Thursday, August 22, 2013

RNG မှ အထူး မေတ္တာရပ်ခံချက်

RNG

************************************************
စစ်တွေမြို့တွင် Muslim Aid အပါအ၀င် ကုလားအားပေး NGO များသည် ကြက်ခြေနီ အရေခြုံလျှက် ကုလားများအတွက်သာ ကူညီထောက်ပံ့ခြင်း၊ ကုလားများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းများလုပ်နေပြီး၊ ဒေသခံရခိုင်များအား ကူညီထောက်ပံ့ခြင်းများကို လုပ်ဆောင်ခြင်းမရှိပါ။

ထို Muslim Aid အပါအ၀င် ကုလားအားပေး NGO များ ထောက်ပံ့ထားသော ICRC (ကမ္ဘာကြက်ခြေနီ) သည် စစ်တွေမြို့ လမ်းမတော်တောင်တွင် အိမ်ပေါင်း ၄ဆောင်ငှားရမ်းကာ ကားအစီးပေါင်းများစွာ ကိုလမ်းများပေါ်တွင် စည်းကမ်းမဲ့ရပ်နားကာ ကုလားရပ်ကွက်များကို ထောက်ပံ့ကူညီလျှက်ရှိနေသည်။

ထို့အပြင် ၄င်းတို့ခန့်ထားသော ကုလားဝန်ထမ်းများနှင့် အခြားခရီးသွားကုလားများကို မြို့တွင်းသို့ ကြက်ခြေနီကားဖြင့် ရုံတက်စေခြင်း၊ နှင့် ကုလားတို့၏ လုပ်ငန်းဆောင်တာများကို ကြက်ခြေနီကားများဖြင့် ကူညီဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိနေသည်ကိုတွေ့နေရပါသည်။
ယခုအခါ ဒေသခံလူငယ်အချို့သည် ၄င်းကြက်ခြေနီကားများကို သတိထားစောင့်ကြည့်လျှက် ရှိနေပါသည်။

အကယ်၍ ယင်းကြက်ခြေနီကားများပေါ်တွင် ကုလားဝန်ထမ်းများနှင့် အခြားကုလားများတင်ဆောင်လျှက် မြို့တွင်းသို့ကုလားများခိုးသွင်းသည်ကိုတွေ့ပါက ပြသနာများဖြစ်နိုင်ပါသည်။
ပြသနာဖြစ်လာပါက ကြက်ခြေနီနှင့် ပြသနာဖြစ်သည်ဟု ကမ္ဘာအလယ်တွင် မြန်မာနိုင်ငံအနေနှင့်သော်လည်းကောင်း ရခိုင်ဒေသခံများအတွက်သော်လည်းကောင်း အရှက်ရစရာဖြစ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အစိုးရအနေဖြင့် ယင်းကုလားအားပေး NGO များ၏ IRCR ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကို အသုံးချကာ ပြုမူဆောင်ရွက်နေသည်များကို ကြပ်မတ်ဆောင်ရွက်ပေးပါရန် RNG မှ အထူးမေတ္တာရပ်ခံအပ်ပါသည်။

နေရာ……





ဆူးလေဘုရားကားမှတ်တိုင်တွင်ဖြစ်သည်။ တနေ့လုံး မနေမနား တစ်ဝမ်းတစ်ခါးကို
ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူလူထုဟာ ညနေစောင်း အိမ်အပြန် ခရီးသည်တင်
ကားတွေပေါ်မှာ “ခြေထောက်တစ်ချောင်း” ချခွင့်ရဖို့ ကားပေါ်လိုက်ပါခွင့်ရဖို့ သိန်းထီ
ပေါက်တာထက် ခက်ခဲရတဲ့ကြားထဲ ဒုက္ခရောက်နေကြရတာကိုလဲ တွေ့မြင်နေရပါတယ်။
အနည်းငယ်မိုးချုပ်နေပြီ..ကောင်းကင်သည်အမှောင်သန်းဘို့စတင်လာချေပြီ…
ငှက်တစ်အုပ်သည်…ဘူတာကြီးဘက်မှ….ပျံသန်းလာသည်ကိုမြင်ရသည်…။
ပတ်ဝန်းကျင်သည်…အိမ်အပြန်အလျှင်လိုသူများဖြင့်..လမ်းမသည်….ရှုပ်ထွေးနေဆဲ…
လှုပ်လှုပ်ရွရွဖြစ်နေကြသည်။…ကိုယ်ပိုင်ကားများ…အငှားကားများ..ဘတ်စ်ကားများ….
လျှင်မြန်စွာဖြတ်သွားနေကြ၏…။ကားစောင့်နေရင်းပင်…. လှုပ်ရှားသွားလာနေကြသော..
သူတို့၏ဘဝများကို …အတွေးနယ်ချဲ့နေမိပါတယ်…။
စက်ရုံ အလုပ်ရုံက အလုပ်သမားလေးတွေ ကျတော့ မနက် မိုးလင်း ခြောက် နာရီ ထ
ထမင်းချိုင့်ထည့် မနက် ၆ နာရီခွဲ တာနဲ့ ကားဂိတ်ပြေး ၇ နာရီ မှာ ကားစောင့်
လမ်းပိတ်တာနဲ့ဘာနဲ့ ၈နာရီခွဲ ရုံးကိုရောက်ဖို့ ပြေးရတယ် .အသွားပြန်စရိတ် က
နှစ်ရာ နှစ်ခါဆိုတော့ လေးရာ အသေးသုံးဘာသုံး လေးရာ ထား တထောင် တန်တရွက်
ပါလာရင် ကုန်ရော တလ လေး သောင်း လောက် ရတဲ့ သူက ဒီနုန်းနဲ့ သာ သွားရင်
လကုန်တာနဲ့ သူမှာ့ ဘာကျန်မလဲ ..အ၀တ်စားဖိုး ဆေးဖိုး မပါသေးဘူး နှစ်ရာ
ကားမစီး နိင်လို့ ငါးဆယ် ကားကိုစောင့် လူတွေကကျပ်ပိတ်သိတ် ..
မိန်းကလးတွေ..ဆိုပြန်ရင်လည်း…လက်ကမျင်းတဲ့ ကောင်တွေ ရန်လဲ မကြည့် နိုင်
စက် ရုံရောက်ဖို့ နောက်ကျ ရင် လစာထဲ က ဖြတ်ခံရသေးတယ်။ .
အလုပ်က အိုဗာတိုင်ကြောင့် ည ၁၀ နာရီမှပြန် .ကားက မရ .စောင့် ဘာတွေ
ဖြစ်ကုန်မလဲ လက် ထဲ မှာ ဆုတ်ထားတာကက ၅၀ တန် အစုတ်
တရွက်ထဲရယ်…၅၀ ကားကလည်း သတ်မှတ်ထားတဲ့မှတ်တိုင်အထိ
ဘဲ တမှတ်တိုင်လောက်ကျော်ရင် ၁၀၀ ပေးရမှာဆိုတော့ တမှတ်တိုင်လောက်က
ကြိုဆင်းပြီး လမ်းရှောက်ရသေးတယ်…


မကြာမီပင်…မြောက်ဥက္ကလာသို့သွားမည့်….
ဘတ်စ်ကားတစ်စီး…ဆိုက်ရောက်လာပါတော့တယ်….မြင်မြင်ချင်းလိုက်ပါရန်….
ဆုံးဖြတ်ပြီး…တိုးဝှေ့တက်လိုက်သောကြောင့်…ထိုင်ခုံနေရာရပါ သည်…။
ကားစပယ်ယာမှာ…မြောက်ဥက္ကလာသို့…ထပ်ခါထပ်ခါအော်ခါ…ခရီးသည်ခေါ်နေပါတယ်..
ကားပေါ်မှာလည်း…ခြေချစရာနေရာမရှိအောင်ပင်…ပြည့်ကျပ်နေပါတယ်…။
ဆူးလေလမ်းမကြီးတလျှောက်…လူ တွေရှုပ်ထွေးများပြားလှပြီး….
ဈေးသယ်များ၏အော်ဟစ်သံများ..ဆူညံနေပါတယ်..။ထိုအချိန်မှာဘဲ…ကားစတင်စက်နှိုးခါ…
ထွက်ခွာပါတော့တယ်…။ကားသည်တဖြည်းဖြည်း…ပို၍ပို၍မြန်လာသောအခါ…အသံဗလံများသည်..
ခပ်လှမ်းလှမ်းမှာကျန်ရစ်ခဲ့ပါတယ်…။ကားထဲမှစကားသံများသာ..ကျန်ရစ်နေပါတယ်…။

မှတ်တိုင်လေးငါးခုအလွန်မှာတော့…မမျှော်လင့်ဘဲ…ဘတ်စ်ကားကြီးထိုးရပ်သွားပါတော့တယ်…။
ထိုစဉ်.. စပယ်ယာမှ…. “တဆိတ်လောက်ဗျို့…..မုန့်ဟင်းခါးလေးစားလိုက်ကြရအောင်”…
ဟုဟာသဖြင့်…အသိပေးလိုက်တော့မှ… ကားပျက်မှန်း..သိလိုက်ရပါတော့တယ်…။
တော်တော်ကို..စိတ်ညစ်သွားမိပါတယ်…လူတွေဆင်းတွန်းလို့ဖြင့်..
ကားစက်ပြန်နိုးလာနှိုင်ပါမလား..စက်မနိုးရင်..ဘယ့်နှယ်လုပ်ရပါမလဲ…
နောက်ထပ်ကားတစ်စီးစောင့်ဘို့ရန်… မလွယ်ကူလှပါ…။
“ကဲ..ကဲ..ဆင်းတွန်းကြရအောင်ဟေ့…”
အနားမှမတ်တပ်ရပ်နေသော…အုပ်စုက…ခပ်ဟားဟားရီမောလျှက်…
ဆင်းသွားလေ၏…။လူတစ်ချို့ထပ်မံဆင်းသွားကြ၏…။
သို့သော်ထိုင်ခုံတွေမှာတော့..လူအပြည့်ကျန်နေဆဲ….။
ထိုင်ခုံ၏…အတွင်းနေရာတွင်ထိုင်မိရက် သား..ဖြစ်နေတာကြောင့်…
ဘေးမှပိတ်၍ထိုင်နေသောသူအား…..မဆင်းဘူးလား…ဟုမေကြည့်ရာ..
“တွန်းမယ့်သူတွေ..အများကြီးပါဗျာ…” ဆိုသောကြောင့်…
ကျွန်ုပ်မှာ…ထိုင်ရမလိုထရမလိုဖြစ်ပြီး… အားတုံ့အားနာနှင့်..မျက်နှာပူစွာ..
ပြန်၍ထိုင်နေလိုက်မိပါတယ်…။ စိတ်ထဲမှ..အားနာစွာဖြင့်… မတွန်းပေးရင်တောင်..
ဆင်းပေးရမှာမဟုတ်ပါလား..ဆိုသောအသိက..မိမိကိုယ်မိမိရှက်မိနေပါတယ်…။
ကားအနောက်ဘက်သို့….ပြူတင်းမှ..ခေါင်းပြူကြည့်လိုက်တော့….
လူတစ်ချို့တွန်းနေကြပါပြီ…. ကိုယ့်ကိုကိုယ်.. ထိုင်နေရတာ..
စိတ်မလုံသလိုခံစား..မိပါတယ်…။ဆင်းသွားလိုက်ရင်ကောင်းမလားဟု..စဉ်းစားမိပါတယ်…။
ကားအတွင်းသို့..ဟိုဟိုဒီဒီအကဲခတ်ကြည့်မိပါတယ်..
ထိုင်ခုံတွင်ထိုင်ထိုင်နေကြသူများ…ယောက်ျားသား…
တော်တော်များများပါတာတွေ့ရပါတယ်…
အမျိုးသမီး..နှစ်ယောက်..သုံးယောက်..ခန့်ပါပါတယ်….
ထိုယောက်ျားသားများသည်လည်း… အခြားသူတွေ… အောက်ဆင်းပြီး….
ကားတွန်းနေချိန်မှာ…ထိုင်ခုံတွင်…ဟန်မပျက်ထိုင်နေကြသည်ကိုတော့…
အံ့သြမိပါတယ်… သို့သော်..အချို့မှာတော့..ဟိုလှည့်သည်လှည့်နှင့်…
စိတ်မသက်မသာ…ကျွန်ုပ်ကဲ့သို့….လိပ်ပြာမလုံတာတွေ့ရပါတယ်..။
သို့သော်ထဆင်းပေးပြီး…တွန်းပေးဘို့အထိ…စိတ်ကောင်းရှိဟန်မတူပေ….။
တချို့ကတော့…၍ ကိစ္စသည်…. မိမိနှင့်မဆိုင်သလို…. အမူအယာမျိုးပင်ရှိပါတယ်….။
လိပ်ပြာသန့်သန့်ပင်…ဆက်ထိုင်နေကြ… လေသည်…။ဆင်းတွန်းရသည့်…လူတွေမှာဘဲ….
ကားပျက်သည့်အတွက်…တာဝန်ရှိသလိုလိုပင်…. မိမိမှာတော့….
ဘာတာဝန်မှမရှိသလို….နေနှိုင်လိုက်ကြတာ…။

ကားသည်…တဖြေးဖြေး….လှုပ်ခါ..ရွေ့လာပါပြီ…ဆင်းသွားသောအချို.သော…
သူတိုမှာလည်း… ကားရှေ့သို့မျက်နှာလွှဲကခါ…စုပြုံရပ်နေကြသည်ကိုလည်း..တွေ့ရပါတယ်…။
အော်…လူတွေ… မညီမျှကြပါလား….. ထိုကဲ့သို့သောသူတွေထဲမှာ…ငါကောပါနေပါပြီလား….။
ကျွန်ုပ်၏..ခန္ဓာကိုယ်မှာ… မလုံမလဲစိတ်ဖြင့်… ကားကြီးတစ်ခုလုံး..ထမ်းပိုးထားရသကဲ့သို့….
လေးလံလာပါတယ်…။ ဘယ်လိုမှပင်မနေနှိုင်တော့…..မတ်တပ်ရပ်လိုက်မိပါတယ်…
ဘေးမှပိတ်ထိုင်နေသူအား… ဖယ်ပေးရန်…ကြည့်မိပါတယ်….ထိုသူအား…ဆင်းမလို့ဟုပြောရာ…
“ဟာဗျာ…ရပြီးသားနေရာလေး.. ပျောက်သွားအုန်းမယ်…” ဟုထိုသူမှပြောရာ….
ကျွန်ုပ်မှာ..အံ့သြစွာဖြင့်…..အော်လက်စသတ်တော့… ကားပေါ်ကမဆင်းတာ….
နေရာပျောက်မှာစိုးလို့လား…. ဒီလောက်ခရီးတိုအချိန်လေးမှာတောင်… ထိုင်ခုံ…
နေရာပျောက်မှာ….ကြောက်နေကြတာ… နေရာကိုတော်တော်တပ်မက်နေကြတာဘဲ…
ဟု..ရှက်ရွံ့စွာ.. တွေးမိပါ၏….။
ကျွန်ုပ်မှာ… မနေသာတော့…တိုးထွက်၍ကားပေါ်မှ..ဆင်းလိုက်ပါတယ်….
ဝိုင်းတွန်းနေကြသော.. သူများနှင့်.. တန်းတူပင်…..ညာသံပေး၍…အသံများနှင့်အတူ…
ကားသည်တရွေ့ရွေ့….လှုပ်လာပြီး…. ရှေ့သို့ရွေ့ကာ… ကားစက်သံမှာပြန်လည်…
ထွက်ပေါ်လာပြီး… ဟေးကနဲပျော်ရွှင်စွာ… အော်ဟစ်သံများ…ကြားရပါတာ့တယ်…။
ကျွန်ုပ်မှာလည်း..ထိုသူများနှင့်ထပ်တူ.. စိတ်လက်ပေါ့ပါးစွာ… ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်…
စောစောက.. ခန္ဓာကိုယ်မှာ… မလုံမလဲစိတ်ဖြင့်… ကားကြီးတစ်ခုလုံး..ထမ်းပိုးထားရသကဲ့သို့….
လေးလံနေသကဲ့သို့… ခံစားနေရသော…. စိတ်တို့မှာလည်းပေါ့ပါးလန်းဆန်း…သွားပါတော့တယ်…။
ထို့နောက်… အားလုံးကားပေါ်သို့… ကသောကမျှောပြန်လည်တက်ကြပါတယ်… ထိုစဉ်..ကျွန်ုပ်ထိုင်
နေခဲ့သော…ထိုင်ခုံနေရာလေးမှာ….လစ်လပ်နေပါသေးတယ်…သိုသော်ပြန်၍..
နေရာတွင်ပြန်ထိုင်ရန်… စိတ်ကူးမရှိတော့ပါ…အမျိုးသမီးတဦးအား..
နေရာပေးလိုက်မိပါတယ်…။ ကားဆင်းတွန်းကြစဉ်က… ဝိုင်းတွန်နေကြသောသူများကို..
အကဲခတ်ကြည့်မိပါတယ်…။ထိုသူတို့မှာ…ဆင်းတွန်ချိန်တွင်…ထိုင်ကျန်ရစ်သည့်…
လူတွေရှိနေပါလားဆိုပြီး…စိတ်ဆိုးဟန်လည်းမရှိ…ပကတိ..ရိုးသားစွာပင်….။
မိမိတို့..အိမ်သို့စောလျှင်စွာ..ပြန်ရောက်ကြရေး…
အတွက်…ပြုံးရွှင်လန်းဆန်းနေကြတာကိုပင်တွေ့ရပါတယ်…။

နေရာထိုင်ခုံပျောက်မှစိုး၍….မိမိတို့နှင့်မဆိုင်သလိုထိုင်နေကြသူများ..အစားရှက်ရွံ့မိပါတယ်…
လူတွေမညီမျှကြပါလား….

အပြောကျယ်ပြန့်လှသော… လူသားတို့၏… နေထိုင်မှူ… လူနေမှု ဘဝ တို့မှာ…
အခြေခံလူတန်းစား အလွှာထု… ကြီးကြီးထဲတွင်… မရိုးနိုင်သော ဘ၀ပုံပြင်တို့ ဖြစ်နေခြင်းပင်။
…လူသားမဆန်သော… အပြုအမူတို့ ပြုလုပ်လာခြင်း၊… ကလိမ်ကကျစ်လုပ်ခြင်း၊… ကတိမတည်ခြင်း၊..
မလှိမ့်တပတ်လုပ်ခြင်း၊… အောက်တန်းကျခြင်း၊… ပြောရက်စရာမရှိအောင် အဆင့်အတန်း နိမ့်ခြင်း…
စသော လူနေမှု ဘ၀ ဖြစ်စဉ်တို့… မြန်မာပြည်တွင်း တွင်…. အများအပြားဖြစ်ပေါ်….နေပါတော့တယ်။….

ရန်ကုန်မြို့ကြီးဆိုတာက… တစ်နိုင်ငံလုံးရဲ့မြို့တော်ကြီးတစ်ခု…. ဆိုတော့
နေ့တဓူဝ သွားလာလုပ်ကိုင်…. နေကြတဲ့သူတွေ က များပြားလှပါတယ်။…
များသောအားဖြင့်ကတော့… ဘတ်စ်ကားစီး တဲ့သူတွေ က အများအပြားပါ။….
ဘတ်စ်ကားဆိုတာ တခါတရံနဲ့ ခဏတာ စီးရတာမျိုး မဟုတ်ပါဘူး။….
မနက်အလုပ်ဆင်း၊ ညအလုပ်ပြန်…. တစ်ရက်ကို ၂နာရီ ၃နာရီ
ဘတ်စ်ကားပေါ်မှာ….. အချိန်ကုန်နေရသူတွေ… များစွာပါ။…
အပျိုမလေးရဲ့နောက်ပိုင်းကို…. အတင်းတိုးဖိကပ်နေတဲ့…. ပြုံးစိစိလူကြီးတွေ၊….
ယိုင်သွားလို့ ထိုင်ခုံကိုဖမ်းဆွဲလိုက်ရတဲ့… အဘွားအိုကို….. နေရာမပေးဘဲ…
ငေးကြည့်နေတဲ့… မျက်လုံးလေးတွေ၊… အကြွေစက္ကူတွေကို….
ခါးပုံထဲထိုးလိပ်လိုက်ပြီးတဲ့နောက်…. တက်လာတဲ့ခရီးသည်တွေအတွက် ….
အကြွေပြန်မအမ်းနိုင်တော့တဲ့…. စပယ်ယာကြီးတွေ၊….
ပြူတင်းပေါက်ကနေ ဆတ်ခနဲထွက်ပြီး…. ခပ်ဝေးဝေးကို အားနဲ့ထွေးလိုက်တဲ့
စပယ်ယာရဲ့ကွမ်းတံတွေး၊….. ဘတ်စ်ကားပေါ် ရောက်တဲ့အချိန်မှာပဲ
ငါတို့တိုင်းပြည်ကဒါပါလား….ဆိုတာ သိခွင့်ရသွားတော့တာပါပဲ။….
အကျင့်ပျက်ယိုယွင်းမှု….စိတ်ဓာတ်ယိုယွင်းမှုတွေ… မည်သည့်နေရာကစလို့ ပြင်ကြရပါမည်လဲ။…..
မနက်ဖြန်တို့ သန့်စင်လတ်ဆတ်စွာ ရှိနေပါသေးသည်။… ခေတ်ကတော့ဖြင့်
တရွေ့ရွေ့ဖြင့် ရွေ့နေပါလေပြီ။…. တန်ဖိုးထား၍ ထမ်းပိုး သယ်ယူသွားရမည့်
အရာများအပြင်…. ၀မ်းမြောက်ဝမ်းသာစွာ ချန်ထားပစ်ရမည့် …. အရာများလည်း…
ရှိနေသေးသည်ဟု ယုံကြည်နေမိပါတယ်။….
ဇော်ဝမ်းမောင်…..

ပြည်ချစ်သမိုင်းတပတ်မလည်စေလိုပါ


ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေငြိမ်းချမ်းရေးယူဖို့ဦးအောင်မင်းတို့နဲ့ဆွေးနွေးနေပြီ၊
တောင်းဆိုချက်၁၂ချက်နဲ့အတူနိုင်ငံတကာရောက်ကျောင်းသားတပ်မတော်သားဟောင်းတွေကို
လည်းတသံထဲထွက်ပေးဖို့တောင်းဆိုထားပါတယ်။

အမှတ်ရတာလေးသတိရစေချင်ပါတယ်။

ဦးနေ၀င်းအာဏာသိမ်းတော့ဦးနုတို့တောခိုတယ်။
၇၉မှာပြန်ဝင်ပြီးဦးနေ၀င်းနဲ့စေ့စပ်တယ်။
ထမင်းစားပွဲတွေဘာတွေနဲ့သတင်းမှာတက်လာပြီးနောက်မှာ
၂ / ၈၀ ကြေငြာချက်နဲ့အတူတောထဲပြန်မသွားတော့ပဲငြိမ်းချမ်းရေးနဲ့ဘာနဲ့လည်းမသိဖူးလဲလိုက်တယ်။

ကေအင်န်ယူကဒီကိစ္စနဲ့ပတ်သက်ပြီးကျန်ခဲ့တဲ့ပြည်ချစ်တွေနဲ့ဆွေးနွေးပွဲလုပ်တယ်။ဆွေးနွေးခန်းအ၀င်မှာ
သေနတ်တွေထောင်ထားခဲ့ရတယ်။ကရင်တွေရောပဲ။
ဆွေးနွေးပွဲပြီးတော့ပြန်မပေးတော့ပဲစခန်းပြန်ခိုင်းတယ်၊တမိုင်လောက်ရောက်တော့လုပ်ကြံခံရတယ်။
၅၀၀လောက်ရှိမယ်။၁၀၀လောက်ကိုတကျင်းနုန်းနဲ့မြှပ်လိုက်တယ်။ဘုန်းကြီး၂ပါးပဲလုပ်ကြံမခံရဖူးလို့ဆိုတယ်။
ဦနေ၀င်းတပ်ကသိတော့အနီးအနားကကရင်ရွာတွေအစတုံးခံရပြန်တယ်။

၈၈မှာတောခိုကျောင်းသားတချို့ကိုရှေ့မှီနောက်မှီတွေကအရိုးတွေဖေါ်ပြတာကြည့်ခဲ့ရဖူးတယ်။
အခုအချိန်မှာတော့ကေအင်န်ယူကငြိမ်းချမ်းရေးယူထားတယ်၊
သမိုင်းဆိုတာပြင်မရပေမယ့်နမူနာတော့ယူလို့ရပါသေးတယ်။

အဆင်မပြေသည့် စစ်မှုထမ်းဟောင်း


သူ့နာမည်က ကိုချစ်ဦး..

ကလေးလေးက သင်းသင်းနွယ်..

သူရဲ့ တစ်ဦးတည်းသော ၆နှစ်သမီးလေး..

သားအဖနှစ်ယောက် ညမှောင်ခါစမှစပြီး ၉နာရ်ီခွဲလောက်အထိ

၃၅ လမ်းမကြီးတစ်လျောက် ခန့်မှန်းခြေ ၆၃လမ်းလောက်မှ

၇၁လမ်း စည်ပင်ဘောလုံးကွင်းရှေ့ထိ

ကိုချစ်ဦးက တရွတ်တိုက်....

သမီးလေးက ဖယောင်းတိုင်ထွန်းပေးရင်း.... ၀မ်းစာရှာရသည်...

ကိုချစ်ဦးက တပ်ထွက်တစ်ယောက် ...

မိုင်းမိပြီး အောက်ပိုင်းမသန်တော့ ...

ညာဘက်ကအနည်းငယ်လုပ်လို့ရပေမယ့်..

ဖယောင်းတိုင်ထွန်းထားတဲ့ဖက်က လုံးဝမရ..

ကြွက်သားများလဲ သိမ်နေသည်...

တပ်မှအနားယူပြီးနောက် ဇနီးသည်လဲ ဆုံးသွားသည်...

ကျနော့်ပင်စက တစ်လ ၃သောင်းလောက်တော့ ရပါတယ်ဟု သူကပြောသည်...

သူတို့သားအဖနှစ်ယောက်လုံး သေချာကြည့်တော့ ရည်ရည်မွန်မွန်...

ကျနော်သွားရမည့်လမ်းနှင့်တကယ်ဆို ဆန့်ကျင်ဘက်..

ပြန်ကွေ့ပြီးသူတို့ကို ငွေလှူဖြစ်သည်...

ကားပေါ်မှမိန်းကလေးတစ်ယောက်ကလဲ ဆင်းပြီးထောက်ပံ့သည်...

မိတ်ဆွေ တို့လဲ တွေ့ဖြစ်ရင်.......

စေတနာဖြင့်.....


Credit to _ Ponnya Htet Kyaw

~~ Mi Thu ~~

အဖွဲ့ချုပ် အဖွဲ့ဝင်များကို အဖွဲ့ချုပ်ဥက္ကဌ အမှာစကားပြောကြား


National League for Democracy

ကိုယ့်ရဲ့ကိုယ်စားလှယ်နဲ့ အမြဲထိတွေ့မှုရှိနေရဲ့လား ဒီတော့မြို့နယ်တွေမှာ ဘာလိုအပ်ချက်တွေရှိတယ် ဘယ်လိုအခြေအနေတွေရှိတယ် အားလုံးကသုံးသပ်ကြရဲ့လား အဲ့ဒီတော့မင်္ဂလာတောင်ညွှန့်မှာဆိုလို့ရှိရင် အန်တီတို့က ဗုဓ္ဒဘာသာဝင်တွင်မက မွတ်စလင်အဖွဲ့ဝင်တွေလည်းရှိတယ် အဆင်ပြေအောင်လို့နေကြရဲ့လား ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်င်ငံမှာ အေးချမ်းသာယာဖို့လိုတယ် အားလုံးကနေပြီးတော့သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့လိုတယ် သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့ဆိုတာဟာ တစ်ဦးနှင့်တစ်ဦး နားလည်မှုယူနိုင်ရမယ် တစ်ဦးနှင့်တစ်ဦးလေးစားနိုင်ရမယ် အဲ့တာဒီဟာတွေကိုတော့ ကျမတို့တာအောက်ခြေကနေစရမှာပဲ ဒါအထက်ကနေပြီးတော့လုပ်ဆိုပြီးတော့ အမိန့်နဲ့ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး ဒါကြောင့်မိုလို့ မင်္ဂလာတောင်ညွှန့်လိုမြို့နယ်မှာဆိုလို့ရှိရင်ဘာသာပေါင်းဆုံရှိတဲ့အခါကြတော့ ကျမတို့ရဲ့အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ သင့်သင့်မြတ်မြတ်နေတတ်တယ် နေနိုင်တယ် နေလို့ရအောင်လို့ စီစဉ်နိုင်တယ်ဆိုတာပြရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဒီဟာတွေကတော့ အားလုံးကနေပြီးတော့ အကြံပြုချက်တွေပေးနိုင်ပါတယ် ကျမတို့အနေနဲ့ အဖွဲ့ချုပ်ကနေပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပညာပေး အစီစဉ်တွေပေါ့နော် လုပ်ဖို့စီစဉ်နေပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အများပြည်သူတွေကလည်းနားလည်ဖို့လိုတယ်လေ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘာပါတယ်ဆိုတာတောင်မှ တော်တော်များများ ကမသိဘူး ဖတ်ဘူးတဲ့လူကတော်တော်နဲပါတယ် မဖတ်ဘူးတဲ့ပြည်သူတွေကို အားလုံးဖတ်ရမယ်လို့ပြောရဖို့ကလည်းတော်တော်ခက်ပါတယ် ဒီလောက်လည်းဖွဲ့စည်းပုံ အခြေခံဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဝေပေးနိုင်တာလည်းမဟုတ်ဘူး နောက်ပြီးတော့အဲလို ဖတ်ရမယ်လို့ ပြေရအောင်လို့လည်း ကျမတို့ကနေပြီးတော့လိုက်ပြီးတော့ကြည့်ပြီးတော့စီစစ်နိုင်မှာ မဟုတ်ဘူး အဲ့ဒီတော့တတ်နိုင်သမျှ အဖွဲ့ချုပ်ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ပညာပေးတဲ့အစီစဉ်တွေလုပ်မယ် ကွင်းဆင်းပြီးတော့ရှင်းရမယ် အဲ့ဒီတော့ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်စည်းတွေကနေပြီးတော့ ဦးဆောင်ပြီးတော့လုပ်ရမှာပေါ့ အဲ့ဒီဟာနဲ့ပတ်သက်လို့လည်း ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ ညွှန်ကြားချက်တွေလည်းလိုရင်လိုသလို ထုတ်ပြန်သွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ကျမတို့အခု အရေကြီးတာက စောစောကပြောသလို့ပေါ့ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာဟာ ပြည်သူလူထုအတွင်းကနေပြီးတော့ ထောက်ခံပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပေါ့ လူလူချင်းဆက်ဆံရေးကနေပြီးတော့ အခြေခံပါတယ် ယဉ်ကျေးမှုဆိုတာ လူလူချင်းဆက်ဆံရေးကနေအခြေခံပါတယ် အဲ့ဒီတော့လူလူချင်းဆက်ဆံရေး ဆက်ဆံပုံဟာ ဒီမိုကရေစီတန်းဖိုးထားတွေနဲ့ကိုက်ညီရဲ့လားဆိုတာ အဲ့တာကိုကြည့်ပြီးတော့ အဲ့တော့ ကိုယ့်အဖွဲ့ချုပ်ဝင်တွေက အချင်းချင်းဆက်ဆံရေးကို ဒီမိုကရေစီစံထုံးထားတွေ့နဲ့ ကိုက်ညီတဲ့ဆက်ဆံရေးဖြစ်ဖို့လိုတယ် အဲ့တာကတော့ ယဉ်ကျေးမှုအဆောက်အအုံကြီးနဲ့ပါတ်သက်လို့ပေါ့ ဒီထဲမှာဆိုရင်ကျမတို့ကြားဖြတ်ရွှေးကောက်ပွဲတုန်းက ချခဲ့တဲ့မူသုံးချက်ကို ကျမတို့မျက်ခြေပြတ်လို့မရဘူး ဒီသုံးချက်ကလည်းဆက်နွယ်နေတယ် ဥပဒေဆိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဲ့တော့ဒီဟာတွေလည်းကျမတို့ဆက်ပြီးတော့သွားရမယ် ဘာဖြစ်လို့ဒီဟာတွေဆက်စပ်မှုရှိတယ်ဆိုတာဟာလည်း ရှင်းပြဖို့ဟာက ဒီအဖွဲ့ဝင်တွေရဲ့တာဝန်ဖြစ်တယ် ဘာဖြစ်လို့လည်းဆိုတော့ပြည်သူပြည်သားတိုင်းကနေပြီးတော့နိုင်ငံရေးမှာစိတ်ဝင်းစားသင့်တယ် နိုင်ငံရေးကိုအတိုင်းအတာတခုထိနားလည်သင့်တယ် သို့သော်ညားလည်းနိုင်ငံရေးပါတီတခုထဲကိုဝင်းထားပြီးပြီဆိုတဲ့ပုဂိုလ်တွေမှာပိုပြီးတော့တာဒီတာဝန်ရှိတယ် နိုင်ငံရေးပါတီတခုထဲကိုဝင်ပြီဆိုထဲ့က နိုင်ငံရေးလုပ်ငန်းနဲ့ပါတ်သက်လို့နီးနီးကပ်ကပ် ဆက်ဆံချင်ပါတယ်လို့ဆန္ဒပြုလိုက်တဲ့သဘောမျိုးရှိတယ် အဲ့တော့ဒီလိုနီးနီးကပ်ဆက်ဆံချင်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကြောင်းအရာတွေကို တတ်နိုင်သမျှ ကိုကနေပြီးတော့ကျေကျေလည်လည်သိဖို့လိုတယ် အဲ့တာကြောင့်မိုလို့ ကျမတို့အဖွဲ့ဝင်တွေဟာ ကိုယ့်ကိုကိုယ် နိုင်ငံရေးနားလည်တဲ့ပုဂိုတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ် ဒါပေမယ့် အဖွဲ့ကလည်း ဦးဆောင်ပြီးတော့လုပ်ပေးရမှာပေါ့ သင်တန်းတွေလုပ်ပေးရမယ်၊ ဆွေးနွေးပွဲတွေလုပ်ပေးရမယ် လိုအပ်လို့ရှိရင်စာရွက်စာတမ်းတွေပေးရမယ် အဲ့ဒီဟာတွေကို ကျမတို့အဖွဲ့ဝင်တွေကနေပြီးတော့ လုပ်ရမယ် ကိုပညာပွားပေးရမယ် အဲ့ဒီတော့ဒီလူမှုရေးကိစ္စတေလုပ်တဲ့အခါမှာ မြှို့နယ်အတွင်းမှာပေါ့နော် လိုအပ်တဲ့နေရာတွေမှာကူညီတဲ့အခါမှာ စနစ်တကျလုပ်ရမယ်၊ပွင့်လင်းမြင်သာမှုရှိရမယ် အားလုံးတိုင်ပင်ပြီးတော့ အားလုံးသဘောတူညီချက်နဲ့လုပ်ရမယ် ဒီမိုကရေစီဆိုတာ အများရဲ့ဆုံးဖြတ်ကိုလက်ခံရတယ်ဆိုတဲ့သဘောက ဘာဖြစ်လို့လည်းဆိုတော့ ပုထုဇဉ်လူသားများဟာ အားလုံးဟာတသဘောတဲဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး အဲ့တော့ အများရဲ့ဆန္ဒကိုခံယူပြိးတော့ပြေလည်အောင်လုပ်ရတယ် သို့သော်ညားလည်း အများရဲ့ဆန္ဒအရလုပ်တဲ့နေရာမှာ လူနည်းစုတွေရဲ့အခွင့်အရေးတွေကိုလည်းလေးစားရမယ် အဲ့တာကိုလည်းကာကွယ်ရမယ် အံတာကိုတော့ဘယ်တော့မှ မမေ့ပါနဲ့ ဆုံးဖြတ်ချက်တခုချတယ်ဆိုလို့ရှိရင် ဒီအစည်းအဝေးတခုမှာ ချလိုက်တယ်ဆိုလို့ရှိရင် ရှစ်ဆယ်က သဘောတူတယ် နှစ်ဆယ်က သဘောမတူဘူးဆိုရင် ရှစ်ဆယ်ရဲ့သဘောထားအတိုင်းဖြစ်ရမှာပဲ့ါပေမယ့် ဒီသဘောမတူတဲ့ နှစ်ဆယ်ကိုလည်း လေးစားရမယ် သုတို့ရဲ့အမြင်တွေကိုလည်း လေးစားရမယ်သူတို့ဟာလည်းသူတို့ရဲ့အမြင်တွေကိုတင်ပြပိုင်ခွင့်ရှိတယ် တင်ပြပိုင်ခွင့်ရှိလို့တချို့ကနေပြီးတော့စိတ်ပြောင်းပြီးတော့သူတို့ဘက်မျာပိုပြီးတော့ ပါသွားတယ်ဆိုလို့ရှိရင်လည်းဖြစ်နိုင်တယ် ဒါဟာဒီမိုကရေစီနည်းပဲ ညှိနိုင်းမယ်၊ဆွေးနွေးမယ်၊တိုင်ပင်မယ် အဖြေတခုကိုရအောင်ရှာမယ် အဲ့တော့ အဲ့ဒီဟာကိုတော့အမြဲပဲ နေ့စဉ်လုပ်ခြင်းအားဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကိုထူထောင်ရမယ် ယဉ်ကျေးမှုဆိုတာဒီလိုပဲကြလာတာမဟုတ်ဘူး ယဉ်ကျေးမှုဆိုတာ ဥပဒေမဲ့ထူထောင်လို့မရဘူး စည်းမျဉ်းစည်းကမ်းဆိုတာ အတိုင်းအတာတခုထိ အဲ့ထိဘက်ကိုတွန်းပေးဖို့လိုတယ် တကယ်အမြစ်တွယ်ဖို့ဆိုတာဟာ လေ့ကျင့်ခြင်းအားဖြင့် တကယ်အမြစ်တွယ်အောင်လုပ်လို့ရတယ် ကျမတို့အဖွဲ့ချုပ်ဝင်တွေဟာအထူးသဖြင့် မင်္ဂလာတောင်ညွှန့်ဆိုတာရန်ကုန်ကပေါ့ ရန်ကုန်ဆိုတော့ ဘာယ်လိုပဲပြောပြောဒီနိုင်ငံရဲ့အကြီးဆုံးမြို့ကြီးပေါ့ အခရာကြဆုံးမြို့ကြီး၊အထိကကြဆုံးမြို့ကြီးဆိုတော့ အဲ့ဒီမြို့ကနေပြီးတော့ပြန့်ပွားအောင် ပြန့်ပွားသွားတဲ့လူမှုရေးဆက်ဆံမှုဟာတစ်နိုင်ငံလုံးကိုရောက်သွားနိုင်တယ် အဲ့တာကြောင့်မိုလို့ ရန်ကုန်မြို့ ရန်ကုန်တိုင်းမှာနေတဲ့ ကျမတို့ရဲ့အဖွဲ့ဝင်တွေမှာ အထူးကိုတာဝန်ရှိတယ် အဲ့တော့မှန်မှန်ကန်ကန်လုပ်ကြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဒီမိုကရေစီအရေးနဲ့ အမျိုးသားရေးကို ခွဲခြားလို့မရဘူးဆိုတာကို လက်ခံထာတဲ့ အဖွဲ့စည်းဖြစ်ဆိုတာကိုမမေ့ပါနဲ့ ကျမတို့က ဒီမိုကရေစီအခြေခံတဲ့ လုပ်ပုံလုပ်နည်းတွေနဲ့ဆက်ပြီးတော့သွားဖို့တိုက်တွန်းပါတယ်။

သမိုင်းတရားခံ



အသိအမှတ်ပြု ယာယီ သက်သေခံကတ်ပြား
(WHITE CARD) ကိုင်ဆောင်ထားသူ ဘင်္ဂလီ လူမျိုး။

အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ကြား -
ကျား (၉၈၇၉၄)ဦး၊
မ (၉၉၀၉၄)ဦး၊
ပေါင်း (၁၉၇၈၈၈)ဦး။

အသက်(၁၈)နှစ်အထက် -
ကျား (၂၂၆၁၂၇)ဦး၊
မ (၂၄၆၈၈၆)ဦး၊
ပေါင်း (၄၇၃၀၁၃)ဦး။
စုစုပေါင်း (၆၇၀၉၀၁)ဦး

(ရခိုင်ပြည်နယ်အစိုးရ ထုတ်ပြန်ချက်)

-----------------------
အဲဒါ .... ကင်တားနား ထုတ်ပေးတာ ..
မဟုတ်ဘူးနော်..။

မသန်စွမ်းများအတွက် ထည့်သွင်းလုပ်ဆောင်ပေးနိုင်ရန်

Myanmar Physically Handicapped Associaton

ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းရုံးချုပ်ကို ဒေးဒရဲမြို့နယ် ၊ ကျုံစမင်းကျေးရွာမှ မသန်စွမ်းသူ မောင်ဇေယျာအောင် ကစာဖြင့်ဆက်သွယ်ပေးပို့လာပါတယ်၊ သူ့စာကို အောက်ဖက်မှာ ဖေါ်ပြထားပါတယ်။ သူ့စာကိုဖတ်ပြီး အတော်လေးစိတ်မကောင်းဖြစ်ရပါတယ် မသန်စွမ်းသူတွေအတွက် မျှော်လင့်ချက်တွေပြောက်ဆုံးနေပြီလား၊ ကျေးလက်တွေက မသန်စွမ်းတွေအတွက် အခွင့်အရေးဆိုတာမရှိနိုင်တော့ဘူးလား၊ပျော်ရွင်မှုတွေမရနိုင်တော့ဘူးလား၊ အလုပ်အကိုင်တွေ မပေးနိုင်တော့ ဘူးလား၊ ယုံကြည်မှုတွေမထားနိုင်တော့ဘူးလား၊ ဘ၀အတွက် အာမခံချက်တွေ မရှိနိုင်တော့ဘူးလား စတဲ့လားပေါင်းများစွာသော မေးခွန်းတွေ ရင်ထဲရောက်လို့လာပါတယ်။ ဒီလိုမေးခွန်းတွေအတွက် မှန်ကန်တဲ့ဖြေရှင်းမှုတွေ မပေးနိုင်ခဲ့ရင် စိတ်အနာရနေသော ဘ၀ကိုနာကျည်းနေသည့် အစွန်းရောက် မသန်စွမ်းသူတွေဖြစ်လာနိုင်ပါတယ်။
ယခုလို မှန်ကန်တဲ့ အကူးအပြောင်းကိုစတင်နေတဲ့ကာလမှာ မသန်စွမ်းသူများပါ တပါတည်း လိုက်ပါဖွံ့ဖြိုး တိုက်တက်နိုင်စေဘို့ မသန်စွမ်းများအတွက် ထည့်သွင်းလုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းတောင်းဆို လိုက်ရပါတယ်။

ခင်မောင်သန်းအေး
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း

ဟိုင်းကြီးကျွန်းအနီးတွင် ဘင်္ဂါလီ၂၇၀ ကျော် ထပ်မံတွေ့



ပုသိမ်၊ သြဂုတ် ၂၁ရက် ။
စက်လှေပျက်၍ ဘင်္ဂါလီ ၂၇၄ဦး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲရှိ လိပ်ကျွန်းတွင် ရောက်ရှိနေကြောင်း ဟိုင်းကြီးကျွန်းရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။လိပ်ကျွန်းသည် ဟိုင်းကြီးကျွန်းမှနေ၍ ရေမိုင်အားဖြင့်မိုင်၄၀ခန့်ရှိပြီး၊ ဟိုင်ကြီးရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ်များနှင့် ပုဂ္ဂလိကရေယာဉ်များဖြင့် ၎င်းတို့အားသွားရောက်ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ဟိုင်းကြီးကျွန်းရှိဒေသခံတစ်ဦးက “လိပ်ကျွန်းက ကျောက်ဆောင်တွေကလည်း များတယ်၊ လှိုင်းက အရမ်းကြီးနေတော့ သွားခေါ် တဲ့သူတွေလည်း အခက်အခဲရှိတယ်၊ မနက်ပိုင်းကတည်းက သူတို့ကိုသွားခေါ်ကြတာပင်လယ်မှာ ရာသီဥတု ဆိုးနေတော့ ပြန်ရောက်ရမယ့် အချိန်ကျော်နေပေမဲ့ ပြန်မရောက်ကြသေးဘူး”ဟုပြောကြားသည်။လွန်ခဲ့သည့်ရက်က ငရုတ်ကောင်းမြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ၅၃ဦးအား ပုသိမ်မြို့ သို့ ယမန်နေ့က ခေါ်ယူလာရန် သက်ဆိုင်ရာမှစီစဉ်ထားသော်လည်း ယနေ့တွင် ၂၇၄ဦးအား ထပ်မံတွေ့ရှိ သဖြင့် ပုသိမ်သို့ခေါ်ယူမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ယနေ့တွေ့ရှိခဲ့သည့် ၂၇၄ဦးသည် ယခင်နေ့ကဖမ်းဆီးခဲ့သူများ စီးနင်းလာသည့် စက်လှေမဟုတ်ဘဲ၊ အခြားစက်လှေတစ်စင်းဖြစ်ကြောင်း၊ယင်းစက်လှေသည် လှေဝမ်းကွဲ၍ ပျက်စီးနေသည်ကိုလည်း ကျွန်းအနီးတွင်တွေ့ရှိရကြောင်း သိရသည်။ဘဂါင်္လီ ၂၇၄ဦးအား ကယ်ဆယ်ရရှိပြီးပါက ငပုတောမြို့နယ် ဟိုင်ကြီးကျွန်းမြို့နယ်ခွဲ သို့ခေါ်ယူလာမည်ဖြစ်ကြောင်း သိရသည်။

 အေးချမ်းမိုး(ပုသိမ်)
မြန်မာ့ခေတ်

ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများ ရှိသလား


Ye Htut
ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။ ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။ ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြတယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများ ရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ပဲ ပြောလိုပါတယ်။


ကုလကိုယ်စားလှယ် ပြောကြားချက် အစိုးရ ပယ်ချ
============================ိ
မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြအကြမ်းဖက်မှုတွေကို အစိုးရက အကာကွယ်မပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ပြောဆိုချက်ဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။မိတ္ထီလာမြို့မှာ ည ၁၀ နာရီကျော် မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အသွားလမ်းမှာ လူ ၂၀၀ လောက်က စောင့်ကြို ဆန္ဒပြပြီး ကားကို ကန်ကြောက်ဆဲဆိုကြတာကို အစိုးရဘက်က မကာကွယ်ပေးဘူးလို့ မနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောကြားလိုက်တာပါ။မစ္စတာ ကင်တားနားက “မိတ္တီလာမြို့က ဖြစ်ရပ်ဟာ ကျနော်အတွက် အနီးအနားမှာ ရဲတွေ ရှိပေမယ့် အကာအကွယ်မဲနေပြီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ မိတ္ထီလာ ပဋိပက္ခမှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းကရဲတွေဟာ ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေမယ်ဆိုတာကို တွေးမိပါတယ်” လို့ ပြောပါတယ်။ဒီအပေါ်သမ္မတပြောခွင့်ရသူ ဦးရဲထွတ်က “မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ဟာ တကယ်ဖြစ်တဲ့ အဖြစ်မှန်နဲ့ ကွယ်လွဲမှုတွေ ရှိနေတယ်။ တကယ်တော့ အဲဒီနေ့က ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျနော်တို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်း ချထားခဲ့တယ်။“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။ အဲဒီအချိန်မှာ လူက ကျနော်တို့ သတင်းအရ ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစု တဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာ ကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀ နာရီခွဲလောက်မှာ ရောက်လာတယ်။ ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာ လူ ၁၀၀ လောက် ဆက်ပြီးတော့ ကျန်နေသေးတယ်။ အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ ရှိတယ်။ နောက်တချို့လူ အနည်းငယ်တော့ သူကားတခါးမှန်ကို သွားခေါက်ပြီးတော့ စာတစောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်တထည်ပေးဖို့ ကြိုးစားခဲ့တယ်။ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့ အဲဒီစာပေးဖို့ ကြိုးစားတဲ့လူတွကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။“နံပါတ် ၁ ရဲလုံခြုံရေး အစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့အတွက် လမ်းရှင်းပေးခဲ့တယ်။ ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။ စာပေဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့မှ တီရှပ်နဲ့ စာထောင်ပြတာပဲ ရှိတယ်လို့ ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေအရ သိရပါတယ်။”မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်း ရခိုင်၊ ကချင် ၊ ချင်း နဲ့ ရှမ်း ပြည်နယ်တွေက လူ့အခွင့်အရေးအခြေ အနေတွေ သွားရောက် လေ့လာခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတွေ ဆန္ဒပြမယ်လို့ သူ့အနေနဲ့ မမျှော်မှန်းထားကြောင်း၊ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကိုလွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတာကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။ရခိုင်ပြည်နယ်မှာ အသိုက်အဝန်း ၂ ခုကို ခွဲခြားပြီး နေစေခြင်းဟာ ပုံမှန် အလေ့အထတခု ဖြစ်သွားမှာကို စိုးရိမ်ပြီး ယုံကြည်မှုပြန်လည် တည်ဆောက်ခြင်းကို အခက်အခဲတွေ့စေလိမ့်မယ်လို့ မစ္စတာကင်တားနားကသတိပေးပြောဆိုပါတယ်။မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်မှုတွေ ရှိလာပေမယ့် တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရေး ကိစ္စရပ်တွေမှာတော့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။“မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ အပေါင်းလက္ခဏာ နဲ့ တိုးတက်လာနေတာ တွေ့ရပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲနေပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်ဖို့ လိုတယ်။”မစ္စတာကင်တားနားက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရေးကိစ္စ၊ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ ဝင်နေမှု ကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေအပေါ် အနည်းငယ်ကျေနပ်အားရတယ်လို့ ဆိုပါတယ်။သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကိုလည်း ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်း ပါလာသေးတယ်။ ရဲကားလည်း ပါတယ်။ ဒါတွေကို သူက ထုတ်ဖော်မပြောဘဲနဲ့ ရုတ်တရက် နားထောင်လိုက်ရင် မိတ္ထီလာမြို့က ပြည်သူတွေက သူ့ကို ၀ိုင်းအုံပြီး အသက်အန္တရာယ် ပြုတဲ့ ပုံမျိုးထိဖြစ်အောင် ပြောတာမျိုး ကျနော်တို့လည်း စိတ်မကောင်းဘူး။ဒါက အဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”



ဒီဗွီဘီကင်တားနားနဲ့ ပတ်သတ်ပြီး အဆိုပါဖြစ်ရပ်ကို အစအဆုံးတွေ့မြင်ခဲ့သူ မိတ္ထီလာဒေသခံ ကိုဝင်းဇော်ကို Street View ဂျာနယ်က ဆက်သွယ်မေးမြန်းရာမှာ သူက ယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်.........


တကယ်တော့ ကင်တားနားမှာ နဂိုရှိနေတဲ့ အခံစိတ်ကိုက မကောင်းတဲ့အတွက် ကြောက်စိတ် ၀င်နေတဲ့အခါ လူအများကြီးကို မြင်ပြီး သူ့ဘက်က တစ်ဖက်သတ် မှတ်ချက်စကား ပေးတာ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ လူစုအနေနဲ့ သူပြောသလိုမျိုးကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်တာမျိုးလုံးဝမရှိပါဘူး။ ဒီဖြစ်စဉ်မှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ အပြင် မိတ္ထီလာ မြို့ပေါ်က ရပ်မိရပ်ဖတွေ အားလုံးလည်း စောင့်ကြည့်နေပါတယ်။ သူ့ကားကို ကန်တယ်ဆိုတာလည်း မဟုတ်ပါဘူး လူငယ်လေး တစ်ယောက်နှစ်ယောက်က သူ့ကားဘေးကို ပုတ်လိုက်တာပဲ ရှိပါတယ်။ ဒါကလည်း အနုပညာရှင်တွေ နာမည်ကြီး ပုဂ္ဂိုလ်တွေ လာရင် ကားကို ပုတ်ပြီး နှုတ်ဆက်သလိုပါပဲ။ မိတ္ထီလာမြို့က ကာဖျူးထုတ်ထားတဲ့အတွက် ကာဖျူးချိန်ကျော်ပြီး ဆန္ဒပြတာနဲ့ ပတ်သတ်ပြီးတော့ အနည်းငယ် ရှင်းပြလိုပါတယ်။တကယ်တော့ ဒီဖြစ်စဉ်က ဆန္ဒပြတာ မဟုတ်ပါဘူး။ မိတ္ထီလာမြို့ခံတွေအနေနဲ့ သူ့ရဲ့အစီရင်ခံစာ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးအပ်လိုတဲ့ အိတ်ဖွင့်ပေးစာကို ကိုယ်ထိလက်ရောက် ပေးနိုင်ရန်အတွင် ဒေသန္တရ အာဏာပိုင်များထံ ခွင့်တောင်းထားခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ဆိုတာကလည်း ဒေသန္တရ အမိန့်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ပေးနိုင်တယ်ဆိုပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူလာတဲ့အချိန်ထိ စောင့်ပြီး ပေးနိုင်ခြင်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူဟာ မိတ္ထီလာမြို့ ပေါ်က အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ တွေ့ရန်သက်သက်လာခဲ့ခြင်းဖြစ်ပါတယ်။ လားရှိုးမှာလည်း ဒီလိုပဲ တွေ့ခဲ့တယ်။ စစ်တွေမှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ အဂါ၇၀ ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တာကို အားလုံးလည်း သိပြီး ဖြစ်တဲ့အတွက် တချို့အဖွဲ့အစည်းတွေက သူ့ကို သတင်းအမှားပေးလိုက်ဟန် တူပါတယ်။ ဒါကြောင့် လူတွေမရှိမယ့်အချိန်မှာ သူခိုးကျင့် သူခိုးကြံပြီး ၀င်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ကန့်ကွက်တဲ့ တီရှပ်တွေ ၀တ်တယ်ဆိုတာကလည်း လူငယ်တွေ ၀တ်နေကြတာ သူမလာခင်ကတည်းပါ။ အရှေ့မှာ သမ္မတကြီး ပုံကို အမှန်ခြစ်ပြီး အနောက်မှာ သူ့ဓာတ်ပုံကို အမှားခြစ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။တကယ်ဆိုရင် မိတ္ထီလာမြို့ပေါ်မှာ အခြေအနေ တည်ငြိမ်စ ပြုနေပါပြီ.......မီးမလောင်တဲ့နေရာတွေမှာဆိုလည်း နှစ်ဖက်ဘာသာဝင်တွေ အကြား သာမန်အတိုင်းပဲ ပြန်လည်နေထိုင်ပါပြီ........အခုသူပြောတဲ့မှတ်ချက်တွေက သူ့ဘက်က တစ်ဖက်သတ် ချသွားတဲ့ မှတ်ချက်တွေလိုပဲ ဆိုပါရစေ။

The Street View Journal

Ye Htut
Htoo Tay Zar ရဲ့ FB မှာ ကင်တားနားပြောတယ်ဆိုပြီး အခုလို တင်ထားတာတွေ့ရပါတယ်။ ဒါကို အွန်လိုင်းပေါ်မှာ ဆက်ဖြန့်ပြီး အစိုးရကို အပြစ်တင်နေတာလည်း သတိပြုမိပါတယ်။

×××× တစ်နေ့က အကို တစ်ယောက်တင်ထားတဲ့ Status လေးပါ share မရလို့ ဒီမှာ ကူးပြီးတင်လိုက်ပါတယ်... သေချာတာကတော့ ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာလဲ ရှိတယ် အော်ဂနိုက်ဇာ လဲရှိတယ်ဆိုတာပါပဲ....

စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး။ ဟိုတစ်နေ့က လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနဲ့ တွေ့ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြတယ်။ ကင်တားနား ဘုန်းကြီးနဲ့ တွေ့တာ အဝင်မှာရှိခိုး အထွက်မှာ ရှိခိုးပြီး ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေပဲ ရှိတယ်။ အဲဒီတော့ ဒီဓာတ်ပုံကို အပြင်မီဒီယာတွေကို ပြန်ဖွတာ အစိုးရ မီဒီယာက ဓာတ်ပုံဆရာဆိုတာ သေချာတယ် တဲ့။ ×××

ဒီစကားကို ကင်တားနားက အမှန်တကယ်ပြော၊ မပြော မသိပါဘူး။ ဒါပေမယ့် အစိုးရ မီဒီယာက ဖွတယ်၊ အဲဒီပွဲကို အစိုးရမီဒီယာပဲ ၀င်ခွင့်ရတယ်ဆိုတဲ့ စကားကြောင့် ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကို အဲဒီပွဲမှာ ဘယ်မီဒီယာတွေလိုက်လာသလဲ လို့ စုံစမ်း ခဲ့ပါတယ်။

သူတို့ဆီက ရတဲ့သတင်းအရ အဲဒီအခမ်းအနားကို ပြန်ကြားရေး မီဒီယာသမားနှစ်ယောက်အပါအ၀င် ဌာနဆိုင်ရာက ဓာတ်ပုံ၊ ဗီဒီယိုသမား ၆ ဦး၊ ပြင်ပ မီဒီယာ သမား ၄ ဦး ၀င်ရောက်သတင်းယူခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားသူများကလည်း မိုဘိုင်း ဖုန်းများကတဆင့် ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။

ဒါ့ကြောင့် အထက်က စကားကို ကင်တားနားပြောတယ်ဆိုရင်တော့ အစိုးရမီဒီယာပဲ ၀င်ခွင့်ရှိ တယ်၊ အစိုးရမီဒီယာ က ပြန်ဖွတယ်ဆိုတဲ့ သူ့စကားက လုံးဝမှားယွင်းတယ်လို့ ပြောလိုပါတယ်။

ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။ ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။ ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြ ( my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse) တယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ ပဲ ပြောလိုပါတယ်။

အစိုးရနဲ့ ပတ်သက်ရင် ထစ်ကနဲရှိ ဆော်လိုက်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာများ ချင့်ချိန်နိုင်ဖို့ပါ။

အလုပ်များလွန်းလို့ပါ ပတ္တမြားနဂါးကြီး ရယ်

( Myanmar Global Post ဂျာနယ် )

Miss Supranational 2013- Belarus Tour - Vitebsk