Saturday, August 31, 2013

မြန်မာအေဂျီတီအိုင်အသင်းအင်းစိန်ကိုအသက်သွင်းဖို့ကြိုးစား

ဆီးရီးယားကို ၀င်တိုက်ရန် 'ကန်'နှင့်၊မဟာမိတ်များ၊ပြင်ဆင်နေ




ဆီးရီးယား အစိုးရ ကနေ စမာ့စကပ်စ် မြို့အနီး ဆင်ခြေဖုံးဘက် တိုက်ခိုက်မှု တခုမှာ ဓာတု လက်နက်တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ စွပ်စွဲ ချက်တွေဟာ လုံးဝ အဓိပ္ပါယ် မရှိဘူး ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီ မီယာ ပူတင်က ပြောကြားလိုက် ပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ ကနေ သူပုန်တွေ အပေါ် အသာစီး ရနေတဲ့ အချိန်မှာ၊ အခုလို ဓာတု လက်နက်နဲ့ တိုက်ခိုက်တယ် ဆိုတာဟာ ရူးမိုက် လို့သာ ဖြစ်မယ် လို့ သူက ရုရှား မီဒီယာကို ပြောကြားသွား ပါတယ်။

အစိုးရ တပ်ဖွဲ့တွေက အခုလို အသာရ နေချိန်၊ စစ်ရေး အရ ကြားဝင်မယ့် သူတွေကို နိုင်ဖဲ ပေးပြီး လှမ်းခေါ် တာမျိုး လုပ်ပါ့ မလား ဆိုပြီး မစ္စတာ ပူတင်က ယုတ္တိ ရှိရှိ စဉ်းစားကြဖို့ ပြောကြားသွားပါတယ်။

တကယ်လို့ ဝါရှင်တန် အနေနဲ့ အထောက် အထား တစုံတခု ရှိတယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ သင့်တယ်လို့ မစ္စတာပူတင်က ပြောပါတယ်။

သမ္မတ အိုဘားမား ကတော့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေ အပေါ် အခြေပြုပြီး၊ ဆီးရီးယား အပေါ် စစ်ရေး အရ ရှေ့တိုး လုပ်ဆောင် မလား မလုပ်ဆောင်ဘူးလား ဆိုတာကို စဉ်းစား နေတယ်လို့ ပြောပါတယ်။



ကုလ စစ်ဆေးရေး အဖွဲ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ၂ ပတ် အတွင်း အစီရင် ခံမယ်လို့ မျှော်လင့်ရ

အဆိပ်ငွေ့ ဓာတု လက်နက်တွေ နဲ့ တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ ပတ်သက်ပြီး စမာ့စကပ်စ်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေ ကြတဲ့ ကုလသမဂ္ဂ က စစ်ဆေး သူတွေဟာ ဆီးရီးယား ကနေ ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်ပါတယ်။

စစ်ဆေးရေး အဖွဲ့ဟာ သူတို့ စုဆောင်း ရယူ ခဲ့တဲ့ နာမူနာ ပစ္စည်းတွေကို ဓာတ်ခွဲ ခန်းမှာ စစ်ဆေးပြီးတဲ့ နောက် တွေ့ရှိချက် တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ၂ ပတ် အတွင်း အစီရင် ခံမယ်လို့ မျှော်လင့်ရ ပါတယ်။

ဒမာ့စကပ်စ် မှာတော့ အစိုးရ စစ်တပ်ဟာ အမေရိကန် ကနေ ဝင်တိုက် နိုင်တဲ့ အခြေ အနေကြောင့် စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို စာသင်ကျောင်းတွေ၊ ဗလီတွေ အပါ အဝင် အရပ်သားတွေ နေတဲ့ ဘက်ကို ရွှေ့ထား မှုတွေ ပြုလုပ် နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စမာ့စကပ်စ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ မြို့ခံတွေဟာ အစား အစာတွေကို စုစောင်း နေကြပြီး၊ အများ အပြား ကတော့ တိုင်းပြည် ကနေ ထွက်ခွာ သွားနေကြပြီလို့ ဆိုပါတယ်။


BBC Burmese


ဆီးရီးယားကို ၀င်တိုက်ရန် 'ကန်'နှင့်၊မဟာမိတ်များ၊ပြင်ဆင်နေ

အမှတ်-၄ တိုက်လေယာဉ်တပ်ရင်းမှ အက်ဖ် ၁၅ စထရိုက်အီးဂဲလ် တိုက်လေယာဉ်များ ဂျွန်ဆင်လေတပ်အခြေစိုက်စခန်းပြေးလမ်းတစ်လျှောက် မောင်းနှင်နေစဉ်။အမှတ်-၄ တိုက်လေယာဉ်တပ်ရင်းမှ အက်ဖ် ၁၅ စထရိုက်အီးဂဲလ် တိုက်လေယာဉ်များ ဂျွန်ဆင်လေတပ်အခြေစိုက်စခန်းပြေးလမ်းတစ်လျှောက် မောင်းနှင်နေစဉ်။

အမ္မန်/၀ါရှင်တန် - အမေရိကန်နှင့် ယင်း ၏ မဟာမိတ်များသည် ရက်ပိုင်းအတွင်း
By တင်ဦး ဘာသာပြန်သည်။


အမ္မန်/၀ါရှင်တန် - အမေရိကန်နှင့် ယင်း ၏ မဟာမိတ်များသည် ရက်ပိုင်းအတွင်း
ဆီးရီးယားကို ၀င်တိုက်ရဖွယ်ရှိသည့် ဖြစ်နိုင်ဖွယ်အခြေအနေအတွက် အင်္ဂါ နေ့က ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့် ပြုလုပ်လျက်ရှိရာ ထိုသို့ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်လာပါက ထိုသို့ ဆောင်ရွက်ခြင်းမှာ နှစ်နှစ်ခွဲကြာညောင်း လာခဲ့ပြီဖြစ်သော ဆီးရီးယား ပြည်တွင်း စစ်တွင် အနောက်အင်
အားကြီး နိုင်ငံ များ၏ အပြင်းထန်ဆုံး အရေးယူ ဆောင်ရွက်မှု ဖြစ်လာဖွယ်ရှိသည်။

အစ္စတန်ဘူလ်မြို့တွင် ကျင်းပသည့် အစည်းအဝေးတွင် သူပုန်များ၏ ဆီးရီး ယား အမျိုးသားညွန့်
ပေါင်း အစိုးရနှင့် အတူ တက်ရောက်ခွင့်ရခဲ့သော သတင်း ရင်းမြစ်များ အဆိုအရ သံတမန်များက
လွန်ခဲ့သော သီတင်းပတ်အတွင်း၌ ဆီးရီးယားအစိုးရက ဓာတုလက်နက် များကို အသုံးပြု၍ တိုက်
ခိုက်ခဲ့ခြင်းကို ဒဏ်ခတ်သည့်အနေဖြင့် သမ္မတ ဘာရှား အယ်လ် အာဆတ်၏တပ်များကို စစ်ရေး
အရ တုံ့ပြန်လာဖွယ်ရှိကြောင်း ဆီးရီး ယား အတိုက်အခံတို့အား ပြောကြား အသိပေးထားသည်
ဟုဆိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂဲလ်ကလည်း သမ္မတ ဘာရက် အိုဘားမားက အမိန့်
ထုတ်ခဲ့လျှင် အရှေ့ အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်တပ်များသည် ဆီးရီးယားသို့ '၀င်တိုက်
ရန်အသင့်'ရှိကြောင်း ပြောထားသည်။

ဆီးရီးယားပြဿနာတွင် ၀င်ရောက် စွက်ဖက်မိမည်ကို လက်တွန့်နေခဲ့သူ အိုဘားမားသည်
ဗြိတိန်နှင့် ကနေဒါတို့မှ ခေါင်းဆောင်များအား တယ်လီ ဖုန်းဆက်၍ မဟာမိတ်တို့၏ စည်းလုံး
ညီညွတ်သော ထောက်ခံမှုရရန် ကြိုးပမ်း နေသလို အမေရိကန် ထောက်လှမ်းရေး ကလည်း
ဗုဒ္ဓဟူးနေ့က ဒမတ်စကတ် မြို့အနီးတွင် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက် ခိုက်ခဲ့သော တိုက်ခိုက်မှု၌
ဆီးရီးယားအစိုးရတွင် တာဝန်ရှိကြောင်း နောက်ဆုံးအတည်ပြုနိုင်သည့် အချက်အလက်များကို
စုစည်းလျက်ရှိသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေကလည်း ထိုအစုလိုက် အပြုံလိုက် ထိခိုက်သေကြေ
စေသော ဓာတုလက်နက်တိုက်ခိုက်မှုကို အာဆတ် ၏ တပ်ဖွဲ့များပြုခြင်းမဟုတ်၊ွှခြား တစ်ပါးသူ
များ ပြုခြင်းသာဖြစ်မည်ဟု တွေးတောပါက 'စိတ်ကူးယဉ်' ခြင်းသာ ဖြစ်မည်ဟု ပြောထားသည်။

ထိုဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ၍ သေဆုံးခဲ့ကြကြောင်း တက်ကြွ
လှုပ်ရှားသူများက ပြောသည်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဟူစတန်မြို့တွင် စစ်မှုထမ်း
ဟောင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန် တပ်ဖွဲ့ဝင်များကို ပြောကြားသည့် မိန့်ခွန်း၌ ထိုတိုက်
ခိုက်မှုအတွက် တာဝန် ရှိသူမှာ ဆီးရီးယားအစိုးရသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့ရာတွင် အိုဘားမားကမူ နောက်ဆုံး အဆုံးအဖြတ်ကို မပေးသေးကြောင်း ကာနေက ပြောသည်။
စစ်ရေးတိုက် ခိုက်မှုလုပ်လျှင် ထိုသို့ တိုက်ခိုက်ခြင်းမှာ 'အစိုးရအပြောင်းအလဲ' လုပ်ဖို့ မဟုတ်၊အာဆတ်ကို ဖြုတ်ချဖို့မဟုတ်ဘဲ အကန့် အသတ်ဖြင့်သာ ပြုလုပ်မည်ဖြစ်ကြောင်း လည်း ၎င်းကပြောသည်။

ကုလသမဂ္ဂ ဓာတုလက်နက်စစ်ဆေး ရေးအဖွဲ့ကလည်း ဓာတုလက်နက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော သူပုန်များ ထိန်းချုပ်ထားရာ ဆင်ခြေဖုံးရပ်ကွက် သို့ ဒုတိယအကြိမ်သွားမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့အထိ ရွှေ့ထားသည်။

စစ်ရေးဖြင့် ၀င်ရောက်ဆောင်ရွက်ရန် ကိစ္စကို ရုရှားနှင့် တရုတ်တို့၏ ဆန့်ကျင် မှုရှိနေသော်လည်း
ကုလသမဂ္ဂတွင် ဤဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း ကိစ္စကို ဆွေးနွေးကြဖွယ်ရှိသည်။ အနောက်
နိုင်ငံများနှင့် အာရပ်အဖွဲ့ချုပ် တို့ကမူ အာဆတ်မှာ အပြစ်ရှိကြောင်း ကြေညာထားခဲ့ကြပြီးဖြစ်သည်။

ဘယ်အချိန် ၀င်တိုက်မည်ဟူသော အချိန်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့ရာ
တွင် ဓာတု လက်နက်တိုက်ခိုက်မှုတွင် အာဆတ် အစိုးရမှာ တာဝန်ရှိကြောင်း ထောက် လှမ်းရေး
အစီရင်ခံစာကို စောင့်ရဦးမည်ကား သေချာနေပေသည်။ အမေရိကန်အရာရှိများ၏ အဆိုအရ
တွေ့ရှိ ချက်များကို ယခု သီတင်းပတ်အတွင်း ထုတ်ပြန်မည်ဖြစ်သည်။

ဆီးရီးယားတွင် ဓာတုလက်နက်ကို အင်နှင့်အားနှင့် သုံးစွဲခြင်းကိုကား လွန်ခဲ့သော တစ်နှစ်ကျော်
တွင် အိုဘားမား သတ်မှတ်ပေးထားသော 'အနီရောင်စည်း'ကို ကျော်လာခဲ့ခြင်း ဖြစ်ရာ ထိုသတိ
ပေး သတ်မှတ်ချက် အတိုင်း မဆောင်ရွက်နိုင်ပါက အမေရိ ကန် အင်အားနည်းကြောင်းပြရာရောက်
သွားနိုင်ပေသည်။

(အေအက်ဖ်ပီ)

31.8.2013


Tun Wai

ဆီရီးယားသတင်းက အမေရိကန်သမ္မတအိုဘားမား မီးစိမ်းပြနေတယ်
စတိုက်မယ်လို့ တရားဝင်မပြောသေးဘူး
အခုအချိန်ထိစတိုက်ဖို့ ဆုံးဖြတ်ချက်ချရသေးဘူးတဲ့ လိုအပ်ရင်တော့ အသင့်ပြင်ထားတယ်

အားလုံး ကို ဘက်ပေါင်းစုံကအစစအရာရာပြင်ဆင်ထားတယ်
ယခုချိန်ထိအဆင်သင့် ပြင်ထားတယ်
ဒီစစ်ပွဲက ကမ္ဘာကြီးနဲ့ သက်ဆိုင်နေတယ်
ညူကလီးယား လက်နက်ဖြစ်တွေဖြစ်နေတယ်။

အရမ်းအရေးကြီးနေပါပြီ

အပြောကတော့ ရွှေမန်း

(စာရေးသူ၏အာဘော်သာဖြစ်သည်။)



သြဂုတ်လ ၂၉ ရက်နေ့ က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆) ချက်ပါတဲ့ သဝဏ်လွှာတစ်ခု ပေးခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မသိနားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ် မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချ လုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်းမရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့စီရင်ဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် တောင်သူများ နစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှုများမှာ ယခင်အစိုးရ လက်ထက်က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည်ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ပဲ မြေယာများကို ပြန်ပေး စေလိုကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါတယ်။

အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြပါတယ်။ နာယကကြီး ဦးရွှေမန်းရဲ့ အခုလို မြေသိမ်းခံတောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။

မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော်က ပြောခဲ့တာကြောင့် လက်တလောမှာ ဦးသိန်းစိန် နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင် နေကြောင်း၊ သဘောထား ကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက် တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။

ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲနေကြကြောင်း၊ တဖြည်းဖြည်း ပြင်းထန်လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ အတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန် ကတည်းက သမ္မတ ဦးသိန်းစိန် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ်ညှိုနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာပြိုင်ဆိုင်မှုတွေ ရှိလာကြောင်း နေပြည်တော်မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီယာများမှာ ဖော်ပြနေကြတာ တွေ့နေရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံပြည်သူများအတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါ။

မြေယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြားမှာသာမက ရန်ကုန်မြို့ပေါ် ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ်တစ်ခုလို သုံးပြီး အစိုးရကို အပြစ်တင်နေချိန်၊ အခါအားလျှော်စွာ ဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်းရဖို့အတွက်  ဒီလက်ကိုင် တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း နာမည်ကောင်းယူတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။

ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီယာတွေတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ်လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်းဟစ်နေတဲ့ လွှတ်တော်နာယကကြီး ဦးရွှေမန်းကရော အရင်အစိုးရလက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရလက်ထက်က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှုတွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာ ဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်းပါလို့ ဖြေရမှာပါ။

တရားခံ ဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာက စွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦးအနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့် ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရလက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင်နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်လူကြီးနှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။  အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန်သိမ်းခိုင်းခဲ့တာပါ။ အောက်ခြေတပ်တွေက အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်းပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။

ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ် လုပ်ဖူးတာကြောင့် အတိုင်းအတာတစ်ခုထိ လက်ဖော်ကိုင်ဖက် သံယောဇဉ်ရှိသလို  သစ္စာစောင့်သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင်သော်လည်းကောင်း၊ ပြိုင်ဖက်တစ်ဦးအဖြစ် တိုက်ခိုက်လို လျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။

ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပခရီးစဉ်တစ်ခုမှ ပြောခဲ့ပြီး နောက်ပိုင်းမှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်းမှာ သိသိသာသာ လိုက်လျှောမှုတွေ လုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန် ကို အမျိုးမျိုးဖိအားပေးတာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ သိသာထင်ရှားလွန်းပါတယ်။ အခုလို  လွှတ်တော်တွင်း မျက်နှာပန်းပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူအချို့ ရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကိုသူများအပေါ် ပုံချတာ၊ လုပ်ဖော်ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှု နှင့် နေရာမြဲဖို့အတွက် အခုလိုသူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

(ဝန်ကြီးဟောင်း တစ်ဦး)