Monday, September 16, 2013

ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင် ရသော်လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ၏ အာဏာကို ဆက်ခံမည် မဟုတ်ဟုဆို

r

 by FREEDOM NEWS GROUP

ဟိန်းခိုင်ထွန်း |
မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ်အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးက ပြင်သစ်နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်

ဗိုလ်ချုပ်မှူးကြီး ဘ၀ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုးထုတ် သွားမည့် မြန်မာ စစ် ခေါင်းဆောင်၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာ လွှဲပေးရန် အကြောင်းဖန် ပါလာ ပါကလည်း သူ့အနေဖြင့် လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်းက သူငယ်ချင်း ဖြစ်သူများအား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့သည်။


ရန်ကုန် မော်တော်ကား ပြပွဲ တစ်ခုတွင် ဖိုးလပြည့်အား တွေ့ ရစဉ်

အသက် ၇၈ နှစ် အရွယ်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသက် ၂၀ အရွယ် အရွယ် မြေးအား အာဏာလွှဲပေး နိုင်သည်ဟု သတင်းများ ထွက်ပေါ် နေချိန်တွင် ဖိုးလပြည့် က ထိုကဲ့သို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီဟု သတင်း ထွက်ပေါ် နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြ မောင်းနှင် ပြသသည့် ပွဲတွင် သူ့အား ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိပြီး သူ၏ သူငယ်ချင်း အချို့ကိုလည်း အလှည့်ကျစီ နောက်ခုံတွင် လိုက်ပါ စီးနင်း စေသည်ဟု သိရသည်။


အဘွားဖြစ်သူနှင့် အတူ
အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ၏ မွေးနေ့ လက်ဆောင် ဖြစ်သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲတွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊ မော်တော်ဘုတ် မောင်းနှင်ခြင်းနှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်း တို့ကိုသာ စိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုင်ပွဲများကို ၀င်ခြင်သည်ဟု သိရသည်။

ဖိုးလပြည့်သည် ရဟတ်ယာဉ်ကို အတော်အသင့် မောင်းနှင်တတ်နေပြီး ယခု မွေးနေ့ လက်ဆောက် ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင်ခြင်သောလည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။

၎င်းသည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မောဟုလည်း ထိုနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင် ၀ယ်ပေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူ အများစုမှာ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

ဝါရှင်တန်အမေရိကန်ရေတပ်ရုံးချူပ်မှာ၁၃ယောက်သေဆုံး



အိမ်ဖြူတော်နဲ့မနီးဝေးမှာရှိတဲ့ရေတပ်ရုံး Naval Sea Systems Command headquarters
ရဲ့ခြံဝန်းထဲမှာဒီနေ့တနင်္လာနေ့မနက်မှာပစ်ခတ်မှုဖြစ်ခဲ့တယ်။အမှုထမ်း၃၀၀၀လောက်ရှိပြီး
ပထမထပ်ကော်ဖီဆိုင်ခန်းထဲမှာလို့ဆိုပါတယ်။အခုအချိန်အထိ၁၃ယောက်သေဆုံးပြီးဖြစ်ပါတယ်။
၆ပေ၁လက်မမြင့်တဲ့Aaron Alexis, 34(သေဆုံး)ကအခြားရေတပ်ဝန်ထမ်းလို့
ယူဆရသူတွေကိုပစ်ခဲ့တာပါ။
သူဟာ၂၀၀၇ကနေ၂၀၁၁အထိလျှပ်စစ်ပညာရှင်အဖြစ်ရေတပ်မှာအမှုထမ်းခဲ့ဖူး
သူပါ။မိဘတွေကနယူးယောက်မှာနေတယ်ဆိုပါတယ်။
AR-15 assault rifleအပါအ၀င်အတို၂လက်ပါသူ့ကိုယ်ပေါ်ကတွေ့ပါတယ်၊
လုံခြုံရေးကင်မရာအရဒီသေနတ်တချို့ကိုအထဲရောက်အောင်သယ်လာပေးတဲ့
အဖြူတယောက်နဲ့အမဲတယောက်ကိုရှာဖွေဆဲဖြစ်ပါတယ်။
ဘာကြောင့်ပစ်ရတယ်ဆိုတာတော့မသိရသေးပါဖူး။

ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်



16.09.2013
Yangon Media Group

အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့်စပ်လျဉ်းသည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား ရုံး တွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေးတိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီး ဦးကြည်သိန်းက ''ဒီစက်တင်ဘာ၁၂ရက် ရုံးချိန်းက ပဏာမငြင်းချက်ကို နှစ်ဖက်လျှောက် လဲချက်ကြားနာတဲ့ရုံးချိန်းပါ။ အဲ ဒီအပေါ်မှာ တရားဥပဒေနဲ့အညီ ၂၆ရက် အမိန့်ချမယ်။ တရားရုံး အနေနဲ့ ဆုံးဖြတ် ချက် ပေးရမှာပါ။ ဒီအမှုကိုဆက်စစ်ဖို့ သင့် မသင့် အမိန့်ချမှာပါ။ တရားရုံးအနေနဲ့ ဘယ်လိုအမှုမျိုးပဲ ဖြစ်နေပါစေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရင် အမှုတွေကို လက် ခံစစ်ဆေးပေးပါတယ်။ open court ပါ။ မည်သူ မဆို လာ ရောက်နားထောင်လို့ရပါတယ်'' ဟု ပြောသည်။

အဆိုပါအမှု အတောအ တွင်း တရားရုံး စစ်ဆေးဆဲဖြစ် သည့် အချင်းဖြစ်ပစ္စည်းကို တရား မဝင်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုး ထက်များစွာ လျော့နည်းဖော်ပြ ခြင်း၊ မမှန်မကန် စာချုပ်ချုပ်ဆို ခြင်းတို့ကြောင့် တရားလိုအမှုသည် များ ရသင့်ရ ထိုက်ခွင့်ရှိ သော အ ကျိုးစီးပွားများ နစ်နာဆုံးရှုံးသည့် အတွက် စာချုပ်စာတမ်း ချုပ်ဆို ထားခြင်းမှ တရားမဝင်ကြောင်း ပယ်ဖျက်ပေးစေလိုမှုနှင့် အကျိုး စီးပွားကြားကာလ အမြတ်အစွန်း ရလိုမှု စွဲဆိုထားခြင်းကို မန္တလေး တိုင်းဒေသကြီး တရားရုံး မှ ဥပ ဒေနှင့်အညီ အမိန့်ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါအမှုတရား လို ဦးစိုးဝင်းမိုးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက် ၍တရားပြိုင်ဦးတင့်ဆန်း၏ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်မြင့် က ''ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူသွားမှာ ပါ။ ဘာမှပြောစရာမရှိပါဘူး'' ဟု မန္တလေးတိုင်း ဒေ သကြီး တရားရုံး တွင် စက်တင်ဘာ ၁၂ ရက် အဆို ပါ အမှုရုံးချိန်းတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ကျော်မြတ်ဇံ

ယာယီနိုင်ငံသားလက်မှတ် အဖြူရောင်ကတ် ကိုင်ဆောင်သူများကိစ္စ အာဏာပိုင်အဖွဲ့အစည်းများ အပြန်အလှန်တာဝန်လွှဲချနေ




နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၀ မိနစ်


မြန်မာနိုင်ငံသားအဖြစ် အတိအကျ မသတ်မှတ်နိုင်သေးသဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးထားသည့် ယာယီနိုင်ငံသားလက်မှတ် အဖြူရောင်ကတ် ကိုင်ဆောင်သူများသည်လာမည့် ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိ/ မရှိနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက တိကျစွာ အဖြေမပေးနိုင်ဘဲ အပြန်အလှန် လွှဲချနေကြသည်။

ထိုအရေးကိစ်္စနှင့်ပတ်သက်၍ သက်ဆိုင်မှုအရှိဆုံး အဖွဲ့အစည်းများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနှင့်
ရွေးကောက်ပွဲကော်မရှင်တို့သည် တာဝန်မရှိကြောင်း အသီးသီးငြင်းဆန်လျှက်ရှိပြီး အပြန်အလှန် လွှဲချနေကြခြင်း
ဖြစ်သည်။

ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မဲပေးခွင့်/မပေးခွင့်နှင့်ပတ်သတ်၍ လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အားဌာန ၀န်ကြီးဦးခင်ရီက “လ၀ကကတော့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ပဲဆိုင်တယ်။ မဲပေးဖို့သတ်မှတ်ချက်ကတော့ လ၀ကရဲ့ ပင်မလုပ်ငန်းတော့ မဟုတ်ဘူးလေ။ ဘယ်သူ့ကိုမဲ ပေးစေ၊ မပေးစေ ဆိုတာကတော့ ကျွန်တော်တို့ဌာနရဲ့ ပင်မလုပ်ငန်းမဟုတ်ပါဘူး” ဟူ၍ မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဝန်ကြီးဦးခင်ရီသည် စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦး၌ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်စဉ် မဇ္ဈိမ၏မေးမြန်းမှုကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူပင် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကလည်း ၀န်ကြီးဦးခင်ရီ ထိုသို့မပြောမီ တစ်ရက် စက်တင်ဘာ ၁၄ ရက်၌ အင်းယားကန်ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုအရေးကိစ္စကို
မေးမြန်းကြရာ ရွေးကောက်ပွဲကော်မရှင်တွင် ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့သည်။

“လ၀ကကို မေးဖို့လိုမယ်၊ ပါတီဝင်ပဲ ဖြစ်ဖြစ်၊ နိုင်ငံသားပဲဖြစ်ဖြစ် လ၀ကက အတည် ပြုတယ်၊ သူကအတည်ပြုလို့ မဲပေးပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ပေးရင် ကျွန်တော်တို့ကပေးရတာပဲ။ ဘယ်ကိုအတည်ပြုရလဲဆိုတော့ လ၀ကကို အတည်ပြုရတာ၊ လ၀ကက နိုင်ငံသားဖြစ်တယ်၊ မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင် လုပ်ပေးရတာပဲ” ဟုဆိုသည်။

ထိုသို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကပြောကြားခဲ့ကြောင်းလည်း ၀န်ကြီးဦးခင်ရွှေကို မဇ္ဈိမကပြောကြား မေးမြန်း
ပြန်ရာ “မည်သည့်နိုင်ငံသားဖြစ်သည်ကို မသေချာတဲ့သူတွေကို White Card (ယာယီနိုင်ငံသားကတ်) ပေးတယ်။
မြန်မာလား၊ ဘာလူမျိုးလဲမသေချာရင်တော့ ကျွန်တော်တို့ဌာနက White Card ပေးတယ်၊ White Card သည်မဲပေးခွင့် ရှိခြင်း၊ မရှိခြင်းကရွေးကောက် ပွဲကော်မရှင်ကသာလျှင် ဆုံးဖြတ်ရမယ်၊ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်တယ်ဆိုတာ နိုင်ငံသားအဖြစ်သတ်မှတ်ခြင်း မသတ် မှတ်ခြင်းကိုပဲပြောတာ ဖြစ်ပါလိမ့်မယ်၊ အဲဒီလိုပဲ ထင်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။

ယာယီနိုင်ငံသားကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိ/ မရှိနှင့် ဆက်စပ်၍ ဥပဒေတစ်ရပ် ပြုလုပ်ရန်
ခြောက်ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသား အထက်လွှတ်တော်အမတ် ဒေါက်တာ
အေးမောင်က အဆိုတင်သွင်းရာ လက်ခံဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။ ထိုကိစ္စကိုခု နစ်ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဟု ရသေ့တောင်အမတ် ဒေါ်ခင်စောဝေကပြောသည်။

“ဒီလိုဥပဒေမျိုးက ပေါ်ပေါက်လာဖို့လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် မဲပေးဖို့ဆိုပြီး White Card တွေ လုပ်ပေး ထားတာတွေအများကြီးပဲ ထုတ်ပေးထားတာ၊ အဲ့တာတွေက တကယ်ဆိုရင် မလုပ်သင့်ဘူး၊ နိုင်ငံတကာ မှာလည်း ဒီလိုမရှိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသားမဟုတ်သူများကို ယာယီနိုင်ငံသားကတ်များ ထုတ်ပေးပြီး စစ်အစိုးရက မဲပေးခွင့်ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ အမှားအယွင်းများရှိခဲ့
ကြောင်း စက်တင်ဘာ ၁၄ ရက်က သတင်းထောက်များကို ၀န်ခံပြောဆိုခဲ့သည်။

သူကလာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ထိုသို့အမှားအယွင်းများမရှိရန် အာမခံကြောင်းလည်း ထိုနေ့က ကတိက၀တ်ပြုခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/14095-2013-09-16-03-25-09.html



RFA Burmese

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်

မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။
“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”
နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစားထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်

မန္တလေးတိုင်းအတွင်း ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ကြုံတွေ့



ဧရာဝတီမြစ်ရေနဲ့ ဒုဌ၀တီမြစ်ရေ တက်လာလို့ မန္တလေးတိုင်းအတွင်း ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ကြုံတွေ့နေရပါတယ်။။
 ဒေါ်ခင်ရူပါ တင်ဆက်။
 ရိုက်ကူး ဒီဗွီဘီသတင်းထောက်များ

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်


Eleven Media Group

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်


တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။

ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။

ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။

"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group

စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် #11editorial

၂၀၁၅ အတွက် သမိုင်းတရားခံများ မဖြစ်ရလေအောင်

၂၀၁၅ ခုနှစ်တွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများ အနေဖြင့် မဲပေးခွင့် ပြုမပြုသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန သတ်မှတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရသူများသာဖြစ်ပြီး မဲပေးခွင့်ရှိသူ သတ်မှတ်ရန်အတွက် ဥပဒေပြုသော လွှတ်တော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဥပဒေများ၊ စိစစ်မှုများအရသာ ဆောင်ရွက်ရသူများ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကမူ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိမရှိ ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်တွင်သာ မူတည်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြောကြားခဲ့ဖူးပါသည်။

နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခြင်း၊ ပါတီထောင်ခြင်းများ အားလုံးကို ပိတ်ပင်ရန် အားထုတ်ကြရမည် ဖြစ်သည်။ ပိတ်ပင်နိုင်ခဲ့ခြင်း မရှိပါက မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဟုပင် ခေါ်ဆိုနိုင်တော့မည် မဟုတ်ပါ။ ယခုအချိန်တွင်ပင် စိစစ်မှု အားနည်းခဲ့မှုကြောင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသည့် ခိုးဝင်လာသူများမှာ ပင်ရင်းတိုင်းရင်းသားများထက်ပင် ပမာဏ များနေသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ ရွေးကောက်ပွဲ ဥပဒေ၏ အားနည်းချက်ကြောင့်လည်း ယာယီသက်သေခံ လက်မှတ်နှင့် လွှတ်တော်အမတ် ဖြစ်နေသူများပင် ရှိနေပြီ ဖြစ်ပါသည်။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်၊ ပါတီထောင်ခွင့် ပြုခဲ့သည့်အတွက် နိုင်ငံအကျိုး ယုတ်စေရသည့် ပြဿနာများစွာလည်း ဖြစ်ပွားခဲ့ရပြီ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ သာဓက မယူနိုင်ဘူးဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ယခုလို ပြဿနာများ ထပ်မံဖြစ်ပွား နေရဦးမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးသည်ဆိုသော နိုင်ငံကြီးများတွင်ပင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဆိုထားနှင့် အမြဲတမ်းနေထိုင်ခွင့် ရရှိသူ ဧည့်နိုင်ငံသားများကိုသော်မှ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မပေးပါ။ ပါတီထောင်နိုင်ခွင့်ဆိုလျှင် ပို၍ဝေးပါသည်။ ထို့အတွက် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးနေစေသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်၊ ပါတီထောင်နိုင်ခွင့် ဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုထားသည့် ဥပဒေမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲခဲ့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအရ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံနှင့် တိုင်းရင်းသား အကျိုးစီးပွား ပျက်စီးစေနိုင်မည့် အန္တရာယ်ကို ကာကွယ်ရန်မှာ ထိုဥပဒေကို ပြင်ဆင်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့် လွှတ်တော်၏တာဝန် ဖြစ်ပါသည်။ လွှတ်တော်ထံတွင် အဓိက တာဝန်ရှိသည် ဆိုသော်လည်း ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယခုလို မိမိတွင် လုံးဝတာဝန် မရှိသကဲ့သို့ ပြောဆိုရန် မသင့်ပါ။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း ကိစ္စရပ်များတွင် အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်သည်လည်း မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်နိုင်ရေး အားထုတ်ကြိုးပမ်း နိုင်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်နိုင်ရေး လွှတ်တော်တွင် တင်သွင်းအဆိုပြုမှုများ ပြုလုပ်ပေးပြီး လွှတ်တော်အနေဖြင့်လည်း နိုင်ငံနှင့်နိုင်ငံသားတို့၏ အကျိုးအတွက် လက်ခံပြင်ဆင်ပေးကာ ၂၀၁၅ ရွေးကောက်ပွဲတွင် သမိုင်းတရားခံများအဖြစ် နာမည်မကျန်ရစ်စေရန် အားထုတ်ကြိုးပမ်းသင့်ကြကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိ



Eleven Media Group

နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိသေး၊ ရွှေသံလွင်၊ ဒဂုံအင်တာနေရှင်နယ်၊ တော်ဝင်၊ Naing Group၊ Father Land၊ Mother Land၊ Shine ကဲ့သို့သော ကုမ္ပဏီများ အခွန်ထမ်း ၅၀၀ ဦး စာရင်း၌ပင် မပါဝင်

၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၅၀၀ ဦးနှင့် ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ၅၀၀ ဦး စာရင်းများကို ထုတ်ပြန်ရာ၌ နာမည်ကျော် ကုမ္ပဏီများ ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Sky Net ရုပ်သံလိုင်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်စင်တာ အပါအ၀င် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်နေသည့် Taw Win Family၊ သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းကြီးများ လုပ်ကိုင်နေသော Dagon International၊ ရန်ကုန်မြို့၏ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများစွာကို တည်ဆောက်ရောင်းချခြင်းအပြင် ကျပ်သိန်းပေါင်း သောင်းသိန်းချီတန်သော မြေကွက်များကိုပင် အရောင်းအ၀ယ် ပြုလုပ်နေသော Father Land၊ Mother Land၊ Shine Construction၊ Naing Group အမည်ရှိသော ကုမ္ပဏီများမှာ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်းအပြင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန် ထိပ်ဆုံးပေးဆောင်သူ ၅၀၀ ဦး စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

အဆိုပါ ကုမ္ပဏီများအပြင် အခြားပေးဆောင်သင့် ပေးဆောင်ထိုက်သော နာမည်ကျော် ကုမ္ပဏီများလည်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး၊ ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် မပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ ငွေကျပ်သိန်းပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီများ၊ အမြတ်အစွန်းရှိသော သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းများ၊ ယနေ့ခေတ် ရန်ကုန်မြို့မြေဈေး ခေါင်ခိုက်ချိန်တွင် မြေကွက်၊ လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒိုများစွာ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကုမ္ပဏီများမှာ ထိပ်တန်းအခွန် ပေးဆောင်သည့် ၁၀၀ ဦးစာရင်းအပြင် ၅၀၀ ဦး စာရင်း၌ပါ ပါဝင်လာခြင်း မရှိသည်မှာ အမှန်တကယ် အခွန်ပေးဆောင်နိုင်စွမ်း မရှိခြင်းကြောင့်လား၊ သို့တည်းမဟုတ် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည့် ခုနှိမ်ခွင့်၊ အရှုံးပြခွင့် စသည့်အခွင့်အရေးများအရ အခွန်ပေးဆောင်ရမှု မရှိခြင်းလား၊ သို့တည်းမဟုတ် ကင်းလွတ်ခွင့် ရထားခြင်းများကြောင့်လား၊ သို့တည်းမဟုတ် မျက်ကွယ်ပြုထားခြင်းလားဟု ထိပ်ဆုံးအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင်အချို့က မေးခွန်းထုတ်ခဲ့ ကြပါသည်။

လက်ရှိ အခွန်ဥပဒေအရ ခုနှိမ်ခွင့်၊ လုပ်ငန်းအရှုံးပြခွင့်များ ရှိနေရာ လုပ်ငန်းရှင် အချို့မှာ နှစ်စဉ်လုပ်ငန်းအရှုံးပြကာ အခွန်ရှောင်တိမ်း၍ရခြင်း၊ အချို့မှာ ၀င်ငွေခွန် ကြေညာလွှာပင် မတင်ခြင်းများ ရှိခဲ့သည်အထိ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းမှာ အစိုးရသစ် လက်ထက်တိုင် ရှိနေဆဲဖြစ်သည်။

အခွန်ထမ်း ၅၀၀ ဦး စာရင်းတွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးက "မြန်မာ့စီးပွားရေးဦးပိုင်၊ နောက်ခရိုနီကုမ္ပဏီ တချို့တောင် အခွန်ကို သင့်တင့်သလောက် ပေးလာတဲ့အချိန်မှာ အခုအထိ အခွန်ကင်းလွတ်ခွင့် ရထားသယောင်ယောင်၊ လုပ်ငန်းရှုံးသလိုလိုနဲ့ အခွန်မပေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီတွေ ကျန်နေတယ်။ အခွန်ဥပဒေကလည်း တကယ်ရှုံးလို့ အရှုံးပြတာတော့ထား၊ မရှုံးလည်း အရှုံးပြလို့ ရနေတယ်။ လက်ဖက်ရည်ဆိုင် သေးသေးလေးကအစ လမ်းဘေးဈေးသည်အဆုံး အခွန်ပေးနေရတဲ့ အချိန်မှာ ကျပ်သန်းပေါင်းများစွာနဲ့ လုပ်ငန်းကြီးတွေ လုပ်နေတဲ့ သူတွေက ရှုံးတာတို့ ကင်းလွတ်ခွင့် ရတာတို့ ဆိုရင်တော့ မတရားတဲ့ စနစ်ပဲ။ အရှုံးပြတာပဲ ဖြစ်ဖြစ်၊ ကြေညာလွှာ မတင်တာဘဲ ဖြစ်ဖြစ် အဲဒီလိုကုမ္ပဏီကို သေချာစစ်သင့်တယ်။ နှစ်တိုင်း အခွန်မှန်မှန်ပေးတဲ့ သူတွေကပေး။ အဲဒီလူတွေ အပေါ်မှာပဲ တိုးကောက်တဲ့ ပုံစံမျိုး၊ တစ်ဖက်မှာကျတော့ မျက်ကွယ်များ ပြုထားသလား အောက်မေ့ရတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အများစုက မနှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀ မှာလဲ မပါဘူး။ ဒီတော့ တကယ်မဆောင်နိုင်တာလား၊ တကယ်ရှုံးတာလား၊ ကင်းလွတ်ခွင့် ရထားတာလား သေချာပြန်စစ်သင့်တယ်" ဟု ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းမှာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ၃၇၀၀၀ ကျော် ရှိသော်လည်း အမှန်တကယ် အမြတ်ပြ အခွန်ဆောင်သည့် ကုမ္ပဏီမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ်သည် ကျပ်ဘီလျံ ၁၅၀၀ ၀န်းကျင်သာ ရရှိခဲ့သည်။ ဒုတိယနှစ် လက်ထက်တွင်မူ ကျပ်ဘီလျံ ၂၅၀၀ အထိ တိုး၍ရရှိခဲ့ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများကို စိစစ်ခြင်း၊ အခွန်စနစ် ပြင်ဆင်ခြင်းများ ပြုလုပ်ပါက အခွန်ငွေမှာ ယခုထက် အနည်းဆုံး ငါးဆနှင့်အထက် ပိုမိုရရှိမည် ဖြစ်သည်ဟုလည်း ခန့်မှန်းတွက်ချက် ထားကြသည်။

ထိပ်ဆုံးအခွန်ထမ်း ၃၀၀ ဦး စာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် တစ်ဦးက "အခု တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာ၊ ရန်ကုန်မြို့ လမ်းတစ်လျှောက် ကြော်ငြာတွေမှာ အဲဒီကုမ္ပဏီတွေချည်းပဲ။ ဒီလောက်လုပ်ငန်း လုပ်ပြီးမှတော့ အခွန်မဆောင်နိုင်တာတော့ မဟုတ်ဘူး။ ဥပဒေအရ ရှောင်လို့ရနေတာနဲ့ သေချာမစစ်ဘဲ မျက်ကွယ်ပြုထားသလို ဖြစ်နေတာ နှစ်မျိုးပဲ ဖြစ်လိမ့်မယ်။ မြေနီကုန်းက မခင်အေး စတိုးဆိုင်တောင် နံပါတ် ၃၀၀ ကျော်လောက်မှာ ပါလာတယ်။ ဒီကုမ္ပဏီ နာမည်တွေ မတွေ့ဘူး။ အမှန်ဆောင်တဲ့သူနဲ့ သူတို့နဲ့ ယှဉ်လိုက်ရင် အမှန်ဆောင်တဲ့သူတွေ ဘယ်လောက်နာသွားလဲ။ ဆင်းရဲချမ်းသာရော ဘယ်လောက်ကွာသွားမလဲ။ အခွန်ဥပဒေမှာ ကာလစည်းကမ်းသတ်ဆိုတာ ရှိတယ်။ သုံးနှစ်ကျော်သွားရင် အခွန်ပြန်စည်းကြပ်လို့ မရဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း အခွန်ရှောင်ချင်လို့ မဟုတ်ဘဲ အခက်အခဲကြောင့်ဆိုရင် အဲဒီဥပဒေအရ အကျုံးဝင်တယ်။ ဒါပေမဲ့ တမင်အခွန်ရှောင်ဖို့ လုပ်ခဲ့တာလို့ အခွန်ကောက်တဲ့သူက ယူဆရင်တော့ နှစ်ဘယ်လောက်ကြာကြာ အခွန်ပြန်ကောက်လို့ ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ PMG နဲ့ အခြား အရက်ကုမ္ပဏီကြီး တစ်ခုကို အဲဒီလို ပြန်ကောက်တာလေ။ အကုန်ပြန်ဆောင်ခိုင်းတာ။ အခုလည်း ဒီလောက်အရှုံးပြတဲ့ သူတွေကို ဘုတ်အဖွဲ့အနေနဲ့ ပြန်စစ်ပြီး မမှန်ရင် အကုန်ပြန်ဆောင် ခိုင်းသင့်တယ်။ အမှန်အတိုင်း ပေးဆောင်နေတဲ့သူတွေ အရမ်းနစ်လာသလို နိုင်ငံတော်လည်း အခွန်မရလို့ နာတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း အခွန်တိမ်းရှောင်မှုများ၊ ဥပဒေအရဟု ဆိုသော်လည်း နှစ်စဉ်အရှုံးပြနေသည့် ကုမ္ပဏီကြီးများအား ထိရောက်စွာ စိစစ်ကြပ်မတ်မှုထက် အခွန်ပေးဆောင်မှုများ အပေါ်တွင် ပိုမိုရရှိ စေရန်ကိုသာ လုပ်ဆောင်ထားနိုင်သေးသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခွန်ကိစ္စရပ်၊ အခွန်ဥပဒေ၊ အခွန်ကောက်ခံမှုများမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုတွက်လဲ၊ ဘယ်လိုချက်လဲဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင် ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ်သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီးရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ။ ၃၀ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်းအပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်" ဟု ပြောကြားထားခဲ့ပြီးလည်း ဖြစ်သည်။

အခွန်ရှောင်တိမ်းနေသူများ၊ လာဘ်လာဘများဖြင့် ကြွယ်ဝနေသူများ၊ ငွေမည်းငွေဖြူ လုပ်နေသူများအား စိစစ်ကြပ်မတ်ခြင်း မရှိသေးဘဲ ပုံမှန်အခွန် ထမ်းဆောင်နေသူ၊ အခွန်စာရင်း ပေါက်ပြီးသား လူလတ်တန်းစား ကုမ္ပဏီများထံမှသာ အခွန်ပိုမို ရရှိရေးကို စိစစ်ကောက်ခံ နေသည့်အတွက် ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ပိုမိုကြီးထွားလာခြင်း၊ အခွန်ကင်းလွတ်ခွင့် သက်သာခွင့် လျှောက်ထားမှုများအပေါ် အများပြည်သူမှ နားမလည်ခြင်း၊ နားလည်ရန် ခက်ခဲခြင်းများကြောင့်လည်း စိစစ်ခြင်းအပြင် အခွန်ဥပဒေကိုပင် ပြင်ဆင်သင့်ပြီ ဖြစ်သည်။

ဒီမိုကရေစီ အစိုးရဖြစ်သည့်အတွက် အခွန်ကို အားထားရချိန်၊ ၀န်ထမ်း၊ လမ်းဘေးဈေးသည်မှအစ အခွန်အရပ်ရပ်အား ပေးဆောင်နေချိန်၊ လူလတ်တန်းစား ကုမ္ပဏီများမှ ရှုံးသည်ဖြစ်စေ မြတ်သည်ဖြစ်စေ ပေးဆောင်ရန် သတ်မှတ်သည့် အခွန်ကို မညည်းမညူ ပေးဆောင်နေချိန်၊ အခွန်ရှောင်မှုများအား ထိရောက်စွာ စိစစ်နိုင်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိ ပြီးချိန်တွင် ယခုကဲ့သို့ အခွန်ဆောင်စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီကြီးများအား အမှန်တကယ် ပေးဆောင်နိုင်ခြင်း မရှိ၍လား၊ ရှောင်တိမ်းနေခြင်းလား ဆိုသည်ကို ထိရောက်စွာ စိစစ်သင့်ပြီ ဖြစ်သည်။

အင်ဒိုနီးရှားကို အနိုင်ယူပြီး မြန်မာ အမျိုးသမီး အသင်း အာဆီယံ ချန်ပီယံရှစ် ဆီမီးဖိုင်နယ် တက်ရောက်




 Monday, 16 September 2013 19:21
    Written by Okocha
    http://themff.org/
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၃ အာဆီယံ ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲ တတိယနေ့ ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသမီး အသင်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။

မြန်မာ အမျိုးသမီး အသင်းနှင့် အင်ဒိုနီးရှား အမျိုးသမီး အသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၃း၃၀ နာရီက သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာ အသင်းက ပထမပိုင်းတွင် ၃ ဂိုးနှင့် ဒုတိယပိုင်းတွင် ၁ ဂိုး သွင်းယူခဲ့သည်။ မြန်မာ အမျိုးသမီး အသင်းနည်းပြ ကုမာဒါ အနေဖြင့် အရန် ကစားသမား အများစုကို ယနေ့ပွဲတွင် အသုံးပြု သွားခဲ့ပြီး ဂိုးအရေအတွက် ပိုမို ရရှိရန် ကြိုးပမ်း ခဲ့သော်လည်း အင်ဒိုနီးရှား အသင်း၏ မိနစ် ၉၀ အပြည့် ပိတ်ဆို့ ကစားမှုကြောင့် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

မြန်မာ အသင်းအတွက် ပွဲချိန် ၁၆ မိနစ်တွင် ဗဟို နောက်ခံလူ ခင်သန်းဝေက ကွင်းလယ်မှ အပြင်းကန်သွင်း ခဲ့ပြီး အဖွင့်ဂိုး ရယူပေး ခဲ့သည်။ ယင်းနောက် ပွဲချိန် ၂၀ မိနစ်တွင် စန်းစန်းမော်က ညာတောင်ပံမှ ဆွဲဝင် ကန်သွင်းပြီး ဒုတိယဂိုး ရရှိစေခဲ့သည်။ ၂၂ မိနစ်တွင် တိုက်စစ်မှူး မာဂရက် မေရီ နှင့် ဒုတိယပိုင်း ၇၂ မိနစ်တွင် လူစားဝင် ကစားသမား ရီရီဦး တို့က ထပ်မံ ဂိုးသွင်း ယူပေးခဲ့သဖြင့် မြန်မာ အသင်း (၄-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

" ကစားသမား တွေက ဂိုးရလိုစိတ် များနေတယ်။ ဂျပန်က ၈ ဂိုးသွင်းထားတဲ့ အတွက် မြန်မာ အသင်းက ဒီထက် ပိုဂိုးသွင်း နိုင်ရမယ်ဆိုတဲ့ စိတ်က ကစားသမား တွေမှာ ဖိအားတစ်ခု ဖြစ်သွားပါ လိမ့်မယ်။ အရင် ပွဲတွေမှာ မကစားခဲ့ ရတဲ့ ကစားသမား တွေကို အခွင့်အရေး ပေးတဲ့ အနေနဲ့ ဒီနေ့ပွဲကို ပွဲထွက် ကစားခွင့် ပေးခဲ့ပါတယ်။ ဂျပန်နဲ့ ပွဲမှာတော့ ကစားသမား အစုံနဲ့ ရလဒ်ကောင်း ရရှိဖို့ ကြိုးစား သွားမှာပါ" ဟု မြန်မာ အသင်းနည်းပြ ကုမာဒါက ပြောကြားခဲ့သည်။

မြန်မာ အမျိုးသမီး အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု(ခ) ပွဲစဉ်များ ၃ ပွဲကစားပြီး ဖြစ်ရာ လာအို အသင်းအား (၅-၀)ဂိုး၊ ဖိလစ်ပိုင် အသင်းအား (၅-၁)ဂိုးနှင့် အင်ဒိုနီးရှား အသင်းကို (၄-၀)ဂိုး အနိုင်ရရှိ ခဲ့ပြီး ရမှတ် (၉)မှတ်ဖြင့် ဆီမီးဖိုင်နယ် သို့တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။ အုပ်စု (ခ)တွင် မြန်မာ အသင်းသည် အဓိက ပြိုင်ဘက် ဖြစ်သည့် ဂျပန် အသင်းနှင့် အုပ်စု ပထမ နေရာအတွက် စက်တင်ဘာ ၁၈ ရက်နေ့၊ ညနေ(၄း၀၀)နာရီ အချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

အကျဉ်းဦးစီးအမျိုးသမီးဆောင်အပျို ခြေထောက်ကို တက်ရောက်ကိုင်တွယ်သောလူစွန့်စား



အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသားတစ်ဦး ဝင်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရွာမအရှေ့ရပ်ကွက်၊ အေးသိဒ္ဓိ (၂) လမ်းတွင်နေသူ အသက် ၂၃ နှစ်အရွယ်ရှိ ကိုမျိုးသူ ဆိုသူသည် စက်တင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အင်ကြင်းလိုင်း အမျိုးသမီး အပျိုဆောင်ပေါ်သို့ တက်ရောက်လာကာ အမျိုးသမီး တပ်သား၏ ခြေထောက်ကို ကိုင်တွယ်သောကြောင့် နိုးကာ လန့်အော်သဖြင့် ယင်းအဆောင်နေ အမျိုးသမီးအပျို ဝန်ထမ်းများက ဝိုင်းဖမ်းဆီးကာ အင်းစိန်ဗဟို အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

အင်းစိန် အကျဉ်းဦးစီးဌာနပိုင်ဝင်းကို အုတ်တံတိုင်း ခြံစည်းရိုးများ ကာရံထားပြီး အဆိုပါ အမျိုးသမီး အပျိုဆောင် အတွင်းသို့ ညအချိန်မတော် ကျော်နင်း ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းဦးစီးဌာနမှ အမျိုးသမီးတပ်သား၏ ခြေထောက် ကိုင်တွယ်ခဲ့သူကို အင်းစိန်မြို့နယ်မြို့မ ရဲစခန်းမှ (ပ) ၉၉၂/၁၃၊ ပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

အရင်အတိုင်းပဲလွှတ်တော်ကိုယ်စားလှယ်ကော်မတီဥက္တ္ကဌ


အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊သတ္တုနှင့်သယံဇာတရေးရာကော်မတီဥက္တ္ကဌ
ဦးနေ၀င်းထွန်း ကတာဝန်နှင့်လုပ်ပိုင်ခွင့်များကိုအသုံးချပြီးမြန်မာတပြည်လုံးရှိ
သတ္တုနှင့်သယံဇာတလုပ်ကွက်များကိုလုယူနေကြောင်းနှင့်၊ ပတ္တြမားနဂါးဖောင်ဒေး
ရှင်းဖွဲ့စည်းတည်ထောင်ပြီးထပ်မံအနိုင်ကျင့်လုယူနေကြောင်းသတ္တုကုမ္ပဏီများမှ
သမ္မတထံတိုင်ကြားထားသည်ဟုသိရှိရပါသည်။

မြန်မာအမျိုးသမီးအသင်းအင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ်

r

မြန်မာ့လင်းရောင်ခြည်

အင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ် ဖြင့် အနိုင်ရရှိကာဂျပန်အသင်းထက် (၁) ပွဲပိုကစားအပြီး အုပ်စု ပထမနေရာကို
ရယူနိုင်ခဲ့သည် မြန်မာအမျိုးသမီးအသင်း၏ ဓာတ်ပုံလေးပါ။

ဂျပန် ယူ ၂၃ အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ပြီး လက်ရှိရလဒ်အနေအထားအနေဖြင့် ရှုံးပွဲမရှိပဲ ပွဲတိုင်းအနိုင်ကစားနိုင်မှုကြောင့် ရမှတ် (၉) မှတ်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် သေချာသွားခဲ့ပြီ ဖြစ်ပါသည်.။

MYANMAR 4 - 0 INDONESIA (FULL TIME)

ခင်သန်းဝေ (၁၆) မိနစ်၊ စန်းစန်းမော် (၂၀)၊ မာဂရက် မေရီ (၂၂) မိနစ်၊ ရီရီဦး (၇၂)မိနစ်

တရားသူကြီးကို ၃၀၀၀၀၀ ၊စာရေးနှစ်ယောက်ကို ၃၀၀၀၀စီ ပေး ရင်အမှုပြီးမယ်

Nay Myo Zin


ကျွန်တော်မိတ်ဆွေ မျိုးမင်းနိုင်က taxi ယာဉ်မောင်းတစ်ဦးဖြစ်ပါတယ် ။
မင်္ဂလာတောင်ညွန့်မြို့နယ်အပိုင်ထဲတွင် ယာဉ်မတော်တဆဖြစ်ခဲ့ပါတယ် ၊
လည်းကောင်းတရားခံ တိုက်ခဲ့သောကားကို 300000 ပေးရော်ခဲ့ပါသည်။ သူမောင်းနှင်သော taxi ကားအုံနာကို
သူ၏လုပ်ဖော်ကိုင်ဘက်ဖြစ်သော လူတစ်ဦးစိုက်ရော်ပေးထားပါသည် သို့ဖြစ်ပါရ်ျ နစ်သူကားအုံနာတိုက ပြက်စီး
သော အဖိုးပြန်လည်ရရှိသောကြောင့် ရုံးချိန်းနောက်တချိန်းတွင် တရားခံအား တရားရုံးတော်တွင် တရားသူကြီးရှေ့
တွင်အမှုအားကြေအေးရုတ်သိမ်းပေးခဲ့ပါသည်။ သို့သော်လည်းထိုအမှုယနေ့အချိန်အထိ
မပြီးသေးပါ တရားခံကအမှုကြံ့ကြာနေတဲ့အကြောင်းမေးသောအခါ တရားရုံး၏ရှေ့ဖတ်စာရေးကပြောပါသည်
တရားသူကြီးကို ၃၀၀၀၀၀ ကျပ်ကန်တော့ရမယ် ပြီးရင်သူတို့စာရေးနှစ်ယောက်ကို တစ်ယောက်ကို ၃၀၀၀၀ ပေး
ရင်အမှုပြီးမယ်တဲ့ မပေးနိုင်ရင်ထောင်ကျမယ်လို့ပြောလာတယ် ။တရားမျှတမှုရှိအောင်လို့ တရားရုံးလို့ခေါ်
တွင်စေသော အမည်ပြန်ပြောင်းရတော့မလိုဖြစ်နေပါတယ်လို့တောင်တွေးမိပါရဲ့။ တရားရုံးသို့စပြီးရောက်သည့်
နေ့တွင်လည်းအကြောင်းအမျိုးမျိုးပြကာ ငွေကိုညှစ်ယူခဲ့ပြီးပါသော်လည်း နောက်ဆုံးလွတ်နိုင်သော
အချိန်တွင်လည်း ငွေမပေးရင်လည်းမလွတ်ပြန်ပါ သို့ဖြစ်ပါသောတရားရေးမဏ္ဍိုင် ပြည်သူအများဘယ်လို့
လေးစားယုံကြည်ရမှာလည်း ငွေများတရားနိုင်ဆိုတဲ့ ခေတ်မကုန်သေးပါလားလို့တောင်တွေးမိနေပါသေးသည်။
ခေါက်ရိုးကျိုး အကျင့်ပျက် လဒ်စားနေတဲ့တရားရေးဌာန ဒီအတိုင်းဆက်သွားနေရင်
မနစ်နာသင့်သောတရားခံ တရားလိုများ၏ဘ၀တွေ ဘယ်လောက်တောင်များခဲ့ပြီလည်းဆိုတာ မတွေးရဲစရာ။
အခုလည်းကျွန်တော်မိတ်ဆွေမျိုးမင်းနိုင် taxi ယာဉ်မောင်း ခမျာမှာဘာလုပ်ရမှန်းမသိအောင်ဖြစ်နေပါတယ်။
သူတို့တောင်းတဲ့ငွေကိုလည်းရှာမရလို့ မပေးနိုင်တဲ့အခြေအနေမှာရောက်နေပါတယ် သူတို့ပြောသလို
ငွေမပေးနိုင်လို မလွတ်ပဲထောင်ကျခံရမလိုဖြစ်နေပီ မနစ်နာသင့်ဘဲနစ်နာရတော့မယ်ထင်တယ်။

“လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှ မထိခိုက်ဘူး”” (ဦးဌေးဦး)




Ko Nay Myo's photo.
“လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်ပါရမှာပဲ...။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ...၊ လွှတ်တော်ကြီးရှိနေတာလဲ တပ်မတော်က ဆောက်ခဲ့တာပဲ...။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေးတာလဲ လွှတ်တော်တွင်း ရောက်နေတဲ့ နိုင်ငံရေးသမားတွေ လုပ်လို့ မရဘူး....။ ဒါကြောင့် တပ်မတော်သားတွေဟာလည်း နိုင်ငံရေးနဲ့ ကင်းလို့မရဘူး” “လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှ မထိခိုက်ဘူး”” (ဦးဌေးဦး)
“လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်ပါရမှာပဲ...။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ...၊ လွှတ်တော်ကြီးရှိနေတာလဲ တပ်မတော်က ဆောက်ခဲ့တာပဲ...။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေးတာလဲ လွှတ်တော်တွင်း ရောက်နေတဲ့
နိုင်ငံရေးသမားတွေ လုပ်လို့ မရဘူး....။ ဒါကြောင့် တပ်မတော်သားတွေဟာလည်း နိုင်ငံရေးနဲ့ ကင်းလို့မရဘူး”



Mizzima - News in Burmese

မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေရောက်ရှိလာရန် စစ်တပ်က အဓိက ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဦးဌေးဦးဆို
ကေဇင်ဦး | တနင်္လာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၀ မိနစ်
မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ လက်ရှိအခြေအနေရောက်လာရန် စစ်တပ်က အဓိကဖန်တီးထားခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။
“လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်ပါရမှာပဲ။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ၊ လွှတ်တော်ကြီးရှိနေတာလဲ တပ်မတော်က ဆောက်ခဲ့တာပဲ။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေးတာလဲ လွှတ်တော်တွင်း ရောက်နေတဲ့ နိုင်ငံရေးသမားတွေ လုပ်လို့ မရဘူး။ ဒါကြောင့် တပ်မတော်သားတွေဟာလည်း နိုင်ငံရေးနဲ့ ကင်းလို့မရဘူး” ဟု ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။
အခြေခံဥပဒေပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည်ပနိုင်ငံများက လွှမ်းမိုးမှုမရှိသော အခြေအနေမျိုးကိုသာ ကြိုဆိုမည်ဟုလည်း သူကပြောသည်။
“လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှ မထိခိုက်ဘူး””ဟုလည်း သူက ပြောသည်။
အခြားတစ်ဖက်တွင်မူ လွှတ်တော်တွင်း၌ စစ်သားများဝင်ရောက်နေခြင်းကို ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “တပ်မတော်ဆိုတာ ပြည်ပရန်ကို ကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ပဲဖြစ်သင့်တယ်။ တပ်မတော်က တပ်မတော်နေရာမှာ နေ၊ အစိုးရက အစိုးရနေရာမှာ နေရမှာပေါ့” ဟုဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဒလိုင်းလားမားတွေ့ဆုံ




ချက်သမ္မတနိုင်ငံတွင် စက်တင်ဘာလ ၁၅ ရက်နေ့ စတင်ကျင်းပသည့် ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ကွယ်လွန်သူ Mr Vaclav Havel ရဲ့ အုတ်ဂူရှိရာသို့ ဒေါ်အောင်ဆန်းစုကြည် က သွားရောက် ဂါရဝပြုခဲ့

 နေရာချထားပေးတဲ့ ထိုင်ခုံပေါ်က နံမည်ကဒ်ပြားလေး
[Forum 2000 Conference, Czech]

RFA Burmese
"Vaclav Havel အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးစကားပြောဆို"

ကွယ်လွန်သူ ချက် သမ္မတ ဟောင်း ၊ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel ဟာ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် သူ့ကို စာရင်းထဲထည့်ထားတာကို ငြင်းပယ်ခဲ့ပြီး၊ သူ့အစား မိမိ ကို ထည့်သွင်းဖို့ အဆိုပြုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ချက် သမ္မတ နိုင်ငံ ပရပ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် Forim 2000 ညီလာခံမှာ ပြောကြားခဲ့တာပါ။

“အားလုံးသိကြတဲ့အတိုင်းပဲ၊ မစ္စတာ Vaclav Havel အဆိုပြုခဲ့လို့သာ ကျမ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ခဲ့ရ တာပါ၊ ဒါဟာ လျို့ဝှက်ထားစရာ မဟုတ်ပါဘူး၊ သူသာ မူလ အဆိုပြုချက်ကို လက်ခံခဲ့မယ်ဆိုရင် ၁၉၉၁ ခုနှစ် ငြိမ်းချမ်း ရေးနိုဘယ်ဆုရှင်ဟာ မစ္စတာ Vaclav Havel ဖြစ်သွားမှာပါ၊ စစ်အစိုးရအုပ်ချုပ်ရေးကာလ အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရပါတယ်၊ ကျမတို့အတွက် အဆိုးရွားဆုံး အချိန်ကာလမှာ မျှော်လင့်ချက်အလင်းရောင် ထွန်းညှိပေးခဲ့တာဟာ ဘယ်လိုမှ မမေ့နိုင်စရာပါ “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

Forim 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင်မှာ အခမ်းအနားမှူး ဖြစ်သူက - “ Forim 2000 ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေဟာ ညီလာခံကျင်းပတိုင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထိုင်ခုံနေရာကို အမြဲပဲ အသင့်ပြင်ဆင်ထားခဲ့ ပါတယ်၊ အဲဒီထိုင်ခုံဟာ နှစ်ပေါင်းများစွာ ထိုင်သူမဲ့ဖြစ်နေခဲ့ပါတယ်၊ ဒါပေမဲ့ ဒီ ထိုင်ခုံရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကို ကြိုဆိုနိုင်ကြမယ့်နေ့ဟာ ရောက်ရှိလာလိမ့်မယ်လို့ အားလုံး က မျှော်လင့်နေခဲ့ကြတာပါ “ လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာတဲ့အချိန်မှာတော့ ညီလာခံတက်ရောက်လာသူအားလုံးက မတ်တပ်ရပ်ပြီး တခဲနက် သြဘာပေး ကြိုဆိုခဲ့ကြပါတယ်။

တွေ့ကြုံဖြတ်သန်းခဲ့ရသော ကြံ့ခိုင်ရေးသတင်းပေး၏ ရွှေဝါရောင်တော်လှန်ရေး နေ့ရက်မှတ်တမ်းများ



ထောက်လှမ်းရေးတစ်ပိုင်း၊ ကြံ့ခိုင်ရေးတစ်ပိုင်းနှင့် ရဟန်းသံဃာများ၏ လှုပ်ရှားမှုသတင်းများရယူခဲ့ရာတွင် မိမိဘယ်လောက်ထိ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်မသိ “ကြံ့ခိုင်ရေး ဖက်တီး”ဟု နာမည်ရလိုက် . . .

တစ်ချိန်က ရွှေဝါရောင် တော်လှန်ရေး အရေးတော်ပုံ နေ့ရက် များသည် ယနေ့ အချိန် အခါ၌ (၆)နှစ်မြောက် ရှိခဲ့ လေပြီ ဖြစ်သည်။ အသင်းကြီးတွင် ပါဝင်ခဲ့စဉ် ရွှေဝါရောင် ကာလတွင် မိမိတို့ ပြုမူ ဆောင်ရွက် ခဲ့သည် များအားလည်း သတိရ နေမိသည်။

လိမ္မော်သီးတွေ ဘယ်နှလုံး တာမွေ ရွှေဗဟို ရုပ်ရှင်ရုံနားမှာ မေတ္တာညွန့် ဘက်က လိမ့်လာသည်။ တာမွေ အ၀ိုင်းကြီး ထိပ်မှာ (၁၅)လုံး၊ ခြောက်ထပ်ကြီး ဘုရားဘက် ထွက်သွားသည်။ ရွှေတိဂုံ အရှေ့ဘက် မုခ်ကြား တောရလမ်း၊ ကြေးသွန်း ဘုရားရှေ့ လိမ္မော်သီးတွေ ခြင်းအပြည့် အင်အားများသည် သုံးလုံး၊ နှစ်လုံး တွေလည်း အနည်းငယ် ပါသည်။ လင်းယုန် ၁ ကြားလား၊ လင်းယုန် ၁ ကြားလား ထူးခြားမှုရှိ မြေပြင်မှာ ရှိနေမည်။ အသင်းရုံး၌ အသင့် အနေအထားနှင့် ရှိနေကြစဉ် ဝေါ်ကီ တော်ကီ စကားပြော စက်အတွင်း ၀င်ရောက်လာသော သတင်း ပေးပို့သည့် အသံများ ဖြစ်သည်။ မိမိကလည်း လိမ္မော်သီးတွေ နောက် သေချာလိုက်၊ မှတ်တမ်း ဓာတ်ပုံ ရအောင်ယူ၊ လင်းယုန် ၂ ကြားလား ကြားလား မြေ ပြင်မှာ ဆုံမည် ကြားလျှင် အကြောင်းပြန် အကြောင်းပြန် သတင်းစကား အသုံးအနှုန်း များဖြင့် ရဟန်း သံဃာတော် တွေကို လိမ္မော်သီး ဟုလည်းကောင်း NLD ကို သုံးလုံး၊ (၈၈) ကျောင်းသားတွေကို နှစ်လုံး ခေါ်ဝေါ် ခဲ့ကြခြင်း ဖြစ်သည်။

အဲဒီအချိန် ကာလများ၌ ဝေါ်ကီ တော်ကီ လမ်းလျှောက် စကားပြော စက်များဖြင့် မိမိတို့ အရမ်း တက်ကြွနေသော အချိန် ကာလများ ဖြစ်သည့် အတွက် ငရဲလည်း မကြောက်၊ အ၀ီစိ ကျမှာလည်း မတွေးမိ၊ ဗုဒ္ဓ မြတ်စွာဘုရား၏ သားတော် ရဟန်း သံဃာတော် များကိုပင် လိမ္မော်သီးဟု ခေါ်ဆို သုံးနှုန်း ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေး ကာလ သတင်းများ ရယူရာတွင် သတင်းစာ သင်တန်း ဆင်းများအား သတင်း စုဆောင်းရေး အဖွဲ့များ ဖွဲ့စည်း၍ ရပ်ကွက်များရှိ ရပ်စည်း အမှုဆောင်များနှင့် သတင်း အမာခံများ ပေးပို့သော သတင်း အချက်အလက် များကို ရယူ၍ အထက် အဖွဲ့အစည်း အဆင့်ဆင့်သို့ တာဝန် တစ်ရပ် အနေဖြင့် နေ့စဉ် ပို့ဆောင် ခဲ့ရသည်။ ထောက်လှမ်းရေး တစ်ပိုင်း၊ ကြံ့ခိုင်ရေး တစ်ပိုင်းနှင့် ရဟန်း သံဃာများ၏ လှုပ်ရှားမှု သတင်းများ ရယူ ခဲ့ရာတွင် မိမိ ဘယ်လောက်ထိ တက်ကြွစွာ ဆောင်ရွက် ခဲ့ကြသည် မသိ “ ကြံ့ခိုင်ရေး ဖက်တီး ” ဟု နာမည် ရလိုက် သေးသည်။ ခြောက်ထပ်ကြီး ဘုရား၌ ဖြစ်သည်။ သံဃာ ရွှေဝါရောင် တော်လှန်ရေး အပြီး မြို့နယ် EC ဦးကျော်တင့်၏ သားဖြစ်သူ ရဟန်း ခံရာတွင် မှတ်တမ်း ဓာတ်ပုံ ရိုက်ပေးရန် အကူအညီ တောင်းသဖြင့် ဓာတ်ပုံ လိုက်ရိုက် ပေးစဉ် သံဃာတော် အချို့က မိမိအား မှတ်မိသည်။ ဟိုမှာ “ ကြံ့ခိုင်ရေး ဖက်တီး ” ဟု …. ပြောဆို နေကြရာ ဦးကျော်တင့် ကကြား၍ ခင်ဗျားကို သိနေကြတယ်။ ခင်ဗျားတော့ နာမည် ကြီးနေပြီဟု နောက်ခဲ့ သေးသည်။

ခြောက်ထပ်ကြီး ဆိုလို့ မှတ်မိ သေးသည်။ အမြဲ အမှတ်ရစေ ခဲ့သည့် ဖြစ်စဉ်တစ်ခု ရွှေဝါရောင် ကာလ အတွင်း၌ပင် ဖြစ် လိမ့်မည် ထင်သည်။ NLD ပါတီဝင် အင်အား (၅၀)ခန့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ခြောက်ထပ်ကြီး ဘုရား၌ ပြုလုပ် ကြမည်ဟု သတင်း ရရှိ၍ မိမိ အမာခံ အင်အား စုများစု၍ ဗဟန်း အဖွဲ့နှင့် ပူးပေါင်းကာ ခြောက်ထပ်ကြီး ဘုရားသို့ သွားရောက်ကြရာ ရွှေသာလျောင်း ဘုရားကြီး ရှေ့တွင် NLD အဖွဲ့က အောင်သပြေ ပန်းများ ကိုင်ဆောင်လျက် ဦးစွာ ရောက်ရှိနေပြီး အဖွဲ့ ခေါင်းဆောင်က ဟန်းစပီကာဖြင့် ရှေ့က တိုင်ပေးကာ နောက်က လိုက်ဆို နေကြပြီး ဆုတောင်း ၀တ်ပြု နေကြသည်။ မိမိတို့ အဖွဲ့ကလည်း ၎င်းတို့ ဘေးမှ တန်းစီ၍ ၀င်ထိုင်ပြီး မိမိ ခေါင်းဆောင်က နင်က အသံ ကောင်းတယ် ရသမျှ ဘုရားစာတွေ အော်ဆို၊ ငါတို့ နောက်ကနေ လိုက်ဆိုမယ်။ မိမိလည်း ရသမျှ ဘုရားရှိခိုး အမျိုးမျိုးကို ဟန်းစပီကာ အသံနှင့် ယှဉ်၍ အသံကုန် ဟစ်အော် နေမိတော့သည်။ ဘုရားရှိခိုး အမျိုးမျိုးသာ ကုန်သွား သည်။ တစ်ဖက် NLD မှ ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်း နေသည်မှာ မပြီးသေး၊ မိမိ တို့ကလည်း အစမှ ပြန် ရွတ်၊ နောက်ဆုံး အသံ ၀င်သွားပြီး အသံ မထွက် တော့မှ မိမိ ခေါင်းဆောင်က ရှေ့မှ ဆက်တိုင် ပေးနှင့် ဘုရား ၀န်းကျင် တစ်ခုလုံး ဆူညံ သွားသည်။ ဘုရားဖူးလာ သူများနှင့် နိုင်ငံခြား ဧည့်သည် များမှာလည်း အလန့်တကြား ဖြစ်၊ နိုင်ငံခြား ဧည့်သည် များက ဓာတ်ပုံ ရိုက်သွားကြပြီး NLD အဖွဲ့ ကလည်း မိမိတို့ အဖွဲ့အား ဓာတ်ပုံ ပြန်ရိုက်၊ မိမိတို့ ဘက်ကလည်း ဓာတ်ပုံ ပြန်ရိုက်၊ ဘုရား ဂေါပက အဖွဲ့လည်း အသံချဲ့ စက်မှနေ၍ မေတ္တာရပ်ခံ၊ အေးချမ်းစွာ ဘုရားဖူးလာ သူများ အနှောင့် အယှက် ဖြစ်စေ ပါသည်။ ယခုလို ပြုမူကြတာ မကောင်းပါ။ တော်ကြပါဟု မေတ္တာရပ်ခံ တောင်းပန်ရသည် အထိ ဖြစ်ခဲ့သည်။ ပြန်တွေး ကြည့်လျှင် ရှက်ဖို့ အလွန်ကောင်း နေပေသည်။ ဘုရားပေါ်တွင်လည်း မရှောင် ဘာသာ သာသနာကို စော်ကားသလို ဖြစ်ခဲ့သည်။ ဘုရားရှေ့မှာ တောင်သွားပြီး သူများ ဆုတောင်းဝတ်ပြု နေတာကို ဘာရယ်မသိ ဘယ်လို အဓိပ္ပာယ် မှန်းလဲ မသိ အနှောင့် အယှက် ပေးခဲ့လေသည်။ ဘယ်သူ့မှာ အပြစ် ရှိသလဲ၊ ဘယ်သူ့မှာ တာဝန် ရှိသလဲ အရှင်ဘုရား တပည့်တော် တို့၏ အမှားများကို ခွင့်လွှတ်တော်မူပါ ဟုသာ အကြိမ်ကြိမ် ဆုတောင်း နေမိသည်။

တွေ့ကြုံခဲ့ရ တာတွေ ပြောရ ရေးရလျှင် ကုန်မည် မထင်၊ စက်တင်ဘာ ၁၉ ရက် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်းက ဖြစ်သည်။ စက်သုံးဆီ ဈေးနှုန်း၊ ကုန်ဈေး နှုန်းကိစ္စများ နှင့်ပတ်သက်၍ မကျေနပ် သဖြင့် ဆန္ဒပြသည့် ထောင်သောင်း မကသော သံဃာတော် များနှင့် ပြည်သူ လူထုကြီး တာမွေ ဘက်သို့ ချီတက် လာနေကြောင်း၊ မင်္ဂလာဈေး ဘက်ကနေ မိမိတို့ ရုံးရှိရာ ဗညားဒလလမ်း အတိုင်း လာနေပြီ ဖြစ်ကြောင်း သတင်း ၀င်လာသဖြင့် ရုံး၌ ရှိနေကြသော လူများ အားလုံး စိုးရိမ် စိတ်များ မျက်နှာ ပေါ်တွင် မြင်နေ ရသည်။ ချီတက် လာသည့် လူအုပ်ကြီးက ရုံးနား ရောက်တော့ မည်။ ဘုရင့်နောင် ရုပ်ရှင်ရုံ ရှေ့ရောက် နေပြီး လူအုပ်ကြီးက လမ်းအပြည့် မိမိတို့ ရုံးတံခါး သော့ ခတ်၍ အထဲထဲ နေသူ ကနေ၊ လာကြည့် နေကြသည့် လူအုပ်ထဲ သွားပြီး နေသူကနေ၊ ကြောက်သည် ဟုပဲ ဆိုဆို၊ မိမိတို့ သတင်းအဖွဲ့ ကတော့ ရုံးအပေါ် တက်၍ မှတ်တမ်း ဓာတ်ပုံ ရိုက်ယူ နည်းတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ ရုံးရှေ့က ဖြတ်သွားပြီး ရုံးကို ကြည့်၍ သွားကြကာ စက်သုံးဆီ ကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး အော်ဟစ် တောင်းဆိုကြပြီး သံဃာတော်များ ကတော့ မေတ္တာပို့ အမျှပေး သွားကြသည်။ မိမိတို့ ရုံးကို ဘာမှ အန္တရာယ် မပေးသွား၍ တော်သေးသည်။ လူအုပ်ကြီးက တော်တော်နှင့် မပြတ်၊ လူအုပ်ကြီး လွန်သွားမှ သက်ပြင်းချ မိတော့သည်။

စွမ်းအားရှင်ဆိုသည်က အဲဒီတုန်းက အုပ်ချုပ်ရေးပိုင်းမှ နေ၍ နေ့တွက်ပေးပြီး လိုက်ရဲ လုပ်ရဲ ကိုင်ရဲသူများကို ကြိုတင်စီစဉ်ထား၍ ခေါ် လာကြသူများဖြစ် . . .

မှတ်မိ သေးသည်။ စက်တင်ဘာ ၂၁ ရက် ညနေ မှောင်ရီပျိုးစ ၆ နာရီ အချိန်လောက် အသင်းရုံး၌ အခြား မည်သူမျှ မရှိ။ မိမိနှင့် ကျားကွက် သစ်ရပ်ကွက် ရပ်စည်း ကိုမျိုး (ကိုမျိုးသက်နိုင်) နှစ်ယောက် နေ့စဉ် သတင်း ဖက်စ်ပို့ရန်၊ သတင်းရေး၊ နေ့စဉ် ဖုန်းဝင် လာသည် သံဃာ (၇၀) ခန့် ကျောက်မြောင်း မီးပွိုင့်မှ ရုံးဘက်သို့ စီတန်း လှည့်လည် လာနေပြီ ဘာလုပ်ရ မည်လဲ၊ ဘယ်လို လုပ်ရမည်မသိ၊ နောက်ဆုံး အပြင်ထွက်၍ ရုံးတံခါး အမြန်ပိတ်ကာ ရုံးဘေးရှိ ဆံပင်ညှပ်ဆိုင် ရှေ့ မသိမသာ ထိုင်နေလိုက် ကြသည်။ မိမိတို့ ထိုင်နေသည့် ရှေ့မှ ဖြတ်သွားပြီး မိမိတို့အား ဘာအန္တရာယ်မှ ပေးမသွားသည့် အပြင် မေတ္တာပို့ အမျှဝေ သွားသည့် သံဃာတော် များကိုသာ စိတ်ထဲ လက်အုပ်ချီ ရှိခိုးဦးချ လိုက်မိ လေတော့သည်။ နောက်တော့ သိရသည်မှာ ဘိုးလိန်းအောင် မင်္ဂလာ ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များ စီတန်း လှည့်လည် မေတ္တာပို့ ဆုတောင်း အပြီး အပြန် ရုံးရှေ့မှ ဖြတ်ပြန် ကြခြင်း ဖြစ်ကြောင်း သိရသည်။

တကယ်ကို အားမလို အားမရ ဖြစ်ခဲ့မိတာက မိမိတို့ အားကိုးအားထား ရှိခဲ့သည့် အဲဒီတုန်းက အစိုးရပင် ဖြစ်သည်။ ဖြစ်ပေါ် နေသော ဆန္ဒပြမှုများ အချိန် အတော်ကြာ သွားသည်။ အခြေအနေ အလွန် ဆိုးဝါးသွားပြီး ရှစ်လေးလုံး ပုံစံမျိုး ရောက်လု မတတ် ဖြစ်ခဲ့သည်။ မိမိတို့ အိမ်ရှိ မိသားစုများကို ပစ်ပြီး အသင်းရုံးကြီးအား အချိန်ပြည့် နေ့ည ဂျူတီများ စောင့်၍ နေခဲ့ကြ ရသည်။ ပုဇွန်တောင် ဈေးမှာ လောက်စာလုံး၊ လေးခွ၊ မြက်ခုတ် ဓားတွေ သွားဝယ် ခဲ့ရ သေးသည်။ အဲဒီ ရွှေဝါရောင် အရေးအခင်း ကာလတစ်လျှောက် မျက်မှန်ကြီး တပ်ပြီး ရုပ်ဖျက်ထားသည့် သူတွေလည်း ရှိသေးသည်။ တရားကျ စရာတော့ ကောင်းပါသည်။ မကျေနပ်သည့် သူများက မိမိ နေအိမ်နှင့် မြို့နယ် EC တချို့ တို့၏ နေအိမ်များကို လာရောက် စောင်းမြောင်း ကြိမ်းမောင်း ဆဲဆိုတာတွေ ခံခဲ့ရ သေးသည်။ ကြုံတုန်း ပြောပြချင်တာ တစ်ခုတော့ ရှိသည်။ တချို့ ပြည်သူ အများစုက ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင် အတူတူပဲလို့ ထင်မြင် နေကြပြီး ကြံ့ခိုင်ရေးကို အမုန်းကြီး မုန်းနေ ခဲ့ကြသည်။ တခြား စီပင်။ စွမ်းအားရှင် ဆိုသည်က အဲဒီတုန်းက အုပ်ချုပ်ရေး ပိုင်းမှ နေ၍ နေ့တွက်ပေးပြီး လိုက်ရဲ လုပ်ရဲ ကိုင်ရဲ သူများကို ကြိုတင် စီစဉ် ထား၍ ခေါ်လာ ကြသူများ ဖြစ်သည်။ အိမ်ရှိ မိသားစု များကတော့ စိတ်ထဲ ဘယ်လို နေသည် မသိ၊ မိမိဇနီး၏ မျက်လုံးထဲမှာ ပေါ်နေ တာကတော့ ရှင့်ကို “ မပြောချင်လို့ ကြည့်နေတာ ကြာပြီ ” ဟု အဓိပ္ပာယ် ဖွင့်ဆိုလျက် ရှိနေ ပေသည်။

ဒီအကြောင်း အရာများ ရေးရခြင်း အဓိက ရည်ရွယ်ချက် ကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး ကာလတွင် မိမိအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ သားတော်များ ဖြစ်သော ရဟန်း သံဃာတော်များအား ကိုယ်နှုတ် စိတ်အမူ အရာတို့ဖြင့် ပြစ်မှား ခဲ့သည်များ ရှိခဲ့လျှင် ခွင့်လွှတ် ပေးတော်မူပါ သံဃာတော် အရှင်မြတ်တို့ ဘုရားဟု ရှိခိုးဦးချ တောင်းပန် ချင်၍ ဖြစ်ပြီး မိမိ အမှားကို သိ၍ အမှန်ပြင်၊ ၀န်ခံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်ဟု ဆိုရိုး စကားရှိခဲ့ လေသည် မဟုတ်ပါ တကား။

တာမွေအောင်ကို

(မြန်မာ သံတော် ဆင့်)