Monday, September 2, 2013

လမ်းမတန်းနဲ့အတွင်းလမ်းဈေးတူတူပဲလား။

လက်သိပ်ထိုးရောင်းတာတွေဖြစ်လာတော့မှာလား။

EMG
 2 September 2013

အိမ်ခြံမြေဈေး အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်အပေါ် မြေဈေးသတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ဆောင်ရမည်
==============================================================================

အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်ပေါ် မူတည်ကာ မြေနေရာဈေးနှုန်းများ သတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းသို့ သတ်မှတ်ရာတွင် မြို့နယ်အလိုက် တစ်ပေပတ်လည်အား မြေဈေးနှုန်း သတ်မှတ်ပေးမည်ဖြစ်ပြီး အရောင်းအ၀ယ် ပြုလုပ်တိုင်း အစိုးရသို့ ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်ကို အပြည့်အ၀ ရရှိစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ မြို့နယ်အလိုက် 1 sqm သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြေနေရာ ပေါက်ဈေးနှုန်းများကိုမူ အကြမ်းဖျင်း သတ်မှတ်ပြီးဖြစ်ကာ ညှိနှိုင်းလုပ်ဆောင် နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အခု အရောင်းအ၀ယ်လုပ်တဲ့ အခါမှာ ၁၀၀ ဖိုးအတွက် အခွန်က ခုနစ်ကျပ် ကပ်ရမှာကို ဘာလုပ်လဲဆိုတော့ ၁၀၀ ဖိုး အရောင်းအ၀ယ် လုပ်တာကို ၅၀ နဲ့ လုပ်တယ်ပြောပြီး အခွန်ကို သုံးကျပ်ခွဲပဲ ဆောင်တယ်။ နိုင်ငံတော် အနေနဲ့ အခွန်နစ်နာတယ်။ အခု သတ်မှတ်တာကလည်း တံဆိပ်ခေါင်းခွန် အတွက်ပဲ သတ်မှတ်တာပါ။ ဥပမာ-၀င်ဒါမီယာမှာ အရောင်းအ၀ယ်ဖြစ်ရင် ၁ ပေပတ်လည်ကို ၁၀၀ ဆိုရင် ၁၀၀ ဖိုးအတွက် အခွန်ဆောင်ရမယ်။ မြောက်ဒဂုံမှာ တစ်ပေပတ်လည်ကို ၂၀ ဆိုရင် ၂၀ အတွက် အခွန်ဆောင်ရမယ်။ သူ့ဟာသူ လျှော့ပဲရောင်းရောင်း၊ တိုးပဲရောင်းရောင်း သတ်မှတ် တစ်ပေ ပတ်လည်နှုန်းအတိုင်း ဆောင်ရမှာပဲ" ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ သတ်မှတ်ရခြင်းမှာ လက်ရှိတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုကို မှန်မှန်ကန်ကန် ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

"အခုလို မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ဈေးနှုန်းကို ပိုတင်လို့လည်း မရဘူး။ ဆွဲချထားလို့လည်း မရဘူး။ ဒါပေမဲ့ အရောင်းအ၀ယ်က အေးသွားမယ် ထင်တယ်" ဟု estate myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

 EMG

မြန်မာမျက်စိနဲ့ ကြည့်တယ်ဆိုရင်တော့ အတော်ကို ရင့်သလို


Kyi Soe
အမေရိကန်က အင်္ဂလိပ်ကို ခွင့်တောင်းတယ် ။ ကျနော့်ခြေထောက် ၂ဖက် စားပွဲပေါ် တင်လို့ ရပါသလား ... တဲ့ ။
အင်္ဂလိပ်က “၄ဖက်စလုံး တင်လို့ ရပါတယ်” ...လို့ ပြောလိုက်တယ် တဲ့ ...။

မရှင်းမလင်း ရှိနေဆဲ မြန်မာတရုတ် နယ်ခြားမျဉ်း




ခွန် ဒီးယမ်

တစ်လက္မမှ အပါမခံဟု ကြုံးဝါးသော်လည်း ဘယ်တစ်လက်မကို ဆိုလိုချင်မှန်း မရှင်းမလင်း ရှိနေဆဲ မြန်မာတရုတ် နယ်ခြားမျဉ်း
================================

တရုတ်-မြန်မာနယ်စပ်ဒေသမှာ အတည်တကျမရှိခဲ့ဘဲ ၎င်းဒေသကို တရုတ်လူမျိုး
သော်လည်းကောင်း မြန်မာလူမျိုးသော်လည်းကောင်း မပေါက်ရောက်ခဲ့ချေ၊၊ အရှေ့ 
တောင်အာရှဒေသများ၏ နယ်မြေထုံးစံအတိုင်း ၎င်းဒေသကို မည်သူမျှ ၀င်ရောက်စွက်
ဖက်ခြင်းမပြုဘဲ စည်းခြားနယ်မြေအဖြစ်သာ သတ်မှတ်ခဲ့ကြသည်၊၊

ထိုအလေ့အထမှာ အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက်ပိုင်း နယ်မြေအတိ
အကျသတ်မှတ်ရန်လိုအပ်လာခဲ့သည်၊၊ သို့သော် ၁၉၃၀ အထိ ၎င်းဒေသများသို့ အင်္ဂ
လိပ်အစိုးရ သြဇာမသက်ရောက်နိုင်ခဲ့ပေ၊၊ အကြောင်းမှာ ဒေသခံများက အင်္ဂလိပ်တို့၏
အာဏာစက်ကို လက်မခံခဲ့မှုကြောင့် ဖြစ်သည်၊၊ နယ်နမိတ်သတ်မှတ်ရေး အတွက်
 ၁၉၃၀ မှာစတင်ဆွေးနွေးခဲ့ပြီး ၁၉၄၁ မှာ ၀ ပြည်နယ်သတ်မှတ်နိုင်ခဲ့ပေမယ့် အဲဒီအချိန်အထိ
 မြောက်ပိုင်း နယ်နမိတ် ကိုအတည် မပြုနိုင် ခဲ့ပါ၊၊ တရုတ်ပြည် အစိုးရသည် လည်း
 မန်ချူး - ပြည်ထောင်စု -ကွန်မြူနစ် စသည်ဖြင့် အပြောင်းအလဲများခဲ့သောကြောင့်
 စဉ်ဆက်မပြတ်ဆွးနွေးရန် ခက်ခဲခဲ့ခြင်းဖြစ်နိုင်သည်၊၊ ကွန်မြူနစ်အစိုးရဆိုလျင် ၀ပြည်
နယ်နမိတ်ကိုပင် သဘောမတူ ခဲ့ချေ၊၊ သို့သော် မြန်မာဘက်မှ အင်္ဂ လိပ်ခေတ် က
သဘောတူညီချက်ကို တဖက်သက် အတည် ယူပြီး ယနေ့အချိန်ထိ အခိုင်အမာ ငြင်းခဲ့သည်၊၊

မည်သို့ပင်ဆိုစေကာမူ တရုတ်ဘက်မှ တောင်းဆိုချက်များသည် မြန်မာ နိင်ငံမြောက်
ပိုင်း မြစ်ကြီးနားမြို့ မှအနောက်ဘက် အန္ဒိယနယ်နမိတ် အထိပါဝင်သည်၊၊ တရုတ်တို့က
၁၆ ရာစု မင် မင်းဆက် နယ်မြေအရ ခမ်းတီး ၊ ပူတာအို လွင်ပြင်တို့မှာ တရုတ်နိုင်ငံပိုင်
ဖြစ်သည်ဟုဆိုသည်၊၊ သို့သော် အင်္ဂလိပ် ရုက္ခ-ပထ၀ီဝင်ပညာရှင် F.K.Ward က နှစ်ဦး
နှစ်ဖက်မည်သူမျှမပိုင်ကြောင်း ဆိုသည်၊၊ မြန်မာဘက်မှ အဆိုပြု ချက်မှာမူ အင်္ဂလိပ်
ခေတ် လွပ်လပ်ရေးရစဉ်အခါက နယ်နမိတ်အတိုင်းပင်ဖြစ်သည် ဟူ၏၊၊

၁၉၅၆ ခုနှစ်တွင် ဆိုင်နို-ဗားမား နယ်နမိတ်ပြဿနာ ပိုမိုကြီးထွား လာခဲ့သည်၊၊ တရုတ်
ကွန်မြူနစ်တို့ ပြည်မမှဆုတ်ခွာ၍ လာအိုနှင့် မြန်မာနယ်စပ်တွင် တပ်စွဲထားသောအချိန်
ဖြစ်သည်၊၊ ထို့ကြောင့် ၁၉၆၀ တွင် အပေးအယူတစ်ခုပြုလုပ်ခဲ့ရသည်၊၊ ၎င်းမှာ မြန်မာ
ပိုင် ဖီးမော်၊ ဂမ်လမ်၊ ကန်ဖန် ဒေသ (စတုရန်းမိုင် ၁၃၂) ကို တရုတ်ထံသို့ တရားဝင်
လွှဲပြောင်း ပေးခဲ့သည်၊၊ ယခင် တရုတ်နှင့် ဗမာ နှစ်နိုင်ငံကြား ဒေသအဖြစ်သဘောတူ
ထားသော နမ်ဝါ (စတုရန်းမိုင် ၈၅) ကို မြန်မာတစ်ဦးတည်း ပိုင်အဖြစ်သတ်မှတ်သည်၊၊
__________________________________
ကိုးကား -
international boundary study #42
Novermber 30, 1964
Burma-China Boundary
The Geographer
Office of the Geographer
Bureau of Intelligence and Research

သတိ ! အ မှိုက် များ ကို ရေ ထဲ သို့ ရောက် အောင် ပစ် ကျ ပါ ရန်

သက်သေထွက်ဆိုစဉ်တပ်ကြပ်ကြီးနှလုံးရပ်

ပေးပို့-KKT

ပေးစာရေးသူတရားစွဲခံရ

ပေးပို့-KKT

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်


Saturday, 31 August 2013 03:29


ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

http://news-eleven.com

မ.....(၁၆) နှစ်သည် အရက်သောက်၊ ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်၊ ရဲတစ်ဦး အဓမ္မပြုကျင့်၊အပြန်အလှန် ရိုက်နှက်မှုဖြစ်၊



 လှိုင်သာယာတွင် အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ ရဲတစ်ဦးပါဝင်သည့် အဖွဲ့နှင့် ဆိုင်ကယ်ကယ်ရီသမား အဖွဲ့တို့ အပြန်အလှန် ရိုက်နှက်မှုဖြစ်ပွား

 Monday, 02 September 2013 06:46

အခင်းဖြစ်ပွားခဲ့သော ရဲကင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်တစ်ဦးပါ ရဲတပ်သားနှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားပါ ငါးဦးတို့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းနေ မ.....(၁၆) နှစ်သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံသို့သွားရန် ဆိုင်ကယ်ကယ်ရီမောင်းသူ ကုလား (ခ) သန်းဝင်းအောင်၏ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း သိရသည်။

"အိမ်ပေါ်ကနေ ယောက်ျားနဲ့ စကားများပြီးတော့ တညင်းကုန်းလမ်းဆုံကို ဆိုင်ကယ်ငှားတယ်။ ဆိုင်ကယ်ကို ရွှေပြည်သာတံတား အရောက်မှာ ရဲတစ်ယောက်ကတားပြီး ဓာတ်မီးဝယ်ဖို့ အကူညီတောင်းတယ်။ ဆိုင်ကယ်ကလည်း အဲဒီအချိန်မှာ စက်နှိုးလို့ မရတော့ဘူး။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်မောင်းတဲ့သူတို့ ဆိုင်ကယ်ပျက်တဲ့ ကိစ္စနဲ့ စကားများပြီး ရဲကသစ်သားပြားနဲ့ ရိုက်ခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ သူကလည်း ဆိုင်ကယ်တွန်းပြီး ပြန်သွားတယ်" ဟု မ.....က စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ထို့နေ့တွင် မ.....မှာ အရက်သောက်ပြီး အနည်းငယ်မူးနေကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ထွက်သွားပြီးနောက် မ.......မှ တစ်ဦးတည်း ရဲကင်းတွင် ကျန်ခဲ့ကာ ရေဆာသဖြင့် ရဲကင်းထဲဝင်ကာ ဒုတပ်ကြပ်ဖြစ်သူ ၀င်းဌေးဆီမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် မ.....အား ဒုတပ်ကြပ် ၀င်းဌေးမှ ရဲကင်းအောက်ထပ်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

မ.....အား အဓမ္မပြုကျင့်နေစဉ် မ.....ကို တင်ဆောင်လာသော ဆိုင်ကယ်ကယ်ရီးသမား ပါဝင်သည့် အဖွဲ့တို့ ရောက်လာသံ ကြားရကြောင်း၊ အဓမ္မပြုကျင့်သူ ရဲဒုတပ်ကြပ်နှင့်ရဲနှစ်ဦး ထွက်သွားပြီး စကားပြောဆိုသံများ ကြားရပြီး အပြန်အလှန်ရိုက်နှက်သံများ ကြားရကြောင်း မ.....က ပြောကြားသည်။

၎င်းဖြစ်စဉ်ကြောင့် ကယ်ရီသမားပါ ငါးဦးအား လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ထို့အပြင် အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ် ဌေးဝင်းအား (ပ) ၉၈၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်ရဲတပ်သားနှစ်ဦးအား မြို့နယ်ရဲစခန်းသုံးခုမှ တာဝန်ရှိသူများ ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
http://news-eleven.com