Tuesday, September 10, 2013

၈နှစ်အရွယ်သတို့သမီးမင်္ဂလာဦးညမှာသေဆုံးမှုယီမင်မှာဖြစ်ပွား


 8-year-old Yemeni Child Dies At Hands Of 40-year-old Husband On Wedding Night

An eight year old died of sexual injuries on her wedding night with her 40 year old husband in Yemen.

[Photo for illustrative purposes courtesy of delhi4cats]

Al Nahar, Lebanon, has reported that an eight year old child bride died in Yemen on her wedding night after suffering internal injuries due to sexual trauma. Human rights organizations are calling for the arrest of her husband who was five times her age.

The death occurred in the tribal area of Hardh in northwestern Yemen, which borders Saudi Arabia. This brings even more attention to the already existing issue of forced child marriages in the Middle Eastern region.

"According to the United Nations Population Fund (UNFPA), between 2011 and 2020, more than 140 million girls will become child brides. Furthermore, of the 140 million girls who will marry before the age of 18, 50 million will be under the age of 15."

It is reported that over a quarter of Yemen's young girls are married before the age of 15. Not only do they lose access to health and education, these child brides are commonly subjected to physical, emotional and sexual violence in their forced marriage.

One of the main issues is that there is currently no consistent established definition of a "child" that has been agreed upon worldwide.  This leaves various interpretations within countries and little protection for those who are affected.

Establishing this age limit is among the top priorities of groups like HRC which was responsible for publishing the 54-page report “How Come You Allow Little Girls to Get Married?”, documenting the lifelong damage to girls who are forced to marry young.  Most pro age-limit organizations agree that 18 should be the legal age for marriage.

In February 2009, a law was created in Yemen that set the minimum age for marriage at 17. Unfortunately, it was repealed after more conservative lawmakers called it un-Islamic.

http://www.albawaba.com/editorchoice/yemen-child-marriage-human-rights-519066?fb_action_ids=715017195191599&fb_action_types=og.recommends&fb_ref=.Ui8k_6VI9OV.like&fb_source=other_multiline&action_object_map={%22715017195191599%22%3A586840521381609}&action_type_map={%22715017195191599%22%3A%22og.recommends%22}&action_ref_map={%22715017195191599%22%3A%22.Ui8k_6VI9OV.like%22}

ဆန္ဒပြတာ၂နှစ်။ လူသတ်တာတနှစ်ခွဲ။


ဂျွန်ယက်တောအိမ်ထဲဝင်တာ၃နှစ်
နော်အုံးလှဆန္ဒပြတာ၂နှစ်။
လူသတ်တာတနှစ်ခွဲ။

ခွန် ဒီးယမ်

မနှစ်က ပြည်မြို့၊ ရွာဘဲ ရပ်ကွက်၊ အမှတ် (၉/ခ) ရတနာမာန်အောင် ကွက်သစ်မှာနေတဲ့ အသက် ၁၅နှစ်သား ၁၀တန်းကျောင်းသားလေး မောင်ကောင်းဆက်ပိုင်ကို ရဲ ဒု တပ်ကြပ်သဲမောင်မောင် သတ်တဲ့အမှုမှာ မျက်မြင်သက်သေတွေ လူသက်သေတွေ အပြည့်အစုံရှိပါရက်နဲ့ ရုံးချိန်းပေါင်း (၅၉) ချိန်းအထိ အခါခါခေါ်ပြီးတဲ့နောက် ရွှေတောင် မြို့နယ် တရားရုံး ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်းက ထောင်ဒဏ် (၁ နှစ် ၆လ) ချလိုက်တယ်လို့သိရတယ်။ မတရားတာ ပြောပါတယ်။ သတ်တာ ရဲမဟုတ်ပဲ သာမာန်လူဆိုရင် ခုလို ရုံးချိန်း အခေါက် ၆၀လောက် ကြာမှာမဟုတ်သလို ထောင်ဒဏ်လဲ ၁၀နှစ်အထက် အသာလေးကျမှာ ကျိန်းသေတယ်.။. ရှက်ဖွယ်လိလိ မြန်မာ့ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေး စနစ်....ပိုဆိုးတာ အဲ့လူသတ်သမားကို အာမခံပေးပြီး အပြင်မှာ လွှတ်ထားလိုက်သေးသတဲ့။ မြန်မာပြည်မှာ အာဏာနဲ့ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ သဘောပဲ...

</span>

အမေစုဟာဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ခဲ့ရသလဲဆိုတာ


Jar Moon
အမေစုဟာဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ခဲ့ရသလဲဆိုတာ မသိမမှီလိုက်ရတဲ့ သူတွေလည်း သိရအောင် သိပြီးသူများလည်း ပြန်အမှတ်ရအောင် (remind)ပေါ့။

၁.၁၁.၁၉၉၆ ရက်နေ့နေ့ ၂နာရီ အင်းတော်မြို့အနီး လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်တဲ့ ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခန်းအနားမှာ စကားပြောတော့ ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းပစ်ရမယ်။ သုတ်သင်တယ်ဆိုတာ သတ်ပစ်ရမယ်လို့ ပြောတာ။ အောင်းဆန်းစုကြည်ကို သတ်ရဲသလား (သုံးကြိမ်တိုင်မေး) ..
တကယ်လည်းပဲ အောက်ပါအတိုင်း အကောင်အထည်ဖော်ခဲ့ကြပါတယ်။

(၁) ၉.၁၁.၁၉၉၆ နေ့မှာ ပါတီကိစ္စနဲ့လာတဲ့ အမေစု ဦးတင်ဦး ဦးကြည်မောင်တို့ပါတဲ့ ကာတန်းကို ဦးချစ်မောင်လမ်းထိပ်ရှိ ဗဟန်းအထက၂ (နံရံကျောင်း)ရှေ့မှနေ၍ လက်ရွေးစဉ် ကြံ့ဖွတ်တွေ လေ့ကျင့်ပေးထာတဲ့ စွမ်းအားရှင်တွေက တုတ်များ လောက်လေးခွများနဲ့ ဝိုင်းဝန်းတိုက်ခိုက်ပါတယ်။ ကားများမှန်ကွပြီဲး ဦးတင်ဦး ဦးကြည်မောင်တို့ ဦးခေါင်းမှာ မှန်ကွဲစ ဒဏ်ရာရ။ ဦးကြည်မောင်ဆိုလျှင် ကားထဲလှံနဲ့ အထိုးခံရတာ တိမ်းရှောင်နိုင်လို့ပါ။ ကားမောင်းသူ ကိုမော်ကြီးရဲ့ ပါးနပ်ကျွမ်းကျင်မှုကြောင့်သာ မေစု အသက်ဘေးက သီသီလေး လွတ်ခဲ့ရတာပါ။

(၂)၂၅.၆.၁၉၉၈ နေ့မှာ အမေစုအိမ်မှာပြုလုပ်မယ့် လူငယ်များနဲ့ စာဖတ်ဆွေနွေးဝိုင်းကို လာရောက်ကြတဲ့ လူငယ်များကို ဦးတင်ဦးနဲ့ မေစုတို့က ခြံပြင်ထွက်၍ ကြိုဆိုပေးပါတယ်။ မေစု အိမ်ခေါင်းရင်းမှာရှိသော မူလတန်းကျောင်းရှေ့ကနေ လုံထိန်းများ စစ်သားများ ထောက်လှန်းရေးများ အင်အား ၇၀ ခန့်က နံပါတ်တုတ်များ သစ်သားတုတ်များနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ပါတယ်။
မေစုက ကလေးတွေကို မရိုက်နဲ့။ ကျွန်မကိုရိုက်ဆိုပြီး ဝင်ရောက်ကာကွယ်ရာ ထောက်လှမ်းရေးမှ ဗိုလ်မှုးသူရ(ခ) နေစိုး က သူ့ပါရိုက် ရိုက်အမိန့်ပေးလို့ ဝိုင်းရိုက်ကြရာ ဘဘဦးတင်ဦးက တပ်မတော် အရာရှိဟောင်းကြီးပီပီ လျှင်မြန်ဖြတ်လတ် ကျွမ်းကျင်စွာနဲ့ ထီးအကြီးကြီးဖွင့် အကာအကွယ်ပေးခဲ့လို့ မေစု ဘယ်ဘက်ပုခုံးပေါက် ဒဏ်ရာတစ်ခုပဲ ရခဲ့တာပါ။ ထီးကြီးလည်း စုတ်ပြတ်ပြီး ဘဘလည်း တစ်ကိုယ်လုံး အရိုက်ခံခဲ့ရပါတယ်။ ခြံထဲဝင်ခွင့် မပေးပဲ ညနေ ၂ နာရီကနေ စပိတ်ထားတာ မိုးရေတွေထဲ ဒဏ်ရာရသူတွေနဲ့ တညလုံး ကတ္တရာလမ်းပေါ် ငုတ်တုတ်ထိုင်ခဲ့ရတာပါ။ နောက်နေ့မနက် ၁၁ နာရီ နီးပါးမှ ဝင်ခွင့်ရလို့ ဆေးကု အစာစားရတာပါ။

(၃)၂၉.၇.၁၉၉၈ နေ့မှာ မေစုတို့ ပုသိမ်သွားတာကို ထန်းတပင်မြို့နယ် အညာစု တံတားထိပ်က ပိတ်ဆို့ပြီး အစာမကျွေး ရေမတိုက်ပဲ ၈ ရက် တိတိ ပိတ်ဆို့ခဲ့ကြပါတယ်။ သူတို့သတ်လို့ မဟုတ်ပဲ သူဟာသူ သေတာဆိုတဲ့ သဘောပါ။ မိုးရွာလို့ ပါလာတဲ့ထီးနဲ့ မိုးရေခံပြီး ကြံ့ကြံ့ခံနေရာက နိုင်ငံတကာ ဝိုင်းအော်လို့ ပြန်လွှတ်ပေးတာပါ။ လွှတ်တော့လည်း အားပြတ်မျော့နေတဲ့ မေစုကို ကြမ်းတမ်းရိုင်းစိုင်းစွာ အတင်းအဓ္ဓမ ချုပ်နောင်ခေါ်ဆောင်လို့ လက်မှာ ပွန်းပဲ့ဒဏ်ရာ ရကာ မသေရုံတမယ် ခံလိုက်ရတာပါ။


(၄) ၁၂.၈.၁၉၉၈ ဒုတိယအကြိမ် ပုသိမ်အသွားမှာတော့ ယခင်နေရာမှာပဲ ၁၃ ရက်ကြာ ထပ်မံပိတ်ဆို့ခဲ့ပါတယ်။ ဒီတစ်ခါတော့ ရေသန့်ဘူးတွေ မြေပဲယိုတွေ ယူသွားတော့ဒါလေးတွေနဲ့ အသက်ဆက်ခဲ့ရတာပါ။

(၅) ၃၀.၅.၂၀၀၃ ဒီပဲယင်း ကြည်ရွာ ဒါတော့အားလုံးသိကြတဲ့အတိုင်း သမိုင်းမှာ အရက်စက်ဆုံး အယုတ်မာဆုံး နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို ပြုလုပ်ခဲ့ကြပါတယ်။ တုတ် ဓါး ဝါးချွန် လေးခွတို့ကို အသုံးပြုပြီး အဖွဲ့ပေါင်းစုံခေါ်ယူပြီး ပက်စက်ခဲ့ကြတာပါ။ ဒီမိုအာဇာနည်ပေါင်းများစွာ ကျဆုံးခဲ့ကြတာပါ။ မေစုကတော့ ကံတရားရဲ့ ဖေးမမှုရော ကားမောင်းသူ ကိုကျော်စိုးဝင်းရဲ့ ကျွမ်းကျင်မှုကြောင့်ပါ လွတ်ခဲ့ရတာပါ။ အသတ်ခံ အရိုက်ခံတဲ့ ဘက်ကလူတွေထောင်းသွင်း အကျဉ်းချခံရတဲ့ ကမ္ဘာကျော် သမိုင်းရိုင်း အမှုကြီးပါ။

ကဲ အခုခါမှာ တောင်ပြောမြောက်ပြော ရှောက်ပြောနေကြတဲ့သူတို့ရေ လွယ်လွယ်နဲ့တော့ အောင်ဆန်းစုကြည် ဖြစ်မလာပါဘူးနော်။ သိန်းစွန်ငှက်တွေဟာ မြင့်ပျံပျံ နိမ့်ပျံပျံ ဘယ်တော့မှ ကျီးကန်းဖြစ်မသွားပါ။

(မကြာခင်ပြည်ပခရီးသွားတော့မယ့် ကောင်းအတိပြီးတဲ့ ဒေါင်းအမိကြီးသို့)

 Utto Maha Aung Myay

သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူကတုံ့ပြန်



“ဦးဇင်း ဝီရသူဟာ စစ်သည် ၅သိန်းအား ရှိပါတယ်”ဟု ၉၆၉ အပေါ် မဟန၏ ဆုံးဖြတ်ချက်ကို ဦးဝီရသူက တုံ့ပြန်မိန့်ကြား


၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။




ဦးဝီရသူ မွတ်ဆလင်တွေနဲ့ လက်တွဲမယ်ဆို
========================
By BBC Burmese
၉၆၉ လှုပ်ရှားမှုကို ကျယ်ပြန့်လာအောင် လှုံ့ဆော်သူလို့ နာမည်ကြီးတဲ့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အမျိုးသားရေးဝါဒီ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် မွတ်ဆလင် ဘာသာဝင်တွေနဲ လက်တွဲပြီး ဆောင်ရွက်သွား မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ကေသာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဒီနှစ်ထဲကစလို့ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာလည်း မွတ်ဆလင် ဆန့်ကျင်ရေး ပြင်းထန်တဲ့ စကားတွေ ဟောခဲ့တာတွေ ရှိပါတယ်။ဒီနေ့မှာတော့ သူဟာ ဥပဒေမဲ့ တုံ့ပြန်တာတွေ မလုပ်ဖို့ကို နိုင်ငံအနှံ့ ကျယ်ပြန်စွာ ဟောပြောပို့ချပါမယ်လို့ ကတိပြုပြီး အစ္စလာမ် ဘာသာဝင်တွေ ပါဝင်တဲ့ ကွန်ယက်နဲ့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။
ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးဝီရသူနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်ရွှေကြည်တို့က ပူးတွဲပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပက်သတ်လို့ အဓိက သဘောထား ထုတ်ပြန်ကြတာ ဖြစ်ပြီး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ နှစ်ဘက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ ပြောသွားပါတယ်။
ဦးဝီရသူဟာ မွတ်ဆလင်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးအတွက် အခုလို လုပ်မယ်လို့ ပြောတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင် ဆန့်ကျင်ရေးတွေ ပြောခဲ့တယ် ဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။အခု ရက်ပိုင်းမှာ ဦးဝီရသူကို နေ့စဉ် ဖုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေပြီး အခုလို မွတ်ဆလင်တွေနဲ့ တွေ့ဆုံပြီး အဓိကရုဏ်းတွေ တားဆီးဖို့ လုပ်တာဟာ အဲဒီ ခြိမ်းခြောက် ခံရမှုတွေနဲ့တော့ မပတ်သက်ဘူးလို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။


BBC Burmese
http://www.bbc.co.uk/burmese/burma/2013/09/130910_wirathu.shtml

အသက်ကြီးလို့ လမ်းဘေးကစက္ကူပုံးထဲနေနေရပေမယ့်



Si Si Rozar

“ တိုက်ခန်းနဲ့နေရတာပူတယ် ဒီမှာက လေကောင်းလေသန့်
ရတယ်သမီး”...တဲ့။

လမ်းဘေးကစက္ကူပုံးထဲနေနေရပေမယ့် စိတ်ချမ်းသာနေတယ်ဆိုရင်လည်း
ပြီးတာပါပဲလေ... ။



Thet Swe Win
ဒီနေ့ နေ့ လည် ၂နာရီလောက်က မိုးတွေရွာနေတုန်း တာမွေအ၀ိုင်းကြီးထိပ်နားမှာ ခလေးမလေးတစ်ယောက် မိုးတွေရွှဲလို့ ....

ကျုပ်တို့ ရန်ကုန်မှာ ဒီလိုခလေးတွေ ဘယ်လောက်များနေပြီလဲ။

ခက်တာက အဲဒီ ရဲ ကပြသနာ ဖြစ်ပြီးမှ ရောက်လာတာ


Min Myanmar

GAS POWERED CO2 AIR PISTOL - gas ပစ္စတိုလည်း သုံးသင့်ပါတယ်။
 ရွှေတြိဂံနယ်စပ်မှာ ၀ယ်လို့ရတယ်။ ဆိုဒ် ကြီး/သေး အကုန်ရတယ်။ သေနတ်အစစ်နဲ့  Real Size/ Scale ပဲ။ ၂ သိန်းဝန်းကျင်လောက်ရှိတယ်။

၂၅ ပေ အကွာလောက်က စက္ကူဂျပ်ပုံး အထူကို ပစ်ရင် ပေါက်ထွက်တယ်။ အဝေးဆုံး ဓါတ်တိုင် ၂ /၃ တိုင် အကွာအဝေးလောက် ရောက်တယ်။ အသံ မမြည်ဘူး။ Gas ဖြည့်၊ ကြွေ စေ့ထည့်ပြီးသုံးရတယ်။

ရန်ကုန် တာမွေ မှာ တစ်နေ့ က သူ့ဖာသာသူ သွားနေတဲ့ ကားကို ရပ်ခိုင်းပြီး ဘောနပ်ပေါ် တက်ခုံတယ်။ အထဲကလူနှစ်ယောက် ကို ပုလင်းကွဲနဲ့ ဗိုက်ထိုးတယ်။
ဒါမျိုးဝယ်ပြီး ကားဒက်ရှ်ထဲတောင် ထည့်ထား ရမလိုပဲ။
တလောကလည်း ရန်ကုန်မှာ စားသောက်ဆိုင် သွားတဲ့ စုံတွဲ ကားကို ကုလားတစ်စုက ရပ်ခိုင်းတယ် ၊ ယောက်ျားကို ၀ိုင်းထိုးတော့ အဲဒီလူက ထွက်ပြေးရတယ် ၊ အထဲမှာ ကျန်ခဲ့တဲ့ ကောင်မလေးကို ကား ပေါ်က အတင်းဆွဲချနေပြီ ။ တက်စီသမားတွေ အရောက် မြန်လို့ အဲဒီအဆင့်နဲ့  ရပ်သွားတာ။ မိမိ ကိုယ်ကို အရေးပေါ် ခုခံကာကွယ်ဖို့ အတွက် ပြင်ဆင်ထားသင့်ပါတယ် ။
ရဲ ဥပဒေနဲ့  တော့ ညိစွန်းနိုင်တယ်။ ဒါပေမယ့် ခက်တာက အဲဒီ ရဲ က .. . . ပြသနာ ဖြစ်ပြီးမှ ရောက်လာမှာလေ။
ပုလိစ်ကလည်း ရန်ကုန်မြို့ လူဦးရေ သိပ်သည်းမှုအရ လူခုနှစ်ထောင်မှာ ပုလိစ် ၁ ယောက်ဆိုတဲ့ အတိုင်းအတာအချိုးကျနဲ့  ရန်ကုန်မြို့ လုံခြုံရေး ဆောင်ရွက်နေရတာပါ ဆိုတဲ့ ဖြေရှင်းချက်ကို ပေးတာ . . စာစောင်တစ်ခုမှာ တွေ့ထားပါတယ်။
မန္တလေးကျုံးရှေ့ ဓါးခုတ်ခံရလို့ ကျုံးနားတာဝန်ကျတဲ့ ရဲ ကို မတွေ့လို့ စခန်း သွားပြောတော့ စခန်းက ကျုံးနားတာဝန်ကျ ရဲ ကို ပြောပါတဲ့။ ကိုယ် ဖြစ်ချိန်ကာကွယ် ပေးနိုင်ဖို့ အသာထား။ ခံလိုက် ရလို့ သွားပြောတောင် အနေအထားက အဲလိုရှိတယ်။
သိက္ခာချတာမဟုတ်ပါ။
သူတို့လည်း သူတို့ လူအင်အား ၊ များပြားလှသော တာဝန် ၊ ကန့် သတ်ချက်တွေ နဲ့ IN TIME လုပ်နိုင်ဖို့ မဖြစ်နိုင်ပါ။
အတ္ထာ ဟိ နတ္တ နော နာထော ၊ မိမိကိုယ်သာ ကိုးကွယ်ရာလို့ပဲ ခံ ယူလိုက်ပါတော့တယ်။
ကိုယ့်အသက် ရန်ရှာ မခံရဖို့ပဲ အရေးကြီးတယ် ၊ ကျန်တာတော့ နောက်မှ ကြည့်ရှင်း မူဝါဒပဲထားမလား?
တွံတေးက ဘုန်ကြီး ကနေ၊ ကျော်သူ့ကို နောက်ဆုံးလှူထားတဲ့ ပါဂျဲရို ကားသစ်ကြီးစီးပြီး May I Help You တို့ရဲ့ Limitations များကို ခံစားနားလည်ပေးလိုက်မှာလား? ဆိုတာကတော့ မိမိ ရွေးချယ်မှုပါပဲ

Hlwam Aung

အမေစု ၏ ဥရောပ ခရီးစဉ် စတင်ထွက်ခွာ


Ko MawPyay

တိဘက်ခေါင်းဆောင် ဒလိုင်လားမား နဲ့ တွေ့မှာလားဟု သတင်းထောက် တစ်ဦး၏ မေးခွန်းကို ***တွေ့မယ်*** လို့ အမေစု က ပြန်လည် ဖြေကြားခဲ့ပါတယ်...

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥကဌ အမေ ဒေါ်အောင်ဆန်းစုကြည် သည် ပိုလန်၊ ဟန်ဂေရီ နှင့် ချက် နိုင်ငံ များသို့ ခရီးစဉ်ကို ဒီကနေ့ စတင်သည်...

ပိုလန်နိုင်ငံတွင် စက်တင်ဘာ (၁၁) နှင့် (၁၂) နှစ်ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ ပိုလန်ပါလီမန် သို့ သွားရောက်မည်ဖြစ်သလို ပိုလန်မြို့ ၀ါဆော တကသိုလ်မှာလဲ မိန့်ခွန်းဟောပြောမှာပါ... စက်တင်ဘာ (၁၃) ရက်နေ့မှာ ဟန်ဂေရီ၊ စက်တင်ဘာ ဆယ့်ငါး၊ ဆယ့်ခြောက်၊ ဆယ့်ခွန် မှာတော့ ချက် နိုင်ငံမှာ ရှိနေမှာပါ...

 (ရိုက်ကူး တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)