Saturday, August 24, 2013

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင်၏ သဘောထား "


" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင် (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဥက္ကဋ္ဌ)
၏ သဘောထား "
Saturday, August 24, 2013

"ဆန္ဒပြတယ်ဆိုတာ အခု ဒီမို ကရေစီနိုင်ငံကို လျှောက်နေ တဲ့နိုင်ငံ ဖြစ် တဲ့အတွက် ကိုယ်ပိုင်ဆန္ဒဖော် ထုတ်ခွင့်ဆိုတာရှိတဲ့အတွက် တားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာရှိတဲ့ အမှုဆောင် ၂၂ ယောက်လုံးက ရုပ်ရှင်အစည်းအရုံး မှာထိုင်နေပြီးတော့ အလုပ်မလုပ် ကြဘူး စွပ်စွဲချက်ကတော့ အတော် လေး ကို ပြင်းထန်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီမှာအလုပ်လုပ်နေ ကြတဲ့သူတွေသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လစာကို စား နေကြတဲ့သူ တစ်ယောက်မှမပါဘူး။

အားလုံးက စေတနာ့ ၀န်ထမ်းတွေချည်းပဲ။ အဲဒါအပြင်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ ရုပ်ရှင်လောကသား တွေကောင်းရာကောင်းကြောင်း အတွက် အများကြီး အလုပ်လုပ်နေ ကြတာ။ နေရာလိုချင်လို့ ဒီနေရာ လူကြီးဝင်လုပ်နေတာမဟုတ်ဘူး။

ဘာမျှော်လင့်ချက်ထားစရာမှလည်း တစ်ခုမှအကြောင်းမရှိဘူး။ သူ့ အလွှာအလိုက် ခေါင်းဆောင်တွေ ဟာ အလွှာကလူတွေအတွက်ကို အစည်းအဝေးတွေမှာ လိုအပ်ချက် တွေ တင်ပြတယ်။ တစ်ဖက်က ဆန္ဒ ပြတဲ့လူတွေဘက်က ပြောဆိုထားတာ က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကြီးက ပြိုကွဲတော့မယ့်အခြေအနေ ပေါ့။ ပျက်ကြောင်း ဆိုတဲ့တစ်ခုတည်း ထဲမှာ သင်းပျက်အောင်လုပ်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ဖို့လို တယ်။ အခု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လက်ရှိမြန်မာနိုင်ငံ ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့သွားတူနေ တယ်။

တစ်ခုခုလုပ်ဖို့ ရှေ့ကိုခြေတစ် လှမ်းလှမ်းလိုက်၊ အနောက်ကနေပြီး တော့ အဲဒီလှမ်းနေတဲ့ခြေထောက်ကို လှမ်းဆွဲထားလိုက်၊ နောက်ကြောင်း ပြန် လှည့်ပြီး ရှင်းနေရလိုက် အဲဒီလို နဲ့ပဲ ရုပ်ရှင်အစည်းအရုံးက ၂ နှစ်ဆို တဲ့ကာလထဲကို ရောက်တော့ မယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နာယကကြီးတွေ၊ အတိုင်ပင် ခံအဖွဲ့အစည်းတွေ၊ ဗီဒီယိုလောက ဦးဆောင်အဖွဲ့အစည်းတွေ၊ ပြီးတော့ အမှုဆောင် တွေ ဒီလူတွေဘာ လုပ်နေကြ သလဲဆိုတာ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ခေါင်း စီးအောက်မှာ ရှိနေတဲ့ ထဲထဲဝင်ဝင် အနုပညာကို ၀ါသနာပါပြီးတော့ စီးပွားရေးတစ်ခု တည်းမဟုတ်ဘဲနဲ့ အနုပညာအခြေခံ ပြီးဝင်လာတဲ့သူ အားလုံးသိ တယ်။ ပြောချင်တဲ့စကားကတော့ ဒီနေ့ ဆန္ဒပြမယ်လို့ကြိုးစားကြ တဲ့သူတွေ အနု ပညာလောကကို ဘယ်အချိန်က ၀င် လာခဲ့သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြဖို့လိုတယ်။ တစ်ခုပဲရှိတာက ရုပ်ရှင်လောက အတွက်တော့ ဒါဟာ အမည်းစက် တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီသမိုင်း ကို၊ ကိုယ်ရေးတဲ့သမိုင်းကို ကိုယ်ကိုယ် တိုင် လက်ခံနိုင်ဖို့တော့ အရေးကြီး တယ်။

ရုပ်ရှင်အစည်းအရုံးဘက်ကပဲ ဖြစ်ဖြစ်၊ ဆန္ဒဖော်ထုတ်သူများဘက်က ပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့သမိုင်း အတွက် ကိုယ့်ဘာသာကိုယ် တာဝန် ယူနိုင်ဖို့ အရေးကြီးတယ်။ ကိုယ့် အမည်းစက်ကို ကိုယ့်ဘာသာကိုယ် ဖျက်နိုင်ဖို့အရေးကြီးတယ်"

Popular Journal

အချစ်တတ်ဆုံးနှလုံးသားအခုန်ရပ်ခဲ့ပြီ

Miss Supranational 2013 visit Garadzenski maentak Karobchyzy

Popular Journal

ဘက်စ်ကားအစားထိုး ထူးရှယ်ရေယာဉ်များ မော်လမြိုင်တွင်ပြေးဆွဲလျက်ရှိ

Photo Credit: Aung Thu Ya

ရွှေတိဂုံဖူးမြော်ရာ အချုပ်ခန်းထဲ ရောက်ရ




မွေးနေ့ကို ဘုရား သွားရောက် ဖူးမြော်ရာ ဘုရားမရောက်ဘဲ အချုပ်ခန်းထဲ ရောက်ရသည်ဟု ဒလ မြို့နယ် ရဲချောင်းဝ ကျေးရွာနေ ဒေါ်သန်းမြင့်က အောက်ပါ အတိုင်း ပြောကြားသည်။၎င်းက ““ကျွန်မရဲ့ သားအငယ်ဆုံး မောင်အောင်ကျော်သိန်းက လက်သမား လုပ်လာတာ လေးနှစ်ရှိပါပြီ။ သူ့အစ်ကိုက စီးပွားရေးတက္ကသိုလ် တက်နေပါတယ်။ သူရတဲ့ ငွေနဲ့ သူ့အစ်ကို အတွက် ထောက်ပံ့ နေတာပါ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်၊ ဘောလုံးပွဲတော့ ကြိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က သူ့မွေးနေ့ ဖြစ်တယ်။ ရွှေတိဂုံဘုရား လိုက်ပို့ခိုင်းတာ ကျွန်မက ကောက်စိုက်ဖို့ ရှိတာမို့ ငြင်းလိုက်တယ်။ ဒါနဲ့ သူရန်ကုန်ကို အလုပ်သွားတာ။ သူ့သူငယ်ချင်းတွေက ဒီနေ့ အလုပ်ပိတ်တယ် ဆိုတာနဲ့ ရွှေတိဂုံဘုရားကို တောင်ဖက်မုခ်ကနေ တက်ခဲ့တယ်။ ဘုရားခြေရင်းမှာ လုံခြုံရေးက အိတ်မှန်သမျှ အကုန်စစ်တော့ သူကကြို ပြောပါတယ်။ ကျွန်တော် လက်သမားအလုပ် လုပ်တာပါ။ တံစဉ်းကို ထိပ်က ချွန်ထားတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာ သုံးဖို့ အတွက် ချွန်ထားတာပါလို့ ပြောတော့ တံစဉ်းရယ်၊ မီးစမ်းတဲ့ တက်စတာရယ် ထားခဲ့။ ကျန်တာကိုတော့ လွယ်အိတ်ယူပြီး တက်သွားလို့ ပြောတာနဲ့ ဘုရားပေါ်ကို တောင်ဘက်မုခ်ကနေ ကုန်း ကြောင်း တက်လာတယ်။ ဘုရားရောက်ဖို့ လှေကား(၄)ထစ် အလို မှာ ဘုရားရဲက နောက်က လိုက်ခေါ်တယ်။ ဒါနဲ့ ပြန်ဆင်းလာတယ်”” ဟု ပြောသည်။၎င်းက ဆက်၍ ““ဘုရားခြေရင်း ရောက်တော့ သူတို့က ဆီးဟောက်တယ်။ ဒါ ဘာကိစ္စ ယူလာတာလဲ။ ဘာအကြံအစည် နဲ့လဲပေါ့။ ကလေးက ရွာလူကြီးအိမ်တောင် ရောက်ဖူးတာ မဟုတ်ဘူး၊ ကြောက်တာပေါ့။ တကယ်တော့ ဒီပစ္စည်းက သူတို့ ရှာတွေ့တာ မဟုတ်ဘူး။ အပ်ထားခဲ့တာ။နာမည်ရေးဆိုလို့ ရေးခဲ့ရ သေးတယ်။ လက်သမားဆရာဆိုရင် အထောက်အထားပြ ဆိုတော့ ဒါနဲ့ သူ့အလုပ်ရှင် ကီလီ (၃)လမ်းက ဦးမောင်လေးကို ဖုန်းဆက်ခေါ်တာ ရောက်လာတယ်။သူ့ဆရာကလည်း လက်သမားဖြစ်ကြောင်း ထောက်ခံ တယ်။ သူ့ ဆရာကို ဘာမှမဖြစ်ပါဘူး။မေးရုံပါဆိုပြီး သူ့ဆရာကားနဲ့ ဒဂုံရဲစခန်းကို ခေါ်သွားတယ်။ နောက် တော့ ကျွန်မတို့လည်း ရောက်တော့ သူအချုပ်ခန်းထဲ ရောက်နေပြီ။ သားက ဘာကိုမှ လိမ်ညာ မပြောတတ်ဘူး။ပစ္စည်း (၁၆)မျိုး ထဲက (၂)မျိုးကို သတ်သတ်ထားပြီး ကလေးကို ၁၉(င) ဆိုလား ပုဒ်မ တပ်တယ်။ ဒီလို မှားမှန်း သိသိနဲ့ ဖမ်းတာကို ချက်ချင်းပြန်ပြီး ဖြေရှင်းလို့ရတဲ့ ဥပဒေ ကျွန်မတို့ဆီမှာ မရှိကြတော့ဘူးလား”” ဟု ပြောသည်။ဒဂုံ ရဲစခန်းမှ (ပ) ၁၇၉/၂၀၁၃ ပုဒ်မ ၁၉(င) ဖြင့် ရမန်ယူထားရာ ၂၃-၈-၂၀၁၃ ရက်နေ့ ချိန်းဆို ထားကြောင်း ထပ်လောင်း ပြောကြားသည်။“ဒီတံစဉ်းကို သူတို့က စကေဘာလို့ သုံးထားတာ အေးလပ် သုံးမြှောင့်တုံးဆိုတော့ အရိုးက တပ်ထားတော့ ၁၁ လက်မ ရှိတော့ အန္တရာယ် ဖြစ်နိုင်တဲ့ ပစ္စည်းလေ။ ဒါပေမဲ့ သူတို့က တွေ့တာ မဟုတ်ဘူး။ ဟိုကလေးက အပ်ထား ခဲ့တာဆိုတော့ တစ်ခုခုတော့ လွဲနေပြီ။ ကျန်တဲ့ လက်သမားပစ္စည်း တွေတော့ သိမ်းမထားဘူး။အေးလေ အမှုဖွင့်ပြီးမှတော့ ကိုယ်ဘက်က ရှင်းရမယ့် တာဝန် ရှိလာပြီ ဆိုတော့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို ပိုကောင်းတာပေါ့” ဟု တရားသူကြီး(ငြိမ်း) ဦးသောင်းမြင့်က ပြောသည်။

စိန်မျက်ခုံး
မြန်မာသံတော်ဆင့်

white card ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှုအားအာဏာရပြည်ခိုင်ဖြိုးပါတီကန့်ကွက်


 မည်သည့်နိုင်ငံ၌ မရှိသော ဘင်္ဂါလီများအပါအ၀င် white card ကိုင်ဆောင်ထားသူအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှုအား  လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ ကန့်ကွက်သဖြင့် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန်ရွှေ့ဆိုင်း

    Created on Saturday, 24 August 2013 17:16

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့သဖြင့် အမျိုးသားလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအေးမောင်က ယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခြင်း ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ)တွင် ပါရှိသော "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီထူထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်" ဆိုသည့် စကားရပ်အစား "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွှတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်" ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့သူတွေနဲ့ အရွေးခံနိုင်သူများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅(က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ထိုသို့ ဥပဒေကြမ်း တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးလှဆွေက ပြင်ဆင်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သလို ဖြစ်နေသည့်အတွက် ကန့်ကွက်ကြောင်း ပြောကြားသည်။

"ဒီနိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုတာ အခြေခံဥပဒေမှာ အခန်း ၁၀ ပုဒ်မ ၄၀၄(က)မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဒ်မ ၄၀၄(ခ)မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုဖြစ်တဲ့ သူတွေဟာ ဒီမှာဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာ ဖော်ပြထားတာ ဖြစ်တဲ့အတွက်ကြောင့် တန်းတူအခွင့်အရေး ရတယ်၊ ဒါတွေကို အခြေခံ ဥပဒေကို ချိုးဖောက်ပြီးတော့ ဒီလိုမျိုး ပြန်ပြင်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအဆိုကို ကန့်ကွက်ပါတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ပြောကြားခဲ့သည်။

ထို့နောက် ဥပဒေကြမ်း တင်သွင်းမှု အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြုလုပ်ခဲ့သော်လည် လူမစုံသည့်အတွက် မဲခွဲဆုံးဖြတ်သည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူဘင်္ဂါလီများက မဲပေးခဲ့ကြသဖြင့် ဒေသခံ တိုင်းရင်းသား ရခိုင်အများစုမှ ကျေနပ်ခြင်း မရှိဘဲ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါ white card ကိုင်ဆောင်သူများနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသားအဓိပ္ပာယ် သတ်မှတ်ချက်ကို တိတိကျကျ သတ်မှတ်ရန် တိုင်းရင်းသားပါတီ တစ်ခုအနေဖြင့် ကြိုးပမ်းလာခြင်း ဖြစ်သည်။

http://news-eleven.com

ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်




နေပြည်တော်၊ သြဂုတ် ၂၃

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တ...စ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။

မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

The Voice Weekly

မြေဈေးမြင့်တက်မှုများကို နိုင်ငံတော်အနေဖြင့် အခွန်ဖြင့်ထိန်းချုပ်သွားမည်ဖြစ်

ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းကို လုံးဝမလုပ်


 ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

    Created on Saturday, 24 August 2013 01:52



ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အတည်ပြု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြေဈေးများ အဆမတန် မြင့်တက်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ထိန်းချုပ်သွားရန် ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည် ဖြေကြားရာ၌ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်း ရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေတက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝမလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ ဒါပေမဲ့ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာမှန်းမသိ၊ ညာနေရာမှန်းမသိ ဖြစ်သွားတယ်။ ဒါကြောင့် ဒလကို ကျွန်တော်တို့ မလုပ်ဘူး။ ဒလကို ကိုရီးယားနဲ့ တံတားထိုးမယ်ဆိုတာ ဆောက်လုပ်ရေးက သွားကြည့်တာနဲ့မှန်းပြီး အဲဒီနေရာမှာ တံတားထိုးမယ်ဆိုပြီး ၀ယ်ကြပြန်ရော။ ကျွန်တော်တို့လည်း အဲဒီအလုပ်တွေက လိုက်လို့ကို မနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

မြေဈေးမြင့်တက် မှုများကို နိုင်ငံတော် အနေဖြင့် အခွန်ဖြင့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်သော အခွန်ဥပဒေများကို ပြုပြင်သင့်တာ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ အရောင်းအ၀ယ်များအား Moniter လုပ်ပြီး အခွန်ဖြင့် လိုက်ထိန်းသွားရန် စီစဉ်နေကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အလိုက် မြေဈေးနှုန်းများအား သတ်မှတ်ကာ တံဆိပ်ခေါင်းခွန်အား အပြည့်အ၀ ရရန်အတွက် ဆောင်ရွက်နေသည် ဟုလည်း သိရှိရသည်။

မြို့နယ်အလိုက် တစ်စတုရန်းပေ ပတ်လည် မြေတန်ဖိုးများကို ပြုစုပြီးပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် တံဆိပ်ခေါင်း ခွန်များအား လျော့ပြကာ ယခုအချိန်တွင် လုပ်ကိုင်နေကြောင်း ကိုလည်း သိရှိရသည်။
http://news-eleven.com/local/22530

ရုပ်ရှင်အစည်းအရုံးထိပ်ပိုင်းတာဝန်ရှိသူများနုတ်ထွက်ရန် ယနေ့နံနက်ပိုင်းတွင်ဆန္ဒထုတ်ဖော်မှုဖြစ်ပွား

လူ ၇၀ခန့်ပါဝင်ခဲ့

မန္တလေးကျုံးဘေးတွင် အုပ်စုဖွဲ့ဓားကိုင်ရမ်းကားခဲ့သည့် လူငယ်ကိုးဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေး

ညပိုင်းအချိန်များတွင် အုပ်စုဖွဲ့ရမ်းကားမှု ၆ ကြိမ်ခန့်ကျုးလွန်ခဲ့ဟုဆို

ရာထူးမှထုတ်ခံရသည့် ကျောင်းဆရာမကိစ္စကို အသေးစိတ်ပြန်စစ်ဆေးသွားမည်

ရှစ်လေးလုံး အခမ်းအနား သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့၍ ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမစိုးစိုးခိုင် သူမ၏တပည့်ကင်းထောက်ရဲဘော်များ နှင့် အတူ အမှတ်တရတွေ.မြင်ရစဉ်။ Photo Soe Soe Khaing

အလှမယ် ခင်ဝင့်ဝါ