Wednesday, September 4, 2013

ကျောက်တော် ဆန္ဒပြခေါင်းဆောင်လေးဦးအား စစ်တွေရဲစခန်းတွင် တစ်ညသိပ်


Coral Arakan News

==========================

စစ်တွေ ၊ ၀၅ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခြင်းမပြုဘဲ အိမ်ပိုင်မြေပိုင် ဆောက်လုပ်ခြင်းမပြုရန် ဆန္ဒပြခြင်းကို မတ်လအတွင်းက ဦးဆောင်ခဲ့သဖြင့် ယမန်နေ့က ထောင်ဒဏ် သုံးလ ချမှတ်ခြင်းခံခဲ့ရသော ခေါင်းဆောင်သူလေးဦးအား ကျောက်တော်မြို့မှ ညနေ ငါးနာရီခွဲကျော်တွင် ကားဖြင့် ခေါ်ဆောင်လာခဲ့ရာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ ယမန်နေ့ ညနေ ရှစ်နာရီ လေးဆယ့်ငါးမိနစ်တွင် ရောက်ရှိသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) မှ ဗဟိုကော်မတီဝင် ဦးကျော်ဇောဦး၊ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးစောငြိမ်း နှင့် RNDP မှ အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့ဝင်များက စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ချက်ချင်း ရောက်ရှိလာကြပြီး အကျဉ်းကျခံ လေးဦးအားလာရောက်တွေ့ဆုံကာ လုပ်ထုံးလုပ်နည်းနှင့် အညီ တာဝန်ရှိသူများက ဆောင်ရွက်ခြင်းရှိမရှိကို လာရောက်စောင့်ကြည့် မေးမြန်းခဲ့ကြ သည်။

ဦးကျော်ဇောဦး နှင့် အဖွဲ့မရောက်ခင်လေးတင်က စခန်းမှူး ရဲအုပ်မျိုးကျော်က ပြစ်ဒဏ်ကျခံ အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်လှမေ နှင့် ဒေါ်တင်တင်အေးတို့အား အချုပ်ခန်းအလွတ်မရှိသည့်အတွက် အခြား အမျိုးသား အချုပ်သားတစ်ဦး နှင့်အတူ အချုပ်ခန်းတစ်ခန်းတည်း တစ်ညအိပ်နိုင်မည်လား ဟု မေးမြန်းခဲ့သည် ဟု ဆိုသည်။

ယင်းကဲ့သို့မေးမြန်းခဲ့ခြင်းသည်ပင်လျှင် ဘောင်ကျော်နေပြီဖြစ်ကြောင်း ဦးကျော်ဇောဦးက သတိပေးကန့်ကွက်ခဲ့ရာ စခန်းမှူး ရဲအုပ်မျိုးကျော်က မိမိက မေးရုံသက်သက်မေးခဲ့ခြင်းသာဖြစ်ပြီး အမျိုးသမီး နှစ်ဦးအား အမျိုးသားအချုပ်ခန်းထဲသို့ အမှန်တကယ် ထည့်ခဲ့ခြင်းမရှိသေး၍ မိမိမှာ အပြစ်မရှိသေးကြောင်း ရဲအုပ်မျိုးကျော်က ချေပခဲ့သည်။

ပြစ်ဒဏ်ကျခံ အမျိုးသမီးများအား အမျိုးသမီး ရဲမေ အစောင့်အရှောက်မပါဘဲ ကားပေါ်တွင် ရဲသားများ နှင့် ကျပ်တည်းစွာ အတူထိုင်ကာ လိုက်ပါလာရခြင်းမှာလည်း ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရာမရောက်ကြောင်း ပြစ်ဒဏ်ကျခံရသူ လေးဦးအနက် တစ်ဦးဖြစ်သည့် ဒေါ်လှမေက ကန့်ကွက်ပြောဆိုခဲ့သည်။

အဆိုပါလေးဦးဖြစ်သည့် ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ နှင့် ဒေါ်တင်တင်အေး တို့အား လက်ရှိချုပ်နှောင်ထားရာ စစ်တွေမြို့မ ရဲစခန်းမှ စစ်တွေအကျဉ်းထောင်သို့ ယနေ့မနက်ပိုင်းတွင် ပို့ဆောင်မည်ဖြစ်သည်။

( Coral Arakan News )

ရာဇာဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်


အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း
 (Shining Silver Stars Group)

ဆီးရီးယားကိုတိုက်ဖို့အိုဘားမားအားဆီးနိတ်ကခွင့်ပြုပြီ



Maung Maung Wann

အမေရိကန်လွှတ်တော်မှ ဆီးရီးယားနိုင်ငံအား စစ်ရေးအရ တိုက်ခိုက်ချေမှုန်း
သွားရန် ဆုံးဖြတ်ချက်ကိုအတည်ပြုလိုက်ပြီဖြစ်သည်၊ လွှတ်တော်မှ ယင်းတိုက်
ခိုက်မှုကို ရက် ( ၉၀ ) သာလျှင် ခွင့်ပြုထားပြီး မြေပြင်တပ်များကို အသုံးပြု
ခွင့်မပေးပါ။

http://www.bbc.co.uk/news/world-us-canada-23967190#FBM281441



ဆီးရီးယားအပေါ် ကုလအရေးယူမှု ရုရှားထောက်ခံဖို့ စဉ်းစားမည်

ဗွီအိုအေ (မြန်မာပိုင်း)
04.09.2013

ဆီးရီးယားအစိုးရတပ်တွေက အရပ်သားတွေအပေါ် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ရင် ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ သူ့အနေနဲ့ မပြောပါဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ သံသယဖြစ်ဖွယ်မရှိ ခိုင်မာတဲ့ အထောက်အထားတွေ ကုလသမဂ္ဂကို တင်ပြသင့်တယ်လို့ AP သတင်းဌာနနဲ့ ရုရှားရုပ်သံသတင်းဌာနတို့ကို သူက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အတည်ပြုချက် မပါဘဲ အမေရိကန်က စစ်ရေးအရ အရေးယူမယ့်အပေါ်ကိုလည်း မစ္စတာ ပူတင် က သတိပေး ပြောဆိုခဲ့ပါတယ်။
S-300 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်အစိတ်အပိုင်းတွေ ဆီးရီးယားနိုင်ငံဆီ ပေးပို့တာကို ဆိုင်းငံ့ထားပြီလို့ မစ္စတာပူတင်က ပြောပေမဲ့လည်း နိုင်ငံတကာ ပြဌာန်းချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ရှိလာမယ်ဆိုရင်တော့ ထပ်စဉ်းစားမယ်လို့ ပြောပါတယ်။
ဒီသီတင်းပတ်အတွင်း ကျင်းပမယ့် အဓိက စီးပွားရေးနိုင်ငံများရဲ့ G-20 ထိပ်သီးအစည်းအဝေးကို St. Petersburg မြို့မှာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ ဆီးရီးယားအရေးဟာ အဲဒီအစည်းအဝေးမှာ ထိပ်တန်းအစီအစဉ်တစ်ခု ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ဆီးရီးယားကို အရေးယူတဲ့နေရာမှာ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေရဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုးစားနေပါတယ်။

မလေးရှားရောက်အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ



မလေးရှားရောက်မြန်မာများ

OPS 6P ယနေ့ သတင်း (အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ)
***********************************************


၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြော်ငြာချက် ကို ယနေ့ Thestar သတင်းစာမှ ဖော်ပြသွားသည် ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသည် ။

အရာရှိ၏ ပြောကြားချက်တွင် ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင် အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအထိ သွားရောက် ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြောင်း ။


အဆိုပါ သူများအား ဖမ်းဆီးရေး သမားများမှ သွားရောက်စီးနင်း ဖမ်းဆီးချိန်တွင် အိုဗာစတေး သမားတစ်ဦးမှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်အားထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ပစ်ရန်ကြံရွယ်ကြောင်း ။

အရာရှိမှ ထိုသူ၏နောက်သို့ ပြေးဝင်ပြီး လက်ထဲမှသေနတ်အား အရယူနိုင်ခဲ့ကြောင်း ။ ယမာန်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည် ။

တစ်ဖန် အရာရှိ အလီယတ်မှ
" ဒါက ကျွန်တော်တို့အတွက် ရှော့ရစေပါတယ် ၊ ပုံမှန်အားဖြင့် ဓားမြှောင် ၊ ဓားမ တွေကိုသာ ပုံမှန်အားဖြင့်ရင်ဆိုင်ရတာပါ ၊ ခုတော့ သေနတ်ပါတွေ့နေရပြီ " ဟုဆိုသည်။

“ကျွန်တောို့မှာ ဒီ့အတွက် အထူးအဖွဲ့ဝင်နဲ့ တိုက်ခိုက်ရေးသမားတွေကိုပါ ပြင်ဆင်ထားပါတယ် ၊ ဒီတစ်ယောက်ကိုတော့ ရဲမှုခင်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်" လို့အရာရှိက ရှင်းလင်းသွားခဲ့သည် ။

OPS 6P အော်ပရေးရှင်းမှာ ယနေ့အထိ တရားမဝင် 2,586ဦသာလျှင် ဖမ်ဆီးရမိထားသေကြောင်း ၊ ယနေ့အထိ အင်ဒိုနီးရှား ၇၇၁ ဦး ၊ မြန်မာ ၅၇၉ ဦး ၊ ဘင်္ဂလားဒေ့ရှ် ၃၈၉ ဦး နှင့် နီပေါ ၂၄၃ ဦး ပါဝင်ကြောင်း ၊ အခြား ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊ ပါကစ်စတန် ၊ ဖိလပိုင် ၊ တရုတ် ၊ နိုင်ဂျီးယီးယား နှင့် ထိုင်းနိုင်ငံသား အနည်းငယ်ပါဝင်ကြောင်း သိရသည် ။

အဆိုပါ ဖမ်းဆီးမှုများထဲမှ အင်ဒိုနီးရှားနိုင်ငံသား တော်တော်များများကို ပြန်ပို့ပြီးခဲ့ပြီဖြစ်ကြောင်း အရာရှိက ပြောသည် ။

ဒါတွတ်အလီယတ်က ဆက်ပြီး ဖမ်းဆီးထားသူများကို ထားစရာ မရှိသည့်အတွက် အစိုးရထံ ယာယီထိမ်းသိမ်းရေးစခန်းများ ဆောက်ပေးရန် အကြောင်းကြားထားပြီး ၊ လူ ၄၀၀၀ စာ ထိမ်းသိမ်းရေး စခန်းကို Selangor နှင့် ကွာလာလမ်ပူတွင် တည်ဆောက်ရန် ပြင်ဆင်ပြီးကြောင်း နှင့် ဆက်လက် ပြီးတိုးလာမည့် အရေအတွက် ရှိပါက ထားနိုင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း Thestar သတင်းစာက ယနေ့ဖော်ပြသွားသည် ။

ထိုသေနတ်ပစ်ရန် ကြံစသည်သည့် အိုဗာစတေးသမားမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကြောင်း ကိုမူ မဖော်ပြသွားခဲ့ပါ ။ နီးစပ်ရာ သတင်းများ အရ မည်သည့်နိုင်ငံသားဖြစ်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အစိုးရမှ တရားဝင်မထုတ်ပြန်သရွေ့ ယခု မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ရေးသားမည်မဟုတ်ပါ ။

ယခု OPS 6P ဖမ်းဆီးမှုအတွက် အလုပ်ရှင်များ ၊ အဖွဲ့အစည်များ ၊ NGO များမှ အစိုးရအား ရပ်ပစ်ရန် ဖိအားများစတင်ပေးထားသော်လည် လဝက အရာရှိ ဒါတွတ်အလီယတ်ကမူ အစိုးရအား ယာယီ ထိမ်းသိမ်းရေးစခန်းဆောက်ရန် အကြောင်းကြားထားပြီးဖြစ် ကြာင်းသိရသည် ။

ထပ်မံပြီး ယမာန်နေ့ည မလေးရှား အလွတ်သတင်းဌာနတစ်ခုဖြစ်တဲ့ မလေးရှား ကီနီ သတင်းစာမျက်တွင်မူ အလုပ်သမားများရဲ့ ဆန္ဒ အတိုင်း ပိုက်ဆံပေးထားပြီး ပါမစ်ထွက်မလာသော ၆P ဟု ရေးသားပေးသွားကြောင်းတွေ့ရပါသည် ။

ဆက်လက်ပြီး ထူးခြားသော သတင်းများ ဆောင်ရန်ရှောင်ရန်များနှင့် မြန်မာနိုင်ငံသားများ သိသင့်သိထိုက်သည်များကို ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများ စာမျက်နှာမှ ဆက်တိုက်ရေးသားပေးသွားမည်ဖြစ်သည် ။

အဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အား ကူညီရန်အတွက် ကျွန်တော်တို့အဖွဲ့ မှ စတင်ငွေစုဆောင်းနေပြီဖြစ်သည် ။ မြန်မာနိုင်ငံသားများ အားလုံးအတွက် ကျွန်တော်တို့ မကူညီနိုင်သော်ငြား ကျွန်တော်တို့ကူညီနိုင်မည့် ကိစ္စ အားလုံးကို တတ်စွမ်းသရွေ့ ကူညီမည် ။

မြန်မာနိုင်ငံသား များတင်မဟုတ်ပဲ မည်သည့်နိုင်ငံသားမဆို ဖမ်းဆီးသည်ကို ကျွန်တော်တို သိပါသည် ။

သို့သော် အဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အတွက် မှန်ကန် သောနည်းလမ်း ၊ အမြတ်အစွန်းမပါသော စီမံမှု့များဖြင့် မိခင်မြန်မာနိုင်ငံသို့ ပြန်ဖို့ စီစဉ်ပေးပါရန် နှင့် မြန်မာအစိုးရ နှင့် မြန်မာသံရုံးအား မိမိနိုင်ငံသားများ အတွက် အရေးတယူ စောင့်ရှောက်ပေးပါရန် ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများမှ လေးစားစွာ မေတ္တာရပ်ခံအပ်သည် ။


www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ

မလေးရှားရောက်မြန်မာများ

OPS 6P ၏ နောက်ဆက်တွဲ သတင်းနှင့် ကြော်ငြာချက်များ
************************************

ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများ FACEBOOK စာမျက်နှာမှ မြန်မာနိုင်ငံသားများအတွက် သိသင့်သိထိုက်သော သတင်းများ၊ ကြော်ငြာချက်များကို အစိုးရထုတ်ပြန်သည့်အတိုင်း အချိန်မှီတင်ဆက်ပေးခဲ့သည့်အလျှောက် ယနေ့ OPS 6P စီမံချက် ၏ တရားမဝင်နိုင်ငံသားများ ဖမ်းဆီးသည့် အခါအတွင်း မလေးရှား လဝက၏ ကြော်ငြာချက်များကို ဆက်လက်ဘာသာပြန်တင်ဆက်ပေးပါသည် ။

ယနေ့ တတိယနေ့တွင် ဖမ်းဆီသည့် အစီအစဉ်များ အရ ကွာလာလမ်ပူ မြန်မာဆိုင်တန်းများအနီး နံနက် ၁၀ နာရီ မှ ၁၁ နာရီ အတွင်း ဖမ်းဆီးမှုစတင်ခဲ့ပြီး အခြားနေရာ များတွင်လည်း တတိယနေ့အဖြစ် ဆက်လက် ဖမ်းဆီးနေဆဲဖြစ်သည် ။

ယခင်ရက်များက ဖမ်းဆီးရရှိသော သူ ၂၃၄၄ ယောက်မှ အိုဗာစတေး ဖြစ်ရသည့် အကြောင်းအရာများကို စစ်ဆေးနေပြီး လိုအပ်သော ကြော်ငြာချက်များကို ထုတ်ပြန်ကြော်ငြာသွားခဲ့သည် ။

ယမာန်နေ့အထိ နေရာ တိုင်းနီးပါး ၂ ရက်ဆက်တိုက် အရှိန်အဟုန်ဖြင့်ဖမ်းဆီးသွားခဲ့ပြီး
ပါမစ်မရှိသူ ၊ ပါမစ်မရှိသူ ၊6P တွင် ပါမစ်လျှောက်၍ မရသူ ၊ ပါမစ်သက်တမ်းမတိုးထားသူ ၊ ပါမစ်သက်တမ်းတိုးပြီး မရသေးသူ ၊ တရားမဝင် ဝင်ရောက်နေထိုင်နေသူ ၊စသဖြင့် အကန့်လိုက်ခွဲပြီး ပြန်ပို့ရမည့်သူများကို စီစစ်ပြန်ပို့ရန်စီစဉ်နေပြီဖြစ်သည် ။

ထို့အတူ ပါမစ်သက်တမ်းတိုးထားပြီး လက်ဝယ်ပါမစ်မရှိစဉ် အဖမ်းခံရပါက ၊ အမှန်တကယ် ပါမစ်တိုးထားကြောင်း အထောက်အထားကို စီစစ်မည်ဖြစ်သည်ဟု လဝက အထွေထွေညွှန်ကြားရေးမှူး ဒါတွတ်အလီယတ်အာမက်က ပြောကြားသည် ။ မှန်ကန်ပါက ၂၄ နာရီအတွင်း ပြန်လည်လွတ်ပေးရန် ညွှန်ကြားထားကြောင်း ကိုဖြည့်စွက်ပြောကြားသွားခဲ့သည် ။

ထိုသို့ပါမစ်သက်တမ်းတိုးပါက ယခု ၃ လခန့်ကြာမြင့်သောကြောင့် ပါမစ်တိုးရန် တင်ထားသော စာရင်းတွင် ပါဝင်ပါက နေ့ချင်းလွတ်ပေးမည်ဖြစ်ကြောင်း Thestar သို့ပြောသွားခဲ့သည် ။

ထပ်မံပြီးအများဆုံးကြုံတွေ့ရသော ပြဿနာမှာ 6P အစီအစဉ်ကာလက ငွေယူပြီး ပါမစ်မပေးနိုင်သော အေဂျင်စီများ အကြောင်းသည် ယခု စီမံချက်အတွင်း အများဆုံးတွေ့ရသော ပြဿနာဖြစ်နေသည့်အကြောင်း ညွှန်ကြားရေးမှူးကဆက်လက်ရှင်းပြသည် ။

ထို့အတွက် လဝကမှ အခြေခံမှစတင်စုံစမ်းစစ်ဆေးသွားမည့်အကြောင်းရေးသားထားသည် ။

မလေးရှားနိုင်ငံတွင် အခြေချလုပ်ကိုင်လျှက်ရှိသော စင်္ကာပူနိုင်ငံလုံးဆိုင်ရာ ကော်ဖီဆိုင်ပိုင်ရှင်များ အဖွဲ့အစည်းက မလေးအစိုးရထံဖုန်းဆက် ပြောကြားရာတွင် အဆိုပါ အေဂျင်စီများအား ထုတ်ဖော် ကာ အလုပ်သမားများအတွက်မျှတအောင်ဆောင်ရွက်ပေးရန် အစိုးရအား ဖုန်ဆက်ပြောကြားသွားသည့်အကြောင်းကို Thestar သတင်းဌာနမှ ဖော်ပြသွားသည် ။

အဆိုပါစင်္ကာပူ ကော်ဖီဆိုင်များ အဖွဲ့ချုပ်ဥက္ကဌမှ ဖုန်းဆက်ပြောကြားမှုတွင် အချို့သော အေးဂျင်းများသည် ယခုအချိန်တွင်း ရုံးများပါပိတ်ပြီး လုပ်ငန်းရပ်နားမှု့များရှိသောကြောင့် အလုပ်သမားများ၏ ပါမစ်ရရှိမှု့ နှင့် အထောက်အထားခိုင်လုံကြောင်း ပါမစ်လျှောက်ထားကြောင်း ပြသရန် မှာမည်သို့မျှ မဖြစ်နိုင်တော့သည့်အတွက် ယင်းကိစ္စအား စီစစ်ပေးဖို့ ဖိအားထပ်ပေးသွားကြောင်းသိရသည် ။

မလေးရှားနိုင်ငံရှိ နာမည်ရစားသောက်ဆိုင်များမှ ဆိုင်ရှင်များ ယနေ့ အစိုးရအား လက်ရှိ စီမံချက် ရပ်ဆိုင်ပစ်ရန် ဖိအားပေးထားပြီး ယခုအစီအစဉ်ကြောင့် ယင်းတို့ ၏ အလုပ်သမားများ ပါမစ်မရတော့ပဲ ပြန်ကုန်ပြီဖြစ်ကြောင်း နှင့် အချိန်သာကုန်သည် ပါမစ်မရရှိသေးသည့်အကြောင်းကို Thestar သို့ ပြောကြားသွားခဲ့သည် ။

"ဆိုင်က အလုပ်သမားတွေက သူတို့ပါမစ်ရမယ်လို့ ထင်ကိုမထင်တော့တာပါ
၊ ခုတော့ ပြန်ကုန်ပြီ ၊ ကျွန်တော်တို့ ဆိုင်ပိတ်ထားရပြီ စားသုံးသူတွေ က ဆိုင်ပြန်ဖွင့်မယ့်ရက်ကို စောင့်နေကြတယ် “ လို့ Kak Tipah ဆိုင်ပိုင်ရှင်က ဆက်လက်ရှင်းပြသွားခဲ့သည် ။

လုပ်ငန်းရှင်Mohd Ramat ကတဖန် "ပါမစ်ရအောင်လုပ်ပေးပါမယ်လို့ ပြောပြီးထားသွားတဲ့ အင်ဒိုနီးရှားအလုပ်သမားတွေကို တော့ အေးဂျင်းက ပြန်ခေါ် သွားပြီ " လို့ ပြောသွားခဲ့ပါသည် ။

ပီနန်းမှ စားသောက်ဆိုင်ပိုင်ရှင်ကတော့

"ငါ့ဆိုင်ကအလုပ်သများတွေအတွက် မလေးငွေ ၁၄၀၀၀ ပေးထားပြီးပြီ ခုလို စီမံချက်စတော့ သူတို့ကို ပါမစ်မရခင် ပြန်ခိုင်းလိုက်ရတယ် ၊လပိုင်းလေးပဲ အလုပ်ပေးလိုက်ရတယ်လို့" ယနေ့ သတင်းစာမှာ ဖော်ပြသွားခဲ့သည် ။ လုပ်ငန်းရှင်များရဲ့ အော်သံများသည်လည်း စတင်ထွက်ပေါ်လာပြီဖြစ်သည် ။

ထို့အတူ ပြီးခဲ့သော ၂.၉.၂၀၁၃ Thestar သတင်းစာတွင် MEF ခေါ် မလေးရှား အလုပ်ရှင်များ ဖယ်ဒရေးရှင်း (The Malaysian Employers Federation ) က အလုပ်သမားများကို လိုအပ်တဲ့နေရာတွေမှာ ပေးလုပ်စေခဲ့မယ်ဆိုပါက ပိုမိုလွယ်ကူတဲ့ အဖြေတစ်ခုထုတ်နိုင်မည်ဟု စတင်ရေးသားသွားခဲ့သည် ။

ထိုအလုပ်ရှင်များ အသင်းက ဆက်လက်ပြီး တစ်ချို့နေရာတွေမှာ အလုပ်သမားတွေ လိုအပ်နေဆဲပါ ၊ ဒီလိုနေရာတွေမှာ နောက်ထပ် အသစ်အသစ်တွေ ထပ်ခေါ်ရမယ့်အစား ရှိနေဆဲပြည်တွင်းက အလုပ်သမားတွေကို ပြန်လည်ခန့်အပ်ပေးနိုင်ပါက စီပွားရေး အတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း Thestar တွင်ရေးသားထားသည် ။

မည်သို့ဆိုစေ မလေးရှားလဝက ကတော့ ယခုစီမံချက်ကို နှစ်ကန်ုသည်အထိ ဆက်လက်မည့်အကြောင်း ဆက်တိုက်ကြော်ငြာနေဆဲဖြစ်ပြီး မလေးရှား လုပ်ငန်းရှင်များ ၊ 6P အေဂျင်းများ နှင့် မလေးရှား လဝက တို့ရဲ့ ကြား မည်သို့ဆက်လက် ဖြစ်ပွားမည်ကို မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရန်သာ ရှိတော့သည် ။

ယနေ့ မလေးရှားရောက် တရားဝင် အလုပ်သမားများ နှင့် တရားမဝင် ဖြစ်နေရသော မြန်မာအလုပ်သများများ အောက်ပါအချက်အလက်များ ကို တိတိကျကျ ပြင်ဆင်ထားရန် ကျွန်တော်တို့ တိုက်တွန်း အကြံပြု သည် ။

၁. 6P တွင်ပါမစ်လျှောက်ပြီး ငွေပေးပြီကာ ပါမစ်မရပါက ငွေပေးထားသော အထောက်အထား ၊ မိမိထံရရှိထားသော စာရွက်စာတမ်းများ ကို ကိုယ်နှင့်မကွာ ဆောင်ထားရန်လိုသည် ။

၂. ပါမစ်သက်တမ်းတိုးထားပြီး ပါမစ်မရရှိသေးသးများ အဖို့ လိုအပ်သော အထောက်အထား ၊ သူဌေး အေးဂျင်းများ၏ အချက်လက် နှင့် ထောက်ခံစားများ ရှိထားရန်လိုအပ်သည် ။

၃. ဖရီးကောလင်းသမားများ သူဌေးဖြင့် ညှိနှိုင်းကာ အကြောင်းတစ်စံတရာ ရှိပါက တာဝန်ယူပေးရန် ပြင်ဆင်ထားရန်လိုသည် ။

၎. မည်သည့်စာရွက်စာတမ်း အထောက်အထားမှ မရှိသော တရားမဝင်ဝင်ရောက် လာသူများအတွက်မူ အတတ်နိုင်ဆုံး သတိထားနေထိုင်ရန် အကြံပြုသည် ။

၅. မဖြစ်မနေ ဖမ်းဆီးခံရပါက မိမိ ပါမစ်လျှောက်ထားမှု့ အခြေအနေ ၊ အေးဂျင်း ၊ လိပ်စာ ၊ ဖုန်းနံပတ်များကို မဖြစ်မနေပြောပြထားရန်လိုအပ်သည် ။

၆. မိမိတို့ ၏ အထောက်အထားများ တိကျစွာဆောင်ထားရန် နှင့် ဖုန်းတွင် ပိုက်ဆံအပြည့် အမြဲဖြည့်ထားရန် ၊ ဘက်ထရီ အပြည့်ဖြည့်ထားရန် မမေ့သင့်ပါ ။

အထက်ပါအချက်လက်များသည် မြန်မာနိုင်ငံသားများ အတွက် ပြင်ဆင်ထားရန်လိုသော အကြောင်းအရာများ ဖြစ်ကြောင်း အကြံပြုလိုသည် ။

ယနေ့ဖမ်းဆီးခံရသူများအားလုံးကို သတ်မှတ်နေရာများတွင် တစ်ဦးစီ ခေါ်ယူစစ်ဆေးပြီး OPS 6P အော်ပရေးရှင်းကို ဆက်တိုက်ဆောင်ရွက်နေဆဲကာလဖြစ်သည် ။

မြန်မာနိုင်ငံသားများ စိုးရိမ်ကြောက်လန့်နေရမည့်အချိန်မဟုတ်ပါ ။ ကျွန်တော်တို့ ရေးသားပေးသမျှသည် မြန်မာနိုင်ငံသားများ ကြောက်လန့်ရန်မဟုတ်ပါ ။ သိရှိရန် နှင့် ရှောင်ကျဉ်ရမည့်အချက်များသာ ဖြစ်သည် ။

တည်ငြိမ်စွာ ရင်ဆိုင်ရမည့် အချိန်ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ ထပ်ဆင့် အကြံပြုသည် ။

အဖမ်းအဆီး အေးပါက အဖမ်းခံရသော မြန်မာနိုင်ငံသားများ၏ လိုအပ်သော အကူအညီများအတွက် ကူညီပေးနိုင်ရန် ပါမစ်အပြည့်အစုံရှိသော တရားဝင် အလုပ်သမားများ၏ အကူညီလိုအပ်နိုင်သည် ။

မလေးရှားရောက် မြန်မာနိုင်ငံသားများ မှ အိုဗာစတေး အဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် မည်သည့် အကူညီကိုမဆို ကျွန်တော်တို့ တောင်းခံပေးသွားမည် ။

တရားဝင်နေထိုင်သော မှန်ကန်သော မြန်မာနိုင်ငံသားများသည် မိမိတို့လုပ်ဖော်ကိုင်ဘက်များ အဖမ်းခံရသူများ အတွက် ကိုယ်စွမ်း ၊ ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါရန် ကျွန်တော်တို့ မေတ္တာရပ်ခံသည် ။


ဆက်လက်ရရှိသော သတင်းများကို နေ့စဉ်တင်ဆက်ပေးပါမည် ။

မလေးရှားရောက်မြန်မာများ facebook fun page

www.facebook.com/mmrinmy

Photo Credit : Reuters,
Source: Thestar , Nst , Bbc ,

ရဲဥပဒေမှာဒီလိုလုပ်ဖို့ပြဌာန်းထားလား



Wai Lu
မနေ့က ဆယ်တန်းတုန်းက တခန်းထဲတက်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာရေးလိုက်ပို့ခဲ့ပါတယ်...အစောပိုင်းကတော့ ရိုးရိုးသားသား သေတယ်လို့ပဲ မှတ်နေတာပါ...နာရေးမေးရင်း နာရေးရှင်တွေကို မေးကြည့်မှပဲ အကြောင်းစုံသိရပါတော့တယ်...ဆိုင်ကယ်လိုက်ဖမ်းတာ ထွက်ပြေးရင်း နောက်ကလိုက်ဖမ်းတဲ့သူက ဆိုင်ကယ်နောက်မှီးကို လှမ်းကန်လိုက်တာ ဟန်ချက်ပျက်ပြီး လဲပြီး တခါထဲ အသက်ဆုံးသွားတယ်ဆိုပြီး သိရပါတယ်...ဆိုင်ကယ်ဦးထုပ်မဆောင်းတာ မဆောင်းတဲ့သူမှာ အပြစ်ရှိပါတယ်...ဒါပေမယ့် ဆိုင်ကယ်ဦးထုပ်မဆောင်းတာလောက်ဟာ ရာဇ၀တ်မှုကျုးလွန်တာမဟုတ်ပါဘူး... အသက်အန္တရယ်ဖြစ်လောက်အောင် ကန်ကျောက်ဖမ်းစရာမလိုလောက်ဘူးထင်ပါတယ်... လူတစ်ယောက်သေသွားတော့ ဘာမှတာဝန်ယူမှု...တာဝန်ခံမှုမရှိပဲ နာရေးကူညီမှု အသင်းကိုပဲ ဖုန်းဆက်ပေးပြီး ပစ်စလက်ခတ်ပစ်ထားခဲ့တာလဲ နာရေးရှင်မိသားစုပြောလို့သိခဲ့ရပါတယ်.. .သေသူမှာ လူမမယ် ကလေးနှစ်ယောက်ကျန်ခဲ့ပါတယ်...ကိုယ့်ရဲ့မဆင်မခြင်လုပ်ရပ် တစ်ခုဟာ မိသားစုတစ်စုမှာ သောက မျက်ရည်တွေနဲ့ တဘ၀လုံး နစ်မြုပ်နေတော့မှာပါ...တန်ဖိုးရှိလှတဲ့ လူ့အသက်တစ်ချောင်းဟာ ဒီလိုပဲလွယ်လွယ်လေးကြွေလွင့်ပျက်စီးရတော့မှာပါလား... တာဝန်အရ...တာဝန်အရနဲ့ တတွတ်တွတ်ရွတ်နေကြတဲ့သူတွေရဲ့တာဝန်ဟာ ပြည်သူတွေကို ကာကွယ်ဖို့တာဝန်လား...ပြည်သူတွေကို နှိပ်စက်ဖို့တာဝန်လားဆိုတာလောက်ပဲမေးခွန်းထုတ်ချင်ပါတော့တယ်...

ဦးဝင်းထိန်ကို ဆန္ဒပြမယ်ဆိုလို့



Nik Nayman
အမှန်အတိုင်း ပြောတဲ့ ဦးဝင်းထိန်ကိုကြတော့ လူမျိုးမချစ်သူလို့  ပြောတယ်ဆိုရင် အမှန်တရားကို ခေတ်အဆက်ဆက်မှာ လိမ်ညာဖုံးကွယ်ပြီး ကိုယ့်လူမျိုးကို ပြန်သတ်ခဲ့ကြတဲ့ အာဏာရှင်တွေကြတော့ ဘာပြောကြမလည်း။

ဦးဝင်းထိန်ရဲ့  တိုင်းပြည်နဲ့  လူမျိုးအရေး ဦးထိပ်ထားပြီး ကိုယ်ကျိုးစွန့် ဆောင်ရွက်ကာ၊ အာဏာရှင်ကို ဆန့် ကျင်ခဲ့တဲ့ သမိုင်းကြောင်းအစဉ်အလာနဲ့  အခုမှ ထပြီး ဘယ်ချောင် ဘယ်ပြာပုံမှာ ခွေနေရာကနေ ထလာမှန်း မသိ အာဏာရှင်က အရိုးပေးကိုက်လို့  ဂမူရှူးထိုး ထဟောင်တဲ့ ခွေးမှန်း မသိတဲ့သူတွေရဲ့  အရူးချီးပန်းသမိုင်းကြောင်က နှိုင်းယှဉ်လို့  မရအောင် ကွာခြားလှပါတယ်။

ဦးဝင်းထိန်ရဲ့  အကြောင်း အများသိတဲ့ အကြောင်းအရာ အကျဉ်းချုပ်ကိုဘဲ ပြောရရင်-

၁၉၇၀ ခုနှစ်၌ ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေစဉ်မှာပင် အာဏာရှင်နေ၀င်းအား ဆန့် ကျင်အာဏာသိမ်းရန် ကြံစည်သူများနှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ တပ်မှ ထွက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း) ဟာ အာဏာရှင်တွေရဲ့  မတရား အကျဉ်းချမှုကြောင့် စစ်ကိုင်းတိုင်း ကသာထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် တပ်မတော် အရာရှိဟောင်း တစ်ဦးဖြစ်ပါတယ်။

ဦးဝင်းထိန်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ခုနှစ်မှာ အာဏာရှင်တွေရဲ့  ဖမ်းဆီးခြင်းခံရပြီး ၁၉၉၆ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ် မေလမှာဘဲ ပြန်လည် ဖမ်းဆီးခြင်းခံရပြီးနောက် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခဲ့ရာ ထောင်ထဲမှာ စုစုပေါင်း (၁၉) နှစ်ကျော် နေထိုင်ခဲ့ရတဲ့ ပြည်သူ့ ဘက်တော်သားတစ်ယောက် ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်း လွှတ်ပေးမှုတွင် ဦးဝင်းထိန်ပါဝင်ခဲ့သော်လည်း ခရီး ဆက်လက်ထွက်ခွာရန် တည်းခိုခန်း၌ ခေတ္တနားနေစဉ်ပင် ပြန်လည်အဖမ်းခံခဲ့ရပါတယ်။

ဦးဝင်းထိန်ရဲ့  ပြည်သူ့ အကျိုး ဦးထိပ်ထားတဲ့ လုပ်ရပ်တွေကို ကြည့်ရင် အာဏာရှင်ကို ဆန့် ကျင်သူ၊ မတရားမှုကို လက်ပိုက်ကြည့်မနေသူ၊ အမှန်တရားကို လက်ခံကျင့်သုံးသူဖြစ်ပါတယ်။ အာဏာရှင်တို့ ၏ အကျဉ်းချခံရမှုမှနေ လွတ်မြောက်လာပြီးနောက် ယခုထိတိုင် တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ဆက်လက်သယ်ပိုးစွမ်းဆောင်နေသူ ဖြစ်ပါတယ်။

ဒီလိုလူမျိုး ဦးဝင်းထိန်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ အာဏာရှင်တွေဟာ အမျိုးမျိုးအနှောင့်အယှက်ပေးဖို့  ကြံစည် အကွက်ချ စီစဉ်နေပြီး ယခုလည်း ဒေသခံပြည်သူလူထုနဲ့  ပဋိပက္ခဖြစ်ပွားအောင် လုပ်ကြံဖန်တီးနေပါတယ်။

စက်တင်ဘာ (၅) ရက်နေ့ မှာ ဦးဝင်းထိန်ကို ဆန္ဒပြမယ်ဆိုသူတွေ တိတိကျကျ ပြောပါ၊အမည်ရော ရုပ်ပါ သေသေချာချာ မှတ်ထားရအောင် … မိတ္ထီလာသားဆိုပြီး လုံးတုပ်ပြောတာ မိတ္ထီလာမြို့ ရဲ့  ကောင်းမွန်တဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေသလို မိတ္ထီလာမြို့ နေ မြို့ သူမြို့ သားအပေါင်းတို့ ရဲ့  မြင့်မြတ်တဲ့ အဆင့်အတန်းကိုလည်း စော်ကားရာ ရောက်ပါတယ်။ အာဏာရှင်အလိုကျ လက်ပါးစေတွေ မိတ္ထီလာမြို့ ကို နာမည်ဖျက်တာ ရိုင်းစိုင်းတဲ့ လုပ်ရပ်မို့  မတရားမှု မမှန်ကန်မှုလုပ်နေကြတဲ့ အာဏာရှင်လက်ကိုင်တုတ် အဖျက်သမားတွေရဲ့  အဖျက်လုပ်ရပ်တွေကို မိတ္ထီလာမြို့ သူမြို့ သားတွေ ၀ိုင်းဝန်းကာကွယ်ကြဖို့  တိုက်တွန်းလိုက်ရပါတယ်။