Wednesday, September 11, 2013
ရိုးရာသနပ်ခါး လိမ်းခဲ့တဲ့ ဆိုတဲ့ ခင်ဝင့်ဝါ ဘာပြောထားပါလဲ
ဘီဘီစီ
soundcloud.com
မြန်မာဆိုတာ သိစေအောင် ရိုးရာ သနပ်ခါး လိမ်းပြခဲ့တယ် ဆိုတဲ့ မခင်ဝင့်ဝါ ရဲ့ ပြောပြ ချင်တဲ့ အကြောင်း တွေကို မရီရီအောင်က မေးမြန်းထားပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာသောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ
ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Miss Grand International 2013 ပြိုင်ပွဲဝင်ဖို့ မြန်မာအလှမယ် ထားထက်ထက်
DVB TV News
Miss Grand International 2013 ပြိုင်ပွဲဝင်ဖို့အတွက် မြန်မာအလှမယ် ထားထက်ထက်ဟာ လေ့ကျင့်ပြင်ဆင်နေပါပြီ။
Miss Grand International 2013 ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကျရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ထားထက်ထက်က မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဓါတ်ပုံ - ကိုသက်
ရွှေတိဂုံတွင် ပျောက်ဆုံးခဲ့သည့် ကိုယ်ပိုင်ယာဉ် ထောက်ကြန့်တွင်တွေ့
The Voice Weekly
ရန်ကုန်၊ စက်တင်ဘာ ၁၀
ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာတွင် စက်တင်ဘာလ ၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးခဲ့သော SE ဆလွန်းယာဉ်ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရန်ကုန်-ပဲခူးလမ်းမကြီး ဘေးရှိ ဝင်း မူကြိုကျောင်း ရှေ့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်ကံညွန့်ရပ်ကွက်တွင် နေသူ ဒေါက်တာငြိမ်းသီရိအေး နှင့် မိသားစုသည် ပျောက်ဆုံးခဲ့သော ယာဉ်ဖြင့် စက်တင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီက အနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နား နေရာ၌ ရပ်ထားခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ပြီးနောက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်ရှိရာသို့ ပြန်လာခဲ့ရာ ယာဉ်မှာ ပျောက်ဆုံးနေသောကြောင့် ဒဂုံမြို့နယ် မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။
"အနောက်ဘက်မုခ်မှာ ဒီလိုကားပျောက်တာ တစ်ခါမှမရှိဘူး။ တောင်ဘက်မုခ် မှာတော့ ကားပျောက်တာ၊ ကားပစ္စည်းတွေ ဖြုတ်ခိုးတာတော့ မကြာခဏဖြစ်တယ်" ဟု အနောက်ဘက်မုခ်ဦးတွင် ၁၀ နှစ်ကျော်ကြာ ဈေးရောင်းချသူ တစ်ဦးက ပြောဆိုသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မုခ်လေးဖက်တွင် ယာဉ်ဝင်ကြေးတစ်စီးလျှင် ငွေတစ်ရာကျပ် ကောက်ခံကာ နံနက် ၄ နာရီမှ ည ၁၀ နာရီထိ ဝင်ခွင့်ပြုထားကြောင်းနှင့် ယာဉ်ရပ်နားနေရာ များတွင် CCTV ကင်မရာများ တပ်ဆင်ထားပြီး ယခုယာဉ် ပျောက်ဆုံးသော အနောက်ဘက်မုခ် ယာဉ်အဝင်အထွက် နေရာတွင်လည်း ကင်မရာနှစ်လုံး တပ်ဆင်ထားကြောင်း ဘုရားလုံခြုံရေးတစ်ဦးက ဆိုသည်။
ရွှေတိဂုံစေတီတွင် အနောက်ဘက် မုခ်၌ ယာဉ်ရပ်နားခ တစ်စီးလျှင် ကျပ် ၁၀၀ ကောက်ခံကြောင်း၊ ယာဉ်ရပ်နားနေရာတွင် ထားရှိသည့် ယာဉ်များ၏ လုံခြုံရေးကို ဘုရားလုံခြုံရေး အဖွဲ့က ဆောင်ရွက်ပေးခြင်းရှိ မရှိကို ယင်းစေတီတော်၏ တာဝန်မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း စာဖြင့် မေးမြန်းရမည်ဖြစ်ပြီး နှစ်ရက်ခန့် အကြာတွင် ရွှေတိဂုံစေတီတော် ဝက်ဘ်ဆိုက် မှ ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း အဆိုပါ တာဝန်မှူးရုံးရှိ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အဆိုပါ မော်တော်ယာဉ်ပျောက်ဆုံးမှုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်း များနှင့် အထူးစုံစမ်းရေး အဖွဲ့များက မြို့ဝင်မြို့ထွက် တိုးဂိတ်များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ သို့ အကြောင်းကြားထားခဲ့ရာ ထောက်ကြန့်မြို့တွင် ယာဉ်ကိုသာ ပြန်လည်တွေ့ရှိခဲ့ ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။
ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် တွင် ၂၀၁၂ ခုနှစ်၌ ယာဉ်ခိုးယူမှု နှစ်ကြိမ် တိုင်တိုင် စေတီတော်လုံခြုံရေး အဖွဲ့က ဖမ်းမိခဲ့ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရှိရသည်။
၉/၁၁ အရေးအခင်းအတွက်ဆိုင်ကယ်စီးသူ ၂ သန်း ဝါရှင်တန်ဒီစီ မြို့ထဲသို့ ဖြတ်သန်း
 ၉/၁၁ အရေးအခင်း၌ သေဆုံးခဲ့ သူများအား ဂုဏ်ပြုရန် ဆိုင်ကယ်စီးသူ ၂ သန်း ဝါရှင်တန်ဒီစီ မြို့ထဲသို့ မရပ်မနား ဖြတ်သန်း စီးနင်း
" 2 Million Bikers to DC " ဘိုက်ကာ ၂ သန်း ချီတက်လှုပ်ရှားမှုပါ။
အမေရိကန်နိုင်ငံတဝှမ်းက ဆိုင်ကယ်စီးဘိုက်ကာတွေ ဝါရှင်တန်အထိ ဆိုင်ကယ်စီးချီတက်တဲ့ လှုပ်ရှားမှုပါ။ ချီတက်ရတဲ့အကြောင်းကတော့.
ဖေဖော်ဝါရီကတည်းကသတင်းမီဒီယာတွေမှာ ပြည်တွင်းနေတွေက ၉/၁၁နေ့မှာ ဆန္ဒပြပွဲလုပ်မယ့်အကြောင်းကျယ်ကျယ်ပြန့်ပြန့်ကြေညာထားပြီး ဆန္ဒပြပွဲကို " Million Muslim March " မွတ်စလင်သန်းချီဆန္ဒပြပွဲလို့ အစောပိုင်းကကြေညာခဲ့ပြီး နောက်ပိုင်းမှာတော့ "Million American March Against Fear" လို့အမည်ပြောင်းလဲခဲ့ပါတယ်။
အဲဒါကိုတန်ပြန်တဲ့အနေနဲ့ အမေရိကန်တဝှမ်းက ဝါရှင်တန်အထိ ဆိုင်ကယ်တွေနဲ့ချီတက်ပြီးဆန္ဒပြပွဲကို တန်ပြန်ကန့်ကွက်ဆန္ဒပြကြမှာဖြစ်ပါတယ်။
ချီတက်မယ့်ခွင့်ပြုချက်တောင်းတာကို ဝါရှင်တန်စီးတီးကောင်စီကခွင့်မပြုပဲ ငြင်းဆိုခဲ့ပေမယ့်..
ဘိုက်ကာတွေကတော့ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး အိမ်ဖြူတော်ရှိရာ ဝါရှင်တန်ကို နိုင်ငံအနှံ့က ချီတက်လာပါပြီ။
twitter ကတက်လာတဲ့ဓါတ်ပုံသတင်းတွေမှာတော့.. တောင်ပိုင်းဘိုက်ကာသမားတွေကတော့ လမ်းတစ်လျှောက်မှာရှိတဲ့ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါ ၊ တက်စ်ဆပ် တို့ကို ဖြစ်သန်းလာနေပြီ။ မြောက်ပိုင်းဘိုက်ကာသမားတွေကတော့ အတော်အုပ်စုတောင့်တယ် လမ်းတစ်လျှောက် ခရီးတစ်ထောက်နားတဲ့နေရာတွေဖြစ်တဲ့ Maine ပြည်နယ်က တစ်ထောက်နားနေရာမှာ ချီတက်လာတဲ့ဘိုကာသမားအချင်းချင်းဆုံပြီး ပွဲတော်ကြီးလိုဖြစ်နေပါတယ်။
(facebook က ဘိုက်ကာဂရုလင့်ခ်တွေဖြစ်ပါတယ်..
https://www.facebook.com/events/723780277635641/permalink/726435750703427/ )
Million Muslim March’ Met With Counter-Protest
ပေါက်တောတွင် ဘင်္ဂါလီ ခုနစ်ဦးက ကျွဲထိန်း နှစ်ဦးအား အကြမ်းဖက်ကာ ကျွဲခြောက်ကောင်ကို လုယက်သွား
Coral Arakan News
====================
( Coral Arakan News / ၁၁ စက်တင်ဘာ ၂၀၁၃ )
ပေါက်တောမြို့နေ ဇီးချိုမော်ရွာနေ ဦးမောင်သာလှ၏သား ဦးဦးထွန်းသိန်းတွင် စားကျက်မလုံလောက်သောကြောင့် ကြက်သရေကျေးရွာအနီး စားကျက်ဝယ်၍ ကျွဲ (၁၃) ကောင်အား ကျက်သရေကျေးရွာနေ အဖိုးတော်စပ်သူ ဦးမောင်စိန် (ဘ) ဦးမဲကျော် (၆၈-နှစ်) နှင့် လယ်လုပ်သား ကျွဲထိန်း မောင်ထွန်းစံ (ဘ) ဦးအေးစိန်အောင် (၂၅-နှစ်) တို့ နှစ်ဦးအား ထိန်းသိမ်းစောင့်ရှောက်ရန် ငှားရမ်းထားပါသည်။
ကြက်သရေကျေးရွာနှင့် ကိုက် (၆၀၀) ခန့်ကွာဝေးသော ယင်းစားကျက်တွင် လယ်တဲဆောက်လုပ်ပြီး ၄င်းကျွဲ (၁၃) ကောင်အားထိန်းသိမ်းစောင့်ရှောက်နေသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
အခင်းဖြစ်ပွားသည့် ၂-၉-၁၃ နေ့ ညဥ့် ဆယ်နာရီခန့်တွင် ကျွဲထိန်းနှစ်ဦး အိပ်ပျော်နေစဉ် ကျွဲမြည်သံကြား၍ ဦးမောင်စိန်က လက်နှိပ်ဓါတ်မီးဖြင့်ထိုးကြည့်ရာ၊ ဘင်္ဂါလီတစ်ဦးတဲပေါ်သို့ ပြေးတက်လာပြီး ခဲသီးဖြင့်ပစ်ခန်ရာ ၀ဲဘက်ပါးတွင် ခဲသီးနစ်ဝင်သွားပြီး ရင်ဝသို့လက်သီးတစ်ချက်ထိုးပါသည်။ ကျန်ကုလားများက အသင့်ပါလာသော ဓါးရှည်များဖြင့် ရင်ဝကိုထောက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးချည်ခြင်း ခြေကိုချည်ခြင်းများပြုလုပ်ပြီး လယ်တဲ၏တိုင်များတွင် သီးခြားစီတုပ်နှောင်ကာ ပါးစပ်ကို အ၀တ်များဖြင့် ထိုးထည့် စည်းနှောင်ထားပါသည်။
ထို့နောက်ချည်နှောင်ထားသော ကျွဲ (၁၃) ကောင်အား ညာဥ့် ဆယ်နာရီခွဲခန့်တွင် လုယက်ခိုးယူသွားရာ၊ လမ်းခရီးတစ်ဝက်တွင် ကျွဲခုနစ်ကောင်မှာ လွတ်ထွက်သွားခဲ့သော်လည်း၊ ကျွဲထီးနှစ်ကောင် နှင့် ကျွဲမလေးကောင် (စုစုပေါင်း ခြောက်ကောင်)တို့မှာ ဘင်္ဂါလီ ခုနစ်ဦးတို့၏ လုယက်ခိုးယူမှုကြောင့် ယနေ့ထက်တိုင် စုံစမ်း၍ မရနိုင်သေးပါ။
အထပ်ပါဖြစ်ရပ်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့များက အပူတပြင်း ရှာဖွေစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(Coral Arakan News သို့ ပေါက်တောသား ရေးသားပေးပို့သည်။)
----------------
ဓါတ်ပုံရည်ညွှန်းစာသား - လုယက်တိုက်ခိုက်ခြင်းခံရသူ ဦးမောင်စိန်
မာဒေးကား၂၀၁၃ဗိုလ်လုပွဲမြန်မာအသင်းတက်
(၄၁) ကြိမ်မြောက် မာဒေးကား၂၀၁၃ဗိုလ်လုပွဲစဉ်မှာ ချန်ပီယံ(၉)ကြိမ်
ရအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အိမ်ရှင်မလေးရှားအသင်းနဲ့ချန်ပီယံ(၃)ကြိမ်
ရယူပြီးပြိုင်ပွဲရဲ့တတိယအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ကျနော်တို့မြန်မာ
အသင်းတို့ဟာလာမယ့်စက်တင်ဘာလ(၁၄)ရက်(စနေနေ့)၊
မြန်မာစံတော်ချိန် ၇း၁၅ နာရီ မှာ ယှဉ်ပြိုင်ရပါမယ်။
မြန်မာ ယူ၂၃ အသင်းအတွက် စိုးကျော်ကျော်က ၈၉ မိနစ်မှာ အခုလို ဒိုင်ဗင်ထိုး ခေါင်းတိုက် သွင်းယူ
ပိုလန်လွှတ်တော်ဥက္ကဋ္ဌနဲ့အတူအမေစု (11-9-2013)
ခွန် ဒီးယမ်
ဖြစ်ချင်တော့ ပိုလန်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဖို့သွားတဲ့ မေစုကားတန်း ပိုလန်လွှတ်တော်ရှေ့ရောက်တော့ ဆက်သွားလို့ မရတော့ဘူး။ လွှတ်တော်ရှေ့မှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြနေကြလို့လေ။ ဒါနဲ့ မိုးထဲရေထဲမှာပဲ မေစု သွက်သွက်လက်လက် ကားပေါ်ကဆင်းပြီး လွှတ်တော်ထဲကို လမ်းလျှောက်ဝင်သွားပါလေရော။ ဒီလိုဇာတ်ကွက်မျိုးကို စောင့်နေတဲ့ သတင်းထောက်တွေကလဲ အသားကုန်ဝိုင်းပြီး မေးကြတာပေါ့.... နိုင်ငံတော် ဧည့်သည်တစ်ယောက်ဖြစ်ပြီး ခုလို မိုးရေထဲ လမ်းဆင်းလျှောက်ရတာ ဘယ်လိုခံစားရလဲပေါ့ (မြန်မာပြည်က တချို့သတင်းထောက်တွေလိုပဲ နော်... ခ် ခ် ခ် ..:D)။ ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ၊ မေစုက ပြန်ဖြေလိုက်တာပေါ့.... "ဒီမိုအတွက် ရေစိုရတာ တန်ပါတယ်" တဲ့။ ဆိုလိုချင်တာက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေမှာ သူတို့ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်အမတ်တွေကို သူတို့လိုလားချက်တွေသိအောင် လွှတ်တော်ရှေ့လာပြီး ပြောပြဖို့ အခွင့်အရေးရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့သဘောပေါ့ဗျာ။ မြန်မာနိုင်ငံမှာလဲ ဒါမျိုးဖြစ်သင့်တာကြာပြီ။ ဒီဇင်ဘာလကုန်လောက်မှာထွက်လာမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်မှု ကော်မတီရဲ့ အစီရင်ခံစာမှာ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို မဖြည့်ဆည်းပေးဘူးဆိုရင် ပြည်သူတွေလဲ ပိုလန် အလုပ်သမားတွေလို လွှတ်တော်ရှေ့ထိရောက်အောင်သွားပြီး ဆန္ဒပြသင့်တယ်လို့ မြင်တယ်။ အမေစုက ထပ်ပြောလိုက်သေးတယ်။ သမဂ္ဂအဖွဲ့ဝင်တွေဝတ်ထားတဲ့ ရောင်စုံဝတ်စုံလေးတွေ (မိုးကာစ ဝတ်စုံ) က သိပ်လှတာပဲတဲ့။ မတူညီကွဲပြားမှုကို လက်သင့်ခံ နှစ်သက်တဲ့ သဘောပေါ့ဗျာ.....
ဒီအဖြစ်အပျက်လေးကနေ သင်ခန်းစာတစ်ခု ရလိုက်တယ်။ လွှတ်တော်ဆိုတာ ကြောက်စရာနေရာမဟုတ်ဘူး။ လွှတ်တော်ရှေ့မှာ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံကြီးတွေတိုင်းမှာ ထမင်းစားရေသောက် လုပ်နေကျအလုပ်ဗျ။ ဘာမှ စိုးရိမ်ဖို့ မလိုဘူး။ ပြည်သူတွေမှာ ဒီအခွင့်အရေးမျိုး အပြည့်အဝရှိတယ် ဆိုတာ သင်ခန်းစာပဲ။
(11-9-2013)
အသိမ်းခံလယ်များ ပြန်ရဖို့ဆန္ဒပြသူ ထောင် ၉ လကျခံရ
RFA Burmese
တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။
ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုဆန္ဒပြခဲ့တာပါ။
ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင်က အခုလို ပြောပါတယ်။
“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချတယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကိုပို့လိုက်တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”
သံတွဲမြို့နယ်ရဲစခန်းက ပထမ ၂ ကြိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ ကြိမ်မြောက် ဆန္ဒပြအပြီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒေါ်လာ၁၁ဘီလီယံနိုင်ငံခြားသို့ထွက်ခွာ
ဆရာမ ဒေါ်စိုးစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်သွားတော့ မည်
 ၁၅ရက်အတွင်း ပြေ လည်အောင် ဖြေရှင်းပေးပါရန် ပညာရေး ဝန်ကြီးဌာနသို့ တောင်းဆို ထားမှုမှာ အရာမထင်၍ တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခု က ဥပဒေကြောင်းအရ ရင်ဆိုင်သွားတော့ မည်ဟု ထုတ်ဖော်ပြောဆိုသည်။
တရားဝင် ရပ်တည်နေသော တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခုကကြေညာချက် ထုတ်ကာ ပညာရေး ဝန်ကြီးဌာနသို့ တောင်းဆို ထားခြင်းအပေါ် ပညာရေးဝန် ကြီးဌာနဘက်မှ မတုံ့ပြန် သည့်အပြင် သတ်မှတ်အချိန်လည်း ပြည့် ပြီဖြစ်၍ ထိုသို့စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
Popular Myanmar News Journal
“လိုင်းကြေးပေး၍ အမှိုက်ကောက်ကြသူများ”
Aungmyo Tun
စူးရှစွာဝင်ရောက်လာတဲ့ အနံ့ ဆိုးကြောင့် ရုတ်တရက် နှာခေါင်းကိုပိတ်လိုက်ရ
ပေမယ့် မရွံမရှာ ထွန်ခြစ်နဲ့ ထိုးဆွပြီး နှာခေါင်းစည်းမပါ လက်ဗလာနှင့်
အမှိုက်ကောက်နေသူတွေကတော့ သူတို့ လိုချင်တာကို တွေ့ ဖို့ ကလွဲလို့ 
ဘာကိုမှမတွေး။ ဘာကိုမှ ဂရုစိုက်နိုင်ပုံမပေါ်။
ရန်ကုန်မြို့ ထဲ မြို့ နယ်ပေါင်းစုံက စွန့် ပစ်ထားတဲ့အမှိုက်တွေကို လှိုင်သာယာ
မြို့ နယ် ထိန်ပင်သုဿန်အနီးမှာ စုပုံထားပါတယ်။ မြင်တွေ့ နေကျ လမ်းဘေး
ပလုံကောက်သူတွေနဲ့ မတူတဲ့ အရွယ်စုံအမှိုက်ကောက်သူတွေက
ခြတောင်ပို့ ပေါ်က ခြတွေလို အုံနဲ့ ကျင်းနဲ့ ။
အမှိုက်ကောက်နေတဲ့ အရွယ်စုံလူတွေကြားမှာ ကျောင်းစိမ်းဘောင်းဘီကလေးနဲ့ 
အမှိုက်ကောက်နေသူကလေးက မောင်ဝဏ္ဏ။ ကျောင်းလွယ်အိတ်ရှိပေမယ့်
ပခုံးထက်မှာ အမှိုက်အိတ်ကို လွယ်ထားရသူ မောင်ဝဏ္ဏက “သားအသက်က
ဆယ်နှစ်ကျော်ပြီ၊ လေးတန်းအထိ ကျောင်းတက်ဖူးတယ်။ အမေက
ဒီနှစ် ကျောင်းမထားနိုင်သေးဘူး။ ပလပ်စတစ်ဝိုင်းကောက်ပေးဦးဆိုလို့ 
ဒီနှစ်ကျောင်းမတက်ရဘူး။ နောက်နှစ်တော့ ကျောင်းတက်မှာ”လို့  ၀မ်းရေးကြောင့်
စာသင်ခန်းကို ကျောခိုင်းထားရတဲ့ အခြေအနေကို ပြောပြပါတယ်။
မောင်ဝဏ္ဏဟာ လှိုင်သာယာအမှိုက်ပုံနဲ့ နီးတဲ့ ကျုံစုကျေးရွာကနေ မိသားစုနဲ့ အတူ
အမှိုက်လာကောက်တာဖြစ်ပါတယ်။ ကျောင်းလွယ်အိတ်အစား အမှိုက်ကောက်
အိတ်ကို ကျောလွယ်ရင်း စာအုပ်၊ ဘောပင်ကိုင်ရမယ့် သူ့ လက်ထဲမှာတော့
အမှိုက်ထိုးဆွဖို့  နှစ်ချောင်းခွထွန်ခြစ်ကို ကိုင်ထားပြီး ပညာမရှာနိုင်ဘဲ
မိသားစုဝမ်းစာရှာနေရတာဘဲဖြစ်ပါတယ်။
“ကလေးတွေကို မခိုင်းချင်ပါဘူး။ အခုခေတ်က လက်လှုပ်မှ ပါးစပ်လှုပ်ရတာ
ဆိုတော့ စားဖို့ သောက်ဖို့ အတွက် ကျောင်းကနုတ်ပြီး ခိုင်းရတာ။
အမှိုက်ကောက်ဖို့ ဝင်းထဲဝင်တာ အလကားမရဘူး။ တစ်ယောက် (ကျပ်) နှစ်ရာ
ပေးရတယ်” လို့  မောင်ဝဏ္ဏရဲ့ မိခင် မခင်သန်း (အမည်လွှဲ)က ပြောပါတယ်။
မခင်သန်းတို့ မိသားစုက မနက်မိုးလင်းတာနဲ့  အိမ်ကထွက်ပြီး တစ်နေကုန်
အမှိုက်ကောက်ကြရတယ်လို့ ဆိုပါတယ်။ နေပူမိုးရွာ ခေတ္တနားနေဖို့ 
ဗီနိုင်းအစုတ်ကလေးကို တစ်ဖက်ရပ်ဆွဲချထားတဲ့ အမိုးအောက်မှာ နေ့ လည်စာ
စားဖို့  ထမင်းပြင်နေတာကိုလည်း တွေ့ လိုက်ရပါတယ်။ လူတစ်ယောက်
အမှိုက်ကောက်တာ တစ်ရက် ကျပ် ၂၅၀၀ ကနေ ၇၀၀၀ အထိ ရကြတယ်လို့ 
သူကပြောပါတယ်။
“ပလပ်စတစ်တစ်ပိဿာကို လေးရာ ရတယ်။ ပုလင်းတစ်လုံး ၅ ကျပ်၊ ပီနန်အိတ်
ကောင်းကောင်းစုတ်စုတ် ၁၀ ရတယ်။ ကောက်လို့ ရတဲ့ဟာတွေကို ဒီထဲမှာဘဲ
ပြန်ရောင်းခဲ့ရတယ်။ အပြင်ထုတ်လို့ မရဘူး။ အပြင်ထုတ်ရင် စက်ဘီးပါသိမ်းတယ်”
လို့  ကံလှရွာမှ အမှိုက်လာကောက်သူ ကိုသံချောင်းကပြောပါတယ်။
အမှိုက်ပုံပေါ် အမှိုက်ကောက်နေရတဲ့အလုပ်က သက်စွန့် ဆံဖျားလုပ်ရတဲ့အလုပ်
မဟုတ်ပေမယ့် ဆိုးဝါးလှတဲ့အနံ့ ဆိုးတွေ၊ ညစ်ပတ်တဲ့အမှိုက်တွေကြားမှာ
ခေါင်းစည်းမပါ လက်ဗလာနဲ့ လုပ်နေကြရတာဖြစ်ပါတယ်။ အမှိုက်ကောက်သူတွေ
ဟာ တစ်ကိုယ်လုံး ညစ်ပတ်ပေကျံနေသလို အမှိုက်အမှုန်တွေကြောင့်
မူလအသားအရေကိုတောင် မခန့် မှန်းနိုင်အောင်ဖြစ်နေကြပါတယ်။ အမှိုက်ပုံကို
အမှီပြုပြီး ၀မ်းရေးအတွက် အမှိုက်ကောက်နေသူရှိသလို အမှိုက်ပစ္စည်း
ဝယ်တဲ့နေရာလည်းရှိပါတယ်။ ဒါ့အပြင် အမှိုက်ပုံထဲ လွှတ်ကျောင်းထားတဲ့
ဝက်တွေလည်းရှိနေတာကို တွေ့ ရပါတယ်။
“၀က်ပိုင်ရှင်တွေ ၀င်းထဲလွှတ်မယ်ဆိုရင် ပိုက်ဆံပေးရတယ်။ အမှိုက်ထဲက
စားကြွင်းစားကျန်တွေကိုလည်း နေပူလှန်းပြီး ပြန်ရောင်းကြတယ်လေ။
တစ်ပုံး ကျပ် ၅၀၀ ရတယ်” လို့  စွန့် ပစ်စားကြွင်းစားကျန်တွေ နေပူလှန်းနေတာကို
ညွှန်ပြရင်း ကိုသံချောင်းကပြောပါတယ်။
ကျယ်ဝန်းလှတဲ့ အမှိုက်ပုံဧရိယာထဲက ပလပ်စတစ်၊ ပုလင်းကအစ
သစ်ချောင်းတွေနဲ့ စားကြွင်းစားကျန်တွေပါမကျန် ပြန်ရောင်းချလို့ ရတဲ့အတွက်
အရင်းအနှီးစိုက်စရာမလို၊ ထွန်ခြစ်တစ်ချောင်းနဲ့ ထိုးဆွပြီး ရှာလို့ ရတာကြောင့်
အခြေခံလူတန်းစားတွေရဲ့  ၀မ်းစာရှာလို့ ရတဲ့နေရာကြီးတစ်ခုလို ဖြစ်နေပါတယ်။
စွန့် ပစ်ထားတဲ့အမှိုက်တွေနဲ့ အတူ မသန့် ရှင်းတဲ့ ရေပုတ်ရေမြောင်းတွေက
ထွက်လာတဲ့ ဆိုးဝါးတဲ့ အနံ့ အသက်ကတော့ အမှိုက်ပုံဧရိယာထဲသာမက
နီးစပ်ရာရပ်ကွက်အထိ ပျံ့ နှံ့ နေပါတယ်။ ဆိုးဝါးလှတဲ့ အနံ့ အသက်တွေကို
ဥပေက္ခာပြုရင်း အမှိုက်ကောက်နေကြသူတွေထဲမှာ ၁၀ နှစ်ကျော်ကလေးတွေ
ပါသလို ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့  ပါနေတာကိုလည်း အမှတ်မထင်
တွေ့ လိုက်ပါတယ်။
အရွယ်နဲ့ မမျှ မိသားစုစားဝတ်နေရေးတာဝန်ကိုယူနေရတဲ့ အမှိုက်ကောက်
မောင်စိုးမိုးကျော်က “ကျောင်းတက်ရတာ မပျော်ဘူး၊ အမှိုက်ကောက်ရတာ
ပိုပျော်တယ်။ အဖေအမေတို့ နဲ့  အမှိုက်ကောက်တယ်လေ။ ကျွန်တော်တစ်နေ့ 
၂၅၀၀ ရတယ်” လို့  အမှိုက်ကောက်ပြီး ရောင်းလို့ ရတဲ့ငွေကို ထောင်ပြရင်း
ပြောပါတယ်။
မောင်စိုးမိုးကျော်က သူ့ မိသားစုရဲ့ ဒုတိယမြောက်သားဖြစ်ပြီး အသက် ၁၁ နှစ်
ကျော်သာရှိသေးတဲ့အရွယ်ဖြစ်ပါတယ်။ အမှိုက်ကောက်သူတွေထဲမှာ
၁၀ နှစ်ကျော်အရွယ်တွေ အများဆုံးရှိတယ်လို့  သူကဆိုပါတယ်။ အမှိုက်ပုံတွေဆီ
အမှိုက်လာကောက်ကြတဲ့သူတွေက စက်ဘီး၊ ထွန်ခြစ်ကိုယ်စီနဲ့ လာကြပြီး
ရသမျှ အမှိုက်ပစ္စည်းတွေကို ၀င်းအတွင်းက အမှိုက်ပစ္စည်းဝယ်သူတွေဆီမှာ
ပြန်ရောင်းပြီး ငွေယူကာပြန်ကြတယ်လို့  အမှိုက်ကောက်သူတွေကဆိုပါတယ်။
“အမှိုက်ကောက်တာ ရှယ်နဲ့  ရိုးရိုး နှစ်မျိုးရှိတယ်။ နေ့ ဘက်က ရိုးရိုးပေါ့။
ညဘက်ကျတော့ အမှိုက်ကားချချချင်း ကောက်ရလို့  ရှယ်ကြေး ကျပ် ၅၀၀
ပေးရတယ်။ အဲဒီရှယ်ပေါ်မှာလည်း ထပ်ကွဲသေးတယ်။ လှိုင်၊ ကြည့်မြင်တိုင်၊
ကမာရွတ်၊ အင်းစိန်ဘက်ကလာတဲ့ အမှိုက်ကားဆိုတစ်မျိုးပေါ့။ မြို့ ထဲကလာတဲ့
အမှိုက်ကားဆို ဘယ်သူမှ မကောက်ချင်ဘူး” လို့  အမှိုက်ကောက်ရတဲ့
အခြေအနေကို အရှည်ကြီးကပြောပါတယ်။ ရန်ကုန်မြို့ ထဲကလာတဲ့ အမှိုက်ကား
တွေမှာ ရွေးစရာအမှိုက်မရှိတဲ့အတွက် စားကြွင်းစားကျန်ရှာလို့ ရတဲ့
ဝက်စာရှာဖို့ ဘဲ အဆင်ပြေတဲ့အကြောင်း သူကပြောပါတယ်။ အမှိုက်ပုံတွေပေါ်မှာ
နေ့ ညမပျက် အမှိုက်ကောက်နေရတဲ့ အခြေခံလူတန်းစားများရှိကြောင်း
သူကပြောပါတယ်။
“အရင်က ရန်ကုန်တက်လာပြီး စက်ရုံမှာ အေးအေးချမ်းချမ်း လုပ်ရမယ်လို့ 
ထင်ထားတာ၊ စက်ရုံမှာလည်း အလုပ်က မမြဲဘူး။ ဒါနဲ့ ဘဲ လတ်တလော
ငွေပေါ်မယ့် အမှိုက်ကောက်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာ”လို့  ဖြစ်ချင်တဲ့အတိုင်း
ဖြစ်ခွင့်မရတဲ့ အမှိုက်ကောက်အလုပ် လုပ်ရခြင်းအကြောင်းကို သူကပြောပါတယ်။
အမှိုက်ကောက်သူတွေကို အမှီပြုပြီး ဈေးရောင်းနေကြတဲ့ တွန်းလှည်းဈေးသည်
တွေကိုလည်း တွေ့ ရပါတယ်။ တွန်းလှည်းဈေးသည်တွေက ဈေးပေါပေါနဲ့ 
စားသောက်လို့ ရတဲ့ အသုတ်စုံ၊ ထမင်း၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းယာကအစ
အသီးအနှံမျိုးစုံကိုလည်း ရောင်းချနေတာ တွေ့ ရပါတယ်။ “အမှိုက်ကောက်သူတွေ
အဆင်ပြေနိုင်မယ့် စားစရာဘဲရောင်းတာပါ။ သူတို့ အတွက် အပြင်ထွက်စရာ
မလိုတော့ဘူးပေါ့” လို့  လက်တွန်းဈေးသည်တစ်ဦးကပြောပါတယ်။
အရင်က ငမိုးရိပ်ချောင်းနံဘေးမှာ စွန့် ပစ်အမှိုက်တွေ စုပုံခဲ့ပေမယ့်
အမှိုက်ကောက်သူ အနည်းအကျဉ်းသာရှိခဲ့ဖူးပါတယ်။ လှိုင်သာယာအမှိုက်ပုံတွေ
ပေါ်မှာတော့ နေ့ ညအမှိုက်ကောက်သူတွေနဲ့  စည်ကားနေသလိုဖြစ်နေပါတယ်။
ဒီလိုအမှိုက်ကောက်နေသူတွေအပေါ် လိုင်းကြေးသတ်မှတ်ပြီး ကောက်ခံတဲ့
အတွက် အမှိုက်ပုံဝင်း၊ စည်ပင်သာယာရုံးတာဝန်ခံကို သွားရောက်မေးမြန်းခဲ့
ပေမယ့် ၃၈ လမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနကိုသာ
မေးပါလို့  စည်ပင်သာယာရုံးက တာဝန်ရှိတဲ့သူတစ်ဦးကပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ မှာ ၃၈ လမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့် ရှင်းရေးဌာနကို လှိုင်သာယာအမှိုက်ပုံပေါ် လိုင်းကြေးတောင်းခံတဲ့ကိစ္စနဲ့ 
ပက်သက်ပြီး မေးတဲ့အခါ လစဉ်သတင်းစာရှင်းလင်းပွဲကျမှ မေးဖို့ ပြောပါတယ်။
ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတဲ့အချိန်မှာ ၀န်ကြီးဌာနတွေက မီဒီယာကို
မကြောက်ကြဖို့  သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောပေမယ့် လက်တွေ့ မှာတော့
မီဒီယာတွေနဲ့ တွေ့ ဆုံရာမှာ အခက်အခဲများစွာရှိနေကြောင်း တွေ့ ရပါတယ်။
ခေတ်စနစ်တွေ ပြောင်းလဲလာခဲ့ပေမယ့် ဘာမှ တစုံတရာမပြောင်းလဲတဲ့
အောက်ခြေနင်းပြား အခြေခံလူတန်းစားတွေက ၀မ်းရေးအတွက် လက်လှမ်းမီရာ
အလုပ်တွေကိုလုပ်ပြီးဖြေရှင်းနေရဆဲဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအတွက်
တစ်နေ့ တာ စားဝတ်နေရေးဟာ အလွန်အရေးကြီးတာကြောင့် စာသင်ခန်းထဲ
ရောက်နေရမယ့် ကျောင်းနေအရွယ်ကလေးတွေကိုပါ မိသားစုစားဝတ်နေရေး
အတွက်အလုပ်စေခိုင်းမှုတွေ ရှိလာကြပါတယ်။ အနာဂတ်လူငယ်ကလေးတွေ
အတွက် ကျောင်းလွယ်အိတ်တွေပျောက်ပြီး အမှိုက်ကောက်အိတ်တွေ
လွယ်ပိုးကာ ၀မ်းစာရှာနေရတဲ့ကလေးတွေရော၊ အလုပ်အကိုင်ရှားပါးပြီး
အမှိုက်ကောက်နေကြတဲ့သူတွေအတွက်ပါ အနာဂတ်မျှော်လင့်ချက်
တစုံတရာမရှိကြတဲ့အတွက် အနာဂတ်မဲ့လမ်းပေါ် စမ်းတ၀ါးဝါးလျှောက်ရင်း
လမ်းပျောက်နေဆဲ...။
တင်မောင်ထွေး
(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၅၀ တွင် ပါရှိသော တင်မောင်ထွေး၏
“လိုင်းကြေးပေး၍ အမှိုက်ကောက်ကြသူများ” ကို ကူးယူဖော်ပြပါသည်။
ပုံမှာ အဆိုပါဂျာနယ်၏ မျက်နှာဖုံးမှ ဖြစ်ပါသည်)
ရခိုင်မိဖမဲ့  ခလေးသူငယ်များကို ရခိုင်ပြန်ပို့ တော့
လွန်ခဲ့ သော-၂၀၀၁-ခုနှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့ က မိဖမဲ့ ရခိုင်လူမျိုးငယ်လေးတွေကို အထက်မြန်မာပြည် မန္တလေးနဲ့  ရန်ကုန်ကို ခေါ်သွားတယ် ။ ခေါ်သွားတာက မိဖမဲ့ ခလေးများကို မွေးစားထားတဲ့ ရခိုင်သမိုင်းဆရာတော် ဦးပညာစာရကို မတရားအမှုဆင်ပြီး ဖမ်းဆီးရာက ဖြစ်တယ် ။ ဆရာတော် ဦးပညာစာရကို ဥပဒေအရ ဖမ်းဆီးတာတွေ- ဖမ်းဆီးတယ် ဆိုတာ တစ်ပိုင်း  ။ ထောင်ချလိုက်လို့  ခုဆိုရင် ဆရာတော်ဦးပညာစာရဟာ ထောင်ကလွပ်မြောက်လို့  နိုင်ငံတကာနဲ့  ပြည်တွင်းမှာ စာပေဟောပြောပွဲကို ပြုလုပ်ကျင်းပ ဟောပြောနေပြီ ။ ကဲ-ဒီတော့ခါ တစ်ကနေ ပြန်စရတော့မယ် ။
      ကျနော်ပြောလိုတာက ဆရာတော်ဦးပညာစာရကို မြန်မာနိုင်ငံအစိုးရက လွှတ်ပေးလိုက်ပြီ ။ လွှတ်ပေးလိုက်ပြီဆိုတော့ ဆရာတော် ဦးပညာစာရဟာ လွပ်လွပ်စွာ သူသွားလိုရာ ကြွလိုရာ ကြွမြန်းနေပြီ ။ ပြသနာက ဆရာတော် ဦးပညာစာရရဲ့  တစ်သက်တာလုံးပင်ပမ်းခံပြီး မွေးစားထားတဲ့  မိဖမဲ့ ခလေးတွေပြသနာဖြစ်တယ် ။ ဒီခလေးတွေဟာ ကျနော်တို့ ကိုယ်တိုင် မွေးကျွေးစောင့်ရှောက် ပြုစုခဲ့ တဲ့  ခလေးတွေဖြစ်တယ် ။ မဟာမုနိဗုဒ္ဒ၀ိဟာရ ကျောင်းရဲ့  မိဖမဲ့ ခလေးတွေအကြောင်းကို အဲဒီတုံးက -၁၉၉၆-ခုနှစ်မှာ ကျနော် ဆောင်းပါး တပုဒ် ရေးပြီး ဒေါက်တာတင်ထွန်းဦး ထုတ်ဝေတဲ့  သုတဂျာနယ်မှာ ဖေါ်ပြခဲ့ တယ် ။ ရင်ခွင်ပိုက်ရို့ နားခိုဖို့ ရာ ဆိုတဲ့  ဗွီဒီိယိုမှတ်တမ်း တင် ဇါတ်ကားကိုလဲ ကျနော်ဦးစီးပြီး ရိုက်ကူးဖြန့် ချီခဲ့ တယ် ။
      ခလေးတွေအ၀တ်အစား ၀တ်ဖို့  သင်္ကန်းလေးတွေ ချုပ်ပေးထားတယ် ။ ခလေးတွေက ငယ်စဉ်ကတည်းက သင်္ကန်းဆီးပြီး နေကြတယ် ။  စားချိန်တန် စား-နိုးစို့ ချိန်တန် နို့ စို့ ရပေမဲ့  သူတို့ အတွက် မိရင်ခွင်မှာ နွေးထွေးစွာ မအိပ်စက်ရတော့ မိခင်ကို တမ်းတလို့  ငိုကြွေးကြရတယ် ။ ညကြီးသန်ကောင် ငိုကြွေးနေကြတဲ့  မိဖမဲ့ ခလေးတွေရဲ့  အပူကို ဆရာတော်ဦးပညာစာရနဲ့  ကိုယ်ရင်လေးတွေက ချော့မော့သိပ်ပြီး ညပေါင်းများစွာကို ကျော်ဖြတ်ကြရတယ် ။ ဘယ်လိုခလေးတွေမဆို ငိုကြွေးနေကြရင် မိခင်တွေဟာ သားသမီးတွေကို အငိုတိတ်စေဖို့  ချော့မော့ပေးကြတာပါဘဲ ။ ဒါပေမဲ့  ဆရာတော်ဦးပညာစာရရဲ့  မဟာမုနိဗုဒ္ဒ၀ိဟာရ ကျောင်းက မိဖမဲ့ ခလေးတွေဟာ မိဖငတ်နေပေမဲ့  မိဖလို အသက်အရွယ်ကြီးမြင့်သူ ကိုယ်ရင်လေး တစ်တောင်တစ်ဆစ်တွေက ချော့မော့ပေးနေတာကို ဘ၀ရဲ့  ကုသိုလ်ကံအကျိုးပေးကြောင့် သိရှိနားလည်ပြီး သူတို့ ခမြာ မျက်ရည်စကို သိမ်းယင်း အငိုရပ်ရတော့တယ် ။
     ကျနော်က တစ်ခါတစ်လေ ကျောင်းမှာသွားအိပ်တတ်တယ် ။ ပထမတော့ ကိုယ်ရင်လေးတွေက ကျနော်အိပ်စက်ဖို့  ခြင်ထောင်လေးတွေနဲ့  အိပ်ယာလုပ်ပေးတယ် ။ ခြင်ကိုက်တော့ ခြင်မကိုက်အောင်ပေါ့ ။ ကန်တော်ကြီးက တိုက်ခတ်လာတဲ့  လေအေးဟာ ကျောင်းပေါ်ထိတိုင် ဖြေးဖြေးလေး တိုက်ခတ်နေတယ် ။ လေတဖြူးဖြူးနဲ့  အိပ်စက်ရတဲ့  အရသာဟာ မြေသင်းနံ့ နဲ့  တကယ့်ငြိမ်းချမ်း ပျော်ရွှင်စွာ အိပ်မက်လှလှနဲ့  အိပ်စက်ရမှာပါဘဲ ။ ဒါပေမဲ့  လေတဖြူးဖြူးနဲ့  တိုက်ခတ်နေတဲ့  မိဖမဲ့ ကျောင်းမှာ တစ်ရေးမှ  အိပ်စက်နိုင်တာ မဟုတ်လေဘူး ။
  ခြင်ထောင်နဲ့  အိပ်တော့မယ်လို့  မျက်လုံးလေး မှေးရုံရှိသေး - တစ်နေရာက ခလေး တစ်ဦးက ငိုပြီး သေးပေါက်ချင်တယ်လို့  ငိုလေရော။ ဒါကို နဲနဲ အသက်ကြီးတဲ့  ကိုယ်ရင်လေးတစ်ပါးက လက်ဆွဲခေါ်ယူ သွားလို့  ပြန်ခါဘဲ ရှိသေးတယ် ။ နောက်တစ်ယောက်က ငိုပြန်တယ် ။ ဒီလိုနဲ့  ခလေးတွေရဲ့  ငိုယိုသံကို နားထောင်ရင်း အိပ်စက်တော့မယ်လို့  မျက်လုံးကို မှေးလိုက်တယ် ။ သေးစော်လို အနံ့က နှာခေါင်းထဲ ထိုးဝင်လာတယ် ။ ဒီတော့ တော်တော်လေး ခေါင်းနပမ်းကြီးရပြန်တယ် ။ သေးစောက နံနေတော့ ဘယ်လိုနည်းနဲ့ မှ အိပ်ပျော်မှာ မဟုတ်ဘူး ။ ဘယ်နေရာမှာ သေးပါက်ထားသလဲ ဆိုတာ ကြည့်မိပါတယ် ။
    ဘယ်နေရာမှာမှ မတွေ့ တော့ ပြန်ပြီး အိပ်နိုင်အောင် ကြိုးစားရတယ် ။ အိပ်မရတော့ဘူး ။ သေးစော်က အရမ်းနံနေတယ် ။ ဒီတော့ ခေါင်းအုံးကို နှာခေါင်းနဲ့  ကပ်လိုက်တော့ ခေါင်းအုံးက သေးစော်နံနေတာကိုး ။ ခေါင်အုံးကို ခြင်ထောင်အပြင်ဖက် ရွှေ့ထားလိုက်တယ် ။ ခေါင်းအုံးမရှိတော့ အိပ်စက်ရတာ မသက်သာပေမဲ့  သေးစော်နံနေလို့  ဖြင့်  အိပ်မရတာထက်စာရင် အိပ်ရတာ အဆင်ပြေနိုင်ကောင်းပါရဲ့  ဆိုပြီး အိပ်စက်ရတာပါ ။ ခေါင်းအုံးက မရှိပေမဲ့ လဲ သေးစော်က နံနေပြန်သေးတယ် ။ ဖျာကြမ်းတထည် ခင်းပေးထားတာကြောင့် ဖျာကိုနမ်းကြည့်ဖြစ်တယ် ။ လက်စသတ်တော့ ဖျာကြမ်းမှာ သေးနံ့ က စွဲနေတော့ ဖျာကိုလဲ ခြင်ထောင်အပြင်ဖက် ရွှေ့  ထားလိုက်ပါတော့တယ် ။ ခလေးတွေဟာ ဒီဖျာ -ဒီခေါင်းအုံးတွေနဲ့  အိပ်စက်နေကြသူမို့  သူတို့ ရဲ့  သေးနံ့က စွဲနေတာကို သတိရလာတယ် ။
  ဖျာကြမ်းမရှိတော့  ကျောင်းကြမ်းပြင်မှာ အိပ်စက်ရတာ ကြောအေးနေတယ် ။ ဒါပေမဲ့  ဖျာကြမ်းမရှိတော့လဲ သေးစော်က နံနေပြန်သေးတော့ ဘယ်ကနံနေသလဲ ဆိုပြီး ကြည့်ရသေးတယ် ။  တွေ့ ပါပြီ- ခြင်ထောင်က နံနေတာကိုး ။ ဒီလိုနဲ့  ခြင်ထောင်ကိုလဲဘဲ အိပ်စက်ဖို့ ရာမှာ အသုံးမပြုတော့ဘဲ ကျောင်းကြမ်းပြင်မှာ အိပ်စက်ရပါတော့တယ် ။
    ကျနော့်အနေနဲ့  ဒီအချိန်မှာ မြန်မာနိုင်ငံအစိုးရကို မေတ္တာရပ်ခံပါရစေ ။ သို့ နည်းတူ ရခိုင်ပြည်နယ်အစိုးရကိုလဲဘဲ တင်ပြပါရစေ ။ တစ်ချိန်တည်းမှာဘဲ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကိုလဲဘဲ တင်ပြပါရစေ ။ ခုအချိန်မှာ ဆရာတော်ဦးပညာစာရဟာ မြန်မာနိုင်ငံသားတစ်ဦးမို့  လွပ်လွပ်စွာ သွားလာခွင့်ရနေပါပြီ ။ ဒီလိုဘဲ ဆရာတော်မွေးစားခဲ့ တဲ့  မိဖမဲ့ ခလေးတွေကိုလဲ ဘဲ လွပ်လွပ်စွာ သွားလာခွင့်ပေးသင့်ပါပြီ ။ သူတို့ လေးတွေမှာ မွေးစားအဖေ ရှိနေတဲ့ အတွက် မွေးစားအဖေဆီ စေလွှတ်သင့်ပါပြီ ။  ကျနော်ဟာ မကြာခင် မြန်မာနိုင်ငံကို အလည်လာဖို့  အစီအစဉ်များ ပြုလုပ်နေပါတယ် ။ အဲဒီလို လာတဲ့ အခါ ခလေးများကို ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့  နေရာဒေသအသီးသီးက ခလေးတွေကို ခေါ်ယူပြီး ရခိုင်ပြည်နယ်ကို ခေါ်ယူသွားချင်နေပါတယ် ။ တကယ်လို့ ခုအချိန်မှာ အစိုးရက ရခိုင်ခလေးတွေကို သူတို့ ရဲ့  မွေးစားဖခင် ဆရာတော် ဦးပညာစာရ ၏ မဟာမုနိဗုဒ္ဒဝိဟာရကျောင်းကို ပို့ ပေးခဲ့ ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။  ယခင်က စစ်အစိုးရဟာ တစ်ချိန်က ပြုလုပ်ချင်တိုင်း ပြုလုပ်ခဲ့ ပေမဲ့  ခုအချိန်မှာတော့ မြန်မာနိုင်ငံအစိုးရဟာ လူသားတို့ အခွင့်အရေး နဲ့  မြန်မာနိုင်ငံသားတို့  တစ်ဦးချင်းစီ၏ မွေးရာပါအခွင့်အရေးကို ချိုးဖေါက်မထားသင့်တော့ဘူးလို့  ထင်ပါတယ် ။  မိဖမဲ့ ခလေးများအဖို့  လွပ်လွပ်စွာ သွားလာခွင့် ရရှိထားသူ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဖြစ်တာ မို့  ကျနော်တို့ အနေနဲ့  သူတို့ ကို ရခိုင်ပြည်နယ်ကို ခေါ်ယူသွားနိုင်ခွင့် ရှိနေပါတယ် ။
   ကျနော်တို့ ရဲ့  မိဖမဲ့ ခလေးတွေဟာ ရခိုင်လူမျိုးဖြစ်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်ပြည်နယ်မှာဘဲ ကျွေးမွေးသုတ်သင်ထားချင်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်စကား ပြောစေချင်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်လူမျိုးပီပီ အမျိုးသီလကို စောင့်ရှောက်တဲ့  လူမျိုးအဖြစ် ဖြစ်စေချင်ပါတယ် ။ ရခိုင်လူမျိုးကို အချိန်မသိ ကာလမသိဘဲ နိုင်ထက်စီးနင်း ခေါ်ယူသွားတဲ့  စစ်အစိုးရရဲ့  လူသားမဆန် ဆောင်ရွက်မှုတွေဟာ ကျနော်တို့ ရဲ့  ရင်ဘတ်ထဲမှာ ကြီးမားတဲ့  အနာတရ ဒဏ်ရာဒဏ်ချက်များ ဖြစ်နေပါတယ် ။ ဒါ့ကြောင့်မို့ လို့  ရခိုင်မှာမွေး ရခိုင်လေးတွေကို ရခိုင်ပြည်နယ် ပြန်ပို့ ပေးပါတော့လို့  အနူးအညွှတ်မေတ္တာရပ်ခံ တောင်းဆိုရကြောင်းပါဗျာ ။ 
ခိုင်အောင်ကျော် ( နယူးယောက် )
ဗိုလ်ချုပ်အောင်ဆန်းမြေနေရာ မောင်ပိုင်စီးရေးကိစ္စ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လက်မခံ
ဗိုလ်ချုပ်အောင်ဆန်းမြေနေရာ မောင်ပိုင်စီးရေးကိစ္စ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လက်မခံ(ဟာဂျူလီ-ကသာ)
***********************************************
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးမှ ကသာမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအား သစ်ပုံကွင်းပြုလုပ်၍ သစ်ချနေမှုအပေါ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်မြေစာရင်း မည်သူ့ထံတွင်တာဝန်ရှိကြောင်း စစ်ဆေးတင်ပြရန် ကသာခရိုင်အဆင့် အစည်းအဝေးတွင် မှာကြားသွားခဲ့ကြောင်း သတင်းရရှိပါသည်။
၅၊၉၊၂၀၁၃ရက်နေ့၊နေ့လည်(၁၀နာရီ၃၀မိနစ်)အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးသည် ကသာမြို့၊ကသာခရိုင်အစည်းအဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်စဉ် ထိုကဲ့သို့မှာကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးမှ Herjule Mediaသို့
ယခုလိုပြောကြားခဲ့ပါသည်။
'' အစည်းအဝေးမှာ ကသာမြို့အထောက်အကူပြုကော်မီတီတစ်ယောက်က တင်ပြပါတယ်၊ကသာမြို့မှာရှိတဲ့ ဗိုလ်ချုပ်ပန်းခြံကို သစ်ကွင်းလုပ်ထားတဲ့အတွက် ကျောက်တိုင်နဲ့ပန်းခြံ
ပျက်စီးနေတဲ့အကြောင်းပေါ့၊အဲဒီလိုတင်ပြတော့မှ ၀န်ကြီးချုပ်က သတိရသွားပြီး ခရိုင်နဲ့မြို့နယ်ကို ခင်ဗျားတို့ကို ကျွန်တော်ဒီကိစ္စဆောင်ရွက်ထားမှု အခြေအနေပြန်တင်ပြဖို့ စာထုတ်ထားတာအတော်တောင်ကြာနေပြီပဲ၊ဘာမှလည်း ပြန်မတင်ပြပါလားလို့ပြောတယ်၊အဲဒီမှာ ဖေါင်ဖွဲ့ရေးကပုဂ္ဂိုလ်က ထပြောတယ်၊မန္တလေးတိုင်းဒေသကြီးရုံးကို ကျွန်တော်မြေဂရံရရှိရေး ဆောင်ရွက်နေတယ်ပေါ့၊
အဲဒီလိုပြောတော့ ၀န်ကြီးချုပ်က ဟ.ဒါကစစ်ကိုင်းတိုင်းဒေသကြီးဗျ၊ဒီလိုခင်ဗျားကတင်တော့ ပုံစံ ၁၀၅/၁၀၆ ရပြီလားလို့ မေးပါတယ်၊ဖေါင်ဖွဲ့ရေးကပုဂ္ဂိုလ်က မရသေးပါဘူးဖြေတယ်၊
ဝန်ကြီးချုပ်က အေးဘယ်လိုရမှာလဲ၊မြို့လည်ခေါင်မှာ သစ်တွေစုပုံတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံမှာမှ မဟုတ်ဘူး၊ကမ္ဘာမှာတောင် မရှိဘူး၊ခင်ဗျားတို့က မြို့လည်ခေါင်မှာ သစ်ပုံကွင်း လုပ်တယ်ဆိုရင်စုပုံမယ့် သစ်လုံးတွေကို ဘယ်ကနေသယ်မှာလဲ၊မြို့လမ်းပေါ်က သယ်ရင် မြို့လမ်းတွေ ပျက်ကုန်မှာပေါ့ဗျ၊ဒီတော့ ဒီသစ်ပုံတွေကို ဗိုလ်ချုပ်ပန်းခြံထဲကနေ မြို့ပြင်မှာနေရာရှာပြီး အမြန်ရွေ့ပါ၊မြို့ထောက်ကူကလည်း ဒီလိုမြို့ပြင်မှာနေရာရှာဖို့ကို ၀ိုင်းဝန်း ကူညီပေးကြပါ၊နောက်ပြီး အခုလိုဗိုလ်ချုပ်ပန်းခြံကိစ္စ ထွေအုပ်မှာတာဝန်ရှိတာလား၊မြေစာရင်းမှာ တာဝန်ရှိတာလား၊စုံစမ်းစစ်ဆေးပါ၊
တာဝန်ရှိသူကို အရေးယူမယ် လို့ပြောသွားခဲ့ပါတယ၊်ဒီတစ်ခေါက်အစည်းအဝေးမှာ ၀န်ကြီးချုပ်ပြောသွားတာတွေ အတော်ကောင်းတယ်ဗျ၊တရုတ်နိုင်ငံကို ကျွဲနွားတွေ ပို့တဲ့ကိစ္စလည်းပြောသွားတယ်၊
မြန်မာနိုင်ငံက ကျွဲနွားတွေ တရုတ်စကားတောင်တတ်နေပြီတဲ့၊ "
ထိုဗိုလ်ချုပ်ပန်းခြံနေရာမှာ ယခင်ကမြို့လူထုမှ အာဇာနည်နေ့တွင် အခမ်းအနားများပြုလုပ်ခြင်း၊သွားရောက်အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီ ယခုအခါ သစ်လုံးများစုပုံရာနေရာဖြစ်ပြီး မြေများအာဇာနည်ကျောက်တိုင်များ ပျက်စီးပြိုပျက်နေပြီဖြစ်သည်၊ ပြီးခဲ့သည့် အာဇာနည်နေ့က မြို့လူထုအလေးပြုနိုင်ရန် ကျောက်တိုင်ရှေ့တွင်စုပုံထားသော သစ်လုံးများကိုဖယ်ရှားပေးပါရန် မြို့လူထုမှ
တောင်းဆိုခဲ့ပါသည်၊ထိုသို့တောင်းဆိုမှုကို သက်ဆိုင်ရာမှ စတိသဘောမျိုးမျှသာ ဖယ်ရှားပေးခဲ့ခြင်းကြောင့် မြိုကလူထုအလေးပြုရာ၌ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါသည်၊
ထိုဗိုလ်ချုပ်ပန်းခြံဝန်းအတွင်း ချထားသော သစ်လုံးများမှာ နိုင်ငံပိုင် သစ်လုံးများသာမက ကုမ္မဏီပိုင်သစ်လုံးလည်း ပါဝင်ကြောင်းနှင့် ကုမ္မဏီမှ သစ်လုံးစုပုံခမြေငှားခများကို လစဉ် သိန်းဆယ်ချီ၍ပေးရကြောင်းသိရှိရပါသည်၊ မြို့မိမြို့ဖတစ်ဦးက ၀န်ကြီးချုပ်ဦးသာအေး၏ ဗိုလ်ချုပ်အောင်ဆန်းနေရာလေး ပြန်ရရေးအတွက် မှာကြားဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ပါကြောင်းနှင့်ထိုသို့ ရရှိခဲ့သော ငွေများကို သက်ဆိုင်ရာမှ မည်မျှရရှိ၍ မြို့ရွာအကျိုး မည်သို့ သုံးစွဲသည်ကို ၀န်ကြီးချုပ်အနေဖြင့် စစ်ဆေးပေးစေလိုကြောင်း ပြောပြသွားခဲ့ပါသည်
(ဟာဂျူလီ-ကသာ)
(မှတ်ချက်။ ။ကသာမြို့ရှိ ဗိုလ်ချုပ်ပန်းခြံနေရာအား ပြန်ပေးပါရန် လွန်ခဲ့သောနှစ်က ကျွန်တော် ရေးသားခဲ့သော ဆောင်းပါးအား ပြန်လှယ်ဖတ်ရှု့နိုင်ပါရန် တင်ပေးလိုက်ပါသည်၊ထိုဆောင်းပါးကိုမက်ဆင်ဂျာဂျာနယ်၏ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။)
ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာလေး အမြန်ပြန်ပေးကြပါ....(ဟာဂျူလီ.ကသာ)
ဒီနေရာလေးကိုရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာလေးမှန်း မပြောပဲနဲ့ ကျွန်တော်တို့
သိခဲ့ကြသည်၊ဒီနေရာလေးအတွက် ဗိုလ်ချုပ်အောင်ဆန်း တို့မိသားစုမှာ တရားဝင်အိမ်ဂရံမရှိ၊ မြေစာရင်းမှာလည်း
ဗိုလ်ချုပ် အောင်ဆန်း၏ နာမည်မပေါက်၊သို့ပေသည့် တစ်မြို့လုံးကသိကြ သည်၊ဗိုလ်ချုပ်အောင်ဆန်းကို အပိုင်ပေးထားသည့်
နေရာကလေး..၊ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အာဇာနည်ပုဂ္ဂိုလ်ကလည်း အများသိကြသည့်အတိုင်း ဘာအခွင့်အရေးပဲရရ ဘယ်နေရာပဲရောက် ရောက် သူ၏ရဲဘော်ရဲဘက်များကို
အလေးပေးတတ်သူဖြစ်လေတော့ သူအတွက်သတ်မှတ် ပေး ထားသောနေရာကို သူတစ်ယောက်တည်း မစံစား မခံစားပေ၊သူ၏ကျဆုံးဖေါ် ကျဆုံးဖက်များအ
တွက်ပါ အမည်ကိုသတ်မှတ်စေလိုခဲ့ရာ ““ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ရသော ရဲဘော်များ၏ အာဇာနည်ကျောက်တိုင်””ဟု တစ်မြို့လုံးက သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်၊အချို့ကလည်း
လွယ်လွယ်ကူကူ “အာဇာနည်ကျောက်တိုင်”ဟု ခေါ်ဆိုလေသည်။
ကသာမြို့၏ အာဇာနည်ကျောက်တိုင်ကို ရပ်ကွက်(၃)နှင့်ရပ်ကွက်(၁၀)အကြားရှိ မြေကွက် လပ်ကလေးပေါ်တွင်ရှေးလူကြီးများက တည်ဆောက်ခဲ့ကြသည်၊
တည်ဆောက်ခဲ့သူတို့၏စိတ်ကူးလေးကလည်း ချစ်စရာကောင်းလှပါသည်၊အာဇာနည်ကျောက်တိုင်တည်ထားရာနေရာသည်ကျယ် ၀န်းရုံသာမက မြစ်ကမ်းနဖူးကိုကျောပေးတည်ဆောက်
ထားခြင်းဖြစ်သဖြင့် ကျောက်တိုင်ကို အလေးပြုသူများသည် မြစ်ဧရာကို မျက်နှာမူပြီးသားဖြစ်သွားရပါသည်၊ထို့ကြောင့်သန့်ရှင်းလတ် ဆတ်သော လေနုအေးအေးကို ရူရှိုက်ပြီးလည်းဖြစ်သွားရသည်၊
မှတ်မိနေပါသေးသည်၊ လွန်ခဲ့သောနှစ်ပေါင်း(၄၀)...၊
ကျွန်တော် မူလတန်းပညာသင်ယူနေစဉ်ကာလကဖြစ်သည်၊တစ်ရက်တွင် အတန်းပိုင်ဆရာက ““မနက်ဖြန်အာဇာနည်နေ့၊မင်းတို့ငါတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့
တကွကျဆုံးခဲ့ပြီးတဲ့ အာဇာနည် ခေါင်းဆောင်တွေကို သွားအလေးပြုကြရမယ်””ဟု ဆိုလာပါသည်၊မရှက်တမ်းပြောရလျှင် ထိုအချိန်
က ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေဆို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေသင်နေ
ရပြီဖြစ်သော်လည်းဝတ်ကျေတမ်းကျေသဘောသာ ရှိနေကြပါသည်၊ဗိုလ်ချုပ်အောင်ဆန်းထက်
ကိုယ့်အဖေကသာပိုကြီးမြတ်သည်ဟူ၍လည်းကောင်း၊ကိုယ့်အမေကသာပိုမြင့်မြတ်သည်ဟူ၍လည်း
ကောင်း အထင်ရောက်နေသည့် ကလေးအရွယ် လူမမယ်၏အတွေးဆိုးက ကြီးစိုးနေခဲ့ပါသည်၊မည်
သို့ပင်ဖြစ်စေ နောက်တစ်ရက်မနက်စောစော ကျောင်းသို့အရောက်လာခဲ့ရသည်၊ကျောင်းမှတစ်ဆင့်
တစ်ကျောင်းလုံးနှင့်အတူ အာဇာနည်ကျောက်တိုင်ရှိရာ မြစ်ကမ်းနဘေးကိုလမ်းလျှောက်ခဲ့ကြပါသည်၊
ကျောက်တိုင်တည်ရှိရာကွက်လပ်ကလေးမှာ အလွန်ကျယ်ဝန်းပြီး မြက်ခင်းစိုစိုနုနုကလေးများက လည်း အမြင်အာရုံကို ဆွဲဆောင်ပေးနေရုံသာမက ခြေအကျ
ခြေအကြွကိုပင်လျှင် သိမ်မွေ့နေစေပါ သည်၊ထို့အပြင် ညဥ့်နက်ပိုင်းက ရွာချထားသော မိုးရေဖွဲဖွဲတို့ကြောင့် မြေသင်းရနံကလေးများ သည်လည်း အရသာရှိရှိ သင်းပြန့်လို့
နေပါသည်၊မောမောပမ်းပမ်း လမ်းလျှောက်လာသူများ၏ွမ်းနှယ်စိတ်တွေ လျော့ကျကုန်သည်၊ထိုအချိန်တွင် ဧရာဝတီမြစ်၏လိုင်းကြက်ခွပ်များကို ဖြတ် သန်းသယ်ယူလာသည့် လေနွေးနွေးကလေးများကလည်း အာဇာနည်ကျောက်တိုင်ဝန်းသို့ ချီတက်
လာကြသူများကို ဂုဏ်ပြုနေသလိုလို၊ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာနည်
ခေါင်းဆောင်များကို လာရောက်ဦးညွှတ်နေသလိုလိုဖြင့် ရောက်ရှိတိုက်ခတ်နေပါသည်၊သို့နှင့်
တစ်မြို့လုံးက ကျောင်းသားကျောင်းသူတွေ စုံညီစွာရောက်ရှိလာသောအခါ အာဇာနည်နေ့အခမ်း
အနားဖွင့်လှစ်ကြောင်း ဦးဆောင်သူလူကြီးတို့ ကြေငြာပေးပါသည်၊နောက်ထပ် နိုင်ငံတော်အကြီး အကဲဆိုသူတို့က ပေးအပ်ခဲ့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာကို သက်ဆိုင်ရာတို့မှ ဖတ်ပြကြပါသည်၊ထို့နောက် မြို့ရွာမှ စာတတ်ပေတတ် ပညာတတ်တို့က ဗိုလ်ချုပ်အောင်ဆန်းကိုဦး တည် ပြီး ကျေးဇူးတရားများကိုပြောဆိုကြပါသည်၊ချီးမြောက်ကြသည်၊ထိုအခါမှ ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ ငါတို့မြန်မာလူမျိုးအားလုံးတို့၏ အားကိုးအားထားပြုထိုက်သော သူရဲကောင်းဖြစ်မှန်းသိ ခဲ့ရသည်၊အာဇာနည်နေ့နောက်ပိုင်းတွင် ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပိုမိုစိတ်ဝင်စားလာကြသည်၊ထဲထဲဝင်ဝင်ရှာဖွေဖတ်ရှု့လာကြသည်၊ထိုအခါ ဗိုလ်ချုပ်၏ တိုင်းပြည်အ ပေါ်ထားခဲ့သည့်စေတနာ အနစ်နာ မုဒိတာတို့နှင့်အတူ မြန်မာတမျိုးသားလုံးအတွက်အသက်စွန့်ကြိုးပမ်းခဲ့မှုရိုးသားခဲ့မှုတို့ကအရှင်းသားပေါ်လွှင်လာခဲ့ရပါသည်၊ကျွန်တော်၏စိတ်ထဲ၌ဗိုလ်ချုပ် အောင်ဆန်းသည်သာ မြန်မာ့လွတ်လပ်ရေး၏ပိသုကာ၊ဗိုလ်ချုပ်အောင်ဆန်းသည်သာ တပ်မတော် ကိုဦးဆောင်ခဲ့သူ၊ဗိုလ်ချုပ်အောင်ဆန်းသည်သာ အမှန်ကန်အရိုးသားဆုံးဂုဏ်ရှိသူ၊ဗိုလ်ချုပ်အောင် ဆန်းသည်သာ အားကိုးရာ...။
အခုတလော အသက်ကလေးရလာလို့နှင့်တူ၏၊ဘာသာရေးနှင့်ပါတ်သက်၍စိတ်အလိုမကျ စရာ တွေ့လာလျှင် တန်ခိုးကြီးဘုရားတစ်ဆူဆူရှေ့သွားပြီး ဘုရားရှင်၏မျက်နှာတော်ကို အားပါးတရဖူးမျှော်ပြီး ဖြစ်စေချင်သည့် ဆန္ဒများကိုတောင်းဆိုမိပါသည်၊တင်းနေသောစိတ်တွေလျော့ကျ သွားသည်၊တစ်ရက်ကတော့ လောကီရေးနှင့်ပါတ်သက်ပြီး စိတ်မချမ်းမြေ့စရာတွေ အမြင်မတော် တာတွေ ကြုံတွေ့ရသည်၊ဒီတစ်ခါမှာတော့ ငယ်စဉ်ကသွားရောက်ခဲ့ဖူးသော အာဇာနည်ကျောက်
တိုင်ရှိရာကိုသွားပြီး အာဇာနည်ကျောက်တိုင်ကို ဗိုလ်ချုပ်အောင်ဆန်းအလား အတွေးပွား၍
တိုင်တည်လိုစိတ်ပေါက်လာသည်၊ဘယ်သူကိုမှ အဖေါ်မခေါ်ဘဲ အာဇာနည်ကျောက်တိုင်ရှိရာ ထွက်လာခဲ့သည်၊ပထမတော့ ကိုယ်ကိုယ့်ကို တွေဝေသွားမိသည်၊ငါနေရာများမှားနေပြီလားဟူ၍၊ကွင်းပြင်တစ်ခုလုံး ဖုန် တရုန်းရုန်းထနေသည်၊သစ်လုံးတွေကို ကားကြီးကားငယ်အသွယ်သွယ်ပေါ် ကချပေးနေသည့် ကရိန်းကားများ ကလပ်ကားများ၏အသံကလည်း တ၀ုန်းဝုန်းဆူညံနေသည်၊
ကွင်းပြင်တစ်ခုလုံးမှာလည်း သစ်လုံးတွေက ဟိုတစ်ပုံ ဒီတစ်ပုံ၊မညီမညာ၊မလှမပ၊အနားမှာရှိနေ သည့် လူရွယ်ကလေး တစ်ဦးကို မေးကြည့်မိသည်၊
““ဒါဟာ ဗိုလ်ချုပ်ပန်းခြံ မဟုတ်ဘူးလား””
““မဟုတ်ဘူးဗျ၊ဒါက သစ်ကွင်း””
ကျွန်တော် အူလည်လည်ဖြစ်သွားမိသည်၊နောက်မှ တစ်စုံတစ်ခုကို တွေးမိပြီး ...““ဒီအနီးအနားမှာ ကော အာဇာနည်ကျောက်တိုင် မတွေ့မိဘူးလား””
““သြော်..အန်ကယ်က ဗိုလ်ချုပ်ကျောက်တိုင်ကို ပြောတာလား၊ဟောဟိုမှာလေ..””
လူငယ်လေးလက်ညိုးထိုးပြသည့် နေရာလေးကို ကြည့်လိုက်တော့ ဖုန်လုံးတွေ သစ်လုံးတွေကြား မှ ချွန်ချွန်ထောင်ထောင် အာဇာနည်ကျောက်တိုင်လေးကို မှုန်ပျပျလှမ်းမြင်ရသည်၊ ကျွန်တော်ရဲ့ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားမိသည်၊ ကျောက်တိုင်ရှိရာသို့ ခပ်သော့သော့လေးလျှောက်လာ မိသည်၊နောက်မှ လူရွယ်ကလေးက ကပြာကယာတားရှာသေးသည်၊
““အန်ကယ် ခြေကျွံလိမ့်မယ်””
သို့သော် နောက်ကျသွားလေပြီ၊ကျွန်တော်၏ခြေအစုံက ဖုန်များဖုံးအုပ်နေသော ကျင်းတစ်ခုထဲ
ကျွံကျသွားခဲ့သည်၊
““အန်ကယ်ကို သတိပေးမလို့ဟာ အန်ကယ်က နားမှမထောင်တာကိုးဗျ၊ဒီနေရာရဲ့မြေသားတွေ က ၀ိတ်များလွန်းတဲ့ သစ်တင်ကားတွေကြောင့်ကြေမွနေတာ၊ကြည့်လိုက်ရင် မြေမှုန်ရိုးရိုးထင်
ရပေမယ့် ပွနေတဲ့ဖုန်မှုန့်တွေဆိုတော့ ကျွံကျတတ်တယ်ဗျ၊အန်ကယ်က အဲဒီကျောက်တိုင်ကို ဘာသွားလုပ်မှာလဲ၊ဒီကနေ သွားဖို့ကတော့မလွယ်ဘူးဗျ၊အန်ကယ်သွားချင်တယ်ဆိုရင် ဟိုမြစ်ဆိပ်ဘက်က ကမူလေးတွေပေါ်က ပတ်သွားမှရမှာ.””
““အေးပါကလေးရာ၊အန်ကယ် အဲဒီဘက်ကနေ ပတ်ပြီးသွားပါ့မယ်၊””
ကျွန်တော် ပြောပြောဆိုဆိုနှင့် ဖုန်တောမှရုန်းထလိုက်သည်၊လူရွယ်ကလေးက ဖေးမပေး၏၊
ကိုယ်လုံးပေါ်မှာ ကပ်ညှိနေသော ဖုန်တွေကို ခါချလိုက်တော့ လူငယ်ကလေး နှာခေါင်းပိတ်ပြီး နောက်ဆုတ်သွားသည်၊သို့နှင့် မြစ်ကမ်းပါးမှ ပတ်၍ကျောက်တိုင်ရှိရာ ရောက်သွားခဲ့သည်၊ ကျောက်တိုင်တစ်ခုလုံး ဖုန်မှုန့်များ၏ ကျီစယ်မှုကြောင့် နီကျင်ကျင်ဝါတာတာဖြစ်နေလေသည်၊
ကျောက်တိုင်၏အောက်ခြေ အုဋ်ခုံများသည်လည်း သစ်ကားများ၏ တိုးဝှေ့ခဲ့မှုကြောင့်ထင့်၊
ပဲ့ရွဲ့ ကွဲထွက်နေကြသည်၊ကျွန်တော် စုတ်သတ်ပြီး အုဋ်ခြေမှာထိုင်ချဖြစ်လိုက်သည်၊အနားမှာ ကပ်ပါလာသောလူငယ် လေးက ကျွန်တော့်ကို အထူးအဆန်းလူတစ်ယောက်ကဲ့သို့ကြည့်နေသည်၊
““ဒါဟာ အာဇာနည်ကျောက်တိုင်ကွဲ့””ကျွန်တော့ စကားကြောင့် လူငယ်လေးပြုံးသွားသည်၊ပြီးမှ
““အာဇာနည်ကျောက်တိုင်လား၊အဆိုတော်ကျောက်တိုင်လားတော့မသိဘူးဗျ၊ကျွန်တော်ဆရာသစ်သူဌေးက
တော့ဒီကျောက်တိုင်ကြီးက ဒီသစ်ကွင်းမှာနေရာယူလွန်းနေတယ်တဲ့၊ဒါကြီးတူးဖယ်လိုက်ရင်သစ်
လုံးသုံးလေးပုံလောက်တော့ ထပ်ပုံလို့ရသတဲ့၊အတော်ရှုပ်တဲ့ကျောက်တိုင်လို့လည်း မကြာမကြာ ပြောတယ်ဗျ၊””
ကျွန်တော် လူငယ်လေးမျက်နှာကြည့်ပြီး ဘာပြောရမယ်မှန်းကို မသိတတ်အောင်ဖြစ်သွားရပါ သည်၊ဒီအချိန်မှာကျွန်တော် သူ့ကို တစ်စုံတစ်ခုပြောသင့်မှန်းသိပေမယ့် ဘာမှ မပြောဖြစ်တော့၊ ထို့အတူဗိုလ်ချုပ်၏ အာဇာနည်ကျောက်တိုင်ကိုလည်း တိုင်တည်ပြီး ဘာမှ ထပ်မပြောရဲတော့ ပေ၊ သူကကိုယ်ထက် ၁၀ဆ ၁၀၀..၂၀၀..၃၀၀..၄၀၀တွေ ပြန်ပြောခဲ့ပါလျှင်..၊ ကျွန်တော်ထိုင်နေရာမှ ထလိုက်သည်၊ခြေကျွံကျခဲ့သည့် ခြေထောက်က ကျဉ်ကနဲဖြစ်သွားသည်၊““အား””
ကျွန်တော်အော်သံကြောင့် လူငယ်ကလေးက
““အန်ကယ်သိပ်နာနေလား””ဟုစိုးရိမ်သံဖြင့် မေးမြန်းလာပါသည်၊ကျွန်တော်သူကို ပြန်ပြောဖြစ်လိုက်သည်ကား..
““ခြေထောက်ဒါဏ်ရာက ခြေလိမ်းလိုက်ရင် ပျောက်သွားမှာပါ.၊အဲ ရင်ထဲက အနာကတော့..””
ဟာဂျူလီ.ကသာ