Monday, August 26, 2013

ဒလမှာမြေဈေးသိန်းထောင်ချီလာလို့......


 Kamayut Media

ရန်ကုန်မြို့ ဒလမြို့နယ်အတွင်းက လယ်ဧက ၅ဝဝကျော်ကို သိမ်းယူထားတဲ့ (၇ပလ)တပ်ကဟာ သီးစားချထားတဲ့ လယ်သမားတွေကို သြဂုတ်လကုန်နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းနေတာကြောင့် လယ်သမားတွေ ဒုက္ခရောက်နေပြီလို့ သြဂုတ် ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။



အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်များ

26.8.2013
EMG
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်များအားအပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်များအဖြစ် ယခုလအတွင်း သတ်မှတ်မည်
**************************************
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက်များကို နှစ်နိုင်ငံ အစိုးရ သဘောတူညီချက်အရ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်မှစတင်၍ အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

သတ်မှတ်သွားမည့် နယ်စပ်များမှာ တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ- မဲဆောက်၊ ထီးခီး-ဖူနာရွန်နှင့် ကော့သောင်း-ရနောင်းနယ်စပ်တို့ဖြစ်ကြောင်း သိရှိရပြီး သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ ပါရှိသူ မြန်မာ-ထိုင်းနှစ်နိုင်ငံ သားများနှင့် တတိယနိုင်ငံသားများကို ၀င်/ထွက်ခွင့် ပြုမည်ဖြစ်သည်။

ထိုသို့ အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များမှ ၀င်ထွက်သူများမှာ မြန်မာနိုင်ငံရှိ မည်သည့်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်/ထွက်ပေါက်များမှမဆို ပြန်လည်ဝင်/ထွက်သွားလာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် လျှောက်ထားရယူခဲ့သည့် ဗီဇာအမျိုးစားအလိုက် သတ်မှတ်ထားသော နေခွင့်သက်တမ်း၊ သက်တမ်းတိုးမြှင့်ခြင်းနှင့် ဗီဇာနှုန်းထားများမှာ ယခင်သတ်မှတ်ချက်များ အတိုင်းသာဖြစ်ပြီး နယ်စပ်ဝင်/ထွက်ပေါက်များတွင် ဆိုက်ရောက်ဗီဇာများကို လတ်တလော အခြေအနေရ ထုတ်ပေးခြင်း မပြုသေးကြောင်း သိရသည်။

ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လ၀က်အတွင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေများမှလွဲ၍ ကျန်နယ်မြေ ဒေသများသို့ သွားလာနိုင်ပြီး အဆိုပါ ကန့်သတ်နယ်မြေ စာရင်းများကို နယ်စပ်ဝင်/ထွက်ပေါက်များတွင် စုံစမ်းနိုင်ပါကြောင်း ဖော်ပြပါရှိသည်။

တာချီလိတ်မြို့အနီး ရွှေတြိဂံဒေသတွင် လာရောက်လည်ပတ်နေသည့် ခရီးသွားအချို့ကို တွေ့ရစဉ်

တောင်ဥက္ကလာအစ္စလမ်ဘာသာဝင်ဟုယူဆရသူ အမျိုးသား(၂)ဦးကဆိုက်ကားကို တားပြီး မျက်နှာကို ဓားဖြင့်လှီး

r

     Thuriya Alin

    26.8.2013 နေ့လည်(2)နာရီ(30)မိနစ်ခန့်တွင်တောင်ဥက္ကလာမြို့နယ် အမှတ် (10)ရပ်ကွက်၊ (25)လမ်းသစ်၊ (22)လမ်းဆုံတွင် ဒေါ်ချိုချိုဝင်းအသက်(၄၆)နှစ်
    ကို အစ္စလမ်ဘာသာဝင်ဟုယူဆရသူ အမျိုးသား(၂)ဦးက ၄င်းစီးလာသောဆိုက်ကားကို တားပြီး မျက်နှာကို ဓားဖြင့်လှီးခဲ့ရာ (16)ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်၏ ပြောကြားချက်အရ သိရသည်။


စီမံကိန်းများ မအောင်မမြင်ဖြစ်ကာအရှုံးပေါ်နေသော ၀န်ကြီးဌာနများ


အများသိကြသည့်အတိုင်း မြန်မာနိုင်ငံက တိုးတက်မှုလည်းမရှိ၊ စီမံကိန်းများ မအောင်မမြင်ဖြစ်ကာအရှုံးပေါ်နေသော ၀န်ကြီးဌာနများတွင် သမ၀ါယမ၀န်ကြီးဌာနက တစ်ခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ ပြင်ဦးလွင်မြို့တွင် သမ၀ါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး သမ၀ါယမစနစ်ကို အကောင်အထည်ဖော်ခဲ့သော်လည်း အကျင့်ပျက်ခြစားမှုများကြောင့် ခေတ်အဆက်ဆက်နာမည်ပျက်ခဲ့သည့် ၀န်ကြီးဌာနတစ်ခုဖြစ် သည်။



လက်ရှိသမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းကိုယ်တိုင် လွှတ်တော်၌ မြန်မာနိုင်ငံ၏ သမ၀ါယမစနစ် မအောင်မြင်ခဲ့သည်ကို ၀န်ခံပြောကြားခဲ့ပါသည်။ မြန်မာ့သမ၀ါယမလုပ်ငန်း အတိတ်ကာလ၌ မအောင်မြင်ခဲ့သည့်အားနည်းချက်သည် အနာဂတ်ကာလ၏ အဖြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၎င်းဌာန၏ ၀န်ထမ်းများ၊ အသင်းသားများ၊ အမှုဆောင်များကို ၎င်းကိုယ်တိုင်ဦးဆောင်၍ လမ်းမှန်ပေါ်မှသွားလာနိုင်ရန် ကြပ်မတ်ဆောင်ရွက်ပေးနေသည်ဟု ဦးကျော်ဆန်းက ဆိုပါသည်။ `နိုင်ငံခြားတိုင်းပြည်တွေမှာ အံ့သြလောက်အောင် အောင်မြင်နေတာပဲ။ ဒါဟာကျနော်တို့ အတွက်အဖြေပါပဲ။ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ။ ကျနော်တို့လည်း လူတွေပါပဲ´´ ဟု ဆိုသည်။

ဦးကျော်ဆန်းပြောသကဲ့သို့ လူချင်းတူသော်လည်း သမ၀ါယမစနစ်အောင်မြင်နေသည့်တိုင်းပြည် များလို မြန်မာနိုင်ငံမှာ ရှိမနေသည်က `ပွင့်လင်းမြင်သာရှိမှု´ နှင့် စနစ်ကျသော စီမံခန့်ခွဲမှု ဖြစ်ပါသည်။

(ရေးသားသူ- ထားထားမြင့်- တရုတ်ချေးငွေနှင့် အသက်ပြန်သွင်းမည့် သမ၀ါယမ- ဆောင်းပါးမှ)

7Day Daily - ၂၆ ရက်နေ့ထုတ်။

ရှစ်လေးလုံးငွေရတုအခမ်းအနားဗကသများအဖွဲ့ ချုပ်မတက်ရခြင်းမှာ


ကျော်ကိုကို

ရှစ်လေးလုံးငွေရတုအခမ်းအနားကို ကျွန်တော်တို့  ဗကသများအဖွဲ့ ချုပ်က
သွားရောက်မတက်ခဲ့ပါဘူး။ ဒီလိုမတက်ရတဲ့ အကြောင်းအရင်းကို
အများပြည်သူကိုလည်း ပွင့်ပွင့်လင်းလင်းချပြခဲ့ပါတယ်။ ပြီးတော့
 “ပြည်သူကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့သော အစိုးရအဖွဲ့ ဝင်များအား ဖိတ်ကြားခြင်း၊
ထိုသို့ ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့ပြီး ယနေ့ ထိ ၀န်ချတောင်းပန်ခြင်း၊ အမှားကို
တာဝန်ယူခြင်း၊ ပြန်လည်ဆေးကြောပြီး မတရားသေဆုံး နစ်နာသွားရသူများကို
တရားဝင်ဂုဏ်ပြု အသိအမှတ်ပြုခြင်းမရှိသေးသော တာဝန်ရှိသူများအား ဖိတ်ခေါ်
အသိအမှတ်ပြုခြင်းရှိသည့် မည်သည့်အခမ်းအနားကိုမဆို” ဗကသအနေဖြင့်
တက်ရောက်မည်မဟုတ်ကြောင်းလည်း ကျွန်တော်တို့ နှင့် ချိတ်ဆက်
ဖွဲ့ စည်းထားသမျှ ခရိုင်ကျောင်းသားသမဂ္ဂတိုင်းကို အသိပေးအကြောင်းကြားခဲ့
ပါတယ်။

ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲဂယက်ကတော့ ကျွန်တော်တို့ ကို
နောက်ကြောင်းပြန်လှည့်အောင် ဆောင်ရွက်မယ့်သူတွေ၊ အတိတ်သမိုင်းရဲ့ 
ပြဌာန်းမှုအောက်က ဖောက်မထွက်နိုင်သူတွေ၊ သမိုင်းအဓိပ္ပာယ်ကို
ကောင်းကောင်းမလေ့လာသူတွေ၊ အပြုသဘောမဆောင်တဲ့ သမိုင်းသင်ခန်းစာ
ယူသူတွေလို့ ဝေဖန်ကြတဲ့အသံတွေကို ကြားလိုက်ရတာဘဲဖြစ်ပါတယ်။ ဒီလို
ဝေဖန်မှုတွေကို ကျွန်တော်တို့ အနေနဲ့ ရှင်းလင်းတုန့် ပြန်ဖို့ လိုအပ်လာပါတယ်။
ပထမဆုံးအနေနဲ့  ကျွန်တော်တို့ ဟာ နောက်ကြောင်းပြန်လှည့်အောင်
ဘာတစ်ခုမှ မလုပ်ဆောင်ချင်တဲ့ကျောင်းသားတွေပါ။ ဒါပေမယ့် လက်ရှိနိုင်ငံရေး
ဖြစ်စဉ်က ဘယ်လောက်တောင် ရှေ့ ကိုသွားနေပါသလဲဆိုတဲ့ မေးခွန်းကိုလည်း
တပြိုင်နက်တည်း မေးလေ့ရှိတဲ့ကျောင်းသားတွေပါ။

ကျွန်တော်တို့ သိထားတဲ့သမိုင်းဟာ နည်းနည်းလေးမဟုတ်ပါဘူး။ ဗကသများ
အဖွဲ့ ချုပ်က နယ်ချဲ့ ဆန့် ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊
စစ်အာဏာရှင်ဆန့် ကျင်ရေး တိုက်ပွဲစဉ်အဆက်ဆက် ကွင်းဆက်မပြတ်
အားထုတ်ခဲ့တဲ့ အဖွဲ့ အစည်းတစ်ခုပါ။ သမိုင်းကို ကောင်းစွာကျေကျေညက်ညက်
လေ့လာနေတဲ့၊ လေ့လာခဲ့တဲ့၊ လေ့လာနေဦးမယ့် အင်အားစုတွေဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့သမဂ္ဂဖြစ်သလို သူတို့ ရဲ့ 
ခြေလှမ်းတွေကိုလည်း အမြဲသတိရှိရှိ စောင့်ကြည့်နေရတဲ့အတွေ့ အကြုံလည်း
ရှိပြီးသားပါ။ သမိုင်းသင်ခန်းစာယူတဲ့နေရာမှာ ဓမ္မဓိဌာန်ကျတဲ့ ယူပုံယူနည်းကိုသာ
ကျင့်သုံးပါတယ်။ ဘယာဂတိလည်းမပါ၊ ဆန္ဒာဂတိလည်းမပါတဲ့ ယူပုံယူနည်း
ကိုသာ သဘောကျပါတယ်။ လက်တွေ့ အားဖြင့် အကောင်းဘက်ကို
ရှေ့ ရှုနေသလား၊ မနေဘူးလားဆိုတာ မကြာသေးခင်ကမှ ရှစ်လေးလုံးသတင်းစာ
ရှင်းလင်းပွဲတက်ရောက်မိလို့ ဆရာမအလုပ်က ထုတ်ပယ်ခံလိုက်ရတဲ့ဒေါ်စိုးစိုးခိုင်ရဲ့ 
အဖြစ်အပျက်က သက်သေပြနေပါတယ်။ ဒါ့ထက်မလုံလောက်သေးရင်
မကြာခင်မှာ ပိုမိုပြည့်စုံတဲ့သရုပ်မှန်တွေကို ဆက်လက်မြင်ရဦးမှာဖြစ်တယ်လို့ 
အပြုသဘော အရမ်းဆောင်ချင်တဲ့သူတွေကို သတိပေးပါရစေခင်ဗျား။

ဗကသကို ဘယ်သူတွေချစ်ပြီး ဘယ်သူတွေမုန်းပါသလဲ။ ဆန်းစစ်လေ့လာ
ကြည့်တဲ့အခါ ပြည်သူတွေက ဗကသကို ချစ်မြတ်နိုးပြီး ပြည်သူကိုအုပ်ချုပ်တဲ့
သူတွေက ဗကသကို တူးတူးခါးခါးမုန်းတီးပါတယ်။ ဗကသဟာ တလျှောက်လုံး
ပြည်သူ့ ဘက်ကသာ ရပ်တည်ပေးခဲ့ပြီး ဖိနှိပ်သူလူတန်းစားကို အစဉ်သဖြင့်
တော်လှန်ခဲ့ပါတယ်။ အဲဒီလိုတော်လှန်ခဲ့လို့ လည်း သမိုင်းဝင်သမဂ္ဂ
အဆောက်အဦးကြီးကို အကြောင်းမရှိ အကြောင်းရှာပြီး ဒိုင်းနမိုက်နဲ့ 
ဖောက်ခွဲပစ်ခဲ့တာပါ။ ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပခွင့်ကို အနှစ် (၅၀)
ကြာသည်အထိ နှောင့်ယှက်ဖျက်ဆီးနေခဲ့တာပါ။ ဒီအနေအထားတွေနဲ့ တကွ
ဒီကနေ့ အထိ ပြည်သူတွေ ဖိနှိပ်ခံရသူ ရှိနေသေးတာကို ဖွင့်ချတဲ့အနေနဲ့ 
ဗကသဟာ ပြည်သူကိုဆန့် ကျင်တဲ့သူတွေနဲ့ တစ်တန်းတည်း မရပ်ခဲ့ပါဘူး။
အတိုက်အခံသဘောနဲ့ ဘဲ ရပ်တည်နေခဲ့ပါတယ်။ ပြည်သူတွေနဲ့ သာ
တစ်သားတည်း ရပ်တည်နေခဲ့တာပါ။

ရှစ်လေးလုံးငွေရတုရဲ့  နောက်ဆက်တွဲဂယက်တွေထဲက တစ်ခုကို ဒီနေရာမှာ
ဆွဲထုတ်ပြချင်ပါတယ်။ ဒါကတော့ ဗကသများအဖွဲ့ ချုပ်က အစိုးရဆန့် ကျင်ဖို့ 
သက်သက် ရန်ကုန်ကလွဲပြီး အခြားဒေသက အင်အားစုတွေနဲ့ လက်တွဲပြီး
ရှစ်လေးလုံးပွဲကျင်းပတယ်။ ဗကသအဖွဲ့ ချုပ်နောက်မှာ ကြိုးကိုင်တဲ့
လက်ဝဲနိုင်ငံရေးအင်အားစုတွေရှိတယ်လို့  မကြားတကြား ဝေဖန်နေတဲ့အချက်ကို
တုန့် ပြန်ဖြေရှင်းချင်ပါတယ်။ ဒီလေသံဟာ ၁၉၆၂ ခုနှစ်ကတည်းက ကြားခဲ့ရတဲ့
လေသံဖြစ်တဲ့အတွက် ကျွန်တော့်အဖို့  အဆန်းတကြယ်မဟုတ်ပါ။ ဒါပေမယ့်
ဒီနေ့ ထိ ကြားနေရသေးတာ၊ ဒီကနေ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ
ကြားနေရသေးတာတော့ ဆန်းနေပါတယ်။ တခါတလေ ရှင်းတဲ့အရာကို
ရှုပ်အောင်လုပ်တာဟာ လုပ်တဲ့သူတွေကိုယ်တိုင် မရှင်းလို့ ဘဲဖြစ်ပါလိမ့်မယ်။

ဗကသများအဖွဲ့ ချုပ်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကျောင်းသားသမဂ္ဂ
ဖြစ်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပါဘူး။
ဘယ်အယူဝါဒကိုမှ တရားဝင်လက်ခံထားတဲ့ ကျောင်းသားသမဂ္ဂ မဟုတ်ပါဘူး။
အဖွဲ့ ဝင်တိုင်း မိမိကြိုက်နှစ်သက်ရာအယူအဆကို လေ့လာပိုင်ခွင့်ရတဲ့
ဒီမိုကရေစီအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ သမဂ္ဂပါ။ ပြည်သူ့ မျက်နှာ၊
ကျောင်းသားထုမျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုတဲ့အတွက်
လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်းလည်းရှိပါတယ်။ ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့
လုပ်ရပ်မျိုး လုပ်မိမှာကို စိတ်ပူစရာလိုပါတယ်။ ကျောင်းသားလူထုနဲ့ 
တစ်ထပ်တည်း မကျဘဲ အခွင့်အရေးယူမိတာမျိုးတွေဖြစ်မှာကိုဘဲ စိုးရိမ်စရာ
လိုပါတယ်။ ဒီတော့ တိတိကျကျ ထပ်ပြောပါရစေ။ ကျွန်တော်တို့  ဗကသများ
အဖွဲ့ ချုပ်ဟာ မ၀င်းမော်ဦးတို့ လို ဒီမိုကရေစီရေးအသက်ပေးသွားသူတွေကို ချစ်ပြီး
သူမကို သတ်ဖြတ်ခဲ့ပြီး ဒီကနေ့ ထိ မသိကျိုးကျွံပြုနေသူတွေကိုသာ မုန်းတီးရွံရှာ
ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ အပြတ်သားဆုံးရပ်တည်ချက်ဘဲဖြစ်တယ်။

ကျွန်တော့်အနေနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို
လေ့လာတဲ့အခါ တောင်အာဖရိကဖြစ်စဉ်ကို သေချာလေ့လာကြည့်ပါတယ်။
အဲဒီဖြစ်စဉ်မှာ တောင်အာဖရိက လူဖြူအစိုးရက အာဖရိကအမျိုးသားကွန်ဂရက်
အပါအ၀င် အခြားနိုင်ငံရေးအဖွဲ့ အစည်းအားလုံးကို ပိတ်ပင်တားမြစ်မှု
ရုပ်သိမ်းပေးပြီးမှ စေ့စပ်ညှိနှိုင်းရေးလုပ်ခဲ့တာပါ။ အတင်းအကျပ် လွှတ်တော်ထဲ
ဝင်ဖို့  ဖိအားပေးခဲ့ခြင်းမျိုးမရှိပါဘူး။ ဆွေးနွေးပွဲပြုလုပ်စဉ်အတွင်းမှာလည်း
အစိုးရဘက်က လိုက်လျောသင့်တာကို လိုက်လျောခဲ့တာမျိုးတွေရှိပါတယ်။
အကယ်၍ မလိုက်လျောဘဲ တင်းမာနေတာမျိုး၊ သဘောထားမမှန်တာမျိုး
ရှိနေရင်လည်း တိုင်းပြည်အနှံ့  လူထုလှုပ်ရှားမှုတွေနဲ့ ဖိအားပေးပြီး သဘောတူ
ဆုံးဖြတ်ချက်ရတဲ့အထိ လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ လူထုအပေါ်
အကြမ်းဖက် တိုက်ခိုက်တာတွေနဲ့  ပုလိပ်တွေရဲ့ မတရားမှုတွေကို တရားဝင်
စစ်ဆေးပြီး အပြစ်ပေးခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်
ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုပြီး
အနိုင်ရပါတီ (အေအန်န်စီ)ကို အစိုးရဖွဲ့ ခွင့်ပေးခဲ့ပါတယ်။ ဆိုလိုတာက
နယ်ဆင်မင်ဒဲလားလို ရော်ဘင်ကျွန်းမှာ အချုပ်ချခံရတဲ့ အတိုက်အခံ
ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်ကိစ္စကို လစ်လျူရှုပေးခဲ့တာပါ။

တောင်အာဖရိကသင်ခန်းစာကို ယူကြည့်တဲ့အခါ ကျွန်တော်တို့ ဆီမှာ အများကြီး
ဆန့် ကျင်ကွဲလွဲနေတာကိုတွေ့ ရပါတယ်။ ထင်ထင်ရှားရှားတွေ့ ရတာကတော့
အစိုးရက ဒီကလပ်ထက် ပိုအကင်းပါးပြီး အတိုက်အခံတွေက မင်ဒဲလားထက်
ပိုသဘောကောင်းနေတာကိုဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့
ဒီနေ့ ထက်ထိ တောင်အာဖရိကပြည်သူတွေထက် ပိုဆင်းရဲပြီး ပိုဖိနှိပ်ခံနေရဆဲပါ။
နောက်တစ်ချက်က တောင်အာဖရိကမှာ နိုင်ငံရေးနယ်ပယ်ထဲက မထွက်သွား
ချင်တဲ့စစ်တပ်မျိုး လုံးဝမရှိတာပါ။ ကျွန်တော်တို့ ဆီမှာ နိုင်ငံရေးကို ဦးဆောင်စီမံ
ခန့် ခွဲမှုပေးချင်တဲ့ စစ်အင်အား ကြီးကြီးမားမားရှိနေတာဟာ တိုင်းပြည်ရဲ့ 
ကံကြမ္မာအတွက်ရော၊ စစ်မှန်ပြီး ပြည်သူ့ အကျိုးကို အာမခံပေးမယ့် ဖွဲ့ စည်းပုံ
အခြေခံဥပဒေတစ်ခု ဖြစ်လာဖို့ အတွက်ရော မရေရာ မသေချာမှုပင်လယ်ထဲမှာ
နစ်မြုပ်နေရသလိုပါဘဲ။ ဒါကြောင့်မို့  အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ငြင်းခုံကြတဲ့အခါ ကိုယ့် ပြည်သူတွေ အရင်ဦးဆုံး ညီညွတ်ရေး၊ တစ်ခုတည်းသော
အမျိုးသားတပ်ပေါင်းစုရှိရေး၊ တူညီသော သဘောထားများညှိနှိုင်းရေး၊
တောင်းဆိုမည့်အချက်များနှင့် လိုက်လျောမည့်အချက်အလက်များကို
ကြိုတင်ဆုံးဖြတ်သတ်မှတ်ရေးများ အရင်ဦးဆုံး ပြုလုပ်သင့်ကြောင်း
ကျွန်တော်တို့ ကောင်းကောင်းနားလည်သဘောပေါက်ထားကြောင်းပါခင်ဗျာ။

(သမဂ္ဂဂျာနယ် အတွဲ ၁၊ အမှတ် ၃၄ တွင်ပါရှိသော “ရှစ်လေးလုံးငွေရတု
ဂယက်များနှင့် အမျိုးသားရင်ကြားစေ့ရေး အငြင်းအခုံ”)

ထန်းကုန်းကျေးရွာဖြစ်စဉ်



Eleven Media Group
26.8.2013
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် အကြမ်းဖက်မှုကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး နောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၂၀၀ ၀န်းကျင်ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း...

ကန့်ဘလူမြို့နယ် ထန်းကုန်း ကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ညနေပိုင်း အချိန်၌ အမျိုးသမီးငယ် တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုမှတစ်ဆင့် အကြမ်းဖက်မှု ဖြစ်ပွားပြီး အိမ်ခြေ ၅၀ ခန့် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

''ကျွန်တော့် တူမလေးက ဇီးပင်သာရွာကနေ ထန်းကုန်းရွာ ဆံပင်ဒိုင်ကို အလုပ်လာလုပ်တာ။ အလုပ်က အပြန်မှာ ထန်းကုန်းရွာ ဒေသခံ အစ္စလာမ် ဘာသာဝင် ကောင်လေး တစ်ယောက်က တူမလေးကို ရွာထိပ်လယ်ကွင်းထဲမှာ သားမယားအဖြစ် ပြုကျင့်ဖို့ လုပ်တယ်။ အဲဒီကောင်လေးကို ရွာသူရွာသားတွေ ၀ိုင်းဖမ်းပြီး ထန်းကုန်း ရဲစခန်းကို ပို့လိုက်တာ'' ဟု အမျိုးသမီးငယ်၏ ဦးလေးက ဆိုသည်။

ပြစ်မှုကျူးလွန်သူအား ထန်းကုန်းစခန်းမှ ကန့်ဘလူစခန်းသို့ တိုက်ရိုက် လွှဲပြောင်း ပေးခဲ့ပြီးနောက် အနီးတစ်ဝိုက်မှ ဒေသခံ ရွာသား ၂၀၀ ခန့်မှာ ထန်းကုန်း ရဲစခန်း အနီးတွင် စုဝေးမှု စတင်ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

''ရွာသား ၂၀၀ လောက် စခန်းရှေ့ကိုလာပြီး တရားခံကို ထုတ်ပေးဖို့ ပြောတယ်။ တရားခံက တောက်လျှောက်ပဲ ကန့်ဘလူစခန်းကို ပို့လိုက်တာ'' ဟု ထန်းကုန်းရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ည ၇ နာရီခန့်တွင် လူစုလူဝေးမှာ ၁၀၀၀ ကျော်ခန့်အထိ များပြားလာပြီးနောက် အစ္စလာမ် ဘာသာဝင်များ၏ ဆိုင်ခန်း ၁၀ ခန်းကျော်နှင့် နေအိမ်များကို စတင်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ဘူတာနားက ဆိုင်ခန်းတွေကို ဖျက်ဆီးတယ်။ ပြီးတော့ရွာနဲ့ လေးဖာလုံလောက် ဝေးတဲ့ ကြက်ခြံကို ည ၈ နာရီ လောက်မှာ မီးစရှို့တော့တာပဲ။ အဲဒီအချိန်မှာ လူအုပ်က ၁၄၀၀ လောက်ရှိတယ်'' ဟု ထန်းကုန်းရွာ ဒေသခံ တစ်ဦးက ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးသူများသည် အနီးတစ်ဝိုက်ကျေးရွာ ဒေသခံများ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ခြင်း၊ ဆိုင်ခန်းများကို ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

''အိမ်ခြေပေါင်း ၅၀ လောက် ပြာကျသွားတယ်။ ဖျက်ဆီး ခံလိုက်ရတာက ၁၀ လုံးလောက်ရှိမယ်'' ဟု ထန်းကုန်းကျေးရွာ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

အကြမ်းဖက် သူများသည် တုတ်၊ ဓား၊ ဂျင်ကလိ၊ လေးခွစသော လက်နက်များကို ကိုင်ဆောင်ထားပြီး ယင်းတို့ တိုက်ခိုက်မှုကြောင့် မီးသတ်၊ ရဲဝန်ထမ်း အချို့နှင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

''ရွှေဘိုခရိုင် တွင်းကနေ ခေါ်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားက အစမှာ ၇၀ လောက်ပဲရှိတယ်။ ၁၀၀၀ ကျော်တဲ့ လူအုပ်ကြီးကို ထိန်းသိမ်းဖို့ အတော်အခက် တွေ့ရတယ်။ မီးရှို့နေတဲ့ အချိန်မှာ မီးသတ်ကားတွေကို ၀င်ခွင့်မပေးဘူး။ ည ၂ နာရီ လောက်မှာတော့ အကြမ်းဖက် သူတွေထဲက ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်'' ဟု ရဲအရာရှိ တစ်ဦးက ဆိုသည်။

၈ နာရီဝန်းကျင်တွင် စတင်ခဲ့သော မီးရှို့ဖျက်ဆီးမှုသည် ည ၁ နာရီဝန်းကျင် အချိန်အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သူများသည် မီးသတ်ပိုက်များကို ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။

''ည ၁ နာရီလောက်မှာ မီးစငြိမ်းမလို့ ရှိသေးတာ။ အဲဒီအချိန်မှာ ဆန်စက်နဲ့ အိမ်တစ်လုံးကို နောက်ထပ် မီးရှို့တယ်။ မီးသတ်ပိုက်တွေကို ရေဖြည့်နေတုန်းမှာ ဓားနဲ့ခုတ်ပြီး ဖျက်ဆီးကြတယ်'' ဟု မီးသတ်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှုအား လူစုခွဲရန် ည ၁ နာရီခန့်တွင် တစ်ကြိမ်၊ ည ၃ နာရီခန့်တွင် တစ်ကြိမ် ရဲတပ်ဖွဲ့မှ သေနတ်မိုးပေါ် ထောင်ဖောက်ခဲ့ရပြီး ၃ နာရီခွဲ ၀န်းကျင်တွင် အကြမ်းဖက်မှု အခြေအနေ ငြိမ်သက်သွားခဲ့သည်။

''မီးသတ်ကား ၁၀ စင်းနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၀၀ နီးပါးလောက် အသုံးပြုပြီး ထိန်းသိမ်းခဲ့ရတယ်။ နယ်/လုံဝန်ကြီး အပါအ၀င် ခရိုင်၊ မြို့နယ်ရဲမှူးတွေ လာရောက် ထိန်းသိမ်းခဲ့ပါတယ်။ ဒီကိစ္စမျိုးဟာ ထိန်းသိမ်းရ ခက်ခဲပြီး ကူးစက်ပျံ့နှံ့လွယ်တဲ့ အတွက်ကြောင့် တပ်မတော်ကို အကူအညီတောင်းပြီး ထိန်းသိမ်း သွားမှာပါ'' ဟု တပ်မတော် အရာရှိ တစ်ဦးက ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှု ပမာဏမှာ ကျပ်သိန်းထောင်ချီ ရှိခဲ့ပြီး အိမ်ခြေယာမဲ့ ဖြစ်ရသူများမှာ အကူအညီ လိုအပ်လျက် ရှိကြောင်း၊ ရဲဝန်ထမ်းအင်အား မလုံလောက်မှုနှင့် အကြမ်းဖက်မှုကို ဖြိုခွင်းရန် လက်နက် ကိရိယာ မပြည့်စုံမှုများကြောင့် ထိန်းသိမ်းရန် ခက်ခဲခဲ့ရကြောင်း၊ လက်ရှိတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အင် အား ၂၀၀ ခန့်က အခြေအနေအား ထိန်းသိမ်းထားကြောင်း၊ ထန်းကုန်း နယ်ဒေသခံများနှင့် အနီးတစ်ဝိုက် မြို့နယ်များရှိ ပြည်သူလူထုမှာ ယခုဖြစ်ရပ်အတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။





ပဋိပက္ခတားဆီးရေးကော်မတီနှင့်သာသနာရေးဝန်ကြီး၊ဒုနယ်စပ် ရေးရာဝန်ကြီးတို့ ထန်းကုန်းတွင်တွေ့ ဆုံညှိနှိုင်းခဲ့ကြပါတယ်။

မင်းမြန်မာ
26.8.2013

တရုတ်နိုင်ငံသို့  သူတို့ သမီး

Nik Nayman

ဒုတိယစီးပွားရေး အချက်အချာနယ်မြေ စီမံကိန်းအတွက် ဂျပန် ဒီဇိုင်းဆွဲမပေးတော့



7Day News Journal
ရန်ကုန်- ရန်ကုန်မြို့ပြစီမံကိန်း၏ အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သော ဒုတိယစီးပွားရေးအချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မရမ်းကုန်းမြို့နယ်စီမံကိန်းတွင် ဂျပန်နိုင်ငံမှ မြို့ပြဆိုင်ရာ ဒီဇိုင်းရေးဆွဲပေးခြင်းနှင့် အခြားသောအကူအညီများပေးအပ်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယင်းစီမံကိန်းရေးဆွဲနေသူ ဒေါက်တာကျော်လတ်ကပြောသည်။

“အခြေခံအဆောက်အအုံနဲ့ စီမံကိန်းရေးဆွဲခြင်းကို သူတို့ဘက်က အကူအညီမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။

သို့သော် ထိုသို့ရပ်ဆိုင်းရသည့် အကြောင်းရင်းကို မြို့ပြစီမံကိန်းရေးဆွဲသူများအပါအ၀င် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အတည်ပြု ပြောဆိုပေးခြင်းမရှိပေ။

ရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွင်းပါဝင်သည့် မရမ်းကုန်းမြို့နယ်အား ဒုတိယစီးပွားရေး အချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သည့်လက ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူရန် စီစဉ်ခဲ့ရာမှ နယ်မြေအတွင်းပါဝင်နေသည့် ၀န်ကြီးဌာနများနှင့် ညှိနှိုင်းမှုမပြုရသေးသဖြင့် လတ်တလော ရပ်နားထားရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးတိုးအောင်က ပြောသည်။

ဂျပန်၏ အကူအညီမှာလည်း ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းရာတွင် အဆင်မပြေမှုများရှိသောကြောင့် ယခုကဲ့သို့ အကူအညီပေးရန် အစီအစဉ်အချို့ကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မရမ်းကုန်းမြို့နယ်တွင် စည်ပင်ပိုင်မြေများအပြင် စိုက်ပျိုးရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေဧက မြောက်မြားစွာရှိပြီး ယင်းမြေနေရာများတွင် အကောင်အထည်ဖော်ရန် ညှိနှိုင်းရာတွင် အဆင်မပြေမှုအချို့ရှိနေကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းအရ မရမ်းကုန်းမြို့နယ်ကို ရန်ကုန်၏ မြို့တွင်းပိုင်း ကျပ်တည်းမှုကိုဖြေရှင်းရန် ဒုတိယ စီးပွားရေးအချက်အချာနယ်မြေအဖြစ် ယခုနှစ်တွင် မြေဧက ၆၀၀ ကျော်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါစီမံကိန်းအတွက် ခေါ်ယူမည်ဆိုသော တင်ဒါမှာ ရွှေ့ဆိုင်းခဲ့သည်မှာ သုံးလရှိပြီဖြစ်သည်။

ယင်းမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေများအပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများနှင့် အခြားသော ၀န်ကြီးဌာနပိုင် မြေဧက ၄၀၀ ကျော်တွင် သုံးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းအား ဂျပန်မှ အကူအညီပေးမည့်အစီအစဉ် ရပ်ဆိုင်းလိုက်သော်လည်း ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲသူ မြို့ ပြပညာရှင်များက မိမိအစီအစဉ်ဖြင့်သာမိမိရေးဆွဲပြီး အချိန်မီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကပြောကြားသည်။


ပညာရေးဝန်ကြီးဌာနအပေါ် ရန်ကုန် မန္တလေး တက္ကသိုလ်ဆရာဆရာမများအသင်း၏ ကန့် ကွက်ချက်။


 Nik Nayman


နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ရန်ကုန် မန္တလေး တက္ကသိုလ်ဆရာဆရာမများအသင်းက ပြင်းထန်စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုကာ ပုဂ္ဂိုလ်ရေးဆန်ဆန် လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု မိမိတို့အသင်းက သုံးသပ်ကြောင်း၊ ယင်းအပြင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ၀န်ထမ်းများအားလုံး၏ ဘ၀လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေသော အရေးကိစ္စဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

ဒေါ်စန္ဒာလဲ တိုက်တိုက်ဆိုင်ဆိုင် စင်ကာပူ ရုတ်တရက် ရောက်လာ



ခွန် ဒီးယမ်

မြန်မာပေါင်းသိန်းချီတဲ့ Singapore မှာ လူ ၁၂၀၀ လောက်ပဲဆန့် တဲ့ ခန်းမလောက်နဲ့ ပဲ အကျဉ်းချုပ် မဲ့ သတင်းထွက်တယ်။့ လူသောင်းနဲ့ ချီတဲ့  ခန်းမတွေ Singapore မှာရှိတယ် .... ၁၂၀၀ ခန်းမနဲ့ တက်ချင်တဲ့လူဘယ်လောက် တက်ခွင့်ရမလဲ။


Kyaw Htay
စကာင်္ပူမှာ ရှိနေတဲ့ အလွှာအသီးသီးက သိန်းနဲ့ ချီတဲ့ မြန်မာတွေအားလုံးက အမေစုကို တုံတုံစိ ချစ်ကြတာပါ။ ကျနော်တို့တတွေ မတွေ့ရရင် အားလုံး ကြေကွဲကြလိမ့်မယ်။ ကျေးဇူးပြုပြီး သောင်းနဲ့ သိန်းနဲ့ ဆံ့တဲ့ ခန်းမကြီးမျိုးနဲ့ စီစဉ်ပေးကြပါဗျာ။ အခမ်းအနားအတွက် ကုန်ကြစရိတ်တွေ များမှာစိုးလို့ဆိုရင်လည်း ကြေငြာလိုက်ပါ။ အားလုံး အဲဒီအတွက်တော့ မနှမြောဘူးဗျာ။ အတူတူ ၀ိုင်းပြီး လုပ်ကြရအောင်လားဗျာ။


လူမရှိသော အိမ်များရှိ သရဲများ ဆင်းမ်ကဒ် တန်းစီ

Nay Myo Zin
၂၀၁၀ တုန်းက မဲစာရင်းတွေ ထဲ ကွန်လွန်သူတွေ ပါ လာရောက် မဲထည့် ခဲ့ကြဖူးသည်။
ယနေ့ အစိုးရသစ် လက်ထက်ရောက်သော် အံ့ဖွယ် ဆန်းကြယ် ကံစမ်းမဲ ဖြင့် တယ်လီဖုန်းဆင်းမ် ကဒ်များ ဖြန့်ဝေသော အခါ လူမနေ လူမရှိသော အိမ်များက မဲပေါက်ပြန်သည်။
မဲပေါက်သူ က ၁၅၀၀ သွင်းယုံနှင့် ပြင်ပတွင် ချက်ချင်း ပြင်ပ လူ့ လောကတွင် ၁၂၀၀၀၀ ခန့် ပြန်ရနိုင်သည်ဖြစ်ရာ လူမရှိသော အိမ်များရှိ သရဲများ ဆင်းမ်ကဒ် တိုးစား တန်းစီ စားနေခြင်း ဖြစ်နိုင်ပါသည်။

ကြံ့ခိုင်ရေးပါတီ မဲအနိုင်ရရေးအတွက် စည်းရုံးမှုတချို့ မသမာမှု ရှိနေ



 (၂၃/၈/၂၀၁၃)

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တအာင် (ပလောင်) ရွာ တွေ ဖြစ်ကြသော မန်စပ် ၊ မန်ပူးကျေးရွာ ကြံခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ က ရွာကလူတွေကို မှတ်ပုံတင်လုပ်ပေးမည်ဟု လှည့်ဖြားပြီး ကြံခိုင်ရေး ပါတီဝင် ကဒ် အတင်း လုပ်ခိုင်းနေပါတယ်။

အိမ်ထောင်စုများ ယူလာခိုင်းပြီး မှတ်ပုံတင် ယောင်ဆောင် ပါတီဝင်ကဒ် လုပ်ပေးတဲ့အခါတွင် လည်း ရွာလူငယ်အဖွဲ့ နာမည်ကိုလည်း အသုံးချသွားတယ်လို့ သိရပါတယ်။

“ ဟုတ်တယ် ပထမက ပါတီဝင် ကဒ် လျှောက်လွှာဖြည့်ခိုင်းမှန်း မသိကြဘူးလေနော် မှတ်ပုံတင် လုပ်ပေးမယ်ဆိုလို့ လူတွေသွားကြတယ် ဒါပေမယ့် သူ့အိမ်ရောက်တော့ လျှောက်လွှာတွေဖြည့် ကြတယ် နောက်ဆုံးတော့ အဲ့ဒီကဒ်က မှတ်ပုံတင်မဟုတ်ဘဲ ပါတီ ၀င်ကဒ်ဘဲဖြစ်နေတယ်” လို့ လူငယ်တစ်ဦးက ပြောပြပါတယ်။

ကိုယ့်အိမ်ထောင်စုနဲ့ ကိုလာပြီး လျှောက်လွှာတွေ ဖြည့်တဲ့ လူတွေထဲမှာ အချို့ လူတွေ စာပေ တတ်မြောက်သော်လည်း အချို့လူတွေလည်း လျှောက်လွှာပါစာကို နားမလည် ဘဲဖြည့်ခိုင်းတာ လည်းရှိပါတယ် လို့သိရပါတယ်။

“အချို့လူတွေ စာဖတ်တတ်ပေမယ့် အချို့အမျိုးသမီးကလေးအမေတွေဆို စာမှမဖတ်တတ်တာ ဒါပေမယ့်အကုန်လုံးပါသွားတာပါပဲ”

မန်စပ်ရွာ လူငယ်အဖွဲ့က ရွာ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ရည်ရွယ် စုစည်းထား တာဖြစ်သော်လည်းလူငယ်ခေါင်းဆောင်က အခု ကြံခိုင်ရေးပါတီဝင် ကိုယ်စားလှယ်ဖြစ်သဖြင့် ရွာလူငယ်အဖွဲ့အနေနှင့် ပါတီမဲရရှိရေးအတွက် လိမ်လည် စည်းရုံးနေပါတယ်လို့ သိရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းသည် ပြည်သူ လူထု ဆန္ဒကို အလေး အနက်ထား လေးစားကြသည့် အပြင် နိုင်ငံရေးပါတီတိုင်းသည်လည်း စည်းရုံးရေးတစ်ခုမှာ ပါတီ ၏ ပေါ်လစီ (Policy) မဲပေးပုံပေးနည်း နှင့် မိမိပါတီကို ဘာကြောင့်မဲပေးလိုကြောင်း ပြောပြ ချပြရမည်ဖြစ်သော်လည်း အခုလို ဗဟုသုတ နည်းပါးသေးသော ဒေသခံများ၏ ဆန္ဒကို အတင်းယူတာမျိုး မဖြစ်သင့်ကြောင်း နားလည်ထားပါသည်။

သတင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ယောက်ျားဆိုလဲ မူးပြီး လဲနေတာလို့ ထင်စရာရှိတယ်..။



Ko Navana

ယောက်ျားဆိုလဲ မူးပြီး လဲနေတာလို့ ထင်စရာရှိတယ်..။ အခုဟာက.. ကလေးမလေး..။ ဖျော့တော့အားနည်း.. နေထိုင်မကောင်း.. ကူညီညာမဲ့ နေဟန်ပါပဲ...။ လမ်းသွားလမ်းလာ တခြားလူတွေမလဲ.. အကြည့်တစ်ချက် စူးစမ်းတာလောက်ထက် ပိုအလေးမထားနိုင်..။ အားလုံးက ကိုယ်စီကိုယ်ငှ အပူအပင်သောကတွေနဲ့..။ ကျွန်တော်ကိုယ်တိုင်သည်ပင်.. လက်တွေ့ကျကျ.. တတ်နိုင်တာ ကူညီဖို့ အဆင်သင့်မဖြစ်ခဲ့..။ သေချာတာကတော့.. လမ်းဘေးပလက်ဖောင်းသည် သူ့မွေ့ရာ မဟုတ်..။ လူတကာခြေနင်းဖတ်မှာ တုံးလုံးပက်လက် ပစ်လဲလိုက်ဖို့ဆိုတာ တော်ရုံ ကိုယ်စိတ်နှစ်ပါးချို့  ငဲ့တာထက် ကျော်လွန်မှရယ်..။ ဖွတ်ကျောပြာစု.. ပြည်သူတွေရဲ့ ဘ၀ အတိတ်၊ပစ္စုပ္ပန်၊အနာဂါတ်.. ကြားရ၊ မြင်ရ၊ တွေးမိသမျှ.. မချမ်းမြေ့စရာချည်း ပါလား..။
ယောက်ျားဆိုလဲ မူးပြီး လဲနေတာလို့ ထင်စရာရှိတယ်..။
အခုဟာက.. ကလေးမလေး..။ ဖျော့တော့အားနည်း.. နေထိုင်မကောင်း.. ကူညီညာမဲ့ နေဟန်ပါပဲ...။
လမ်းသွားလမ်းလာ တခြားလူတွေမလဲ.. အကြည့်တစ်ချက် စူးစမ်းတာလောက်ထက် ပိုအလေးမထားနိုင်..။ အားလုံးက ကိုယ်စီကိုယ်ငှ အပူအပင်သောကတွေနဲ့..။
ကျွန်တော်ကိုယ်တိုင်သည်ပင်.. လက်တွေ့ကျကျ.. တတ်နိုင်တာ ကူညီဖို့ အဆင်သင့်မဖြစ်ခဲ့..။
သေချာတာကတော့.. လမ်းဘေးပလက်ဖောင်းသည် သူ့မွေ့ရာ မဟုတ်..။ လူတကာခြေနင်းဖတ်မှာ တုံးလုံးပက်လက် ပစ်လဲလိုက်ဖို့ဆိုတာ တော်ရုံ ကိုယ်စိတ်နှစ်ပါးချို့  ငဲ့တာထက် ကျော်လွန်မှရယ်..။

ဖွတ်ကျောပြာစု.. ပြည်သူတွေရဲ့ ဘဝ
အတိတ်၊ပစ္စုပ္ပန်၊အနာဂါတ်..
ကြားရ၊ မြင်ရ၊ တွေးမိသမျှ.. မချမ်းမြေ့စရာချည်း ပါလား..။

ဦးမောင်တိုး ၁%နဲ. ဖြုတ်ချခံရမှာ ကြောက်နေပြီလား?




ဒီ.နေတောဗျာ….ကျနော်လည်း မြန်မာ့အလင်း သတင်းစာဖတ်ရင်းနဲ့ ထူးခြားတဲ. သတင်းလေးတစ်ပုဒ် သွားတွေ.မိတယ်ဗျ…….ဘာအကြောင်းလဲဆိုတော…၂၀၁၃ခုနှစ် ၊ သြဂုတ်လ (၂၄)ရက်နေ.က ကျင်းပတဲ. ပြည်သူ.လွတ်တော် သတ္တမပုံမှန် အစည်းအဝေး(၂၅)ရက်မြောက်နေ.မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းခဲ.တဲ. လွှတ်တော် ကိုယ်စားလှယ်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင်. ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသွားခဲ.တယ်လို…..ဖော်ပြထားတယ်။ဘာတွေဆွေးနွေးသွားလဲလို.…သေချာ ဖတ်ကြည်.လိုက်တော… ဆွေးနွေးသွားတဲ့သူတွေ တော်တော်များများ ကောင်းပါတယ်.. ဒါပေမယ်…ပြည်သူငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး ဆွေးနွေးတဲ. အချက်တွေကိုတော. ….ပြောချင်ပါတယ်…။ သူက ဘာပြောထားသလဲဆိုတော.ဗျာ… လွှတ်တော် ကိုယ်စားလှယ်များ စည်းကမ်း မရှိသည်.ဆိုသော အချက်နဲ. ပတ်သက်ပြီး ပြောထားတာပါ.။ တိုင်းပြည်အတွက် ကိုယ်စားပြု ပြီး အလုပ်လုပ်နေကြတဲ… လွှတ်တော်ကိုယ်စားလှယ်တွေကမှ စည်းကမ်းမရှိဘူး ၊ စည်းကမ်းကို တိတိကျကျ  မလိုက်နာဘူးဆိုရင်ဗျာ…. ဘယ်လိုလုပ်ပြီး….. ဒီနိုင်ငံက တိုးတက်တော.မှာလဲဗျာ…. ဒီလိုလူတွေကမှ ပြည်သူတွေအတွက် စံနမူနာပြ ဖြစ်ရမယ်.အစား  ကိုယ်ဆန္ဒအတိုင်း နေထိုင်မယ်ဆိုရင်  ပြည်သူတွေက ရှေ.ဆက် ဘယ်လိုလုပ်ပြီး  ယုံကြည်စွာ လက်ခံနိုင်တော.မှာလဲ… ဦးမောင်တိုးက နောက်တခု ထပ်ပြောထားသေးတယ်ဗျ….. ဖွဲ.စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆(ခ) တွင် ပြဌာန်းထားသော ပြဌာန်းချက်များနှင်.အညီ  ပြန်လည်ရုတ်သိမ်းပေးရန်  မူလ မဲဆန္ဒရှင်များက (၁%)ထပ် မနည်းသူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို. တင်ပြတိုင်းတန်းပါက တရား ဥပဒေနှင်.အညီ  စစ်ဆေးဆောင်ရွက်ရန်ဆိုတဲ…ဥပဒေကြမ်းအပေါ် ခါးခါးသီးသီး ငြင်းချက်ထုတ်ထားတာ... တွေ.ရပါတယ်…တကယ်တော.ဗျာ..လွှတ်တော်ဆိုတာ ပြည်သူတွေရဲ. ဆန္ဒကို ဖော်ဆောင်ပေးနေတဲ. နေရာတစ်ခုပဲ မဟုတ်လားဗျာ…. ပြည်သူလူထုရဲ… ဆန္ဒတွေကို ဖော်ဆောင်ပေးနေရတဲ.အတွက် ပြည်သူတွေရဲ. ယုံကြည် အားထားမှု. ခံရဖို. အင်မတန် အရေးကြီးပါတယ်။ ဘယ်အရာပဲ လုပ်လုပ် ပြည်သူတွေရဲ. သဘောထား ၊ ဆန္ဒအမှန်နဲ. ဖြစ်ဖို. လိုအပ်ပါတယ်။ ဒီမိုကရေဒီ နိုင်ငံရေးစနစ်တွင် ပြည်သူသည်သာ အဓိကဖြစ်တယ်ဆိုတဲ..အချက်ကို ဦးမောင်တိုး တစ်ယောက် မေ.များ မေ.သွားပြီလား မသိ ။ ကိုယ်က မဟုတ်တာများ လုပ်ထားခဲ.လို. ပြည်သူတွေ က မထောက်ခံဘဲ လွှတ်တော်ကို တင်ပြမှာ ကြောက်နေတာလား ? တစ်သက်လုံး ငွေစာရင်းက အတွင်းရေးမှူး လုပ်ချင်နေတာများလား ? ဦးမောင်တိုးရေ…ခင်ဗျားကြီးကတော. ဘယ်ပြုတ်ချင်မှာလဲဗျာ… ဒီလိုရာထူး ၊ ဒီလိုနေရာမှာ ဒီလိုလစာနဲ. နေနေရတာဆိုတော. ပျော်နေရှာမှာပေါ.ဗျာ  ပြည်သူတွေက (၁)ရာခိုင်နူန်းထက် မနည်းတင်ပြရင် ဖြုတ်ပစ်လို. ရတယ်ဆိုတဲ. ဥပဒေမျိုးကို ဘယ်လိုလုပ် ပေါ်ပေါက် လာစေချင်မှာလဲနော်.. ဒါပေမယ်..ဦးမောင်တိုးရေ  မကြာခင် ဒီဥပဒေက အတည်ဖြစ်တော.မှာပါဗျာ… ဘာလိုလဲဆိုတော. ပြည်သူတွေက ဒီဥပဒေ ပေါ်ပေါက်လာရေးကို တခဲနက်ထောက်ခံကြလိုပဲဗျာ…လူဆိုရင် ဘ၀မမေ.ရဘူးဗျ… ပြည်သူထဲက ပေါက်ဖွားလာပြီးတော…ခင်ဗျားမိုလို. ပြည်သူတွေရဲ. ဆန္ဒကို အလေးမထားတာ။ မြန်မာပြည်မှာ မွေး ၊ မြန်မာပြည်မှာ ကြီး၊ မြန်မာပြည်မှာ နေပြီး မြန်မာ ပြည်သူလူထုရဲ. သဘောထားကို ဦးစားမပေးချင်တာ…ဒါ ဦးမောင်တိုးရဲ. စိတ်ဓါတ်လားဗျာ…လွှတ်တော်မှာ ခင်ဗျားကြီးလို စိတ်ဓါတ်ရှိတဲ.သူတွေ ရောက်နေတာ ကျွန်တော်တို. ပြည်သူတွေအတွက် နစ်နာတယ်ဗျာ….ခင်ဗျားကြီးဘ၀ တိုးတက်ချမ်းသာဖို.ဆိုရင် ပြည်သူတွေကိုတောင် လစ်လျူရူပြီး နေမယ်သူမျိုးပါဗျာ… ပြည်သူတွေရဲ. ဆန္ဒကို လစ်လျူရူတဲ. ခင်ဗျားကြီးကိုလည်း ပြည်သူတွေကလည်း ပြန်ပြီး လစ်လျူရူကြလိမ်မယ်ဆိုတာ…မမေ.ပါနဲလို. ဆန္ဒပြုလိုက်ချင်ပါတယ်…..



မောင်သာမိုး