Thursday, September 12, 2013

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ဖိတ်ကြားလွှာ



ကျင်းပမည့် နေ့ရက်- စက်တင်ဘာ (၁၈) ရက်၊ ၂၀၁၃
ကျင်းပမည့်နေရာ- သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်း၊ နတ်စင်လမ်း၊ ကြည့်မြင်တိုင် (နတ်စင်လမ်းမှတ်တိုင်)

ဦးဝင်းချိုကို အနုပညာသမားကြီးတွေလည်း ချစ်ကြသည်



Win Ko Myint

ဦးဝင်းချိုကိုချစ်သော လယ်သမားများနှင့်
ပဲခူးသို့. . .
စထွက်ပါပြီ

လယ်သမားတွေရဲ့ ပါစကမီးငြိမ်းအေးစေတဲ့ ကျေးဇူးတရားက
ထမင်းဖြူတင်မက
မုန့်ဟင်းခါးပါ ပါလာပြီ။
၆ သောင်းနဲ့ ကားငှားပြီး ပဲခူးမှာ
ဦးဝင်းချိုနဲ့ ဘ၀တူလယ်သမားတွေကို လာအားပေးရှာကြတာ
လောလောဆယ် စကားလုံးရှာမရဘူး။

အဆင်ပြေကြပါစေ။
အေးချမ်းကြပါစေ။


မ၀ယ်ဘူး
ကိုယ်တိုင်ခူးတဲ့
အောင်သပြေ
ချစ်ခင်သူလူကိုတွေ့က
တောင်းဆုချွေ ပထနာပွားဖို့
တောင်သူများယူခဲ့သည်


တရားရုံးထဲ ကားဝင်လာတုန်းကပါ။


၁၈.၉.၂၀၁၃ ရုံးပြန်ချိန်းပါသည်။ဦးဝင်းချိုကို

အနုပညာသမားကြီးတွေလည်း ချစ်ကြသည်။

၁၈.၉.၂၀၁၃ ရုံးပြန်ချိန်းပါသည်။

ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်ရိုက်နှိပ်ရေးအဆို ဆွေးနွေးခွင့်မရ



RFA Burmese


ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ငွေစက္ကူတွေ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဒီနေ့ဆွေးနွေးခဲ့ရာမှာ အစည်းအဝေးတက်ရောက်သူ ၁၂၃ ဦးအနက် ၂ ဦးပဲ ထောက်ခံတဲ့အတွက် ဆွေးနွေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ပြန်လည်ထုတ်ဝေရေး အတွက် အမျိုးသားဒီမိုကရေစီသစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့တာပါ။

လက်ရှိထုတ်ဝေနေတဲ့ ငွေစက္ကူတွေမှာ ပါတီတစ်ခုကို ကိုယ်စားပြုတဲ့ ခြင်္သေ့ပုံတံဆိပ်ကို ရိုက်နှိပ်ထားတာဟာ မသင့်တော်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းပုံ ကို ငွေစက္ကူတွေပေါ်မှာ ပြန်လည်ရိုက်နှိပ်သင့်ကြောင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရဲ့ အဆိုဟာ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စရပ်ဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပုတ်ခတ်ပြောဆိုတဲ့ သဘောဖြစ်နေတယ်လို့ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းပုံငွေစက္ကူ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးအဆိုကို မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲမရရှိခဲ့တာကြောင့် ဆက်လက်ဆွေးနွေးခွင့် မရခဲ့တာဖြစ် ပါတယ်။
Cartoon MYO GYI ရဲ့ ထိထိမိမိ ရေးဟန်

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်

ကောလဟာလ,ကောလဟာလ,ကောလဟာလ,
 ရွှေသတင်းသစ်

အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။

ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။

ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲ (စင်္ကာပူ)



လက်မှတ် ဝယ်ယူရန် နေရာ ။ ။ ပင်နီဆူးလား (၅) လွှာ အခန်း နံပါတ်

(၃၇) နေ့ရက် နှင့် အချိန် ။ ။ • စက်တင်ဘာ (၁၃) ရက် သောကြာနေ့ ညနေ (၅)

နာရီ မှ ည (၈) နာရီ ခွဲ • စက်တင်ဘာ (၁၄) ရက် စနေနေ့ မွန်းလွှဲ (၁) နာရီ မှ ည

(၈) နာရီ ခွဲ • စက်တင်ဘာ (၁၅) ရက် တနင်္ဂနွေနေ့ မွန်းလွှဲ (၁) နာရီ မှ ည (၈)

နာရီ ခွဲ လက်မှတ်ဈေးနှုန်း ။ ။ $30 မှတ်ချက် ။ ။ • မိမိ၏ Singapore IC

(WP/SPass/EP/PR/Ex-Myanmar Citizen) ကဒ် ယူဆောင်လာပါရန် •

တန်းစီသူတစ်ဦးလျှင် Singapore IC (WP/SPass/EP/PR/Ex-Myanmar Citizen)

(original) နှစ်ကဒ် ပြ၍ လက်မှတ် (၂) စောင်အထိ ဝယ်ယူခွင့်ရှိသည် • CASH

only •

၅ နှစ်အောက် ကလေးငယ်များခေါ်ဆောင်လာခြင်း သည်းခံပါ။

 Myanmar Club (Singapore)

ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့



EMG

မုံရွာအကျဉ်ထောင်၌ (၁၃)ရက်ကြာ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မုံရွာမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံထားရသူ ဒေါ်နော်အုန်းလှသည် ထိုနေ့ ညနေ ၅ နာရီအချိန်မှ စတင်၍ မုံရွာအကျဉ်း ထောင်အတွင်း၌ အစာအငတ်ခံ ဆန္ဒပြလျက်ရှိခဲ့ရာ ၁၃ ရက်ပြည့်သည့် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့် က မန္တလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ဖြစ်ကြောင်း မုံရွာ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိ ရသည်။

ထိုသတင်းရပ်ကွက်မှ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ ဆန္ဒစတင်ပြသည့် အချိန်ခန့်က သက်ဆိုင်ရာ ထောင်ဆရာဝန်၏ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ချက်များအရ ထိုသူ၏ ကိုယ်အလေး အချိန်မှာ (၁၈၆)ပေါင် ခန့်ရှိခဲ့သော်လည်း ယနေ့မနက် ၀၆ နာရီ အချိန် ကျန်းမာရေး စစ်ဆေးချက်များအရ ကိုယ်အလေးအချိန်မှာ (၁၇၄)ပေါင်ခန့် သာရှိတော့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ထိုသူ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အား အနီးကပ် စောင့်ကြည့်နိုင်ရန် အတွက် မန္တလေး အကျဉ်းဦးစီးဌာနရှိ ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ တာဝန်ယူ စောင့်ရှောက်နေရသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်သူကို ညှင်ပန်းနှိပ်စက် သောရဲများအား အရေးယူပေးရေး စသည့်တောင်ဆိုးချက် သုံးချက်အား တောင်းဆို ဆန္ဒပြရန်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့်
တင်ပြလျှောက်ထားခဲ့သည်။

ထိုတင်ပြလျှောက်ထား ချက်အား ခွင့်ပြုမိန့် မရရှိခဲ့ သည့်အတွက် အထက်ရုံး၌ ဆက်လက်၍ အယူခံတင်ပြလျှောက်ထားခြင်းမရှိဘဲ ၎င်း၏သဘောဆန္ဒ အလျောက် စီတန်းလမ်း လျှောက်ခဲ့ရာမှ ယင်းကဲသို့ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈)အရ ဖမ်းဆီးခံခဲ့ရပြီးနောက် မုံရွာမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးညွှန့်စိုး၏ တရားလိုပြုလုပ်တိုင်တန်းချက်များအရ မုံရွာအမှတ်(၁)
ရဲစခန်းရှိ ရဲစခန်းမှတ်ပုံတင် (၂၅)၊ အမှတ်စဉ် (၁၀/ ၂၀၁၃)၊ ပြစ်မှု ပုဒ်မ ၅၀၅(ခ) အရ ဒေါ်နော်အုန်းလှ ဆိုသူအား မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲခဲ့ရာ တရားရုံးမှ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၅၅၃/ ၂၀၁၃ အရ တရားခွင်၌ ကြားနာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့် ထောင်ဒဏ် (၂)နှစ်ကျခံစေရန် အမိန့်ဒီဂရီချမှတ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် တရားရုံးဝန်းအတွင်းရှိ အချုပ်ခန်းမှ မုံရွာ အကျဉ်ထောင်သို့ သက်ဆိုင်ရာ အာ ဏာပိုင်များမှ ဆက်လက်ပို့ဆောင်ခဲ့ရာ ထောင်မှူး ဦးအေးသာထွန်း ဆိုသူမှ ထောင်ဝင်အမှတ် မရ / ၁၃/ ၀၀၆၇၀/(က) အရ လက္ခံခဲ့သည်ဟု သိရသည်။

ထိုနေ့ညနေ ၅ နာရီအချိန်မှ စတင်၍ ဒေါ်နော်အုန်းလှသည် မုံရွာ အကျဉ်းထောင်အတွင်း၌ အစာအငတ်ခံဆန္ဒပြနေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေး အကျဉ်းဦးစီးဌာနရှိ ထောင်ဆရာဝန် ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ ဒေါ်နော် အုန်းလှ၏ ကျန်းမာရေး အခြေ နေအား မျက်ခြေမပြတ် စောင့်ကြည့် ပေးနေရကြောင်း သတင်းများ ထွက်ပေါ်လာချက်များအရ သိရသည်။

ယခုအခါ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ၍ ရက်ရှည်ဆန္ဒပြနေသော်လည်း ၎င်း၏ ကျန်းမာအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ဒေါ်နော်အုန်းလှ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ရောဘတ်ဆန်းအောင် ဆိုသူမှ “ ပန်ဘဲတန်း တရားရုံးနဲ့ ကျောက်တံတားတရားရုံးမှာ သူ့ရဲ့အမှုတွေကို ကြားနာစရာ ရှိနေပါသေးတယ်..” ဟုဆိုသည်။

အဲ့ဒီ အကောင့်ငါးခုကို မြန်မာပြည်သူတွေ မသိသေးဘူး


ခွန် ဒီးယမ်
"အဲ့ဒီအတွက် မြန်မာနိုင်ငံကို optionသုံးခု ထုတ်တယ်။ ၁၁ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလားl ဒါမှမဟုတ် ကြားကနေ အကြွေးဟောင်းကို ဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့သူ ရှာမလားl ဒါမှမဟုတ် နိုင်ငံတစ်ကာက အလှုရှင်တွေ ပေါင်းပြီး trust bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေများ လုပ်မလား ဆိုပြီး ထုတ်တယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံက ဒုတိယ အချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူးl အဲ့ဒီ အကောင့်ငါးခုကို မြန်မာပြည်သူတွေ မသိသေးဘူး"
(ကမ္ဘာ့ဘဏ်မှ အာရှဒေသ ဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia)
Ref: The Daily Eleven

မနေ့တုန်းက ဆရာမ Daw SweSwe Winn ဖော်ပြထားတဲ့ ကမ္ဘာ့ဘဏ်ကို ပေးဆပ်ရမဲ့ အကြွေး တစ်ဘီလီယံကို ပြည်တွင်းကနေ နိုင်ငံခြား ဘဏ်တွေကို အပ်နှံထားတဲ့ အကောင့်ငါးခုရဲ့ အပ်နှံငွေ ဒေါ်လာ ၁၁ဘီလီယံကြောင့် လျော်ပေးခြင်း မရှိဘူး ဆိုတဲ့ သတင်းကို shareပေးခဲ့ ပါတယ်။ မိတ်ဆွေအချို့က ဒါကို အစိုးရက မသိလောက်ဘူး။ အစိုးရကို တင်ပြသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အခု ဘဏ်ဒါရိုက်တာရဲ့ ပြောကြားချက်အရ အစိုးရက သိရှိထားပြီး အကောင့်ငါးခုကို အထိမခံဘဲ ပြန်ဆပ်မဲ့ နည်းလမ်းကို အစိုးရက ရွေးချယ်ခဲ့ကြောင်း သိရှိရပါတယ် ခင်ဗျာ။
___________________
Written by Kaung Naing (12-9-2013)




မြန်မာနိုင်ငံမှ ပြည်ပတွင် အကောင့်(၅)ဖြင့် ၁၁ ဘီလီယံကျော် ငွေစာရင်းနှင့်
စပ်လျဉ်းသော အမြင်များ
===========================================
ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။

ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက
.................................................
"ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။

ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြား
ဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့်
ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။

ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကို
ရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။

စီးပွားရေး ပညာရှင် တစ်ဦးကလည်း
...............................................
"ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်က
ငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။

အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ
ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။
______________
EMG (12-9-2013)




ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကမ္ဘာ့ ဘဏ် တွင်စာရင်းဖွင့်လျှက်ရှိနေ

Thursday, 12 September 2013
 မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။"မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့် ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုနှင့် ပတ်သက်၍ မသိကြသေးကြောင်း ၎င်းကထုတ်ဖော်ခဲ့သည်။Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကို Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲကထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့သူကို ရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီး Trust Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့် ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ် . . . . .ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။......................................................၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏအေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈................................................................. ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)ဘဏ္ဍာနှစ် ပမာဏ၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက် .........................................................၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန် ဒေါ်လာသန်း)နိုင်ငံနှင့်အဖွဲ့အစည်းများ
ပမာဏအိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀...

REF ..EMG .. ဖီလော်ဆိုဖာမောင်မြသာ