Tuesday, September 17, 2013

ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး


ဟာဂျူလီ ကသာ
*************
မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်မှ အရှုပ်တစ်ခုသဖွယ်ဖြစ်နေသည့် ကိစ္စများအားပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဦးအပါအဝင် တာဝန်ရှိသူအချို့ကို သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ငွေကြေးအလွဲသုံးစားကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါစစ်ဆေးမှုတွင် ရတနာပုံမဂ္ဂဇင်း ဆိုင်ရာငွေကြေးများ၊ စားသောက်ဆိုင်ကိစ္စများ၊ ဆရာမများအ ဆောင်၊ ကွန်ကရစ် ကျောင်းလမ်းမကြီးကိစ္စများ၊ ဘွဲ့နှင်းသဘင်ဓာတ်ပုံတင်ဒါကိစ္စများ စသည်တို့ကို အချိန်ယူစစ်ဆေးသွားသည်ဟု သိရသည်။ ထို့အပြင် သင်္ချာဌာနမှူး ဒေါက်တာဒေါ်နှင်းဦးကိုလည်း မေးခွန်းမှားယွင်းမှုများတက္ကသိုလ်နှင့် ပတ်သက်၍စစ်ဆေးသွားခဲ့သည်ဟု သိရသည်။

"ပထမဆုံး သမ္မတရုံးက လာစစ်တယ်၊ ညနေကျောင်းဆင်းရင် ကားနဲ့လာပြီးတော့စစ်တယ်၊ နောက် စသုံးလုံးမှာ သွားအစစ်ခံရတယ်။ အခုပြီးတော့ ပညာရေးဝန်ကြီးဌာနက လာစစ်တယ်။ အားလုံးပေါင်း ၂၈ ယောက်ဝန်းကျင် စစ်ဆေးခံရတယ်၊ တစ်ခုထူးခြားတာက မဂ္ဂဇင်း၊ ကော်မတီမှာလည်း ဒီလူတွေပဲ၊ စားသောက်ဆိုင်ကိစ္စတွေမှာလည်း ဒီလူတွေပဲ။ အကုန်လုံးလိုလိုက ဒီလူတွေပဲ လုပ်ကိုင်နေတာကို တွေ့ရတယ်ဟု တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ရတနာပုံနှစ်ပတ်လည်မဂ္ဂဇင်းကို အုပ်ရေများစွာရောင်းချသော်လည်း အုပ်ရေ အမှန်မတင်ပြခြင်း၊ စားသောက်ဆိုင် လေလံကြေးနှင့်ဌာနဆိုင်ရာသို့ တင်ပြငွေကွာဟနေခြင်း၊ စသည် တို့ကို စစ်ဆေးမှုများ ပြုလုပ်သွားသည်ဟု ဆိုသည်။

"စစ်ဆေးသွားတာတွေကတော့ ငွေကြေးအလွဲသုံးစားမှုလို့ပဲသုံးရမယ် ထင်တယ်၊ စားသောက်ဆိုင် တွေဆိုရင်အနည်းဆုံး စာသင်နှစ်တစ်နှစ်စာကို သိန်းလေးဆယ်ကနေ သိန်းတစ်ရာကျော်အထိရှိတယ်၊ ဒါပေမယ့်ဝန်ကြီးဌာနကို အများကြီးလျှော့ပြီး တင်ပြထားတယ်။ ဒါပေမယ့်ဆိုင်ခန်းနှစ်ခန်းကတော့ အမှန်အတိုင်းဖြေမသွားပဲ လျှော့ဖြေသွားတယ်လို့လည်း သိရတယ်။ သိထားတာတွေတော့ တော်တော် များပါတယ်။ ဒါပေမယ့်ပြောလို့ မရသေးဘူး။ ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရဦးမယ်" ယင်းတက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးသွားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေးကြောင်း၊ ထို့အတူဝန်ကြီး ဌာနစစ်ဆေးမှုနှင့် သမ္မတရုံးစစ်ဆေးမှုတို့ကိုလည်း တစ်စုံတစ်ရာမသိရှိကြရသေးဘဲ ပွင့်လင်းမြင်သာမှု မှာ အားနည်းလျက်ရှိပြီး ပညာရေးစနစ်မှာ ကြိုးနီစနစ်လွှမ်းမိုးနေဆဲဖြစ်ကြောင်း တက္ကသိုလ်ဆရာများ အသိုင်းအဝိုင်းက သုံးသပ်သည်။

"ဆရာမ ဒေါ်စိုးစိုးခိုင်ကိုကျတော့ နှစ်ဆင့်လောက်ကို ချက်ချင်းကြီးအရေးယူလိုက်တယ်။ အခုကိစ္စကျ တော့ ဘယ်လိုအရေးယူမလဲစောင့်ကြည့်မယ်၊ ပညာရေးလောကသားတွေအကုန်လုံး အခုကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်" ဟုဆရာများသမဂ္ဂမှ ဆရာတစ်ဦးကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးကို ဆက်သွယ်မေးမြန်းရာ "ဘာမှပြော စရာမရှိဘူး" ဟုဖြေကြားခဲ့ပြီး ထပ်မံ၍ "လာရောက်စစ်ဆေးသွားတယ်ဆိုတာ ဟုတ်ပါသလား" ဟု မေးမြန်းရာတွင်လည်း "အဲလိုလည်းမပြောဘူး" ဟုဖြေကြားကာ ဖုန်းချသွားခဲ့ပြီးနောက် ထပ်မံဆက် သွယ်သော်လည်း ဆက်သွယ်မှုမရရှိတော့ပေ။

လူထုပုံရိပ်သတင်းဂျာနယ်
=================================
Burmar Pyi Thar'
Day of the people Voice.....
.(ဟာဂျူလီ ကသာ)

မန္တလေး ခေတ်မှီ ရတနာပုံတက္ကသိုလ် ရေလျှံမှုကို ပညာရေးဝန်ကြီးက ယခုလိုပြောပြီ..
အခုရက်ပိုင်း ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ တက်စား(အဲလေ) တက်နေရတာ များလို့ မန္တလေး ခေတ်မှီရတနာပုံတက္ကသိုလ် ရေလျှံမှုကို နောက်ကျမှ သိရသည့်အတွက်
အမောင်ကျောင်းသား အမောင်ကျောင်းသူတို့ကို ဘဘအနေနဲ့ အနူးအညွတ် တောင်းပန်အပ်ပါသည်
၊နိုင်ငံရေးလုပ်သော ကျောင်းသားများကိုသာ ကျောင်းထုတ်
တတ်သော ဘဘအနေနှင့် ၀င်ရောက်ကျူးကျော်လာသော ရေများကို မည်သို့ မည်ပုံ ထုတ်ပစ်ရမည်ကို မသိရှိပါ၊ထို့အတူ ကျောင်းခေါ်ချိန် မပြည့်သော ကျောင်းသားကျောင်းသူများကိုသာ
စာမေးပွဲ ဖြေဆိုခွင့် ပိတ်တတ်သော်လည်း ကျောင်းခေါ်ချိန် လျှံကျအောင် တိုးဝင် လျှံတက်လာသော မိုးရေများကိုတော့ ဘယ်လိုမှ မပိတ်တတ်ပါ၊

သို့ပါ၍ တက္ကသိုလ်ကျောင်းဝန်းအတွင်း ၀င်ရောက်သောင်းကျန်းနေသော မိုးရေအား မည်သည့် ခေတ်မီနည်းဖြင့် ထုတ်ရမည်ကို နိုင်ငံတကာသို့ သွားရောက်လေ့လာလိုက်
ပါဦးမည်၊ထိုသို့ သွားနေစဉ်အတွင်း ရတနာပုံတက္ကသိုလ်ကျောင်းအတွင်း ဒီထက် ရေမလျှံစေရေး အတွက်တော့ အမောင်ကျောင်းသား အမောင်ကျောင်းသူတို့ စိုးစိမျှ မပူကြပါနှင့်၊မိုးကောင်းစွာ တားတတ်သော ရွာဦးကျောင်း
ဆရာတော်ထံ မိုးတားပေးပါရန် ဖယောင်းတိုင်(၉၀၀၀)ထုတ် ပေးပို့ထားပြီးဖြစ်ပါကြောင်းနှင့် ဗေဒင်ဆရာထံ ဓါတ်ရိုက်ဓါတ်ဆင် ယတြာများလည်း ပြုလုပ်ပြီးဖြစ်ပါကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါသည်၊

ပုံ ၊ (ဒေါက်တာ ဂျူ)
ဝန်ကြီး
ရေမနိုင် မီးမနိုင် မင်းမနိုင် ပြင်ညာရေးဝန်ကြီးဌာန...

ဟု ဖေါ်ပြထားပါသည်။
ဓါတ်ပုံ.. Thar Hla

နှမလေး ယဉ်လပ် ကိုတဲ့ စောင်း လက်ဆောင်

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေ


Eleven Media Group
တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ်ရန် တရုတ်နှင့် မြန်မာ တာဝန်ရှိသူတို့ ညှိနှိုင်း

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများကို သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ် ပြုပြင်ရန် တရုတ်နိုင်ငံ ရဲအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်တားဆီး နှိမ်နှင်းရေးတို့ ညှိနှိုင်းလျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ကုန်ကူးခံရမှုနှုန်း မြင့်တက်လျက်ရှိပြီး အဓိက ဆက်သွယ်သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်နေပြီး အများစုမှာ မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်း နှင့် သိန်း ၅၀ အကြားပေး၍ ၀ယ်ယူနေကြောင်း သိရသည်။

ယင်းကြောင့် မြန်မာနိုင်ငံ လူကုန်ကူး တားဆီးနှိမ်နှင်းရေး အဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူးမှုကို တားဆီးလုပ်ဆောင် နေသော်လည်း အဓိက တရုတ်နိုင်ငံ၏ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီး တစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာခဲ့ရာ အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ စစ်ဆေးချက်များတွင် ဖော်ပြထားသည်။

''သူတို့ရဲ့ အိမ်ထောင်စုတစ်စုက သားသမီး တစ်ယောက်ပဲ လက်ခံတဲ့ အနေအထားမှာ ယောက်ျားလေးတွေပဲ များနေတယ်။ လိုအပ်တဲ့ အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအရ လက်ထပ်မယ်ဆိုရင် မြန်မာငွေ သိန်း ၁၀၀ နီးပါးလောက် ကုန်တယ်။ ဒါကြောင့်မို့ အိမ်နီးချင်း နိုင်ငံကနေ၀ယ်တဲ့ အနေအထားကို တရုတ်ရဲတပ်ဖွဲ့က အကြီးအကဲတွေနဲ့ ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ဖို့အတွက် ညှိနှိုင်းနေပါတယ်'' ဟု ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးရိုလင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

လူကုန်ကူးမှုမှာ တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှု ပြဿနာ တိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့ က ၎င်းတို့၏ စစ်ဆေးချက်များကို ပြန်လည် သုံးသပ်ထားသည်။

လူကုန်ကူးခံရသူများ အခြေအနေတွင်လည်း ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေး ကပ်ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးမှု အခြေအနေသို့ ရောက်ရှိရန် အလွန်နီးစပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု အရေအတွက် နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်အထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

ကုလသမ္မက တွင် ဆွေးနွေးမည့် ရိုဟင်ဂျာအရေး အတွက်ကန့်ကွက်စာလက်မှတ်ရေးထိုး တင်ပြမည်



မကြာမီကျင်းပတော့မည့် ကုလသမ္မက အထွေထွေညီလာခံ တွင် ထည့်သွင်းဆွေးနွေးမည့် ရိုဟင်ဂျာအရေး အတွက် ရခိုင် တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးက ကန့်ကွက်စာလက်မှတ်ရေးထိုး တင်ပြမည်ဟုသတင်းရရှိ

RSV News ----------------------------------စစ်တွေ၊ စက်တင်ဘာ - ၁၇

မကြာမီကျင်းပတော့မည့် ကုလသမ္မက အထွေထွေညီလာခံ တွင် ထည့်သွင်းဆွေးနွေးမည့် ရိုဟင်ဂျာ အရေးအတွက် ရခိုင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကန့်ကွက်စာလက်မှတ်ရေးထိုး တင်ပြမည် ဟုသတင်းရရှိသည်။ ယင်း အတွက် လိုအပ်သော လက်မှတ် ၂-သောင်းအား ရခိုင်ပြည်သူပြည်သား များအနေဖြင့် ချက်ချင်းထိုးပေးရန်လို အပ် ကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမရှိသကဲ့သို့ မြန်မာနိုင်ငံတွင်းလည်း ရိုဟင်ဂျာမရှိကြောင်း နိုင်ငံတော်အကြီးအ ကဲများက ထုတ်ပြန်ထားပြီးဖြစ်သည့်တိုင် ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်နေသော နိုင်ငံခြားအဖွဲ့အစည်း များနှင့် ပြည်ပသတင်းမီဒီယာများ၊ ပြည်တွင်ရောက်သတင်းမီဒီယာအချို့တို့က ရိုဟင်ဂျာဟု သုံးနုန်းရေး သား ဖော်ပြနေခြင်းသည် ပြဿနာကို ပြန်လည်ဖြစ်ပေါ်စေနိုင် ခြင်းကြောင့် ယင်းစကားလုံးသည် တရားမ၀င်သော စကားလုံးများသာဖြစ်ကြောင်း သတိထားရန်လိုအပ်မည်ဖြစ်ပါသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး မကြာသေးမီရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်သို့ရောက်ရှိလာသော ကုလ အတွင်းရေးမှူးချုပ် အထူးအကြံရေးအရာရှိပြောသွားသောစကားများတွင် ကုလသမ္မက အထွေထွေညီလာခံ သည် မကြာခင်ကျင်းပတော့မည်ဖြစ်သဖြင့် မြန်မာမှ ကိုယ်စားလှယ်များ တက်ရောက်သင့်ကြောင်း အကြံ ပြု ပြောဆိုခဲ့သည်။

မြန်မာအစိုးရသည် မိမိတို့နိုင်ငံအတွင်း ရိုဟင်ဆိုသည်မှာမရှိဟု တရားဝင်ပြောကြားမှုများရှိခဲ့သော်လည်း ပြည်ပ အဖွဲ့အစည်းအလှူရှင်များမှ ရိုဟင်ဂျာဆိုသူတို့အတွက် လှူဒါန်းသော အလှူငွေများကို လက်ခံမှုများ ရှိ နေကြောင်းသိရသည်။ ထို့အပြင် ရိုဟင်ဂျာမရှိဟု အကြိမ်ကြိမ်ပြောဆိုမှုများရှိခဲ့သော် လည်း နိုင်ငံတကာမှ လက်ခံလာအောင် လုပ်ဆောင်မှုများမရှိခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသားများမှာ ကိုယ့်အားကိုယ်ကိုးသည့် အနေဖြင့် မကြာမီကျင်းမည့် ကုလသမ္မက အထွေထွေညီလာခံသို့တင်ပြည့်စာအား ယခုကဲ့သို့တင်ပြရန်စီစဉ် ရ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

သို့သော်လည်း ယနေ့တိုင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လာရောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ယနေ့တိုင် ရိုဟင်ဂျာဟု သုံးနုန်းပြောဆိုနေခြင်းများရှိနေသေးသည့်ပြင် ယင်းသို့ပြောဆိုနေသူ များကိုလည်း ရခိုင်တိုင်းရင်းသားများက နေအိမ်များငှားရမ်း နေထိုင်ခွင့်ပြုထားသည့် အတွက် ရခိုင်ပြည်နယ် အနှံ့အပြားတွင်နေထိုင်ကြသူများအနေဖြင့် အားမလိုအားမရဖြစ်နေကြကြောင်းလည်းသိရသည်။

ဖွဲ့ စည်းပုံကို ပြင်ချင်နေတဲ့ ပြည်သူတွေက ရူးပြီး ဖြစ်နေတာလို့  ပြောတဲ့ အရူး ဌေးဦး။



    Nik Nayman's photo.

    ''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ ကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေ ရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ် လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ။''

    ဌေးဦး (ကြံ့ ဖွတ် ဒုတိယဥက္ကဋ္ဌ)။

    ဌေးဦးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဓပြခဲ့ကြတဲ့ သံဃာတော်များကို ရိုက်ပုတ်သတ်ဖြတ်စေခဲ့တဲ့ အဓိကတရားခံတွေထဲက တစ်ဦးဖြစ်ပါတယ်။
    

The Voice ကဒီလို ရှု့မြင်သည်။



Kyaw Min Swe

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နဲ့ ပတ်သက်ပြီး ကြီးသုံးကြီးရဲ့ သဝဏ်လွှာ၊ မိန့်ခွန်းတွေ ဖတ်ကြည့်တော့ အားလုံးက အိုကေတယ်။ သမ္မတကြီးရဲ့ သဝဏ်လွှာပါ ပြောချင်တဲ့ မက်ဆေ့ခ်ျကိုလည်း ရတယ်။ သမ္မတကြီးရဲ့ စေတနာနဲ့ ဆိုလိုချင်တဲ့အချက်တွေကို နားလည်တယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက နားလည်တာနဲ့ ကျနော်နားလည်ထားတဲ့ သမ္မတရဲ့ စေတနာ မတူဘူးလို့ ခံစားမိတယ်။ နောက်ဆက်တွဲ စိုးရိမ်ပူပန်မိတယ်။ ဘာလို့လဲဆိုတော့ ကျနော့်တို့မှာ ၂၆ နှစ်လောက် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်တစ္ဆေအခြောက်ခံခဲ့ရလို့လေ။

ကျနော်တို့တတွေဟာ လစ်ဘရယ်ဒီမိုကရေစီနဲ့ မဖြစ်သေးဘူး။ ဗရမ်းပတာ၊ အထိန်းအကွပ်မဲ့၊ အဆင်အခြင်မရှိ လုပ်ချင်တာ၊ ရေးချင်တာတွေ လုပ်ကြ၊ ရေးကြလိမ့်မယ်။ အဲတော့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်နဲ့ သွားမှဖြစ်မယ် လို့ လို့ မြန်မာ့အလင်းက ဆိုချင်ပုံပဲ။ ကျနော့်အထင် သမ္မတကြီးကတော့ ဒီသဘောသက်သက်ကို ပြောတာမဟုတ်ဘူး။ အားလုံးကို ခြုံပြီး ချက်ကျ လက်ကျပြောသွားတာ။ သမ္မတ သဝဏ်လွှာကို ဖရိန် frame လုပ်လိုက်တာ။ အဲဒီလို တွေးမိတယ်။

အဲလိုကောက်ချက်ချလို့ရအောင်လည်း ဒီနေ့ထွက်နေတဲ့ သတင်းစာနဲ့ ဂျာနယ်တချို့က ကျင့်ဝတ်နဲ့ မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ဘက်မမျှတဲ့ စွပ်စွဲထိုးနှက်မှု၊ သွားပုတ်လေလွင့် အတင်းအဖျင်း၊ အခြေအမြစ်မရှိတဲ့ လုပ်ကြံဇာတ်လမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဇာတ်ကွက်တွေကို သတင်း၊ ဆောင်းပါးခေါင်းစဉ်တပ်ပြီး လှိုင်လှိုင်ကြီး ဖော်ပြနေကြတယ်။ အဲလို ရေးတဲ့သားတဲ့ သတင်းစာ၊ ဂျာနယ်တွေရဲ့ ထုတ်ဝေသူတွေကို ကြည့်လိုက်အုံး။ ဘယ်သူတွေလည်းဆိုတာ။ ဒီလောက နာမည်ပျက်အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားပြီး...“ တွေ့တယ်မဟုတ်လား.. အဲဒါတွေကြောင့် သတင်းမီဒီယာတွေကို ဒီအတိုင်းလွှတ်ထားလို့ မရဘူး။ ဥပဒေ တစ်ခုတည်းနဲ့လည်း ထိန်းလို့မရဘူး။ ဥပေဒ သုံးလေးမျိုးပြဋ္ဌာန်းပြီး ဟိုဘက်ကလွတ်ရင် ဒီဘက်ကပြန်ပိတ်၊ ဒီဘက်ကလွတ်ရင် ဟိုဘက်က ပြန်ပိတ်မှ တော်ကာကျမယ်“ လို့ ကက်ဘိနက်မှာရော လွှတ်တော်မှာပါ လော်ဘီလုပ်လို့ ကောင်းနေတာပေါ့။

တခါတခါ ကျနော်လည်း ရယ်ဒီကယ်ဖြစ်နေပြီလားလို့ တွေးမိတယ်။ ဒီအတွေးကလည်း ရယ်ဒီကယ်အတွေးဖြစ်နေပြီလား။ ကျနော်တို့မှာ အတိတ်က ဒဏ်ရာတွေသာမရှိခဲ့ရင် ဘာကိုမှ မယုံသင်္ကာဖြစ်နေစရာအကြောင်းမရှိဘူး။ ကျနော်တို့ သတင်းမီဒီယာဥပဒေ ဆွဲကြတော့တောင် ကျနော်တို့ဘက်က လူကြီးလူကောင်းဆန်ဆန် ယုံကြည်မှု အပြည့်အဝပေးခဲ့ပေမယ့် အဲဒီယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတယ်။ ချိုးဖောက်ခံရတယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အလုပ်ခံရတယ်။ တစ်ခါမဟုတ်ဘူး။ နောက်ဆုံး လွှတ်တော်ထဲရောက်တဲ့အထိ ကိုယ်တိုင် မကန့်ကွက်တာပဲရှိတယ်။ သွယ်ဝိုက်ပြီး လက်သိပ်ထိုး၊ ခြေပုန်းခုတ်ထားတဲ့ ကန့်ကွက်မှုတွေ ကြုံရတယ်။ အဲတော့ မယုံကြည်တာ ဘာမှမဆန်းဘူး။ ဒါပေမယ့် သမ္မတကြီးကိုတော့ ယုံတယ်။ ကက်ဘိနက်ထဲက ဝန်ကြီးဌာနတချို့ကိုတော့ ယုံကြည်ဖို့ ကြိုးစားနေတုန်း။ ယုံကြည်လောက်အောင်လည်း လုပ်ပြဖို့လိုမယ်။ ကုန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကလိုပဲ စဉ်းစား၊ ကြံစည်၊ အားထုတ်၊ အလုပ်လုပ်နေရင်တော့ ကျနော်တို့အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ဘယ်လိုမှ ယုံကြည်မှာမဟုတ်ဘူး။ ကျနော်တို့အားလုံးနဲ့ မထိုက်တန်တာ ဘာမှ မရှိဘူး။ ထိုက်တန်အောင် ကျနော်တို့ ကိုယ့်ဘာသာ ဖြည့်ဆည်းထားဖို့ပဲလိုတယ်။ မတိုက်တန်သေးတဲ့အတွက် အကန့်အသတ်နဲ့ ပေးတာမျိုး မဖြစ်သင့်ဘူး။

အဲဒီအတွေးနဲ့ ဒီမနက်ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးဖြစ်တယ်။ ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ပါ။

မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလော

အရပ်သားအစိုးရ အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံတွင် မော်ကွန်းထိုး မှတ်တမ်းတင်ရမည့် အရေးကိစ္စများ တစ်ခုပြီးတစ်ခု ပေါ်ထွန်းခဲ့သည့်အနက် စက်တင်ဘာလ (၁၅) ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ကုန်ခဲ့သည့် အနှစ် ၅၀လုံးလုံး ထုတ်ဖော်ပြောဆို ဆွေးနွေးရန် မဆိုထားနှင့် စကားလုံး၊ ဝေါဟာရ သက်သက်ကိုပင် အများပြည်သူ ဖတ်ရှုနိုင်သည့် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် မရခဲ့သော ဒီမိုကရေစီ ရေးရာများမှာ ယနေ့ ကြီးကျယ်သော အခမ်းအနားဖြင့်ပင် နိုင်ငံတော်အဆင့် ချီးမြှောက်ဂုဏ်ပြု ကျင်းပနိုင်ခြင်းမှာ အထူးအသိအမှတ် ပြုထိုက်လှသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ Strengthening Voices for Democracy ‘ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး’ ဟူ၍ ဖြစ်ရာ ပြည်သူလူထုအသံ တစ်နည်းအားဖြင့် ပြည်သူလူထု လက်တွေ့ခံစားနေရသော အခြေအနေ၊ လိုအပ်ချက်၊ နစ်နာမှု၊ အားသာချက်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ ပြဿနာများကို ယနေ့အာဏာသုံးရပ်မှ တာဝန်ရှိသူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး များစွာအရေးကြီးကြောင်း အထူးပြုထားခြင်း ဖြစ်သည်။

ဒီမိုကရေစီ၏ အနှစ်သာရကို၌က သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများအားလုံး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်နိုင်ပြီး ပြည်သူတို့၏ လိုအင်ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရှိသည်ဟူသော အဓိပ္ပာယ် ဆောင်သည်။ ယင်းသို့ အဓိပ္ပာယ်ရှိသော ဒီမိုကရေစီ သဘောကို အထောက်အပံ့ ဖြစ်စေခြင်းငှာ ယမန်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာတစ်စောင် ပေးပို့သည်။

အပိုဒ် ၇ ပိုဒ် ပါဝင်သော အဆိုပါ သဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီးဌာနက စီမံ၊ ကွပ်ကဲ၊ တည်းဖြတ်၊ ရေးသား၊ ထုတ်ဝေနေသည့် မြန်မာ့အလင်း သတင်းစာတွင် “မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တည်ဆောက် ဖော်ဆောင်ရန် အားလုံး၏ တာဝန်ပင်ဖြစ်” ဟု လေးခုမြောက် စာပိုဒ်၏ နောက်ဆုံး စာကြောင်းကို မျက်နှာဖုံး ခေါင်းစဉ်အဖြစ် အပြာခံ အဖြူရောင် စာလုံးကြီးဖြင့် အသားပေး ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာသည် စင်စစ်အားဖြင့် နိုင်ငံသားအားလုံး အဆင့်အတန်း မခွဲခြားဘဲ အတူတကွ ပေါင်းစည်းနေနိုင်ရန်၊ အပြန်အလှန် ရိုသေလေးစားမှု၊ စေ့စပ်ကျေအေးမှု ရှိကြရန်၊ အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသော မိမိ၏ လိုအင်ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှုများ ရှောင်ရှားကြရန်၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်မှုတို့ကို ဟန်ချက်ညီညီ ကျင့်သုံးတတ်စေရန်၊ တွေ့ကြုံလာရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်မှုကို မှန်ကန်သော စေတနာဖြင့် ရင်ဆိုင်ဖြေရှင်းကြရန်၊ အခွင့်အလမ်း ကောင်းများကိုလည်း အမိအရ ဆုပ်ကိုင်ကာ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားသွားကြရန်၊ မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ဖျောင်းဖျတိုက်တွန်းခြင်းနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းများတွင် ပါဝင်ကြရန်စသည့် အဖိုးတန် တိုက်တွန်းချက်များ ပါဝင်သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် သမ္မတ၏ စိတ်စေတနာနှင့် ရည်ရွယ်ချက်များကို အထက်ဖော်ပြပါ စကားစုတစ်ရပ်ဖြင့် အထူးပြုခေါင်းစဉ် တပ်ထားခြင်းမှာ ကျန်အချက်များထက် ပိုအရေးကြီးသည်၊ သမ္မတပြောလိုသော အချက်မှာ ယင်းအချက်က အဓိကဖြစ်သည်ဟု ဆိုလိုဟန် ရှိသည်။ ယင်းခေါင်းစဉ်သည် ကုန်ခဲ့သည့် ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အဖြစ် တည်ထောင်စဉ် ကာလက ပြောဆိုခဲ့သည့် ‘မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်’ ကဲ့သို့ပင်လောဟု မေးစရာ ရှိပေသည်။

ဒီမိုကရေစီ၏ ပင်ကိုသဘာဝ၊ အနှစ်သာရကို၌က ပရမ်းပတာ၊ အဆင်အခြင်မဲ့၊ စည်းမဲ့ကမ်းမဲ့သဘော မဆောင်ဘဲ ဒီမိုကရေစီတွင် ပါဝင်ပတ်သက်သည့် အာဏာအရပ်ရပ်နှင့် Stakeholder အသီးသီးက အချင်းချင်း အပြန်အလှန် ဒီမိုကရေစီနည်းကျ ထိန်းညှိသွားသည့် သဘောရှိသည်။ ထို့အတူ ဒီမိုကရေစီသည် ပုံတူကူးယူ၍ရသော အရာလည်း မဟုတ်ပေ။ ဒီမိုကရေစီ၏ ရှေ့တွင် မည်သို့သော နာမဝိသေသနမျိုးမှ မရှိဘဲ ကျင့်သုံးသူများ၏ ခံယူချက်၊ စိတ်ထား၊ ရှုမြင်ပုံ၊ အကောင်အထည်ဖော်မှု၊ စိတ်စေတနာတို့အပေါ် မူတည်ကာ ပညာရှင်များ၏ ပိုင်းခြားစိတ်ဖြာ ခွဲခြား သတ်မှတ်မှုများသာ ရှိသည်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် စနစ်တစ်ခုအောက်တွင် ဖြတ်သန်း လာခဲ့သည့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအနေနှင့် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီမျိုးထက် ကမ္ဘာပေါ်ရှိ လူသားအားလုံး မခွဲမခြား ခံစားခွင့်ရှိသည့် တန်းမီ၊ စံမီ ဒီမိုကရေစီ စနစ်မျိုးကိုသာ တည်ဆောက် ဖော်ဆောင်ရန် တာဝန်ရှိပါကြောင်း The Voice က ရှုမြင်သည်။

အယ်ဒီတာ (၁၆-၉-၂၀၁၃)

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင်ဒီပဲယင်းကိစ္စဖွင့်ချမည်ဟုဦးခင်ညွန့်ပြောကြား



မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို
ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင်

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊

 Credit to Hawdeka Khalaylay

ယုဇနပလာဇာတွင်...သရဲကဆန္ဒထုတ်ဖေါ်



ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာထိုင်ခင်းတောင်းဟု ဆရာတော်မိန့်ကြား
Monday, September 16, 2013

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်းတိုက် ဆရာတော်ထံမှ သိ ရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇန ပလာဇာ ခုနစ်လွှာတွင် စက်တင် ဘာ၈ရက်မှ၁၂ရက်အထိ ပြုလုပ် ခဲ့သည့် ပထမဆုံးအကြိမ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နောက် ဆုံး နေ့ တွင် တရားပွဲ အပြီး ကမ္မဝါရွတ် ချိန်၌ ရေစက်ချအမျှဝေမည့် ဈေး သူ၊ ဈေးသားများထဲမှ တရားနာ နေသည့် အမျိုးသမီးတစ်ဦးကို ပရလောကသားက ဝင်ရောက် ပူးကပ်ပြီး ယုဇနပလာဇာတွင် နေ ထိုင်ရန်အတွက် နေရာ တောင်း ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါတရား ပွဲတွင် ကမ္မဝါရွတ်ဖတ်ခဲ့သည့် နတ် မောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလထံမှ သိရသည်။

''တရားပွဲလုပ်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦး ဖြတ်သွားဖြတ် လာလုပ်တာ တွေ့နေတယ်။ ဘုန်း ကြီးတို့ တရားပွဲပြီးလို့ ကမ္မဝါမ ဖတ်ခင် အမိန့်ပြန်တမ်းသဘော မျိုး ရေစက်ချအမျှဝေပွဲကိုဖိတ်တဲ့ အချိန်မှာ စပြီးဝင်လာတာပဲ။ ပထမ ဘာဖြစ် မှန်း မသိဘူး။ နောက်မှ သိလို့ခေါ်တော့ ဘုန်းကြီးဆီကို လာတယ်။ လက်အုပ်ချီတယ်။ ဒါ ပေမဲ့ မကန်တော့ဘူး''ဟု ဆရာ တော်ကဖြစ်စဉ်ကို မိန့်ကြားသည်။ မွန်းလွဲ ၁နာရီဝန်းကျင်တွင် တရားလာရောက်နာယူသည့် ဈေးရုံအောက် ဆုံးထပ် အထည် ဆိုင်မှ အမျိုးသမီးတစ်ဦးကို ဝင် ရောက်ပူးကပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ တော်များ ကမ္မဝါဖတ်ချိန်တစ် လျှောက်လုံး ပရလောကသားပူး ဝင်နေသည့်အမျိုးသမီးသည် ငို နေကာ ကမ္မဝါပြီးဆုံးချိန်တွင် သာဓုမခေါ်ဘဲ ကျယ်လောင် သည့် အသံ များ ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဋ္ဌာန်းရွတပေးသည့် နတ် မောက်ကျောင်းတိုက်မှ ဆရာ တော်အပါအဝင် သံဃာ၁၁ပါး အနက်မှ ဦးပဉ္ဇင်းတစ်ပါးက ''အ သံကြီးက 'ဝူးဝူးဝါးဝါး'နဲ့ ဘယ်လို မှန်းကိုမသိဘူး။ သာမန်လူတွေ ထက် အများကြီးကျယ်တဲ့အသံ နဲ့အော်တာ''ဟု တွေ့ကြုံခဲ့ရမှုကို မိန့်ကြားသည်။ ယင်းဖြစ်ရပ်တွင် ဝင်ရောက် ပူးကပ်ခဲ့သည့် ပရလောကသား က ယင်းသည် ယခုတရားပွဲပြုလုပ် သည့် ခုနစ်လွှာတွင်နေထိုင်ကြောင်း၊ အပေါ်ဆုံးအလွှာတွင် နောက်ထပ် ငါးဦးရှိကြောင်း၊ ယင်းအနေဖြင့် ယုဇနပလာဇာ တွင် ဆက်လက် နေထိုင်လိုသည့်အတွက် နှင်မထုတ် ရန် ဆရာတော်ကိုတောင်းဆိုခဲ့ ကြောင်း သိရသည်။

နတ်မောက်ဆရာတော်က ''သူကနေထိုင်ခွင့် ဆက်ပေးဖို့ တောင်းဆိုချိန်မှာ ဈေးတာဝန်ခံ ကိုမေးပြီး သဘောတူညီမှုရတဲ့အ တွက်ဆက်နေဖို့၊ ဈေးမှာအနှောင့် အယှက်မပြုဖို့၊ နှောင့်ယှက်ရင် ထွက်ခွာရမယ်ဆိုတာတွေ မှာတော့ ခေါင်းညိတ်ပြီးလက်ခံတယ်။ နောက် တော့ တရားပွဲလုပ်တဲ့နေရာက နေ နောက်ပြန်ဖင်တရွတ်တိုက် သွားပြီး သူနေတဲ့နေရာလောက် မှာ အပူးခံရတဲ့အမျိုးသမီးလေး က မူးလဲသွားတယ်။ သတိရလာ တော့ သူ့ကို လူတွေဝိုင်းကြည့်နေ တာကြည့်ပြီး သူလဲကြောင်နေ တာပေါ့။ သူက ဘာမှမသိဘူး''ဟု ဖြစ်ပျက်ပုံကို မိန့်ကြားသည်။ ယခုဖြစ်ရပ်သည် ဆရာတော် အနေဖြင့် ပထမဆုံးကြုံရသည့် မဟုတ်ဘဲ မင်္ဂလာဈေးသစ်တည် ဆောက်ချိန်ကလည်း ပထမဆုံး တရားပွဲတွင် ကြုံခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ကြမ်းတမ်းသည့်အမူ အရာများကို ထိုအချိန်ကမကြုံခဲ့ ရကြောင်း မိန့်ကြားသည်။

နတ်မောက်ဆရာတော်က ''ဘုန်းကြီးတို့ ရေစက်ချ၊ ကမ္မဝါ ဖတ်ဖို့ အမိန့်ကြေညာချိန်မှာ အ ပေါ်ဆုံးထပ်မှာဆိုရင် တိုက်ပေါ် မှာကလေးတွေ ဘောကန်နေသလို တဝုန်းဝုန်းနဲ့ ပြေးနေတဲ့အသံတွေ လဲကြားခဲ့ရတယ်''ဟု မိန့်ကြား သည်။

အဆိုပါအမျိုးသမီးကို ဝင် ရောက်ပူးကပ်ချိန်တွင် တရားလာ ရောက်နာယူသည့် ပရိသတ်သုံးပုံ နှစ်ပုံလောက်က ကြောက်လန့်ထ ပြေးကြကြောင်း၊ ပရလောကသား ပူးကပ်ခံရသူသည် နာရီဝက်ခန့် ထိုင်ပြီး တရားပွဲကိုနာယူခဲ့ကြောင်း ဈေးထဲမှတရားနာခဲ့သူများထံမှ သိရသည်။ ဆရာတော်က ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း ဈေးသူဈေး သားများအနေဖြင့် ကြောက်ရွံ့မှု မဖြစ်ကြရန်နှင့် နေထိုင်စရာအ ခက်အခဲဖြစ်ပေါ်နေသည့်အတွက် အကူအညီ တောင်းခံခြင်းဖြစ်ပြီး ဈေးသူ၊ ဈေးသားများကို နှောင့် ယှက်နိုင်ခြင်းမရှိကြောင်း မိန့်ကြား သည်။

''ဒီလိုဖြစ်ရပ်က အခုမှကြုံ ဖူးပေမယ့် ဒီသရဲဆိုတာ တကယ် ရှိတယ်ဆိုတာ ဘာသာရေးအရ အရင်ကတည်းကသိပြီးသားပဲ။ အခုက ဝင်ပူးပြီး နေစရာတောင်း တာပါ။ ဆရာတော်တွေကလဲ ခုနစ်လွှာမှာ ကောင်းမွန်စွာနေဖို့ မှာပြီးပေးလိုက်ပါတယ်။ ထူးဆန်း ပေမယ့် သရဲဆိုတာတကယ်ရှိနေ တယ်''ဟု ယင်းဖြစ်ရပ်ကို ကိုယ် တိုင်ကြုံတွေ့ခဲ့ရသည့် အဝတ်အ ထည်အရောင်းဆိုင်တစ်ခုမှ ဆိုင် ရှင်ကပြောသည်။ အဆိုပါယုဇနပလာဇာတွင် ညဘက်တာဝန်ကျ လုံခြုံရေးဝန် ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်း များကိုပူးကပ်ပြီး နေရာတောင်း ခြင်း၊ စကားပြောခြင်းဖြစ်ရပ်များ ရှိခဲ့ဖူးပြီး ယခုကဲ့သို့ အများသူငါ ရှိနေသည့် တရားပွဲတစ်ခုတွင် ဝင် ရောက်ပူးကပ်ပြီး နေရာတောင်း ခြင်းသည် ပထမဆုံးဖြစ်ရပ်ဖြစ် ကြောင်း ယုဇနပလာဇာမြေညီ ထပ်ရှိ ဆိုင်ခန်းရှင်တချို့က ပြော သည်။

ရေစက်ချပွဲကိုတက်ရောက် ခဲ့သည့် မြေညီထပ်ဆိုင်ခန်းတစ်ခု မှ ဈေးဆိုင်ပိုင်ရှင်က ''အမျိုးသမီး ကို ပူးကပ်ပြီးနေရာတောင်းတာ ရေစက်ချပွဲပြုလုပ်ပေးနေတဲ့ ဆရာ တော်က သူတို့ကို ခုနစ်လွှာမှာ နေဖို့ နေရာပေးလိုက်မှထွက်သွား တယ်''ဟု ဖြစ်ရပ်ကိုပြောသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို သိရှိနိုင်ရန်အတွက် ပဋ္ဌာန်းပွဲကို တာဝန်ယူဆောင်ရွက် သည့် ဈေးတာဝန်ခံရုံးကို သွား ရောက်စုံစမ်းခဲ့သော်လည်း တာဝန် ကျဈေးတာဝန်ခံများက အသေး စိတ်ဖြေကြားလိုခြင်းမရှိဘဲ ဈေး တာဝန်ခံရုံး၏ ပြောကြားနိုင်မည့် ပုဂ္ဂိုလ် ရုံးပြန်တက်မည့်နောက် တစ်ရက်ကိုသာ ပြန်လည်ချိန်းဆို ခဲ့သည်။

ယုဇနပလာဇာဒုတိယထပ် ရှိဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူ တစ်ဦးက ''သရဲခြောက်လို့ ပရိတ် ရွတ်တာမဟုတ်ပါဘူး။ ပထမဆုံး ဆိုပေမယ့် ပုံမှန်အတိုင်းပဋ္ဌာန်း ပွဲကျင်းပတာပါ။ သရဲပူးကပ်မှုဖြစ် စဉ်တွေက အမှန်ဖြစ်ခဲ့ပေမယ့် အ သေးစိတ် ကို ပြောခွင့်မရှိတဲ့အ တွက် နောက်ရက်ဈေးတာဝန်ခံ လာမှ လာခဲ့ပါ''ဟု ပြောသည်။

ကျော်ဇေယျ ၊ ငယ်ထွေး
Yagon Media Group

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
===========================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ အမှတ်၊ ၇၃/ ၂၀၁၃

၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်

(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

" လူတွေက ရူးပြီးဖြစ်နေကြတာပါ''( ဦးဌေးဦး)




The Hot News Weekly Journal မှ သတင်းထောက် မေးမြန်းခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုပါက နိုင်ငံခြား လွှမ်းမိုးမှုများ ရှိလာပါက တားဆီးနိုင်ရန် စီမံထားရှိပုံအား မေးမြန်းရာ ဦးဌေးဦးက ......

''ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ် ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာအာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာက သူ့တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ်တောင် ဖြစ်ခွင့် မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ လွှတ်တော်အမတ်ဖြစ်ခွင့် ပေးထားပါတယ်။''

Myo Myint Mdy
ကြံ့ဖွတ်ပါတီ ဒုဥက္ကဋ္ဌကိုဌေးဦးက သူတောင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အခုမှ လေ့လာတာဆိုပါလား..
ဒါဆိုဒီဥပဒေကို ဘာမှ သေသေချာချာမသိပဲ ဓါးမိုးထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ ထောက်ခံချက်ကရော တရားဝင်ပါ့မလား..
ရွေးကောက်ပွဲအနိုင်ရ ပါတီလူဂဖီးမင်းကိုယ်တိုင်က ခုမှ သိတာဆိုတော့လည်း...
အဲ့ပါတီဟာ ပြည်သူတွေ အမှန်အကန်တင်မြှောက်ထားတဲ့ ပါတီဟုတ်ပါ့မလား....

?????????????????


''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး...။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်....။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ...။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ထင်တယ်...။ လူတွေက ရူးပြီးဖြစ်နေကြတာပါ''
ဦးဌေးဦး

(EMG News)

မြန်မာစစ်တပ်ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်ပါတယ်။(ဦးလနန်)


 Aungmyo Tun

မေး။ ကေအိုင်အိုနဲ့ ပက်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ်
ဘာများပြောချင်ပါသလဲ။

ဖြေ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်ပါတယ်။

မေး။ အဆိုပါစွပ်စွဲချက်နဲ့ ပက်သက်ပြီး တိုက်ပွဲဖြစ်စဉ်အကျဉ်းကို ပြောပြပါဦး။

ဖြေ။ ခရန်ထီးဒမ် (Hkrang Hti Dam)ရွာဟောင်းမှာရောက်နေတဲ့ မြန်မာစစ်တပ်နဲ့ 
ဒေသခံပြည်သူ့ စစ် ပူးပေါင်းအင်အား ၃၀ ခန့် ဟာ ၁၅. ၈. ၂၀၁၃ ရက်နေ့ မှာ
အင်ရော့ဂါး (Nrawt Ga) ကျေးရွာကို ၀င်ရောက်လာခဲ့တယ်။ စစ်ကြောင်း
သွားရာလမ်းကြောင်းတလျှောက် သေနတ်ပစ်ဖောက်လာခဲ့ကြတယ်။
အဲဒီကနေတစ်ဆင့် KIA တပ်ရင်း (၇) ရဲ့  ရှေ့ တန်းကင်းစခန်းရှိရာ ကြိုင်ခူးခဇွပ်
(Chyai Hku Hka Zup) ရဲ့ အောက်ဖက်၊ အင်ခါးဂါး (Nhka Ga) ကျေးရွာသစ်ရဲ့ 
အပြင်ဘက်ကို ချဉ်းကပ်ဦးတည်လာခဲ့တယ်။ မိမိဘက်က တိုက်ပွဲကိုရှောင်ရှားလိုတဲ့
အတွက် ရွာသားစေလွှတ်ပြီး စစ်ကြောင်းချဉ်းကပ်မလာစေဖို့ အသိပေးစေခဲ့တယ်။

ရွာသားတွေ တားဆီးပြောဆိုတာကို လက်မခံဘဲ ရှေ့ ကိုဆက်တိုးလာတဲ့အတွက်
၂၈. ၈. ၂၀၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရတယ်။
မြန်မာစစ်တပ်စစ်ကြောင်းဘက်မှာ ထိခိုက်မှုရှိခဲ့တယ်။ အဲဒါကြောင့်
၂၉. ၈. ၂၀၁၃ ရက်နေ့  မနက် ၀၆း၃၀ မှ ၀၇း၀၀ နာရီအတွင်း မြန်မာစစ်တပ်နဲ့ 
ပြည်သူ့ စစ်ပူးပေါင်းတပ်ဖွဲ့ ဟာ KIA ရှေ့ တန်းစခန်းကို နှစ်ကြိမ်တိတိ
ထပ်မံထိုးစစ်ဆင်လာတယ်။ မိမိတို့ ဘက်မှ ခုခံတိုက်ပွဲဆင်နွှဲရတယ်။
မြန်မာစစ်ကြောင်းဘက်မှ အရာရှိတစ်ဦးနဲ့ သာမန်ရဲဘော်တစ်ဦး ကျဆုံးတယ်။
မိမိဘက်က တပ်သားနှစ်ဦးလည်း ကျဆုံးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်မှ
လက်နက်ငယ်တစ်လက်၊ ပြည်သူ့ စစ်တပ်ဖွဲ့ ကိုင် M-22 တစ်လက် သိမ်းရမိတယ်။
မိမိဘက်က သေနတ်တစ်လက် လက်လွှတ်လိုက်ရတယ်။

၂.၉. ၂၀၁၃ ရက်နေ့ မှာ ခလရ (၁၃၈)၊ ခလရ (၄၆) ပါဝင်တဲ့စစ်ကြောင်း
(အင်အား ၁၀၀ ကျော်ဟာ) မချမ်းဘော့မြို့ ကနေပြီး စက်လှေတွေနဲ့ 
မလိခမြစ်အတိုင်း စုန်ဆင်းလာပြီး အင်ခါးဂါးကျေးရွာကို ရောက်ရှိလာခဲ့တယ်။
ဒါကြောင့် မိမိတပ်ဖွဲ့ တွေကလည်း စခန်းကနေ ရှောင်ထွက်ပေးလိုက်တယ်။
အင်ခါးဂါးကျေးရွာဟာ လွန်ခဲ့တဲ့ ၂ နှစ်က လုံခြုံရေးအရ နေရာရွှေ့ ပြောင်းတည်ခဲ့တဲ့
ကျေးရွာသစ်ဖြစ်တယ်။ အိမ်ခြေ ၂၀ ခန့် ရှိတယ်။ လွန်ခဲ့တဲ့တိုက်ပွဲပြင်းထန်ကာလ
အတွင်း အဲဒီဒေသမှာ မြန်မာစစ်ကြောင်း ၀င်/ထွက် မရှိခဲ့တဲ့အတွက်
အေးချမ်းနေခဲ့တယ်။

အင်ခါးဂါးကျေးရွာကို စစ်ကြောင်းဝင်ရောက်လာတဲ့နေ့ ကစပြီး ရွာသားတွေကို
ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ရွာသားတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို
ဖမ်းဆီးသတ်ဖြတ် လုယက်ခံရတယ်။ ရွာသားတွေရဲ့ ဆန်ရိက္ခာတွေ လုယက်ခံ
ရတယ်။ အင်ခါးဂါးကျေးရွာက ရွာလူကြီး ဦးလခင်ခေါတုပ် (Salang Lahkyen
Hkaw Tup) နဲ့  လူငယ် ရုန်ခါးခင် (Shadang Yung Hka Hkyen) ကို
လမ်းပြအဖြစ် ကြိုးတုတ်ခေါ်သွားတယ်။ နောက်ပိုင်းပျောက်သွားတယ်။
သတ်ဖြတ်ခံရတယ်လို့ သတင်းတက်လာတယ်။ ဘာသာရေးသင်းအုပ်ဆရာ
ရမ်မယ် (Rev. Ram Me) နဲ့  ယောကျာင်္း ၁၀ ယောက်ကျော်ကို ကြိုးတုတ်
ချိတ်ဆွဲထားပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်။

၂၉. ၈. ၂၀၁၃ တိုက်ပွဲမှာ ကျသွားတဲ့အရာရှိရဲ့ အလောင်းကို မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်ကနေပြီး ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် စုံစမ်းခဲ့တဲ့အတွက်
အလောင်းမြှုပ်နှံထားတဲ့နေရာကို အသိပေးခဲ့တယ်။ တကယ်လို့ အလောင်းကို
မဟုတ်မဟပ် လုပ်ထားမိခဲ့တယ်ဆိုရင် အလောင်းမြှုပ်နှံထားတဲ့နေရာကို
အသိပေးရန် အကြောင်းမရှိပါ။ ၂ နှစ် တိုက်ပွဲကာအတွင်း မိမိဘက်က
ဖမ်းဆီးရမိတဲ့ သုံ့ ပန်းတွေကို လူ့ ယဉ်ကျေးမှုနဲ့ အညီ ပြုမူဆက်ဆံခဲ့တာ
အားလုံးအသိဖြစ်တယ်။ အကြမ်းဖျဉ်းသိရသလောက် အရာရှိရဲ့ အလောင်းကို
စက်တင်ဘာလ (၅)ရက်နေ့  ပြန်ဖော်ရတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင်
ရွာသားတွေအားလုံးကို လက်လွန်ခြေလွန် မတရားနှိပ်စက် အဓမ္မပြုကျင့်မှုတွေ
ကျူးလွန်ခဲ့ပြီးဖြစ်တယ်။

အခုအချိန်မှာ အဲဒီရွာသားတွေဟာ ရွာအပြင်ထွက်ခွင့်မရသေးသဖြင့်
ဒုက္ခမျိုးစုံခံစားနေရတယ်။ ဒါပေမယ့် ရွာသားတွေရဲ့ ဖြစ်ရပ်တွေကို နည်းမျိုးစုံနဲ့ 
အပြင်ကို ပေါက်ကြားခဲ့တယ်။ ဒေသခံမြန်မာစစ်တပ်တွေဟာ မချမ်းဘော့
ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးတပ်ဖွဲ့ ဝင်တွေရှိတယ်။ အဲဒီကတစ်ဆင့်
သတင်းဟာ အပြင်ကိုရောက်ရှိခဲ့တယ်။ ရွာသားတွေကို အကူအညီပေးဖို့ အတွက်
ဘာသာရေးအသင်းအဖွဲ့ တွေဟာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ကို အနည်းဆုံး
သုံးကြိမ် ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါ။

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ရှေ့ တန်းစစ်ကြောင်းတွေရဲ့ 
၎င်းတို့ ကျူးလွန်ခဲ့တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်နိုင်ဖို့ 
ကြံဖန်တင်ပြခဲ့တဲ့ အစီရင်ခံစာကို အခြေပြုထားတာဖြစ်တယ်။ အထူးစိုးရိမ်စရာ
ဖြစ်တာကတော့ ထိန်းသိမ်းခံထားရတဲ့ ရွာသားတွေရဲ့ အသက်လုံခြုံရေးပါ။
စစ်တပ်ရဲ့ လက်ထဲမှာရောက်နေတဲ့အတွက် လက်ခုပ်ထဲကရေလို ဖြစ်နေကြရတယ်။

မေး။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်သလား။

ဖြေ။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်စရာတော့ မရှိပါဘူး။

မေး။ ကေအိုင်အေအနေနဲ့ ရော တိုက်ပွဲဖြစ်စဉ်အမှန်ကို ထုတ်ပြန်ကြေညာဖို့ 
ရှိသလား။

ဖြေ။ တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ကြေညာရန် မရှိပါဘူး။

မေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ ဆက်ကျင်းပသွားဖို့ ရှိ မရှိ သိလိုပါတယ်။

ဖြေ။ အောက်ခြေအဆင့်မှာတင်ပြတဲ့ တင်ပြချက်အမှားပေါ်မှာ
အခြေခံပြီး သုံးသပ်ချက်အမှားပြုတာ လုပ်မယ်ဆိုရင် ဆုံးဖြတ်ချက်အမှားတွေ
ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အတွက်
အဟန့် အတား ဖြစ်စေနိုင်ပါတယ်။

(Venus News ဂျာနယ် အတွဲ ၅ အမှတ် ၈ မှ ကူးယူပါသည်)

တိုကျိုMiss International ပြိုင်ပွဲဝင်မည့် မဂုဏ်ရည်အေးကျော်

2013 Miss Myanmar International မယ်ဘွဲ့ ရ...မဂုဏ်ရည်အေးကျော်