Sunday, August 25, 2013

ကန့်ဘလူအခြေအနေ


Soe Zeya Tun
ထန်းကုန်း ရောက်ပါပြီ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ ရဲအင်အား နှစ်ရာ နဲ့ လိုအပ်ရင် အရေးပေါ် သုံးဖို့ စစ်သားအင်အား တစ်ရာကျော်ကို အဆင့်သင့်လုပ်ထားတယ်လို့ ဆိုပါတယ်...
ကန့်ဘလူမြို့ပေါ်မှာတော့ လမ်းဒေါင့်တိုင်းလိုလိုမှာ သေနတ်ကိုင် စစ်သားတွေ အစောင့်ချထားတယ်........ စစ်ကားတစ်စီးလည်း မြို့ထဲမှာ လှည့်နေတယ်..
အခုချိန်ထိတော့ အရာအားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ...

Okkar Shwe Win
ကန့်ဘလူမြို့နယ် ထန်းကုန် လုံခြုံးရေး စနစ် တကျ လုပ်ဆောင်ထား

နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မူးကြီးကြည်နိုင်တိုင်းသာသနာရေးဝန်ကြီး ဦးတင်ဝင်း
တိုင်းစည်ပင်ဝန်ကြီး ဦးတင်လှိုင်မြင့်တိုင်းဥပဒေအရာရှိ ဦးမြင့်အောင်ခရိုင်အုပ်ချုပ်ရေးမှူးခရိုင် ရဲမင်းကြီးတို့ ဦးဆောင်ပြီး၊ရဲတပ်ရင်း ၁၆ ဒုရဲမှူးကြီးတင်မိုး ပါ ရဲတပ်သားများ မှ လုံခြုံရေးအတွက် တာဝန် ထမ်းဆောင် လျှက်ရှိပါသည်။တပ်မတော် တပ်ရင်း၅ရင်း မှလည်း အသင့် အနေ အထားပြင်ဆင်ထားရှိကြောင်း ကြားသိရပါသည်။နယ်မြေငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဂဠုန်နီဆရာတော် ဦးဆောင်သည့် ရဟန်းသံဃာ အပါး ၂၀ ခန့် ညနေ ၄း၃၀ ခန့် ထန်းကုန်းသို့ ရောက်ရှိကြောင်းသိရှိရပါသည်။

(သတင်းကို ဦးဝင်းကျော်ထွေးထံမှ ရယူ)

မလေးရှား ပီနန်းဘက်မှ မြန်မာများ အတွက် အထူးသတင်း



ပီနန်းအပိုင် ရဲစခန်းချူပ်ကြီး ယခု အော်ပရာစီအကြီးစား ၀င်ရန် ဖြစ်နိုင်ခြေရှိမည့် နေရာများကို ဂိတ်ပေါက်စောင့် ရဲများနဲ့ ခင်နေရ်ျ
 မေးသောအခါ Juru . Auto City အပိုင် ပလန်ကီး အိမ်ရာများ အဲဒီမှာ မြန်မာအများစု နေထိုင်သည်။ pulau peping .
 နောက် အလက်(လ်)မား ဘက်တို့ ဖြစ်နိုင်ခြေရှိကြောင်း ခင်နေတဲ့ ဂိတ်ပေါက်စောင့် ဆားဘား ရဲလေးက ပြောပြတာပါ
ဌာနပေါင်းစုံပါဝင်ပါတယ်။ ဓာတ်ပုံရိုက်ဖို့  ဘယ်လိုမှ မရသောကြောင့် စကားပြောချင်ယောင်ဆောင်ပြီး သေချာကြည့်လို့ ပဲ
 ရခဲ့ပါတယ် ။ အခု ရဲစခန်းထဲကနေ စထွက်နေပြီ။ butterworth ဘက်ကနေ သွားနေပါပြီ ။ ဆိုင်ကယ် ၁၅ စီး လောက်ပါဝင်ပြီး
 ရဲကားအစီး ၈ စီး လောက် နောက် အချုပ်ကား ၃ ကားပါ ။ ဒီည ၁၂ နာရီလောက် ဖြစ်ဖို့ များမယ်။
ကျမပြောပြသော နေရာများတွင် နေထိုင်သော မြန်မာများ အထူး ဂရုစိုက်စေချင်ပါတယ်။
မလိုလားအပ်ပဲ ညပိုင်းအပြင်မထွက်ကြပါနဲ့ ။
မလေးရှားရောက် မြန်မာများ ဘေးရန်ကင်းကြပါစေ။

Hana Ko

ခနွဲကဘို ရဲစခန်းမှ ရဲတပ်ကြပ်လှမျိုး နှိပ်စက်မှုခံ အဘိုးအို တဦး


 Nay Myo Zin

ကင်းဝကြိး ရဲကင်း ခေါ်သော ပန်းတနော်မြို့နယ် အတွင်း ခေါင်ဖျားသောကျေးရွာလေးတခုတွင်းသို့ရောက်လာပြီး ရွာသား အဘိုးအို တဦးကို ဘုန်းကြီးကျောင်းပေါ်တွင်ပင် ရိုက်နှက်ခဲ့သည့် ရဲတပ်ကြပ် လှမျိုးဆိုသူ အကြောင်း။ သူ့ ရဲစခန်းသည် ခနွဲကဘိုကျေးရွာတွင်ရှိပြီး သူ့စခန်းမှ အပါး ကျေးရွာများသို့ လာရောက်ပြီး လိုင်းကြေး ကင်းကြေး အခွန်အခ ကြေးများ ကောက်ခံ နေသူဖြစ်သည်။ ယခု အဘိုးအို ကို ရိုက်နှက်ခြင်းမှာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့ ကျေးရွာသို့ လာရောက်ပြီး အင်းလုပ်ကွက်များ ဘုံစားအင်းများ အကြောင်း မေးမြန်းခြင်းကို ကူညီပြသပေးမိသောကြောင့် ယခုလို နံရိုး သုံးချောင်း ကျိုးသည် အထိ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက်တွင် ရောက်ရှိပြိး ဆေးဝါးကုသနေရသည်။ သားသမီးများမှာလည်း နွမ်းပါးသူများဖြစ်သောကြောင့် အရိုက်လည်း ခံရသေးသည်။ ရဲတပ်ဖွဲ့ က တန်ပြန် တရားစွဲဆိုရန် စီစဉ်နေသည့် ရဲတပ်ဖွဲ့ဝင်အား ပြန်လည်ခုခံမှု ဆိုသည်ကိုလည်း ရင်ဆိုင်ချေပ ရန် လမ်းစရိတ် မရှိသဖြင့် နံရိုးလည်း ကျိုးရသည် ထောင်ကျမည့် ဘေးကိုလည်း စိုးကြောက်နေရသည့် မြန်မာနိုင်ငံသား ကျေးလက် နေ လူတန်းစား ဘ၀။ မကြာမှီ ဗီဒီယိုဖိုင်များ တင်ပေးပါမည်။

Belarus နိုင်ငံရောက် သနပ်ခါးလေးနဲ့ Miss Myanmar ခင်ဝင့်ဝါ......




Miss Supranational Myanmar 2013ခင်ဝင့်ဝါက “အပျိုတော်အက” “ပျူခေတ်ဝတ်စုံ”တို့ နဲ့ သြဂုတ်၂၉ရက်နေ့ မှာ ယှဉ်ပြိုင်မည်။
----------------------------------------------------------------
Miss Supranational Myanmar 2013ခင်ဝင့်ဝါကMiss Supranational 2013 pageantပြိုင်ပွဲကျင်းပရာBelarusနိုင်ငံမှာ သြဂုတ်၂၉ရက်နေ့ တင်ဆက်မယ့်Talent Show နဲ့ National Costumes Show တို့ မှာပါဝင့်ကပြရာ၌ Talent Show တွင်အပျိုတော်အကဖြင့်၎င်းNational Costume တွင် ပျူခေတ်ဝတ်စုံဖြင့်၎င်းဝတ်ဆင်ကပြတင်ဆက်ယှဉ်ပြိုင်သွား မှာဖြစ်ကြောင်း သိရသည်။

Popular Myanmar Journal

သတင်းစာမှာ ပါတဲ့ ဆောင်ပုဒ်

အဘ ဥက္ကာကိုကို

ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို



7Day News Journal

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

“အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

ဧည့်စာရင်း ၊ ယာယီသန်ခေါင်စာရင်းနဲ့ နေတဲ့ သူ ၁၅၀၀ တန်းဖုန်းကဒ်ကို မဲနှိုက်ခွင့် မရှိ

ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ(သမိုင်းအကျဉ်း)

မြန်မာ.သွေး ပုဂံသား
--------------------------------------------------------
နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည့်နေ့ရက်။

၁၃၂၃ ခုနှစ်၊၀ါခေါင်လပြည့်၊1961 ခုနှစ်၊သြဂုတ်လ 26 ရက်၊စနေနေ့။

နိုင်ငံတော်ဘာသာ ပြဌာန်းသည့်ဥပဒေ။

1961 ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေ။ပုဒ်မ ၂၁၊ပုဒ်မခွဲ ၁ အစားထည့်သွင်းရမည့်စာစား ပုဒ်မခွဲ(၁) ဗုဒ္ဒသာသာ သာသနာတော်သည် နိုင်ငံတော် ၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။

2008 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား။

ပုဒ်မ361-နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာနိုင်ငံတော်ကို နိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သောဂုဏ်ထူးဝိသေသနှင့်ပြည်စုံသည့် ဘာသာသာနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်။

နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
------------------------------------------------------------
26.8.1961 တွင်ကျင်းပသော ပြည်ထောင်စုအစိုးရ၊လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံအစည်းအဝေး တွင် ထောက်ခံမဲ 324 မဲ၊ကန့်ကွက်မဲ 28 မဲဖြင့် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန်ကြိုးပမ်းခဲ့သူများ
-------------------------------------------------------------------
၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိမ်အစိုးရ ခေတ်ကပင် မြန်မာတိုင်းရင်းသား၊ ရဟန်းရှင်လူ အပေါင်းတို့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာ်းရေးအတွက် နိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၂။ 1947ခုနှစ် မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့် အခါတွင် ဗုဒ္ဓဘာသာကို နီင်ငံတော်ဘာသာအဖြစ်ပြဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။

၃။ 1951ခုနှစ်၊ဒီဇင်ဘာ 26 တွင် ပြည့်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စုမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာအဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည် ။ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီးဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့။

၎။ 1955 ခုနှစ်တွင် သံမဏိဦးဝင်းမောင်နှင့် သခင်ဘသောင်း တို့ တည်ထောင်သော ရီပတ်ဘလစ်ကင် ပါတီ၊ 1958 ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီးကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်1959 တွင် သီပေါမင်း၏ တတိယ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယက အဖြစ် ဆောင်ရွက်သော နိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့တို့က နိင်ငံတော် ဘာသာ ပြဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။

၅. 1960 တွင် နိုင်ငံတော်ဘာသာပြဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့ နှင့် စုံစမ်းရေးကောမရှင်များ ကိုဖွဲ့စည်းခဲ့သည်။

၆။ 1961ခုနှစ်၊သြဂုတ်လ ၁၇ ရက်တွငိ နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀န်ကြီးချု့ပ်ဦးနု က လွတ်တော်တွင် တင်သွင်းခဲ့သည်။

၇။ 1961ခုနှစ်၊ သြဂုတ်လ 26 ရက်တွင် လွှတ်တော်နှစ်ရပ်တွင် မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတ အိမ်တော် တွင် မွန်းလွဲ ၁နာရီအချိန် သမ္မတဦးဝင်းမောင် က အခမ်းအနားဖြင့် လက်မှတ်ရေး ထိုးပြဌာန်းခဲ့ပါသည်။

( မောင်ကာဠု)


Anonymous said...

၁၉၆၁ခု ဩဂုတ်လ၂၆ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဝန်ကြီးချုပ်ဦးနုနဲ့သူရဲ့ပြည်ထောင်စုပါတီက တင်သွင်းတဲ့ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ကြေညာရေးအဆိုဟာ မဲအပြတ်နဲ့အနိုင်ရခဲ့ပြီး ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာဖြစ်ကြောင်း ပြင်ဆင်ဖြည့်စွက်ရေးသားခဲ့ပါတယ်။
အစိုးရရုံးတွေ၊ ကျောင်းတွေကိုလည်း ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပိတ်စေပါတယ်။ ၁၉၆၂ခု မတ်လ ၂ရက်မှာ ဗိုလ်နေဝင်းအာဏာသိမ်းပြီး ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရုတ်သိမ်းကြောင်းကြေညာ လိုက်တော့မှ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာအဖြစ်က ရပ်စဲသွားတာပါ။


လျှို့ဝှက်သိမ်ငယ်စွာ ချို့ချို့ငဲ့ငဲ့နေထိုင်ကြရသော စိုးနိုင်များ

rKomyintoo Bemo

ကိုစိုးနိုင်၏ မိခင်အိုကြီးအတွက် အားတက်သရောထောက်ပံ့ခဲ့ကြသော
ပြည်တွင်းပြည်ပပြည်ချစ်သူများနှင့် သူငယ်ချင်းများအားလုံးကို မိသားစုကိုယ်စားအထူးကျေးဇူးတင်ရှိပါသည်၊
အကျိုးရှိစွာ လိုအပ်သလိုအသုံးချနိုင်အောင် လည်းကြိုးစားပါမည်၊
ကျနော်ကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ သူငယ်ချင်းများနှင့် တိုင်ပင်ဆောင်ရွက်ပါမည်၊ ကျန်ရစ်သူမိသားစုများကလည်း
ကျနော့်အား ကိုစိုးနိုင်ကိုယ်စား ခင်တွယ်နေကြပါသည်။ မပါဝင်ရသေးသော ဆန္ဒရှိသူ သူငယ်ချင်းများကိုလည်း ကြိုဆိုပါသည်၊
 ကျနော်တို့အားလုံး၏ပတ်ဝန်းကျင်တွင်ကျန်ရှိနေသေး သည့်
လူမသိသူမသိ စတေးခံခဲ့ရသောလျှို့ဝှက်သိမ်ငယ်စွာ ချို့ချို့ငဲ့ငဲ့နေထိုင်ကြရသော
စိုးနိုင်များအားလုံး၏ မိသားစုများအတွက်
စိတ်ပိုင်းဆိုင်ရာ စားဝတ်နေရေး လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို
တတ်နိုင်သမျှ ဖြည့်စွမ်းနိုင်ရန် လည်းကြိုးစားကြပါမည်။

Tibeto-Burmese စကားကို ရေးတတ်သူ


U Tay Za
Tibeto-Burmese စကားကို ရေးတတ်သူဟူ၍ မြန်မာနိုင်ငံတွင် တစ်ဦးတည်းသာ ကျန်ရှိတော့သည့် ဦးအောင်ချို့ မှာ ပူတာအိုမြို့ သို့  ရောက်ရှိလာပြီ ဖြစ်သည်။
မိမိအနေဖြင့် မြန်မာလူမျိုးများ သမိုင်းအရ Tibeto-Burmese မျိုးနွယ်မှ ဆင်းသက်လာပြီး ၄င်းတို့၏ မျိုးရင်းဖြစ်သော တိဗက်ဒေသ သဘာဝ ပတ်ဝန်းကျင်ကို အပြည့်အ၀ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဦးအောင်ချို့နှင့် ပူပေါင်း၍ ပူတာအို ပညာဒါနကျောင်းတွင်တိဗက်စာပေနှင့်ဘာသာစကားအတတ်ပညာရှင်များနှင့်ပူးပေါင်းကာ
တိဗက်စာပေနှင့်ဘာသာစကားအား မပျောက်ပျက်စေရေးနှင့်ဖွံ့ဖြိုးပြန့်ပွားစေရန်၊ဒေသခံများ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်ဆောင်ရွက်လျှက်ရှိပါသည်။

ကန့်ဘလူအရေးပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်


ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦးအား ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား

နေပြည်တော်၊ ဩဂုတ်၊ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက  ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။

ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်​ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။

မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်​မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြားခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)

http://www.moi.gov.mm/iprd/news

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း




The Voice Weekly

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အစည်းအရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

Voice ။ ။ ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင် အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း ဘာပြန်ပြောချင်လဲ။

L.M ။ ။ အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့ ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင် ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။

Voice ။ ။ ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

L.M ။ ။ ပြဿနာတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောကအတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ လောကအတွက် လုပ်တာဖြစ်တဲ့အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။ ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။ ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။

Voice ။ ။ ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်း သိပါရစေ။

L.M ။ ။ ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့ ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။
ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။ နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။ ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ တာဝန်ယူဖို့ စဉ်းစားထားလဲ။

L.M ။ ။ ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊ ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။

Voice ။ ။ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။

L.M ။ ။ ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။ အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာလည်း လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။
ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက်လည်း မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ်တစ်ယောက် နောက်တစ်ခု ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းအဟောင်းကို ပြန်ရိုက်မိတာ။ ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်းအရုံးကို တောင်းဆိုလာတာ။
တကယ်တော့ ဒီခေတ်ကြီးမှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။ အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန် လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေလည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။ အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။ စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့ မလုပ်ပါဘူး။

Voice ။ ။ ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက အရင်ထွက်ခွင့်ရမလဲ။

L.M ။ ။ ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း ထပ်တာတွေ ရှေ့မှာအများကြီးလည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊ ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်းကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။ ဖြန့်ပြီးတာနဲ့ နောက်ကားက ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ လုပ်ခဲ့ဖူးတယ်။ အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။ ဒီကိစ္စကျတော့ ရိုက်တာကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး သွားဖြစ်နေတယ်။ တစ်ဖက်ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင် ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ကားကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။

Voice ။ ။ ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းအရင်းလေး သိပါရစေ။

L.M ။ ။ အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့ အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့ ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။

Voice ။ ။ ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

L.M ။ ။ ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ် ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့် ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင် ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။

Voice ။ ။ ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။

L.M ။ ။ ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊ ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။

L.M ။ ။ ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ်ယူခွင့်ရအောင် ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီမှာ နိုင်ငံခြားကားတွေ ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင် တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။ ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ်လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊ ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။

Voice ။ ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ။

L.M ။ ။ မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။ ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။

L.M ။ ။ ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။

Voice ။ ။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။

L.M ။ ။ ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင် ပြောပေးပါဦး။

L.M ။ ။ ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။ လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့ မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။ အခုဆို BC နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့ လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို ပညာတော်သင် စေလွှတ်ဖို့လည်းရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။

(သန့်ဇင်ဦး)

တရုတ်ချေးငွေရလျှင် တစ်နိုင်ငံလုံးရှိ သမအသင်းအားလုံးကို ချေးငွေထုတ်ပေးမည်ဟုဆို




နေပြည်တော်၊ သြဂုတ် ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ သမဝါယမဝန်ကြီးဌာနက ချေးယူထားသော အမေရိကန်ဒေါ်လာ သန်းတစ်ရာ ရရှိလျှင် နိုင်ငံတစ်ဝန်းလုံးရှိ သမဝါယမ အသင်းအားလုံးကို ချေးငွေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှမိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် တည်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်း သမဝါယမ အသင်းများကို ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင့်ငါးရာကျော် ထုတ်ချေးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက်နေ့တွင် ပြောဆိုထားသည်။

“ကျွန်တော်တို့ တရုတ်ဆီက ဒေါ်လာသန်းတစ်ရာရတာနဲ့ ကျန်ဒေသတွေကို ငွေချေးပေးပါမယ်။ အဲဒီလိုချေးယူဖို့ လွှတ်တော်ကလည်း သဘောတူထားပါတယ်” ဟု ဦးလှမိုးက ဆိုသည်။

သမဝါယမဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် ထံမှ ဒေါ်လာသန်းတစ်ရာချေးရန် သဘောတူညီချက် ရထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ သြဂုတ်လ ၁၆ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ထားပြီး ယင်းသဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့တွင် အတည်ပြုထားသည်။

ယင်းသဝဏ်လွှာကို NLD ပါတီဝင် ၁၁ ဦးက သမဝါယမဝန်ကြီးဌာန၏ အသေးစားချေးငွေ ထုတ်ပေးရန် အသုံးပြုမည်ဟု ဆိုသောကြောင့် ကန့်ကွက်ခဲ့ကြသည်။

ဒေါ်လာသန်းတစ်ရာကို ချေးငွေဆိုင်းငံ့ကာလ ၂ နှစ် အပါအဝင် စုစုပေါင်း ဆယ်နှစ်အတွင်း ပြန်လည် ပေးဆပ်ရန်နှင့် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုစရိတ် အဖြစ် ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်းကို ချေးငွေ ထုတ်ယူသုံးစွဲခြင်းမပြုမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်သို့ တစ်ကြိမ်တည်း ပေးသွင်းရမည် ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာနထံမှ သိရသည်။

ဥရောပမြို့တော်ဝန်တဦးမှ ရန်ကုန်မြို့အား ညီအမမြို့တော်အဖြစ် အသိအမှတ်ပြုရန်ကမ်းလှမ်း

r
Myat Thu
ရန်ကုန်။

ရန်ကုန်မြို့၏ မိုးရာသီအလှအပများအား ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှ ပိုမိုထင်ရှားလှပအောင် ကြိုးစားနိုင်ခဲ့သဖြင့် ဥရောပ နိုင်ငံတခုမှ တ၀မ်းကွဲ ညီအမမြို့တော်အဖြစ် အသိအမှတ်ပြုရန် ၎င်းမြို့တော်ဝန်မှ ကမ်းလှမ်းလာခဲ့သည် ။

အဆိုပါမြို့မှာ ကမ္ဘာကျော် ဗင်းနစ်မြို့ဖြစ်ပြီး ပထမဆုံး အကူအညီအနေဖြင့် လမ်းကြိုလမ်းကြားသွား စက်တပ်သမ္မာန်ငယ်လေးများ ကူညီပေးသွားမည်ဟု သိရပြီး လက်ရှိတွင် မြို့တွင်းသို့ပြေးဆွဲနေသော ခရီးသည်လိုင်းကားများနေရာတွင် ဒလ နှင့် ဆိပ်ကြီးခနောင်တို တို့မှ သမ္မာန်ငယ်များဖြင့် သွားလာနိုင်ရန် စီစဉ်ပေးသွားမည်ဟုသိရသည် ။

မလေးရှားနိုင်ငံတစ်ဝှမ်းတရားမဝင်နေထိုင်သူများရှင်းလင်းရေး စတော့မည်




**********************************************

ယနေ့ မလေးရှားရောက် မြန်မားနိုင်ငံသားများအတွက် သိသင့်သိထိုက်တဲ့ အထူးသတင်းတစ်ခုအနေနဲ့ မလေးရှား အစိုးရ၏ 6P စီမံချက် ရဲ့ နောက်ဆုံးအဆင့် တစ်ခု ဖြစ်တဲ့ Enforcement အစီအစဉ်ကို လာမည့် ၁.၉.၂၀၁၃ မှာ စတင်တော့မှာ ဖြစ်ကြောင်း နာမည်ရှိသတင်းဌာန Thestar က မနေ့က တရားဝင်ကြော်ငြာသွားခဲ့ပါတယ် ။

Enforcement Operation လို့အမည်တပ်ထားတဲ့ ထိုစီမံချက် ( အော်ပရာစီ ) အတွက် မလေးရှားနိုင်ငံလုံးရှိ ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ စစ်တပ် နှင့် 6P အစီအစဉ်ရဲ့တာဝန်ခံ အေးဂျင်းများ ၊ UN ကဒ်တရားဝင်ရရှိထားသူများအတွက် UN မှတာဝန်ရှိသူများ အားလုံး စုပေါင်းပါဝင်မည့်အကြောင်းကို စုံစမ်းသိရသည် ။

သို့ကြောင့်မလေးရှားရောက် တရားမဝင်နေထိုင်လျှက်ရှိနေသာ မြန်မာနိုင်ငံသားများ အားလုံးအနေနဲ့ အထူးသတိပြုရတော့မည့် အချိန်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ သတိပေး တင်ဆက်ရပါသည် ။

ပြီးခဲ့သည့် 6P စီမံချက်အတွင်း ပြုလုပ်ခဲ့သော Enforcement အစီအစဉ် အတိုင်း တရားမဝင် အလုပ်သမားများ ရှိသည့် စက်ရုံ ၊ အလုပ်ရုံ ၊ စားသောက်ဆိုင်များ ၊ တရားမဝင် အလုပ်သမားများနေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာနေရာများကို ၁.၉.၂၀၁၃ မှစတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည် ။

မလေးရှားရောက် ပါမစ်အမှန်မရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါ စီမံချက်အား သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက အသိပေးတင်ဆက်သည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page

ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေးလာသည့် ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်



The Voice Weekly's photo.


မောင်တော၊ သြဂုတ် ၂၁

ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေးလာသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

ခင်မောင်အေး

ရခိုင် အမျိုးသမီးတစ်ဦးကို ဘဂလီကုလား များ အုပ်စုလိုက် မုဒိန်းကျင့်ကာသတ်ဖြတ်



Coral Arakan News

၂၅၊ သြဂုတ်၊ ၂၀၁၃ ၊ Coral Arakan News ( သတင်း)

ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့နယ် ကြိမ်နီပြင် ကုလားဒုက္ခသည်စခန်းနှင့် နီးကပ်သော မညင်းကိုင်းကျေးရွာမှ ရခိုင်တိုင်းရင်းသူတစ်ဦးကို ဘင်္ဂလီကုလားများက အုပ်စုလိုက် မဒိန်းကျင့်ကာ သတ်ဖြတ်ထားသောအလောင်းကို ညနေ ၇နာရီခန့်က ရွာသားများက တွေ့ ရှိရကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၃၈နှစ်ရှိ ကုလေး ၄ ယောက်၏မိခင် မလှသန်းစိန်ဖြစ်ပြီး သူ၏လယ်ထဲသို့သွားပြီးပြန်မလာသဖြင့် သွားရောက်ရှာဖွေရာ အလောင်းကိုတွေ့ရှိရခြင်းဖြစ်သည်။

သူ၏လယ်ထဲသို့ ကုလားများ သုံးယောက်နှစ်ယောက် ဆင်းသွားကြသည်ကို မသကာင်္သဖြင့် လယ်ထဲသို့သွားရှာကြရာတွင် အ၀တ်အစားများ စုတ်ပြတ်လျှက် ခေါင်းကိုထုရိုက် ဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသိရသည်။

သေဆုံသူ၏ အလောင်းကို ယနေ့နံနက်တွင် ပေါက်တော ဆေးရုံသို့ယူဆောင်ပြီး ညနေ၃နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

၂၀၁၂နှစ် မတ်လ ၂၈ ၇က်နေ့ကလည်း ကျောက်နီမော်ကျေးရွာနေရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂလီကုလားများက အုပ်စုလိုက် မဒိန်းကျင့်ကာ သတ်ဖြတ်လိုက်သဖြင့် ဒေသခံ ရခိုင်လူမျိုးများနှင့် တင်းမာမှုများဖြစ်ပေါ်ပြီး ဘင်္ဂလီ ရခိုင် ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။

ကိုထွန်း (မညက)

ကင်တားနားဘင်္ဂါလီအခွင့်အရေးအတွက်ခရီးစဉ် မအောင်မြင်ခဲ့ဟုဆို ထိုင်းနိုင်ငံတွင် ပြော



----------------
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကုလသမဂ္ဂသို့ အစီရင်ခံ တင်ပြရန် လာရောက်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ၁၁ ရက်ကြာ ခရီးစဉ်မှာ အောင်မြင်မှု မရှိကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် သြဂုတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ခြောက်ဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် လူမှု ကူညီစောင့်ရှောက်ရေး အသင်း (TBBC)၊ ကရင် အမျိုးသမီး အစည်းအရုံး (KWO)၊ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း တာဝန်ရှိသူများ၊ မြန်မာပြည်သား မိတ်သဟာယအဖွဲ့ (BPS) နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားက ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ကင်တားနားက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

၎င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည်နယ် ဒုက္ခသည် စခန်းများသို့လည်း သွားရောက် လေ့လာခွင့် မရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရက လုံခြုံရေး အပြည့်အဝ ချထားပေးခြင်း မရှိသဖြင့် ဆန္ဒပြသူ အချို့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကင်တားနားရဲ့ ပြောကြားချက်တွေက အရင် ခရီးစဉ်တွေတုန်းကလိုပဲ အခြေအနေမှန်နဲ့ လုံးဝ ကွဲပြားနေပါတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

မစ္စတာ ကင်တားနား၏ မိတ္ထီလာ ခရီးစဉ် အစတွင် ၎င်းစီးနင်း လိုက်ပါ လာသော မော်တော်ယာဉ်တန်း နှင့်အတူ ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ တံတားပေါ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၆ ဦး၊ ယာဉ်ထိန်းရဲ ခုနစ်ဦးတို့က ဝန်းရံ၍ အပြည့်အဝ အကာအကွယ် ပေးအပ်ထားကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

“ကားကို ကန်ကျောက်၊ ထုနှက်တယ် ဆိုတာ မဟုတ်ပါဘူး၊ ဆန္ဒပြ ပြည်သူတွေထဲက တစ်ဦးက မှန်တံခါးခေါက်ပြီး စာတစ်စောင် ပေး တာပါ” ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ၂၂ ရက်နေ့ မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး အချို့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကို တွေ့ဆုံခဲ့သည်။

 The Voice Weekly

“ပဋိပက္ခဖြစ်ရခြင်းရဲ့နောက်ကွယ်ဝယ်”



 'ဌေး' သာမဏေကျော်

ဒီအကြောင်းကို ရေးမယ် ရေးမယ်နဲ့ ရေးသင့်၊ မရေးသင့် ချိန်ဆနေတာနဲ့မရေးဖြစ်ခဲ့ဘူး။ ခုတော့ ရေးသင့်တယ် ထင်လို့ ရေးပါတော့မယ်။ မြန်မာနဲ့ မွတ်စလင်ဟာ ခုဆိုရင် အဓိကရုဏ်းတွေ မကြာခဏ ဖြစ်နေတာတွေ့ရတယ်။ဘာကြောင့် ဖြစ်တာလဲကြည့်လိုက်ရင် မုဒိမ်းမှု၊ ဘယ်သူက စလွန်ကျူးလဲ။ မွတ်စလင်ယောက်ျားလေးက မြန်မာမိန်းမလေးကို ကျူးလွန်၊ အဲကပြန်စ၊ သူချ၊ ကိုယ်ချ။ နောက်တော့ အသံထွက်တာက လူနည်းစုကို လူများစုက ၀ိုင်းဝန်းအနိုင်ကျင့်တာပါတဲ့။လူနည်းစုဟာ တကယ်တော့ လူအများစုကို ဂရုစိုက်ရမယ်။ ခုလိုဖြစ်နေတဲ့အချိန်မှာ ပိုလို့တောင်ဂရုစိုက်သင့်တယ်။ မဖြစ်သင့်တာ မဖြစ်အောင်၊ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင်ကြိုးစားသင့်ကြိုးစားရမယ်။ ထိမ်းသိမ်းသင့် ထိန်းသိမ်းရမယ်။မွတ်စလင်အမျိုးသမီးကို မြန်မာအမျိုးသားက လွန်ကျူးခဲ့ရင်တောင် ပဋိပက္ခဖြစ်စေမဲ့နည်းလမ်းနဲ့ မဖြေရှင်းသင့်ဘဲတရားဥပဒေဘောင်အတွင်းက ပြီးနိုင်အောင် ကြိုးစားရမယ်။ ဒါက သဘောတရားကို ပြောပြတာပါ။လွန်ကျူးတယ်လို့လည်း မကြားမိသေးဘူး။ မသိတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ခုတော့ လူနည်းစုက လူအများစုကို ရန်စနေသလို ဖြစ်နေတယ်။ သေသေချာချာ တွေးကြည့်ရင် လုံးဝ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပဲ။ ဒီလိုမဖြစ်ရအောင် မွတ်စလင်တွေရဲ့ ဘာသာရေးခေါင်းဆောင်တွေက သေချာကျန သွန်သင်ညွန်ပြထားသင့်တယ်။ ခုချိန်ဒီလိုတွေဖြစ်နေတယ်၊ အထူးဂရုစိုက်ကြဖို့နဲ့ မဖြစ်သင့်တာ မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ဆိုတဲ့ သြ၀ါဒတွေ၊ ညွန်ကြားချက်တွေ ထုတ်သင့်တယ်။( ထုတ်ထားတယ် ဆိုရင်တော့ မပြောလို)ထုတ်ပြန်ချက်တွေ၊ ညွန်ကြားချက်တွေအသိပေးရဲ့သားနဲ့ သက်သက်ကျူးလွန်နေတာဆိုရင် ကျူးလွန်တဲ့သူကို မွတ်စလင်အဖွဲ့အစည်းတွေကိုယ်တိုင်ကရှာဖွေ၊ ရှုတ်ချ၊ အပြစ်ပေးနိုင်အောင် ကြိုးစားရမယ်။ ကာကွယ်ပေးဖို့ မလိုဘူး။ ကာကွယ်ပေးချင်ရင် တရားဥပဒေဘောင်အတွင်းက ကာကွယ်၊ အဓိကရုဏ်းဖြစ်စေမဲ့ ကာကွယ်နည်းမျိုးနဲ့ ကာကွယ်မပေးသင့်ဘူး။အဓိကရုဏ်းတွေဖြစ်လာရင် ကောင်းကျိုးဆိုတာထက် ဆိုးကျိုးက ပိုများပါတယ်။ ဒါကြောင့် အချိန်မှီသာ ပြင်ဆင်ခြင်းသည်သာ နှစ်ဦးနှစ်ဖက် အကျိုးများပါတယ်။ ခုလိုမှမဟုတ်ဘဲ ဆက်လက်၍ လွန်ကျူးနေအုံးမယ်။ ဥပဒေအပြင်က ကာကွယ်ပေးနေအုံးမယ်ဆိုရင်တော့ ဖြစ်လာမဲ့ဆိုးကျိုးတွေကဖြင့်နောင်အနာဂါတ်မျိုးဆက်တွေအတွက် ကောင်းကျိုးတခုမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။


တရားမဝင်ရောက်မှုတားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)

RFA

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ နိုင်ငံခြားသားများ တရားမဝင်ရောက်မှုတားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)
ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်
-------------------------

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ နိုင်ငံခြားသားများ မတရားဝင်ရောက်မှုတားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)
ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖျက်သိမ်းခဲ့တဲ့
နယ်စပ်ဒေသလူဝင်မှုကွပ်ကဲရေးဌာနချုပ် (နစက) နေရာမှာ အစားထိုးတာဝန်ပေးအပ်ဖို့ အဲဒီမကဖအဖွဲ့ကို အမြန်ဖွဲ့
စည်းမှာဖြစ်ကြောင်း။ အရင်က နစကမှာ တပ်မတော်၊ ရဲ၊ လဝကနဲ့ အကောက်ခွန် စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် 
မကဖကိုတော့ လဝကအဖွဲ့ တစ်ခုတည်းကသာ တာဝန်ယူမှာဖြစ်ကြောင်း သိရပါတယ်။

မကဖ ကွပ်ကဲရေးမှူးရုံးကို လဝကဝန်ထမ်း ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး မောင်တောမြို့ပေါ်က ပီအိုအီးဂိတ်၊
သုံးမိုင်စစ်ဆေးရေးဂိတ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မောင်တော မြောက်ပိုင်းဒေသကအောင်ဇူ၊ ကြိမ်ချောင်း၊
ငါးခူရ၊ ပျဉ်ဖြူနဲ့ တောင်ပြို လက်ဝဲဒေသတွေအပြင မောင်တော တောင်ပိုင်းဒေသကပင်လယ်နဲ့ထိစပ်နေတဲ့
အလယ်သံကျော်နဲ့ အင်းဒင်နေရာတွေမှာ နေရာချထားဖို့ကို ဝန်ကြီးဌာနက စီစဉ်နေတယ်လို့ လဝကအရာရှိတစ်ဦးက
အတည်ပြုပြောကြားပါတယ်။ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) အဖွဲ့တွေကို
အရင်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ဖွဲ့စည်းဖူးကြောင်းသိရပါတယ်။

ထန်းကုန်း အဓိကရုဏ်း


24.8.2013 ညနေ 7:00 ခန့်မှာ ကန့်ဘလူမြို့-တောင်ဘက် ဆယ်မိုင်ကွာမှာရှိတဲ့ ထန်းကုန်းမြို့
ငယ်လေးမှာ အဓိကရုဏ်း ဖြစ်ပွား
ထန်းကုန်းအရှေ့ဘက် ဇီးပင်လှရွာမှ ထန်းကုန်းမြို့ကို အလုပ်လာလုပ်တဲ့ ဗမာမိန်းကလေး မလပြည့်
(၁၉) နှစ်ကို ထန်းကုန်း ကုလားသုံးယောက်က အပြန်လမ်းမှာ မုဒိမ်းကျင့်
တစ်ယောက်ကို ဖမ်းမိထား
လူအုပ်ကြီးက ဖမ်းမိထားတဲ့ ကုလားကို ထုတ်ပေးဖို့ တောင်းဆိုရာမှ အဓိကရုဏ်းစတင်ဖြစ်ပွား
ခဲ့ခြင်း ဖြစ်ပါတယ်။ည 8:00 နာရီခန့်မှာ ထန်းကုန်း ဘူတာရုံအရှေ့ဘက်ဈေးဆိုင်တွေကို ဖျက်နေကြပြီလို့
သိရပါတယ်။ည 9:30 ခန့်မှာ မီးစလောင်နေပြီလို့ သိရပါတယ်။ လူအုပ်က ရွာမှတက်လာပြီး ဖြိုဖျက်နေကြတာပါ။
ဖုန်းလိုင်းတွေဖြတ်တောက်ထားလို့ စုံစမ်းရခက်နေပါတယ်။ လုံခြုံရေးတွေ မတွေ့ရဘဲ လူအုပ်ကြီးပဲ တွေ့ရတယ်လို့
ပြောပါတယ်။
Wira Thu

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ထန်းကုန်းကျေးရွာတွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား
The Daily Eleven
Sunday, August 25, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ထန်းကုန်းကျေးရွာတွင် မြန် မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုး စားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက် ရှိလာပြီး တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ ၀င် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိ ရသည်။ အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ နယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေအနေကို ၀ိုင်းဝန်ထိန်းသိမ်း နေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များ ရောက်ရှိကာ မီးငြိမ်း သတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်မှ သတင်းပေးပို့သည်။"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေက အခုထိ ရပ်တန့် သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြား ရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ် လာမှာကို ဒေသခံတွေအားလုံး စိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်က သြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ် ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရ ဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

Eleven Media Group

တရုတ်နိုင်ငံမှ ချေးယူမည့် ငွေ၏ အတိုးနှုန်းသည် တခြားနိုင်ငံများ၏ အတိုးနှုန်းထက် များ


ဒီမို ဖက်တီး
August 23

သမ၀ါယမ ၀န်ကြီးဌာန က တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည်ကို လွှတ်တော် ၌ သဘော တူညီမှု ရှိမရှိ မဲခွဲဆုံးဖြတ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တခြားပါတီ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း အတည်ပြု လိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် စစ်တပ် ကိုယ်စားလှယ်များမှအပ အတိုက်အခံ ကိုယ်စားလှယ် အများစုက သဘော မတူကြသော်လည်း မတ်တတ်ရပ်၍ မဲခွဲဆုံးဖြတ်ရာ မတ်တတ် ရပ်ပြသူ နည်းပါးသဖြင့် ထိုတရုတ်ချေးငွေ ကိစ္စကို ပြည်ထောင်စု လွှတ် တော်က အတည်ပြု သဘောတူ ပေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ချေးယူမည့် ငွေ၏ အတိုးနှုန်းသည် တခြားနိုင်ငံများ၏ အတိုးနှုန်းထက် များနေကြောင်း၊ ထို့အတူ ၀န်ဆောင်မှု စရိတ် လည်း ကြီးမြင့်ကြောင်း၊ အများပြည်သူ၏ ဘ၀မြှင့် တင်ရမည်မှန်သော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် အမှားခံ၍ မရကြောင်း NLD ပြည်သူ့လွှတော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ယမန်နေ့က လွှတ်တော်၌ ကန့်ကွက် ဆွေးနွေးခဲ့သည်။

“သမ ၀န်ကြီးဌာန လက်အောက်မှာ စီမံကိန်းတရပ် ရရှိဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီလို စွန့်စားမှုမျိုး မလုပ်သင့်ဘူး၊ ဘတ်ဂျက်လိုငွေပြနေတဲ့ တိုင်းပြည်မှာ နောက်ထပ် ပိုမိုကြီးလေး တဲ့ အခြေအနေမျိုး မဖြစ်ဖို့ ပြည်ထောင်စု ကိုယ်စားလှယ် အားလုံး က စနစ်တကျ စဉ်းစားဆောင် ရွက်သင့်တယ်”ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြည်ပမှ ချေးငွေရယူသည့် အတိုးနှုန်းများမှာ ဂျပန်နိုင်ငံမှ ၂ ရာခိုင်နှုန်း ၀န်းကျင်၊ ဥပရောပ နိုင်ငံများမှ ၂ ရာ ခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိပြီး တရုတ်နိုင်ငံမှ ချေးယူသည့် အတိုးနှုန်းမှာမူ ၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ပေးရကြောင်း ကိုယ်စားလှယ်များ က ပြောသည်။
“ဒေါ်လာသန်း ၁၀၀ စချေးတာနဲ့ နေ့ပြန်တိုးချေးသလိုမျိုး တရုတ်ကို တသန်းပြန်ပေးခဲ့ရမယ်၊ ပြီးမှ ၄ ဒသမ ၅ ရာခိုင်နှုန်း ပုံမှန် ပေး ရဦးမယ်လေ၊ ဒါဟာ အလွန်များပြားတဲ့ အတိုးနှုန်းပါ၊ ဒီချေးငွေတွေနဲ့ လယ်သမားတွေရဲ့ ဘ၀ကို ဘာမှ ပြောင်းလဲပေးနိုင်မှာ လည်း မဟုတ်ဘူး”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။

မြန်မာနိုင်ငံသည် အကြွေးသံသရာ လည်နေသည့် နိုင်ငံဖြစ်၍ အတိုးနှုန်းကြီးမြင့်သည့် နှုန်း ထားဖြင့် ငွေမချေးသင့်ကြောင်း၊ ထိုချေးငွေကိုလည်း မည့်သည့်နေရာတွင် မည်သည့်လုပ်ငန်း လုပ်မည်၊ အကျိုးအမြတ် မည်ကဲ့သို့ရမည် ဆိုသည်ကို တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိကြောင်း ကန့်ကွက် ဆွေးနွေးခဲ့သူ တဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး ကလည်း ပြောဆို သည်။

“တရုတ်က စတင်ချေးကတည်းက အတိုးနှုန်းများနေတော့ လယ်သမားတွေ လက်ထဲ ရောင်ရင် ပိုများသွားမယ်၊ အတိုးတွေ လုံးချာလိုက်ပြီး ပြန်မဆပ်နိုင်ရင် ရှိတဲ့ လယ်ယာမြေတွေ ပေါင်နှံရောင်း ချမှုတွေ ဖြစ်လာပြီး လယ်ယာမဲ့တွေ ဖြစ်ကုန်ကြမယ်”ဟု ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများမှ ငွေချေးမည်ဆိုပါကလည်း အတိုးနှုန်း သက်သာသည့် ချေးငွေမျိုးကိုသာ ရရှိရန် ကြိုးပမ်းသင့်ကြောင်း၊ မြန်မာနိုင်ငံ သည် လက်ရှိတွင်လည်း ပြည်ပကြွေးမြီများ ရှိနေ၍ အတိုးနှုန်းကြီးမြင့်စွာဖြင့် နောက်ထပ် ချေးငွေများယူပါက နောင်လာမည့် အစိုးရ များသည် အကြွေးဆပ်သည့် အလုပ်ဖြင့် သံသရာလည်နေမည်ဖြစ်၍ ချေးသင့် မချေးသင့် သေချာ စဉ်းစား သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။

“၀န်ကြီး ဦးကျော်ဆန်းကတော့ ပြောတာပေါ့လေ၊ ၀ိုင်းကြီးချုပ် စနစ်နဲ့ချေးမယ်၊ ပုံမှန်ပြန်ဆပ်သူ ကို နောက်ထပ် ၂ ဆ၊ ၃ ဆ ထပ်ချေးမယ် ဆိုတာမျိုးတွေ ပြောတယ်၊ ပြောမယ်ဆိုရင် ကျမ တို့ဆီမှာ ဘယ်တုန်းကများ သမ၀ါယမ စနစ်က အောင်မြင်ခဲ့ဖူး လို့ လဲ” ဟု ဒေါ်တင်နွယ်ဦး က ပြောသည်။

တရုတ်နိုင်ငံမှ ငွေချေးသူ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းက အတိတ်ကာလ၌ မအောင်မြင် ခဲ့သည့် အားနည်းချက်သည် အနာ ဂတ် ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ၀န်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင် များကို ၎င်းကိုယ်တိုင် ဦးဆောင်၍ လမ်းမှန်ပေါ်မှ သွားလာနိုင်ရန် ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း ကိုယ်စားလှယ်များ ၏ ဆွေးနွေးမှု အပေါ် ပြန်လည် ရှင်းလင်း ပြောဆိုသည်။

သမ၀ါယမ စနစ်သည် မြန်မာနိုင်ငံတွင် အောင်မြင်မှု မရှိသော်လည်း နိုင်ငံခြားတိုင်းပြည်များ တွင် အောင်မြင်နေသည်ဟုလည်း ၀န်ကြီးက ပြောသည်။

ဝန်ကြီး ဦးကျော်ဆန်းက“နိုင်ငံခြားတိုင်းပြည်တွေမှာ အံ့သြလောက်အောင် အောင်မြင်နေတာပဲ၊ ဒါဟာ ကျနော်တို့အတွက် အဖြေပါပဲ၊ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ၊ ကျနော်တို့လည်း လူတွေပါပဲ”ဟု ဆိုသည်။

ကျေးလက်ဒေသ ပြည်သူများ၊ လယ်သမားများကို ချေးပေးမည်ဟု ဆိုကာ တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို ချေး ယူမည်ဖြစ်၍ အတည်ပြုချက် ရယူရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန်တို့က လာရောက်တင်ပြကြရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များမှအပ NLD ပါတီ ကိုယ်စားလှယ်များ နှင့် တခြား ကိုယ်စားလှယ် အများစုက သဘောမတူကြပေ။

လက်ရှိချေးငွေ အဆင်ပြေပါက နောက်ထပ် ဒေါ်လာ သန်း ၆၀၀ ချေးယူနိုင်ရန် တရုတ်နိုင်ငံက သဘောတူထား သေးကြောင်း လည်း သိရသည်။

ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ တန်းတူအခွင့်အရေးရ



ဒီမို ဖက်တီး

ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် ခင်ဗျာာားးး
ဧည့်နိုင်ငံသား မဲပေးလို့ရတယ်ဆိုတာ ဘယ်နိုင်ငံမှာမှ ကျနော် မကြားမိပါဘူး ။ အမေရိကန်မှာလည်း မရှိပါဘူး ။ အင်္ဂလန် ပြင်သစ် ဂျာမနီမှာလည်း မကြားမိပါဘူး ။ စင်ကာပူမှာလည်း PR တောင် မဲပေးလို့ မရပါဘူး ။ အမေရိကန်မှာလည်း Green Card နဲ့ဆိုရင်တောင် မဲပေးလို့ မရပါဘူး ။ ပါတီဝင်လို့လည်း မရပါဘူး ။

ဗိုလ်ချုပ်ကြီးတို့ ဆရာတပည့်တစ်ဖွဲ့လုံးက ညံ့လွန်းအားကြီးပါတယ် ခင်ဗျာာားးး
ဧည့်နိုင်ငံသား မဆိုနဲ့ အမြဲနေထိုင်ခွင့်ရသူများတောင် ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများမှာ ပါတီထောင်ခွင့် မရပါဘူး ခင်ဗျာာာားးး

" ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဒ်မ ၄၀၄(ခ) မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုဖြစ်တဲ့ သူတွေဟာ ဒီမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာ ဖော်ပြထားတာ ဖြစ်တဲ့ အတွက်ကြောင့် တန်းတူအခွင့်အရေးရတယ် " ဆိုတာကလည်း အခု ဖွတ်ပြောမှ သိတာပါ ။



ညောင်နှစ်ပင်က ကြိုးကိုင်သူများအဖွဲ့က သိပ်တော်တာပဲနော် ၊ သူတို့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတို့ ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ နှင့် အခြားဥပဒေတွေ အကုန်လုံး ရှယ်ပဲ ၊ ပြင်စရာမရှိလောက်အောင် ကောင်းတာ ... ဟားဟားးး


နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တင်သွင်းမှုအား အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်မှ ကန့်ကွက်ခဲ့သဖြင့် အမျိုးသား လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအေးမောင်က ယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခြင်း ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ)တွင် ပါရှိသော "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီ ထူထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်" ဆိုသည့် စကားရပ်အစား "ပုဒ်မ ၄ ပါ အချက် များနှင့် ညီညွှတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ် အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်" ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထား သူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်း ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့သူတွေနဲ့ အရွေးခံနိုင်သူများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅(က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံ သားဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

Ref - EMG

Darwin ရဲ့ သီအိုရီအရ Survival is for the Fittest ပဲ ခင်ဗျ ။

အဲသည်တော့ ......

ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပါ ။ နိုင်ငံတော်အလံကို အလေးပြုပါ ။ ခေါင်းအုံးအောက် ထားအိပ်ပါ ။ ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်မယ်လို့ ကတိပြုပါ ။ ကြံဖွတ် ပါတီထဲကို ၀င်ပါ ။ ကြံဖွတ်ကိုပဲ မဲပေးပါ ။ နိုင်ငံတော်ဖွတ်ရဲ့ သစ္စာကို စောင့် သိပါ ။ မြန်မာစာနဲ့ စကားကို သင်ယူပါ ။ နိုင်ငံတော် သီချင်းကို အာဂုံဆောင်ပါ ။

အဲဒါဆို အခြေခံဥပဒေအရ ဧည့်နိုင်ငံသား ၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ ဖြစ်ပြီ ။

နောက်ပြီး ဖွတ် သတင်းပေးလုပ်ပါ ။ ဖွတ် ခိုင်းတာ လုပ်ပါ ။ ဖွတ် တောင်းရင် ပေးပါ ။ ဒါဆို ခင်ဗျားတို့ကို ဖွတ်က ကာကွယ်လိမ့်မယ် ။ ဆောင်မလိမ့်မယ် ။


ဒီမို ဖက်တီး

အဲသည်လိုနေ့မျိုး ရှိလို့ရှိမှန်းတောင် မသိ



ဒီညနေ ရုံးကပြန်လာတော့ နေတဲ့ရပ်ကွက်ထဲ ၀င်ဝင်ချင်း တစ်လမ်းလုံး ဆွဲထားတဲ့ ဆိုင်းပုဒ်တွေပါ။ လမ်းသွယ်ထိပ်တိုင်းမှာ ဆွဲထားတယ်။ ဒီလောက်မိုးရွာ ရေကြီးနေတာတောင် ခဲရာခဲဆစ် အဲဒါတွေ လိုက်ချိတ်ထားတယ်။ အလံတွေကလည်း လမ်းတိုင်းလူလို့...... နိုင်ငံတော် ဘာသာနေ့တဲ့ ဘယ်သူက ထူးပြန်သလဲ ( Aung Shin )

တံတားထိုးမယ်လို့ပြောခဲ့တာ ဘယ်သူတွေလဲ . . .

( ကျော်နိုင်ဝင်း)

"ခရီးသွား ခုနစ်သောင်းခန့် နေ့စဉ် ဖြတ်ကူး သွားလာနေသည့် ရန်ကုန်မြစ်ကို ဖြတ်သန်း၍ ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဘုန်းကြီးလမ်း အမှတ်(၂) ဆိပ်ခံ တံတားမှ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းသို့ မြစ်ကူးတံတား တစ်စင်း ဆောက်လုပ်ရန် တောင် ကိုရီးယား နည်းပညာကုမ္ပဏီ များက အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင်လုပ်ဆောင်နေပြီ
ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား အထူးအဖွဲ့ (၁)မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းဇော်က The Voice သို့ပြောကြားသည်"

- The Voice

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာ မှာ ရွှေတိဂုံ ဘုရားလမ်းအနီး ဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုး က နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

- EMG

ကိုရီးယား သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နည်းဗျူဟာနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Hyun Oh-Seok နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့် တို့သည် ရန်ကုန်ဆိပ်ကမ်း ယာယီ ရှင်းလင်းဆောင်၌ ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြစ်ဖြတ် ရန်ကုန်-ဒလ တံတား တည်ဆောက်ရေး စီမံကိန်း နှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ဒလမြို့ ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်း ဆိပ်ကမ်းရှိ ကူးတို့ဆိပ်သို့ သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သတင်း ရရှိသည်။

နေပြည်တော် ဇွန် ၂၁ - မြ၀တီ

ဒီလိုနဲ့ ဘဲ

မိန်းကလေးကိုကုလား လက်ဆွဲ၊ဘုန်းကြီးကပြန်တောင်း



ထန်းတပင်.....
မိန်းကလေးကိုကုလား လက်ဆွဲ
ရဲကဖမ်း
ဘုန်းကြီးကပြန်တောင်း
ဆိုင်ခန်းတွေမီးရှို့ 
အိမ်ပေါင်း ၃၀ ကျော်မီးလောင်
ဆန်စက်တလုံးပါ
ဓါတ်ပုံ က....မင်းမြန်မာ