Tuesday, September 3, 2013

ဆီးရီးယားတိုက်ခိုက်မှု ပြင်သစ် အစီရင်ခံစာထုတ်



 3 စက်တင်ဘာလ 2013 - 02:31 GMT

ဓါတုပစ္စည်းသုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ပြင်သစ် အစိုးရ အစီရင်ခံစာပြီးခဲ့တဲ့ လတုန်းက ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာ အစိုးရက ဓါတုပစ္စည်းတွေ အများအပြား သုံးစွဲ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သူတို့ စုံစမ်း ထောက်လှမ်းထားတဲ့ အစီရင်ခံ တရပ်ကို ပြင်သစ် အစိုးရ ထုတ်ပြန်လိုက်ပါတယ်။အခင်းဖြစ်တဲ့ နေရာက ဒုံးကျည်တွေကို ကျွမ်းကျင်သူတွေက စစ်ဆေးကြည့်တဲ့အခါ ဓါတု ပစ္စည်းတွေ သုံးထားကြောင်း တွေ့ရတယ်လို့ ပြင်သစ် အစိုးရက ပြောပါတယ်။

ဓါတုပစ္စည်းသုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ပြင်သစ် အစိုးရ အစီရင်ခံစာ

သြဂုတ်လ ၂၁ ရက်နေ့တုန်း ဆီးရီးယား အစိုးရရဲ့ တိုက်ခိုက်မှု အပေါ် အခြေခံပြီး ပြင်သစ် အစိုးရက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ဆီးရီးယားမှာ အစိုးရက ဓါတုပစ္စည်းသုံး တိုက်ခိုက်ခဲ့တဲ့ နေရာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ နောက်ကျမှ ရောက်လာအောင် အချိန်ဆွဲ ထားခဲ့ပြီး အထောက်အထားတွေ ဖျောက်ပစ်ဖို့ အခင်းဖြစ်ခဲ့တဲ့ ဒေသကို အစိုးရက ဗုံးကြဲခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ဆီးရီးယားမှာ သမ္မတ အာဆတ်ရဲ့ အုပ်ချုပ်မှုကို ပြောင်းသင့်ပြီလို့လည်း အဲဒီ အစီရင်ခံစာမှာ ရေးသားတားပါတယ်။ဒီအစီရင်ခံစာကို ပါလီမန် အမတ်တွေဆီ ဝန်ကြီးချုပ် ရှမာခေရိုး က တင်ပြခဲ့ပြီး ဆီးရီးယား အစိုးရက ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့မှု အပေါ် ပြင်သစ် အစိုးရ အနေနဲ့ အရေးမယူဘဲနဲ့ နေလို့ မရတော့တဲ့ အနေအထား ဖြစ်နေပြီလို့ သူက ထပ်လောင်း အတည်ပြု ပြောခဲ့ပါတယ်။ဒါ့အပြင် ဆီးရီးယားက အကြမ်းဖက်မှုတွေဟာ တိုင်းပြည်မှာ လူမျိုးတုံး သတ်ဖြတ်တဲ့ အခြေအနေ ထိရောက်အောင် တွန်းပို့ပေးနေတယ်လို့ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအရာရှိ က ပြောပါတယ်။ဆွန်နီ ၊ အယ်လ်ဝိုက် ဒါမှမဟုတ် ခရစ်ယာန် ဘာသာရေး အဖွဲ့အလိုက် ရွာတွေက လူတွေဟာ အကြီးအကျယ် လှုပ်ရှားမှုတွေ လုပ်နေကြပြီး ဂိုဏ်းဂဏ္ဍဍစွဲ ဝါဒ ပြင်းထန်လာတာ ကလည်း ကြောက်မက်ဖွယ် ကောင်းတယ်လို့ ဘီဘီစီကို Mokhtar Lamani က ဆိုပါတယ်။သမ္မတ အာဆတ်ရဲ့ လူနည်းစု အယ်လ်ဝိုက် အုပ်စုဟာ အများဆုံး အန္တရာယ်ပေး ခြိမ်းခြောက်ခံ နေရပြီး ခရစ်ယာန်တွေကလည်း ပစ်မှတ်ထား ခံရတဲ့ အထဲမှာ ပါတယ်လို့ သူက ပြောပါတယ်။ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကတော့ အနောက်နိုင်ငံတွေက သူတို့ကို တိုက်ခိုက်လာရင် ဒေသတွင်းမှာ စစ်မီးရှို့လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ပြင်သစ် သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ သတိပေးလိုက်ပါတယ်။ပြင်သစ်အနေနဲ့ အခုလို စစ်ရေး အရ အရေးယူမှုတွေမှာ ဝင်ပါခဲ့ရင် ဂယက်ရိုတ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဆီးနိတ် လွှတ်တော် အမတ် ဂျွန်မက်ကိန်း
ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ကို ဦးဆောင် အားပေးကြတဲ့ ဆီးနိတ်အမတ်တွေ ဖြစ်တဲ့ John McCain နဲ့ Lindsey Graham တို့ဟာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။သမ္မတ အနေနဲ့ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြောပြီးတဲ့ ကိစ္စကို ကွန်ဂရက်လွှတ်တော်က ပယ်ချခဲ့ရင် အမေရိကန် အပေါ် လူအများယုံကြည် လေးစားမှု အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်လို့ လာမယ့် သီတင်းပတ်မှာ ကွန်ဂရက်မှာ ဒီကိစ္စကို ဆွေးနွေးမှု မလုပ်ခင် ဆီးနိတ်အမတ် မက်ကိန်းက ပြောကြားလိုက်ပါတယ်။
bbc.co.uk

ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား သိန်းရာနှင့်ချီ၍ ၀ယ်ယူမည်ဟုဆို



===============================
ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ် စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန် ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြား ခဲ့တယ်လို့ သိရသည်။
မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။
ဝယ်ယူရတဲ့ အကြောင်းရင်းက Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့် ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။


မြန်မာ့ရောင်စဉ်

မလေးရှားတွင် အဖမ်းခံ မြန်မာ ၅၀၀ ကျော်သွားပြီ




(နိရဉ္စရာ- ၃ စက်တင်္ဘာ ၂၀၁၃)

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့ တနင်္လာနေ့ ညနေထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၅၅၅ ဦးရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြား အလုပ်သမားများထဲတွင် မြန်မာမှာ ဒုတိယ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ  ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ  ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။

ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။

narinjara.com

ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ




(နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃)


ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန်သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ (၇) ဦးထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။

သူတို့အား စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ အ၀င် နာရေး ကူညီမူ အသင်း ရုံးအဆောက်အအုံရှေ့သို့ မရောက်မီ လမ်းကွေ့တွင် ဖမ်းဆီးမိသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

“ ဖြစ်ပုံက ဒီလိုဗျ။ သူတို့က မှန်လုံကား တစ်စီးနဲ့ ကျောက်တော်ကနေ မြောက်ဦးကို ၀င်လာတယ်။ မြောက်ဦး အ၀င်မှာ သူတို့စီးလာတဲ့ကားကို ရှာဖွေရေး ရဲတပ်ဖွဲ့က တားတော့ မတန့်ဘဲ ထွက်ပြေးတယ်။ ရှေ့နည်းနည်း ရောက်တော့ ကားသမားတွေက အဲဒီ ဘင်္ဂလီ လူမျိုး ၇ ဦးကို ကားပေါ်က ချထားခဲ့ပြီး ထွက်ပြေးသွားတယ်။ အနီးအနားရွာသားတွေက အဲဒီ ဘင်္ဂလီ ၇ ဦးကို ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးစလုံးမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကဟု သိရသည်။

သူတို့အား ရန်ကုန်သို့ ငွေကြေးယူပြီး ပို့ဆောင်သူမှာ မြန်မာ အမျိုးသား သုံးဦးဖြစ်ပြီး တစ်ဦးမှာ ရခိုင်၊ နှစ်ဦးမှာ ဗမာ အမျိုးသားများ ဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။

ယခုအချိန်ထိ ထွက်ပြေးသွားသူများနှင့် မှန်လုံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးကို မြောက်ဦးမြို့ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။
- See more at: http://www.narinjara.com/burmese/?p=6801#sthash.CAtbD3PZ.dpuf

မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦး ရဲလက်က ထွက်ပြေး လွှတ်မြောက်




(နိရဉ္စရာ- ၃ စက်တင်္ဘာ ၂၀၁၃)
မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် (၆) ဦးကို ဆားပြင်ကျောင်းအရောက်တွင် တွေ့ရစဉ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မသင်္ကာဖွယ်ရာ သင်္ကန်းဝတ်ထားသူ ၆ ဦးသည် ရဲလက်မှ တဆင့် ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းသင်္ကန်းဝတ် (၆) ဦးသည် လွန်ခဲ့သောလ ၀ါတွင်းကာလ အတွင်း တောင်ကုတ်မြို့နယ်သို့ အလှူခံ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ အနှံ့သွားရောက်ကာ အလှူခံခဲ့ကြသည်ဟု သိရသည်။

သြဂတ်စ်လ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိလာရာ ကျောင်းထိုင် ဆရာတော်မှ သံဃာများ ကိုင်ဆောင်သည့် သံဃာ့အသင်းဝင် ကဒ်ပြားအား စစ်ဆေးရာ သူတို့ ကိုင်ဆောင် ထားသော သံဃာ့ စိစစ်ရေး ကဒ်ပြားတွင် တရားဝင် ဆီးလ် တံဆိပ် များ ရိုက်နှိပ်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။


သင်္ကန်းဝတ် (၆) ဦး၏ အလှူခံ ကားအားတွေ့ရစဉ်။

သို့အတွက် ဆားပြင် ကျောင်းထိုင်ဆရာတော်မှ သင်္ကာမကင်း ဖြစ်သဖြင့် အနီးအနားရှိ လမူးရဲစခန်း စခန်းမှူးကို ခေါ်ယူပြီး မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးကို  စစ်ဆေးရန် အပ်နှံလိုက်သည်ဟု သိရသည်။

စခန်းမှူးနှင့် ရဲတပ်သား အချို့သည် ၎င်းသင်္ကန်းဝတ် ၆ ဦးအား စစ်ဆေးရန် တောင်ကုတ်မြို့သို့ ခေါ်ယူသွားရာ တောင်ကုတ် အရောက်တွင် ၎င်း ၆ ဦးသည် ရဲလက်မှ ထွက်ပြေး လွှတ်မြောက်သွားကြသည်ဟု သိရသည်။

မျက်မြင်များ အပြောရ အဆိုပါ သင်္ကန်းဝတ်များသည် ရခိုင်ရိုးမပေါ်သို့ သူတို့တွင် ပါလာသော အလှူခံ ကားဖြင့် ထွက်ပြေး သွားကြသည်ဟု ဆိုသည်။

သူတို့ ထွက်ပြေးသွားရာ ရခိုင်ရိုးမပေါ် ရှိ ပန်းတောင်း- တောင်ကုတ်လမ်းတွင် စစ်ဆေးရေးဂိတ်များ ထူထပ်စွာ ချထားသော်လည်း ယအခုအချိန်ထိ မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးနှင့် အလှူခံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ပြည်သူများ အနေဖြင့် အထူး အံ့သြနေကြသည်ဟု သိရသည်။

 See more at: http://www.narinjara.com/burmese/?p=6812#sthash.jJ1oGWVC.dpuf

ဦးရဲထွဋ်နဲ့ဒီမိုဖက်တီးတို့အလံလုပွဲ


ဒီမို ဖက်တီး
စက်တင်ဘာလ ၁ ရက်နေ့မှာ သမ္မတရဲ့ ယာတောအိမ်ကို သွားရောက်တွေ့ဆုံတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) မှ သတင်းလောက တိုးတက်ရာ တိုးတက်ကြောင်းများ ပြုလုပ်နိုင်ရန် သမ္မတ ဦးသိန်းစိန်က သိန်း ၅၀၀ ပုဂ္ဂိုလ်အရ လှူဒါန်းကြောင်း ယနေ့ ဖိုးသောကြာ၏ ရွှေနိုင်ငံသစ် သတင်းစာမှာ ဖော်ပြထားပါတယ် ။



ဒီမို ဖက်တီး
နိုင်ငံဘတ်ဂျက် ပြည်သူ့ဘဏ္ဍ ထဲက ပေးတယ်ဆိုလည်း ပြီးတာပဲ ။ လှူဒါန်းတယ်ဆိုတဲ့ စာသားကိုတော့ မသုံးနဲ့ပေါ့ ။
ပုဂ္ဂိုလ်အရ ဆိုတဲ့ ဝေါဟာရကတော့ ဒီနေ့ အသစ်တိုးတာပဲ ။
အဘ ဖိုးသောကြာရဲ့ ရွှေနိုင်ငံသတင်းစာ ရှင်းပေါ့ ။
အဘ ဖိုးသောကြာဆိုတာလည်း အသက် ၉၀ နားနီးပါပြီ ။
ပုတီးမကိုင်ချင်လို့ ကလောင်ကိုင်ထားတဲ့ ဆရာကြီးပါ ။

ကျနော်တို့က အရပ်သား အညတရ စာဖတ်သူတွေပါ ။


ဒီမို ဖက်တီး
ကိုကျော်မင်းဆွေရဲ့ ပို့စ်မှာ ကျနော် ဦးရဲထွဋ်ကို တုံ့ပြန်ခဲ့တာလေးပါ
=====================================

ဦးရဲထွဋ် လေးစားရင် နောက်တစ်ခါဆို ရုံးခန်းကို လူလွတ်ပြီး လှူခိုင်းပါ ။ အခုလည်း လှူတာ မလှူတာကို ဘာမှ မပြောဘူး ။ လှူပုံ လှူနည်းကိုပဲ ပြောတာ ။

နောက် ရွှေနိုင်ငံမှာ ရေးထား တဲ့ ခေါင်းကြီးကိုလည်း ဖတ်လိုက်ပါအုံး ။ "ပုဂ္ဂိုလ်အရ" ဆိုတာလေး ကို .... ။ ဖတ်ပြီးမှ ပြန်လာပြော ။

ဘာလဲ အခု ကျနော်ပြောလိုက်တာ စာနယ်ဇင်းကောင်စီရဲ့ ကားပိန်သွားလို့လား ၊ မှန်ကွဲသွားလို့လား
လွှတ်တော်က သမ္မတ လိုရာသုံးဖို့ သီးသန့် ဘတ်ဂျက် ဘယ်လောက် ပေးထားသလဲ ။
သိန်း ၅ ထောင်လား ၊ သိန်း ၅ သောင်းလား ၊ သိန်း ၅ သိန်းလား


Aung Shin

ငွေလုံးငွေရင်းသုံးငွေ ၂၆၃၆၆ ဒသမ ၁၉၈ ကျပ်သန်းနဲ့ ထောက်ပံ့ငွေ ၇၄၇ ဒသမ ၈၇၁ ကျပ်သန်း စုစုပေါင်း ကျပ်သန်းပေါင်း သုံးသောင်း ခုနှစ်ထောင် လေးရာ သုံးဆယ့် ငါးသိန်း - သိန်းပေါင်း သုံးသိန်းကျော် (၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ)


Kyaw Min Swe

စာနယ်ဇင်းကောင်စီ မတည်ရံပုံငွေအတွက် သမ္မတကြီးက နိုင်ငံတော် ဘတ်ဂျက်ထဲက သိန်း၅၀၀ လှူဒါန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တခြားသူတွေက ဘာမှမပြောဘူး။ သတင်းမီဒီယာလောကထဲက တချို့နဲ့ ထုံးစံအတိုင်း “ထာက်ကွက်ကိုရှာ” နေပြီး ကျားချောင်းသလိုချောင်းနေတဲ့ မီဒီယာကို မီဒီယာနဲ့တိုက် အုပ်စုက သို့လော သို့လော ပြောနေကြတယ်။
ကျနော့်အနေနဲ့တော့ ဝေဖန်မှုကို ကြိုဆိုတယ်။ ဒါပေမယ့် ဝေဖန်သူအနေနဲ့ ကိုယ်ဝေဖန်မယ့် အကြောင်းအရာကို သေချာ သိဖို့တော့ လိုမယ်ထင်တယ်။
စာနယ်ဇင်းကောင်စီဆိုတာ ဘာလဲ၊ ဘာအလုပ်လုပ်သလဲ၊ ဘယ်လို စတည်ထောင်ထားသလဲ၊ ဘယ်လို ရပ်တည်နေသလဲ၊ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ စတဲ့ အချက်တွေကို အရင်သိဖို့လိုမယ်။ နောက်တစ်ဆင့်ကတော့ တခြားနိုင်ငံတွေက စာနယ်ဇင်းကောင်စီတွေကော ဘယ်လိုရှိသလဲ၊ ဘယ်လိုရပ်တည်သလဲဆိုတာ လေ့လာကြည့်ဖို့လိုမယ်။
ကျနော်တို့ ကောင်စီထူထောင်စက ရုံးခန်းမရှိဘူး။ အစည်းအဝေးလုပ်စရာ နေရာမရှိဘူး။ မရှိလို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တချို့မှာ ဈေးသက်သာအောင် ပြောဆိုပြီး အလုပ်လုပ်ခဲ့ကြရတာ။ လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် ကောင်စီဝင်တွေကပဲ စိုက်ထုတ် လှူဒါန်းခဲ့ကြတာ။ ထူထောင်ခါစမှာ ပြန်ကြားရေးဝန်ကြီးဌာနက ရုံးခန်း၊ ရုံးသုံးပစ္စည်းနဲ့ ရုံးဝန်ထမ်းတွေ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ဘူး။ ဘာအလုပ်မှ အကောင်အထည်မပေါ်သေးခင် အဲဒီအကူအညီယူလိုက်ရင် ဝေဖန်ပြောဆိုမှုတွေခံရနိုင်တဲ့အတွက်ကော ကောင်စီအနေနဲ့ အမှီအခိုကင်းကင်း လွတ်လွတ်လပ်လပ် ရှိချင်တဲ့အတွက်ပါ ငြင်းခဲ့တာ။
တကယ်တော့ နိုင်ငံတကာမှ ရှိတဲ့ စာနယ်ဇင်းကောင်စီတွေအားလုံးလိုလို အစိုးရဘတ်ဂျက် သို့မဟုတ် လွှတ်တော်က ခွဲဝေပေးတဲ့ ဘတ်ဂျက်ထဲကနေ မတည်ရံပုံငွေရယူပြီး အလုပ်လုပ်ကြတာချည်း။ လက်ရှိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေ၊ ကောင်စီတွေလည်း ဒီအတိုင်းပဲ။ ကောင်စီဝင်တွေက လစာမယူဘူး။ ကောင်စီလုပ်ငန်းလည်ပတ်ဖို့အတွက် အသုံးစရိတ်ကိုပဲ မတည်ရံပုံငွေကနေ သုံးတာ။ ကျနော်တို့ ကောင်စီစထောင်တော့ ရံပုံငွေမရှိတဲ့အတွက် အလှူငွေထည့်ဝင်ကြဖို့ ကျနော် မကြာခဏ ဆော်သြပါတယ်။ ကောင်စီဝင်တွေကလွဲလို့ ဘယ်မီဒီယာမှ မလှူခဲ့ကြဘူး။ အခု တစ်နှစ်သက်တမ်းပြည့်ခါနီးအချိန်အထိ ထွန်းဖောင်ဒေးရှင်းနဲ့ စီဘီဘဏ်ဖောင်ဒေးရှင်း နှစ်ခုကပဲ သိန်း ၃၀ လှူဖူးတယ်။ ကျန်တာအားလုံး ကောင်စီဝင်တွေ စိုက်ထုတ်လှူဒါန်းငွေချည်း။ ယုဇနတာဝါက လက်ရှိရုံးခန်းငှားခ တစ်လ ၉သိန်းကို တစ်နှစ်စာ မပေးနိုင်လို့ ခြောက်လစီ ခွဲယူဖို့ တောင်းတောင်းပန်ပန် ပြောရတယ်။ ဝန်ထမ်း ၄ယောက်လစာ၊ ကွန်ပျူတာ၊ ပရင်တာ၊ ကော်ပီကူးစက်၊ ရုံး ပရိဘောဂ၊ အစည်းအဝေး စားပွဲ ကုလားထိုင်၊ လေအေးပေးစက်၊ သတင်းစာရှင်းလင်းပွဲ ကုန်ကျစရိတ်၊ စာရွက်စာတမ်းဘိုး အဲဒီကုန်ကျစရိတ်တွေ အားလုံးနေ့စဉ်၊ လစဉ် စာရင်း၊ ဇယားနဲ့ မှတ်တမ်းတင်ထားတယ်။ ကောင်စီအသစ်ကို ရွေးကောက်တင်မြှောက်ပြီး တာဝန်လွှဲအပ်တဲ့အခါ အားလုံး တိတိကျကျ စာရင်းရှင်းတမ်းနဲ့တကွ လွှဲမှာ။
ပြောချင်တာက ကျနော်တို့အားလုံး ကိုယ်ပိုင် ဝင်ငွေရှိတဲ့ အလုပ်တွေပစ်ပြီး အများအကျိုးအတွက်၊ သတင်းလောကအကျိုးအတွက် ကောင်စီမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ပေးနေကြတာ။ သတင်းမီဒီယာဥပဒေကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်ကို စုစုပေါင်း လေးခေါက်သွားရတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေအားလုံးကို သွားတဲ့ ကောင်စီဝင်တွေကပဲ စိုက်ထုတ်ကျခံကြရတယ်။ တည်းခိုစရိတ်ကိုတော့ ဥက္ကဋ္ဌကြီးရဲ့သားမက် ဟိုတယ်က မေတ္တာနဲ့ တည်းခွင့်ပြုလို့ သက်သာတာ။ ကျနော်တို့ တစ်နှစ်တာအတွင်း လုပ်ခဲ့တာတွေအားလုံးကို ပြန်ကြည့်ပါ။ ကျနော်တို့ ဘယ်လိုရပ်တည်ပြီး ဘယ်လောက် အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာ။ အဲဒါတွေအားလုံးကို မညီးမညူ ပဲ တာဝန်သိစိတ်နဲ့ အလုပ်လုပ်ပေးခဲ့တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတကြီးနဲ့ ဆုံတုန်း ကောင်စီရဲ့ ရံပုံငွေအခြေအနေကို ပြောပြတော့ သမ္မတကြီးက စိတ်မကောင်းဖြစ်သွားပြီး သူ့ဘာသာ ဆုံးဖြတ်ပြီး မတည်ရံပုံငွေ ထူထောင်ပေးတာ။ မတည်ရံပုံငွေဆိုတာ နှစ်စဉ် ခွဲဝေပေးတဲ့ ဘတ်ဂျက်မဟုတ်ဘူး။ တစ်ခါတည်း မတည်ပေးလိုက်တာ။ ဒီအတွက်လည်း ကောင်စီက ဆွဲထားတဲ့ သတင်းမီဒီယာဥပဒေထဲမှာ အသစ်ပေါ်လာမယ့် သတင်းမီဒီယာကောင်စီအတွက် ဘယ်လို ရံပုံငွေရယူမယ်ဆိုတာ ထည့်ထားတယ်။ ကျနော်တို့ က ဒီလ ၁၇ရက်နေ့ဆို ကောင်စီသက်တမ်းကုန်ပြီ။ လုပ်ငန်းတာဝန်လေးတွေ ပြီးတာနဲ့ နောက်ကောင်စီကို အားလုံးလွှဲအပ်ပေးမှာ။ သိန်း ၅၀၀ လက်ခံလိုက်တဲ့အတွက် ကောင်စီက သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ စည်းရုံးသိမ်းသွင်းတာ ခံလိုက်ရပြီလား၊ အဲဒီငွေတွေက မများဘူးလား၊ ဘယ်နေရာမှာ သုံးမှာလဲ၊ ဘာ့ကြောင့် လက်ခံလိုက်တာလဲ ဆိုတဲ့ မေးခွန်းတွေ၊ ရိသဲ့သဲ့ ခနဲ့တဲ့တဲ့ မှတ်ချက်စကားတွေ အွန်လိုင်းဆိုရှယ် မီဒီယာတွေမှာ တက်လာတယ်။
သေချာတာကတော့ အဲဒီ သိန်း၅၀၀ လောက်နဲ့ ကျနော်တို့ကောင်စီ သိက္ခာကျစရာ အကြောင်းမရှိဘူးဆိုတာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ကိစ္စတွေ အားလုံးအတွက် ကျနော်တို့ လိပ်ပြာသန့်တယ်။ ယုံကြည်မှုအပြည့်ရှိတယ်။ နောက် ကောင်စီပေါ်လာရင် အားလုံးကို စိတ်ရှင်းရှင်းနဲ့ လွှဲပေးမယ်။ အစိုးရဆီက သိန်း၅၀၀ ဆိုတာကို သူ့လူ၊ ငါ့လူ၊ ရန် ငါစည်းခြားတဲ့ အမြင်နဲ့ သိပ်မကြည့်ကြဖို့တော့ ကျနော် မေတ္တာရပ်ခံချင်တယ်။ အစိုးရငွေဆိုတာ ဘယ်သူ့ငွေလဲလို့ မေးကြည့်ကြပါ။ အစိုးရငွေဆိုတာ ပြည်သူ့ဘဏ္ဍာမဟုတ်ဘူးလား။ ပြည်သူ့ဘဏ္ဍာကို ဘာမှ ဟုတ်တိပတ်တိ မလုပ်တဲ့သူတွေက သုံးပြီး ကိုယ်ကျိုးရှာတာမဟုတ်ဘူး။ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ သတင်းသိခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ကိုယ်စားပြုမယ့် သတင်းမီဒီယာဥပဒေထွက်ဖို့ အလုပ်လုပ်နေတဲ့ ကောင်စီက စနစ်တကျ သုံးမှာ။ နောင်မှာ သတင်းမီဒီယာလောက ဖွံ့ဖြိုးဖို့၊ ပြည်သူရဲ့သတင်းသိခွင့်ကို ဖြည့်ဆည်းပေးနေတဲ့ သတင်းသမားတွေ အရည်အချင်းမြင့်မားဖို့၊ ကျင့်ဝတ်စံနှုန်းတွေ လေးစားလိုက်နာဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အများကြီး လုပ်ရအုံးမှာ။ အဲဒီအတွက် လိုအပ်တဲ့ အသုံးစရိတ်ကို ပြည်သူ့ဘဏ္ဍာငွေက ကျခံသုံးစွဲတာ ဘာဆန်းလို့လဲ။ နောက်ပြီး အစိုးရတစ်ရပ်က စာနယ်ဇင်းလောက ဖွံ့ဖြိုးဖို့အတွက် ပြည်သူ့ဘဏ္ဍာငွေထဲက မတည်ပေးတာ ကောင်းတဲ့ လုပ်ရပ်မဟုတ်ဘူးလား။ ကောင်းတဲ့ဖက်ကလည်း လှည့်တွေးကြပါအုံး။ အဲဒီအတွက် အမနာပ ပြောသူ၊ အဆိုးမြင်နဲ့ဝေဖန်သူရှိရင် အဲဒီလူတွေအတွက် စိတ်မကောင်းဘူး။
ကျနော်တို့အားလုံး ကိုယ့်သမိုင်းမှတ်တမ်းကို ကိုယ့်ဘာသာ ပြုစုနေကြတာ။ စာနယ်ဇင်းကောင်စီကလည်း ကောင်စီရဲ့သမိုင်းကို ရေးနေတာ။ ကျနော် ကြံစည်တွေးခေါ်စိတ်ကူး၊ ပြောဆိုရေးသားတာတွေက ကိုယ့်သဘောကိုယ်ဆောင်တယ်၊ ကောင်စီလည်းဒီလိုပဲ၊ အဆိုးမြင်စိတ်နဲ့ ဖြစ်ဖြစ် အပြုသဘောစိတ်နဲ့ ဖြစ်ဖြစ် ဝေဖန် မှတ်ချက်ပေးတဲ့သူတွေလည်း ဒီလိုပဲ သူ့သဘောသူဆောင်တယ်။ ကိုယ့် သမိုင်း ကိုယ်ရေးတယ်။ အဲဒီ သိန်း၅၀၀ ကို လက်မခံစေချင်ရင် နောက်တက်လာမယ့် ကောင်စီအတွက် လက်မခံစေချင်တဲ့သူတွေက အလှူငွေ ဝိုင်းဝန်း ထည့်ဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ လက်ရှိ ကောင်စီက မီဒီယာလောကအတွက် လုပ်နေတဲ့ လုပ်ငန်းတွေမှာကော ကျနော်တို့ ခင်ဗျားတို့ လူအား၊ စိတ်အား၊ ငွေအား ဘယ်လောက် ကူညီပြီးကြပြီလဲ။
ကျနော်အခုလို ပြောရတာက မရှင်းမလင်းဖြစ်နေတဲ့သူတွေ တတ်နိုင်သလောက် ရှင်းလင်းသွားအောင်ပါ။ ဘယ်သူ့ကိုမှ အပြစ်တင်လိုတဲ့သဘော မပါဘူးဆိုတာကိုတော့ သိစေချင်တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ဝန်ကြီးကရေတိမ်နှစ်မှာစိုးလို့



မယ် ပိုး

တို့ဆီက အုပ်ချုပ်သူလူကြီးမင်းများ သိပ်တော်တာ.. သူများတွေ အမှားကနေ ကောင်းကောင်း သင်ခန်းစာ ယူတတ်ကြတယ်..

ထိုင်းမှာ ရေကြီးတုန်းက ရေဘေးဒုက္ခသည်တွေကြား ယင်လပ်ခမျာ ကမ္ဘာကျော် Branded Burberry ဖိနပ်ကြီး စီးသွားလို့ အပြောခံခဲ့ရတဲ့အမှားမျိုးကို သူတို့ လုံးဝထပ်မကျူးလွန်ကြဘူး..

ပုံကို သေချာကြည့်လိုက်စမ်းပါ.. ဝန်ကြီးချုပ်ခမျာ ကမန်းကတန်းလာရတာ ဖိနပ်တောင် မပါရှာဘူး..

သူ့ခမျာ ကျွတ်တွယ်မှာစိုးလို့ လှေပေါ်တက်နေတာလေး တစ်ခုတင်ကိုလို့..

ဝိုင်းပြီး အပြစ်မြင်ချင်နေကြတယ်.. လူတွေများ တယ်ခက်..
အလောင်းစည်သူမင်းကြီးတုန်းကတော့ ရေဘယ်လောက်နက်လို့ ဖောင်တော်နဲ့ တိုင်းခန်းလှည့်လည်လည်း မသိဘူး..
အခုခေတ် ဟံသာဝတီတိုင်းရဲ့ ဝန်ကြီးချုပ်ကတော့ ဒူးခေါင်းတောင် ကောင်းကောင်းမမြှပ်ချင်တဲ့ရေတော်မှာ လှေတော်နဲ့ တိုင်းခန်းလှည့်လည်သွားလေရဲ့..
၂၀၁၅မှာ မဲတွေ တစ်လှေကြီး ရအောင်လို့များ တမင်လှေစီးရင်း ယတြာခြေလိုက်တာလားမသိဘူး..