Sunday, September 1, 2013

သတိခေါင်းကွဲတတ်သည်



News of Myanmar


"ဂုတ် " ကနဲ အုတ်နံရံနဲ. ခေါင်းနဲ. ပစ်ဆောင်.သံအဆုံးမှာတော.အမျိုးသမီး တစ်ယောက်ရဲ.ခေါင်းကသွေးတွေဖျာကျလာပြီး "အမလေးသေပါပြီ" ဆိုပြီးငြီးတွားနေပါတယ် ။ လမ်းဘေးဝဲယာကလူတွေဝိုင်းအုံလာကြပြီး ပလာစတာကပ်ပေးသူက ကပ်ပေး၊သွေး တွေကို သုတ်ပေးသူက သုတ်ပေးကြပါတယ်။ အဲဒါကတော. နေ.စဉ် လူသာပြောင်းသွား ပေမယ်. ရန်ကုန်မြို.လယ်ကမပြောင်းလဲတဲ.ဇာ တ်လမ်းလေးတစ်ပုဒ်ပါပဲ။

ရန်ကုန်မြို.ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ. ပန်းဆိုးတန်းလမ်းထောင်. Ruby Mart ကုန်တိုက်ရှေ.မှာ ပန်းဆိုးတန်းဂုံးတံတားပေါ်တက်ဖို. ဆောက်ထားတဲ. လှေကားတစ်ခုရှိပါတယ်။ အဲဒိလှေကားရဲ.အဓိကတာဝန်ကတော. တံတားကြီးပေါ်ကိုတက်ချင်တဲ.သူတွေ လွယ်လွယ်ကူကူတက်လို.ရအောင် ဆောက်ပေးထားတာပါ။ ဒါပေမယ်. တံတားဟာ သူ.ရဲ.မူရင်းတာဝန်ကိုသာမက လမ်းသွာလမ်းလာများရဲ.ခေါင်းကို ခွဲတဲ. တာဝန်ကိုပါပူးတွဲထမ်းဆောင်နေတာကြာပါပြီ ။

"ဘယ်လိုအင်ဂျင်နီယာကများ ဘယ်လိုစိတ်ကူးနဲ ဆောက်ခဲ.တယ်တော. မသိပါဘူးဗျာ ၊ဆောက်တော. လူသွားလူလာများတဲ.ဗိုလ်ချုပ်လမ်းပ လက်ဖောင်းအလယ်တည်.တည်. မှာ ကန်.လန်.ကြီး ၊ပြီးတော. လှေကားရဲ. ပထမဆင်. အင်္ဂတေကြမ်းခင်းဟာ လူတွေရဲ. နဖူးတွေခေါင်းတွေနဲ.တည်.တည်.ပဲ ...ဒီနေရာမှာသွားနေကြမဟုတ်ရင်တော. အုတ်နံရံနဲ.ခေါင်းဆောင်.မိဖို.ကသေ ချာသလောက်ပဲ၊ တကယ်ဆို တစ်ပေလောက် အပေါ်ကို မြှင်.ဆောက်ခဲ.ရင်လဲရပါတယ် ဒါဆိုလူတွေခေါင်းနဲ.လွတ်သွားပြီး ဒုက္ခမရောက်တော.ဘူးပေါ. ၊အခုတော. တစ်နေ.ကိုငါးယောက် ခြောက်ယောက်လောက်ကတော. ပုံမှန်ဝင်တိုက်နေကြပဲ တစ်ချို.ဆို ခေါင်းကွဲပြီး သွေးတွေထွက်လာတတ်တယ်" ဟု တံတားကြီးအနီးမှဈေးသည်တစ်ဦးကပြောသည် ။

ယခင်အစိုးရလက်ထက်ကဘာနေ.အမီ၊ ညာနေ.အမီ ဟုလမ်းများတံတားများကိုတက် သုတ်ရိုက် ဖွင်.လှစ်ခဲ.သော်လည်း အရည်အသွေးပိုင်း၊အသုံးဝင်မှုအပိုင်းကိုမစဉ်း စားပဲ ဖြစ်ကတတ်ဆန်းတည်ဆောက်ခဲ.သော အကျင်.ကြောင်.ဤသို.ဖြစ်ရသည် ကိုယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြုပြင်သင်.ကြောင်း၊နိုင်ငံခြားမှာဆ ခေါင်းကွဲသူက တရားစွဲလျင် တံတားတည်ဆောက်ခဲ.သော အဖွဲ.မှာ ဒေါ်လာ သိန်းနှင်.ချီကာ လျော်ကြေးပေးဆော င်ရနိုင်ကြောင်း အများသူငါက ပြောနေကြပေသည်။

ယခုအခါအမြင်မတော်သူများက တံတားနှင်.ခေါင်းဆောင်.မိမည်.နေရာတွင်" သတိခေါင်းကွဲတတ်သည် " သော စာရွက်ကလေးကို ချိတ်ဆွဲထားကြသည်။ သို.သော် ကံဆိုးသူများကတော. နေ.စဉ်ခေါင်းနှင်.အုတ်ခုံမိတ်ဆက်လျက်ရှိသ ည် ။

Ko Nyi

ဒေါ်လာ သန်း ၃၀ အထက် ပိုင်ဆိုင်သူ ၄၀ ဦးမှ ၃၀၇ ဦးအထိ တိုးတက်လာမည်




လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာသူ များစွာတိုးပွားလာနိုင်ပြီး နိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်မြင့်မားနိုင်ခြေ ရှိနေ

Sunday, 01 September 2013 21:09

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု မြင်ကွင်းအား တွေ့ရစဉ် (ကြည်နိုင်)

လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာကြွယ်ဝသူဦးရေ ခြောက်ဆအထိ တိုးလာနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာ ဆက်လက်မြင့်မားနိုင်ခြေ ရှိနေသည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တစ်ဦးချင်း အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ပိုင်ဆိုင်သူ ဦးရေမှာ ၄၀ ဦးသာ ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ချမ်းသာသူ ၆၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ပမာဏအားဖြင့် လက်ရှိရှိနေသည့် ၄၀ ဦးမှ ၃၀၇ ဦးအထိ တိုးတက်လာမည်ဟု Wealth-X ပိုင်ဆိုင်မှု ဓနဥစ္စာ ထောက်လှမ်းရေး ကုမ္ပဏီက ထုတ်ပြန်သည့် ကမ္ဘာ့အလွန်အမင်း ကြွယ်ဝမှု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ ချမ်းသာကြွယ်ဝသူဦးရေ တိုးတက်နိုင်ခြေမှာ အာရှဒေသတွင် အများဆုံး ဖြစ်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နိုင်ငံကြီးများက စီးပွားရေး အလားအလာကောင်းများ စုဝေးရာ အာရှ၏ နောက်ဆုံးမြေရိုင်းအဖြစ် သတ်မှတ်ထားကြပြီး ဖွံ့ဖြိုးဆဲ ဈေးကွက်တွင် ဟိုတယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သစ်အချောထည် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများကလည်း ချမ်းသာသူများကို ပိုမိုကြွယ်ဝ ချမ်းသာလာစေမည်ဟု သိရသည်။

ထိုသို့ ချမ်းသာသူများက ပိုမိုချမ်းသာ လာနိုင်သော်လည်း ၀င်ငွေခွဲဝေမှု မညီမျှမှုကြောင့် မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ခြေ ရှိနေဆဲဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုက ခုအချိန်မှာဆို ကမ္ဘာ့အမြင့်ဆုံး အခြေအနေလောက် ဖြစ်နေပါတယ်။ ဆက်လက်ပြီး ကွာဟနိုင်ခြေ ရှိမရှိက နိုင်ငံရဲ့ ၀င်ငွေခွဲဝေမှု မူဝါဒအပေါ် မူတည်နေပါတယ်။ နိုင်ငံ့သဘာဝ သယံဇာတတွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းတဲ့ စီးပွားရေးအဖြစ်ပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ဆက်ပြီးကွာဟ နေမှာပါ။ နောက်တစ်ချက်က ၀င်ငွေခွဲဝေမှု မူဝါဒကို အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင်လည်း ဆင်းရဲချမ်းသာ ကွာဟမှု ဆက်ရှိနေမှာပါ" ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

ဝင်ငွေခွဲဝေမှုတွင် အပြည့်အ၀ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာရန် အရေးပါပြီး ၎င်းဈေးကွက်၏ ၀ိသေသများတွင် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ တစ်ပြေးညီ ရရှိမှု၊ ဈေးကွက်အတွင်းသို့ မည်သူမဆို ၀င်ရောက်နိုင်မှုတို့ ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် အပြည့်အ၀ ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက်စီးပွားရေး မရှိသေးလျှင် ခရိုနီစီးပွားရေး ဆက်လက်ဖြစ်နေမည်ဖြစ်ပြီး လက်ဝါးကြီးအုပ် စီးပွားရေး ကာကွယ်တားဆီးရေး ဥပဒေများလည်း ရှိရန်လိုအပ်သည်ဟု သိရသည်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုက ခုအချိန်မှာဆို ကမ္ဘာ့အမြင့်ဆုံး အခြေအနေလောက် ဖြစ်နေပါတယ်။ ဆက်လက်ပြီး ကွာဟနိုင်ခြေ ရှိမရှိက နိုင်ငံရဲ့ ၀င်ငွေခွဲဝေမှု မူဝါဒအပေါ် မူတည်နေပါတယ်။ နိုင်ငံ့သဘာဝ သယံဇာတတွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထုတ်ရောင်းတဲ့ စီးပွားရေးအဖြစ်ပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ဆက်ပြီးကွာဟ နေမှာပါ . . . . .

"တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ Compitition Law တွေ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ ပြည်တွင်းက အချို့ဈေးကွက်တွေဆိုရင် လုံးဝပြိုင်ဆိုင်မှု မရှိတဲ့အတွက် ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းမျိုးလည်း မရှိပါဘူး။ ဒါဟာ အပြည့်အ၀ ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်စီးပွားရေးစနစ် မပီပြင်ဘူးဆိုတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေကနေ ၀င်ငွေမညီမျှမှု ဆိုတာတွေ ဖြစ်လာတာပါ" ဟု မြန်မာ့ဈေးကွက် ပြိုင်ဆိုင်မှု အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေဘဲ နိုင်ငံသားတိုင်း စီးပွားလုပ်ကိုင်ခွင့် တန်းတူဖြစ်စေရန်မှာ အခွန်ကောက်ခံရာတွင် အခွင့်ထူးခံများ မရှိစေဘဲ တန်းတူသတ်မှတ် ကောက်ခံရေး၊ စီးပွားရေးတွင် စွန့်ဦးတီထွင် လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့လည်း လိုအပ်နေသည်။

"မြန်မာနိုင်ငံက ခရိုနီတွေက အနည်းဆုံး ဆယ်စုနှစ် နှစ်ခုလောက်စောပြီး အခွင့်ထူးခံ စီးပွားရေး လုပ်နေခဲ့ကြတာပါ။ သူတို့မှာ ငွေအား၊ လူအား၊ နည်းပညာတွေက အခုမှ ဒီလောကထဲ ၀င်မယ့်သူတွေထက် အများကြီး အားသာမှု ရှိနေပါတယ်။ ဒီတော့ အစိုးရအနေနဲ့ လုပ်နိုင်စွမ်းရှိသူကို စီမံကိန်း ပေးမယ်ဆိုရင် သူတို့ပဲ ရဖို့ရှိပါတယ်။ ဒီတော့ စီးပွားရေးမှာ စွန့်ဦးတီထွင်သူတွေ၊ ခုမှလုပ်ငန်း စချင်သူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် တန်းတူညီမျှဖြစ်ဖို့ဆိုရင် အခြားသူတွေ လုပ်နိုင်အောင်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးရမှာပါ" ဟု ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်နိုင်ရန် ကြိုးပမ်းနေသည့် လူငယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ထိပ်တန်းအခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင် ၅၀၀ ၏ စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့သည့်ဇွန်လ အတွင်းက ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ထုတ်ပြန်မှု မရှိသေးသည်ကို တွေ့ရသဖြင့်  အခွန်စနစ်၏ ပွင့်လင်းမြင်သာမှုအပေါ် ဝေဖန်မှုအချို့ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်သူများ ရှိနေသောကြောင့် နိုင်ငံအနေနှင့် ရသင့်ရထိုက်သည့် အခွန်များ ရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကော်မတီနှစ်ခု ပူးပေါင်းကာ အစီရင်ခံစာတစ်စောင် တင်သွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက သြဂုတ် ၁ ရက်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း သုံးသောင်းကျော် ရှိသော်လည်း နှစ်စဉ်အမြတ်ပြ၍ ၀င်ငွေခွန်ဆောင်သည့် လုပ်ငန်းမှာ ၂၀၀၀ ကျော် ၃၀၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။

မြန်မာ့စီးပွားရေးတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှာ အများစုဖြစ်ပြီး အသေးစား လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် စသည်တို့ ပေးအပ်ရန်မှာလည်း မရေရာသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၂၆ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေဆဲဖြစ်ပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိကြောင်း၊ လူအများစု၏ တစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ  အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀၀၀ အကြားတွင်သာရှိကြောင်း ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ သိရသည်။

http://news-eleven.com/

အသက်တွေကို ငွေ 200 ကျပ်နဲ့ အတူ ပေးပြီ ကူးချီသန်းချီလုပ်နေရ



Aung Nay Myo

ဒါက ချင်းတွင်းမြစ်ကို ဖြတ်ပြီတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ပို့ပေးတဲ့ ကူးတို့စက်လှေ။ လူတစ်ယောကိုမှ နှစ်ရာပဲ ပေးရတယ်။ အများဆုံး စီးကြရတာက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ နေထိုင်ကြတဲ့ ကျေးရွာသူကျေးရွာသားတွေပဲလေ။ သူတို့က ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာ ရှိတဲ့ မုံရွာမြို့ပေါ်ကို နေ့စား၊ လခစားဖြင့် လာလုပ်ကိုင်နေကြရတာတဲ့သူတွေ။ အောက်ခြေလူတန်းစားလို့ ပြောလို့ ရတဲ့ သူတွေပေါ့ အများဆုံးပဲ။ ကျွန်တော်တို့ မုံရွာဘက်ကမ်းရှိတဲ့ လုပ်ငန်းအသီးသီး ၀င်လုပ်ကြရတဲ့ သူတို့ရတာမှ ဘာရှိမှာလဲ။ နေ့စားသမားတစ်ယောက်ဆိုရင် တစ်ထောင် နှစ်ထောင်ပေါ့။ လခစားအနေနဲ့ လုပ်တဲ့သူဆိုရင်လည်း ကိုယ်ထမင်းချိုင့်နဲ့ ကို ယူလာပြီ လာလုပ်ကြရတာမှ တစ်လမှ သုံးသောင်း လေးသောင်းပဲ ရှိတာ။ အဓိက ကျွန်တော် ပြောချင်တာက သူတို့ ပေးဆပ်လိုက်ရတဲ့ လုပ်အားခွန်အားတွေ ပုံအောရင်းပြီတော့ ရလိုက်တဲ့ မစို့မပို့ ငွေအသာပြာလေးအတွက် ကူးချိဖြတ်သန်းနေရတာက ငွေ 200 ကျပ်နဲ့ မဟုတ်ဘူးဗျာ။ အသက်။ သူတို့ အသက်တွေကို ငွေ 200 ကျပ်နဲ့ အတူ ပေးပြီ ကူးချီသန်းချီလုပ်နေရတာ။ ပုံကို ကြည့်ရင်ကို သိနိုင်ပါတယ်။

ဒေါ်လာ၉၀၀၀ဖိုးအမေရိကန်သမ္မတကတော်ကိုဦးသိန်းစိန်လက်ဆောင်ပေး

၂-၉-၂၀၁၃ ရက် (တနင်္လာနေ့) ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ ... ။

ဆီးရီးယား ဓာတုတိုက်ခိုက်မှု အထောက် အထားတွေ့ပြီ



 1 စက်တင်ဘာလ 2013 - 14:45

ဆီးရီးယား အပေါ် ကျူးကျော်မှုဟာ အီရန် ကိုပါ ရန်စ စော်ကား လိုက်တာ ဖြစ်လိမ့် မယ်ဆီးရီးယား နိုင်ငံ ဒမာ့စကပ်စ်မြို့ အနီး ပြီးခဲ့တဲ့ လက ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက် မှုမှာ Sarin အဆိပ် ဓာတ်ငွေ့တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ ခိုင်မာ တဲ့ အထောက် အထားတွေ တွေ့ရပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုပ်သံ ကနေ ပြောကြားသွား ပါတယ်။တိုက်ခိုက်မှု အပြီး အဲဒီ နေရာ ကနေ ရရှိတဲ့ သွေးနဲ့ ဆံပင် စတွေကို စစ်ဆေးရာမှာ Sarin အဆိပ်သင့် တာကို တွေ့ရှိ ရတာ ဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ပြောပါ တယ်။
အာဖရိကဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖိုင်ဇယ် မက်ခ်ဒက် ကတော့ ဆီးရီးယား အပေါ် စစ်ရေး အရ တိုက်ခိုက်ဖို့ အမေရိကန် ကွန်ဂရက်ရဲ့ မဲခွဲ ဆုံးဖြတ် ချက် ရယူမယ် ဆိုတာဟာ သမ္မတ အိုဘားမား အနေနဲ့ ဒီကိစ္စ အပေါ် ချီတုံ ချတုံနဲ့ ရှုပ်ထွေး မှုတွေ ဖြစ်နေတယ် ဆိုတာကို ဖေါ်ပြ လိုက်တာ ဖြစ်တယ် လို့ ဆီးရီးယားက ထုတ်ဖေါ် ပြောကြား လိုက် ပါတယ်။အမေရိကန် တို့ရဲ့ ဆီးရီးယား အပေါ် ဘယ်လို ကျူးကျော်မှု မျိုးမဆို ဒါဟာ အီရန် ကိုပါ ရန်စ စော်ကား လိုက်တာ ဖြစ်လိမ့် မယ်လို့ သူက ဆက်ပြော ပါတယ်။ဆီးရီးယား အစိုးရ သတင်းစာ တစောင်မှာ ဖေါ်ပြထားတာ ကတော့၊ မစ္စတာ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်တွေ ကျရှုံးဖို့ အတွက် အစ ဖြစ်တယ်လို့ ဆိုပါတယ်။ပြင်သစ် ကတော့ အမေရိကန် ကွန်ဂရက်ရဲ့ မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင် ဆီးရီးယားကို တိုက်ခိုက် မှုတွေ လုပ်သေးမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။ အမေရိကန် ကွန်ဂရက် ဟာ တပတ်ကျော် အချိန် အတွင်း မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။အာရပ် နိုင်ငံ တွေက နိုင်ငံခြားရေး ဝန်ကြီးတွေ ဟာလည်း ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထား ရပ်တည် ချက်တွေ အတွက် ဆွေးနွေး ကြဖို့ ကိုင်ရိုမှာ တွေ့ဆုံ ကြဖို့ ရှိနေ ပါတယ်။ဆီးရီးယားမှာ ပြီးခဲ့တဲ့ လက သံသယ ဖြစ်ဖွယ် ဓာတု လက်နက် တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရက ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ အာရပ် နိုင်ငံများ အဖွဲ့ချုပ်က စွပ်စွဲ လိုက်ပါတယ်။ဒါပေမယ့်လို့ စစ်ရေး အရ ကြားဝင် ဆောင်ရွက်ရေး အတွက် ပွင့်ပွင့် လင်းလင်း ထောက်ခံတဲ့ နိုင်ငံ ကတော့ အာရပ် အဖွဲ့ချုပ် ထဲမှာ အခု အချိန် အထိ ထွက်မလာ သေးပါ။

http://www.bbc.co.uk/burmese/world/2013/09/130901_syria_john_kerry.shtml

စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး.



မန္တလေးသား လမင်းမောင်မောင်ကောင်းရာသုဂတိလားပါစေ။ ဘဝဆက်တိုင် ဒီလို့အဖြစ်ဆိုးတွေ့မကြုံပါစေနဲ။
စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး.ဇာတ်လမ်းအကျဉ်းကတော့ ၂၇၊၈၊၂၀၁၃ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆညတိုက်ခန်းတွင် ဖွင့်လှစ်ရောင်းချနေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင်တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေးများနှင့်အတူ အရက်နှင့် အခြားအစားအသောက်များ လာရောက်စားသောက်ခဲ့ကြပြီး ပြန်ပါသည်၊ည(8):40နာရီခန့်တွင် တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက်ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ဆိုင်ရှင်မှ ၉နာရီ
ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်းပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်နှင့်အဖေါ်တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့်ရောင်းတာလဲဟု မေးမြန်းရာ စာရင်းစစ်ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွားခဲ့ကြောင်း သိရပါသည်၊ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်မှာ ဟန်မပျက်ဆက်လက်
စားသောက်နေရာ တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ မင်းကဘာကောင်မို့ ဆက်စားနေတာလဲမေးရာမှ စကားများကြပြီး တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ သူ့ပါလာသော ပစ္စတိုဖြင့် ကိုလမင်းမောင်မောင်၏ဦးခေါင်းကို အနီးကပ် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်းသိရပါသည်၊ကိုလမင်းမောင်မောင်မှာ မန္တလေးမြို့နန်းရှေ့တွင် နေထိုင်သော ဦးခင်မောင်တင့် ဒေါ်ဝင်းမာတို့၏ သားဖြစ်ပြီး ပူတာအိုခရိုင်သို့ ခရိုင်စားရင်းစစ်အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရင် ယခုလို ပစ်သတ်ခံရမှုဖြစ်ကြောင်သတင်းရရှိပါသည်၊ဒုတပ်ကြပ်ခန့်စိန်မှာ တပ်ထိန်းတပ်ရင်းမှ မဟုတ်လဲ ဗျူဟာ၏ တပ်ထိန်းဖြစ်ကြောင်း သိရပါသည်၊

info by ဟာဂျူလီ ကသာ photo by Tun Tun Kyaw



မန္တလေးသား တစ်ယောက်အနေနဲ့ oမ်းနည်းပါတယ်. လမင်းမောင်မောင် ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေလို့ ဆုတောင်း လိုက်ပါတယ်

~~~~~~~~~~


ပူတာအိုတွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ စာရင်းစစ်ဝန်ထမ်း သဂြုင်္ိဟ်ပြီးစီး


ကချင်ပြည်နယ် ပူတာအိုမြို့ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော် တပ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် နားထင်ကိုတေ့၍ ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သူ စာရင်းစစ်ဝန်ထမ်းကို သြဂုတ်လ ၂၉ ရက်နေ့တွင် သဂြုင်္ိဟ်ပြီးစီးကြောင်း မန္တလေးမြို့တွင် နေထိုင်သော သေဆုံးသူဝန်ထမ်း၏ မိသားစုဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။
သေဆုံးသူ စာရင်းစစ်ဝန်ထမ်း ကိုလမင်းမောင်မောင်၏ ရုပ်ကလာပ်ကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ပူတာအိုမြို့ သုသာန်တွင် သဂြုင်္ိဟ်ပြီးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူမှာ မည်သည့်ရန်ငြိုးမျှ မရှိကြောင်း ၄င်းကဆိုသည်။
ဖြစ်စဉ်မှာ သေဆုံးသူ ကိုလမင်းမောင်မောင်နှင့် ပူတာအို မြို့နယ် နယ်စပ်စည်ပင်မှ ဦးဝင်းထွန်းတို့သည် သြဂုတ်လ ၂၇ ရက် နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က ပူတာအိုမြို့ရှိ အိန်ဂျယ်စားသောက်ဆိုင်တွင် ခေါက်ဆွဲစားနေစဉ် ဒုတပ်ကြပ်ခန့်စိန်နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ စားသောက်ဆိုင်ထဲသို့ ရောက်ရှိလာကာ အရက် ဘီယာများ သောက်နေကြရာမှ ဒုတပ်ကြပ်ခန့်စိန်မှာ အပြင်သို့ ပြန်ထွက်သွားပြီး အဖော်သုံးဦးသာ ကျန်ခဲ့ကြောင်း၊ ဆိုင်ရှင်က ည ၉ နာရီထိုး၍ ဆိုင်ပိတ်ချိန်ဖြစ်ကြောင်း ပြောသဖြင့်ဆိုင်ထဲတွင် ကျန်ရှိသော လူသုံးဦးပြန်ထွက်သွားပြီး ဦးဝင်းထွန်းနှင့် သေဆုံးသူ ကိုလမင်းမောင်မောင်တို့လည်း ပြန်မည်ပြုစဉ် ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ပြန်လည်ရောက်ရှိလာပြီး ဆိုင်ရှင်နှင့် လမင်းမောင်မောင်တို့ကို ပြဿနာရှာကြောင်း သေဆုံးသူနှင့်အတူ ရှိသူ ဦးဝင်းထွန်းက ပြောကြားသည်။
၎င်းနှင့်ကိုလမင်းမောင်မောင်တို့ ပြန်ရန်ပြင်စဉ် ကိုလမင်းမောင်မောင်က ပြစ်မှုကျူးလွန်သူကို "အစ်ကိုရယ် ကျွန်တော်တို့ကို ဘာဖြစ်စေချင်တာလဲဗျာ" ဟု ပြောကြားပြီးနောက် ပြစ်မှုကျူးလွန် သူ ဒုတပ်ကြပ်ခန့်စိန်သည် ကိုလမင်းမောင်မောင် နားထင်ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဦးဝင်းထွန်းက ထပ်မံပြောကြားသည်။
ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၆၆၆) တပ်ထိန်းတပ်ခွဲမှ ဒုတိယတပ်ကြပ် ဖြစ်ပြီး ၄င်းကို ပူတာအို ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူထားသကဲ့သို့ တပ်မတော်စည်းကမ်း အရပါ အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဒီမင်ရမ်က The Voice သို့ ပြောကြားသည်။
သေဆုံးသူ လမင်းမောင်မောင်မိသားစုသည် မန္တလေးမြို့ ဒေါနဘွားရပ်ကွက်တွင် နေထိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဝန်ထမ်းသက် တစ်နှစ်ပြည့်မည်ဖြစ်ပြီး ခွင့်တစ်လ ရရှိ၍ မန္တလေးမြို့သို့ ပြန်ရန်ပြင်ဆင်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

by The Voice Photo by Tun Tun Kyaw

Miss Supranational 2013 ပြိုင်ပွဲ(၁၀)Votes ကို (၅)ဒေါ်လာကျသင့်



Popular Journal
'(၁၀)Votes ကို (၅)ဒေါ်လာ'
--------------------------------------
Miss Supranational 2013 ပြိုင်ပွဲကြီး၏ Miss Internet ဆုနှင့် စကာတင်Top (20)စာရင်းဝင်ဖြစ်ရန် အတွက် တရားဝင် Vote System ကတော့ စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပြီး Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး အောက်ပါLink မှ မဲပေးနိုင်ကြောင်းသိရပါသည်။

(http://www.misssupranational.com/VotingPage.html)


1. You may vote as many times as you like through Miss Supranational's online voting engine.
2. A minimum 10 votes cost USD 5.00, with Credit/Debit Card payments only.
3. All payment & transactions will be performed via a third party Internet Payment Operator.
4. Should a candidate withdraw, is replaced or disqualified, there will be no refund in votes to the voter and his credit card. Monies once paid for votes are non refundable.
5. Results will be published in the Miss Supranational webpage.
6. No employees of Miss Supranational, its promotion partners, its advertising agencies or their families are eligible to enter.
7. Voting ends on Friday, 6 September 2013 at 12:00 p.m. (CET).
8. Votes will be taken in only before out-off time. Votes after out time will neither be counted nor refundet
9. "In case of technical problems or errors during the process of payment please place your query or claim before reklamacje@cashbill.pl Refunds may require up to 30 days after positive processing. Queries and claims must include.
the website address (www.misssupranational.com):
the payment method / used credit card:
the confirmation code:
a description of the problem:
a contact e-mail:

10. This Privacy Policy governs the manner in which Nowa Scena sp. z o.o. collects, uses, maintains and discloses information collected from users (each, a "User") of the misssupranational.com website ("Site"). This privacy policy applies to the Site and all products and services offered by Nowa Scena sp. z o.o..

မယ်၂၀၁၂

ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူသည့်ကိစ္စ ဗြိတိန်ပါဝင်တော့မည် မဟုတ်ဟု ဒေးဗစ်ကင်မရွန်း ပြောကြား


the voice weekly

ဓာတုလက်နက်များ အသုံးပြုခြင်းကြောင့် အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်အရေးယူရေးကိစ္စတွင် ဗြိတိန်နိုင်ငံက ပါဝင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်သည့်ကိစ္စအတွက် ဗြိတိန်ပါလီမန်တွင် ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၂ မဲနှင့် ကန့်ကွက်မဲ ၂၈၅ မဲ ရှိခဲ့ခြင်းကြောင့် ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်အနေနှင့် ပါဝင် တော့မည် မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟန်းမွန်းက ပြောကြားသည်။

၎င်းအနေနှင့် ပါလီမန်၏ လိုလားချက်ကို လွှမ်းမိုးကျော်လွှားမည် မဟုတ်ကြောင်း၊ ဓာတုလက်နက် အသုံးပြုသော ဆီးရီးယားအစိုးရကို စစ်ရေးဖြင့် တိုက်ခိုက်ရန် လွှတ်တော်အမတ်များက မလိုလားကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆိုသည်။

အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်ပါဝင်ခြင်း မရှိသည့်အတွက် အမေရိကန်တို့အနေနှင့် စိတ်ပျက်သွားဖွယ် ရှိသော်လည်း အမေရိက၏ လုပ်ရပ်ကိုမူ ရပ်တန့်သွားစေမည်ဟု မထင်ကြောင်းကိုလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းသည် အမေရိက၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အန္တရာယ်ပေးသည့် အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်ကဲ့သို့သော မဟာမိတ်များ၏ ထောက်ခံမှု မရရှိခဲ့လျှင်သော်မှ အမေရိကန်သမ္မတ အိုဘားမားသည် ဆီးရီးယားအပေါ် အကန့်အသတ်ရှိသော လုပ်ရပ်များ ဆက်လက်ပြုလုပ်လိုဖွယ် ရှိကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

“သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်ပေးမှာကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားပါပဲ။ ဆီးရီးယားမှာ အမေရိကန်ရဲ့ ပင်မအကျိုးစီးပွားအပေါ် ထိခိုက်မှုရှိလာပြီ။ နောက်ပြီးတော့ ဓာတုလက်နက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ နှုန်းစံတန်ဖိုးတွေကို ချိုးဖောက်တဲ့နိုင်ငံဟာ တာဝန်ယူ မှု တစ်စုံတစ်ရာ လိုအပ်ပါတယ်” ဟု အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသမီး ကိတ်လင်းဟေဒန်က ပြောကြားသည်။

ဆီးရီးယားအပေါ် အတူတကွ အရေးယူရန်အတွက် အမေရိကန်သည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုရရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားသည်။

သို့သော် ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမည့်ကိစ္စမှာ ဆီးရီးယားတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများ၏ အစီရင်ခံစာ မထွက်မချင်း ဖြစ်နိုင်ဖွယ်မရှိပေ။
ဆီးရီးယားသို့ ရောက်ရှိနေသော ကုလလက်နက် စုံစမ်း စစ်ဆေးရေးမှူးများသည် စနေနေ့တွင် ဆီးရီးယားမှ ထွက်ခွာမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံကြမည် ဖြစ်သည်။

ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမြန်ဆုံးချပြရန် ကုလသမဂ္ဂကို ပြင်သစ်နှင့် ဂျာမနီတို့က တိုက်တွန်းထားသည်။

ဆီးရီးယားအပေါ် အရေးယူမည့်ကိစ္စနှင့် ပတ်သက်ပါက ကုလလုံခြုံရေးကောင်စီတွင် ဆီးရီးယား၏ မဟာမိတ်ရုရှားက ကန့်ကွက်ဖွယ် ရှိခြင်းကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါခဲ့လျှင်သော်မှ ဆီးရီးယားအပေါ် အရေးယူမှု တစ်စုံတစ်ရာ လုပ်လိုကြသည်။

သို့သော် အီတလီကမူ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မပါဘဲ စစ်ရေးအရ အရေးယူခြင်းကို ပါဝင်မည် မဟုတ်ကြောင်း ပြောကြားထားသည်။


ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လယ်တောအိမ်၌ သီးခြားတွေ့ဆုံ




အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်း အရာများကို မေးမြန်းရာ ၎င်းအနေဖြင့် အသေအချာ ဘာမှမသိသလို ဘာမှပြောပိုင်ခွင့်မရှိဟု ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများကို သူမသိကြောင်းနှင့် ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။

ဦးဝင်းမြင့် နှင့် ဦးဖြိုးဇေယျာ်သော်တို့အား ပြီးခဲ့သည့် အပတ်ကမှ NLD ပြောရေးဆိုခွင့်ရှိသူ အဖြင့် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။၁-၉-၂၀၁၃ ရက် (တနင်္ဂနွေနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ ... ။

ကိုယ်ပြည် ကိုယ့်မြေမှာ

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ



။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊

၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက်လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင်မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

___________________________________

The Voice Weekly

ဒီနေ့မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။

“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”

အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။

ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။

_________________________________



မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။
“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”
အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။


RFA Burmese


ကျနော်တို့အခုမလေးမှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။
ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန်သိမ်းကျုံးပြီးကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင်တာရောပေါ့ဗျာ။
ဘာလို့အဲလိုလုပ်လဲဆိုတော့အရင်ကဆိုအလုပ်သမားတွေအတွက်ကဒ်ပြားလေးတွေထုတ်ပေးတယ်။ အခုကအဲလိုကဒ်ပြားလေးတွေမထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူးစာအုပ်ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်ကအလုပ်ရှင်တွေသိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာမိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်းဖမ်းတာပဲလေ။ အနည်းဆုံးတော့ရဲစခန်းမှာစစ်လို့မပြီးမချင်းတစ်ပါတ်လောက်တော့ကြာတာပေါ့။ အချုပ်ဆိုတော့လည်းသိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။
ပြီးတော့ အရင်ကသိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရားမဝင်အလုပ်သမားတွေမိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လလောက်နေရပါတယ်။ ပြီးရင် အပြင်ကအသိတစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင်ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်းငါးဖမ်းလှေတွေဆီမှာသွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။
အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစားခံရသူတွေအဖို့ကအတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင်တဲ့အလုပ်တွေအကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှအဆက်အသွယ်မရပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ်ခံကြရပါတယ်ဗျာ။
မိန်းကလေးတွေအရောင်းစားခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်းကိုယ်ချင်းစာပေးပါ။
ကျနော်တို့ဒီမှာအလုပ်လာလုပ်နေတာ ကျနော်တို့ဘဝအတွက်အလုပ်လာလုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီးထွက်လာခဲ့ရတာပါ။ အခုလဲအဖမ်းအဆီးကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံးအဖမ်းခံကြရတာပါပဲဗျာ။
အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တတ်နိုင်သလောက်လေးကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှတာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှုနည်းစေရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီးလွှတ်ရက်ရောက်ပါက မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ်အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားရောက်မြန်မာများကိုယ်စားမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။


Kyaw Thu Soe

အင်ဒိုသာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း






စက် တင်ဘာ ၈ရက်တွင် မယ်ကမ္ဘာပြိုင် ပွဲ ဘာလီကျွန်း၌ စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်း ဆိုလိုက်သည်။

ဘီကီနီရေကူးဝတ်စုံဝတ် ပြိုင်ခြင်းကို ပယ်ဖျက်ရန်ပွဲစီစဉ် သူများက သဘောတူခဲ့သော် လည်း ပွဲအားဖျက်သိမ်းရန် နိုင်ငံ ၏ ထိပ်တန်းအစ္စလာမ္မစ်ဘာသာ ရေးခေါင်းဆောင် အဖွဲ့အစည်း ကတောင်းဆိုခဲ့သည်။ စီစဉ်သူ များအနေဖြင့် ယင်းဘာသာရေး အဖွဲ့အစည်း အကြံပြုချက်ကို လိုက်နာသင့်သည်ဟု သာသနာ ရေးဝန်ကြီး ဆူရီယာဒါမအလီက ပြောသည်။

''မယ်ကမ္ဘာပြိုင်ပွဲကို အခိုင် အမာဆန့်ကျင်ကြောင်း The Indonesian Ulema Council က ထုတ်ဖော် ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အစ္စ လာမ္မစ်ရဲ့ အဆုံးအမတွေနဲ့ကိုက် ညီမှုမရှိလို့ပါ။ မူဆလင်အမျိုးသမီး တွေဟာ လျှပ်ပေါ်လော်လီတဲ့ကိုယ် ခန္ဓာအစိတ်အပိုင်းတွေကို ဖုံးအုပ် ထားရမယ်လို့ အစ္စလာမ်သာသနာ ကဆုံးမထားပါတယ်''ဟု ဩဂုတ်၂၉ ရက်နောက်ပိုင်းက ကြေညာချက် တစ်ခုတွင် ဝန်ကြီးက ပြောကြား ခဲ့သည်။

ဝန်ကြီးသည် ပြိုင်ပွဲကို လူ သိရှင်ကြားဆန့်ကျင်သည့် ပထမ ဆုံးအစိုးရအရာရှိဖြစ်ရာ ဗြိတိန် အခြေစိုက် ပွဲစီစဉ်သူများအတွက် ထိုးနှက်ချက် အသစ်တစ်ခုဖြစ် သွားခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို ထုတ်ဖော်ပြသသော ယင်းပြိုင်ပွဲကို ဆန့်ကျင်ကြောင်း ထိုနေ့မှာပင် ဝန်ကြီးအရင် အမျိုး သားလူ့အခွင့်အရေးကော်မရှင် ၏ အကြီးအကဲက ပြောကြားခဲ့ သေးသည်။

ပြည်တွင်းမှ ပွဲစီစဉ်သူများ ကမူ ဝန်ကြီး၏ပြောကြားချက် ကြောင့် တုန်လှုပ်မှုမရှိခဲ့ပေ။ ပွဲ မှာ ၎င်း၏ ပိုင်နက်နယ်ပယ်ထဲ တွင်မရှိသဖြင့် ပွဲကို ဆက်လက် ကျင်းပသွားရမည်ဟု ဆိုသည်။
''ဒါဟာ အစ္စလာမ္မစ်နိုင်ငံ တစ်ခုမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကလဲ ယဉ်ကျေးမှုပွဲပါ။ ဘာသာရေးပွဲ မဟုတ်ပါဘူး''ဟု ပြည်တွင်းမှစီ စဉ်သူ ရုပ်သံ RTC ၏ ပေါင်းစည်း အတွင်းရေးမှူး အက်ဂျီအက်စ် ဆိုရက်မက်ဂျီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ထို့အပြင် တခြားဝန်ကြီး အများအပြားက မယ်ကမ္ဘာရွေး ပွဲကိုထောက်ခံမည်ဟု ပြောကြား ခဲ့သေးသည်။

သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
____________________________________