Saturday, September 7, 2013

ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသဧည့်နေဘဂါင်္လီအချို့နေရပ်ပြန်ကြမည်




   03 September 2013
    By အာရကန်ကိုကို-မောင်တော (မြစ်မခ)  
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။

“အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက်နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါ”ဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။

 အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ဖြစ်သည်ဟု သိရသည်။

“နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီအချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။

“ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလိုအခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။” ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။

၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေအငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်းလုပ်ငန်းများကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်။
http://myitmakhamediagroup.com/

တက်ရောက်ခွင့် မပြုသည့် ပုဂံရှေးဟောင်းဘုရား တချို့ပေါ်သို့ နိုင်ငံခြားသားများ တက်ရောက်မှုရှိနေ



Saturday, September 7,2013

ပုဂံဒေသတွင် တက်ရောက်ခွင့်မပြုသည့် ရှေးဟောင်းဘုရား တချို့အပေါ်၌ နိုင်ငံခြားသားများ တက်ရောက်နေခြင်းသည် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံများက ပြောဆိုသည်။

ဧည့်လမ်းညွှန် မပါသော၊ FIT ခရီးသွား တချို့သည် ရှေးဟောင်း သုတေသနဌာနမှ ခွင့်ပြုထားခြင်းလည်း မရှိသည့် ရှေးဟောင်း ဘုရားတချို့ အပေါ်တွင် နံနက် သို့မဟုတ် ညနေခင်း ဘက်များတွင် တက်ရောက်ကာ ပုဂံရှုခင်းများ ကြည့်ရှုလေ့လာမှု ပြုနေခြင်းသည် မတော်တဆ ဖြစ်နိုင်ခြေ များပြားလှကြောင်း ဒေသခံဧည့်လမ်းညွှန်များ၊ ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများက ပြောဆိုကြသည်။

''တစ်ခါတုန်းကလည်း ၀က်ကြီးအင်းဂူ ပြောက်ငယ်ပေါ်က အမျိုးသမီးတစ်ဦး လိမ့်ကျသေဆုံးမှု ဖြစ်ခဲ့သေးတယ်'' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။
နိုင်ငံခြားသား FIT ခရီးသွားများသည် တက်ရောက်ရန် ခွင့်ပြုချက် ပေးမထားသည့်အပြင် တက်ရောက်ရန် ခက်ခဲသည့် ရှေးဟောင်း ဘုရားများပေါ်တွင် တက်ရောက်လေ့ ရှိကြောင်း သိရသည်။ ''နေ၀င်ချိန်ကြည့်ဖို့ ခွင့်ပြုပေးထားတဲ့ ရွှေဆံတော်လို ဘုရားမှာတောင် မတ်စောက်လွန်းလို့ ဖြစ်နိုင်ရင် လေးဘက်လေးတန်ကို အတက်လမ်း၊ အဆင်းလမ်း သီးခြားစီ ခွဲခြားထားဖို့ သင့်ပါတယ်။ မဖြစ်သင့်တာ မဖြစ်အောင်ပါ'' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။

ပုဂံရှေးဟောင်း ဘုရားပေါ်သို့ တက်ရောက်နေသည့် နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

Eleven Media Group

Miss Supranational(2013) ဆုကို ဖိလစ်ပိုင်မယ်က ရရှိ

beauty of Mutya Datul, Miss Supranational 2013, from the Philippines!

ဥပဒေအထက်မှ ဦးရဲမြင့်




ဥပဒေအထက်မှာဘယ်သူမှမရှိ ဆိုသော်လည်းတိုင်းဒေသကြီးဝန်ကြီးချုပ်ရှိနေပါလား

    ဥပဒေအထက်မှာဘယ်သူမှမရှိဟုဆိုသော အသံများကြာနေရသည်မှာ (၁၀)နှစ်ခန့်ပင်ရှိပါပြီ။ ဤကဲ့သို့ တကျော်ကျော်အော်ပြောသံ ကြားနေရသော်လည်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် အကျုံး မ၀င်ပါလား။ ဘာ့ကြောင့်လဲ? စိုက်ပျိုးရေသုံးသည့် ဆည်မြောင်းများ ဥပဒေများကို မျက်ကွယ်ပြု၍ အုပ်ချုပ်မှုအာဏာသုံးလျက် မြောင်းပေါ်မှာ အဆောက်အဦ ဆောက်လုပ်ခွင့်ပေးခြင်း၊ ရေမြောင်းဘေးမှာ အရံထားသောမြေများကို အကွက်ရိုက်၍လည်း ရောင်းချပေးပြီး ဂရန်ပေးခြင်း၊ ဆောက်လုပ်ခြင်း ပြုလုပ် နေပါသည်။ ယခု မန္တလေးအရှေ့ပိုင်းရှိ ရေနီမြောင်းကြီးသည် အထင်ကရပါ။ ယခု ဦးရဲမြင့်က ကြံကြံ ဖန်ဖန် နေရာရှားလို့ ရေနီမြောင်းဘေးနှင့် တလျှောက်မြေကို အိုးအိမ်ဆောက်လုပ်ခွင့်ပေးခြင်းသည် ဆည်မြောင်းစည်းမျဉ်းဥပဒေနှင့် တားမြစ်ချက်များကို ဂရုမပြု လုပ်လိုက်ခြင်းသည် ဥပဒေအပေါ်က အရှင်သခင်တစ်ပါးမဟုတ်တော့ ဘယ်ဟာလို့ပြောရန်ကျန်ပါသေးလဲခင်ဗျာ။
    ရေမြောင်းဘေးတလျှောက်မြေကို (၆၀ x ၉၀) ကွက်ရိုက်၍ Mother Love Co ကိုပေးထားပြီး သူ့ဇနီး၊ သားသမီးများအမည်ဖြင့် ယူထားသော အကွက်များလည်းရှိပါသည်။ ဇနီး၊ သားသမီးများနှင့် တပည့်များသည် မြေကွက်များ၊ ခွင့်ပြုချက်ရယူထားသော လုပ်ငန်းများကို တစ်ဆင့် ၀ယ်သူရှာပုံတော်ဖွင့် အလုပ်ရှုပ်၊ ခြေသွက်နေပုံကို ကိုယ်တိုင်လေ့လာခြင်းဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကန်ထရိုက်များကို မေးကြည့်ပါ။ စနည်းနာကြည့်ပါ။ ၀န်ကြီးချုပ်နှင့် သားသမီးများ၏ တရုတ်မိတ်ဆွေများ၊ အခြားလုပ်ငန်းရှင်များ တရုံးရုံးနဲ့ အလုပ်ရှုပ်နေပုံကို လက်တွေ့ဆင်းကြည့်ပါတော့ခင်ဗျား။
    မန္တလေးမြို့ကြီးသည် ရှေးမြန်မာမင်းများမှစ၍ ရပ်ကွက်တွင်း အိမ်များနောက်တွင် နောက်ဖေး လမ်းကြားများကို (၁၀)ပေအကျယ်ခန့်ထားခဲ့သည်။ အထူးသဖြင့် မီးဘေးကိစ္စ၊ အခြား အရေးကြီးကိစ္စ တို့တွင် အသုံးပြုရန် သတ်မှတ်ထားရှိခဲ့သည်။ အဆက်ဆက် တာဝန်ရှိသူများလည်း လိုက်နာထိန်းသိမ်း ထားခဲ့သည်။ စည်ပင်ဌာန၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများလည်း ရှိထားပါသည်။ သို့သော် ၀န်ကြီးချုပ်က ရာထူးအာဏာသုံး၍ သူ့သားသမီးများ၏ မြေကွက်များ၏ နောက်ဖေးလမ်းကြားမြေအား ထည့်သွင်း၍ ဂရန်ရယူထားပါသည်။ ကွင်းဆင်းကြည့်လျင် တွေ့နိုင်ပါသည်။ သို့ဖြစ်လျင် တည်ဆဲဥပဒေ စည်းမျဉ်းများ ကို အာဏာဖြင့် ဘေးဖယ်၍ ပြုလုပ်နိုင်စွမ်းသည် ဥပဒေအထက် ဆင်စီးနေသလိုဖြစ်မနေပေဘူးလား။
    သို့ပါ၍ သမ္မတကြီး၏ လူထုဗဟိုပြုစနစ်ကျင့်သုံးရေးနှင့် သန့်ရှင်းသောအစိုးရ ဘယ်လိုမှ ဖြစ်နိုင်ခြေ မရှိနိုင်ပါကြောင်းပါခင်ဗျား .......။

ရာထူး ၁၄၀ ကျော် တယ်လီနောဝန်ထမ်းခေါ်



The Voice Weekly

ရန်ကုန်၊ စက်တင်ဘာ ၆

ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္ဍာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“ဒီနေ့စခေါ်တာပါ။ ရာထူးက တစ်ရာကျော်ရှိတယ်။ အရင်က ၂၇ နေရာပဲ ခေါ်ထားတာ။ အခုရာထူး အရေအတွက် ထပ်တိုးခေါ်တာ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တယ်လီနောမြန်မာတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများမှာ http://www.telenor.com/news-and-media/in-focus/telenor-in-myanmar/vacant-positions/ တွင် လေ့လာနိုင်ပြီး ကိုယ်ရေးအချက်အလက်များကို hr.myanmar@telenor.com သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

“တယ်လီနောက လူခေါ်မယ်ဆို ကတည်းက စိတ်ဝင်စားနေတာ။ ပထမ တစ်ခေါက်ခေါ်တုန်းက ထိပ်ပိုင်း ရာထူးတွေဆိုတော့ မလျှောက်ဖြစ်ဘူး။ ဒီတစ်ခါတော့ Marketing ဘက်မှာ လျှောက်မယ်” ဟု ပြည်တွင်း အီလက်ထရွန်နစ်ကုမ္ပဏီ တစ်ခုတွင် လုပ်သက်လေးနှစ်ရှိ Marketing Executive ဒေါ်ဟေမာန်က ဆိုသည်။

တယ်လီနောမြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် စုစုပေါင်း သုံးထောင်ခန့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။

အွန်လိုင်းငွေချေစနစ် သုံးစွဲမှုမတွင်ကျယ်သေးတဲ့ နိုင်ငံမှ Miss Internet ဆုရလို့အံ့အားသင့်



Miss Supranational Myanmar

Miss Supranational Myanmar - ခင်ဝင့်ဝါရဲ့ပရိသတ်များအတွက် ဝမ်းသာဂုဏ်ယူစရာသတင်းကောင်းလေး တင်ပြလိုပါတယ်။

Miss Supranational 2013 ပြိုင်ပွဲကြီးမှာ ခင်ဝင့်ဝါဟာ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်စွာ အကောင်းဆုံးကြိုးစားပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြိုင်ပွဲဒိုင်ချုပ်ဖြစ်တဲ့ Mr Carsten က Miss Myanmar ဟာ online voting မှာ မဲ မရခဲ့ရင်တောင် အကဲဖြတ်ဒိုင်များအားလုံးက စကာတင်လက်ရွေးစင် Finalist စာရင်းဝင် အဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ထို့ ပြင် အွန်လိုင်းငွေချေစနစ် Credit/Debit Card သုံးစွဲမှုမတွင်ကျယ်သေးတဲ့ နိုင်ငံမှ Miss Internet ဆုရရှိအောင် မခင်ဝင့်ဝါအတွက် မြန်မာပရိသတ်များမှ ပံ့ပိုးအားပေးမှုကိုလည်း အံ့အားသင့်ခဲ့ကြပါတယ်။

ထူးချွန်ထက်မြက်တဲ့ နိုင်ငံတကာ စံချိန်မီ မြန်မာအလှမယ် တစ်ဦးကို ရွေးချယ်ပေးနိုင်ခဲ့တဲ့ Miss Supranational Myanmar Organization အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ချီးကျူးစကားပြောခဲ့ပါတယ်။

Message from Mr. Carsten
(Chief Advisor to President of Miss Supranational Organization)

Dear Wai,

You sent a nice young lady. Myanmar fans loved her.

She would have made it even without the internet voting into the TOP 20.

And although you pointed out that Myanmar lacks electronic payment options, her fans found ways.

Congratulations!

Best Regards,
Carsten