Thursday, September 5, 2013
ရွှေဝါရောင်သမိုင်းအား လိမ်ညာခဲ့သော ဗိုလ်မှူးချူပ် သူရမြင့်မောင်
Ashin Htavara
၆နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးသို့
သမိုင်းအား လိမ်ညှာခဲ့သော မြန်မာနိုင်ငံ အာဏာရှင်အစိုးရ၏သူတို့စကားနှင့် သူတို့လုပ်ရပ်များ။
၂၀၀၇ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးဌာန
 ဗိုလ်မှူးချူပ် သူရမြင့်မောင်၏သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားလွှာ
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အသေးစိတ် ထုတ်ပြန်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပသုံးနိုင်ငံသို့ ယခုလအတွင်း သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာမည် ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ လွှတ်တော်သို့ သွားရောက်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ ၀ါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည် ဖြစ်သည်။
ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး Corvinus University တွင် From Revolution to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
http://www.news-eleven.com/politics/22975
မြန်မာတွေဟာ ကမ္ဘာပေါ်မှာ Vote/Like/Share အလုပ်ဆုံးလူမျိုးတွေလား ... ။
==========================================
ငွေပေးပြီး ဗုတ်ရတာတောင်
လက်ရှိမြန်မာကထိပ်ဆုံးကရှိနေတယ်
ဒါတောင်မြန်မာပြည်မှာ အွန်လိုင်း
ခရက်ဒစ်ကဒ် အသုံးပြုတဲ့သူ
အရေအတွက် နည်းနေသေးလို့
မဟုတ်လို့ ကတော့ မဲကဒီထက်
ပိုမြင်မကောင်းအောင်ဖြစ်သွားဦးမယ်။
မြန်မာတွေမျိုးချစ်ပုံများ တခြားနိုင်ငံကလူတွေတောင်
ွသြချ လောက်ပါပေ့။
အွန်လိုင်း ခရက်ဒစ်ကဒ်အသုံး
ပြုပြီး ဗုတ်လိုသူများအောက်ကလင့်ခ်
မှာ ဗုတ်ပေးနိင်ပါတယ်။
Ref: Mg Satan
http://www.misssupranational.com/VotingPage.html
မြန်မာတွေဟာ ကမ္ဘာပေါ်မှာ Vote/Like/Share အလုပ်ဆုံးလူမျိုးတွေလား ... ။
==========================================
ငွေပေးပြီး ဗုတ်ရတာတောင်
လက်ရှိမြန်မာကထိပ်ဆုံးကရှိနေတယ်။
ဒါတောင်မြန်မာပြည်မှာ အွန်လိုင်း
ခရက်ဒစ်ကဒ် အသုံးပြုတဲ့သူ
အရေအတွက် နည်းနေသေးလို့
မဟုတ်လို့ ကတော့ မဲကဒီထက်
ပိုမြင်မကောင်းအောင်ဖြစ်သွားဦးမယ်။
မြန်မာတွေမျိုးချစ်ပုံများ တခြားနိုင်ငံကလူတွေတောင်
ွသြချ လောက်ပါပေ့။
အွန်လိုင်း ခရက်ဒစ်ကဒ်အသုံး
ပြုပြီး ဗုတ်လိုသူများအောက်ကလင့်ခ်
မှာ ဗုတ်ပေးနိင်ပါတယ်။
Mg Satan
http://www.misssupranational.com/VotingPage.html
စကာတင်ရွေးချယ်ရေူးအတွက်Miss Supranational
2013 Personal Interview ပြုလုပ်ခဲ့ရာခင်ဝင့်ဝါကို
ဒိုင်တွေကဘာလို့ ဆုရချင်တာလဲလို့ မေးခဲ့တဲ့အခါ
ခင်ဝင့်ဝါက မြန်မာလူမျိုးတွေကို ကူညီပေးနိုင်ဖို့ 
Golden Land မြန်မာပြည်ကြီးကို ကြိုးစား မြှင့်
တင်ပေးချင်လို့  ပြန်ဖြေခဲ့ပါတယ်။ဒိုင်တွေက
လက်ခုပ်တီးအားပေးခဲ့ကြပြီး သူတို့ ကလည်း
မင်းကိုယုံကြည်ပါတယ်။ ဘာလို့ လည်းဆိုတော့
မင်းကိုချစ်တဲ့ အားပေးနေကြတဲ့ ပရိသတ်တွေ
ဘယ်လောက်တောင်များတယ် ဆိုတာ ငါတို့ သိနေ
လို့ ပဲ ဆိုပြီး ပြန်လည်မှတ်ချက်ပေးခဲ့ကြပါ
တယ်။ဘာပဲဖြစ်ဖြစ်ခင်ဝင့်ဝါကိုအားပေးကြတဲ့
ပရိသတ်အတွက်ကျေနပ်စရာဖြစ်လို့ တာဝန်ကျေ
ပါတယ်လို့ ဆိုရမှာပါ။
Miss Supranational Myanmar
ဆီးရီးယားကို စစ်သားမပါတဲ့ စစ်ဆင်ရေး....
 Voice of James Mint
========================
ဆီးရီးယားကို ဝင်တိုက်ဖို့ ရက် ၉၀ တော့ သတ်မှတ်ပေးဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်မှာ အင်္ဂါနေ့က တင်တယ်..... လက်ရှိ အမေရိကားက ရှားရှားပါးပါး ရှိတဲ့ ပါတီကြီး နှစ်ခုကလည်း ထောက်ခံတယ်.... ခြွင်းချက်တော့ ပါတယ် ကြည်းတပ်ကို အသုံးမပြုရတဲ့..... ခေတ်မမှီလောက်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားတဲ့ ပဲ့ထိမ်းဒုံးတွေ ဖြုန်းဖို့အတွက်တော့ အခွင့်ကောင်းပဲ......
အဲ တစ်ဖက်က ကြည့်ရင်တော့ ရုရှကြီးက တစာစာ အော်နေပေမယ့် တရုတ်ကြီးက ငြိမ်နေတာ သိပ်တော့ မဟုတ်ဘူးလို့ ခံစားမိတာ..... ဟိုနေ့က တရုတ်ကြီးရဲ့ ဂြိုလ်တု ပေါက်ကရတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလေး ဖတ်မိတော့မှ သဘောပေါက်တော့တယ်..... ဇူလိုင်လ ၂၉ ရက်နေ့က March-4c ဒုံးကျည်နဲ့ အာကာသကို ပစ်လိုက်တဲ့အထဲမှာ SY-7 ဆိုတဲ့ ဂြိုလ်တု တစ်လုံးလည်း ပါသွားတယ်....
အဲ့ဒိ SY-7 ဆိုတဲ့ ဂြိုလ်တုက ငြိမ်ငြိမ်မနေ သူ့အလုပ် သူမလုပ်ပဲနဲ့ ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ နေရာတကာ လျှောက်သွားနေတဲ့အပြင် ဟို ဂြိုလ်တုနား ကပ်လိုက် ဒီဂြိုလ်တုနားကပ်လိုက် လုပ်နေတာ အားလုံးက လန့်လာကြတယ်..... အဲ့လို လျှောက်သွားနေတာ တစ်ချို့ ဂြိုလ်တုတွေနဲ့ မီတာ ရာဂဏန်း အကွာလေးအထိ ကပ်လာတဲ့အပေါ် အားလုံးက သံသယ ဖြစ်လာကြတယ်.....
တရုတ်ကြီးရဲ့ ဂြိုလ်တု ဘာလုပ်မှာလည်း...... အနားကပ်ပီး သောက်မြင်ကပ်တဲ့ ဂြိုလ်တုတွေကို ဆော်ထဲ့သွားမှာလား၊ ဒါမှမဟုတ် Shear Kinetic Force ကို သုံးပီး သူတို့ ဂြိုလ်တုတွေကို ဖျက်ဆီးမှာလား ဒါမှမဟုတ် အနားကပ်ပီး အသေခံ ဗုံးခွဲသမားလို ခွဲပီး သူတို့ဂြိုလ်တုတွေကို ဖျက်ဆီးမှာလားဆိုတာ တွေးတောရင်း အနောက်တိုင်းက လူတွေ ထိတ်လန့်နေပီး စဉ်းစားစရာတွေ ဖြစ်လာနေတယ်......
၂၀၀၇ လောက်က သူ့ရဲ့ မသုံးတော့တဲ့ ဂြိုလ်တုကို မြေပြင်ကနေ ဒုံးကျဉ်နဲ့ ပစ်ပီး ဖျက်ဆီးပြလိုက်လို့ တရုတ်ကြီးရဲ့ အာကာသ ခြေလှမ်းကို လူတွေ စောင့်ကြည့်နေကြချိန် ဒီလိုလုပ်တာဟာ သံသယ ဖြစ်စရာ အကောင်းဆုံး ဖြစ်နေကြတယ်..... အဲ့ဒိတုန်းက သူ့ဂြိုလ်တုအဟောင်းကို ပစ် ဖျက်ဆီးလိုက်တဲ့ အကျိုးရလာဘ်ကတော့ ကမ္ဘာမြေရဲ့ Orbit မှာ ဂြိုလ်တုအပျက်ရဲ့ အမှိုက်သရိုက်တွေ ကြီးမားတဲ့ တိမ်တိုက်ကြီးလို ဖြစ်နေပီးတော့ ကျန်တဲ့ ဂြိုလ်တုတွေကိုပါ အဲ့ဒိ အမှိုက်တွေက အန္တရာယ်ပေးနေတယ်.......
ဒီတော့ကာ အမေရိကန်ရဲ့ ပဲဒိုင်း ဒုံးတွေ၊ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ ယဉ်တွေဟာ ဂြိုလ်တုမရှိရင် လုံးဝ မျက်ကမ်းတွေ ဖြစ်သွားပီဆိုတော့ တရုတ်ကြီးရဲ့ ဒီခြေလှမ်းက အန္တရာယ်တော့ အတော်ကြီးသား..... ဆီးရီးယားအရေးမှာ ကြည်းတပ်ကို မသုံးရဘူးဆိုတော့ အဝေးကနေ လှမ်းဆော်ဖို့ အမေရိကန်တို့ သူ့ရဲ့ ပဲ့ထိမ်းဒုံးတွေ သုံးမလား UAV တွေလွှတ်မလား မသိရပေမယ့် ဒီဘက်ကတော့ ဒါတွေ ဒီလိုရှိတယ် ပြနေတာ အတော်တော့ စိတ်ဝင်စားစရာ ကောင်းနေပီ.....
အနာဂါတ် မဟုတ်တော့တဲ့ မဝေးတော့တဲ့ကာလ လက်နက်ပြိုင်ဆိုင်မှုတွေကနေ လက်တည့်စမ်းဖို့မှာ ကိုယ့်နိုင်ငံမှာ လာမဖြစ်တာ တော်သေးတယ်ပဲ ပြောရမယ်..... ဘာပဲပြောပြော ညအိပ်ရင်တော့ ဘုရားရှိခိုးအိပ်မှဖြစ်မယ် မတော် သူတို့ချင်း ဆော်ကြ နှက်ကြနဲ့ အဲ့ဒိ ပဲ့ထိမ်းဒုံးတစ်လုံး လမ်းကြောင်းလွဲပီး ကိုယ့်စီ ရောက်လာရင် မခက်သား..... ဒုံးကျည်တစ်ကမ်းဆိုတာ ဒီဘက်ခေတ်မှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို ရောက်နိုင်တာ ကလား.......
လှေစီးရဲတော့ဖူး
သိန်း၅၀၀နှင့်မီဒီယာသမားများ
မြန်မာပို့စ်ဂျာနယ် မျက်နှာဖုံး
ငွေနဲ့အလုပ် မဆိုင်ဘူးလား "သမ္မတရဲ့ အလှူငွေကို လက်ခံပေမယ့် မီဒီယာ လွတ်လပ်ခွင့် အတွက် ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ဆက်လက်ရင်ဆိုင်သွားမယ်" (ဦးကျော်မင်းဆွေ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ-ယာယီ)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံ ခဲ့သော်လည်း မီဒီယာ လွတ်လပ်ခွင့်အတွက် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဆက်လက်ရင်ဆိုင်သွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက စက်တင်ဘာ ၄ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ နိုင်ငံတော်သမ္မတ လှူဒါန်းသော ငွေကျပ် သိန်း ၅၀၀ကို နိုင်ငံတော်သမ္မတကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက စက်တင်ဘာ ၄ ရက်တွင် စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ လာရောက်လှူဒါန်းခဲ့သည်။
ယင်းအလှူငွေ ပေးအပ်ပွဲသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ၂၆ ဦး ရှိသည့် အနက် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာမျိုးသန့်တင်နှင့် ဦးသောင်းစုငြိမ်း (7Day သတင်းစာ၏ အယ်ဒီတာချုပ်) တို့သာ တက်ရောက်ပြီး လက်ခံရယူ ခဲ့ကြသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ယုံကြည်မှုများ မကြာခဏ ချိုးဖောက်လေ့ရှိ သည့် ပြန်ကြားရေး ၀န်ကြီးဌာနအပေါ် ယုံကြည်မှုမရှိဘဲ နိုင်ငံတော်သမ္မတက အလှူငွေ အဖြစ် ပေးအပ်သည့် ကျပ်သိန်း ၅၀၀ အား လက်ခံခဲ့သော်လည်း လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များမှာ ယိမ်းယိုင်မည် မဟုတ်ကြောင်း စာနယ်ဇင်းကောင်စီမှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေက ပြောကြားသည်။
"စာနယ်ဇင်းကောင်စီ စတင်ခဲ့တုန်းက ကျွန်တော်တို့လည်း ယုံကြည်မှု မရှိခဲ့ဘူး။ ဒါ့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေကို လက်မခံခဲ့ပါဘူး။ အခု နိုင်ငံတော် သမ္မတ ရဲ့ အလှူငွေ လက်ခံတယ် ဆိုတာကလည်း သတင်းမီဒီယာ ဥပဒေကြမ်းမှာကို နှောင်ဖွဲ့မှု ကင်းသော အလှူငွေ လက်ခံပြီး ကောင်စီရေရှည် ရပ်တည်နိုင်အောင် လုပ်ဆောင်ဖို့ လက်ခံမယ် ဆိုတာ ထည့်ထားပါတယ်။ နောင်ဆိုလည်း စာနယ်ဇင်းကောင်စီကို ဆက်ခံမယ့်သူတွေ အနေနဲ့ အထွေထွေ ကုန်ကျစရိတ်တွေအတွက် ငွေမရှိလို့ မဖြစ်ပါဘူး။ အခုလည်း ထွန်းဖောင်ဒေးရှင်း ဘဏ်နဲ့ CB ဘဏ်ဖောင်ဒေးရှင်းကနေ အလှူငွေ ကျပ်သိန်း ၁၀၀ လက်ခံထားတာ ရှိပါတယ်" ဟု စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ပြန်ကြားရေး ၀န်ကြီးဌာနကို ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ လုံးဝ မယုံကြည်ပါဘူး။ ဒီလို မယုံကြည်မှု ဖြစ်အောင်လည်း သူတို့လုပ်ခဲ့တာပဲ။ အခုလို အလှူငွေ လက်ခံ ရတဲ့ အတွက်လည်း ကျွန်တော်တို့အနေနဲ့ လိပ်ပြာလုံပါတယ်။ ဒီငွေအတွက် ကျွန်တော်တို့အနေနဲ့ မှန်မှန်ကန်ကန် အသုံးပြုပြီး ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုအကျိုးအတွက် အသုံးပြုမယ် ဆိုတာ အမြဲတမ်း အစစ်ဆေး ခံသွားမှာပါ" ဟု ဦးကျော်မင်းဆွေက ဆက်လက်ပြောကြားသည်။
လက်ရှိ အလှူခံရရှိထားသည့် ကျပ်သိန်း ၅၀၀ အား မည်သို့အသုံးချမည်ကို ဆွေးနွေးရခြင်း မရှိသေးဘဲ စာနယ်ဇင်းကောင်စီက ထပ်မံလုပ်ဆောင်မည့် သင်တန်းများ၊ သတင်းဓာတ်ပုံဆုများ အပါအ၀င် စာနယ်ဇင်းကောင်စီ (ယာယီ) မှန်ကန်စွာ ရပ်တည်နိုင်မည့် ပြည်တွင်းမီဒီယာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ဆက်လက်ပြောကြားသည်။
ကိုယ့်ထမင်း ကိုယ်စားကာ ရပ်တည်နေသည်ဟု အမြဲ ကြွေးကြော်ခဲ့သည့် စာနယ်ဇင်း ကောင်စီ (ယာယီ) အနေနှင့် ထိုသို့ ငွေယူခဲ့ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်နေမှုအပေါ် အနာဂတ် လုပ်ရပ်များကိုသာ စောင့်ကြည့်စေလိုပြီး နိုင်ငံတကာရှိ စာနယ်ဇင်း ကောင်စီများကဲ့သို့ သတင်းစာ လွတ်လပ်ခွင့်နှင့် စာနယ်ဇင်းအကျိုး ဆောင်ရွက်နိုင်မှု မရှိချိန်တွင် ပြစ်တင်ရှုတ်ချ ဝေဖန်မှု များ ပြုလုပ်နိုင်ပြီး လက်တွေ့လုပ်ရပ်များနှင့်သာ တိုင်းတာစေလိုကြောင်း ဦးကျော်မင်းဆွေ က ပြောကြားသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အငြင်းပွားမှု များ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတက ဥပဒေအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းသော ကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့သည့်အတွက် အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။
ထို့အတူ နိုင်ငံတော်သမ္မတ အနေဖြင့် ခရိုနီ လုပ်ငန်းရှင်များ လှူဒါန်းသော အလှူငွေများ ကို ရေဘေးသင့် ပြည်သူများ အစရှိသည်တို့ကို လှူဒါန်းဖူးသော်လည်း ပုဂ္ဂိုလ်ရေးအရ သမ္မတ၏ ဘတ်ဂျက်မှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ခြင်းမှာ အများဆုံး ဖြစ်နိုင်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတသည် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်စဉ် က ငွေကျပ်နှစ်သိန်း သာ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့မှာ အဆမတန် ကွာခြားမှုများ ရှိခဲ့သည်ကို တွေ့ရှိရကြောင်းနှင့် ထိုအလှူငွေကို မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) က လက်ခံခဲ့ခြင်းသည် ကောင်စီ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို ကျဆင်းစေခဲ့ကြောင်း ဝေဖန်မှုများ ထွက်ခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော်သမ္မတ၏ အလှူငွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တရားဝင် လက်ခံရယူခဲ့ခြင်း ဖြစ်သည်။
EMG
ဒီမို ဖက်တီး
ယာတောက အပြန်
ပန်ချင်တယ် 'လွတ်လပ်မှု'ဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် 'ဒေါ်လာ'ပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး ။
ကိုယ်ပိုင်ယာဉ်မသုံးတဲ့နေ့...မြန်မာနိုင်ငံမှာစမယ်တဲ့
၅-၉-၂၀၁၃ ရက် (ကြာသပတေးနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာ
ဒါတွေကပြည်သူ့အတွက်လား?
သို့
    ဦးသိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ    ၅   ရက်
အကြောင်းအရာ။    လောဘဇောတိုက်နေသော အာဏာရှင်တစ်ယောက်အကြောင်းတင်ပြခြင်း
၁။    မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေကြောများထွက်ရှိရာ မြေနေရာအားလုံးကို ၎င်း၏ လုယုံတပည့်ရင်း ဦးသိန်းဟန်(ရွှေပြည်သာ ရွှေတူး ဖော်ရေး ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လက်ဝါးကြီးအုပ် သိမ်းယူထားကြပါသည်။
၂။    ယခုအခါ သိတ်ကျင်းမြို့နယ်အတွင်းရှိ ၀က်သေကျေးရွာနှင့် သက်ရှည်ကျေးရွာမှ ရွာသူရွာသားများ မှာ အလွန်အမင်းနိုင့်ထက်စီးနင်း ပြုမူမှုများကြောင့် မခံမရပ်နိုင်ဖြစ်ကာ ကုမ္ပဏီနှင့် အကြီးအကျယ် ပြဿနာ ဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တိုင်ကြား အသနားခံခဲ့ကြသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ နောက်ဆုံးကြားသိရသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ယခု ဖြစ်ပွားခဲ့သော အမှုတွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ချထားပေးလိုက်ပြီဟု သိရ ပါသည်။ သို့အတွက်ကြောင့် ဦးရဲမြင့်လက်ထဲသို့ အမှုတွဲပြန်လည်ရောက်ရှိလာပါက မိမိတို့ ကျေးလက်နေ ဆင်းရဲသားများကို ယခင်ကထက် ဖိနှိပ်ချုပ်ချယ်မှုများ ပိုမိုလုပ်ဆောင်လာမည်ကို စိုးရိမ်နေကြရပါသည်။
၃။    မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရေတံခွန်တောင် ဂေါက်ကွင်း အနောက် တောင်ဖက်ခြမ်းတွင် ဦးရဲမြင့်၏ ၎င်း စစ်တိုင်းမှူးဘ၀က သိမ်းယူခဲ့သော လယ်ယာမြေ များစွာရှိပါသည်။ သို့သော် အားမရနိုင်သေးဘဲ ယခု ၀န်ကြီးချုပ်ဘ၀တွင် ရေတံခွန်တောင်ဂေါက်ကွင်း၏ မြောက်ဖက်ခြမ်း၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့ဖက် (ရွှေကျင်၊ ရေထွက်ကျေးရွာအနီး)၀န်းကျင်ရှိ တစ်နှစ်လျင် သုံးသီးစား လယ်မြေဧကများစွာကို ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေအမည်ဖြင့် ရယူလွှဲပြောင်းထားပြီး ၀ယ်ယူသူ ရှိပါက အမည်ပေါက်ပါ တခါတည်း လွှဲပြောင်းရောင်းချနေပါသည်။
၎။    ပုသိမ်ကြီးမြို့နယ်၊ မြေစာရင်းရုံး၌ ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေ၏ အမည်ပေါက် လယ်ယာမြေ ဧက (၁၀၀)ကျော်ခန့် ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ ၎င်းပိုင် လယ်ယာမြေများသို့ အလွယ် တကူ ၀င်ထွက်နိုင်ရန်နှင့် ပြန်လည်ရောင်းချပါက ဈေးကောင်းရရှိရန်အတွက် ဦးရဲမြင့်၏ တပည့်ရင်း ဗိုလ်မှူး မျိုးလွင်နှင့် ဦးခိုင်ဇော်လင်း (ဆုလျှံထွန်းကုမ္ပဏီ)တို့အား လမ်းများဖောက်ရန် စေခိုင်းထားပါသည်။ ဦးခိုင်ဇော်လင်း(ဆုလျှံထွန်းကုမ္ပဏီ)တွင်လည်း ၎င်း၏သား နိုင်လင်းအောင်အတွက် အစုရှယ်ယာများ ထည့်သွင်းပေးထားရပါသည်။
၅။    ဆုလျှံထွန်းကုမ္ပဏီမှာ ၎င်း၏သား နိုင်လင်းအောင်နှင့်ပူးပေါင်း၍ မိတ္ထီလာခရိုင်အတွင်း၌ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြပါသည်။
၆။    ဦးခိုင်ဇော်လင်းပိုင်ဆိုင်သော မန္တလေးမြို့ပတ်လမ်းနှင့် ၂၂ လမ်းထောင့်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ View Point ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်မှာလည်း ဦးရဲမြင့်မှ ၎င်း မန္တလေးတိုင်းမှူးဖြစ်စဉ်က နေရာချထားပေးခဲ့သော ဆိုင်ဖြစ်ပါသည်။ ၎င်းဆိုင်မြေနေရာမှာ မန္တလေးစည်ပင်ပိုင်မြေ ဖြစ်ပါသည်။
    ဒါတွေဟာပြည်သူ့အတွက်ပါလားဗျာ။
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မိတ္တူ
    သူရ ဦးရွှေမန်း၊ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နေပြည်တော်
    ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်သူ့လွှတ်တော်
    ဥက္ကဋ္ဌ၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့ မန္တလေးတိုင်း၊ မစိုးရိမ်တိုက်မကြီး၊ မန္တလေး
    ဥက္ကဋ္ဌ၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ သပိတ်ကျင်းမြို့