Sunday, September 15, 2013

နှလုံးရောဂါအခံရှိသူဆင်ခြေထောက်ရောဂါကာကွယ်ဆေးကြောင့်သေဆုံး

"ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ


RFA Burmese


လာမယ့်၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်းမစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ လွတ်တော်အဆောက်ဦးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့တာကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ.

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သန်းခေါင်းစာရင်းကောက်ယူနိုင်ဖို့အတွက် နှစ်ဖက် ခေါင်းဆောင်တွေအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးခင်ရီကပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ သူတွေကို အခြား လူမျိုးစာရင်းထဲမှာ ထည့်သွင်းကောက်ယူသွားမှာဖြစ်တယ်လို့ လဲ ပြောပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အသုံးပြု ပြီး လာမယ့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေထိ ၁၂ရက်ကြာပြုလုပ် သွားမယ်လို့ သိရပါတယ်။

မြန်မာစစ်သား ခေါင်းဖြတ်သတ်ခံ ရသည်ဆိုသော သတင်းအပေါ် KIO တာဝန် ရှိသူများ၏ ရှင်းလင်းချက်


United Media Group
============================

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ KIO က လည်း အောက် ခြေမှာ ရှိတဲ့ တပ်သားတွေကို စုံစမ်း စစ် ဆေးပြီးပြီ။ အဲဒီကိစ္စမှာ အခု အစိုးရ ဘက် ကပြောသလို မျိုးနဲ့ Facebook တွေမှာတင်နေသလိုမျိုးမဟုတ်ဘူး လို့ ကျွန်တော်တို့ ရှေ့တန်းဘက်က Report လာတယ်။ ဒီသတင်းက အစိုးရ ကရော ဒီသတင်း အထောက် အ ထား သက်သေ ခိုင်ခိုင်လုံလုံနဲ့ Facebookမှာ တင်ထား သလိုမျိုး ခေါင်းဖြတ်ပြီး အဲဒီခေါင်းကို ဗိုက် ထဲပါ ထည့်ထား တယ် ဆိုတဲ့ဟာမျိုး တွေက တကယ်ရော ဟုတ်ရဲ့လား ဆိုတဲ့ဟာက အစိုးရကို ထပ်ပြီးမေး ရ ဦးမယ်။ သက်သေမရှိဘဲ လုပ်လည်း မလုပ်သင့်ဘူး။ အခု ဒီကြားထဲမှာ သတိထား ရမယ့် ဟာက Facebook တို့၊ အင်တာနက် တို့လို အမည်မသိ တဲ့ သတင်းတွေ အများကြီး ထွက် တာ၊ ရန်တိုက်ပေး တဲ့ ဆောင်းပါး မျိုး တွေ၊ သတင်းတွေ၊ ကဗျာ ပုံစံမျိုးတွေ ချည်း ပဲဖြစ်နေတယ်။ ဆိုတော့ ဒါကို ကျွန်တော်တို့ KIO အနေနဲ့ အများ ကြီး သတိထားတယ်။ ကျွန်တော်တို့ က သဘော တူညီချက် ရပြီးတဲ့ ခုနစ် ချက်ပေါ်မှာ ဘယ်လိုရှေ့ ဆက် အကောင် အထည်ဖော် ရမယ် ဆိုတဲ့ ဟာကို ရှေ့တန်းက ပဋိပက္ခလေး တွေကို ကြည့်ပြီးတော့ သွားရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနာ ဂတ်မြန် မာပြည်ရဲ့ ဘယ်လိုမျိုး ပုံရိပ် ကို ပုံဖော် ချင်သလဲ ဆိုတာ အပေါ်မှာ အဓိကျတယ်။

ဦးဒေါင်ခါး
KIO Technical Team
(သတင်း အပြည့်အစုံကို စက်တင်ဘာ ၁၆ ရက်ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ(၅) အမှတ်(၃၇) တွင် ဖော်ပြထားပါသည်)

 ရှင်းလင်းချက် (၂)
============================

ဒီနေရာ ဒီဒေသကို မလာပါ နဲ့ ဆိုတာကို လာတယ်။ အဲဒီတော့ တိုက်ပွဲဖြစ် တယ်။ တိုက် ပွဲဖြစ်တော့ တိုက်ပွဲမှာ ကျတယ်။ တိုက်ပွဲ မှာဖြစ် တဲ့ကိစ္စ၊ အဲဒီမှာ ကေအိုင်အိုက မြေ မြှုပ်ပေး ထားတယ်။ အစိုးရ ဘက်က ဖမ်းသွားတယ် လို့ပြောတယ်။ ကေအိုင်အိုက ဖမ်းတာ မဟုတ်ဘူး။ တိုက်ပွဲမှာ ကျလို့ မြေမြှုပ်ပေး ထား တယ်။ အဲဒါ ဘယ်နေရာ မှာမြှုပ်ထား လဲ ပြဆိုတော့ နေရာပြောပြ လိုက် တယ်။ အလောင်းကို သွားဖော်တဲ့ အခါကျမှ အဲဒီလို ခေါင်းဖြတ် ထား တယ်လို့ ပြောလာတယ်။ အဲဒီနေရာ ကို ဘယ်သူမှ သွားဖော် တာလည်း မဟုတ်ဘူး။ ကေအိုင်အေ ပိုင်းက လည်း သူတို့ အနေနဲ့ အဲဒီလို လုပ် ထားတာ လုံးဝ မရှိပါဘူးလို့ ပြော တယ်။ အောက်ခြေ က တပ်သား တွေ ကိုလည်း မေးတယ်။ အောက် ခြေက လည်း သူတို့ကောင်းကောင်း မွန်မွန် မြေမြှုပ်ပေး ထားတာပါလို့ ပြောတယ်။ တကယ်လို့ ကေအိုင် အေ အနေနဲ့ အဲဒီလို ရုပ်ပျက် ဆင်း ပျက် လုပ်ထားရင် ဘယ်သူက မြှုပ် ထားတဲ့နေရာ ကို ပြောပြ မလဲဗျာ။ အခုက ဘယ်နေရာ မှာ မြှုပ်ထားလဲ ဆိုတာကိုလည်း သူတို့ပဲ ပြန် သတင်း ပေး လိုက်တာ။ တိုက်ပွဲမှာ ကျတာ ကို ကောင်းကောင်းမြေမြှုပ်ပေး တယ်။ မြှုပ်တဲ့နေရာ ကိုလည်း ပြန်သတင်း ပို့ပေးတယ်။ အဲဒီလို သွားဖော်တဲ့ အ ခါ ကျတော့မှ ခေါင်းမရှိလို့၊ ဘာဖြစ် လို့၊ ညာဖြစ်လို့ ပြောလာတယ်။ ကေ အိုင်အေ ဘက်ကလည်း သူတို့ ဖမ်း ဆီးခေါ်ဆောင် သွားတာ မဟုတ်ဘူး

ဦးလမိုင်ဂွမ်ဂျာ
ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့
(သတင်း အပြည့်အစုံကို စက်တင်ဘာ ၁၅ ရက်ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ(၅) အမှတ်(၃၇) တွင် ဖော်ပြထားပါသည်)

စင်္ကာပူ ဘဏ်၂ခုတွင် စစ်ခေါင်းဆောင်များ ဒေါ်လာ ၅ဘီလီယံအပ်ထားဟု ERI ဖွင့်ချ



မြန်မာစစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ၉နှစ်အတွင်း ရတနာဂတ်စ်ပိုက်လိုင်းမှ ရရှိသော အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅ဘီလီယံကို စင်္ကာပူရှိဘဏ် နှစ်ခုတွင် အပ်နှံထားကြောင်း Earth Rights International – ERI က အစီရင်ခံစာထုတ်ပြန်လိုက်သည်။

Oversea Chinese Banking Corporation နှင့် DBS Group ဘဏ်နှစ်ခုတွင် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသော ငွေများကို အပ်နှံထားခြင်းဖြစ်ကြောင်း၊ ဓာတ်ငွေ့ရောင်းချမှုမှ လစဉ် ဒေါ်လာ သန်း ၁၅ဝ ပုံမှန်ရရှိနေကြောင်း ERI ၏အစီရင်ခံစာကို ကိုးကားပြီး လယ်ရီဂျေဂင်က The National သတင်းစာတွင် ရေးသားခဲ့သည်။

ပြည်တွင်းသတင်းမီဒီယာအချို့တွင် မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်ရင်း ၅ခုဖွင့်ကာ ဒေါ်လာ ၁၁ ဘီလီယံအပ်နှံထားကြောင်း စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့ပြီး မြန်မာအစိုးရ ဒုတိယပြန်ကြားရေးဝန်ကြီးက အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

၁၁ ဘီလီယံ ဘဏ်စာရင်းနှင့်ပတ်သက်ပြီး ခိုင်မာသော အချက်အလက်များ ပေါ်ထွက်မလာသေးချိန်တွင် ERI က ၅ဘီလီယံရှိကြောင်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။

Kamayut Media

လက်ပံတောင်းတောင်မှ ကြေးနီ တူးဖော်ရန် နှစ်နှစ်ခန့်ကြာမည်



Yangon Media Group

===========================
အောင်အောင် ၊ ရန်ကုန်
===========================
လက် ပံတောင်းတောင်မှ ကြေးနီတူးဖော် နိုင်ရန် အချိန်နှစ်နှစ်နီးပါးကြာ မြင့်မည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ထုတ်ဖော်ပြောသည်။
ယင်းက''စီမံကိန်းကလဲမစ နိုင်သေးပါဘူး။ အခုမှ မြေညှိနေ တဲ့အဆင့်ပဲရှိပါသေးတယ်။ အနည်း ဆုံး ကြေးနီတူးယူဖို့ဆိုရင် နှစ်နှစ် လောက်ကြာဦးမှာပါ''ဟုပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် လက်ရှိအ ချိန်တွင် လယ်ယာမြေလျော်ကြေး ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ပြဿနာများနှင့် ကျေးလက်ဖွံ့ ဖြိုးရေးလုပ်ငန်းများအား လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ကို အကောင်အထည်ဖော်မည့် ကော်မတီတစ်ခုဖွဲ့စည်းပြီး လုပ် ဆောင်နေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြန် မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ''လက်ရှိအချိန်မှာ တော့ ကျွန်တော်တို့ လယ်ယာမြေ လျော်ကြေးကိစ္စတွေကို ဆောင် ရွက်နေပါတယ်။ ဒီလထဲမှာအ ပြီးဆောင်ရွက်သွားမှာပါ။ ကော် မရှင်ရဲ့ညွှန်ကြားချက်အတိုင်း သွားမှာပါ။ ဘာဆက်လုပ်မယ်ဆို တာတော့ ညွှန်ကြားချက်မလာ သေးပါဘူး။ စတင်ဆောင်ရွက်ရ တာနဲ့ နှစ်နှစ်အတွင်းမှာ အကောင် အထည်ဖော်မှာပါ။ အနည်းဆုံး တော့ ကြေးနီတူးဖော်ဖို့ နှစ်နှစ် ကျော်လောက်ကြာဦးမှာပါ''ဟု ပြောသည်။
လက်ပံတောင်းတောင် ကြေး နီစီမံကိန်းသည် ၂၀၁ဝပြည့်နှစ် မှစတင်ကာဆောင်ရွက်ခဲ့ပြီး ဆန္ဒ ပြမှုများဖြစ်ပေါ်သဖြင့် အကောင် အထည်ဖော်မှုကို ခေတ္တရပ်ဆိုင်း ခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကိုဖွဲ့စည်းကာ စုံစမ်းစစ် ဆေးမှုများပြုလုပ်၍ အဆိုပါကော် မရှင်၏အစီရင်ခံစာအတိုင်း စာ ချုပ်ကို ဇူလိုင် ၂၄ရက်က ပြန်လည် ချုပ်ဆိုခဲ့ပြီး ယခင်စာချုပ်များ တွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာအစီအမံများ၊ အကျိုးအမြတ်ခွဲဝေမှု၊ သတ္တုတွင်း ပြန်လည်အပ်နှံရေးနှင့် သတ္တုတွင်း ပိတ်သိမ်းရေး၊ လူမှုရေးတာဝန် ယူမှု CSR လုပ်ငန်းများနှင့်ပတ် သက်ပြီး တိတိကျကျဖော်ပြထား ခြင်းမရှိကြောင်း သိရသည်။




အညတြ သူရဲကောင်းတဦး၏ မပြီးဆုံးသေးသော ခရီး
ရွှေကူမေနှင်း| September 15, 2013 |
စက်တင်ဘာ ၁၃ ရက်နေ့ထုတ် “Hot News” ဂျာနယ်တွင် “ထောင်တွင်း၌ ဆန္ဒပြနေသော လူသားတဦး အကြောင်း ဖတ်ရသည်။ ဓာတ်ပုံက သူ အပြင်မှာ ဆန္ဒပြစဉ် ရဲများက ဖမ်းဆီးနေပုံ ဖြစ်၏။ သူ့ အနားမှာ သူ့လက်မောင်းကို ချစ်မြတ်နိုးစွာ တွယ်ချိတ်ထားသော ကျေးလက်သူ ကလေးများကို မြင်ရသည်။ သူရော၊ ကျေးလက်သူလေးတွေပါ ပါးနှစ်ဘက်မှာ သနပ်ခါး ပါးကွက်ကြားများကို တင်ထားကြ၏။ အလှအပ အတွက် မဟုတ်တန်ရာ။ နေပူ လေပူဒဏ် ခံနိုင်ရန် အတွက် ဖြစ်ပါလိမ့်မည်။
သူ့ အမည်ကား “နော်အုန်းလှ” …၊ လူအများ လက်လျှော့ခဲ့ကြပြီ ဖြစ်သော လက်ပံတောင်းတောင် ကိစ္စကို “လက်ပံတောင်းတောင် စီမံကိန်း လုံးဝ ဖျက်သိမ်းရေး” ကြွေးကြော်သံဖြင့် ဇွဲမလျှော့ဘဲ တိုက်ပွဲဝင်နေသူတည်း။
ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။
သူ့ ခန္ဓာကိုယ်က ပုပု၀၀၊ မျက်နှာဝိုင်းဝိုင်း ပြည့်ပြည့်၊ ဆံပင်မှာ ပန်းမဆင်၊ ပခုံးမှာ ပုဝါမပါ၊ ပကတိ ရိုးရှင်းသော ကရင် အမျိုးသမီးလေး ဖြစ်လေသည်။ သူ၏ အသွင်အပြင် ရိုးစင်း ရိုးရှင်းသကဲ့သို့ သူ၏ စေတနာက သန့်ရှင်းသည်။ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်း ချီတက်လာသော သူ၏ ခရီးက မဆုံးနိုင်သေး။ မရပ်နားနိုင်သေး။ ယခု “အစာ အငတ်ခံ ဆန္ဒပြနေသည်” ဟု ဆိုသည်။
သူသည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ဆန္ဒပြခဲ့ပြီး ၁၃ ရက်နေ့တွင် မုံရွာ၌ အဖမ်းခံခဲ့ရသည်။ ၂၇ ရက်နေ့တွင် ရုံးတင် စစ်ဆေးခံရကာ ၂၉ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ “ပုဒ်မ ၅၀၅ (ခ)” ဟု ဆိုလေသည်။ ထောင်ထဲရောက်သည့် နေ့၌ပင် စတင်၍ အစာအငတ်ခံခဲ့ခြင်း ဖြစ်သည်။ ယခု စာရေးနေသည့် စက်တင်ဘာ ၅ ရက်အထိ၊ ဆက်လက်၍ အစာအငတ်ခံ ဆန္ဒပြနေဆဲဟု သိရသည်။ ဤ အတောအတွင်း သူ၏ ခန္ဓာကိုယ် အလေးချိန် ၄ ပေါင်ခန့် ကျဆင်းသွားခဲ့ပြီ ဟုလည်း ကြားသိရသည်။
Hunger Strieke ခေါ် အစာအငတ်ခံ ဆန္ဒပြခြင်းသည် လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများထဲတွင် အမြင့်ဆုံး အဆင့် ဖြစ်၏။ နောက်ဆုံး အဆင့်ဖြစ်၍ အသက်ကိုပင် စွန့်လွှတ်ခြင်းလည်း ဖြစ်ပေသည်။ မိမိ ယုံကြည်ရာကို တောင်းဆိုခြင်း ဖြစ်ပြီး တောင်းဆိုချက် မရရှိလျှင် ဆန္ဒပြမှု မရုပ်သိမ်းကြေး ဖြစ်၏။
မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ထောင်တွင်း၌ အစာအငတ်ခံ ဆန္ဒပြရင်း ပျံလွန်တော်မူသွားခဲ့ရသော “ဆရာတော် ဦးဝိစာရ” ကို လူတိုင်း မမေ့ကြပါ။ အစာအငတ်ခံခြင်းတွင် သူကိုယ်တိုင် အစားအသောက် မစားတော့သည်ကို မည်သည့် အာဏာပိုင်ကမှ အတင်းအကြပ် ကျွေး၍ မရ။ မိမိခန္ဓာကိုယ်ကို အရက်စက်ဆုံး ညှဉ်းပမ်းခြင်းဖြင့် နောက်ဆုံး အသက်ဆုံးရှုံးသည် အထိ တိုက်ပွဲဝင်ခြင်းကား သည်းထိတ်ရင်ဖို စွန့်လွှန် စွန့်စားမှုကြီးပင် ဖြစ်သည်။ မအောင်မြင်လျှင် ခန္ဓာကိုယ် နိဂုံးချုပ်မည်။ ဆရာတော်ကား ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် အစိုးရ၏ လိုက်လျောမှု မရဘဲ အသက်စွန့် နိဂုံးချုပ်ခဲ့ရသူတည်း။
မြန်မာအချင်းချင်း အုပ်ချုပ်သော လမ်းစဉ်ပါတီ ခေတ်တွင်လည်း ကြီးမားသော အစာအငတ်ခံ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဆရာ မြသန်းတင့် မကွယ်လွန်မီက “ကိုကိုးကျွန်း အစာအငတ်ခံ ဆန္ဒပြမှု” အကြောင်း ကျမအား နှစ်ကြိမ်ထက်မက ရှင်းပြခဲ့ ဖူး၏။ မိမိတို့ တောင်းဆိုချက်များကို ကြေညာပြီး မပေးမချင်း အစားမစားဘဲ နေရန် ဆန္ဒပြကြခြင်း ဖြစ်၏။ ထိုစဉ်က ဆန္ဒပြပွဲများ အကြောင်း အသေးစိတ်ကို ယခုအခါ စာအုပ်အဖြစ် ထုတ်ဝေခွင့် ရပြီမို့ လူထုဦးလှ၊ လူထုဒေါ်အမာတို့၏သား ရဲဘော် ဖိုးသံချောင်းက “ကျောင်းသား၊ ထောင်၊ နိုင်ငံရေးသမား” ခေါင်းစဉ်ဖြင့် စာအုပ် ရေးသားခဲ့သည်၊ ဖတ်ရှုရပါပြီ။ ထိုစဉ်က ပါဝင်ခဲ့သော ဆရာထက်မြက်ကလည်း “ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်းရေး တိုက်ပွဲ ၅၃ ရက်” ခေါင်းစဉ်ဖြင့် သံတော်ဆင့် ဂျာနယ်တွင် ရေးသားတင်ပြနေသည်။
အစာအငတ်ခံ ဆန္ဒပြခြင်းများသည် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား အတွက် ပြုလုပ်ခြင်း မဟုတ်သည်မှာ သေချာသည်။ ဆန္ဒပြသူများသည် နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူများ ဖြစ်သည်မှာလည်း သေချာသည်။ တခွန်းတည်း ပြောရလျှင် “အမာ” များဖြစ်၏။
၅၃ ရက်ကြာခဲ့သည့် ကိုကိုးကျွန်း အစာအငတ်ခံ ဆန္ဒပြပွဲတွင် လူ ၃၀ တိုက်ပွဲဝင်သည်။ ၁၀ ဦးစီ ၃ သုတ်ခွဲ၍ ပြုလုပ်သည်။ ရေက လွဲ၍ ဘာမှ မသုံး၊ ဆေးဝါးလည်း မစား၊ ဖျားလျှင် ခံမည်။ အစာအငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ခြင်း ၃၈ ရက်တွင် ရဲဘော် သိန်းကြည် ကျဆုံးသည်။ ၄၃ ရက်တွင် ရဲဘော် စိန်ချင်း၊ ၄၆ ရက်တွင် ရဲဘော် အုန်းမောင်၊ ၄၈ ရက်တွင် ရဲဘော် ချစ်ဆွေ၊ ၅၃ ရက်တွင် ရဲဘော် မောင်မောင်စိန်၊ ကိုလေးမောင်နှင့် ရဲဘော်ထွန်းဝင်း စုစုပေါင်း ၈ ဦး ကျဆုံးခဲ့သည်။
နောက်ဆုံးလူ ရဲဘော်ထွန်းဝင်းသည် ထောင်အာဏာပိုင်တို့က ဆန္ဒပြသူများအား အရှုံးပေးပါပြီ၊ အားလုံး လိုက်လျောပါမည်ဟု လာရောက်ပြောဆိုစဉ် တုံးခနဲ လဲကျ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ အားလုံး၏ စိတ်ဓာတ်ကို အသေခံ ပြသခဲ့ကြသော သက်သေပင် ဖြစ်သည်။ ထို ၅၃ ရက်ကြာပြီး တိုက်ပွဲဝင်သူ ၈ ဦး ထပ်မံ သေဆုံးခဲ့ရေသော အစာအငတ်ခံ ဆန္ဒပြခြင်း၏ အောင်မြင်မှုကား သမိုင်းတွင်ခဲ့ပါ၏။ ထိုအချိန်မှစ၍ “ကိုကိုးကျွန်းပို့ခြင်း” စီရင်ချက် မရှိတော့ချေ။ ကိုကိုးကျွန်း ထောင်စခန်း ကိုလည်း အပြီး ဖျက်သိမ်းခဲ့ရသည်။
ထို့ကြောင့် အစာအငတ်ခံ ဆန္ဒပြခြင်းသည် နောက်ဆုံးအဆင့်၊ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ရခြင်း ဖြစ်၏။ အသက်ကို စွန့်လွှတ်ရခြင်း အတူတူ လက်နက်ထိမှန်ကာ ရုတ်တရက် သေဆုံးရခြင်းမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်အား တဖြည်းဖြည်း ညှဉ်းဆဲရခြင်း ဖြစ်ရာ ခိုင်မာသည့် ရည်ရွယ်ချက်နှင့် ကြံ့ခိုင်သည့် စိတ်ဓာတ် မရှိလျှင် တိုက်ပွဲမှ ရှုံးထွက် ထွက်ရတတ်၏။
ယခု မုံရွာထောင်အတွင်းတွင် “နော်အုန်းလှ” အစာအငတ်ခံ ဆန္ဒပြနေသည်။ သြဂုတ် ၂၉ မှ ယခု စာရေးနေသည့် စက်တင်ဘာ ၅ အထိ ၁ ပတ်ကျော်ခဲ့ပြီ။ ကိုယ်အလေးချိန် ၄ ပေါင်ကျသွားပြီ။ တခြား ရောဂါ မရှိ။ မန္တလေးထောင်မှ ဆရာဝန် တဦး အနီးကပ် စောင့်ရှောက်ပေးနေသည်ဟု သိရသည်။
“နော်အုန်းလှ” သည် သူ ယုံကြည်သော ခေါင်းဆောင်နေအိမ် အကျယ်ချုပ် ဘ၀ ရှိစဉ်၊ ဘာမှ လှုပ်ရှား၍ မရစဉ်တုန်းကပင် အင်္ဂါနေ့တိုင်း ရွှေတိဂုံရင်ပြင် အင်္ဂါထောင့်၌ သူ့ ခေါင်းဆောင် လွတ်မြောက်ပါစေကြောင်း ဆုတောင်းခြင်း အမှုကို ပုံမှန်ပြုလုပ်၍ ဆန္ဒ ဖော်ထုတ်ခဲ့သူ ဖြစ်၏။
စင်စစ် “နော်အုန်းလှ” သည် သာမန် ပြည်သူ မိန်းကလေး တဦးဖြစ်၏။ သာမန် ပြည်သူတဦး အဖြစ်နှင့်ပင် ဒီမိုကရေစီ တိုက်ပွဲမှာ မရပ်မနား ပါဝင်ခဲ့သူ ဖြစ်၏။ ခိုင်မာသည့် စိတ်ဓာတ်နှင့် ကြံ့ခိုင်သည့် ဇွဲသတ္တိ အပြည့်ရှိ၏။ နော်အုန်းလှ လိုပင် စိတ်ဓာတ် ခိုင်မာ ပြင်းထန်ပြီး အများအတွက် အနစ်နာခံခဲ့ကြသော “ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်၌ အညတြ သူရဲကောင်းများ” များစွာရှိပါ၏။ အညတြမို့ ထင်ရဲ့…၊ သူတို့သည် ချီးမြှောက်ခြင်းလည်း မခံရ၊ မှတ်တမ်းတင်ခြင်းလည်း မခံရ။ သို့သော် သူတို့၏ ရည်ရွယ်ချက် ရပ်တည်ချက် လုပ်ကိုင်ဆောင်ရွက်ချက်များသည် ချီးမြှောက်ခံရဖို့ အတွက် မဟုတ်၊ ခမ်းခမ်းနားနား မှတ်တမ်းတင် ခံရရေး အတွက်လည်း မဟုတ်ပေ။
“နော်အုန်းလှ” အစာငတ်ခံ ဆန္ဒပြနေသည်…၊ ကိုကိုးကျွန်းတုန်းကလို တခြားအဖော် မရှိ၊ အားပေးသူမရှိ၊ သူ့ ခံယူချက် ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ စူးစူးနစ် ဆုပ်ကိုင် တိုက်ပွဲဝင်နေဆဲ …၊ သူ ဘယ်အထိ ခရီးဆက်မည်လဲဟု ပူပန်စိတ်များနှင့် စဉ်းစားရင်း …။
( ဧရာဝတီ )

ပြည်သူတွေပိုင်တာတော့ရှိတယ်

ဆီးဂိမ်းအတွက်ဆိုပြီးအလှူငွေလာကောက်တဲ့စည်ပင်သာယာကဖြတ်ပိုင်း



မန္တလေးမြို့တော်ဝန်သိရှိပါစေရန်
@@@@@@@@@@@@@@@

ဆီးဂိမ်းအတွက်ဆိုပြီးအလှူငွေလာကောက်
တယ်တဲ့စည်ပင်သာယာကဖြတ်ပိုင်းနဲ့လို့ဆိုပါတယ်

သူပြောတာကနိုင်ငံတကာနဲ့အကြီးအကျယ်လုပ်ကြ
လှပါတယ်အမှန်တကယ်လိုအပ်ရင်ပြည်သူကိုအသိပေး
ချပြသင့်ကြောင်း

ဘာမှမဟုတ်တဲ့ဝန်ထမ်းတွေကိုဘောင်ချာ
စာရွက်လေးပုံနှိပ်ရိုက်ထုတ်ပြီးထင်သလိုလာကောက်တာဖြစ်
ကြောင်း

တကယ်လိုအပ်ခဲ့ရင်တိုင်းဒေသကြီးသော်လည်းကောင်း
မြို့နယ်အဆင့်သော်လည်းကောင်းအလှူခံသင့်တယ်လို့ဆိုပါတယ်

မိမိတို့တိုင်းပြည်seap game လက်ခံကျင်းပတာနိုင်ငံမွဲတေနေတာမ
ဟုတ်လို့ဒီလိုကောက်ခံတာကိုတခြားတိုင်းပြည်ကသိသွားခဲ့ရင်အလွန်
တစ်ရာရှက်ဖို့ကောင်းမှာဖြစ်ပါတယ်

ဒါတွေကသတိထားရမယ့်ကိစ္စ
တွေပါနိုင်ငံမှာတကယ်ချမ်းသာသူတွေလည်းအများကြီးပါ
ဘာမဟုတ်တဲ့ကိစ္စနဲ့နိုင်ငံသိက္ခာမထိခိုက်စေလိုပါ
Saw Aung (စောအောင် တီကျစ်)

cokodmoe

တောင်သမန်အင်းရေတက်

ရတနာပုံ တက္ကသိုလ်

KIA, တပ်ရင်း (၁၂ ) နှင့် (၂၇) ဒေသတွင် တိုက်ပွဲ ပြင်းထန်


ဗိုလ်ဇော်မျိုးထက်နဲ့အဖွဲ့ ပျောက်ဆုံးသွားချိန်ဟာ သြဂုတ်လ (၂၈) ရက်နေ့က ဖြစ်ပါတယ်။
အလောင်းပြန်တွေ့ချိန်ဟာ စက်တင်ဘာ (၅) ရက်နေ့ဖြစ်ပါတယ်။
 မိဘထံ အကြောင်းကြားတာလည်း စက်တင်ဘာ (၅) ရက်နေ့ဖြစ်ပါတယ်။
စုစုပေါင်း (၈) ရက်ခန့် ကြာမြင့်ပါတယ်။
သတင်းတွေတက်လာတာ စက်တင်ဘာ (၁၀) ရက်နေ့မှ ဖြစ်ပါတယ်။



ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင် အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ် အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။
စက်တင်ဘာလ ၁၄ ရက် ၂၀၁၃
မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ကေအိုင်အေတပ်မှူးနဲ့ တပ်သားတွေကို အရေးယူပေးဖို့ အစိုးရက မချမ်းဘောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ထံကို ဖြေရှင်းချက်တောင်းထားတယ်လို့ သိရပါတယ်။
KIO အဖွဲ့ကပြောရာမှာတော့ ဒီဖြစ်ရပ်ဟာ လက်တွေ့ဖြစ်ရပ်နဲ့ လွဲချော်နေတာကြောင့် ဖြေရှင်းချက်ပေးစရာမလိုဘူးလို့ ပြောပါတယ်။ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းပြောတာက
“သူတို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စာပို့ထားတယ်၊ ကျနော်တို့ဘက်က အဲဒီအပေါ်မှာ ဘာမှပြန်ကြားစရာမရှိဘူးခင်ဗျ၊ ဒီဖြစ်တာကလည်း အမှန် တကယ် ဖြစ်ခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာကတော့ သြဂုတ် ၂၈ ရက် တိုက်ပွဲဖြစ်တယ်၊ အရာရှိငယ်တစ်ယောက်ကျသွားတယ်၊ အဲဒီအရာရှိငယ်ကို ကျနော်တို့ဘက်က မြေမြှုပ်သင်္ဂြိုလ်လိုက်တယ်၊ အဲဒီအရာရှိရဲ့အလောင်းကို ဘယ်မှာမြှုပ်ထားသလဲဆိုတာ ကျနော်တို့ဘက်ကို PCG ကနေတဆင့် စုံစမ်းလာတာရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း မြှုပ်ထား တဲ့နေရာကို ပြောတဲ့အတွက်ကြောင့်မို့ သူတို့က စက်တင်ဘာလ ၅ ရက်နေ့ကျတော့ အဲဒီအလောင်းကိုပြန်ဖော်ယူတယ်၊
ကျနော်တို့ဘက်ကအလောင်းကို ဘာမှခေါင်းဖြတ်တာတို့၊ ဗိုက်ခွဲတာတို့ မလုပ်ဘူး၊ အဲလိုမျိုးလုပ်ရိုးလုပ်စဉ်လည်းမရှိခဲ့ဘူး”လို့ပြောပါတယ်။
သြဂုတ် ၂၈ ရက်နေ့ နောက်ပိုင်း မချမ်းဘောမြို့နယ်မှာ KIA တပ်တွေ ဒေသခံတွေကို နှိပ်စက်တာတွေ၊ဆက်ကြေးငွေကောက်ခံမှုများ သတင်းတွေ ထွက်လာတာကြောင့် အခုလို အစိုးရတပ်နဲ့ အပြန်အလှန်တိုက်ပွဲ များ ဖြစ်တယ်ပွားခဲ့တယ်လို့သိရပါတယ်။
အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ကာလမှာပဲ အစိုးရတပ်နဲ့ KIA တပ်ကြားမှာ တိုက်ပွဲတွေပြန်ဖြစ် ခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေဆက်ဖြစ်မလားဆိုပြီး သံသယတွေဖြစ်နေ ပါတယ်။
RFA


KIA, တပ်ရင်း (၁၂ ) နှင့် (၂၇) ဒေသတွင် တိုက်ပွဲ ပြင်းထန်
ကချင် ပြည်နယ် ၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA,... တပ်မဟာ (၃) လက်အောက်ခံ ၊ KIA, တပ်ရင်း (၁၂) အုပ်ချုပ် ဒေသ၊နယ် မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက် လာသော မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ - ၅၂၂) စစ်ကြောင်း၊ ခ.လ.ရ-(၆၉)၊ ခ.မ.ရ-(၃၂၃) တပ်မှ စစ်ကြောင်း နှင့် နှင့် KIA, တပ်ရင်း (၁၂) မှ KIA, မျိုးချစ်ရဲဘော်တို့ အကြား KIA, တပ်ရင်း (၁၂) နယ်မြေကောင်းဂျာရွာ အနီးတွင် (၂၀၁၃၊ စက်တင်ဘာလ၊၁၄) ရက်နေ့တစ်နေလုံးနီးပါးအပြင်းအထန်ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်းရရှိပါသည်။ မြန်မာ အစိုးရ စစ်တပ်ဘက်မှ ကောင်းဂျာ ရွာထဲ သို့ (၆၀-မမ) လက်နက်ကြီးများဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ် ကြောင်း သတင်းရရှိပါသည်။

ထို့ အပြင် စက်တင်ဘာလ (၁၃) ရက်နေ့တွင်လည်း KIA,တပ် မဟာ (၃) လက်အောက်ခံ KIA တပ်ရင်း (၂၇)အုပ်ချုပ်နယ်မြေ အတွင်းသို့ ရှမ်းပြည် ဘက်မှ ထိုးစစ်ဆင်ကျူးကျော်ဝင်ရောက် လာ သောမြန်မာအစိုးရစစ်တပ် အင်အား (၁၀၀) ကျော် နှင့် KIA, တပ်ရင်း (၂၇) တပ်ဖွဲ့ တို့ အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ကြောင်း လည်းထပ်မံ သတင်းရရှိပါသည်။

ကချင်နေ့စဉ်သတင်း


စစ်နွား

အမေမွေးကတည်းက မပါတဲ့ခြေထောက်မဟုတ်ဘူး
စစ်က တိုက်စားသွားတဲ့ခြေထောက်
တိုက်ဆိုတဲ့ မမြင်ရတဲ့အထက်အမိန့်က တိုက်စားသွားတဲ့ခြေထောက်….။

သတ်မလား၊ သေမလား မဖြစ်မနေ ရွေးနေရလို့
သတ်နေရတာ……….
ဖြစ်နိုင်ရင် ကိုယ့်သေနတ်ပြောင်းဝမှာ ဘယ်စစ်သားကမှ ယမ်းငွေ့မဝေချင်ဘူး။
စစ်ဟာသွေးချင်းတွေကို ထပ်ခြမ်းခြမ်းသွားတယ်…..။

လက်နက်ကြီး ပေါက်ကွဲသံကြား ဖွားခနဲ လွင့်ကြွေသွားတဲ့ အသက်တွေ
ခြေတွေ၊ လက်တွေ
ဘယ်သူ့မှ မော်ကွန်းမထိုးအားဘူး…………….
ကိုယ်တို့ဒုက္ခိတဖြစ်သွားတဲ့အခါ တိုင်းပြည်ပေးတဲ့ပင်စင်
တစ်နှစ်မှ 30000…..
တစ်လ 30000မဟုတ်ဘူး။ တစ်နှစ်30000
အဲ့ဒီ့ မိုင်းစဖျားမှာ အသက်ပါ ပါသွားသင့်ခဲ့တာ……..

ဝမ်းတစ်ထွာအတွက်မနေသာဘူး…..
စာအုပ်လေးကိုင် လိုက်ရောင်းသူကရောင်း
ခွက်လေးဆွဲ လိုက်တောင်းသူကတောင်း
ကိုယ့်ကိုယ်ပေါ်မှာ အပွင့်အခက်မပါတဲ့ စစ်ယူနီဖောင်းအနွမ်းအတွက်
ဂုဏ်ယူနေမိတုန်း……..။

မစွန့်ကြဲရင်နေပါ
အဲ့လို မုန်းတီးတဲ့ မျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။
တိုင်းပြည်ကိုချောက်ထဲတွန်းချခဲ့တာ ကျွန်တော်မဟုတ်ဘူး။
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခဲ့တာ ကျွန်တော်မဟုတ်ဘူး။
တိုင်းပြည်ကို အညွန့်တုန်းမယ့် ဥပဒေတွေ ပြဋ္ဌာန်းခဲ့တာ ကျွန်တော်မဟုတ်ဘူး။
ကျွန်တော်တို့လို တောထဲတောင်ထဲ မိုင်းကွင်းထဲ၊ သတ်ကွင်းထဲ တစ်ခါမှ မလျှောက်ခဲ့ဖူးတဲ့
ကျွန်တော်တို့ “အထက်”လို့ပဲသိတဲ့ လူတစ်စုပါ။

စစ်ခွေးလို့ မခေါ်ပါနဲ့ဗျာ……….
ခွေးဆိုတာ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်ပါတယ်။
ကျွန်တော်တို့က နဖားကြိုးထိုးခိုင်း…….. အလုပ်မလုပ်နိုင်တော့ရင်
သားသတ်ရုံအပို့ခံရတဲ့ နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါဗျာ………


credit to ပိုးဥ

ရန်ကုန်တွင် စင်ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်




15-09-2013

စင်ကာပူနိုင်ငံအခြေစိုက် UPP Power ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဝင်းအတွင်းတွင် အကောင်အထည် ဖော်နေသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခွင့်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စီးပွားဖြစ် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူအခြေစိုက် UPP Holdings နှင့် UPP Greentech တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသော UPP Power (Myanmar) သည် ရွာမလျှပ်စစ် ဓာတ်အားပေး စက်ရုံဝင်း အတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

UPP Holdings ကုမ္ပဏီသည် အဆိုပါ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ရွာမဓာတ်အားပေး စက်ရုံတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး စတင်လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

BOT စနစ်ဖြင့် နှစ် ၃၀ ကြာ လုပ်ကိုင်ခွင့် ရရှိထားသော အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံသစ် စီမံကိန်းကို UPP Holdings ကုမ္ပဏီနှင့် မြန်ရွှေပြည် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

The Voice

ထိုင်း ကာကွယ်ရေး ဝန်ကြီး ဌာန၊ ကြည်း၊ ရေ၊ လေ စစ်တပ်များအား ရာထူး အပြောင်းအလဲ အကြီးမားဆုံး ပြုလုပ်


Aow Kou Rot

ထိုင်းဝန်ကြီးချုပ် ယဉ်လာဒ် ရှင်နာဝါဒ် ကာကွယ်ရေး ဝန်ကြီးဌာနအဖြစ် တာဝန်ယူခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာန အပါအဝင်၊ ကြည်း၊ ရေ၊ လေ တပ်တွေ အားလုံး ရာထူး အပြောင်းအလဲ အကြီးမားဆုံး ပြုလုပ် ခဲ့ကြောင်း ကနေ့ ညနေမှာ ထိုင်း ရုပ်/သံမှာ ထုတ်လွှင့် ပြသသွားပါတယ်။

စုစုပေါင်း ကာကွယ်ရေး ဝန်ကြီး ဌာနနဲ့ ကြည်း၊ ရေ၊ လေ ရာထူး အပြောင်းအလဲပေါင်း ၄၀၀ နီးပါး ပြုလုပ် ခဲ့ပါတယ်။

ဘာကြောင့် ဒီလို အပြောင်းအလဲ ပြုသလဲ ဆိုတာ စိတ်ဝင်စား စရာ အရမ်းကောင်းသလို၊ တစ်ဖက် မှာလည်း ဝန်ကြီးချုပ် ယဉ်လာဒ် ရှင်နာဝါဒ်ဟာ ယခင် ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝါဒ် ပြည်တော် ပြန်နိုင်ဖို့ ဖွဲ့စည်းပုံ အပါအဝင် အခြား ဆက်စပ်ရာ အုပ်ချုပ်ရေး အပိုင်းတွေကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား နေတယ်လို့ ဝေဖန် မှုတွေ ရှိနေပါတယ်။

မြန်မာ အမျိုးသမီးအသင်းက ဖိလစ်ပိုင် အမျိုးသမီးအသင်းကို ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရ

မြန်မာအသင်းကို မလေးရှားအသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ မာဒေးကား ဖလားကို အနိုင်ရ ဆွတ်ခူး
DVB TV News

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ AFF Woman championship AYA bank ပြိုင်ပွဲ မြန်မာ အမျိုးသမီးအသင်းနဲ့ ဖိလစ်ပိုင် အမျိုးသမီးအသင်း စက်တင်ဘာလ ၁၄ရက်နေ့ ည၇ နာရီခွဲက ယှဉ်ပြိုင်ကစားရာ မြန်မာ အမျိုးသမီးအသင်းက ဖိလစ်ပိုင် အမျိုးသမီးအသင်းကို ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိ။

မြေနီကုန်းဈေးအရှုပ်တော်ပုံ



ရန်ကုန်မြို့တော် စည်ပင်ပိုင်အဖြစ် တည်ရှိခဲ့သည့် မြေနီကုန်းဈေးကို ၁၉၉၅ နောက်ပိုင်းမှစ၍ အဆင့်ဆင့် လက်လွှဲ ရောင်းချခဲ့ရာတွင် န၀တ အစိုးရလက်ထက် နိုင်ငံတော်အဆင့် အကြီးအကဲ တချို့ ပါဝင်နေသည့်အတွက် မူလကတိအတိုင်း ၎င်းဈေးအဆင့်မြင့် တည်ဆောက်ပေးရန် ဈေး သူဈေးသားက ဆန္ဒရှိလျက် ရှိကြသည်။

အဆိုပါ ဈေးသည် ၁၉၆၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စည်ပင်သာယာမှ ဈေးကို အဆင့်မြင့် ပြုပြင် တည်ဆောက်မည်ဟူ၍ ၁၉၉၅ ခုနှစ် မတ်လ ၂၅ ရက်မှ ခေတ္တ ဖျက်သိမ်းခဲ့ ရာ ဈေးသူဈေးသားများကို ကမာရွတ်မြို့နယ် ချင်းတွင်းလမ်း (ယခုသံလွင်ဈေး) နေရာတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့သည်။

ထိုသို့ ပြောင်းရွှေ့စဉ်က ဈေးသစ်တည်ဆောက်ရန် သုံးနှစ်ခန့် အချိန်ယူ တည်ဆောက် ရမည် ဖြစ်သဖြင့် မှတ်ပုံတင် ဆိုင်ခန်းနှင့် ပျံကျ ကတ်ရထားသူများ အနေဖြင့် ငွေပေးသွင်း စရာမလိုဘဲ ဈေးသစ် ဆောက်ပြီးပါက မြေညီထပ်တွင် ပြန်လည် နေရာချထားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့် အတွက်ဈေးသူဈေးသားများက ကျေနပ်စွာ စောင့်ဆိုင်းခဲ့သော်လည်း … ၁၇ နှစ်ကျော် ကြာမြင့်သည်အထိ ပြန်လည် တည်ဆောက်ခြင်းမရှိသည့် အတွက် နိုင်ငံတော်သမ္မတ အပါအ၀င် သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားစာ ပေးပို့ခဲ့ရာ ပြန်လည် အကြောင်းကြားမှု မရှိခဲ့ပေ။

ထို့နောက် ဈေးသူဈေးသားများနှင့် လက်ရှိမြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးကျော်မင်း၊ သင်္ဃန်းကျွန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့သည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက် တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ KParadise စားသောက်ဆိုင်တွင် အဆိုပါ မြေကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ရာ ပြေလည်မှု မရရှိ ခဲ့သည့်အတွက် ဈေးသူဈေးသားများက ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့လယ်ပိုင်း တွင် ဈေးပြန်လည် တည်ဆောက်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံခဲ့စဉ် လက်ရှိမြေပိုင်ရှင် ဦးကျော်မင်း ယူလာသည့် အထောက်အထားများ အရ ဤမြေနီကုန်းဈေး မြေနေရာသည် စည်ပင်မှတစ်ဆင့် ပြည်ခိုင်ဖြိုးပါတီ သို့ ရောင်းချခဲ့ကြောင်း၊ ၎င်းလက်ထက် ၀န်ကြီး ၁၃ ပါး လက်မှတ်ထိုးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ထူး ကုမ္ပဏီ ဦးတေဇ သို့ ရောင်းချခဲ့ပြီးနောက် ယခုမြေပိုင်ရှင် ဦးကျော်မင်း အပါအ၀င် ဦးစိန်ဌေး၊ ဦးစိုးဝင်း တို့ကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊

ထို့ကြောင့် ယခု ဈေးပြန်လည်ရရှိရန် သမ္မတထံ စာတင်၍ မရနိုင်ကြောင်း၊ ဆန္ဒပြခြင်းနှင့်လည်း မရနိုင်ကြောင်း၊ ဆန္ဒပြခဲ့ပါကလည်း နောက်တစ်ရက်တွင် ၎င်းဈေးနေရာ မီးလောင်ပါက မည်ကဲ့သို့မှ လုပ်၍ မရနိုင်ကြောင်း၊ လက်မှတ်ထိုးရာတွင် ယခင် အစိုးရ လက်ထက် အတွင်းရေးမှူး ၁ ပြုလုပ်သွားခြင်း ဖြစ်ကြောင်း၊ ယခု သမ္မတ ကိုယ်တိုင် ပါဝင်ကြောင်း စသည်ဖြင့် သွားရောက် တွေ့ဆုံခဲ့သူ ဈေးသူ ဈေးသားများကို ပြောကြားမှု ရှိခဲ့သည်။

မြေနီကုန်းဈေးဟောင်း မြေနေရာကို ဦးတေဇမှ ၂၅-၁-၂၀၀၇ ရက်စွဲဖြင့် အမည် မဖော်ပြထား သူထံမှ သိန်း (၁၈၆၄၃ .၆၈) သိန်းဖြင့် ၀ယ်ယူထားပြီး လက်ရှိ ပိုင်ဆိုင်ထားသူ ဦးကျော်မင်းတို့ သုံးဦးက အရောင်းအ၀ယ် စာချုပ် အမှတ် ၄၇၀/၀၉ (၁၆-၂-၂၀၀၉) ရက်စွဲဖြင့် ဦးတေဇထံမှ လွှဲပြောင်းကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှု ဌာန၏ အမည်ပေါက် လွှဲပြောင်းခြင်း မှတ်တမ်းတွင် ဖော်ပြ ပါရှိသည်။

န၀တ အစိုးရလက်ထက် နိုင်ငံတော် အကြီးအကဲများ ဖြစ်သည့် ဦးသန်းရွှေ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးသိန်းစိန်၊ ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးကိုလေး စသည်တို့ ပါဝင် လက်မှတ်ရေးထိုး ထားသည်။

သံတော်ဆင့်

ဘိုက်ကာ ရှစ်သိန်းကျော် လမ်းပေါ်မှာရောက် နေပါပြီ။


ဒေသဆိုင်ရာတာဝန်ရှိသူများရဲ့အတည်ပြုချက်အရ
သည်နေ့ မှာ ဘိုက်ကာ ရှစ်သိန်းကျော် လမ်းပေါ်မှာရောက်
နေပါပြီ။ လော့စ်အိမ်ဂျယ်လီစ်မှ နယူးယောခ့် ထိုမှတဆင့်
ဝါရှင်တန်ဒီစီကိုဦးတည်ချီတက်နေကြပါပြီ။ ဆိုင်ကယ်လ်
အများစုကတော့ ဟာလေးစ်ဒးဗစ်ဆန် တွေပါတဲ့။ ရောက်
ရာအရပ်ကနေ ပါဝင်ပူးပေါင်းလာမဲ့ ဘိုက်ကားတွေပါ
ပေါင်းစုပြီး အားလုံး မော်တော်ဆိုင်ကယ် (၂) သန်းထိ
ဖြစ်လာမယ်လို့ ယုံကြည်နေကြကြောင်းပါ။
ဘိုက်ကာတွေရဲ့ ပုံမှာရေးထားတဲ့အတိုင်း
မွတ်ဆလင်တသန်း ၀ါရှင်တန်ဒီစီမှာ စောင့်နေ
မလားဆိုတာကတော့ .....

Tin Soe Myat

9/11 နေ့တွင် အမေရိကန်ပြည်တွင်းနေ မူဆလင်တို့ သန်းနှင့်ချီ၍ ချီတက်ဆန္ဒပြပွဲကြီး။

ပန်းခြံစောင့်ရဲများက ပြည်တွင်းနေမူဆလင်တို့၏ အဆိုပါဆန္ဒပြပွဲတွင် စုစုပေါင်း ဆန္ဒပြပွဲတက်ရောက်သူပေါင်း ၂၅ယောက်၊ အယောက်၃၀ခန့်ရှိကြောင်း ပြောဆိုခဲ့သည်။

ပန်းခြံစောင့်ရဲ၊ သတင်းဌာနမှသတင်းထောက်များ၊ ဓာတ်ပုံဆရာများ၊ နိုင်ငံခြား ခရီးသွားများနှင့် ဘေးမှဖြတ်သွားဖြတ်လာသူအနည်းငယ်သာရှိကြောင်းဖော်ပြထားသည်။ အမှန်တကယ် တက်ရောက်လာ သူ မူဆလင်ဦးရေမှာ ၆ယောက်နှင့်၁၀ယောက်အတွင်းသာရှိကြောင်း သိရှိရသည်။
ထိုသို့ သန်းချီ၍ မူဆလင်တို့၏ချီတက်ဆန္ဒပြပွဲကို အမေရိကန်မြေပေါ်တွင် ၉/၁၁ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စီစဉ် ကျင်းပခဲ့သော်လည်း လူပေါင်းများစွာက ထိုချီတက်ဆန္ဒပြပွဲ ရက်ရွေးချယ်မှုအပေါ် ကန့်ကွက်ခဲ့ကြသဖြင့် နိုင်ငံ့မြို့တော်အ တွင်း ယနေ့ ချီတက်ဆန္ဒပြပွဲမှာ အမည်မဖော်ပြ၀ံ့သော ပြပွဲလေးသက်သက်မျှသာ ဖြစ်သွားခဲ့ရလေသည်။
အမေရိကန်ပြည်တွင်းနေ မူဆလင်များ၏ နိုင်ငံရေးနှင့်အစိုးရဆိုင်ရာကိစ္စများတွင် တက်ကြွလှုပ်ရှားဆောင်ရွက်ရေး လှုံ့ ဆော်ချက်ဖြင့် ရုန်းကန်ကြိုးစားနေသည့် အမေရိကန်မူဆလင်များနိုင်ငံရေးလှုပ်ရှားမှုကော်မတီ(AMPAC)အနေဖြင့် လွန်ခဲ့ သောလကတည်းက အမေရိကန်ဝါရှင်တန်ဒီစီမြို့တွင်းရှိ ကြီးမားသောမူဆလင်မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း၍ စက်တင် ဘာ ၁၁ရက်နေ့တွင် ချီတက်ဆန္ဒပြရန် လှုံ့ဆော်ခဲ့ကြသည်။ အမေရိကန်မူဆလင်များအနေဖြင့် သန်းနှင့်ချီ၍ ဆန္ဒပြဖော် ထုတ်ပွဲသည် ပြည်သူ့ရပိုင်ခွင့်များမှတစ်ဆင့် တရားမျှတမှု၊ လူသားမျိုးနွယ်အားလုံး တန်းတူရည်တူဖြစ်မှု စသည့်ဆောင်ပုဒ် များဖြင့် သမိုင်းဝင်အဖြစ်အပျက်တစ်ခုအဖြစ်ဖြင့် ချီတက်ဆန္ဒပြရန် ကြိုတင်ကြေငြာခဲ့ကြသည်။
“ကျွန်တော်တို့ အမေရိကန်မူဆလင်များနိုင်ငံရေးလှုပ်ရှားမှုကော်မတီ(AMPAC)အနေနဲ့ အမေရိကန်ဝါရှင်တန်ဒီစီမြို့အတွင်း မှာ သန်းနဲ့ချီပြီး ပြည်တွင်းနေအမေရိကန်မူဆလင်တို့ ချီတက်ဆန္ဒပြပွဲတစ်ခုကို ၉.၁၁.၂၀၁၃ရက်နေ့မှာ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊ အဲဒီကနေ ကျွန်တော်တို့အစိုးပိုင်းက ကာကွယ်စောင့်ရှောက်ပေးရမဲ့ ပြည်သူ့ရပိုင်ခွင့်တွေကို တောင်းဆို သွားပါ့မယ်” ဟု အဆိုပါအဖွဲ့အစည်း၏ ၀က်ဆိုက်စာမျက်နှာတွင် ကြေငြာချက်ကိုဖော်ပြထားခဲ့သည်။
ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဖြည့်စွက်ပြင်ဆင်ချက်ကို ကာကွယ်စောင့်ထိန်းရေးဥပဒေသစ်ပြဋ္ဌာန်း ပေးဖို့ တောင်းဆိုပါမယ်၊ ပြီးတော့ သမ္မတအပြောင်းအလဲရွေးကောက်ပွဲ မဲဆွယ်ခဲ့စဉ်က သူပေးထားခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ တောင်းဆိုမယ်၊ နောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ၉/၁၁စုံစမ်းရေးကော်မရှင် ရဲ့အစီရင်ခံစာကို တရားဝင်သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုပါ့မယ်” ဟုဖော်ပြထားခဲ့သည်။
အမေရိကန်မူဆလင်များနိုင်ငံရေးလှုပ်ရှားမှုကော်မတီ(AMPAC)၏ကြေငြာချက်တွင် ပြည်တွင်းနေမူဆလင်အများစုမှာ စက်တင်ဘာ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုပြီးချိန်မှစပြီး အစဉ်အမြဲ သားကောင်များ၊ လူဆိုးလူသွမ်းများအဖြစ်စွပ်စွဲ သတ်မှတ်ခဲ့ကြကြောင်း၊ တစ်ဖက်မှလည်း သတင်းမီဒီယာပေါင်းစုံနှင့် အစ္စလာမ်မစ်ဆန့်ကျင်ရေးအဖွဲ့များက အကျွန်ုပ်တို့ ၏ အစ္စလာမ်ဘာသာနှင့် မူဆလင်ဘာသာဝင်များအပေါ်တွင် မဟုတ်မမှန်သော၊ အစ္စလာမ်ဘာသာအပေါ် အသရေပျက်စေ သောပြောဆိုဖော်ပြမှုများ ကျူးလွန်ခဲ့ကြကြောင်းဖြင့် ဖော်ပြပါရှိသည်။
ထိုသို့သောလိမ်ညာဝါဒဖြန့်ပြောဆိုမှုများမှာ အကျွန်ုပ်တို့အနေဖြင့် (Dawa)ယုံကြည်မှုတည်ဆောက်ရေးအတွက် မဖြစ်နိုင် ပါကြောင်း၊ အကျွန်ုပ်တို့အနေဖြင့် တစ်ဖက်မှယုံကြည်မှုတည်ဆောက်နေစဉ်အတွင်း အကျွန်ုပ်တို့၏ဘာသာကို မည်သို့ကာ ကွယ်စောင့်ရှောက်ရမည်နည်း၊ အကျွန်ုပ်တို့၏ ပြီးပြည့်စုံကောင်းမွန်လှသော ကိုရမ်ကျမ်းစာနှင့် အကျွန်ုပ်တို့ ချစ်မြတ်နိုးအပ် သော တမန်တော်မိုဟာမက်တို့၏ နှစ်သက်ဖွယ်ရာအကြောင်းတို့ကို ဘာကြောင့် ဝေမျှမပေးနိုင်ရမည်နည်း စသည်ဖြင့် ဖော် ပြထားလေသည်။
အမေရိကန်မူဆလင်များနိုင်ငံရေးလှုပ်ရှားမှုကော်မတီ(AMPAC)က မကြာမီကဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် အမေရိကန်အစိုးရတွင်သာ တာဝန်ရှိသည်ဟု ယေဘူယျအားဖြင့်လက်ခံထားခဲ့ကြသည်။ ယခုနှစ်အစောပိုင်းက တင်ခဲ့သော အင်တာနက်စာမျက်နှာတစ်ခုတွင် အမေရိကန်ပြည်တွင်းနေမူဆလင်များ သန်းနှင့်ချီဆန္ဒဖော်ထုတ်ပွဲ၏ဦး ဆောင်မန်နေဂျာဖြစ်သူ အီဆာဟိုးခ်ျက အမေရိကန်နိုင်ငံ၏ ပင်လယ်ရပ်ခြားအကြမ်းဖက်စစ်ပွဲများအပေါ် ၀ါဒမှိုင်းဖြန့်ချိမှု၊ အလိမ်အညာသတင်းအချက်အလက်များအသုံးချ၍ မလိုအပ်သော၊ တရားမျှတမှုမရှိ ဖောက်လွဲဖောက်ပြန်စစ်ဆင်ရေးဟု အမည်တပ်ခဲ့ပြီး စစ်မက်ဖြစ်ပွားရာနယ်မြေများအတွင်း နေထိုင်သူများ ပျက်စီးဆုံးရှုံးရသလိုပင် အမေရိကန်နိုင်ငံအတွင်း ပြည်သူများ ဆင်းရဲမွဲတေမှုကို ဦးတည်စေခဲ့ကြောင်း ဖော်ပြထားခဲ့သည်။
သို့သော်လည်း ရက်သတ္တပတ်အနည်းငယ်အကြာတွင် “မူဆလင်များ သန်းချီဆန္ဒပြဆောင်ပုဒ်” အစား “သန်းနှင့်ချီသော အမေရိကန်လူမျိုးများ ကြောက်ရွံ့ခြင်းကိုဖယ်ရှားကြ” ဆိုသည့် ဆန္ဒပြပွဲဆောင်ပုဒ်ကို ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရှိရ သည်။ အမေရိကန် ဟတ်ဖ်ဖင်တန်သတင်းစာဖော်ပြချက်အရ ထိုဆန္ဒပြပွဲတွင် ပါဝင်သည့်လူဦးရေမှာ လူပေါင်းရာဂဏန်းမျှ သာရှိပြီး ထောင်ဂဏန်းပင်မပြည့်ကြောင်း၊ ထိုသို့ပါဝင်လာသူများမှာ ဘာသာရေးနှင့်သက်ဆိုင်မှုမရှိသော ၉/၁၁စစ်မှန်သော လှုပ်ရှားမှုအုပ်စုများ၊ ဗိသုကာနှင့်အင်ဂျင်နီယာပညာရှင်များ ပါဝင်ခဲ့သည်ဟုဖော်ပြထားသည်။ ထို့ပြင် ထိုအင်တာနက်ဝက် ဆိုက်မှ ဖော်ပြထားသည့် ထိုဆန္ဒဖော်ထုတ်ပွဲကို များစွာသော လာရောက်ကြည့်ရှုသူများက ဆန္ဒပြပွဲလူစုဝေးရန်အတွက် ရွေးချယ်သတ်မှတ်ခဲ့သည့် နေ့ရက်နှင့်ပတ်သက်ပြီး ဆန့်ကျင်ဖွယ်ရာ မနှစ်မြို့မှုများကိုဖော်ပြခဲ့ကြပြီး အမေရိကန်လူမျိုးတို့၏ ရရှိထားသောဒဏ်ရာအပေါ် ဆားသိပ်သလိုဖြစ်နေသည်ဟု ဖွင့်ဟဝေဖန် ပြောဆိုခဲ့ကြသည်။ လာရောက်ကြည့်ရှုသူ မူဆ လင်တစ်ဦးကလည်း ထိုအချက်ကို သဘောတူညီခဲ့သည်။
အပြစ်မဲ့သူတွေ သွေးမြေကျခဲ့ရတဲ့ ဒီလို စိတ်မကောင်းဖွယ်နေ့ရက်ကြီးမှာ ဒီလိုဆန္ဒပြပွဲကျင်းပတာ အလုပ်မဖြစ်ဘူးလို့ ကျွန်တော်မြင်ပါတယ်၊ ဒီလိုနေ့ရက်ကြီးမှာလုပ်လို့ သူတို့ဖော်ပြချက်တွေ ဆန္ဒတွေဆုံးရှုံးရရုံသာမက အမေရိကန်ပြည်သူ တွေကို ဒေါသအမျက်ထွက်စေမှာ တင်းမာမှုတွေပိုပြီး ကြီးထွားလာမှာပါဟု ထိုမူဆလင်ကပင် ဖွင့်ဟပြောဆိုသွားခဲ့သည်။
အဆိုပါလူစုထောက်ခံစုရုံးမှုမှာ ယနေ့မွန်းတည့်တွင် ကျင်းပခဲ့စဉ် တက်ရောက်လာသူများက ၁၂ဦးအောက်သာရှိသည်ကို တွေ့ရှိရသည်။ ဆန့်ကျင်ဘက်ဆိုသလိုပင် ထိုသို့ ၀ါရှင်တန်ဒီစီတွင် မူဆလင်များဆန္ဒပြစုဝေးမှုကို ဆန့်ကျင်ကန့်ကွက် သည့် မျိုးချစ်မော်တော်ဆိုင်ကယ်သမားများအုပ်စုနှင့် ခရစ်ယာန်ကျမ်းစာပညာရှင်များအုပ်စုတို့ပါဝင်သည့် မြောက်မြား လှစွာသော လူစုလူဝေးကြီးက စုဝေးရောက်ရှိလာသူများနှင့်အတူ ယေရှုဘုရားရှင်၏အမှာစကားတော်၊ ဓမ္မတရားတော်တို့ ကို ဖြန့်ဝေရန်အတွက် ၀ါရှင်တန်သို့ တခဲနက် ချီတက်ဆန္ဒပြခဲ့ကြလေသည်။

Million Muslim March: Park Police estimated the number of attendees at 25-30 people. Included in this total are: The Park Police, News Reporters, Photographers, Tourists and a few transients that were just passing thru. The number of ‘actual Muslims’ was estimated at 6-10.
A Million Muslim March that was scheduled for the anniversary of the 9/11 terrorist attack on American soil was a virtual no-show today in the nation’s capital as many opposed the selection of the date for the event.
As previously reported, the American Muslim Political Action Committee (AMPAC)—an organization that strives to “stimulate an active interest in Muslim Americans relating to political and governmental affairs”— had announced plans last month for a large Muslim rally in Washington, D.C. on September 11th. The “Million Muslim March” had been advertised as a “historic event” for “establishing the humanity and justice through civil rights.”
“We at AMPAC are planning an historic event for 9.11.13 where one million Muslims will march to Washington D.C. and demand that our civil rights be protected by our government,” an announcement on the organization’s website stated.
“We are demanding that laws be enacted protecting our 1st Amendment,” it continued. “We are asking President Obama to fulfill his promise from his first campaign for presidency of a transparent government. Lastly, we are asking for the release of the 9/11 commission report to the American
The AMPAC statement also alleged that Muslims are continually “victimized” and “made the villains” for the September 11th terrorist attacks, while “every media outlet and anti-Islamic organization has committed slanderous and libel statements against us as Muslims and our religion of Islam.”
“These lies told to the American population has made it impossible for us to do true Dawa [Islamic proselytization],” the announcement claimed. “Why do we have to defend our religion while doing Dawa? Why can’t we just share the perfection of the Quran and the beauty of our beloved Prophet Muhammad?”
AMPAC leaders generally believe that the U.S. is responsible for provoking recent terrorist attacks and ill will toward America. In a blog post earlier this year, Isa Hodge—project manager of the Million Muslim March—condemned the United States’ overseas war on terror as a “needless, unjustified and immoral” war “based on propaganda and false evidence” that has led to “the impoverishment of people throughout our nation as well as those devastated in the war zone.”
However, weeks later, the event was renamed “Million Americans Against Fear,” and according to the Huffington Post, police anticipated “somewhere in the hundreds, [but] not thousands, of participants.” The secular groups 9/11 Truth Movement and Architects and Engineers for 9/11 Truth also partnered with event organizers to join in the effort.
Additionally, numerous visitors to the event website expressed disgust at the selected date for the gathering, commenting that it was “antagonistic” and meant to “rub salt in [the] wounds” of Americans. One Muslim visitor agreed.
“I think this does a disservice to those who were the victims of innocent bloodshed by holding this on the anniversary of this tragedy,” he wrote. “Not only does your message get lost due to the date, but you antagonize people and raise tensions for no reason.”
As the rally was set to take place today at noon, less than a dozen attendees were reported to be present. Conversely, several groups opposed to the march gathered in D.C., including a large throng of patriotic bikers and a number of Christian evangelists who traveled to Washington to share the word of God and the Gospel of Jesus Christ with attendees.
The National Mall, which had been reserved for the gathering, was largely vacant throughout the day. A number of reporters and photographers were present, however, to capture the handful of event organizers assembled on the small stage set up on the lawn.
http://shariaunveiled.wordpress.com/2013/09/12/the-million-muslim-march-vs-the-two-million-biker-rollin-thunder-the-results-are-in/

နိုင်ငံတော်သမ္မတနှင့် ၈၈မျိုးဆက်တို့ တွေ့ဆုံ



15.9.2013
၈၈မျိုးဆက်တို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းကောင်း၊ လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြလုပ်ခဲ့သည်။ ယနေ့တွင်မူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏ လယ်တောအိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မင်းနှင့်မနီလာသိန်းတို့ရောက်ရှိလာခဲ့ကြသည်။ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင်ရောက်နှင့်နေကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိမ်း၊ဦးအောင်မင်း၊ဦးတင်နိုင်သိန်း၊ဦးအုန်းမြင့်နှင့်ဦးခင်ရီတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရောက်ရှိလာသောအခါတွင် တစ်ဦးချင်းကို ရင်းနှီးဖော်ရွေစွာ လိုက်လံနှုတ်ဆက်သည်။ ဆွေးနွေးပွဲစတင်သောအခါတွင် ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်က အရင်နားထောင်ချင်ပါတယ်ဟုဆိုသဖြင့် မင်းကိုနိုင်မှစ၍ ၈၈မျိုးဆက်တို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးကလည်း အစိုးရအဖွဲ့အနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နီုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကိုပါ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့ အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် - အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး။ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး။ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ အစရှိသည်များကို ပူးပေါင်းဖြေရှင်းသွားရေး။ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးဖြင့် ရင်ဆိုင်ဖြေရှင်းရေး။ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေဖို့ ဝိုင်းဝန်းကြိုးပမ်းရေး …. စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ နေ့လည် ၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည် ညနေ ၄း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

 8888 စာမျက်နှာမှ