Wednesday, September 18, 2013

ဒီမျက်ရည်တွေ ရင်ထဲမှာ စီးနေဆဲ



ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ ကျနေတဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်နိုးနိုး ကြိုးစားခဲ့ပါတယ်.. မသုတ်ပေးနိုင်သေးပါဘူး.. ၀န်ခံပါတယ်.. ကျွန်တော်တို့ကိုယ်တိုင်လဲ ဒီမျက်ရည်တွေ ရင်ထဲမှာ စီးနေဆဲပါ..

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ် ပြိုင်နေတဲ့ကာလကို အားလုံးမှတ်မိကြပါလိမ့်မယ်.. မုန်တိုင်းတစ်ခု ၀င်တဲ့အခါမှာ သမ္မတလောင်းတစ်ယောက်ဖြစ်တဲ့ အိုဘားမားဟာ Election Campagin ခေါ်တဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုကို စွန့်လွှတ်လိုက်ပါတယ်.. သူ သမ္မတဖြစ်ရေး မဖြစ်ရေးက အရေးမကြီးတော့ပါဘူး.. သူ့ပြည်သူတွေ ကျတဲ့မျက်ရည်ကို သူ သုတ်ပေးဖို့ သွားတယ်.. ကျွန်တော်ကိုယ်တိုင် ဓါတ်ပုံတစ်ပုံ တွေ့ပါတယ်.. အဲဒီမုန်တိုင်းဒဏ်ခံထားရလို့ ငိုနေတဲ့ပြည်သူကို သူ ကျုံးပြီးတော့ တင်းတင်းကြီး ဖက်ထားတာ.. အဲဒီ ပြည်သူတွေ ကျတဲ့မျက်ရည်ကို သူ့ပါးပေါ်ကို အကျခံပြီးတော့ သူ့ပါးနဲ့ ထိုးခံထားတာ တွေ့ရတယ်.. အမေရိကန်မို့လို့ ပြောနေတာ မဟုတ်ဘူး.. တရုတ်မို့လို့ ပြောနေတာ မဟုတ်ဘူး.. ဒီနေရာမှာ လူမျိုးဆိုတာကို မေ့လိုက်ပါ.. တိုင်းပြည်ဆိုတာကို မေ့လိုက်ပါ... လူသားချင်းစာနာတဲ့ လူစိတ်ရှိတဲ့ခေါင်းဆောင်ဆိုတာ အဲဒီလိုပါ... ကိုယ့်ပြည်သူ ကျတဲ့မျက်ရည်ကို ကိုယ့်ပါးပေါ်ကို အဖြတ်သန်းခံရဲတဲ့ ခေါင်းဆောင်မျိုးကိုတော့ ကျွန်တော်တို့ တမ်းတမိတာ အမှန်ပဲ... ကျွန်တော်တို့ဆီမှာလဲ ဒီထက်ပြင်းထန်တဲ့ မုန်တိုင်းမျိုး ကြုံဖူးတာပဲ.. အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို သမ္မတလို့ ခေါ်လို့ ဘယ်လိုမှ မရတဲ့ အကြီးအကဲဆိုတဲ့သူဟာ အဲ့ဒီလို ဖက်ပြီးတော့ ပြည်သူ့မျက်ရည်ကိုများ သုတ်ပေးခဲ့မယ်ဆိုရင်.........

နိုင်ငံတကာမှာ ရာထူးအမြင့်ဆုံးလို့ ပြောလို့ရတဲ့ ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ် လာတဲ့အခါမှာတောင် ကြမ်းပြင်ပေါ်မှာ ပြည်သူနဲ့အတူထိုင်ပြီးတော့ ကြင်နာသော မျက်လုံးကလေးနဲ့ ကြည့်ပေးခဲ့ပါသေးတယ်.. လူမျိုးခြားပါ.. ကျွန်တော်တို့ ကိုယ့်အမျိုးချင်း အကြီးအကဲဆိုသူဟာ ပြည်သူတွေကို ကြမ်းပေါ်မှာ ပုံစံထိုင်သလို ထိုင်ခိုင်းပြီးတော့ မိုးတိုးမတ်တပ်ကြီးထက် ပိုပြီးတော့ ကရုဏာတော် ဘာလို့ မခြွေနိုင်ခဲ့တာလဲ.......

photo... Si Thu Aung

ဝဲဘက်နံကြားသို့ သံချောင်းဝင်သွားခဲ့ရာ


ဆိုင်ကယ်စီးသူများ သတိထား
=================
မြင်းခြံမြို့အမှတ်. ၁၀ရပ်ကွက်ရုံးလမ်းဆုံရှိ လမ်းလယ်သံဇကာအား
ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိရာပုံပါအတိုင်းဝဲဘက်နံကြားသို့
သံချောင်းဝင်သွားခဲ့ရာ နှလုံးကိုမထိအဆုတ်ကိုသာထိ၍တော်ပါသေးသည်
သွေးပေါင်ချိန်က၈၀/၁၀၀ လူနာကသတိကောင်းနေသေးသည် အမည်က
........(22)နှစ် အဘ ဦးအေးမောင် နုတ်ညွန်းရွာကပါ
သူငယ်ချင်းတို့လဲဆိုင်ကယ်စီးရင်သတိထားပြီးစီးကြပါပုံကိုမြင်ရတာ
စိတ်မကောင်းပါဘူးနယ်ကသူငယ်ချင်းများအထူးဂရုစိုက်စီးကြပါ
ဝမ်းနည်းစွာဖြင့်ကျွန်တော့သူငယ်ချင်းများအားလုံးဘေးကင်းပါစေ။

Credit to - Myanmar Light.

ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားအာဇာနည် ၃ဦးအတွက် ၂၅နှစ်ပြည့် ဆွမ်းကျွေး

စက်တင်ဘာ၁၈မှာကြေငြာတော့အပြုံးမပျက်လမ်းလျှောက်လျက်..
စက်တင်ဘာ၁၉မှာစပစ်တော့မဲ့တဲ့တဲ့ဖြစ်လာပြီ...
စက်တင်ဘာ၂၂မှာလိုက်ဖမ်းပြီဆိုတော့တန်းနေတာပဲ...
ပြေးရတာပြောပါတယ်...
ကျေးဇူးရှင်တွေ....
ကျမ်းမာကြပါစေ..ချမ်းသာကြပါစေ၊
၂၅နှစ်...ဒီနေ့ကလိုပဲ....

အာဏာသိမ်းခံရတော့ကျောင်းသားရံပုံငွေတသောင်းလောက်ကျောင်းထိုင်
ဆရာတော်ဆီအသိသက်သေတွေနဲ့အပ်ထားတာဖြစ်ချင်တော့ပျံလွန်တော်မူ
ရှာတယ်။ဒီနေ့ဈေးနုန်းနဲ့ဆို၁၀သိန်းလောက်တန်မလားပဲ... 

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့သော အလယ်တန်းကျောင်းသားကျောင်းသူ ၃ယောက်အတွက် ၂၅နှစ်ပြည့် နှစ်လည်ဆွမ်းသွတ်မှုကို ကြည့်မြင်တိုင် အလယ်တန်းကျောင်းမှာ စက်တင်ဘာ ၁၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

‘ပြည်သူ့ဘက်က ဗိုလ်ချုပ်မှူးကြီးတစ်ယောက်’ ကိုကြိုဆိုချင်သူ


ဟံသာဝတီ ဦးဝင်းတင်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ငွေရတုပွဲတော်ကြီးကို နွှဲပျော်လိုက်ရတော့ လူတိုင်းလိုလို မျက်နှာတွေဖော်၊ ခေါင်းတွေမော်၊ နှလုံးသားတွေပျော်ကြတယ်။ ကျုပ်အပါအ၀င် ရှစ်လေးလုံး သံယောဇဉ်သမားတွေ အားလုံး ဆိုပါတော့လေ။ ဖော်တယ်၊ မော်တယ် ပျော်တယ်။ ပြောမဲ့သာ ပြောတာပါ။ တကယ့်နှလုံးသားစစ်စစ်ရဲ့ အနှစ်အရင်း အတွင်းသား နက်နက်ရှိုင်းရှိုင်းမှာတော့ ဘယ်အပျော်လှိုင်းကလေးတွေ ရိုက်ခက်နိုင်မှာလဲဗျ။

တကယ်တမ်းပြောရရင် ငွေရတုမို့သာ ပျော်စရာရယ်လို့ပြောရ။ ဘယ်မှာ အသည်းနာ သက်သာနိုင်ပါ့မလဲဗျာ။ ရှစ်လေးလုံးကာလဆိုတာ တစ်ပါတီအာဏာရှင်တွေ၊ စစ်အာဏာရှင်တွေ “မိုးပေါ်ထောင်မပစ်၊ တည့်တည်ပစ်” တဲ့ ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း ကာလနာကြီး မဟုတ်ပေကလားဗျို့။

ကဲပါလေ။ ဒီစကားတွေ ပြောရတာ ရင်နာ၊ နှလုံးနာ၊ အသည်းနာသဗျာ။ တော်ပါတော့။ တော်ကြာ ကြက်တူရွေးကတော်တော် မယ်တော်ကကဲချင်တဲ့ ဟိုလိုလူစားတွေနဲ့ တွေ့နေရဦးမယ်။ တွေ့လိုက်ရင် အဟောက် အငေါက် အခေါက် အခြောက် ခံနေရဦးမယ်။ ခင်ဗျားတို့က သင်ပုန်းမချေချင်ဘူး မဟုတ်လား။ လက်စားချေချင်နေသေးတာလား။ ဘာလား ညာလား အမေးအမြန်း အကြိမ်းအမောင်း ခံနေကြရဦးမယ်။ ကဲ … ကဲ တော်တန်တိတ်ကြ။

အပျော်စကားလေး မပြောရတဲ့တူတူ ပန်းစကားတွေ၊ နန်းစကားတွေ၊ အလွမ်းစကားတွေ ပြောကြ။ အဲ … ပန်းစကားဆိုတာက တော်ဝင်နှင်းဆီခန်းမက နိုင်ငံရေးဇာတ်သံတွေအကြောင်း ပြောတာတဲ့ဗျ။ နန်းစကားဆိုတာကတော့ နေပြည်တော် ကန့်လန့်ကာနောက်ကွယ်က ရာဇ၀တ်မှုကြီးတွေ (အဲလေ ဘွာ … ဘွာ မှားလို့ပါဗျာ။ ရာဇ၀င်လူကြီးတွေ) အကြောင်းပြောကြတာတဲ့။

ရာဇ၀င်လူကြီးဆိုတာက ရှစ်လေးလုံးခေတ်က ရာဇ၀င်ထဲရောက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် အကြောင်း ပြောချင်တာဗျို့။ ကြားဖူးတယ်မဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးစောမောင်ဆိုတာလေ။ အဲဒီအချိန်တုန်းကတော့ နားဝေတိမ်တောင် (ဟုတ်ပေါင် ဘွာဘွာ …) န-၀-တ ဆိုလား၊ ဘာလား မသိပါဘူး။ မေ့တောင်ကုန်ပါပြီဗျာ။ တစ်ပါတီ အာဏာရှင်အစိုးရကို ကတုံးပေါ်ထိပ်ကွက်အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်အစိုးရရဲ့ထိပ်သီး။ ဗိုလ်ချုပ်မှူးကြီးစောမောင်ပေါ့။

သူ့ခမျာ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ အာဏာသိမ်း၊ ၁၉၉၂ ဧပြီ ၂၄မှာ ပြုတ်ဆိုကိုး။ နန်းသက်မရှည်ရှာဘူးပေါ့။ ကျုပ်ကတော့ မသိလှပါဘူး။ ထောင်ထဲရောက်နေတာကိုး။ ကျုပ်လိုပဲ ထောင်နန်းစံတွေလည်း မနည်းမနောပေါ့။ ကျုပ်တို့ကို သူပဲထောင်ချသွားတာလား။ သူ့နာမည်သုံးပြီး တပည့်ကျော် ထောက်လှမ်းရေးဗိုလ်ချုပ်ကပဲ ထောင်ချသွားသလားတော့ မသိပါဘူး။ ဘယ်သူလုပ်လုပ် ကျုပ်တို့ကတော့ အဲဒီသမိုင်းဆိုးတွေကို ဘယ်တော့မှ မေ့ပစ်နိုင်ကြမှာ မဟုတ်ဘူး။

ရှစ်လေးလုံး အရေးတော်ပုံကာလကြီးမှာ သူတို့ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေနဲ့ အမှားတွေ အားလုံးအတွက် နိုင်ငံနဲ့ ပြည်သူကို ၀န်ချတောင်းပန်မလား။ လုံးဝ မချေဖျက်နိုင်တဲ့ မလွှဲမရှောင်သာ ပြစ်မှုတွေအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ကျခံမလား။ ထောင်ကျ၊ ဘ၀ပျက်၊ အသက်ဆုံးခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေရဲ့ဘ၀ပြန်လည်ထူထောင်ရေးအတွက် ပေးဆက် ပေးဆပ်ရမဲ့ ပေးလျော်ထောက်ပံ့မှုတွေကို ကူညီကျခံမလား။ နိုင်ငံနဲ့ပြည်သူတွေရဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရေးမှာ ၀ိုင်းဝန်းကူညီမလား။
အဲဂလိုဆိုရင် ကျုပ်တို့လို နင်းပြားကျောမွဲ လူထဲကလူတွေအဖို့ကတော့ အာဏာရှင်ပေါင်းစုံတို့ရဲ့ သမိုင်းညစ်တွေကို အပြုံးနဲ့မေ့ပစ်လိုက်ကြမှာပါဗျို့။ တကယ်ပါ။

ဗိုလ်ချုပ်မှူးကြီး စောမောင်အကြောင်း စကားစပ်မိလို့ ပြောတာပါ။ ကျုပ်က ချုပ်မှူးကြီးကို လူချင်းသာမသိ မကျွမ်းတာ။ လူတစ်လုံး သူတစ်လုံး အဖြစ်နဲ့တော့ တွေ့ဖူးလိုက်သဗျ။ ၁၉၈၈ ဒီဇင်ဘာ ၂၇ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကွယ်လွန်ပြီး နောက်တစ်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုသူရောက်လာတယ်လေ။ ဈာပန ကူဖော်လောင်ဖက် ကျုပ်တို့တွေ သူ့ကို တွေ့လိုက်ကြတာပေါ့။ သိပ်မကြာဘူး။ ကျုပ် ထောင်ထဲရောက် သွားတယ်။ ကျုပ် ထောင်ထဲမှာ နှစ် ၂၀ လောက်နေခဲ့ရတယ်။ လွတ်လာတော့ သူခမျာ သေရှာပြီ။

ကျုပ်လွတ်လာမှ သူအာဏာရှိတုန်း ပြောသွားတာတွေ ဖတ်ရတယ်။ ဟိုတစ်စွန်း ဒီတစ်စ ကြားရတာပါ။ သူ အာဏာမမက်ပါဘူးတဲ့။ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်တဲ့။ တိုင်းပြည်ကို သူကယ်တင်လိုက်နိုင်တယ်လို့ ယုံကြည်တယ်တဲ့။ ၁၉၉၀ ရွေးကောက်ပွဲပြီးရင် ရာထူးမှ အနားယူမယ်တဲ့။ တိုင်းပြည်ကို တံခါးတွေ ဖွင့်လိုက်ပါပြီတဲ့။ အစိုးရက ပွင့်လင်းမြင်သာ ဆောင်ရွက်နေပါတယ်တဲ့။ အစိုးရသစ်တက်လာချိန်မှာ သူလုပ်ခဲ့သမျှတွေကို မထိမ်မချန် အစီရင်ခံမယ်တဲ့။ ကောင်းတာရော၊ ဆိုးတာရော သူ တာဝန်ခံမယ်တဲ့။ သူတို့တွေက စစ်တန်းလျား ပြန်မှာပါတဲ့။ ပါတီတွေ အခြေခံဥပဒေရေးဆွဲကြပါတဲ့။

ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ဘယ်လိုလူစားလဲ ကျုပ်မသိပါဘူး။ ဒါပေမဲ့ ဒီလိုလူမျိုး၊ ဒီလိုပွင့်လင်းတဲ့သတ္တိနဲ့ ဒီလိုစစ်သားစိတ်ရှိပုံကို ကျုပ်တို့လေးစား တန်ဖိုးထားပါတယ်။ ဒီကနေ့ ဒီလိုဗိုလ်ချုပ်ကြီးမျိုး သူ့ကိုယ်သူပြင်၊ သူ့လုပ်ရပ်လုပ်ခွင်တွေသူပြင်၊ သူ့စိတ်ထားတွေ သူပြင်၊ အားလုံးကို အားလုံးပြင်မယ်ဆိုရင် အရမ်းကောင်းပေါ့။ ကျုပ်တစ်ယောက်တည်း ရသေ့စိတ်ဖြေသဘောပြောရရင် ‘ပြည်သူ့ဘက်က ဗိုလ်ချုပ်မှူးကြီးတစ်ယောက်’ ရယ်လို့ကို သူ့ကို နိုင်ငံ့ဂုဏ်ရည်စစ်စစ် ဘွဲ့တံဆိပ်ချည်ပစ်လိုက်ချင်တာဗျ ဟဲ … ဟဲ …။

ဖြစ်နိုင်ရင်ဗျာ ဒီချုပ်လို ဒီမိုကရေစီတပ်ဦး အဖွဲ့အစည်းကြီးတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်လွှာမှာကို တင်မြှောက်ဆည်းကပ်ချင်တာဗျာ။ စစ်အာဏာရှင်တွေကလည်း ပြင်သင့်တာပြင်၊ ပြောင်းသင့်တာ ပြောင်းကြမယ်ဆိုရင် (ပြည်သူ့ဘက် ပြောင်းဝင်ခြင်း အပါအ၀င်ပေါ့) ပြည်သူအားလုံးဟာ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲခါမှကွဲရော သဲသဲမဲမဲကြီးကို ကြိုဆိုကြမှာပါဗျာ။

ကျုပ်တို့ ပြည်သူတွေဆိုတာက ကိုယ်တိုင်က ပြည်သူ့ဘ၀ခံယူထားကြသူတွေပဲဗျာ။ ဘယ်လို လူစားလာလာ ကျုပ်တို့လိုပဲ ပြည်သူ့ဘ၀ကို ပိုက်ထွေး၊ ပြည်သူ့သစ္စာကို ခံယူကြမယ်ဆိုရင် အားလုံးကို လှိုက်လှဲစွာ ကြိုဆိုကြမှာပါဗျာ။

ဒါ ကျုပ်တို့ဒီမိုကရေစီဘက်တော်သားတွေရဲ့ နိုင်ငံရေးသစ္စာတရားရဲ့ ထုထည်ပမာဏ ပြယုဂ်ပဲလေဗျာ။ ။

ဟံသာဝတီဦးဝင်းတင်


ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အမှတ်(၃၆)။

အစိုးရစီမံကိန်းတွေကို လွှတ်တော်က ကွင်းဆင်းစစ်ဆေးမည်


 RFA Burmese

လွှတ်တော် အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက ပြီးစီးတဲ့လုပ်ငန်းတွေကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ အစိုးရရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဲ့ဒီကော်မတီဟာ အဖွဲ့လေးဖွဲ့ခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး တစ်ပတ်ကြာ ကွင်းဆင်းလေ့လာမှာဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေ ကတိပေးထားတဲ့အထဲက ပြီးစီးတဲ့လုပ်ငန်းတချို့ကိုသာ သွားရောက်လေ့လာမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ပြောပါတယ်။

“အဲဒီမှာ ပညာရေးရှိတယ်၊ ကျန်းမာရေးရှိတယ်၊ နတလရှိတယ်၊ လျှပ်စစ်ရှိတယ်၊ ဆောက်လုပ်ရေးရှိတယ်၊ အဲဒီမှာ အစိုးရဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်ကို ဖြေထားတဲ့ဟာက ဒါကပြီးပါပြီဆိုတဲ့ဟာတွေကို ဝင်ရောက်စစ်ဆေးမှာဖြစ်တယ်၊ နောက်ဆိုရင် ပြီးတာတွေပဲ မဟုတ်ဘဲနဲ့ မပြီးသေးတာတွေကိုလည်း စစ်ဆေးနိုင်တယ်ဆိုရင် ပိုပြီးအကျိုးရှိလာမှာပဲ”

စိစစ်ရေးကော်မတီ သွားရောက်လေ့လာမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကတော့ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ဖြစ်ပါတယ်။ ဒီကွင်းဆင်းလေ့လာခဲ့တဲ့ တွေ့ရှိချက်တွေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာတင်မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေဘက်က ကတိပေးထားပြီး မဆောင်ရွက်ရသေးတဲ့ စီမံကိန်းပေါင်း ၉ဝဝ နီးပါးရှိတယ်လို့ အဲ့ဒီကော်မတီက အစီရင်ခံစာတင်ခဲ့ပါတယ်။

ကျမဟာ "သတိကြီးတဲ့ အကောင်းမြင်ဝါဒီ"


ခွန် ဒီးယမ်
=======================
ကျမတို့ မြန်မာနိုင်ငံသားတွေကို အစိုးရဆိုးတွေရန်က ကာကွယ်ပေးနိုင်ဖို့ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အရေးတကြီး လိုအပ်နေတယ်ဆိုတာ ပြောချင်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင်ဟာ အစိုးလက်ခုပ်ထဲကရေ ဖြစ်နေတယ်။ ဒီလိုပုံစံနဲ့တော့ အစိုးရဆိုးတွေကို ဘယ်လိုမှ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလေ။ ရှင်းရှင်းလင်းလင်း ဗျောင်ကျကျပဲ ကျမကို စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ၊

"ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူး"
"We do not have the Democratic Constitution, let me say this very clearly"

ကျမကို အကောင်းမြင်ဝါဒီတစ်ယောက်လို့ ပြောကြတာ အံ့ဩမိတယ်။ တကယ်တော့ ကျမက "သတိကြီးတဲ့ အကောင်းမြင်ဝါဒီ" ပါ။ ဗမာပြည်ဟာ ဖြောင့်ဖြူးတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်ရောက်သွားပြီလို့ အရမ်းသတ်မှတ်ချင်နေတဲ့သူတွေ ကျမကို စိတ်ကုန်ရလောက်တဲ့ထိ ကျမသတိကြီးပါတယ်။ ကျမ သူတို့ကိုပြောတယ်။

"ဟင့်အင်း၊ ခဏနေဦး။ ကျမတို့ သတိကြီးကြီးနဲ့ အကောင်းမြင်ကြစို့။ လက်ရှိကျမတို့နိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ကျမတို့နိုင်ငံရောက်ရှိဖို့ ဘယ်လိုမှ အာမခံချက် မရှိဘူး"

ဘာကြောင့်လဲဆို ဒီဖွဲ့စည်းပုံက ဒီမိုကရေစီနည်းမကျလို့ပဲ။ လွတ်လပ်တဲ့ တရားစီရင်ရေး သူ့မှာမရှိဘူး။ အစိုးရဆိုးတွေကို သူ ပိုင်ပိုင်နိုင်နိုင် မထိမ်းချုပ်ထားဘူး။ လိုချင်တဲ့ အစိုးရမျိုးကို ပြည်သူတွေ စိတ်ကြိုက်ရွေးခွင့်အတွက် ဘာအာမခံချက်မှ သူ့မှာမရှိဘူး။ ပြောရမယ်ဆိုရင်တော့ လက်ရှိဖွဲ့စည်းပုံဟာ ချို့ယွင်းအားနဲချက်တွေ ဒင်းကြမ်းအပြည့်နဲ့ပါ။ ကျမအနေနဲ့ တစ်ထိုင်ထဲ အကုန်ပြောနေလို့ကတော့ ဗာရာဏသီရှည်ပြီး ဆုံးတော့မှာတောင် မဟုတ်ပါဘူးရှင်

(17-9-2013) Daw Aung San Suu Kyi

တိရစ္ဆာန်ကိုပဲ ကိုးကွယ် ချင်တာ

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်ကနေ ပြန်လည် ရောက်ရှိ