Friday, September 6, 2013

Miss Supranational ပြိုင်ပွဲမှာ ခင်ဝင့်ဝါ ယှဉ်ပြိုင်သွားတာလေးပါ


ဒီနေ့ Miss Supranational ပြိုင်ပွဲမှာခင်ဝင့်ဝါ ယှဉ်ပြိုင်သွားတာလေးကို မကြည့်လိုက်ရသော သူငယ်ချင်းများကြည့်နိုင်အောင် မှီသလောက်ရိုက်ယူပြီး ဖြတ်ညှပ်ကပ်လုပ်ကာ ပြန်ရှယ်လိုက်ပါတယ်။
 Kyaw Nyein Thant

မြန်မာ့ဂုဏ်ဆောင် Miss Myanmar မခင်ဝင့်ဝါကို သောင်းသောင်းဖြဖြကြိုဆိုကြရအောင်....



Miss Supranational Myanmar

Miss Supranational Myanmar 2013 - မခင်ဝင့်ဝါ သည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး စကာတင်လက်ရွေးစင် Finalist စာရင်းဝင် မြန်မာနိုင်ငံ၏ ပထမဆုံးအလှမယ် ဖြစ်လာခဲ့သည့်အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နှင့် Face of Miss Supranational ဆု(၄)ဆုတို့ ကို မြန်မာပြည်အတွက် သယ်ဆောင်လာပါတော့မှာဖြစ်ပါတယ်။

မခင်ဝင့်ဝါ က ယနေ့ စက်တင်ဘာလ (၇)ရက် ဘီလာရုပ်စ်စံတော်ချိန် (၂)နာရီခွဲမှာ Minsk မြို့ တော်မှ ပြန်လည်ထွက်ခွာလာမှာဖြစ်ပြီး စက်တင်ဘာလ(၈)ရက် မနက်ဖြန် နေ့ လည် (၁၁း၄၅)နာရီ အချိန်တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။

မြန်မာမိဘပြည်သူညီအစ်ကိုမောင်နှမ ပရိသတ်များအနေဖြင့် နိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ဆောင်ကာ အောင်မြင်မှုများရရှိလာသော Miss Myanmar မခင်ဝင့်ဝါကို
ပျော်ရွှင်ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုကြဖို့ ရိုသေလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ...

ကျွန်တော်တို့ အစိုးရ

လမ်းကြောင်းကြေး



Emily Zin

သတင်းထောက်တယောက်အနေနဲ့ stupid question လို့ဘဲ ပြောပြော ကပ်သီးကပ်သတ် မေးတယ်ဘဲဆိုဆို.. အဲဒီအချုပ်ကား( ထောင်ကားကြီး) စီးရတာ ဘယ်လိုနေလဲဟင်လို့ တရားစွဲခံထားရတဲ့ တော်ဝင်အလုပ်သမားတွေ ကို မေးကြည့်လိုက်တာ အဖြေတွေ တော်တော်လေး ရလိုက်ပါတယ်။
......
အဲဒီထောင်ကားစီးရဖို့တောင် ပိုက်ဆံပေးရတယ်တဲ့။ ထောင်ကားမှာပါလာတဲ့ လမ်းကြောင်းလိုက်တဲ့ရဲတွေ ၊ အချုပ်မှာစောင့်တဲ့ရဲ (CRO) တွေကို ပေးရတာတဲ့။ ထောင်ကားနဲ့ လိုက်ပါရမယ့် အကျဉ်းသားတယောက်ကို ၁၀၀၀စီတောင်းတယ်တဲ့လေ။ အင်းစိန်ထောင်ကနေ ရွှေပြည်သာတရားရုံးကို ခေါ်သွားဖို့ အချုပ်ကားကြီးထဲ မထည့်ခင် သူတို့ကို လက်တို့ပြီး လမ်းကြောင်းကြေးဆိုပြီး တောင်းတာပါ။ ပိုက်ဆံမပေးရင် ခေါ်မသွားဘူး ၊ကိုယ်ဟာကိုယ် သွားကြလို့ ပြောတယ်တဲ့။ တော်ဝင်အလုပ်သမားလေးတွေရဲ့ တုန့်ပြန်ချေပတဲ့ စကားလုံးတွေကလဲ လေးစားစရာကောင်းပါတယ်။
ခင်ဗျားတို့ ထားခဲ့မယ်ဆိုရင် ခင်ဗျားတို့နဲ့ဘဲဆိုင်တယ်။ ကျနော်တို့က ထောင်ဖောက်ပြီး ထွက်တာလဲ မဟုတ်ဘူး၊ ထောင်ပြေးလဲ မဟုတ်ဘူး။ တကယ်လို့ ပြဿနာတခုခု ဖြစ်လာရင်သာ ခင်ဗျားတို့ကိုယ်တိုင် ရှင်းကြပါလို့ ပြောလိုက်တယ်တဲ့။ ပြီးတော့ ပြောပါသေးတယ် အမြင်မှာတော့ ထောင်ကားကြီးက လေလုံမိုးလုံထင်ရပေမယ့် အထဲဝင်ကြည့်လိုက်... မိုးယိုပေါက်တွေက ခေါင်းတလုံးစာလောက်ကြီးတွေ ရှိတယ်တဲ့ မိုးများရွာလိုက်ရင် အထဲမှာ ရေတွေပြည့်နေရောတဲ့ ၊ အလုပ်သမားလေးတွေက သူတို့ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို အခုလိုရှင်းပြခဲ့ပါတယ်။ ( ဒါဖြင့် ကိုယ်မေးတာ stupid မေခွန်း မဖြစ်တန်ရာဘူး။

လယ်တောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ




၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ သိမ်းဆည်းခံ လယ်ယာမြေများအား စစ်ဘက် အရာရှိ တစ်ဦးထံမှ လာရောက်ညှိနှိုင်း ခဲ့သော်လည်း သမ္မတ၏ လျော်ကြေးထက် နည်းသည့် အတွက် တောင်သူများက လက်မခံခဲ့ကြောင်း သိရသည်။

ဝဲကြီးကျေးရွာနေ တောင်သူတစ်ဦးက ''သတင်းစာထဲမှာပါပြီး သြဂုတ် ၃၁ ရက်မှာပဲ ခေတ်အေးကျေးရွာ ဥက္ကဋ္ဌဟောင်းကို မောင်အေးနဲ့ ဗိုလ်ချုပ်ခင်မောင်ထွန်း ကိုယ်စား တစ်ယောက် ကျွန်တော်တို့ တောင်သူတွေဆီ ရောက်လာတယ်။

သူတို့လာညှိတာက သမ္မတကြီး ပေးလျော်သလို မဟုတ်ဘဲ ကာလပေါက်ဈေးထက်နည်းပြီး တစ်ဧကကို ၆ သိန်းနှုန်း ပဲ ပေးမယ်ဆိုပြီး ညှိပါတယ်။ သမ္မတလျော်ကြေးထက် ကာလပေါက်ဈေး ထက်နည်းပြီး ပေးမယ် ဆိုတော့ ကျွန်တော်တို့ တောင်သူအနေနဲ့ ဒီပေးလျော်မှုကို လက်မခံ ခဲ့ပါဘူး။ နှစ်နဲ့ချီ ကျွန်တော်တို့ လယ်ယာမြေတွေ သိမ်းဆည်းခံဘ၀ ရောက်ပြီး တောင်သူ မိသားစုတွေ ဘ၀ပျက်ခဲ့ရတာကို စာနာသင့်ပါတယ်'' ဟု ပြောကြားသည်။

ဇေယျာသီရိမြို့နယ် ၀ံပြန်ကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေဧက ၁၀၀ ကို စစ်ဘက် အရာရှိ များ ဖြစ်သော ဗိုလ်ချုပ်ခင်မောင်ထွန်း၊ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်ဝေလွင်၊ ဗိုလ်ချုပ်လှရွှေနှင့် ဦးမောင်မောင်လတ်၊ ဗိုလ်ချုပ်ခင်မောင်သန်းတို့က သိမ်းဆည်းထားဆဲဖြစ်ပြီး ၎င်းမြေယာများကို ပိုင်ဆိုင်သော တောင်သူများအား လျော်ကြေးပေးရန် လာရောက် ဆက်သွယ်မှု မရှိသေးဘဲ ဗိုလ်ချုပ် ခင်မောင်ထွန်း တစ်ယောက်သာ လာရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ခင်မောင်ထွန်းထံမှ လာရောက်ညှိနှိုင်းသော မြေဧကမှာ ၂၈ ဧကရှိပြီး ၎င်းမြေဧက များမှာ ဇေယျာသီရိမြို့နယ် ချောင်းဖျားရွာတွင် တည်ရှိပြီး တစ်ဧကလျှင် ကျပ် ၆ သိန်းနှုန်းဖြင့် လာရောက်ညှိနှိုင်း သော်လည်း သိမ်းဆည်းခံ လယ်ယာမြေ ပိုင်ဆိုင်သူ တောင်သူသုံးဦးက လက်မခံကြောင်း ၀ဲကြီးကျေးရွာ ဒေသခံ ကိုဇော်လတ်က The Daily Eleven သို့ ပြောကြားသည်။

သမ္မတက သိမ်းဆည်းခံ လယ်မြေဧက ၃၅ ဒသမ ၀၅ ဧကကို သီဟမင်း ကုမ္ပဏီမှ မြေတစ်ဧက လျှင် ကားလမ်းနှင့်နီးလျှင် ကျပ်သိန်း ၂၀၊ ကားလမ်းနှင့်ဝေးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် တောင်သူ ရှစ်ဦးအား သြဂုတ် ၂၈ ရက်တွင် ပေးလျော်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သီဟမင်း ကုမ္ပဏီက မည်သည့် အတွက်ကြောင့် သမ္မတကိုယ်စား ပေးလျော်ခဲ့သည် ဆိုခြင်းကိုမူ ယခုအချိန်အထိ သိရခြင်း မရှိပေ။


EMG

လယ်တောမှာ ပျော်တယ်ဆိုတဲ့
မောင်ရေ မောင်ရေ မောင်ရေ
လယ်တွေကို သိမ်းမလို့လား
လယ်သူလေးကို သိမ်းမလို့လား
ခွဲခွဲခြားခြား ပြောပါ မောင်ရေ

ဒီမို ဖက်တီး

အရင် တပ်ချုပ်ကြီး က လဖက်စိုက် ဆိုလို့ ပုပ္ပားတောင်ပေါ်မှာ ခရိုနီ တင်ဝင်းထွန်း က စိုက်ပါတယ်၊ ပညာရှင် တွေ ဘာမှ မပြောနိုင်ပါဘူး၊ တင်ဝင်းထွန်းဆိုတာ မြန်မာ မှာ အချမ်းသာဆုံး top ten ဝင်ပါတယ်၊ မီဒီယာကို ရှောင်ပါတယ်၊ လူတော မတိုးပါဘူး၊ မဟာမြိုင် တောကြီး ဒီကောင် ခင်ညွန့် နဲ့ ပေါင်းပြီး ကတည်း က ပြောင်သွားတာပါပဲ။ အခုအချိန် ထိ ဒီကောင့် မိန်းမ က ဒေါ်ကြိုင်ကြိုင် နဲ့ တတွဲတွဲ သွားလာနေလျက် ပါပဲ။ အစိုးရ အဖွဲ့ နောက်ကွယ် မှာ တပ်ချုပ်ကြီးရှိသေးလား သိချင်ရင် ဒီကောင့် လဖက်ခင်း ကို ဘယ်ဝန်ကြီးဘယ် တိုင်းမှူးမှ မပြောရဲတာသာကြည့်။
လဖက်လည်း မရ၊ အလုပ်အကိုင်လည်းမရ၊ သူတို့ တွေက တော့ တောအနက်ဆုံး ရှုခင်းအကောင်းဆုံး ဧက ၃၀၀ ကျော်ကို နှစ် ၃၀ ယူ သွားပါတယ်၊ ညွှန်မှူး မပြောနဲ့ ဝန်ကြီးတောင် မပြော ရဲပါဘူး၊ ဧက ၃၀၀ စိုက်ဖို့ ဘူဒိုဇာ နဲ့ ဧက ၄၀၀ ကျော် ၅၀၀ ထိုးသွားတာပါ၊ စစ်တပ် တစ်တပ်လုံး ခေါ်ပြီး ရှင်းခဲ့ တာပါ။ သက်သေတွေ ရှိပါတယ်။
မီဒီယာသမားတွေ ကို ပြောတော့ ဧက ၅၀ ပါ၊ ပုပ္ပားတောင်ချစ်သူများ က GPS နဲ့ တိုင်းပြီးပါပြီ၊ သဘာဝ ဂေဟ စနစ် အစုံလင် ဆုံးနေရာတွေက ဧက ပေါင်းများစွာ ပျက်စီး ခဲ့တာပါ၊
ဝန်ထမ်းတွေ ဘဝ က မလွယ် လှပါဘူး၊ ဆုပ်စူး စား ရူးနဲ့ပါ၊ အစူးသာ ခံပါ၊ ရူးတော့ မသွားပါနဲ့။
မေပုပ္ပား ( May Popa)

https://www.facebook.com/may.popalover/posts/218245641673308

----------------------------Comments-----------------------------------------
Khin Mg Thant
သိပ်မှန်ပါတယ်၊ကျနော်တို့၁၉၈၆-မုံရွာအလုံသစ်ဆိပ်မှာ လုံခြုံရေးယူတုံးက တင်ဝင်ထွန်း က သစ်ပွဲစားသာသာပါ၊နောက်တော့ ကိုတေဇပါ သူ့စီက နည်းနာယူ ခဲ့ရတယ်၊အစကတော့မဟာမြိုင်တောလောက်ဘဲရှင်းတာ၊ဘဘရွှေနဲ့ ချိတ်သွားတော့မှ တပြည်လုံးရှင်းတော့တာဘဲ၊ သူက နံမည်ထွက်တာရှောင်တယ်၊ သာမန် ရန်ကုန်ကလူတွေ က ခရိုနီလို့ထင်မှာမဟုတ်ဘူး၊ စစ်ကိုင်း၊မန်းတလေးက လူတွေကတော့ တကယ့်ခရိုနီအကြီးစားကြီးဆိုတာသိတယ်၊ရွက်ပုန်းသီးခရိုနီပေါ့ဗျာ၊

Sai Lwin
တင် ဝင်းထွန်းဆိုတာ ချင်းတွင်းတကြော သစ် အပြောင် ရှင်းခုတ်နေတဲ့လ ဒကို ပြောတာမဟုတ်လား တင်ဝင်းထွန်းကြောင့် အစိုးရ သစ်တောဝန်ထမ်းတွေ စိတ်ညစ်နေကြတယ်လေ သစ်ခုတ်တယ်ဆို ပညာရှိတယ် သစ်လုံး လုံးပတ်ပြည့် သင်းသတ် ၃လ ထား မိုင်၂၀ပတ်လည် သစ်တောရှင်သန်ရေး အပင် ပျိုတွေရှိလားဆုံးဖြတ် အဲလို ခုတ်ရတာ ခုတော့ စက်တွေနဲ့ အကုန် ထိုးခုတ်ပါတယ် ချင်းတွင်းသစ်တောတွေ ပြောင်သလင်းခါနေပါပြီ သာအေးနဲ့လည်ျးဘာဒါကျပြီ ချင်းတွင်း သယ်ယူပို့ဆောင်ရေးကို လက်ဝါးကြီး အုပ်ထားပါသေးတယ် မုံရွာမှာ ဟိုတယ် အကြီးကြီး လည်းဖွင့်ထားပါတယ် ချင်းတွင်းကျွန်းတွေဟာ လုံးပတ် လူ သုံးယောကါဖက် အထိရှိပါတယ် ခုတော့

Sai Lwin
၁ပေ ပတ်လည် အပင်ပျိလေးတွေပါ ခုတ်တော့ တောင်ကတုံးတွေဖြစ်ကုန်ပါတယ် ပြီးခဲ့တဲ့2လ လောက် ချင်းတွင်းတကြော သွားလာခဲ့လို့သိရတာပါ တောင် ဂတုံးတွေ မြင်ရ တော့ စိတ်မကောင်းဘူး ဝမ်းနည်းတယ် ဘာကြောင့်များ နောက်မျိုးဆက် တွေရဲ့မျက်နှာ မထောက်တာလဲ နောက်လူတွေ ရာသီဥတု ဖောက်ပြန်မှူနဲ့ လူမူအကျိုးဆက်တွေကို ခံစား ရမှာကို မသိ ဘူးလား

နိုင်ငံမဲ့ လူသားသတိထား နေရသည်ဟု ဦးခင်အောင်မြင့်က ပြောကြား



 ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေပါလျက် နိုင်ငံမဲ့ လူသားဟု ဆိုနေကြကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် သတိထား နေရသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌပြောကြား

 Saturday, 07 September 2013 02:53

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေပါလျက် နိုင်ငံမဲ့လူသားဟု ဆိုနေကြကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် သတိထား နေရကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် စက်တင်ဘာ ၄ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၆ ရက် နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

''နိုင်ငံနှင့် လူမျိုးကိစ္စကို မိမိစဉ်းစား ကြည့်ရာမှာ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမှ မဟုတ်ဆိုသည့် မြေလွတ်မရှိကြောင်း၊ နိုင်ငံများ၏ နယ်နိမိတ်များသည် အားလုံး ထိစပ်နေကြောင်း၊ နိုင်ငံနှင့်လူသား ပေါ်ပေါက်လာခြင်းသည် ထူးခြားသည့် အခြေအနေပေါ် မူတည်ကြောင်း၊ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ယင်းကဲ့သို့ ထိစပ်နေပါလျက် နိုင်ငံမဲ့လူသားဟု ဆိုနေကြကာ အကြမ်းဖက်အဖွဲ့ အစည်းများနှင့် အဆက်အသွယ် ရှိလာသဖြင့် မြန်မာနိုင်ငံ အနေဖြင့် အထူးသတိထား နေရသည်ကို နားလည်စေလိုကြောင်း'' ဖြင့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးရာတွင် ''မိမိတို့ နယ်မြေတွင်လည်း ခိုးဝင်မှုများရှိကြောင်း၊ ယင်းကိစ္စမှာ ဒေသတွင်းပြဿနာ ဖြစ်နေကြောင်း၊ အာဆီယံဒေသတွင်း သာမက သြစတေးလျနိုင်ငံအထိ ခိုးဝင်မှု ပြဿနာများ ရှိနေကြောင်း၊ မိမိတို့ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်းနှင့် အနာဂတ်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း'' စသည်ဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဥပဒေ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ အဆိုပါ ဥပဒေသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့်အညီဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ကိုက်ညီရန် သက်ဆိုင်ရာ အသီးသီးသို့ တင်ပြပိုင်ခွင့်ရှိကြောင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ထိုင်းပါလီမန်က သိလိုသည့် အချက်များကို ဖြေကြားပေးရကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မူဝါဒများကို အကောင်အထည် ဖော်ခဲ့ကြောင်း ဖြင့်လည်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရမှ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း ဥပဒေ မရှိသေးသည့်အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လွှတ်တော်တွင် ဆွေးနွေးလျက် ရှိကြောင်း၊ လူ့အခွင့်အရေးရရန် ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ကိစ္စဖြစ်ပြီး မိမိနိုင်ငံသားကို သာမက လူသားအားလုံးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါ အဖွဲ့သည် ထိုင်းနိုင်ငံ ပါလီမန်ဥက္ကဋ္ဌနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.Somsak Kiatsuranont ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁ ရက် မှ ၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
news-eleven.com

ဆိုတေး၏ ဇနီးမယားဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုအား မီဒီယာများအား ရှင်းလင်း





 Sunday, 21 July 2013 23:57

မချိုချို (ခ) ခရင်မ်မှ ရှင်းလင်းစဉ်

တေးသံရှင်ဆိုတေး၏ ဇနီးမယား ဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုနှင့် ဆက်စပ်သော ရှင်းလင်းပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၁၁ နာရီတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ဆိုတေး၏ ဇနီးဖြစ်သူဟုပြောသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မချိုချို (ခ) ထိုင်းအမည် ခရင်မ်ခေါ် စီဆူးဒါးထိုင်းမိုင်ဆိုသူမှ မိမိသည် ဆိုတေး၏ ဇနီးမယားဖြစ်ကြောင်း၊ အကယ်၍ ဆိုတေးသတိရလာကာ စကားပြောနိုင်သည့် အခြေအနေရောက်ပြီး ၎င်းအားဇနီးမယား သတ်မှတ်ခြင်း မပြုပါက တေးသံရှင် ဆိုတေးအား ထိုင်းနိုင်ငံ ဥပေဒအရသာမက မြန်မာနိုင်ငံ၏ ဥပဒေအရပါ လိမ်ညာပေါင်းသင်းမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ဆိုသည်။

"အွန်လိုင်းမှာ ပျံ့နေတဲ့ပုံကလည်း  ကွန်ပျူတာနဲ့ ပြင်တာလည်း မဟုတ်ဘူး။ ပရိသတ်တစ်ယောက် အနေနဲ့ အတူတွဲရိုက်ထားတဲ့ပုံလည်း မဟုတ်ဘူး။ အခုလို ပွဲပြုလုပ်တာက နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ အခြားသော မိန်းကလေးတွေ အခုလိုမျိုး မဖြစ်အောင်ပါ။ ဆိုတေးကိုလည်း ဘန်ကောက်မှာ ဆေးကုပေးဖို့ သူတို့ဘက်က လက်ခံရင် တာဝန်ယူပါတယ်။ ကျွန်မက ဘန်ကောက်မှာ အထည်ချုပ်စက်ရုံ ပိုင်ပါတယ်။ ကျွန်မရဲ့ အမွေတွေကိုလည်း သူ့ကိုလွှဲပေးဖို့အထိပါ စီစဉ်ထားတာပါ" ဟု ၎င်းက မီဒီယာတွေ့ဆုံကာ ရှင်းလင်းခဲ့သည်။

မချိုချို အနေဖြင့် ဆိုတေးအား မြ၀တီတွင် သီချင်းသီဆိုပေးရန် ပွဲငှားရင်းမှ တွေ့ဆုံခြင်းဖြစ်ကာ ယခုနှစ် ဇွန်လ ၂၈ ရက်မှ စတင်တွေ့ဆုံကာ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်သည့်အပေါ် တေးသံရှင် ဆိုတေး၏ "အစ်ကိုရင်းဖြစ်သူ ကိုဇာနည်က" အခု ဆိုတေးက သတိမရသေးတဲ့အတွက် ဘာမှလည်း မပြောချင်ပါဘူး။ သူသတိပြန်ရလာရင် အကုန်ရှင်းသွား ပါလိမ့်မယ်" ဟုဆိုသည်။

မြန်မာ့အလင်း သတင်းစာတွင် အဆိုတော်ဆိုတေး၏ မိဘများဘက်မှ ကြေညာချက်တစ်ခုကို ဇူလိုင် ၁၉ ရက်တွင် ကြေညာပြီး ဖော်ပြထားသည်မှာ မချောချော (ခ) မ၀င့်ကုဋေသူသည် အဆိုတော်ဆိုတေး၏ တရားဝင် ဇနီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် နှစ်ဖက်မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်းတို့၏ရှေ့မှောက် သထုံမြို့နေအိမ်၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး ယခုလက်ရှိတွင် အမှတ် ၈၊ ပထမလွှာ၊ သပြေညိုလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိကြောင်း၊ ချွေးမဖြစ်သူ မချောချော (ခ) ၀င့်ကုဋေသူသည် လူမှုရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။
news-eleven.com

NLD ပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ

ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ


 Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

Saturday, 07 September 2013 02:41


မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။

news-eleven.com


Miss Supranational 2013 Top 20 စာရင်း

၁။ ဗင်နီဇွဲလား
၂။ ပွာတိုရီကို
၃။ ၾသစေၾတးလ်...
၄။ ပိုလန်
၅။ ဂါဘွန်
၆။ ပနားမား
၇။ ကနေဒါ
၈။ ထိုင်း
၉။ အင်ဒိုနီးရှား
၁၀။ U.S. Virgin ကျွန်းစု
၁၁။ လူဇင်ဘတ်
၁၂။ အိန္ဒိယ
၁၃။ မက္ကဆီကို
၁၄။ မြန်မာ
၁၅။ ဘီလာရုစ်
၁၆။ ဖိလစ်ပိုင်
၁၇။ ရုရှား
၁၈။ လတ်ဗီးယား
၁၉။ ဘရာဇီး
၂၀။ ယူကရိန်း