း ၀င်းကိုလှိုင်မှ ဆေးစာ ၂ စောင်ပြသနိုင်သည့်အတွက် ကျနော်အား ပုဒ်မ ၂ ခုဖြင့်စွဲခြင်းဖြစ်ကြောင်း တရားခွင်တွင် ပြောဆိုခဲ့ပါသည် ။

ဝင်းကိုလှိုင်အား ရှေ့နေဌားရမ်းရန်အတွက် ယခုအမှုစစ်အရာရှိ ဦးတင်မောင်စိုးကိုယ်တိုင် ဆက်သွယ်ဌားရမ်းပေးခဲ့သော်လည်း ၊ အခင်းဖြစ်ပွားစဉ်က ကျနော်ဝတ်ဆင်ထားခဲ့သော် သွေးစွန်းနေသည့် အကျီနှင့် ဓါးဖြင့်ရှပ်ထိသဖြင့် ပျက်ကျသွားသော လက်ပါတ်နာရီကိုတော့ အမှုတွင်အရေးမကြီးသည့်အတွက် သက်သေအဖြစ်မတင်လျှင်လည်းရပါသည်ဟု ဆိုခဲ့ပြီး ကျနော်မှ မင်္ဂလာတောင်ညွှန့်စခန်းမှုးနှင့်တွေ့ဆုံပြီး အခင်းဖြစ်ပွားချိန်တွင်ရရှိခဲ့သည့် အဓိကသက်သေခံပစ္စည်းများ ဖြစ်သည့်အတွက် တင်ပေးရန်ပြောသည့်အခါတွင်မှ အချိန်လေးလ နောက်ကျပြီး သက်သေတင်ခဲ့ရပါသည်။

အမှုအားစစ်ဆေးရာတွင် အခင်းဖြစ်စဉ်အချိန်တွင် ၀င်းကိုလှိုင်နှင့် အတူရှိနေပြီး ပထမဦးစွာ ဆဲဆိုရမ်းကားသူဖြစ်သည့် ဗိုလ်ကြီးနေတိုးရွှေ(ကြည်း) ၃၈၇၂၇ ( ခမရ-၄၃၅ ) ၊ ဗိုလ်ကြီးညီညီထက် ( ရွှေမန်းတောင် ဂေါက်ကွင်း -အောက်မြန်မာပြည်ရုံးချုပ် ) နှင့် မအင်ကြင်းဆိုသူတို့ မှာ တရားရုံးမှ သက်သေစစ်ဆေးခံရန် အကြိမ်ကြိမ်ဆင့်ခေါ်သော်လည်း ယနေတိုင်လာရောက်ထွက်ဆိုခဲ့ခြင်းမရှိပဲ အောင်အောင်ဆိုသူ တဦးသာ ၃ ကြိမ်ခန့်ဆင့်ခေါ်သည့်အခါတွင်မှ လာရောက်ထွက်ဆိုခဲ့သည်။ကျန်သူများမှာ အမှုမှကိုယ်လွတ်ရုန်းထွက်သွားခဲ့ကြသည် ။

အမှုစတင် ကနဦးတိုင်ကြားချက်တွင် စားသောက်ဆိုင်ဝန်ထမ်းများ ဟုပါရှိခဲ့ပြီး ၀င်းကိုလှိုင်နှင့် အတူရှိနေသူ အောင်အောင်၏ထွက်ဆိုချက်တွင်လည်း စားသောက်ဆိုင်ဝန်ထမ်းများနှင့် အချင်းများကြသည်ဟု ထွက်ဆိုခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင်မှားယွင်း စွပ်စွဲမိပါသည်ဟုဆိုကာ အမှုမှ ဖယ်ထုတ်ခဲ့ပြီး ကျနော်တဦးထဲကိုသာ တရားစွဲဆိုခဲ့ပါသည်။

ထို့အပြင် တရားရုံးအမှုစစ်ဆေးနေစဉ်အတွင်း ၀င်းကိုလှိုင်ခိုးယူရိုက်ကူးထားသော ဗီဒီယိုဖိုင်များအား ဦးအောင်သိန်းလင်း( ယခင်မြိုတော်ဝန် ) ပုံအား ဗီဒီယိုဖိုင်များ၏ ရှေ့တွင်ထည့်သွင်းထားပြီး တရားရုံးအနီးနှင့် တာမွေမြို့နယ် NLD ရုံးဖွင့်ပွဲကျင်းပနေချိန်များတွင် ဖြန့်ဝေခြင်းများ လုပ်ခဲ့ပြန်ပါသည် ။

ထပ်မံ၍ ရဲလင်းဆိုသူနှင့် အတူ ကျနော်၏နေအိမ်သို့ ရောက်ရှိလာပြီး ကိုမင်းကိုနိုင်လက်မှတ်ပါ (နောက်ကြည့်မှန် )စာအုပ်အား ယူဆောင်ခဲ့ပြီး ကျနော်၏ မိခင်အားထိုစာအုပ်အားပေးခဲ့ပြီး ၎င်းတို့သည် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ ဝင်များဖြစ်ကြသည့်အတွက် ၀င်းကိုလှိုင်နှင့် ကျနော်ဖြစ်ပွားနေသည့် အမှုအား နိုင်ငံရေးသမားအခြင်းခြင်းဖြစ်သည့် အတွက် ရုတ်သိမ်းပေးရန် လာရောက် ပြောဆိုသွားခဲ့ပြန်ပါသည်။ဤကဲ့သို့ ပုံမှားရိုက်ခြင်းအား ကျနော် ဖော်ပြပြီးဖြစ်သည်။( ၈၈ အဖွဲ့မှထုတ်ပြန်ပေးခဲ့သော မူရင်းစာအား ယခင်ပို့ စ်များတွင် ဖော်ပြပြီးဖြစ်သည် ။

ယခုအခါ ၂ နှစ်ကြော်ကြာမြင့်သည့်တိုင် တရားရင်ဆိုင်ခဲ့ပြီးနောက် အမိန့်ချမှတ်မည့်အချိန်နီးကပ်လာသည်နှင့်အမျှ ကျနော်သည် NLD ပါတီအား ခုတုံးလုပ်ပြီး ၎င်းအား အပြစ်လေးအောင်ပြုနေသည့် သဘောဆောင်သည့်ပြောဆိုချက်များ ၊အခင်းဖြစ်ပွားပြီးနောက် ပြည်ပသတင်းဌာနများနှင့် နိုင်ငံရေးဘလော့စာများတွင်ရေးသားဖော်ပြချက်များအား ကျနော်မှနေ၍ ဖန်တီးသည်ဟုစွပ်စွဲခြင်းများ ( ပြည်ပသတင်းဌာနများမှ ဖော်ပြသည့် အချိန်တွင် ကျနော်သည် ဆေးရုံတွင် အောက်ဆီဂျင်ပိုက် ၊ သွေးသွင်းပိုက်များဖြင့် အသက်လုနေရချိန်ဖြစ်ပါသည်) ၎င်း၏ တရားရုံးထွက်ဆိုချက်များအား ၎င်းကိုယ်တိုင်ဖုံးကွယ်ပြီး ၀င်းကိုလှိုင်၏ အင်တာနက်စာမျက်နှာများပေါ်မှနေ၍ ကျနော့အား အထင်အမြင်မှားစေရန် ကျနော်၏ ဓါတ်ပုံများ အသုံးပြု၍ မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အတွက် ကျနော်၏ မိတ်ဆွေများ အထင်အမြင် မတိမ်းစောင်းစေရန် ယခုပိုစ့်အား ရေးသားရခြင်းဖြစ်ပြီး ပုံနှင့်တကွ ကျနော်၏ ရရှိခဲ့သော် ဒါဏ်ရာများကို တင်ပြလိုက်ပါသည်။

ဝင်းကိုလှိုင်၏ ပုတ်ခတ်ရေးသားခြင်းများအား ဖတ်ရှုလိုပါက ၎င်း၏ Facebook စာမျက်နှာဖြစ်သော

https://www.facebook.com/SkyHeartStudio

တွင်သွားရောက်ဖတ်ရှုနိုင်ပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်နိုင်ရေးနှင့် ကျူးလွန်ထားသောပြစ်မှုအား လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအား အသုံးချကာ ၎င်း၏ ပြစ်မှုအားဖုံးကွယ်ဖျောက်ဖျက်နေရန်ကြိုးစားနေခြင်းကို ကူညီဖော်ထုတ်သည့်အနေဖြင့် ယခု ပိုစ့်အား ကူညီဖြန့်ဝေပေးကြပါရန် မိတ်ဆွေများအား အလေးအနက် မေတ္တာရပ်ခံအပ်ပါသည် ။

လေးစားစွာဖြင့်

မြတ်သူ

ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်

မင်းသား ရာဇာနေ၀င်း ဟေမာနေ၀င်းမိသားစုများ၏ အဘိုးအရင်း

တစ်မိသားစုလုံး အမေရိကန်ဗီဇာ ရသွားကြပြီတဲ့


Hawdeka Khalaylay's photo.


ကမ္ဘာအေး စွယ်တော် အပူဇော်ခံပွဲမှာ ဗုံးပေါက်ခဲ့တဲ့တာ ၊ ပါဆယ်ဗုံးနဲ့ လုပ်ကြံလို့ မိန်းကလေးတစ်ယောက်သေခဲ့ရတာ
စတာတွေအတွက် အမှုမှန်ပေါ်ပေါကရေး ဆောင်ရွက်သွားတော့မယ် တဲ့

စက်မှုဝန်ကြီးလုပ်ခဲ့တဲ့ ဦးအေးမြင့်ကလည်း ဝန်ကြီးအဖြစ်သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း နေ့စဉ်ဆောင်ရွက်ခဲ့မှုများပေါ်
သူကိုယ်တိုင် တာဝန်ယူ အာမခံနိုင်ပါတယ်တဲ့ ၊ သူရှေ့က ဝန်ကြီးလုပ်သွားတဲ့ သူ ၂ ယောက်ရဲ့ လုပ်ရပ်တွေကိုတော့ သူဘာမှ အာမ မခံနိုင်တော့ပါဘူးတဲ့ ၊
(သူ့ရှေ့က ဝန်ကြီးလုပ်သွားသူ ၂ ယောက်ကတော့ ဦးအောင်သောင်း နဲ့ ဦးစိုးသိန်းတို့ပဲ ဖြစ်ကြပါတယ် ၊)

ကြံ့ခိုင်ရေးပါတီ အဆင့်မြင့်ခေါင်းဆောင်တွေကြားမှာ ငွေရေးကြေးရေး အရှုပ်တော်ပုံ တစ်ခုပေါ်ပေါက်နေပါတယ် ၊
အဲဒီအငြင်းပွားနေတဲ့ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် ငွေးရေးကြေးရေး အလွဲသုံးစားမှုတွေ ရှိခဲ့တယ်လို့ အပြန်အလှန်စွပ်စွဲလျှက်ရှိနေကြပါတယ် တဲ့ ၊

တချိန်က နေပြည်တော်မှာ ဘယ်သူမှ မော်မကြည့်ရဲခဲ့တဲ့ အပါးတော်မြဲ ဗိုလ်ချုပ် စိုးရှိန် ဟာ အခုအခါမှာ လယ်ဝေး တရားရုံးမှာ တရားရင်ဆိုင်ရဖွယ်ရှိနေပါတယ် ၊

နောက်ဆုံးရ သတင်းကတော့ . . .

ဦးသန်းရွှေတို့ တစ်မိသားစုလုံး အမေရိကန်ဗီဇာ ရသွားကြပြီတဲ့ ၊

ဒီနှစ်မကုန်မီ ဦးသန်းရွှေ နဲ့ သူ့မိသားစု အမေရိကန်ကို ပြောင်းနေကြမယ်တဲ့ ၊

ဦးသန်းရွှေ တစ်ယောက် ဒီကနေ ရှောရှောရှူရှူ ထွက်သွားနိုင်အောင် သူ့လူရင်း ဆိုသူတွေကို ဘယ်လိုလုပ်ထားခဲ့မှာလဲ ၊
ဒါကလွယ်ပါတယ် အခြင်းခြင်း အရင်ကိစ္စတွေကို ဖော်ကောင်လုပ်ပြီး တိုင်ပတ်ခိုင်းထားခဲ့မယ်ပေါ့ ၊
အပေါ်က လတ်တလောဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲကြည့်လေ . . .
အဲလိုသူ့လူတွေကို တိုင်ပတ်တဲ့ လမ်းကြောင်းထဲ ထည့်ပေးလိုက်သလို . . .

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးမှာ တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်း တိုင်ပတ်နေတာ တို့ . . .

ဦးသန်းရွှေမိသားစု အမေရိကားမှာ နေဖြစ်သွားရင် ဒီက သူတို့ ပိုင်ဆိုင်မှုတွေကို တာဝန်ယူဦးစီဖို့ ဘယ်သူဘယ်ဝါကို လွှဲခဲ့မယ်ဆို တာ လည်း တိတိကျကျ မပြောနိုင်ကြသေးပါဘူး . . . .

ဖြစ်နိုင်တာကတော့ တစ်ဦးတစ်ယောက်တည်း ကိုလွှဲထားခဲ့မှာ မဟုတ်ပဲ ဦးအောင်သောင်း ၊ ဦးတေဇ ၊ ဦးဇော်ဇော် ၊ ဦးအောင်ကိုဝင်း ၊ ဦးထွန်းမြင့်နိုင် ၊ ဦးအိုက်ထွန်း ၊ ဦးဝင်းမြင့် ၊ ဦးကျော်ဝင်း

စသဖြင့် သူ့နေရာနဲ့သူ လွှဲခဲ့မှာဖြစ်တယ်လို့ ထင်ကြေးပေးနေကြပါတယ် ၊

ဆရာမင်းလူရဲ့ အိမ်နံရံပေါ်က ကဗျာ .....

Lotus Man's photo.

အဆင့်မြင့်-ဆိုတာကို-ယုံမိလို-ငါတော့မှားပြီ



ကားဗိုက်ထဲမှာ luggage ထည့်လျှင် ကိုယ့်မျက်စိရှေ.မှာတင် Name card ချက်ချင်းတပ်ခိုင်းပါ
လမ်းခရီးစဉ်အတွင်း ကားဗိုက်ဖွင့်ပြီး ပစ္စည်းအတင်အချပြုတိုင်း ကိုယ့် luggage ကျန်ခဲ့၊ မကျန်ခဲ့ Check လုပ်ပါ
အဆင့်မြင့် ကားများ၏ Facilities ကိုယုံကြည်ကာ luggage အတွင်း အရေးကြီးပစ္စည်းများ မထည့်ပါနှင့်
ကိုယ်သွားလိုရာ ကားဂိတ်သို.ရောက်သည်နှင့်တပြိုင်နက် ... အလျင်အမြန်ခုန်ပေါက်ပြေးလွှားဆင်းကာ ... ကားနောက်လိုက်က လမ်းဘေးမှာ ပစ်ချပေးထားမည့် luggage ကိုအမြန်သွားယူပါ .. မည်သို.ပင် သင့်ပစ္စည်းဟုဆိုသော်လည်း ဦးရာလူက တွေ.ရာအထုပ်ဆွဲယူသွားခြင်းအား ... ကားဗိုက်ပစ္စည်းတာဝန်ခံ ကားနောက်လိုက်က တာဝန်ယူထိန်းသိမ်းပေးမည်မဟုတ်ပါ ...
၁၈.၈.၁၃ တွင်ပြည်မြို.မှ ရန်ကုန်သို. ကျွန်မတို. ၈ ယောက်အဖွဲ. လိုက်ပါ လာသော "မျိုးဆက်သစ်" အဝေးပြေးကားပေါ်၏ ကားဝမ်းဗိုက်ထဲတွင် ထည့်ထားသော ကျွန်မ၏ Luggage စစ်စိမ်းရောင်( ၃' x ၂' ခန်.) ပျောက်ဆုံးသွားပါသညိ။ Luggage ကိုသော့ခတ်ထားသော်လည်း Name Card မတပ်ထားမိပါ၊ (ကားပေါ် luggage တင်ချိန်တွင် name card တပ်ပေးရန်ပြောသော်လည်း ကားနောက်လိုက်က ကားဗိုက်ခန်းထဲတွင် luggage ၂ ခုသာရှိသောကြောင့် name card တပ်စရာမလို ဟုပြောကာ မတပ်ပေးခဲ့ပါ)
Luggage ပျောက်နေမှန်းကို ရန်ကုန်သို.ပြန်ရောက်ကာ ကျွန်မ luggage ပြန်ထုတ်ခိုင်းမှသာ ကားဗိုက်ခန်းကို ဖွင့်ကြည့်ပြီး luggage မရှိတော့မှန်းသိခဲ့ရပါသည်။
ကားနောက်လိုက်နှင့် ဒရိုင်ဘာ၏ ပြောဆိုချက်အရ ကျွန်မ၏ luggage ပျောက်ဆုံးခြင်းမှာ ဖြစ်နိုင်ချေ ၂ ခုဖြစ်နေပါသည်။
(၁) ကားဗိုက်ခန်းထဲရှိ luggage များအား ခရီးသည်များ ကားပေါ်မှ မဆင်းရသေးခင်ကပင် ကားနောက်လိုက်က လမ်းဘေး ပလက်ဖောင်းပေါ်သို. ချထားလိုက်သည့်အပြင် luggage များအနီးတွင်လည်းစောင့်မနေသောကြောင့် ... ရန်ကုန် ကားဂိတ်တွင် ဘယ်သူက ယူသွားမှန်းမသိဖြစ်နေပါသည်။
(၂) ပိုဆိုးတာကတော့ ကားနောက်လိုက်က ကျွန်မ၏ luggage ရန်ကုန်ကားဂိတ်သို. ပြန်ပါလာ၊ မလာ ပင် မသေချာတော့ခြင်းဖြစ်သည်။ ကားလမ်းခရီးစဉ်တွင် ကားဗိုက်ခန်းကို မကြာခဏ ဖွင့်ကာ လမ်းတလျှောက်ရှိ ငါးရှဉ်.ဒိုင်များမှ ငါးရှဉ်.ထည့်ထားသော ပုံးများစွာကို တင်လိုက်ချလိုက် ပြုလုပ်ခဲ့ပါသည်။ ဆို.ပြင် လမ်းတလျှောက် ကြားကားဆွဲကာ ခရီးသည်နှင့် ကုန်ပစ္စည်းများလည်း မကြာခဏ အတင်အချ ပြုလုပ်ခဲ့ပါသည်။ သို.သော် ကားဗိုက်အတွင်းရှိ ပစ္စည်းစာရင်းကို စနစ်တကျ ပြုလုပ်ထားခြင်းမရှိခဲ့သဖြင့် ကျွန်မ luggage ကို ဘယ်နေရာမှာ မှားချခဲ့မိမှန်းမသိ ဖြစ်နေပါသည်။
ကျွန်မ လည်း ညတွင်းခြင်းပင် သက်ဆိုင်ရာ ကားဂိတ်ရုံးသို. အကြောင်းကြားကာ တာဝန်ယူဖြေရှင်းပေးရန်၊ luggage အားပြန်ရှာပေးရန် တိုင်ကြားခဲ့ပါသည်။ သက်ဆိုင်ရာမှ ရှာဖွေပေးနေသည်ဟု ဆိုသော်လည်း အခု ၂ ရက်ရှိတာတောင် ရှာတွေ.သေးပါ။ Luggage ထဲတွင် ကျွန်မ၏ အ၀တ်အစား၊ အသုံးအဆောင် အများအပြားအပြင် အလုပ်နှင့် သက်ဆိုင်သော စာရွက်စာတန်းများ ပါသည့် File အကြီး တစ်ခုနှင့် ကျွန်မ၏ အရေးကြီး Data များပါဝင်သော laptop အသေးတစ်လုံးပါ ပါသွားပါသည်။
(File နှင့် Laptop အား အပေါ်မှာ ယူထားလျှင် ကျပျောက်မှာ ပြုတ်ကျမှာ စိုးရိမ်သဖြင့် luggage ထဲ အသေအချာ ထည့်ကာ သော့ခတ်ထားမိပါသည်။ အရင်က မကြာခဏ ခရီးဝေးအဝေးပြေး ကားဖြင့် သွားလျှင် ဒီလိုဘဲ ယူနေကျဖြစ်ကာ ပြသနာ တစ်စုံတစ်ရာမဖြစ်ခဲ့ သဖြင့် အဆင့်မြင့် အဝေးပြေးကားများ၏ Facilities ကို ယုံကြည်မိသော ကျွန်မ၏အမှား ဖြစ်သည်) အခုတော့ ကျွန်မမှာ အလွန်ပင် စိတ်ပူပန်သောက ရောက်နေရပါပြီ။ ကျွန်မ၏ ပစ္စည်းများလည်း အမြန်ဆုံးပြန်ရှာတွေ.စေချင်လှပါသည်။
ဒီပြသနာတွင် ယာဉ်နောက်လိုက်တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ဒီယာဥိလိုင်း ၏ အကြီးအကဲများတွင်ပါ တာဝန်ရှိသည်ဖြစ်သည်။ ဒီ ခရီးသည်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ခရီးသည်များအစစအရာရာ အဆင်ပြေစေရန် Facilities များပေးနိုင်အောင်ဆောင်ရွက်သင့်သည်။
ကျွန်မ ဒီ Notes ရေးသားရာတွင် တစ်စုံတစ်ယောက်အား ကြီးမားစွာထိခိုက်စေလိုသော ဆန္ဒမရှိပါ၊ ထိခိုက်မိခဲ့ပါကလည်း ကျွန်မတောင်းပန်ပါတယ်။ ဒီစာလေးမှ တဆင့် ကျွန်မ၏ ပျောက်ဆုံးသွားသော ပစ္စည်းများ ရှာဖွေရာတွင် လမ်းစရရန်၊ ကျွန်မကဲ့သို. ခရီးသွားများ စိတ်ဒုက္ခ မရောက်ကျစေရန်၊ ခရီးသည်တင် အဆင့်မြင့် အဝေးပြေးကားများ၏ facilities များပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကာ ရေးသားခြင်းသာဖြစ်ပါသည်။
ကျွန်မ၏ luggage နှင့် ပတ်သတ်ပြီး သတင်းတစ်စုံတစ်ရာ ရရှိခဲ့ပါက ကျွန်မထံသို.ဖြစ်စေ၊ ကားဂိတ်သို.ဖြစိစေ အမြန်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တွေ.ရှိပါက ကျေးဇူးဆပ်ပါမည်။

Dr. Myat Sandi Min - 09 43050816

"မျိုးဆက်သစ်" အဆင့်မြင့်ခရီးသည်ပို.ဆောင်ရေး - ၀၉ ၄၂၈၂၀၇၀၄၂ ၊ ၀၉ ၈၆၁၈၂၀၁၊ ၀၉ ၄၂၃၇၂၁၅၃၅


ကျွန်မစီးခဲ့သော "မျိုးဆက်သစ်" အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်


https://www.facebook.com/notes/myatsandi-min

အကြမ်းဖက် ဖောက်ခွဲရေး သမားများ ဖမ်းဆီးမိရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်



မြိတ်ပုလဲမြေ
http://myeiknews.blogspot.com's photo.
 ------------------- မြိတ်မြို့တွင် အကြမ်းဖက်ရန် အတွက် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ၀င်ရောက်လာနိုင်သည့် RSO အဖွဲ့မှ အကြမ်းဖက် သောင်းကျန်းသူ (၃) ဦးဓာတ်ပုံ ဖြစ်ပါသည်။ ထိုဖောက်ခွဲရေး သမားများအား တပ်မတော် နှင့် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိရေးနှင့် မြို့လုံခြုံရေး (၂၄) နာရီ ဆောင်ရွက်လျက် ရှိပါတယ် ။ ဒီကိစ္စကို ပြည်သူပါ ပူးပေါင်းမှာသာ အောင်မြင်မှာ ဖြစ်တဲ့ အတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း မသင်္ကာဖွယ်ရာ တွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ အနီးစပ်ဆုံး ရဲစခန်း၊ ရဲကင်းများသို့ ဆက်သွယ် သတင်းပေးပို့ ရနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
အကြမ်းဖက် ဖောက်ခွဲရေး သမားများ ဖမ်းဆီးမိရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်
-------------------
မြိတ်မြို့တွင် အကြမ်းဖက်ရန် အတွက် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ၀င်ရောက်လာနိုင်သည့် RSO အဖွဲ့မှ အကြမ်းဖက် သောင်းကျန်းသူ (၃) ဦးဓာတ်ပုံ ဖြစ်ပါသည်။ ထိုဖောက်ခွဲရေး သမားများအား တပ်မတော် နှင့် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိရေးနှင့် မြို့လုံခြုံရေး (၂၄) နာရီ ဆောင်ရွက်လျက် ရှိပါတယ် ။ ဒီကိစ္စကို ပြည်သူပါ ပူးပေါင်းမှာသာ အောင်မြင်မှာ ဖြစ်တဲ့ အတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း မသင်္ကာဖွယ်ရာ တွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ အနီးစပ်ဆုံး ရဲစခန်း၊ ရဲကင်းများသို့ ဆက်သွယ် သတင်းပေးပို့ ရနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။

အဘလျော့(စိတ်)

တွေ့ဆုံရန် အစီအစဉ်လုံးဝ (လုံးဝ) မရှိ

"လွှတ်တော်တွင်း မေးခွန်းမေးမြန်းဘို့ အချိန်ကန့်သတ်ချက် ပေးရန်လိုပြီလား"



August 20, 2013 at 8:21am

                              
         ကိုသန်းဇော်ညွန့်ရေ…ဒီနေ့လည်း ပြောချင်ဆိုချင်တာတွေရှိလာပြန်တယ်ဗျာ။ ကိစ္စက မနေ့က လိုပါဘဲ။ မေးခွန်းမေး မြန်းတဲ့အချိန်မှာ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က အချိန် (၁၀) မိနစ်လောက်သုံးပြီး သူရေးလာခဲ့တဲ့ စာ (၃) ရွက် လောက်ကိုဖတ်ပြလိုက်တာ ဦးရွှေမန်းက (၂) ကြိမ်တိတိ မေးခွန်းသာမေးမြန်းဘို့ သတိပေး ဟန့်တားတာခံရတယ်။ မနေ့ ကတော့ ရေဖြူအမတ် ဦးဝင်းဦး ရှည်ရှည်ဝေးဝေးပြောနေလို့ ဟန့်တားခံခဲ့ရတယ်။ အမှန်တကယ်ကတော့ဗျာ… လွှတ် တော်ကိုယ်စားလှယ် တော်တော်များများကလွှတ်တော်ရုံးက ရေးပြီး လာတင်ပေးထားတဲ့ မေးခွန်းအတိုင်း မမေးလိုကြ ဘူးဗျ။ မိမိမေးခွန်းနဲ့ပတ်သက်ပြီးဘာကြောင့် မေးရတယ်ဆိုတာကြားရတဲ့သူ နားလယ် အောင်ရှင်းပြချင်ကြတာဗျ။ အဖြစ်အပျက်တွေကမခံမရပ်နိုင်အောင်ဘဲ မတရားလွန်းဘူးဆိုရင် ကိုယ်ခံစားရသလို  ကြားရတဲ့သူအပေါင်းကိုလည်း  ခံ စား သွားစေချင်ကြတယ်။ အစိုးရကလည်း Good governance ၊ Clean Government ဖြစ်အောင်လုပ်ပါ့မယ်လို့ နိုင်ငံတော်သမ္မတက ကြွေးကြော်ထားလေတော့ လွှတ်တော်အမတ်တွေကော ပြည်သူတွေကပါ မျှော်လင့်ချက် ထားကြတာပေါ့ဗျာ။ ဒါကြောင့် မေးခွန်းမေးမြန်းရခြင်းရဲ့ နောက်ခံအခြေအနေကို ရှင်းပြလိုကြတာပါ။
         လွှတ်တော်ဥက္ကဌ အနေနဲ့ကတော့ အစည်းအဝေးအချိန်ကို တတ်နိုင်သမျှ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် အ သုံးချလိုတယ်။ မေးခွန်းမေးမြန်းလိုတဲ့သူကသိပ်များလွန်းတော့ အားလုံးကိုလည်းမျှတတဲ့ အခွင့်အရေးရစေချင်တယ်။ ဒါကြောင့် စာထဲမှာ ရေးတင်ထားတဲ့အတိုင်းမေးပါလို့ လွှတ်တော်ကိုယ်စားလှယ်များကို ပန်ကြားရခြင်းဖြစ်ပါတယ်လို့ ရှင်းပြတယ်။ ဒီတပါတ်မှာ မေးခွန်းပေါင်း တစ်ထောင်ကျော်တောင်ရောက်တယ်တဲ့ဗျား။ အဲဒီအထဲကမှ ၅ ပုံ ၁ ပုံ ( ၂၀၀) လောက်ဘဲ ဒီတပါတ် ဖြေဆိုနိုင်မှာဖြစ်တဲ့အကြောင်းလည်းရှင်းပြတယ်ဗျ။ အဲဒီတော့ ဥက္ကဌပြောတဲ့ စာထဲမှာရေး ထားတဲ့ အတိုင်းဆိုတာ ကျနော်တို့မေးခွန်းမေးဘို့ လွှတ်တော်ရုံးကို ကြယ်ပွင့်ပြမေးခွန်းတင်စဉ်မှာကတဲက ရေးတင်လိုက်တဲ့စာကို ဆိုလိုတာဆိုရင်တော့ မဆိုးပါဘူးလို့ပြောရမှာပေါ့။ ဒါပေမဲ့လည်း ပြဿနာတစ်ခုရှိပြန်တာက မေးခွန်းမေးမြန်းစဉ် က တည်းကိုက နောက်ခံအဖြစ်အပျက်တွေနဲ့ ဇတ်ကြောင်းရယ်စုံလင် ရေးထားပြီး မေးထားတဲ့ဟာမျိုးဖြစ်နေရင်လည်း အချိန်က ၁၀မိနစ် ၁၅မိနစ်လောက်သွားမှာဘဲ။ ဒါဆိုရင်အချိန်တွေ အလဟဿကုန်မှာဖြစ်တဲ့အပြင် မသက်ဆိုင်တဲ့ အမတ်တွေကလည်း နားကြားပြင်းကပ်လာတတ်တယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းကို နားမထောင်ချင် အောင်ဖြစ်မိတတ်ကြတယ်။
         အဲဒီတော့ မေးခွန်းမေးတဲ့အခါ ၃ မိနစ်ဘဲကြာပါစေ။ ဆိုတာမျိုး အချိန်နဲ့ ကန့်သတ်တာလုပ်လိုက်ရင်ကောင်းမယ်လို့ ထင်တယ်ဗျာ။ လိုအပ်လို့ ဥက္ကဌက ပြည့်ပြည့်စုံစုံရှင်းပြပေးပါလို့ တောင်းဆိုရင် ၁၀ မိနစ်- ၁၅ မိနစ်လောက်ခွင့်ပြုတာ မျိုးပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ရုံးက ရေးထားပေးတဲ့ မေးခွန်းကလည်း တိုတောင်းလွန်းတော့ အမတ်တွေက အဲဒီအတိုင်းဘဲမေးဘို့ ကိုတော့သိပ်လိုလိုချင်ချင်မရှိကြဘူးဗျ။
         မေးခွန်းတွေကိုစာနဲ့ ရေးတင်ပြီးမေးတဲ့အချိန်မှာ သက်ဆိုင်ရာက ပြည့်ပြည့်စုံစုံ သိရှိနိုင်အောင် ကိုယ်ပြော ချင် တင်ပြ ချင်တာတွေကို ရေးပို့လို့ရပါတယ်။ အဲဒီအချိန်မှာ အဖြစ်အပျက်တွေရော၊ ကိုယ်ဖြစ်စေချင်တာတွေရော၊ အကြံပေးလို တာတွေရော ရေးပို့နိုင်ပါတယ်။ သို့သော် ပြန်လာဖြေတဲ့ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုဝန်ကြီးက ကိုယ်ဖြေစေချင် သလို ဖြေလိမ့်မယ်လို့တော့ တထစ်ချ မျှော်လင့်လို့မရဘူးပေါ့။ သူတို့ကလည်း အဲဒီ ပြဿနာဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဟိုတုံး က တာဝန်ယူလုပ်ခဲ့တဲ့ပုဂ္ဂိုလ် တွေကိုဘဲ ပြန်လည်မေးမြန်းပြီး လာဖြေတာဖြစ်လေတော့ အားလုံးက ဥပဒေနဲ့ မညီ ညီအောင် စားပွဲပေါ်မှာ အဆင်သင့်လုပ်ထားပြီးသားပေါ့ဗျာ။ မှန်မှန်ကန်ကန် လုပ်ထားတာတွေလည်း အတော်အသင့်ရှိကောင်းရှိမှာပါ။ အားလုံး လို့တော့ ကျနော်မဆိုလိုပါဘူး။
           ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ… Good governance ၊ Clean government တကယ်ဖြစ်ချင်တယ်ဆိုရင်တော့ အရင်ခေတ် က မတော်မတရားဖြစ်ခဲ့တာတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည်စစ်ဆေးပေးဘို့တော့လိုလိမ့်မယ်ဗျ။ ဒီလိုမှ မလုပ်ပေး နိုင်ရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိဘို့ သိပ်မလွယ်ဘူးလို့ ကျနော်ထင်တယ်။
                           ဒီနေ့တော့ ဒီလောက်နဲ့ဘဲ တော်တော့မယ်ဗျာ။ ခင်ဗျားလည်း ပြောချင်တာရှိရင် ကွန်မင့်လေးဘာ လေးပေးပါအုံး။
                                                                                                      ရဲထွန်း ( သီပေါ )

နှစ်မျိုးဝယ်ရင်၁၅၀၀ိ